Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မအူပင်မိတ်သစ် ဆန်စက် ထုတ်ကုန်လုံခြုံစိတ်ချရမှု ရှိစေရေး ဆန်စက်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းစစ်ဆေး

             စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက (၅.၁၁.၂၀၂၄) ရက်နေ့ ညနေ (၁၆:၀၀)နာရီအချိန်က မအူပင်ရေလဲလမ်းရှိ အိတ်သစ် ဆန်စက်သို့သွားရောက်၍ စပါးကြိတ်ခွဲမှု၊ ဆန်သိုလှောင်ထားရှိမှု၊ လက်ကျန်၊ ရောင်းချမှုနှင့်  ဈေးနှုန်း၊ ဈေးကွက်အခြေအနေများကို ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

            ထိုသို့စစ်ဆေးရာတွင် လုပ်ငန်းရှင်အနေဖြင့် ဒေသထွက်စပါးများကိုသာကြိတ်ခွဲလျက်ရှိပြီး၊ မိမိဆန်စက်မှထွက်ရှိသော ဆန်များကိုသာရောင်းချလျက်ရှိပြီး မှာယူသည့်အပေါ်မူတည်၍ အခြားသောဒေသများသို့လည်း တင်ပို့ရောင်းချလျက်ရှိကြောင်း၊  ဆန်သိုလှောင်ရုံ MyRo မှတ်ပုံတင်ထားရှိပြီး ကွင်းဆင်းစစ်ဆေးချိန်၌ အဆိုပါဆန်စက်တွင် တောင်သူကြိတ်ခွဲ စပါးရှိသလို မိမိတို့၏ စပါးများကိုလည်း ကြိတ်ခွဲပါကြောင်း၊ ယခုစက်တွင် စပါးတင်း (၈၀၀၀) ရှိပြီး ကြိတ်ခွဲလည်ပတ်နေကြောင်း၊ ကြိတ်ခွဲပြီး ကရင်မဆန်(၁၀၀)အိတ်၊ မနောသုခ(၂၀၀)အိတ် ရက်(၉၀)ဆန် (၂၅၀)အိတ် ရှိပြီး ဆန်စက်ပိုင်ရှင်၏ ကြိတ်ခွဲပြီးဆန်များကို ဒေသတွင်းရောင်းချရန် မြန်မာနိုင်ငံဆန်လုပ်ငန်းရှင်အသင်းမှ သတ်မှတ်ထုတ်ပြန်သော ရည်ညွှန်းဈေးဖြင့် ချိန်ကိုက်ပြီးရောင်းချပါကြောင်း၊ ဒေသစပါးထွက်ရှိပြီးဖြစ်၍လည်း လုပ်ငန်းကြိတ်ခွဲလည်ပတ်မှု ယခုလတွင် ပိုမိုကြိတ်ခွဲရပြီဖြစ်ကြောင်း၊ စပါးကြိတ်ခွဲရာတွင် တစ်နေ့ကြိတ်ခွဲနိုင်မှု တစ်လကြိတ်ခွဲမှု အခြေအနေများကို မေးမြန်းခဲ့ပြီး ကွင်းဆင်းစစ်ဆေးသူ တာဝန်ရှိသူက ဆန်အပါအဝင် အခြေခံစားကုန်ပစ္စည်းများ ပြတ်လပ်မှုမရှိစေရေးနှင့် ဈေးနှုန်းများတည်ငြိမ်စေရေးအတွက် ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်းနှင့် လုပ်ငန်းရှင်များအနေဖြင့် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းအလို့ဌာ သိုလှောင်ခြင်း၊ ဖြန့်ဖြူးခြင်း၊ ရောင်းချခြင်းများမပြုလုပ်ရန် အသိပညာပေးဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ဈေးကွက်အတွင်း စပ်ဆေး ဆေးဝါးရောင်းချနေမှုရှိ/ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေး

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်၊ စားသုံးသူရေးရာမြို့နယ်တာဝန်ခံရုံးမှ ဝန်ထမ်းများသည် မြို့နယ်ကျန်းမာရေးမှူး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲ တပ်ဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ နတ်တလင်းမြို့ပေါ်ရှိ ဆေးပစ္စည်းအရောင်းဆိုင်များနှင့် မြို့မဈေးအတွင်း ရောင်းချနေသော ကုန်မျိုးစုံဆိုင်များနှင့် ဈေးကွက်အတွင်း စပ်ဆေးများ ရောင်းချနေမှုရှိ/ မရှိ (၄-၁၁-၂၀၂၄) ရက်နေ့တွင် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။
သို့ဖြစ်ပါ၍ နတ်တလင်းမြို့ပေါ်ရှိ ဆေးပစ္စည်းအရောင်းဆိုင်များနှင့် မြို့မဈေးအတွင်းရောင်းချနေသော ကုန်မျိုးစုံဆိုင်များတွင် စပ်ဆေးများကို ဈေးကွက်အတွင်း ရောင်းချခြင်းမရှိကြောင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ပြည့်စုံစွာပါရှိစေရေးနှင့် ဆေးပစ္စည်းများပြတ်လပ်မှုမရှိစေရေး စားသုံးသူကာကွယ်ရေးဥပဒေနှင့်ကိုက်ညီမှုမရှိသော ကုန်စည်များအား ဝယ်ယူရောင်းချခြင်းမပြုရန် အသိပညာပေးဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။
DOCA(ပဲခူး)

ပြည်ခရိုင်အတွင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်လျက်ရှိ

စားသုံးသူပြည်သူများအား ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ဘေးအန္တရာယ်ရှိသောကုန်စည်များ ဈေးကွက်အတွင်းမှပပျောက်စေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပြဋ္ဌာန်းချက်ပါ ကုန်စည်များတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြထားမှုအခြေအနေတို့နှင့်စပ်လျဉ်း၍ သက်ဆိုင်ရာမိတ်ဖက်ဌာနများနှင့်ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ၂၀၂၄ခုနှစ်၊ အောက်တိုဘာလ (၁၆)ရက်နေ့မှ (၃၁)ရက်နေ့အတွင်း၌ ပြည်ခရိုင်၊ ပြည်မြို့၊ ကိုးသောင်းဈေးရှိ ကုန်စုံဆိုင်များရှိ စားသုံးဆီအမျိုးမျိုးကိုလည်းကောင်း၊ ရွှေတောင်မြို့၊ ယွန်းတန်းရပ်ကွက်နှင့် စံပြရပ်ကွက် ကုန်စုံဆိုင်များရှိ စားသုံးဆီအမျိုးမျိုးကိုလည်းကောင်း၊ ယွန်းတန်းရပ်ကွက်နှင့် သရက်တောရပ်ကွက် ဆေးဆိုင်များရှိ တိုင်းရင်းဆေးအမျိုးမျိုးကိုလည်းကောင်း၊ ဆည်ကြီးကုန်းအုပ်စု၊ ညောင်ဝိုင်းရွာရှိ ဦးပိုင်စိုးကျော်၏ AK(သောက်ရေသန့်) လုပ်ငန်းသို့လည်းကောင်း၊ ပန်းတောင်းမြို့တွင် ဥသျှစ်ပင်ဈေး ကုန်စုံဆိုင်များရှိ စားသုံးဆီအမျိုးမျိုးကိုလည်းကောင်း၊ ပေါက်ခေါင်းမြို့ မြို့မဈေး ကုန်စုံဆိုင်များရှိ စားသုံးဆီအမျိုးမျိုးကိုလည်းကောင်း၊ သက်ဆိုင်ရာမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် သွားရောက်၍ ကုန်အညွှန်းအမှတ်အသားပါ သတ်မှတ်ချက်များနှင့်ကိုက်ညီမှုရှိသော ကုန်စည်များကိုတင်သွင်းရောင်းချခြင်းရှိ/ မရှိ၊ သက်ဆိုင်ရာဌာန၏ထောက်ခံမှုရှိ/ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်းနှင့် စောင့်ကြည့်စစ်ဆေးခဲ့သည့်ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များနှင့်ကိုက်ညီမှုရှိကြောင်း သတင်းရရှိပါသည်။
DOCA(ပဲခူး)

ပြည်ခရိုင်အတွင်းရှိ ရပ်ကွက်/ ကျေးရွာများတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောဆွေးနွေးခြင်း

စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် ရပ်ကွက်/ ကျေးရွာနေ စားသုံးသူပြည်သူများနှင့် တိုင်းပြည်၏ အနာဂတ်မျိုးဆက်သစ်များဖြစ်သော ကျောင်းသား/ကျောင်းသူများအား စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရေးရည်ရွယ်၍ ခရိုင်အတွင်းမြို့နယ်များရှိ ရပ်ကွက်/ ကျေးရွာများနှင့် အခြေခံပညာကျောင်းများတွင် အသိပညာပေးဟောပြောဆွေးနွေးခြင်းများကို အင်တိုက်အားတိုက်လုပ်ဆောင်လျက်ရှိရာ ပြည်ခရိုင်အတွင်း ၂၀၂၄ခုနှစ်၊ အောက်တိုဘာလ (၁၆)ရက်နေ့မှ (၃၁)ရက်နေ့အတွင်း ပြည်မြို့တွင် ပြည်ကုန်စည်ဒိုင်ပွဲရုံလုပ်ငန်းရှင်များသို့လည်းကောင်း၊ အ.ထ.က(၄) စာသင်ကျောင်းသို့လည်းကောင်း၊ မြို့နယ်တာဝန်ခံများနှင့် ဝန်ထမ်းများသည် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးနှင့်ပူးပေါင်း၍ စားသုံးသူအသိပညာပေး (Talk Show) ပွဲပြုလုပ်ခြင်းကိုလည်းကောင်း၊ ရွှေတောင်မြို့ အ.မ.သ(ဖိုးသိန်းတန်)ကျောင်း၊ အ.မ.က(မီးလောင်)ကျောင်းနှင့် အ.မ.က (ဝါးတော)ကျောင်းများသို့လည်းကောင်း မြို့နယ်တာဝန်ခံများနှင့် ဝန်ထမ်းများသည် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးရုံးနှင့်ပူးပေါင်း၍ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောခြင်းများဆောင်ရွက်ခဲ့ပါသည်။
အဆိုပါ အသိပညာပေးဟောပြောခြင်းများဆောင်ရွက်ရာတွင် သက်ဆိုင်ရာမြို့နယ်တာဝန်ခံများက စားသုံးသူအခွင့်အရေးများနေ့ဖြစ်ပေါ်လာပုံ၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာအချက်များ၊ နစ်နာဆုံးရှုံးမှုရှိပါက တိုင်ကြားနိုင်သည့် ပုဂ္ဂိုလ်များနှင့် နည်းလမ်းများ၊ တိုင်ကြားနိုင်မည့် ဖုန်းနံပါတ်နှင့်လိပ်စာ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ ပြစ်မှုပြစ်ဒဏ်များအကြောင်း၊ သက်ဆိုင်ရာဌာနများက စားသုံးရန်မသင့်ဟု တားမြစ်ထုတ်ပြန်ထားသော ကုန်စည်များအား ရွေးချယ်ဝယ်ယူခြင်းမပြုရန်၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာပါဝင်သော ကုန်စည်များကိုသာရွေးချယ်ဝယ်ယူကြရန် အသိပညာပေးဟောပြောခြင်းများဆောင်ရွက်ခဲ့ကြောင်းသိရပါသည်။
DOCA(ပဲခူး)

ပန်းတနော် နေနတ်သား ဆန်စက်အား စပါးကြိတ်ခွဲမှု ဆန်စက်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းစစ်ဆေး

                 စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ပန်းတနော် မြို့နယ်တာဝန်ခံတို့သည်  (၅.၁၁.၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် နေနတ်သား ဆန်စက်သို့သွားရောက်၍ စပါးကြိတ်ခွဲမှု၊ ဆန်သိုလှောင်ထားရှိမှု၊ ဆန်/ ဆန်ကွဲ တင်ပို့ရောင်းချမှု ဈေးနှုန်း၊ ဈေးကွက်အခြေအနေနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးကို ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

             ကွင်းဆင်းစစ်ဆေးရာတွင် နေနတ်သားဆန်စက်လုပ်ငန်းရှင် ဦးဝင်းမောင်၏ ဆန်ကြိတ်ခွဲနေမှု ဆန်စက်လုပ်ငန်းအဆင့်ဆင့်ကို ပန်းတနော်မြို့နယ်တာဝန်ခံမှ ကြည်ရှုလေ့လာပြီး ဆန်စက်တွင် စပါးသိုလှောင်မှု MyRoမှတ်တင်ထားရှိပြီး ယခု ဆန်စက်တွင် နယ်မြေလယ်သမားများကြိတ်ခွဲရန် စပါးတင်း (၁၀၀၀၀) သိုလှောင်ထားပြီး ကြိတ်ခွဲနေကြောင်း၊ စပါးပေါ်ချိန်၌ တစ်နေ့ စပါးတင်း(၁၀၀၀)ကြိတ်ခွဲနိုင်ပြီး၊ စပါးတင်း (၁၀၀)လျှင် ဆန်အိတ် ၂၀ ထွက်ရှိ၍ စပါးတင်း(၁၀၀၀)ကြိတ်၍ ဆန်အိတ်(၂၀၀) ရရှိကြောင်း၊ ဆန်အိတ်များကိုသိုလှောင်ထားရှိမှု မများသော်လည်း မိမိလုပ်ငန်းတွင် ဒေသတွင်းရောင်းချနိုင်ရန် ဆန်အိတ် (၃၀၀)ကျော်သာရှိပြီး စားသုံးသူပြည်သူများအတွက် သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချပေးလျှက်ရှိကြောင်း သိရပါသည်။ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးနှင့် MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ခေတ်မီအရည်အသွေးမြှင့်စက်အသုံးပြုကြိတ်ခွဲမှူ၊ ဆန်စက်လည်ပတ်ရာမှ ထွက်ရှိလာသော စွန့်ပစ်ပစ္စည်းများ စနစ်တကျစွန့်ပစ်ထားရှိမှု အခြေအနေကိုစစ်ဆေးခြင်း၊ ဆန်ကြိတ်ခွဲပြီး အရည်အသွေးမှတ်ပြည်မီစွာကြိတ်ခွဲထွက်ရှိရေး အလေးပေးဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ဒဂုံဆိပ်ကမ်းမြို့နယ်၊ အထွေထွေအုပ်ချုပ်‌ရေးဦးစီးဌာနရုံးအစည်းအဝေးခန်းမ၌ စားအုန်းဆီရောင်းချခြင်းလုပ်ငန်းညှိနှိုင်းအစည်းဝေးတွေ့ဆုံဆွေးနွေးခြင်း

၃-၁၁-၂၀၂၄ ရက်နေ့၊ နေ့လယ် ၁၃:၀၀ နာရီအချိန်တွင် ဒဂုံဆိပ်ကမ်းမြို့နယ်၊ အထွေထွေအုပ်ချုပ်‌ရေးဦးစီးဌာနရုံးအစည်းအဝေးခန်းမ၌ အရှေ့ပိုင်းခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ၊ စားသုံးဆီဖြန့်ဖြူးသည့် ကုမ္ပဏီတာဝန်ခံများ၊ လက်လီ/ လက်ကားကိုယ်စားလှယ်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် စားသုံးဆီရောင်းချခြင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။
အဆိုပါအစည်းဝေးတွင် စားသုံးဆီဖြန့်ဝေရောင်းချမှုနှင့်ပတ်သက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးမှူးက မြို့နယ်အတွင်းရှိ စားသုံးသူပြည်သူများ စားသုံးဆီမျှမျှတတရရှိစေရန် အိမ်ထောင်စုအလိုက် စာအုပ်စနစ်ဖြင့်ရောင်းချရန် စီစဉ်ဆောင်ရွက်ခြင်းကြောင်း၊ ကုမ္ပဏီများမှ ဖြန့်ဝေပေးသည့် ခွဲတမ်းရစားသုံးဆီများကို လက်လီ/ လက်ကားကိုယ်စားလှယ်များသို့ အလေးချင်တွယ်မှန်ကန်စွာပေးရန်နှင့် မသမာမှုများမရှိစေရေး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း၊ လစဉ်ဆောင်ရွက်နေသည့် လုပ်ငန်းများနှင့်ပတ်သက်သည်တို့ကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။
DOCA(ရန်ကုန်)

ဆန်ဈေးနှုန်းကြီးမြင့်စွာရောင်းချမှုမရှိစေရေး နေ့စဉ်ကွင်းဆင်းကြပ်မတ်အသိပညာပေးမှုများဆောင်ရွက်လျက်ရှိ

အထက်အကြီးအကဲ၏ လမ်းညွှန်မှာကြားချက်အရ စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်မြတ်သက်နိုင် (ဌာနခွဲစာရေး)နှင့်ဝန်ထမ်းများသည် သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ် စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများ၊ မြို့နယ်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများနှင့်ပူးပေါင်းပြီး ဆန်ရောင်းချမှုအခြေအနေများနှင့်စပ်လျဉ်း၍ ကွင်းဆင်းအသိပညာပေးမှုများ နေ့စဉ်ဆောင်ရွက်လျက်ရှိရာ (၄-၁၁-၂၀၂၄) ရက်နေ့တွင် တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ ဆန် လက်လီရောင်းချနေသော (၇)ရပ်ကွက်၊ သုမင်္ဂလာလမ်း၊ အမှတ် (၄၅၂/က)၌ ဖွင့်လှစ်ထားရှိသည့် OK ဆန်ဆိုင် အားလည်းကောင်း၊ (၇)ရပ်ကွက်၊ ရာဇသူရလမ်း၊ အမှတ် (၂၃၄/ခ)၌ ဖွင့်လှစ်ထားသည့် မဟာဆန်ဆိုင်အားလည်းကောင်း စသည့်ဆန်ဆိုင်(၂)ဆိုင်တို့အား သွားရောက်၍ ကွင်းဆင်းအသိပညာပေးမှုများဆောင်ရွက်ခဲ့ကြကြောင်းသိရှိရပါသည်။
ထိုသို့ ကွင်းဆင်းအသိပညာပေးရာတွင် ဆန်ဆိုင်များရှိ ရောင်းချနေသောဆန်များသည် ရက် (၉၀)၊ ဆင်းသုခ၊ မနောသုခ၊ တောင်ပျံ၊ ကြားပျံ ရွှေဘိုပေါ်ဆန်း၊ မြောင်းမြပေါ်ဆန်း၊ ပုသိမ်ပေါ် ဆန်း၊ ဖျာပုံကြားပျံ၊ ဖျာပုံတောင်ပျံဆန်များကို ဝါးတန်းကုန်စည်ဒိုင်မှ အများဆုံးဝယ်ယူရောင်းချလျက်ရှိကြောင်း၊ ကုန်စည်ဒိုင်မှ ချပြလိုက်သောဈေးနှုန်းများအတိုင်း ဆန်ဈေးနှုန်းများဖြင့်ရောင်းချနေသည်ကို စစ်ဆေးတွ့ရှိခဲ့ရာ ဆန်ရောင်းချမှုမှာလည်း ပုံမှန်အတိုင်းရှိပြီး ဆန်သိုလှောင်မှုအိတ်အရေအတွက်များစွာမရှိဘဲ ပုံမှန်ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း၊ ဆန်ဈေးနှုန်းကြီးမြင့်မှုမဖြစ်ပေါ်စေရေးအတွက် ဈေးကစားရန်အလို့ငှာ ဆန်များသိုလှောင်ထားခြင်းမပြုရန် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ နိုဝင်ဘာလအတွင်း သတ်မှတ်ထားသောဈေးနှုန်းများအတိုင်း ရောင်းချသွားရန်၊ လိုက်နာမှုမရှိပါက ဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း အသိပညာပေးပြောကြားခြင်းများဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။
DOCA(ရန်ကုန်)

မအူပင်ခရိုင်၊ မအူပင်မြို့နယ်အတွင်း တရားမဝင်ကုန်စည် သိုလှောင်ထားရှိမှု ရှိ/ မရှိကို အဖွဲ့စုံဖြင့် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခြင်း

             မအူပင်ခရိုင် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့သည် အောက်တိုဘာ လကုန်ပိုင်းနှင့် နိုဝင်ဘာလ လဆန်းပိုင်းရက်တို့က မအူပင်မြို့နယ်အတွင်း တရားမဝင်ကုန်စည်များ သိုလှောင်ရုံများတွင် သိုလှောင်ထားရှိမှု ရှိ/မရှိနှင့် မအူပင် တိုးမြစ်ရေလမ်းတလျှောက် သယ်ယူပို့ဆောင်ခြင်း ရှိ/ မရှိကို (၅.၁၁.၂၀၂၄) ရက်နေ့ နံနက်(၁၀:၀၀) နာရီမှ နေ့လယ်(၁၅:၀၀) နာရီအချိန်အထိ ခရိုင်အဖွဲ့နှင့် အတူ ရှောင်တခင်ကွင်းဆင်း စစ်ဆေးခဲ့ပါသည်။

             မအူပင်ခရိုင်၊ မအူပင်မြို့နယ်ဒေသတွင်းရှိ အသေးစား၊ အလတ်စား၊ အငယ်စား စီးပွားရေးလုပ်ငန်းများ ဈေးကွက်ယှဉ်ပြိုင်ရာတွင်  မျှတမှုရှိစေရန် စားသုံးသူပြည်သူများအား ဘေးအန္တရာယ်ကင်းရှင်းသော ဘေးကင်းလုံခြုံစိတ်ချရမှုရှိသောကုန်စည်ကို သုံးစွဲနိုင်ရန်၊ စားသုံးသူအခွင့်အရေးနှင့် အကျိုးစီးပွားကာကွယ်ပေးနိုင်ရေး၊ တရားမဝင်ကုန်သွယ်မှုများ၏ အန္တရာယ်နှင့် တရားမဝင်ကုန်သွယ်မှုလမ်းကြောင်းပပျောက်စေရေးနှင့်  တရားမဝင်ကုန်သွယ်မှုကို ထိထိရောက်ရောက် အရှိန်အဟုန်မြှင့်တားဆီးနိုင်ရေး၊ တရားမဝင်တင်သွင်းလာသော  လူသုံးကုန် ပစ္စည်း၊ အိမ်သုံးကုန်ပစ္စည်းများသာမက နယ်ကျော် တရားမဝင်ဒေသထွက် လယ်ယာထွက်ကုန်များ စီးထွက်မှုမရှိစေရေး၊ ဒေသတွင်း ထိခိုက်မှုမရှိစေရေးရည်ရွယ်၍ မအူပင်ခရိုင် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့သည် အောက်တိုဘာလ၊ လကုန်ပိုင်းက မအူပင်မြို့နယ်အတွင်း တရားမဝင်ကုန်စည် သိုလှောင်ထားရှိမှုရှိ/ မရှိ သိုလှောင်ရုံများသို့ ကွင်းဆင်းစစ်ဆေးခြင်း၊ မအူပင်တိုးမြစ်ကမ်းဘေး တရာမဝင်ကုန်စည်များသယ်ယူနေမှုအခြေအနေများရှိ/ မရှိကို ကွင်းဆင်းစစ်ဆေးခဲ့ပြီး မအူပင်မြို့နယ်အတွင်း အသေးစား၊ အလတ်စား၊ အငယ်စား လုပ်ငန်းရှင့်များ ကုန်လမ်း/ ရေလမ်းကြောင်းများဖြင့် တရားမဝင် ကုန်စည်များသယ်ယူခြင်း/ သိုလှောင်ခြင်း မရှိကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ဒဂုံဆိပ်ကမ်းမြို့နယ်အတွင်းရှိ စားအုန်းဆီ လက်လီ/ လက်ကားရောင်းချနေသော ကုန်စုံဆိုင်များအားစစ်ဆေးခြင်း

စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးနေလင်း (ဌာနခွဲစာရေး) သည် (၃-၁၁-၂၀၂၄) ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် ဒဂုံဆိပ်ကမ်းမြို့နယ်အတွင်းရှိ စားအုန်းဆီ လက်လီ/ လက်ကားရောင်းချနေသော ကုန်စုံဆိုင်များအား အဖွဲ့ဝင်များနှင့်အတူ ကွင်းဆင်းစစ်ဆေးခြင်းများပြုလုပ်ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်ရာတွင် စားအုန်းဆီ လက်လီ/ လက်ကားရောင်းချလျက်ရှိသော လုပ်ငန်းရှင်များအနေဖြင့် သက်ဆိုင်ရာဌာနများမှထုတ်ပြန်ထားသည့် အမိန့်၊ ညွှန်ကြားချက်များနှင့်အညီ ရောင်းချဖြန့်ဖြူးခြင်းရှိ/ မရှိ၊ စားအုန်းဆီခွဲတမ်းများကို သတ်မှတ်စည်းမျဉ်း/ စည်းကမ်းများနှင့်အညီ စနစ်တကျဖြန့်ဖြူးရောင်းချရန်၊ အချင်အတွယ်မှန်ကန်စွာရောင်းချကြရန်နှင့် ခွဲတမ်းရရှိသည့်ဆိုင်များအနေဖြင့် ဈေးနှုန်းကို အများမြင်သာသောနေရာများတွင် Vinyl ချိတ်ဆွဲထားရှိရန် အသိပညာပေးပြောကြားခဲ့ပြီး ကွင်းဆင်းစစ်ဆေးခြင်းများပြုလုပ်ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။
DOCA(ရန်ကုန်)

စားသုံးဆီ ဖြန့်ဖြူရောင်းချသော လုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ အသိပညာပေးဆွေးနွေးခြင်း

                ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူးနှင့် ဓနုဖြူစားသုံးဆီ ဖြန့်ဖြူးရောင်းချသူလုပ်ငန်းရှင်(၂၀)ဦးနှင့် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးတွင် တွေ့ဆုံ၍ (၅.၁၁.၂၀၂၄) ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်က စားသုံးဆီခွဲဝေဖြန့်ဖြူးမှုလုပ်ငန်းနှင့် စားသုံးသူအခွင့်အရေးနှင့် စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်းကို တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

              တွေ့ဆုံဆွေးနွေးရာတွင် မြို့နယ်ဦးစီးမှူးက ဓနုဖြူမြို့နယ်တွင် ဆီခွဲဝေဖြန့်ဖြူးရောင်းချသူ လုပ်ငန်းရှင်များအနေဖြင့် မိမိတို့ရရှိသောဆီခွဲတမ်းများကို စနစ်တကျထုတ်ယူပြီး၊ စားသုံးသူပြည်သူများကို ဆီထုတ်ယူခွင့်စာအုပ်နှင့်အတူ စနစ်တကျရောင်းချနိုင်ရေး၊ စားသုံးသူပြည်သူများ ၁လအတွင်း ၁၀ရက် တစ်ကြိမ် တစ်အိမ်ထောင် ၁ပိဿာ ၅၀ကျပ်သား ဆီဝယ်ယူခွင့်ကို အချိန်နှင့်အပြေးညီထုတ်ယူခွင့်ရရှိစေရန်ကို ဆောင်ရွက်ပေးရန်နှင့်၊ လ တစ်လ၏ နောက်ဆုံးရက်တွင် ဆီထုတ်ယူခွင့်အငြင်းပွားမှုမဖြစ်စေရန်၊ လကုန်ရက် ညနေ(၁၅း၀၀)နာရီအချိန်ထိ နောက်ဆုံးထားထုတ်ပေးရန် စားသုံးသူများသိရှိနားလည်နိုင်ဖို့ ကြိုတင်အသိပေးပြောကြားမှ အငြင်းပွားမှုလျော့နည်းမည်ဖြစ်ကြောင်းကို ဆွေးနွေးခြင်း၊ စားသုံးဆီရောင်းချသည့်လုပ်ငန်းရှင်များအနေဖြင့် ပြန်လည်ဖြန့်ဖြူးရောင်းချရာတွင် ဒေသအရောက် အခြေခံလက်ကားဈေးနှုန်းများအပေါ် လုပ်အားခအမှန်တကယ်ကုန်ကျမှု သယ်ယူစရိတ်ကိုတွက်ချက်ပြီး အပေါ် အမြတ်( ၂ ) ရာခိုင်နှုန်းအမြတ်ထက်မပိုစေသော ဈေးနှုန်းဖြင့်ဖြန့်ဖြူးရောင်းချကြကြောင်း၊ စားအုန်းဆီများအား ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများ မပြုလုပ်ပါကြောင်း၊ လုပ်ငန်းများအခက်အခဲရှိပါက စားသုံးသူရေးရာ ဦးစီးဌာနသို့ တင်ပြဆောင်ရွက်သွားမည်ဖြစ်ကြောင်းဆွေးနွေးပြီး၊ လုပ်ငန်းရှင်များကို စားသုံးသူကာကွယ်ရေးဥပဒေပါ အခန်း(၁၀) လုပ်ငန်းရှင်တာဝန်များအကြောင်း၊ တန်ဖိုးနှင့် အညီပေးချေဝယ်ယူမှုအပေါ် အလေးချိန်အပြည်အဝရောင်းချရပေးရန် စီးပွားရေးလုပ်ငန်းရှင် လုပ်ကိုင်ရာတွင် စီးပွားရေးကျင့်ဝတ်၊ စည်းကမ်း နှင့်အညီ ဖြောင့်မှတ်မှန်ကန်စွာ ဆောင်ရွက်ရန်နှင့် ပြစ်မှု ၊ပြစ်ဒဏ်များအကြောင်း ရှင်းလင်းဆွေးနွေးကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ