Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ဘိုကလေးမြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် စာဖတ်သူကျောင်းသား/ သူများအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်း

စားသုံးသူရေးရာဦးစီးဌာန၊ ဘိုကလးမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၄ခုနှစ်၊ နိုဝင်ဘာလ(၄) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ ကျောင်းသား/ သူ (၂၂) ဦးအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲဆောင်ရွက့်ပါသည်။
ထိုအသိပညာပေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၏ ဥပဒေနှင့်ပတ်သက်၍ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ စားသုံးသူများလုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်စည်နှင့် ဝန်ဆောင်မှုများ ဘေးအန္တရာယ်ရှိ/ မရှိ ရွေးချယ်ဝယ်ယူစားသုံးကြရန်နှင့် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များအကြောင်း၊ FDA ၏ထောက်ခံချက်များပြည့်စုံစွာရှိ/ မရှိနှင့် အီလက်ထရောနစ်အငွေ့ရှုစက်များကြောင့် ကျောင်းသား/ သူများ ဘေးအန္တရာယ်ဖြစ်စေနိုင်မှုအကြောင်းများကို အသိပညာပေးဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)

သရက်မြို့၊ မြို့မစည်ပင်ဈေးရှိ ကုန်စုံဆိုင်နှင့် အလှကုန်ပစ္စည်းအရောင်းဆိုင်ပိုင်ရှင်များအား အသိပညာပေးဟောပြော

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည်(၇-၁၁-၂၀၂၄) ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်တွင် သရက်မြို့၊ မြို့မစည်ပင်ဈေးတာဝန်ခံရုံး၌ သရက်ခရိုင်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့၊ ကျန်းမာ‌‌ရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ မြို့မစည်ပင်ဈေးရှိ ကုန်စုံဆိုင်များ၊ အလှကုန်ပစ္စည်းအ‌ရောင်းဆိုင်ပိုင်ရှင်များအား အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ပေးခဲ့ကြောင်းသိရပါသည်။
အဆိုပါအသိပညာပေးဟောပြောပွဲတွင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)မှ သရက်ခရိုင်တာဝန်ခံ ဦးစီးအရာရှိက ၎င်းတို့ဌာန၏ ညွှန်ကြားချက်များ၊ အစားအသောက်များတွင် ဆောင်ရန်ရှောင်ရန်အချက်များအား အသေးစိတ်ဟောပြောဆွေးနွေးခြင်း၊ စားသုံးသူ‌ရေးရာဦးစီးဌာန၊ ခရိုင်ရုံးမှ ဝန်ထမ်းများက စားသုံးသူများဘေးကင်းလုံခြုံစိတ်ချရမှုရှိစေရေးအတွက် ကုန်စုံဆိုင်ပိုင်ရှင် များအား စားသုံးသူကာကွယ်ရေးဥပဒေအရ မြန်မာဘာသာဖြင့်ဖော်ပြရမည့် အချက်များအား မဖြစ်မနေထည့်သွင်းဖော်ပြရမည်ဖြစ်ပြီး ထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်းကုန်ဆုံးသည့်ရက်စွဲများကို ထည့်သွင်းဖော်ပြရမည်ဖြစ်ကြောင်း၊ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားခြင်းမရှိသော ကုန်ပစ္စည်းများရောင်းချနေကြောင်းကိုစစ်ဆေးတွေ့ရှိပါက စားသုံးသူကာကွယ်ရေးဥပဒေအရ အရေးယူဆောင် ရွက်သွားမည်ဖြစ်ကြောင်းနှင့် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များအကြောင်းကို အသေးစိတ်ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာကြသည့် မိတ်ဖက်ဌာနဆိုင်ရာများနှင့် ကုန်စုံဆိုင်ပိုင်ရှင်များအား ဥပဒေပါ လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်းသိရပါသည်။
DOCA(မကွေး)

မင်းတုန်းမြို့နယ်၌ ဌာနဆိုင်ရာအရာထမ်း၊ အမှုထမ်းများအား အသိပညာပေးဟောပြောပွဲဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ မင်းတုန်းမြို့နယ်တာဝန်ခံသည် (၆-၁၁-၂၀၂၄)ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် မင်းတုန်းမြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဥက္ကဋ္ဌ(ခေတ္တ)နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာမှ အရာထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကွက်/ ကျေးရွာစာရေးဝန်ထမ်းများအား စားသုံးသူကာကွယ်ရေးအကြောင်းအရာများ အသိပညာပေးဟောပြောဆွေးနွေးခဲ့ကြောင်းသိရသည်။
အဆိုပါဟောပြောဆွေးနွေးပွဲတွင် မင်းတုန်းမြို့နယ်တာဝန်ခံက စားသုံးသူရေးရာဦးစီးဌာန၏ ဆောင်ပုဒ်၊ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ စားသုံးသူအခွင့်အရေးနှင့် တာဝန်များအကြောင်းကို အသေးစိတ်ရှင်းလင်းပြောကြားပြီး စားသုံးသူပြည်သူများ နစ်နာမှုတစ်စုံတစ်ရာရှိခဲ့လျှင် တိုင်ကြားနိုင်သည့် စားသုံးသူသတင်းပြန်ကြားရေးနှင့် လက်ခံဆောင်ရွက်ရေးစင်တာဖြစ်သော မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးသို့လည်းကောင်း၊ Consumer Call Center Hotline No. 1535- နေပြည်တော်ရုံးချုပ် လိုင်းခွဲ(၁)သို့လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး လိုင်းခွဲ(၂)သို့လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး လိုင်းခွဲ(၃)သို့လည်းကောင်း ဖွင့်လှစ်ထားရှိပြီး စားသုံးသူအခွင့်အရေးများအပြည့်အဝရရှိစေရန် ဆောင်ရွက်ပေးလျက်ရှိပါကြောင်းနှင့် ဆက်သွယ်တိုင်ကြားနိုင်ကြောင်း အသိပညာပေးဟောပြောခြင်းများဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။
DOCA(မကွေး)

ကံမမြို့နယ်တွင် ဌာနဆိုင်ရာအရာထမ်း၊ အမှုထမ်းများအား အသိပညာပေးဟောပြောပွဲဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ ကံမမြို့နယ်တာဝန်ခံသည် (၇-၁၁-၂၀၂၄) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ကံမမြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေး ခန်းမ၌ စီမံအုပ်ချုပ်‌ရေးဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာမှ အရာထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကွက်/ ကျေးရွာစာရေးဝန်ထမ်းများအား စားသုံးသူကာကွယ်ရေးအကြောင်းအရာများ ဟောပြောဆွေးနွေးခဲ့ကြောင်းသိရသည်။
အဆိုပါဟောပြောဆွေးနွေးပွဲတွင် ကံမမြို့နယ်တာဝန်ခံက စားသုံးသူရေးရာဦးစီးဌာန၏ဆောင်ပုဒ်၊ မျှော်မှန်းချက်၊ ရည်မှန်း ချက်များ၊ စားသုံးသူအခွင့်အရေးနှင့် တာဝန်များအကြောင်းကို အသေးစိတ်ရှင်းလင်းပြောကြားပြီး စားသုံးသူပြည်သူများနစ်နာမှုတစ်စုံတစ်ရာရှိခဲ့လျှင် တိုင်ကြားနိုင်သည့် စားသုံးသူသတင်းပြန်ကြားရေးနှင့် လက်ခံဆောင်ရွက်ရေးစင်တာဖြစ်သည့် မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးသို့လည်းကောင်း၊ Consumer Call Center Hotline No. 1535- နေပြည်တော်ရုံးချုပ် လိုင်းခွဲ(၁)သို့လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး လိုင်းခွဲ(၂)သို့လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး လိုင်းခွဲ(၃)သို့လည်းကောင်း ဖွင့်လှစ်ထားရှိပြီး စားသုံးသူအခွင့်အရေးများအပြည့်အဝရရှိစေရန် ဆောင်ရွက်ပေးလျက်ရှိပါကြောင်းနှင့် ဆက်သွယ်တိုင်ကြားနိုင်ကြောင်း အသိပညာပေးဟောပြောခြင်းများဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။
DOCA(မကွေး)

ကျွန်းလှမြို့ သစ်ရာမြိုင်ရပ်ကွက် ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်အား အသင့်သောက်အချိုရည်အမျိုးမျိုး ဈေးကွက်စောင့်ကြည့်စစ်ဆေး

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံသူရေးရာဦးစီးဌာန၊ ကျွန်းလှမြို့နယ် တာဝန်ခံရုံးအနေဖြင့်  စားသုံးသူပြည်သူများ ဘေးအန္တရာယ် ကင်းရှင်းစေရေးနှင့် ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ရှိသော ကုန်စည်များ ဈေးကွက်အတွင်းမှ ပပျောက်သွားစေရေး၊ စားသုံးသူကာကွယ်ရေး ဥပဒေပြဌာန်းချက်ပါ ကုန်စည်များတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားမှု အခြေအနေတို့နှင့် စပ်လျဉ်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို ဦးစားပေးကုန်စည်များ သတ်မှတ်ကာ လစဉ်လျာထားချက်ပြည့်မီအောင် စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

     ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့ နံနက်(၀၈:၃၀)နာရီအချိန်တွင် ကျွန်းလှမြို့၊ သစ်ရာမြိုင်ရပ်ကွက်ရှိ ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်တွင် ရောင်းချနေသည့် အသင့်သောက်အချိုရည် အမျိုးမျိုးကို  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့စခန်း၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် စားသုံးသူရေးရာဦးစီးဌာန၊  ကျွန်းလှမြို့နယ်တာဝန်ခံတို့ ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ရာ ပြည့်ပမှတင်သွင်သော ကုန်စည်များတွင်သာမက ပြည်တွင်းမှ ထုတ်လုပ်နေသော ကုန်စည်များနှင့်စပ်လျဉ်း၍ ဈေးကွက်မရောက်မီနှင့်ဈေးကွက်ရောက်ပြီးကုန်စည်များကိုဘေးအန္တရာယ်ရှိ/မရှိ စောင့်ကြည့်စစ်ဆေးခြင်း ၊ ကုန်စည်ပေါ်တွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)နှင့်အညီ ကုန်စည်အုပ်စုအလိုက် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြရမည့် အသေးစိတ်စိစစ်ချက်များအတိုင်း ပြည့်စုံစွာ ထည့်သွင် ဖော်ပြထားခြင်းရှိ/မရှိနှင့် သက်တမ်းလွန်ကုန်စည်များ ရောင်းချနေခြင်း ရှိ/မရှိတို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း၊ ကုန်မျိုးစုံရောင်းချသည့် စီးပွားရေးလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ လိုက်နာဆောင်ရွက်ရမည့် တာဝန်များကို သိရှိနားလည်ထားရန်လိုကြောင်းနှင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံသော သက်ဆိုင်ရာဌာန၏ ထောက်ခံချက်ပါရှိသော ကုန်စည်များကိုသာ ရောင်းချရန်  လိုအပ်ကြောင်း အသိပညာပေး ဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) ပါရှိသော လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

 

ကော့သောင်းမြို့နယ် မြို့နယ်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးဖွဲ့ဝင်များနှင့်အတူ ရှောင်တခင်ကွင်းဆင်းစစ်ဆေးခြင်း

၂၀၂၄ခုနှစ်၊ နိုဝင်ဘာလ ၇ရက်နေ့၊ နေ့လယ် ၁၃:၃၀ နာရီအချိန်တွင် ကော့သောင်းမြို့ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ဝင်များဖြစ်သော မြို့နယ်စီမံအုပ်ချူပ်ရေးအဖွဲ့၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်အကောက်ခွန်ဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့ တို့ပူးပေါင်း၍ ကော့သောင်းမြို့နယ်ရှိ တရားမဝင်ကုန်ပစ္စည်းများဝင်ထွက်နေမှုရှိ/ မရှိ ရှောင်တခင် လိုက်လံစစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ဝင်များသည် ကော့သောင်းမြို့၊ သီရိမြိုင်ရပ်ကွက်၊ (၃)မိုင် အဝေးပြေးယာဉ်ရပ်နားစခန်းအတွင်း စုပုံထားသည့် တရားဝင်စာရွက်စာတမ်းအထောက်အထားတင်ပြနိုင်ခြင်းမရှိသော ဦးဇင်မင်းအောင် (အဘ) ဦးသိန်းမြင့် (၆/ကသန(နိုင်)၀၅၈၄၉၇)ပိုင် Detergent Powder (3000g×4 Packs) (Brand: Sue Sat) C/O:Thailand (163) Pkgs တန်ဖိုးငွေကျပ် (၈,၁၅၀,၀၀၀ိ/-) ပစ္စည်းများအားတွေ့ရှိသဖြင့် ထိုပစ္စည်းတင်သွင်းလာခြင်းသည် ပင်လယ်ရေကြောင်းအကောက်ခွန်အက်ဥပဒေ၊ ကုန်းလမ်းအကောက်ခွန်အက်ဥပဒေတို့အရ အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အမှုဖွင့်လှစ်ပြီး အရေးယူဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။
DOCA(တနင်္သာရီ)

ကော့သောင်းမြို့သို့ စားအုန်းဆီပေပါရောက်ရှိမှုအား သွား‌ရောက်စစ်ဆေးခြင်း

၂၀၂၄ခုနှစ်၊ နိုဝင်ဘာလ ၆ရက်နေ့ တွင် ကော့သောင်းမြို့၊ သီရိမြိုင်ရပ်ကွက် အဝေးပြေးယာဉ်ရပ်နားစခန်းသို့ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ စီစဉ်မှုဖြင့် Kaung Hlyan New Asia Co.,ltd ကုမ္မဏီမှ တင်ပို့ရောင်းချသည့် စားအုန်းဆီ(၅၆)ပေပါကို ယာဉ်အမှတ် 2G/5549 ဖြင့် ဆီကန်မှထုတ်ယူပြီး ကော့သောင်းမြို့သို့ (၆-၁၀-၂၀၂၄) ရက်နေ့တွင် ရောက်ရှိလာမှုအား ခရိုင်စားသုံးသူရေးရာဦးစီးဌာနနှင့် တာဝန်ရှိသူများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။
DOCA(တနင်္သာရီ)

မင်္ဂလာဈေးအတွင်းရှိ လက်လီ/ လက်ကားရောင်းချသော အလှကုန်ပစ္စည်းအရောင်းဆိုင်များအားစစ်ဆေးခြင်း

စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်မိုးမိုးကြည် (စစ်ဆေးရေးအရာရှိ)နှင့် ဝန်ထမ်းများသည် မင်္ဂလာဈေးအတွင်းရှိ အလှကုန်ပစ္စည်းအရောင်းဆိုင်များအား ၅-၁၁-၂၀၂၄ ရက်နေ့၊ နေ့လယ်(၁၂:၀၀) နာရီအချိန်တွင် ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။
အဆိုပါ အလှကုန်ပစ္စည်းအရောင်းဆိုင်များအားစစ်ဆေးရာတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ အခန်း(၁၈)တွင်ပါရှိသည့် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များနှင့်ကိုက်ညီမှုရှိသော ကုန်စည်များဖြန့်ဖြူးရောင်းချခြင်းရှိ/ မရှိစစ်ဆေးခြင်းနှင့် ဥပဒေပါ အခန်း(၁၁) ရှိ ကုန်စည်နှင့်ပတ်သက်၍ အာမခံချက်ပေးခြင်းနှင့် အခန်း(၁၇)ပါ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုအပေါ် တာဝန်ရှိမှုနှင့်စပ်လျဉ်း၍ ‌ရှင်းလင်းပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ရန်ကုန်)

တာမွေမြို့နယ်အတွင်းရှိ အလှကုန်ပစ္စည်းများအား ကုန်အညွှန်းအမှတ်အသားစစ်ဆေးခြင်း

စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးနေလင်း(စစ်ဆေးရေးအရာရှိ)နှင့် ဝန်ထမ်းများသည် တာမွေမြို့နယ်၊ ကျိုက္ကဆံလမ်းမပေါ်ရှိ အလှကုန်ပစ္စည်းအရောင်းဆိုင်များအား ၅-၁၁-၂၀၂၄ ရက်နေ့၊ နေ့လယ်(၁၄:၀၀) နာရီအချိန်တွင် ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။
အဆိုပါအလှကုန်ပစ္စည်းအရောင်းဆိုင်များအား စစ်ဆေးရာတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ အခန်း(၁၈)တွင်ပါရှိသည့် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များနှင့်စပ်လျဉ်းပြီး (၁၀)ဂရမ်အထက် အလှကုန်ပစ္စည်းအမျိုးမျိုးတွင် အမျိုးအမည်၊ အသားတင်ပမာဏ၊ သုံးစွဲပုံနည်းလမ်း၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ဓာတ်မတည့်ကြောင်းဖော်ပြချက်တို့ပါရှိခြင်းရှိ/ မရှိ၊ (၁၀)ဂရမ်အထက် အလှကုန်ပစ္စည်းအမျိုးမျိုးတွင် အမျိုးအမည်၊ အသားတင်ပမာဏ၊ သုံးစွဲပုံနည်းလမ်းပါရှိခြင်းရှိ/ မရှိတို့ကို ကျိုက္ကဆံလမ်းမပေါ်ရှိ အလှကုန်ဆိုင်(၃)ဆိုင်အားစစ်ဆေးခဲ့ပြီး စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၇)ပါ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုအပေါ် တာဝန်ရှိမှုနှင့်စပ်လျဉ်း၍ ‌ရှင်းလင်းပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ရန်ကုန်)

ပလာဇာအတွင်းရှိ အလှကုန်ပစ္စည်းများအား ကုန်အညွှန်းအမှတ်အသားစစ်ဆေးခြင်း

စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်အေးအေးမော် (စစ်ဆေးရေးအရာရှိ)နှင့် ဝန်ထမ်းများသည် မင်္ဂလာတောင်ညွန့်မြို့နယ်၊ ယုဇနပလာဇာအတွင်းရှိ အလှကုန်ပစ္စည်းအရောင်းဆိုင်များအား ၅-၁၁-၂၀၂၄ ရက်နေ့၊ နေ့လယ်(၁၃:၀၀) နာရီအချိန်တွင် ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။
အဆိုပါအလှကုန်ပစ္စည်းအရောင်းဆိုင်များအား စစ်ဆေးရာတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ အခန်း(၁၈)တွင်ပါရှိသည့် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များနှင့်စပ်လျဉ်းပြီး (၁၀)ဂရမ်အထက် အလှကုန်ပစ္စည်းအမျိုးမျိုးတွင် အမျိုးအမည်၊ အသားတင်ပမာဏ၊ သုံးစွဲပုံနည်းလမ်း၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ဓာတ်မတည့်ကြောင်းဖော်ပြချက်တို့ပါရှိခြင်းရှိ/ မရှိ၊ (၁၀)ဂရမ်အထက် အလှကုန်ပစ္စည်းအမျိုးမျိုးတွင် အမျိုးအမည်၊ အသားတင်ပမာဏ၊ သုံးစွဲပုံနည်းလမ်းပါရှိခြင်းရှိ/ မရှိတို့ကို ပလာဇာအတွင်းရှိ အလှကုန်ဆိုင်(၄)ဆိုင်တို့ကိုစစ်ဆေးခဲ့ပြီး စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ဥပဒေ အခန်း(၁၁)ပါ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းဆိုင်ရာ အချက်အလက်များကိုရှင်းလင်းပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ရန်ကုန်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ