Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့နယ်ရှိ စက်သုံးဆီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး

     ၁၂.၁၁.၂၀၂၅ ရက်၊ ၁၈:၀၀ အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်မြို့နယ် တာဝန်ခံသည် မော်လမြိုင်မြို့နယ် ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာ လုပ်ငန်းများထိန်းသိမ်း ကြီးကြပ်ရေးဆပ်ကော်မတီနှင့်ပူးပေါင်း၍ မော်လမြိုင်မြို့၊ မုပွန်ရပ်ကွက်၊ ကျောက်မီးသွေး မီးပွိုင့်အနီးရှိ PT Power စက်သုံးဆီအရောင်းဆိုင်သို့ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

    ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် အဆိုပါဆီဆိုင်၌ မြို့နယ် ကော်မတီမှ ရည်ညွှန်း ဈေးနှုန်းအတိုင်းရောင်းချမှုရှိ/မရှိနှင့် အရောင်းဆိုင်ပိတ်ထားမှု ရှိ/မရှိ ကွင်းဆင်း စစ်ဆေး ဆောင်ရွက်ခဲ့ရာ သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် အရောင်းဆိုင်ဖွင့်လှစ်ရောင်းချနေသည်ကို စစ်ဆေးတွေ့ရှိရကြောင်း သိရှိရပါသည်။

DOCA (မွန်)

မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့နယ်ရှိ စက်သုံးဆီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး

     ၁၂.၁၁.၂၀၂၅ ရက်နေ့ ၁၆၀၀ ချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်မြို့နယ် တာဝန်ခံသည် မော်လမြိုင်မြို့နယ် ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာ လုပ်ငန်းများထိန်းသိမ်း ကြီးကြပ်ရေးဆပ်ကော်မတီနှင့်ပူးပေါင်း၍ မော်လမြိုင်မြို့၊စျေးကြိုရပ်ကွက်၊ကျိုက်ခမီလမ်း MMTM စက်သုံးဆီအရောင်းဆိုင်သို့  ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။    

    ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် အဆိုပါဆီဆိုင်၌ မြို့နယ် ကော်မတီမှ ရည်ညွှန်းဈေးနှုန်း အတိုင်းရောင်းချမှုရှိ/မရှိနှင့် အရောင်းဆိုင်ပိတ်ထားမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး ဆောင်ရွက် ခဲ့ရာ သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် အရောင်းဆိုင်ဖွင့်လှစ်ရောင်းချနေသည်ကို စစ်ဆေး တွေ့ရှိရကြောင်း သိရှိရပါသည်။

DOCA (မွန်)

အွန်လိုင်းမှတ်ပုံတင်ခြင်းနှင့် စပ်လျဉ်း၍ မြေပြင်ကွင်းဆင်းစစ်ဆေး

   ၁၀.၁၁.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်ခရိုင် ဦးစီးမှူးနှင့်ဝန်ထမ်းများသည် အမှတ်(၆) စျေးကြီး၊ တောင်ပေါ်တန်းလမ်း၊ ဖက်တန်းရပ်ကွက် ၊ မော်လမြိုင်မြို့ရှိ “Starfancier Fashion Shop” အွန်လိုင်းရောင်းဝယ်ရေးလုပ်ငန်းသို့ အွန်လိုင်းမှတ်ပုံတင်ခြင်းနှင့် စပ်လျဉ်း၍ မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

      ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာ   အွန်လိုင်းစနစ်ဖြင့် ရောင်းချနေသော လုပ်ငန်းများအား မှတ်ပုံတင်လက်မှတ်လျှောက်ထားမှုနှင့် စပ်လျဉ်း၍ မြေပြင်ကွင်းဆင်း ဆောင်ရွက်ရာတွင် လျှောက်လွှာပုံစံတွင် ဖြည့်သွင်းထားသည့် လိပ်စာအတိုင်း လုပ်ငန်းအမှန်တကယ် တည်ရှိခြင်း ရှိ/ မရှိ၊ မှတ်ပုံတင်လက်မှတ်လျှောက်ထားစဉ်က ရောင်းချရန်တင်ပြထားသော ကုန်စည် (သို့)ဝန်ဆောင်မှု အမျိုးအစား စာရင်းအတိုင်း မြေပြင်တွင် အမှန်တကယ် ရောင်းချနေသော စာရင်းကိုက်ညီမှု ရှိ/ မရှိတို့ကို စစ်ဆေးခဲ့ပြီး၊ မှတ်ပုံတင် လက်မှတ်ရရှိသူ၏ တာဝန်များ၊ စားသုံးသူကာကွယ်ရေးဥပ‌ဒေပါ ကုန်စည်ပေါ်တွင် ဖော်ပြပါရှိရမည့် ကုန်အညွှန်း အမှတ်အသား ဖော်ပြမှုတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

၂၀၂၅ ခုနှစ်၊ အောက်တိုဘာလအတွင်း ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်း ဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်စည်များတွင် ကုန်အညွှန်း အမှတ်အသား များ ပြည့်စုံစွာထည့်သွင်းဖော်ပြထားခြင်းရှိ/မရှိ၊ စားသုံးသူများ နေ့စဉ်အသုံးပြုလျက်ရှိသော ကုန်စည် နှင့် ဝန်ဆောင်မှုများ ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ကုန်စည်များကို သတ်မှတ်စံချိန်စံညွှန်းများ၊ ညွှန်ကြားချက်များနှင့်ကိုက်ညီမှုရှိ/မရှိ ဈေးကွက် စောင့်ကြည့်စစ်ဆေး ခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် မိတ်ဘက်ဌာနဆိုင် ရာများနှင့် ပူးပေါင်း၍လည်းကောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေအရ ခန့်အပ်ထားသော စစ်ဆေး ရေးအရာရှိများက ဦးဆောင်၍ သော်လည်းကောင်း ဆောင်ရွက်လျက်ရှိပါသည်။

   ပခုက္ကူခရိုင်အနေဖြင့် အောက်တိုဘာလအတွင်း ခရိုင်ဦးစီးမှူးနှင့် ဦးစီးအရာရှိတို့မှ ဦးဆောင်၍ ပခုက္ကူမြို့နယ်တာဝန်ခံ၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံနှင့် ဝန်ထမ်းများသည် အသင့် သောက်အချိုရည် အမျိုးမျိုးအား ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာထည့်သွင်းဖော်ပြထားခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ပခုက္ကူမြို့ပေါ် ရပ်ကွက်များတွင် ရောင်းချလျက်ရှိသော ကုန်စုံဆိုင်နှင့်စတိုးဆိုင်၊ မြို့မဈေးများတွင် (၄)ကြိမ်၊ အ.မ.က (၁၆)နှင့် အ.လ.က(တွဲ)ကျောင်း မုန့်ဈေးတန်းတွင်(၂)ကြိမ်၊ စားသုံးဆီအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း(၁)ကြိမ်၊ ပဲကြော်ထုတ်လုပ်ဖြန့်ဖြူး ရောင်းချသည့် လုပ်ငန်းရှင်များထံသို့ ကွင်းဆင်းဆောင်ရွက်ခြင်းအား ပခုက္ကူမြို့မှ (၂)ကြိမ်၊ ဂန့်ဂေါမြို့၊ စည်ပင်သာယာရပ်၊ အ.လ.က(ခွဲ) ကျောင်းမုန့်ဈေးတန်းတွင် (၁)ကြိမ်၊ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း(၁၀)ကြိမ်၊ အထူးဈေးကွက်အနေဖြင့် စားသုံးဆီ၊ စက်သုံး ဆီနှင့်ဆေးဝါးများအား သတ်မှတ်ရည်ညွှန်းဈေးများနှင့် အချဉ်အတွယ် မှန်ကန်မှုရှိစေရန် မိတ်ဖက်ဌာနများနှင့် ပူးပေါင်းဆောင်ရွက်ကွင်းဆင်းခဲ့ပြီး ဌာန၏ဥပဒေ၊ အမိန့်နှင့်ညွှန်ကြားချက်ပါ အကြောင်းအရာများကို အသိပညာပေးဆွေးနွေး ဆောင်ရွက်ခဲ့ပါသည်။

    ထို့ပြင် အွန်လိုင်းမှတ်ပုံတင်ခြင်းဆိုင်ရာများနှင့်စပ်လျဉ်း၍ ပခုက္ကူမြို့ပေါ်ရှိ အွန်လိုင်းစနစ်ဖြင့် ရောင်းချနေသော ယခင်အွန်လိုင်းမှတ်ပုံတင်ထားသည့်လုပ်ငန်းရှင်များအား အွန်လိုင်းစနစ်ဖြင့် ရောင်းချသည့်လုပ်ငန်းဆိုင်ရာ အမိန့်ကြော်ငြာစာများ၊ စားသုံးသူကာကွယ်ရေးဥပဒေပါစီးပွားရေး လုပ်ငန်းရှင်၏ တာဝန်မျာနှင့်ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်များသိရှိစေရန် အသိပညာ ပေးခြင်းနှင့် အွန်လိုင်း စနစ်ဖြင့်ရောင်းချမည် လုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ အွန်လိုင်းမှတ်ပုံတင်ရန် အတွက် လိုအပ်သည့်အချက် အလက်များအား အသေးစိတ်ရှင်းလင်းဆွေးနွေးခြင်း၊ ဆက်သွယ်ရေးဝန်ဆောင်မှုနှင့်စပ်လျဉ်း၍(အင်တာနက်ဝန်ဆောင်မှု) ကဏ္ဍစုံအား ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနနှင့်ပူးပေါင်း၍(အင်တာနက်ဝန်ဆောင်မှု)လုပ်ငန်းများဆောင်ရွက်သည့်ဆိုင်များသို့ သွားရောက်၍ ဆက်သွယ်ရေးဝန်ဆောင်မှုနှင့်စပ်လျဉ်း၍  အသိပညာပေးဆွေးနွေးခြင်း ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

အ.ထ.က (၄) မူလတန်းကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲ ကျင်းပ

    မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ၁၁.၁၁.၂၀၂၅ ရက်နေ့ နံနက်ပိုင်း၌ ကျိုက်မရောမြို့နယ်၊ ဘိန်းဗျောကျေးရွာ၊ အ.မ.က (၄) ကျောင်း၌ စားသုံးသူ ကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

     အဆိုပါ ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ကျိုက်မရောမြို့နယ်တာဝန်ခံက စားသုံးသူ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်၊ စားသုံးသူအခွင့်အရေး(၈)ချက်တို့ကို ရှင်းလင်း ဟောပြောခြင်း၊ ကျောင်းသား၊ ကျောင်းသူများသည် အသင့်စားအစားအစာများကို ဝယ်ယူ အသုံးပြုရာတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ဖော်ပြထားသည့် အစားအစာများကို ရွေးချယ်ဝယ်ယူအသုံးပြုရန် နမူနာ ပစ္စည်းများဖြင့် ရှင်းလင်းခြင်း၊ သက်တမ်းကုန်ဆုံးရက်စွဲများ သေချာသိရှိနားလည်စေရန် ပုံစံနမူနာပြသ၍ အပြန်အလှန် မေးမြန်းခြင်းတို့ကို အသိပညာ‌ပေး ဟောပြောခဲ့ပြီး စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိသော အသင့်စား မုန့်ထုတ်များကို ဖြန့်ဝေပေးခဲ့ပြီး အဆိုပါ အသိပညာပေးဟောပြောပွဲသို့ ဆရာ၊ ဆရာမ (၅) ဦးနှင့် အတူ ကျောင်းသား၊ ကျောင်းသူ (၅၅) ဦး စုစုပေါင်း (၆၀) ဦး တက်ရောက်ခဲ့ပါကြောင်း သိရှိရပါသည်။

DOCA (မွန်)

ကျိုက်မရောမြို့နယ်၌ စားသုံးသူကာကွယ်ပေး‌ရေး အသိပညာပေး (Talk Show) ဆွေးနွေးပွဲ ကျင်းပပြုလုပ်

    ၁၀.၁၁.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ် မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာနတို့ ပူးပေါင်း၍ စားသုံးသူကာကွယ်ပေးရေး အသိပညာပေး (Talk Show) ကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

     အခမ်းအနားတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ချိုချိုမြတ်ထွေးက ပြည်သူများ၏ အစားအစာ ဘေးကင်းလုံခြုံရေးအတွက် ဆောင်ရွက် ထားရှိမှုများကို ဆွေးနွေးမေးမြန်းခဲ့ရာ မြိုနယ်စားသုံးသူရေးရာ ဦးစီးဌာန(တာဝန်ခံ) ဦးစိုးညီညီက စားသုံးသူရေးရာဦးစီးဌာန ပေါ်ပေါက်လာပုံ၊ ဌာန၏မျှော်မှန်းချက်၊ ရည်မှန်းချက်၊ စားသုံးသူအခွင့်အရေးများနှင့် တာဝန်များ၊ စားသုံးသူကာကွယ်ရေးဥပဒေများ၊ စားသုံးသူ နစ်နာဆုံးရှုံးမှု ဖြစ်ပေါ်လာလျှင် ပြန်လည်ကုစားခွင့်များ၊ အသိပေးတိုင်ကြားနိုင်သည့် နည်းလမ်းများနှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီး ဌာန၏ ညွှန်ကြားချက်အမှတ် (၁/၂၀၂၁)အရ ဟင်းသီးဟင်းရွက်ဆီနှင့် စပ်လျဉ်း၍ ကုန်အညွှန်း အမှတ်အသား ဖော်ပြရာတွင် စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရမည့် ညွှန်ကြားချက်များကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

DOCA (မွန်)

ကျိုက်မရောမြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သည့်လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

     ၁၂.၁၁.၂၀၂၅ ရက်နေ့တွင် ကျိုက်မရောမြို့နယ် ၊ကော့ကလော့ကျေးရွာ၌ သမဝါယမ ဦးစီးဌာနမှ  နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် စိုက်ပျိုးထားသည့် ရေကျနောက်လိုက် မိုးစပါးစိုက်ပျိုးသည့် အသင်းသားတောင်သူများ၏ မိုးစပါးစိုက်ခင်းများကို သက်ဆိုင်ရာ တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

     ထိုသို့ ကွင်းဆင်း ဆောင်ရွက်ရာတွင်   စပါးစိုက်ခင်းများအတွင်း ပိုးမွှား ရောဂါ ကျရောက်မှု မရှိစေရေးအတွက် ဂရုစိုက် ဆောင်ရွက်ရန်၊ စိုက်ပျိုးရေး နည်းစနစ် မှန်ကန်ရေး ပညာပေးခြင်း ၊ စပါးရိတ်သိမ်းချိန်၌ အလေအလွင့်မရှိစေရေး နှင့် မျိုးကောင်းမျိုးသန့်များ စိုက်ပျိုး၍.ပန်းတိုင်အထွက်နှုန်းရရှိစေရန်  အချိန်မီရိတ်သိမ်းပေးရေး လုပ်ငန်းများ စနစ်တကျ ဆောင်ရွက်ရန်တောင်သူများအား မှာကြားပြီးလိုအပ်ချက်များကို ညှိ့နှိုင်းဆွေးနွေးပေးခဲ့ကြောင်း သိရသည်။

DOCA (မွန်)

ချောင်းဆုံမြို့နယ်တွင် ဆေးနှင့်ဆေးပစ္စည်းများအား ဈေးကွက်ကွင်းဆင်းစစ်ဆေး

      ၁၃.၁၁.၂၀၂၅ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တာဝန်ခံ ဒုတိယဦးစီးမှူး ဒေါ်ထက်ထက်နွေဦးနှင့် ဝန်ထမ်းများသည် ချောင်းဆုံမြို့နယ် ပြည်သူ့ဆေးရုံကြီး၌ ကျင်းပပြုလုပ်သော အစည်းအဝေးသို့ တက်ရောက် ခဲ့ပါသည်။ ဆွေးနွေးပွဲတွင် ပြည်နယ် FDA မှ ဦးစီးအရာရှိ ‌ဒေါ်ပန်းရိပ်အောင်မှ ဆေးရောင်းချ နေသော လုပ်ငန်းရှင်များအား လိုက်နာရမည့် စည်းကမ်းချက်များ၊ ဆေးများ စနစ်တကျ ထားရှိရန်နှင့် သက်တမ်းလွန်ဆေးဝါးများ ရောင်းချခြင်းမရှိရန် ဟောပြောဆွေးနွေးခဲ့ပါသည်။

    ထိုသို့ ဈေးကွက်ကွင်းဆင်းစစ်ဆေးရာတွင် ဆေးဆိုင်များတွင် ရောင်းချနေသော ဆေးနှင့်ဆေးပစ္စည်းများ ပြတ်လပ်မှု မရှိစေရေး၊ ဈေးနှုန်းကြီးမြင့်မှုမရှိစေရေးနှင့် ဈေးနှုန်းများ တည်ငြိမ်စေရေးတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ရာ ဆေးပစ္စည်းများ ပြတ်လပ်မှု မရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး ဆိုင်ရှင်များအား တရားမဝင်ဆေးဝါးများ ရောင်းချမှု မပြုစေရေးအတွက် အသိပညာပေးခဲ့ကြောင်း သိရှိရပါသည်။

          DOCA (မွန်)

ချောင်းဆုံမြို့နယ်တာဝန်ခံသည် “မင်းကျော်သူ”အမှတ်တံဆိပ် မုန့်တိုက်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

    ၁၂.၁၁.၂၀၂၅ ရက်နေ့ မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ချောင်းဆုံမြို့နယ် တာဝန်ခံ ဒေါ်ထက်ထက်နွေဦးသည်  ချောင်းဆုံမြို့နယ် ထွေထွေအုပ်ချုပ်ရေးမှူးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာနနှင့်စည်ပင်ဦးစီးဌာနတို့နှင့်ပူးပေါင်း၍ “မင်းကျော်သူ” အမှတ်တံဆိပ် မုန့်တိုက်လုပ်ငန်းအား စျေးကွက်မရောက်မီ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် ပတ်သက်၍ ဒုတိယအကြိမ် သွားရောက်စစ်ဆေးခဲ့ပါသည်။

     ထိုသို့စစ်ဆေးရာတွင် ထုတ်ကုန်ပစ္စည်းပေါ်တွင် စားသုံးသူကာကွယ်ရေးဥပဒေ၊ အခန်း (၁၈) ပြဋ္ဌာန်းချက်နှင့်အညီ ဖော်ပြထားခြင်းရှိ/မရှိ စစ်ဆေးခဲ့ရာ ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်ပြည့်စုံမှုမရှိသဖြင့် လိုအပ်ချက်များအား ပြန်လည်ပြင်ဆင်ပေးရန် ဆွေးနွေး ခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

ချောင်းဆုံမြို့နယ်၊ မူလွန် (ကော့မုပွန်မြောက်)ကျောင်းရှိ ကျောင်းမုန့်ဈေးတန်းအား ဈေးကွက်ကွင်းဆင်းစစ်ဆေး

     မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တာဝန်ခံ ဒေါ်ထက်ထက်နွေဦးနှင့် ဝန်ထမ်းများသည် (၁၁..၂၀၂) ရက်နေ့တွင် ချောင်းဆုံမြို့နယ်ှုလွန် (ကော့မုပွန်မြောက်)ကျောင်းရှိ ကျောင်းမုန့်ဈေးတန်းအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

     ထိုသို့ စစ်ဆေးရာတွင် ကျောင်းမုန့်ဈေးတန်းအတွင်းရောင်းချနေသော လေဖောင်း မုန့်များ၊ ဖျော်ရည်ဗူးများစသည့် အသင့်စားမုန့်များ၌ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှု ရှိ/မရှိ စစ်ဆေးခဲ့ရာ အဆိုပါမုန့်များနှင့် ဖျော်ရည်ဗူးများတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြပါရှိကြောင်း တွေ့ရှိရပြီး ကျောင်းသား/သူများ ဘေးအန္တရာယ်ကင်းရှင်းသော အစားအသောက်များ၊ မုန့်များ ရောင်းချရန်၊ သက်တမ်းလွန်နေသော မုန့်များမရောင်းချရန်နှင့် တားမြစ်ထားသော ဆိုးဆေးများ ပါဝင်သည့် အစားအသောက်များ မရောင်းချရန်တို့ကို မုန့်ဆိုင်ပိုင်ရှင်များအား အသိပညာပေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ