Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

သမာဓိဆန်စက် ထုတ်ကုန်လုံခြုံစိတ်ချရမှု ရှိစေရေး ဆန်စက်လုပ်ငန်းဖွံ့ဖြိုးရေးအတွက် ကွင်းဆင်းစစ်ဆေး

      (၇.၁၁.၂၀၂၄) ရက်နေ့၊နံနက် (၁၁:၀၀)နာရီအချိန်က စားသုံးသူရေးရာဦးစီးဌာန၊ ဓနုဖြူမြို့နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဓနုဖြူမြို့၊ကျုံတနော်ကျေးရွာရှိ သမာဓိဆန်စက်သို့ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ဆန်စက်လုပ်ငန်းဖွံ့ဖြိုးရေးအတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်အတူ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့သည်။

    မြို့နယ်တာဝန်ခံမှ သမာဓိဆန်စက်တွင် လည်ပတ်နေသော ဆန်စက်၏ ကြိတ်ခွဲထုတ်လုပ်မှု၊ ဆန်စပါး အရည်အသွေးပြည့်မီစေရေး၊အလေးချိန်ပြည့်မီမှန်ကန်စေရေး၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး၊ သိုလှောင်ရုံများ စနစ်တကျထားရှိမှု အခြေအနေများနှင့် ခေတ်မှီစက်ကိရိယာများ တပ်ဆင်ထားမှုနှင့်ထုတ်လုပ်နိုင်မှုအခြေအနေ၊ ဆန်နှင့် ဆန်ကွဲများ ရန်ကုန်သို့ တင်ပို့ရောင်းချနေမှုအခြေအနေ၊ ဆန်စပါးဈေးနှုန်းဈေးကွက်အခြေအနေများ၊ ဆန်စက်တွင် စပါးသိုလှောင်ထားရှိမှုနှင့် ဆန်တစ်နေကြိတ်ခွဲနိုင်မှု ၊ ဆန်စက်ကြိတ်ခွဲရာမှ  ထွက်ရှိလာသော စွန့်ပစ်ပစ္စည်းများ စနစ်တကျ စွန့်ပစ်ထားခြင်းရှိ/မရှိ ၊MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ဆန်စက်ပိုင်ရှင်နှင့် တွေ့ဆုံဆွေးနွေး ကွင်းဆင်းလေ့လာစိစစ်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ကန့်ဘလူမြို့နယ်တွင် စားသုံးဆီအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

       စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးသည် ၂၀၂၄ခုနှစ်၊ နိုဝင်ဘာလ ၁၁ရက်နေ့၊ နံနက် ၀၉:၃၀ နာရီအချိန်တွင် ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းနှင့် ဒေါ်အိမွန်ကျော်၊ အကြီးတန်းစာရေးတို့သည်  ကန့်ဘလူမြို့၊ အမှတ်(၅)ရပ်ကွက်ရှိ ကုန်စုံဆိုင်များတွင်ရောင်းချနေသော စားသုံးဆီအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။

       ထိုသို့ကွင်းဆင်းစစ်ဆေးရာ စားသုံးသူများ နေ့စဉ်အသုံးပြုလျက်ရှိသော ကုန်စည်နှင့် ဝန်ဆောင်မှုများကို ဘေးအန္တရာယ်ကင်းရှင်းစွာအသုံးပြုနိုင်စေရန်ရည်ရွယ်၍ ဈေးကွက်အတွင်း ရောင်းချနေသည့် စားသုံးဆီအမျိုးမျိုးတွင် ကုန်အညွှန်အမှတ်အသားများကို (၂/၂၀၁၉)နှင့်အညီ မြန်မာဘာသာဖြင့် ဖော်ပြထားခြင်းရှိ/ မရှိနှင့် (၁/၂၀၂၁)နှင့်အညီ ပိဿာ/ ကျပ်သားတို့ကို ဖော်ပြထားခြင်းရှိ/ မရှိစစ်ဆေးခဲ့ကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်မရှိသောစားသုံးဆီများ၊ တရားမဝင်တင်သွင်းလာသောစားသုံးဆီများကို ရောင်းချခြင်းမပြုလုပ်ရန် အသိပညာပေးပြောကြားခဲ့ပြီး  စားသုံးသူကာကွယ်ရေးအကြောင်းသိကောင်းစရာ လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်းသိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့နယ်သို့ စားအုန်းဆီကားရောက်ရှိမှုအား ကွင်းဆင်းစစ်ဆေး

        စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းသည် ၂၀၂၄ခုနှစ်၊ နိုဝင်ဘာလ ၁၁ရက်နေ့၊ နံနက်(၀၈:၃၀)နာရီအချိန်တွင် ကန့်ဘလူမြို့နယ်ဆီကိုယ်စားလှယ်၏ မန္တလေးမြို့ရှိ စားအုန်းဆီကုမ္ပဏီမှ ခွဲတမ်းရစားသုံးဆီ (၂၆)ပေပါ (သို့) ၂၈၆၀ ပိဿာရောက်ရှိမှုအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

      ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ကန့်ဘလူမြို့နယ်ဆီကိုယ်စားလှယ်က ခွဲတမ်းရရှိလာသောစားအုန်းဆီများကို ရည်ညွှန်းဈေး၊ သယ်ယူပို့ဆောင်ခကုန်ကျစရိတ်နှင့် ၂% အမြတ်တို့ဖြင့် လက်လီ/ လက္ကားဆိုင်များသို့ ခွဲဝေရောင်းချပေးသွားဖြစ်ကြောင်း၊ လက်လီ/ လက္ကားဆိုင်များမှ စားသုံးသူပြည်သူများသို့ ၂% အမြတ်ဖြင့် ပြန်လည်ရောင်းချပေးသွားမည်ဖြစ်ကြောင်း စားအုန်းဆီခွဲတမ်းရရှိသော လက်လီ/ လက္ကားကိုယ်စားလှယ်ထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)       

 

အမှတ်တံဆိပ်ပါ စားသုံးဆီအမျိုးမျိုးနှင့် ကျန်းမာရေးဆိုင်ရာ ဆေးဝါးအမျိုးမျိုးအား ဈေးကွက်အတွင်း ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း

    (၈.၁၁.၂၀၂၄) ရက်နေ့ ၊နံနက် (၁၀:၀၀)နာရီ အချိန်က ညောင်တုန်းမြို့ပေါ်ရပ်ကွက်များရှိ ကုန်စုံဆိုင်များနှင့် ဆေးအမျိုးမျိုးအရောင်းဆိုင်(၅)နှင့် စားသုံးဆီအမျိုးမျိုးရောင်းချသောဆိုင်(၅)တွင် ရောင်းချနေသော ကုန်စည်များအား ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ရာ မြို့နယ် စားသုံးသူရေးရာဦးစီးဌာန၊  မြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊  မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ရဲတပ်ဖွဲ့နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများပါဝင်သော ပူးပေါင်းအဖွဲ့များပါဝင်၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

     ညောင်တုန်းမြို့နယ် စစ်ဆေးရေး တာဝန်ရှိသူ ဦးအောင်လွင် မြို့နယ်တာဝန်ခံက ဈေးကွက်အတွင်း စစ်ဆေးရာ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတွင် တရားဝင်မှတ်ပုံတင်ထားရှိသော ဆေးပစ္စည်းနှင့် ဆေးဝါးများကိုသာ ရောင်းချသော ဆေးအမျိုးမျိုးအား စစ်ဆေးခြင်း၊  တရားဝင်မှတ်ပုံတင်ထားခြင်းမရှိသော ဆေးပစ္စည်းနှင့် ဆေးဝါးများတင်သွင်းရောင်းချနေမှု ရှိ/မရှိကို စစ်ဆေးခြင်း၊ ဈေးကွက်အတွင်းရှိ ဆေးပစ္စည်းနှင့်ဆေးဝါးအမျိုးမျိုးအား ဈေးနှုန်းအဆမတန်မြှင့် တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည် ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းတို့ မပြုကြရန်နှင့် ဈေးကွက်အတွင်း ဆေးဝါးနှင့် ဆေးပစ္စည်း ပြတ်လပ်မှုမရှိစေရေးအတွက် ကြိုတင်စီမံဆောင်ရွက်ထားကြရန် ဌာနများနှင့် ပူးပေါင်းဆောင်ရွက်ရန်ကို ပြောကြားခဲ့သည်။

    စားဆီအမျိုးမျိုးရောင်းချသော ဆိုင်များအား စစ်ဆေးရာ တရားမဝင်ပုဇွန်အမှတ်တံဆိပ်ပါ စားသုံးဆီများ ဈေးကွက်အတွင်း ရောင်းချနေမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း၊ မြို့နယ်တွင် ရောင်းချလျက်ရှိသော အမှတ်တံဆိပ်ပါစားသုံးဆီများတွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင်၏ ညွှန်ကြားချက်အမှတ် ၂/၂၀၁၉ နှင့်အညီ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ဖေါ်ပြထားသည်ကို တွေ့ရှိရပြီး စီးပွားရေးနှင့် ကူးသန်း​ရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ညွှန်ကြားချက် အမှတ် ၁/၂၀၂၁ ကို အများအားဖြင့် လိုက်နာဆောင်ရွက်လျက်ရှိကြောင်း တွေ့ရှိရပါသည်။

     အလားတူပင် (၈.၁၁.၂၀၂၄) ရက်နေ့က ဓနုဖြူမြို့နယ်တွင် စားသုံးဆီအမျိုးမျိုး အရောင်းဆိုင် (၄)ဆိုင်နှင့် ဆေးဝါးအမျိုးမျိုး ရောင်းချသော ဆေးဆိုင်(၆)တို့အား ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြ ပြီး သတ်မှတ်ချက်များအတိုင်း လုပ်ငန်းရှင်များက ရောင်းချနေကြောင်း စစ်ဆေးတွေ့ရှိရပြီး လုပ်ငန်းရှင်များတို့အား  ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးရန် ဦးစားပေး ကုန်စည်အမျိုးအစား ၁၀ မျိုးအား သတ်မှတ်ကာလများအတိုင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးသွားမည်ဖြစ်ကြောင်း အသိပေးပြောကြားခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)

ဘီးလင်းမြို့နယ်တွင် အသင့်သောက်ကော်ဖီ၊ လက်ဖက်ရည်ထုပ်အမျိုးမျိုးနှင့်စပ်လျဉ်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေး

        မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံရုံးမှ ဝန်ထမ်းများသည် (၈-၁၁-၂၀၂၄) ရက်နေ့တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ ဘီးလင်းမြို့၊ နှင်းပုလဲကျေးရွာ၊ နှင်းရတနာဈေးအတွင်း ရောင်းချနေသော ကုန်စုံဆိုင်များသို့သွားရောက်၍ အသင့်သောက်ကော်ဖီနှင့် လက်ဖက်ရည်ထုပ်အမျိုးမျိုးတို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ပြုလုပ်ခဲ့ပါသည်။

   ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာ၌ ဈေးကွက်အတွင်းရောင်းချနေသော အသင့်သောက်ကော်ဖီနှင့် လက်ဖက်ရည်ထုပ်အမျိုးမျိုးတို့တွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/ ၂၀၁၉) နှင့်အညီ ကုန်အညွှန်းအမှတ်အသားကို မြန်မာဘာသာဖြင့် ပြည့်စုံမှန်ကန်စွာဖော်ပြထားသည်ကို စစ်ဆေးတွေ့ရှိရကြောင်းသိရှိရပါသည်။

DOCA(မွန်)

 

မီးခိုး/ မြူငွေ့လျှော့ချရေး၊ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်‌ရေးနှင့် လျော့နည်းစေရေး အသိပညာပေးဟောပြောပွဲသို့ ပေါင်မြို့နယ်တာဝန်ခံတက်ရောက်

         စားသုံးသူရေးရာဦးစီးဌာန၊ ပေါင်မြို့နယ်တာဝန်ခံသည် ၁၁-၁၁-၂၀၂၄ ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်၌ မွန်ပြည်နယ်၊ မော်လမြိုင်-သထုံခရိုင်သစ်တောဦးစီးဌာနမှ ကြီးမှူးပြီး သထုံခရိုင်၊ ပေါင်မြို့၊ ပေါင်းရပ်ကွက်၊ အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်သည့် "မီးခိုး/ မြူငွေ့လျှော့ချရေး၊ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် လျော့နည်းစေရေးဆိုင်ရာ" ခရိုင်အဆင့် အသိပညာပေးဟောပြောပွဲသို့တက်ရောက်ခဲ့သည်။ အဆိုပါဟောပြောပွဲသို့ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ ဆရာမများ၊ ကျောင်းသား/ သူများ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများ၊ စုစုပေါင်း (၁၄၃) ဦးတက်ရောက်ခဲ့ကြသည်။

     အဆိုပါဟောပြောပွဲတွင် မော်လမြိုင်-သထုံခရိုင်၊ သစ်တောဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ဇော်ထူးက ရာသီဥတုပြောင်းလဲမှုလျှော့ချရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာခေါင်းစဉ်ဖြင့်လည်းကောင်း၊ သထုံမြို့နယ်၊ သစ်တောဦးစီးဌာန၊ ဦးစီးအရာရှိ ဦးစိုးမင်းအောင်က လေထုညစ်ညမ်းခြင်းနှင့် မီးခိုးမြူငွေ့အန္တရာယ်လျှော့ချရေးခေါင်းစဉ်ဖြင့်လည်းကောင်း၊ ပေါင်မြို့နယ်တာဝန်ခံ တောအုပ်ကြီး ဦးဇော်လွင်ဦးက မြန်မာ့ဒီရေတောများအကြောင်းခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးဟောပြောခဲ့ကြပြီး တက်ရောက်လာသူများ၏ သိရှိလိုသည့်မေးမြန်းချက်များအပေါ်  ပြန်လည်ဖြေကြားဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

            ဆက်လက်၍ ဟောပြောပွဲသို့ တက်ရောက်လာသည့် ဆရာ/ ဆရာမများနှင့် ကျောင်းသား/ သူများအား သစ်ပင်စိုက်ပျိုးခြင်းဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြကြောင်းသိရှိရပါသည်။

DOCA(မွန်)

ကောင်းမြတ်သုခ ဆန်စက် ထုတ်ကုန်လုံခြုံစိတ်ချရမှု ရှိစေရေး ကွင်းဆင်းစစ်ဆေး

    စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်၊ မိုးဟုတ်ကျေးရွာရှိ ကောင်းမြတ်သုခဆန်စက်သို့ ညောင်တုန်းမြို့နယ်ဦးစီးမှုးရုံးမှ ဒေါ်ချိုမီဇင်နှင့် ဝန်ထမ်းများသည် (၇.၁၁.၂၀၂၃) ရက်နေ့၊နံနက် (၁၀:၀၀) နာရီအချိန်တွင် ဆန်စက်သို့ ကွင်းဆင်း၍ ထုတ်ကုန်လုံခြုံ စိတ်ချရမှုရှိစေရေး ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

    ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးက ဒေါ်ချိုမီဇင်(ဒုဦးစီးမှူး)က ကောင်းမြတ်သုခ ဆန်စက်သို့ ပူးပေါင်းစစ်ဆေးရေးအဖွဲ့နှင့်အတူ  သွားရောက်၍ ဆန်စက်ပိုင်ရှင်နှင့် တွေ့ဆုံကာ ဆန်စက်လည်ပတ်နေမှုအခြေအနေများ၊ ဆန်စပါးကြိတ်ခွဲမှုအခြေအနေ၊ Gasifier သုံး လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများစသည်ဖြင့် လုပ်ငန်းဆောင်ရွက်မှုအဆင့်ဆင့်ကို စစ်ဆေးကြည့်ရှုခဲ့ပြီးနောက် ဆန်စက်မှ ကြိတ်ခွဲထွက်ရှိလာသော ဆန်များကို သိုလှောင်ထားရှိမှု အခြေအနေ ဆန်အိတ်အရေအတွက်နှင့် နေ့စဉ်ဆန်ကြိတ်ခွဲမှု၊ ရောင်းချ၊ တင်ပို့မှုအခြေအနေတို့ကို မေးမြန်းခဲ့ကြသည်။

     ဆက်လက်၍ လုပ်ငန်းရှင်တို့ လိုက်နာရမည့် တာဝန်များအကြောင်းကို ရှင်းလင်းခြင်း ပို့ကုန်ကဏ္ဍတွင် ဆန်စပါးသည် အရေးပါသည့်အတွက် ပြည်ပနိုင်ငံများသို့ ဆန်/ဆန်ကွဲတင်ပို့ရာတွင် လိုက်နာရမည့်  SPSဆိုင်ရာ လုပ်ငန်းစဉ်များကို ရှင်းလင်းဆွေးနွေးခြင်း၊ ဆန်စပါးဆိုင်ရာ မူဝါဒများအကြောင်း Food Safety အရည်အသွေးမီသော ဆန်များရရှိစေဖို့အတွက် စက်ရုံ၊ အလုပ်ရုံ၊ သိုလှောင်ရုံများကို စနစ်တကျ သိုလှောင်ထားရှိရန်နှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရန် အသိပညာပေး ဆွေးနွေးခဲ့ခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

မြောင်းမြခရိုင်၊အိမ်မဲမြို့နယ်သို့ ရန်ကုန်မြို့ရှိ စားအုန်းဆီကုမ္ပဏီများမှ ဆီကားများရောက်ရှိလာမှု အခြေအနေအား ကွင်းဆင်းစစ်ဆေး

     ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်တာဝန်ခံဒေါ်ဇင်မာသန်းနှင့် ဝန်ထမ်းများသည် (၇.၁၁.၂၀၂၄)ရက်နေ့ ညနေ(၁၅:၀၀)နာရီတွင် အိမ်မဲမြိုု့နယ်ရှိ ဆီကိုယ်စားလှယ်များထံသို့ ရန်ကုန်မြို့ရှိ တော်ဝင်ဧကရာဇ်ကုမ္ပဏီမှ (ယာဉ်အမှတ် 2G-4675) မော်တော်ယာဉ်ဖြင့်စားအုန်းဆီ (၂၉)ပေပါ ရောက်ရှိ လာခဲ့ကြောင်းသိရှိရပါသည်။

     အဆိုပါစားအုန်းဆီများကို မြောင်းမြခရိုင် အိမ်မဲမြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံမှ သွားရောက်စစ်ဆေးခဲ့ပြီး ခွဲတမ်းရရှိသောစားအုန်းဆီများကို ရည်ညွန်းဈေး၊သယ်ယူပို့ဆောင်ကုန်ကျစရိတ်နှင့် ၂% အမြတ်တို့ ဖြင့် လက်လီ/လက်ကားဆိုင်ခွဲများသို့ ခွဲဝေရောင်းချပေးသွားမည်ဖြစ်ကြောင်း၊ လက်လီလက်ကားဆိုင်များအနေဖြင့်လည်း စားသုံးသူပြည်သူများထံသို့ ၂% အမြတ်ဖြင့် ပြန်လည်ရောင်းချပေးသွားမည်ဖြစ်ကြောင်း စားအုန်းဆီရောင်းချရန် ခွဲတမ်းရရှိသော ကိုယ်စားလှယ်များထံမှ သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

မြောင်းမြခရိုင်၊ဝါးခယ်မမြို့နယ်သို့ ရန်ကုန်မြို့ရှိ စားအုန်းဆီကုမ္ပဏီများမှ ဆီကားများရောက်ရှိလာမှု အခြေအနေအား ကွင်းဆင်းစစ်ဆေး

    ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တာဝန်ခံဦးအောင်မိုးနှင့်   ဝန်ထမ်းများသည်     (၆-၁၁-၂၀၂၄)ရက်နေ့  ညနေ(၁၆:၃၀)နာရီတွင် ဝါးခယ်မမြိုု့နယ်ရှိ   ဆီကိုယ်စားလှယ်များသို့     ရန်ကုန်မြို့ရှိ စားအုန်းဆီကုမ္ပဏီများမှ စားအုန်းဆီများ တော်ဝင်ဧကရာဇ်ကုမ္ပဏီမှ (ယာဉ်အမှတ်8F-6136) မော်တော်ယာဉ်ဖြင့်စားအုန်းဆီ (၄၂)ပေပါ ရောက်ရှိလာခဲ့ကြောင်း သိရှိရပါသည်။

  အဆိုပါစားအုန်းဆီများကို မြောင်းမြခရိုင် ဝါးခယ်မမြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံမှ သွားရောက်စစ်ဆေးခဲ့ပြီး ခွဲတမ်းရရှိသောစားအုန်းဆီများကို ရည်ညွန်းဈေး၊သယ်ယူပို့ဆောင်ကုန်ကျစရိတ်နှင့် ၂% အမြတ်တို့ဖြင့် လက်လီ/လက်ကားဆိုင်ခွဲများသို့ ခွဲဝေရောင်းချပေးသွားမည်ဖြစ်ကြောင်း၊ လက်လီလက်ကားဆိုင်များအနေဖြင့်လည်း စားသုံးသူပြည်သူများထံသို့ ၂% အမြတ်ဖြင့် ပြန်လည်ရောင်းချပေးသွားမည်ဖြစ်ကြောင်း စားအုန်းဆီရောင်းချရန် ခွဲတမ်းရရှိသော ကိုယ်စားလှယ်များထံမှ သိရှိရပါသည်။

DOCA(ဧရာဝတီ)

မြောင်းမြခရိုင်၊လပွတ္တာမြို့နယ်သို့ ရန်ကုန်မြို့ရှိ စားအုန်းဆီကုမ္ပဏီများမှ ဆီကားများရောက်ရှိလာမှု အခြေအနေအား ကွင်းဆင်းစစ်ဆေး

    ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ လပွတ္တာမြို့နယ်တာဝန်ခံဦးမြင့်ဌေးနှင့်    ဝန်ထမ်းများသည်       (၆.၁၁.၂၀၂၄)ရက်နေ့     နေ့လယ်(၁၄:၀၀)နာရီတွင် လပွတ္တာမြို့နယ်ရှိ     ဆီကိုယ်စားလှယ်များထံသို့ ရန်ကုန်မြို့ရှိ တော်ဝင်ဧကရာဇ်ကုမ္ပဏီမှ (ယာဉ်အမှတ် 5J-9302) မော်တော်ယာဉ်ဖြင့် စားအုန်းဆီ (၄၃)ပေပါ ရောက်ရှိလာခဲ့ကြောင်း သိရှိရပါသည်။

    အဆိုပါစားအုန်းဆီများကို မြောင်းမြခရိုင် လပွတ္တာမြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံမှ သွားရောက်စစ်ဆေးခဲ့ပြီး ခွဲတမ်းရရှိသောစားအုန်းဆီများကို ရည်ညွန်းဈေး၊ သယ်ယူပို့ဆောင်ကုန်ကျစရိတ်နှင့် ၂% အမြတ်တို့ဖြင့် လက်လီ/လက်ကးဆိုင်ခွဲများသို့ ခွဲဝေရောင်းချပေးသွားမည်ဖြစ်ကြောင်း၊ လက်လီလက်ကားဆိုင်များအနေဖြင့်လည်း စားသုံးသူပြည်သူများထံသို့ ၂% အမြတ်ဖြင့် ပြန်လည်ရောင်းချပေးသွားမည်ဖြစ်ကြောင်း စားအုန်းဆီရောင်းချရန် ခွဲတမ်းရရှိသော ကိုယ်စားလှယ်များထံမှ သိရှိရပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ