Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ဘီးလင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကျင်းပ

            ၅.၂.၂၀၂၆ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဘီးလင်းမြို့နယ် တာဝန်ခံ ဒေါ်ဇင်ဖြူဝင်းသည် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနတို့နှင့် ပူးပေါင်း၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၌ ကျင်းပပြုလုပ်သော လူငယ်ရေးရာဟောပြောပွဲတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။

             အဆိုပါ ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ဘီးလင်းမြို့နယ်တာဝန်ခံ ဒေါ်ဇင်ဖြူဝင်းက စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဆိုင်ရာ ပြဋ္ဌာန်းချက်များ၊ Consumer Call Center အကြောင်းအရာများပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန၏ အကြောင်းအရာများအား www.doca.gov.mm တွင်လည်း ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ကြောင်း၊ စားသုံးသူနစ်နာမှုနှင့် စပ်လျဉ်း၍ တိုင်ကြားနိုင်မှုနှင့် ဖြေရှင်းဆောင်ရွက်ပေးနေမှု အခြေအနေများအား ဟောပြောဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

Online စနစ်ဖြင့် အဝတ်အထည်အမျိုးမျိုးရောင်းချသည့် One Lay Fashion Shop လုပ်ငန်းအား ကွင်းဆင်းစစ်ဆေးခြင်း

                 ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ (၂)ရက်နေ့၊ နံနက် (၁၁:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီး ဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးအောင်လင်းဦး (ဦးစီးမှူး)နှင့် တာဝန်ရှိသူများသည် ကျိုင်းတုံမြို့၊ ရပ်ကွက် (၅)အတွင်းရှိ Online စနစ်ဖြင့် အဝတ်အထည်အမျိုးမျိုးရောင်းချသည့် One Lay Fashion Shop လုပ်ငန်းအား ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့ပါသည်။

                ထိုသို့ ကွင်းဆင်းစစ်ဆေးရာ၌ တာဝန်ရှိသူများသည် Online စနစ်ဖြင့် ရောင်းဝယ်မှု ပြုလုပ်ရာ တွင် သက်ဆိုင်ရာဌာန၏ ထောက်ခံချက်မှတ်ပုံတင်ပြုလုပ်၍ စနစ်တကျဖြန့်ဖြူး ရောင်းဝယ်မှု ပြုလုပ်ရန်၊ အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေပါအတိုင်း လိုက်နာဆောင်ရွက်ရန်နှင့် စားသုံးသူ ကာကွယ်ရေး ဥပဒေ အခန်း (၁၀)ပါ “စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ”ကို လိုက်နာဆောင်ရွက်ရန် အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။    

  DOCA(ရှမ်း)

 

အလှကုန်ပစ္စည်းအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်

                  ၂၀၂၆ ခုနှစ်၊ ဖေဖေါ်ဝါရီလ ရက် နံနက် ၁၁:၃၀ နာရီ အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တာဝန်ခံဦးမျိုးဝင်းသန်းနှင့် ဒေါ်အိမွန်ကျော် အကြီးတန်းစာရေးတို့သည့် စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူများနှင့်ပူးပေါင်း၍ ကန့်ဘလူ မြို့မဈေးရှိ (၁၀)ဂရမ်နှင့်အထက်အလှကုန်ပစ္စည်းအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေး ခဲ့ကြောင်း သိရသည်။

                         ကုန်စည်နှင့် ဝန်ဆောင်မှုများအသုံးပြုရာတွင် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရေး အတွက် လစဉ်ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်လျက်ရှိရာ ကန့်ဘလူမြို့မဈေးရှိ အလှကုန်ပစ္စည်းအရောင်းဆိုင်များရှိ (၁၀)ဂရမ်နှင့်အထက် အလှကုန်ပစ္စည်းများတွင်ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်းရှိ/မရှိစစ်ဆေးခဲ့ကြောင်း၊လုပ်ငန်းရှင်များအနေဖြင့်ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင်မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ညွှန်ကြားချက်အမှတ်(/၂၀၁၉)နှင့်ကိုက်ညီမှုမရှိသောအလှကုန်ပစ္စည်းမျိုးမျိုးအားရောင်း ချခြင်းမပြုရန်နှင့် သက်တမ်းကုန်ဆုံးနေသော အလှကုန်ပစ္စည်းများကို ရောင်းချခြင်းမပြုရန်အသိပညာပေးပြောကြားခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။

DOCA(စစ်ကိုင်း)

မုံရွာခရိုင်၏ (၂/၂၀၂၆)လအတွင်း ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်နိုင်မှုအခြေအနေ

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ မုံရွာခရိုင်ဦးစီးမှူးရုံးအနေဖြင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာထည့်သွင်းဖော်ပြထားခြင်းရှိ/မရှိ၊ စားသုံးသူများနေ့စဉ် အသုံးပြုလျက်ရှိသော ကုန်စည်နှင့် ဝန်ဆောင်မှုများ ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရမှုရှိ စေရေး၊ ကုန်စည်များကို သတ်မှတ်စံချိန်စံညွှန်းများ၊ညွှန်ကြားချက်များနှင့်ကိုက်ညီမှုရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်လျက်ရှိပါသည်။ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် မိတ်ဘက်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ သော်လည်းကောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေအရခန့် အပ်ထားသော စစ်ဆေးရေးအရာရှိများက ဦးဆောင်၍သော်လည်းကောင်း ဆောင်ရွက်လျက်ရှိပါ သည်။

           မုံရွာခရိုင်အနေဖြင့် (၂/၂၀၂၆) လအတွင်း ခရိုင်ဦးစီးမှူးမှ ဦးဆောင်၍ ထုတ်ကုန်လုံခြုံစိတ်ချ ရမှုဌာနခွဲတာဝန်ခံနှင့် စားသုံးသူရေးရာဌာနခွဲတာဝန်ခံတို့သည် ဖေ‌ဖော်ဝါရီလ ပထမ အပတ်တွင် မြဝတီရပ်ကွက်ရှိ မနော်ဝတီ စတိုးဆိုင်သို့ ၄.၂.၂၀၂၆ရက်နေ့  နံနက် ၁၁နာရီ အချိန်ခန့်တွင် အသင့်စားမုန့်အမျိုးမျိုးတွင် ရှိသော ကုန်ညွှန်း အမှတ်အသားများသည် မြန်မာဘာသာဖြင့် ဖော်ပြထားခြင််း ရှိ/မရှိ၊ ညွှန်ကြားချက် ၂/၂၀၁၉ နှင့် ကိုက်ညီမှု့ ရှိ/မရှိ  ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြပြီး ဌာန၏ ဥပဒေ၊ အမိန့်နှင့်  ညွှန်ကြားချက်ပါ အကြောင်းများကို အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

စစ်ကိုင်းတိုင်းဒေသကြီးတွင် အွန်လိုင်းစနစ်ဖြင့်ရောင်းချသည့် မှတ်ပုံတင်လာရောက်လျှောက်ထားသော လုပ်ငန်းရှင်များအား အသိပညာပေးဆောင်ရွက်ခဲ့မှု အခြေအနေ

               စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် အွန်လိုင်းစနစ်ဖြင့်ရောင်းချသည့် မှတ်ပုံတင်ခြင်းအတွက် အမိန့်ကြေငြာစာအမှတ် (၅၀/၂၀၂၃) ဖြင့်  ၂၀၂၃၊ဇူလိုင်လ ၂၁ ရက်နေ့တွင်  အမိန့်ကြေငြာစာထုတ်ပြန်ပြီး (၆) လပြည့်သည့်ရက်မှစ၍ မှတ်ပုံတင်မှုမရှိဘဲ  ရောင်းချပါက အရေးကြီး ကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူခံရနိုင်ကြောင်း  Online Sale မှတ်ပုံတင်ခြင်းတွင်  လိုအပ် သည့်အချက်များနှင့် မိမိကိုယ်တိုင်စားသုံးသူရေးရာဦးစီးဌာန  ခရိုင်ရုံး (သို့မဟုတ်) မြို့နယ်ရုံးများသို့ ဆက်သွယ်လျှောက်ထားနိုင်ကြောင်း  မိမိကိုယ်တိုင် https://www.ecomreg.gov.mm သို့ဝင်ရောက် ကြည့်ရှု့လျှောက်ထားနိုင်ကြောင်း မှတ်ပုံတင်လျှောက်ထားရာတွင်  ကုန်စည်အုပ်စု၊ ဝန်ဆောင်မှုအုပ်စု သတ်မှတ်ချက်များရှိပြီး ကုန်စည်အမျိုးအစား (၂၂)မျိုး၊ ဝန်ဆောင်မှုအမျိုးအစား (၁၄) မျိုးရှိကြောင်း တို့ကို အသိပညာပေး ဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။ စစ်ကိုင်းတိုင်းဒေသကြီးတွင်ဇန်နဝါရီလအတွင်းအွန်လိုင်းစနစ်ဖြင့်ရောင်းချသည့် မြေပြင်စစ်ဆေးအတည်ပြုပြီး မှတ်ပုံတင်ရရှိထားသည့် လုပ်ငန်းရှင် (၅) ဦး စုစုပေါင်း (၅) ဦး တို့အား အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ 

DOCA(စစ်ကိုင်း)

 

စစ်ကိုင်းတိုင်းဒေသကြီးတွင် ဆက်သွယ်ရေးဝန်ဆောင်မှုကဏ္ဍအား ဦးစားပေးဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့မှုအခြေအနေ

              စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာနှစ်တွင် ဦးစားပေးဈေးကွက်စောင့်ကြည့်စစ်ဆေးရမည့် ဝန်ဆောင်မှုကဏ္ဍ(၃)ရပ်ဖြစ်သည့် အစားအသောက် ရောင်းချသည့်ဝန်ဆောင်မှု၊ ဆက်သွယ်ရေးဝန်ဆောင်မှု ( အင်တာနက်ဝန်ဆောင်မှု )နှင့်သယ်ယူ  ပို့ဆောင်ရေးဝန်‌ဆောင်မှုတို့အား မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၁/၂၀၂၅) တွင် သတ်မှတ်အချိန်ကာလအတွင်း ဦးစားပေးဈေးကွက်စောင့်ကြည့်စစ်ဆေးရန်ဆုံးဖြတ်ချက်အရသယ်ယူပို့ဆောင်ရေးဝန်ဆောင်မှုကဏ္ဍအား ဒီဇင် ဘာလမှ မတ်လ အထိ တိုင်းဒေသကြီးအတွင်းရှိ ခရိုင်၊ မြို့နယ်များတွင် ဈေးကွက်စောင့်ကြည့် စစ်ဆေးလျက်ရှိကြောင်း သိရှိရ ပါသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းရေး၊ ထုတ်ကုန်များလုံခြုံ စိတ်ချရမှုရှိစေရေး၊ ကုန်စည်နှင့်ဝန်ဆောင်မှုများ ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုခွင့်ရရှိစေရေး၊ ဘေးအန္တရာယ်ရှိသော ကုန်စည်များဈေးကွက်အတွင်းမှ ပပျောက်သွားစေရေးတို့အတွက် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ အတွင်း သယ်ယူပို့ဆောင်ရေးဝန်ဆောင်မှု ( ၉ ) ခု အား စစ်ဆေးဆောင်ရွက်ခဲ့ရာ ဝန်ဆောင်မှု (၉)ခုတို့သည် စားသုံးသူရေးရာဦးစီးဌာန၊ ရုံးချုပ်မှ သယ်ယူပို့ဆောင်ရေးဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ ဦးစားပေးစစ်ဆေးရန် လမ်းညွှန်ထားသည့် အချက်အလက်များ၊ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊ ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာန၊ မော်တော်ယာဉ်လုပ်ငန်းပေါင်းစုံထိန်းသိမ်းရေး ကော်မတီတို့၏ အချက်အလက်များနှင့် လိုက်နာဆောင်ရွက်မှုရှိကြောင်း၊ သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုများအား မိတ်ဖက်ဌာနများနှင့် သွားရောက်စစ်ဆေးပြီး ဝန်ဆောင်မှုကဏ္ဍနှင့်စပ်လျဉ်း၍ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရမည့် တာဝန်များကိုလည်း ရှင်းလင်းဆွေးနွေးခဲ့ပါကြောင်း၊ စားသုံးသူရေးရာဦးစီးဌာနမှ ထုတ်ပြန်ထားသည့် ဥပဒေ၊ နည်းဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်များ သိသင့်သိထိုက်သည့် အချက်အလက်များအား   အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

“Online Sale လျောက်ထားမှုနှင့် ပတ်သက်၍ မြေပြင်ကွင်းဆင်းဆောင်ရွက်”

        စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးနှင့် မုံရွာမြို့နယ် တာဝန်ခံတို့သည် ဖေဖော်ဝါရီလ(၃)ရက်နေ့၌ Onlineမှတစ်ဆင့် မှတ်ပုံတင်လျှောက်ထား သည့် မုံရွာမြို့နယ်၊ ရုံးကြီးရပ်ကွက်၊ ရွှေစည်းခုံဘုရားတိုက်တန်း၊ မုံရွာမြို့ရှိ  ဖန်းမီးအိမ် ( စတိုးမုံရွာ ) ဖန်စီပစ္စည်းများ၊ လက်မှုပစ္စည်းများ၊ ဖက်ရှင်အသုံးအဆောင်ပစ္စည်းများ၊ အထည်အလိပ်၊ အဝတ်အထည်နှင့် ဆက်စပ်ပစ္စည်းများရောင်းချသည့်ဆိုင်အား ကွင်းဆင်းစစ် ဆေးခဲ့ပါသည်။ စစ်ဆေးရာတွင် Online မှတစ်ဆင့်လျှောက်ထားသည့် စာရွက်စာတမ်းများ ဖြစ်သောပိုင်ရှင်၏ဓာတ်ပုံ၊ဖုန်းနံပါတ်၊ လိပ်စာ၊ ရပ်ကွက်ထောက်ခံစာ၊ ပြစ်မှုကင်းရှင်းကြောင်း ရဲစခန်းထောက်ခံစာများအား မြေပြင်တွင်တိုက်ဆိုင် စစ်ဆေးခဲ့ပြီး လုပ်ငန်းရှင်များအား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏အမိန့်ကြော်ငြာစာအမှတ်(၅၀/၂၀၂၃)ဖြင့် မည်သူမဆို Online စနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းကို မှတ်ပုံတင်လက်မှတ် လျှောက်ထားရ မည်ဖြစ်ပြီး ၄င်းလက်မှတ်မရှိဘဲ ရောင်းချခြင်းလုပ်ငန်းကို ဆောင်ရွက်ကြောင်းတွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပြီးဖြစ်ကြောင်းစသည့် Online ဖြင့် မှတ်ပုံတင်သည့် အကြောင်းအရာများအား အသေးစိတ်ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။  

  DOCA(စစ်ကိုင်း)

ကုန်စည်နှင့်ဝန်ဆောင်မှုများဝယ်ယူသုံးစွဲရာတွင်နစ်နာဆုံးရှုံးမှုရှိပါကဌာနသို့ အလွယ်တကူ ဆက်သွယ်တိုင်ကြားနိုင်ရန် Consumer Call Center (1535) ဖွင့်လှစ်ဆောင်ရွက်လျက်ရှိ

          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးရုံးအနေဖြင့် စားသုံးသူပြည်သူများအနေဖြင့် စားသုံးသူရေးရာ ဦးစီးဌာနနှင့်ပတ်သက်သော သတင်းအချက်အလက်များကို အလွယ်တကူမေးမြန်းစုံစမ်းနိုင်ရန် ကုန်စည်နှင့်ဝန်ဆောင်မှုများ ဝယ်ယူသုံးစွဲရာတွင်နစ်နာဆုံးရှုံးမှုကြုံရပါကဌာနသို့ အလွယ်တကူ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ရန်ရည်ရွယ်၍ ၂၀၂၁ ခုနှစ်၊ ဇွန်လမှစတင်၍ Consumer Call Center Hotlineနံပါတ်(၁၅၃၅)ကို နေပြည်တော်ရုံးချုပ်တွင် လိုင်းခွဲ(၁)၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးတွင်လိုင်းခွဲ(၂)၊မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးတွင်လိုင်းခွဲ(၃)တို့ကိုဖွင့်လှစ်ထားရှိပြီးစားသုံးသူအခွင့်အရေးများ အပြည့်အဝရရှိစေရန် ဆောင်ရွက်ပေးလျက်ရှိပါသည်။

          စစ်ကိုင်းတိုင်းဒေသကြီးအနေဖြင့် စားသုံးသူအသိပညာပေး ဟောပြောပွဲများနှင့် လုပ်ငန်းရှင် တွေ့ဆုံဆွေးနွေးပွဲများ ကျင်းပပြုလုပ်ချိန်များတွင် Consumer Call Center (1535) လိုင်းခွဲ (၁)(၂)(၃) များသို့ ခေါ်ဆိုမေးမြန်းမှုများဆောင်ရွက်လျက်ရှိရာ ကလေးခရိုင်မှ(၁)ကြိမ်၊ ကန့်ဘလူခရိုင်မှ(၁) ကြိမ်၊ ၊ စစ်ကိုင်းခရိုင်မှ (၂)ကြိမ်၊ မုံရွာခရိုင်မှ (၁)ကြိမ် ၊  ရွှေဘိုခရိုင်မှ(၁)ကြိမ်၊ တိုင်ကြားမှုနှင့်ပတ်သက်၍ သိရှိလိုသည်များကိုလည်းကောင်း စားသုံးသူအခွင့်အရေးများနှင့် ပတ်သက်၍သိရှိလိုသည်များကိုလည်းကောင်း၊ အွန်လိုင်းရောင်းချမှုမှတ်ပုံတင်ခြင်းနှင့် ပတ်သက်၍ လည်းကောင်း၊ ကုန်အညွှန်းအမှတ် အသားနှင့်ပတ်သက်၍လည်းကောင်း၊ Online Sale မှတ်ပုံတင်ခြင်းနှင့် ပတ်သက်၍လည်းကောင်း ခေါ်ဆိုမေးမြန်းခဲ့ရာ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလအတွင်း စုစုပေါင်း(၆)ကြိမ် ခေါ်ဆိုနိုင်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

မုံရွာမြို့ပေါ်ရှိ စာသင်ကျောင်းများ၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ

   စားသုံးသူရေးရာဦးစီးဌာန၊  မုံရွာခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့် မုံရွာမြို့နယ် တာဝန်ခံ သည် စားသုံးသူကာကွယ်ပေးရေး၊ အသိပညာများတိုးပွားရရှိစေရေး အသိပညာပေး ဟောပြောပွဲ အခမ်းအနားကို ဇန်နဝါရီလ (၄)ရက် နံနက်(၁၁.၀၀)နာရီအချိန်က မုံရွာမြို့ပေါ်ရှိ အ.လ.က (ခွဲ) မြို့သစ်(၁) ကျောင်းတွင် ကျင်းပပြုလုပ်သည့် စားသုံးသူကာကွယ်ရေးအသိ ပညာပေးဟောပြော ပွဲပြုလုပ်ခဲ့ရာ ကျောင်းသား/သူစုစုပေါင်း (၂၅)ဦး တက်ရောက်ခဲ့ကြကြောင်း  သိရပါသည်။

           အခမ်းအနားတွင် စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးရုံးမှ မုံရွာမြို့နယ်တာဝန်ခံက မိမိတို့ဝန်ကြီးဌာနနှင့်ဦးစီးဌာနတို့၏ လုပ်ငန်းဆောင်ရွက်ချက်များကို မိတ်ဆက်အမှာစကား ပြောကြားခြင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါ  စားသုံးသူများအခွင့်အရေးနှင့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များ၊ ကုန်စည်နှင့် ဝန်ဆောင်မှုများအပေါ် စီးပွားရေးလုပ် ငန်းရှင်က အာမခံချက်ပေးရမည့်အချက်များ၊ ကုန်စည်နှင့်ဝန်ဆောင်မှုများအပေါ် စားသုံးသူများကတောင်းဆိုနိုင်သည့်အခွင့်အရေးများပြောကြားခဲ့ပြီးခရိုင်ဦးစီးမှူးက စားသုံးသူကာကွယ်ရေး ဥပဒေပါ ကုန်အညွှန်အမှတ်အသား ပြည့်စုံသည့် စားသောက်ကုန်များထုတ်လုပ်သင့်ကြောင်း၊ စားသုံးသူများတိုင်ကြားရမည့် နည်းလမ်းများနှင့် လူကိုယ်တိုင်သော်လည်းကောင်း၊ ဖုန်းဖြင့် လည်းကောင်း တိုင်ကြားနိုင်ကြောင်းနှင့် တိုင်ကြားမှုများကို အထက်ဌာနမှ ဖြေရှင်းဆောင်ရွက် ခဲ့သည့် အမှုတွဲများအကြောင်း၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများကို မှတ်ပုံတင်ခြင်း အကြောင်းများ အသိပညာပေးဟောပြော ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။ ထို့နောက်တက် ရောက်လာသည့် ကျောင်းသား/သူများကို စားသုံးသူကာကွယ်ရေး ဥပဒေပါအကြောင်းအရာများ၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများနှင့် ပတ်သက်၍သိလိုသည့်မေးမြန်းချက်များအပေါ် တာဝန်ရှိသူများက အပြန်အလှန်ရှင်းလင်း ဆွေးနွေးခဲ့ကြပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

မုံရွာမြို့ပေါ်ရှိ စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်း

                 စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရုံးချုပ်၏ ညွှန်ကြားချက်အရ မုံရွာခရိုင်ဦးစီးမှူးရုံးအနေဖြင့် (၃.၆.၂၀၂၆) ရက်နေ့တွင် ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်း များမှဦးဆောင်၍ တိုင်းဒေသကြီးအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ မုံရွာမြို့ပေါ်ရှိ စားသောက်ကုန်နှင့် လူသုံး ကုန်ပစ္စည်းအရောင်းဆိုင်များသို့ Spriteအချိုရည် ကိုတုပ၍အစိမ်းရောင် ပလပ်စတစ်ဘူးများဖြင့် ထုပ်ပိုးထားသည့် ထိုင်းဘာသာစကားဖြင့် ကုန်အညွှန်းအမှတ်အသား ဖော်ပြထားသော အချိုရည်ဘူးများရောင်းချခြင်းရှိ/မရှိအစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတွင် မှတ်ပုံတင်ထား ခြင်းရှိ/မရှိ မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ဖော်ပြထားခြင်းရှိ/မရှိ ကွင်းဆင်းစစ် ဆေးခဲ့ကြောင်း သိရှိရပါသည်။

                        ထိုသို့ဆောင်ရွက်ရာတွင် မုံရွာမြို့ပေါ်ရှိ  စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းအရောင်း ဆိုင်ပိုင်ရှင်များအား Sprite အချိုရည်ပလပ်စတစ်ဘူးများကိုအစိမ်းရောင်မှဘူးအကြည်အရောင်အဖြစ်သို့ပြောင်းလဲအသုံးပြုထားကြောင်းဈေးကွက်အတွင်းရောင်းချနေသောထိုင်းဘာသာစကားဖြင့် ပါရှိသည့် Sprite အမှတ်တံဆိပ် အစိမ်းရောင်ပလပ်စတစ်ဘူး(အတု)များသည် မြန်မာနိုင်ငံအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA)ထောက်ခံချက်မပါရှိသဖြင့် ကျန်း မာရေးအတွက် အန္တရာယ်ဖြစ်နိုင်ကြောင်း စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်းအညွှန်းအမှတ်အသား ဖော်ပြချက်များနှင့် ပြည့်စုံသည့်ကုန်စည်များကိုသာ မိမိတို့ဆိုင်များတွင်ရောင်းချရမည်ဖြစ်ကြောင်း၊ နောင်တွင်အလားတူအချိုရည်ဘူးများအား ရောင်းချခြင်းမပြုရန်ပြောကြားခဲ့ပြီး လက်ကမ်းစာစောင်များ ပေးဝေခဲ့ကြောင်း  သတင်းရရှိပါသည်။ 

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ