Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မြောင်းမြခရိုင်၊ မော်ကျွန်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခန်းမတွင် တောင်သူများအားစားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲပြုလုပ်

           ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် မော်ကျွန်းမြို့နယ် တာဝန်ခံ ဦးမင်းဇော်လတ်နှင့်ဝန်ထမ်းများသည် (၇.၈.၂၀၂၅) ရက်နေ့ နံနက်(၁၀:၀၀) နာရီအချိန်တွင် မော်ကျွန်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခန်းမတွင် တောင်သူများအား  စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြော ဆောင်ရွက်ခဲ့ပါသည်။

              ထိုသို့ဟောပြောဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ မော်ကျွန်းမြို့နယ်တာဝန်ခံမှ မိတ်ဆက်စကား ပြောကြားပြီး စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ ဌာနမှလက်ရှိ ဆောင်ရွက်နေသော လုပ်ငန်းတာဝန်များအား ဦးစွာရှင်းလင်းပြောကြားခဲ့ပြီး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေးဥပဒေ၂၀၁၉ပါ ပြဌာန်းချက်များမှ စားသုံးသူများ၏အခွင့်အရေးနှင့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ စာသုံးသူကာကွယ်ရေး ဥပဒေအခန်း(၁၈)ပါ ပုဒ်မ၄၂ပုဒ်မခွဲ(ခ)နှင့်(ဂ) တို့ပါ ကုန်စည်၏ အမျိုးအမည်၊အရွယ်အစား၊ အရေအတွက်နှင့် အသားတင်အလေးချိန်၊ သုံးစွဲပုံနည်းလမ်း နှင့်ထုတ်လုပ်သည့် ရက်စွဲ၊ သက်တမ်းကုန်ဆုံးသည့်ရက်စွဲ၊ ထုတ်လုပ်မှု အမှတ်စဉ်တို့အား အသေးစိတ်ရှင်းလင်းဟောပြောခဲ့ပြီး၊ မိမိတို့စားသောက်နေသော အစားအသောက်များတွင် ဓါတုဆိုးဆေးများ အလွန်အကျူးပါဝင်နေခြင်း၊ သက်တမ်းလွန်အစားအသောက်မျာအား မိမိ၏အသိဖြင့် ဆင်ခြင်ဝယ်ယူ စားသောက်ကြရန်၊ ဟောပြောပွဲသို့ တောင်သူ (၂၀)ဦးအား ဟောပြောဆွေးနွေးခဲ့ပါသည်။

DOCA (ဧရာဝတီ)

မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခန်းမတွင် တောင်သူများအားစားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲပြုလုပ်

         ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် အိမ်မဲမြို့နယ်တာဝန်ခံ ဒေါ်ဇင်မာသန်းနှင့် ဝန်ထမ်းများသည် (၅.၈.၂၀၂၅) ရက်နေ့ နံနက်(၁၀:၃၀) နာရီအချိန်တွင် အိမ်မဲမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခန်းမတွင် တောင်သူများအား စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြော ဆောင်ရွက်ခဲ့ပါသည်။

            ထိုသို့ဟောပြောဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ အိမ်မဲမြို့နယ်တာဝန်ခံမှ မိတ်ဆက်စကား ပြောကြားပြီး စားသုံးသူရေးရာဦးစီးဌာန၏မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ ဌာနမှလက်ရှိ ဆောင်ရွက်နေသော လုပ်ငန်းတာဝန်များအား ဦးစွာရှင်းလင်းပြောကြားခဲ့ပြီး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန မှထုတ်ပြန် ထားသော စားသုံးသူကာကွယ်ရေးဥပဒေ၂၀၁၉ပါ ပြဌာန်းချက်များမှ စားသုံးသူများ၏အခွင့်အရေးနှင့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များ၊ တားမြစ်ချက်များ ၊ ပြစ်မှုပြစ်ဒဏ်များ၊ စာသုံးသူကာကွယ်ရေး ဥပဒေအခန်း(၁၈)ပါ ပုဒ်မ၄၂ပုဒ်မခွဲ(ခ)နှင့်(ဂ) တို့ပါ ကုန်စည်၏ အမျိုးအမည်၊အရွယ်အစား၊ အရေအတွက်နှင့် အသားတင်အလေးချိန်၊ သုံးစွဲပုံနည်းလမ်း နှင့်ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးသည့်ရက်စွဲ၊ ထုတ်လုပ်မှု အမှတ်စဉ်တို့အား အသေးစိတ်ရှင်းလင်းဟောပြောခဲ့ပြီး၊ မိမိတို့စားသောက်နေသော အစားအသောက်များတွင် ဓါတုဆိုးဆေးများ အလွန်အကျူးပါဝင်နေခြင်း၊ သက်တမ်း လွန်အစားအသောက်မျာအားမိမိ၏အသိဖြင့် ဆင်ခြင်ဝယ်ယူ စားသောက်ကြရန်၊ ဟောပြောပွဲသို့ တောင်သူ (၁၀၀)ဦးအား ဟောပြောဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခန်းမတွင် တောင်သူများအားစားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲပြုလုပ်

        ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် ဝါးခယ်မမြို့နယ် တာဝန်ခံ ဦးအောင်မိုးနှင့်ဝန်ထမ်းများသည် (၅.၈.၂၀၂၅) ရက်နေ့ နံနက်(၁၁:၃၀) နာရီအချိန်တွင် ဝါးခယ်မမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခန်းမတွင် တောင်သူများအား  စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြော ဆောင်ရွက်ခဲ့ပါသည်။

              ထိုသို့ဟောပြောဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ဝါးခယ်မမြို့နယ်တာဝန်ခံမှ မိတ်ဆက်စကားပြောကြားပြီး စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ ဌာနမှလက်ရှိ ဆောင်ရွက်နေသော လုပ်ငန်းတာဝန်များအား ဦးစွာရှင်းလင်းပြောကြားခဲ့ပြီး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေးဥပဒေ၂၀၁၉ပါ ပြဌာန်းချက်များမှ စားသုံးသူများ၏အခွင့်အရေးနှင့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ စာသုံးသူကာကွယ်ရေး ဥပဒေအခန်း(၁၈)ပါ ပုဒ်မ၄၂ပုဒ်မခွဲ(ခ)နှင့်(ဂ) တို့ပါ ကုန်စည်၏ အမျိုးအမည်၊အရွယ်အစား၊ အရေအတွက်နှင့် အသားတင်အလေးချိန်၊ သုံးစွဲပုံနည်းလမ်းနှင့် ထုတ်လုပ်သည့် ရက်စွဲ၊ သက်တမ်းကုန်ဆုံးသည့်ရက်စွဲ၊ ထုတ်လုပ်မှု အမှတ်စဉ်တို့အား အသေးစိတ်ရှင်းလင်းဟောပြောခဲ့ပြီး၊ မိမိတို့စားသောက်နေသော အစားအသောက်များတွင် ဓါတုဆိုးဆေးများ အလွန်အကျူးပါဝင်နေခြင်း၊ သက်တမ်း လွန်အစားအသောက်မျာအားမိမိ၏အသိဖြင့် ဆင်ခြင်ဝယ်ယူ စားသောက်ကြရန်၊ ဟောပြောပွဲသို့ တောင်သူ (၇၀)ဦးအား ဟောပြောဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

မြောင်းမြခရိုင်၊ မော်ကျွန်းမြို့နယ်၊  အမှတ်(၁၀)ရပ်ကွက်၊ အောင်သုခအလယ်တန်းကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲပြုလုပ်

            ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် မော်ကျွန်းမြို့နယ် တာဝန်ခံ ဦးမင်းဇော်လတ်သည် (၆.၈.၂၀၂၅) ရက်နေ့၊ နံနက်(၁၀;၀၀)နာရီအချိန်တွင် မော်ကျွန်းမြို့နယ်  အမှတ်(၁၀)ရပ်ကွက်၊အောင်သုခလမ်းရှိ (အ.လ.က)အလယ်တန်းကျောင်းတွင် ဆရာ/ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူများအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောဆောင်ရွက်ခဲ့ပါသည်။

            ထို့သို့ဟောပြောဆွေးနွေးရာတွင်စားသုံးသူရေးရာဦးစီးဌာန၊ မော်ကျွန်းမြို့နယ်တာဝန်ခံမှ စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ ဌာနမှလက်ရှိဆောင်ရွက်နေသော လုပ်ငန်းတာဝန်များ ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များအား ဦးစွာရှင်းလင်းပြောကြားခဲ့ပြီး စီးပွားရေး နှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ ပါ ပြဌာန်းချက်များမှ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ပုဒ်မ-၄၁ ပုဒ်မခွဲ(ခ)နှင့်(ဂ)တို့ပါ ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့်အသားတင်အလေးချိန်၊ သုံးစွဲပုံနည်းလမ်းနှင့် ထုတ်လုပ်သည့်ရက်စွဲ၊  သက်တမ်းကုန်ဆုံးသည့်ရက်စွဲ၊ ထုတ်လုပ်မှုအမှတ်စဉ်တို့အား အသေးစိတ် ရှင်းလင်းဟောပြောခဲ့ပါသည်။ စားသုံးသူအသိပညာပေး ဟောပြောပွဲသို့ ဆရာ/ ဆရာမ၊ ကျောင်းသားကျောင်းသူ၊ စုစုပေါင်း    (၁၀၀)ဦး တက်ရောက်ခဲ့ကြာင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

ပဲခူးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးရုံးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ “စာကြည့်တိုက်ပညာ ဆင့်ပွားသင်တန်း”အားသင်တန်းပို့ချ

 စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးရှိ တိုင်းဒေသကြီးဦးစီးမှူး၊ ဒုတိယ တိုင်းဒေသကြီးဦးစီးမှူးတို့ဦးဆောင်၍ တာဝန်ရှိဝန်ထမ်းများတို့သည် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယတိုင်း‌ဒေသကြီးဦးစီးမှူး သင်ကြားပို့ချပေးသော “စာကြည့်တိုက်ပညာ ဆင့်ပွားသင်တန်း” အား (၇.၈.၂၀၂၅)ရက်နေ့ နေ့လည်(၁:၃၀)အချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

   “စာကြည့်တိုက်ပညာ ဆင့်ပွားသင်တန်း” တွင် ပထမဦးစွာ တိုင်းဒေသကြီးဦးစီးမှူးမှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဦးစိုးပိုင်မှ ဝန်ထမ်းများဗဟုသုတ အသိပညာများရရှိစေရေး၊ စွမ်းဆောင်ရည်များမြှင့်တင်ရေး၊ လုပ်ငန်းတာဝန်များထမ်းဆောင်ရာတွင် အထောက်အကူရရှိစေရေး တို့အတွက်  အကျယ်တဝင့် အသေးစိတ်ဟောပြောပို့ချ သင်ကြားပေးခဲ့ပါသည်။

    အဆိုပါသင်တန်းပို့ချပေးမှုအား တိုင်းဒေသကြီးဦးစီးမှူးရုံးမှ Inperson ဖြင့်(၂၅)ဦး၊ ခရိုင်/မြို့နယ်များမှ Onlineဖြင့် (၂၂)ဦး စုစုပေါင်းး (၄၇)ဦး တက်ရောက်သင်ကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ပခုက္ကူခရိုင်အတွင်း MyRO  မှတ်ပုံတင်သက်တမ်းတိုးခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ

      စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်အတွင်းရှိ ဆန်သိုလှောင်ရုံများ အား မှတ်ပုံတင်ခြင်းလုပ်ငန်းကို ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ()ရက်နေ့မှစတင်၍ ဆောင်ရွက်လျက်ရှိရာ ဆန်(၂၅)တန်နှင့်အထက်၊ စပါး (၂၅၀၀)တင်း နှင့်အထက် သိုလှောင်ရောင်းချသည့် ဆန်စပါး သိုလှောင်ရုံများကို MyRO တွင် မှတ်ပုံတင်နိုင်ရေး ဆောင်ရွက်ခဲ့ရာ ယခုအချိန်တွင် ပခုက္ကူခရိုင် အနေဖြင့် ဆန်သိုလှောင်ရုံ စုစုပေါင်း (၄၆)လုံး မှတ်ပုံတင် ထားရှိပြီးဖြစ်ပါသည်။

          ပခုက္ကူခရိုင်အနေဖြင့် ယခုအခါ မှတ်ပုံတင်သက်တမ်း တစ်နှစ်ပြည့်မြောက်ပြီးဖြစ်သည့် ဆန်သိုလှောင်ရုံများအား ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ မှစတင်၍ မှတ်ပုံတင်သက်တမ်းတိုးခြင်းကို စတင် ဆောင်ရွက်လျက်ရှိပါသည်။ MyRO Website ဖြစ်သော www.myro.com.mm တွင် ဆန်သို လှောင်ရုံပိုင်ရှင်များသည် ၎င်းတို့၏ ကိုယ်ပိုင်အကောင့်များဖြင့် သက်တမ်းတိုးဆောင်ရွက်ခြင်းရှိ သကဲ့သို့ နည်းပညာအခက်အခဲရှိသော ဆန်လုပ်ငန်းရှင်များသည် ပခုက္ကူခရိုင်ဦးစီးမှူးရုံးသို့ လာ ရောက်၍ သက်တမ်းတိုးခြင်းလုပ်ငန်းကို ဆောင်ရွက်ခြင်းကြောင့် MyRO Website အသုံးပြု နည်း များကို ကူညီဆောင်ရွက်ပေးလျက်ရှိပါသည်။ ပခုက္ကူခရိုင်အတွင်း (၁၀..၂၀၂၅)ရက်နေ့မှ (၂၀..၂၀၂၅) ရက်နေ့ထိ သိုလှောင်ရုံ(၁၇)လုံး မှတ်ပုံတင်သက်တမ်းတိုးဆောင်ရွက်ပြီးစီးကြောင်း သိရသည်။ ဆက်လက်၍ သက်တမ်းတိုးရန် ကျန်ရှိသည့် ဆန်သိုလှောင်ရုံများအား MyRO တွင် မှတ်ပုံတင်သက်တမ်းတိုးရန် အသိပေးအကြောင်း ကြားထားပြီး ဖြစ်၍ သိုလှောင်ရုံမှတ်ပုံတင်ခြင်း လုပ်ငန်းအပြင် သက်တမ်းတိုးခြင်းလုပ်ငန်းများလည်း ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

DOCA(မကွေး)

မြေပဲဆုံဆီထုတ်လုပ်သည့်လုပ်ငန်းရှင်များထံသို့ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေး

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်း ဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှု၊ ခရိုင် ဦးစီးမှူး၏ ကြီးကြပ်မှုဖြင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်စည်များတွင် ကုန်အညွှန်း အမှတ်အသားများ ပြည့်စုံစွာ ထည့်သွင်းဖော်ပြထားခြင်းရှိ/မရှိ၊ စားသုံးသူများ နေ့စဉ်အသုံးပြု လျက်ရှိသော ကုန်စည်နှင့် ဝန်ဆောင်မှုများ ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်စည်များကို သတ်မှတ်စံချိန်စံ ညွှန်းများ၊ ညွှန်ကြားချက်များနှင့်ကိုက်ညီမှုရှိ/မရှိ မိတ်ဖက်ဌာန ဆိုင်ရာများနှင့် ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေး ခြင်းများဆောင်ရွက်လျက်ရှိပါသည်။

    ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် (၂၁.၇.၂၀၂၅)ရက်နေ့၊ နံနက်(၁ဝ:၀၀)နာရီအချိန်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ပခုက္ကူမြို့ပေါ်ရှိ မြေပဲဆုံဆီ ထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းရှင်များမှ ထုတ်လုပ်သည့် ကုန်စည်များတွင် ကုန်အညွှန်းအမှတ် အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းလုပ်ငန်းဆောင်ရွက်ခဲ့သည်။ ထိုသို့ဆောင်ရွက်ရာတွင် ၎င်းကုန်စည်၏ထုတ်ပိုးမှုပေါ်တွင် ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင် က ထုတ်ပြန်ထားသည့် ညွှန်ကြားချက်အမှတ်(/၂၀၁၉) နှင့်အညီ ကိုက်ညီမှုရှိကြောင်း စိစစ်တွေ့ရှိ ရပြီး ခရိုင်ဦးစီးမှူးက စားသုံးသူ ကာကွယ်ရေးဥပဒေ အခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ အခန်း(၁၁)ပါ ကုန်စည်နှင့် စပ်လျဉ်း၍ အာမခံချက်ပေးခြင်းဆိုင်ရာ အချက်အလက်များ အကြောင်းအား ဆွေးနွေးပြောကြားခဲ့ပြီး ဆုံဆီလုပ်ငန်းများ၏ လုပ်ငန်းလည်ပတ်နေမှုအား လေ့လာခဲ့ကြောင်း သိရသည်။

DOCA(မကွေး)

ပခုက္ကူမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမုန့်ဈေးတန်းဆိုင်သို့ စားသုံးရန်မသင့် အစားအစာများရောင်းချမှုမရှိစေရေး ကွင်းဆင်းစစ်ဆေး

      စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှု၊ ခရိုင် ဦးစီးမှူး၏ကြီးကြပ်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံး၊ စားသုံးသူရေးရာဌာနခွဲတာဝန်ခံနှင့်ဝန်ထမ်းများ သည်ဦးစားပေး ကုန်စည်(၁၀)မျိုးမှ အသင့်စားမုန့်အမျိုးမျိုးအား ကုန်အညွှန်းအမှတ်အသားဖော်ပြ ချက်ပါ အချက်အလက်များပြည့်စုံပြီး ဘေးန္တရာယ်ရှိသော ကုန်စည်များဈေးကွက်အတွင်းမှ ပပျောက် စေရန် ရည်ရွယ်၍ (၁၈..၂၀၂၅)ရက်နေ့၊ နံနက်(၁၁:၀၀) အချိန်တွင် ပခုက္ကူမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမုန့်ဈေးတန်းဆိုင်သို့ သွားရောက်၍ ဈေးကွက်စောင့်ကြည့်စစ် ဆေးခဲ့ကြောင်း သိရသည်။

    ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် အသင့်စားမုန့်အမျိုးမျိုးအား ရောင်းချနေသည့် ဆိုင်ရှင် များအား ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားနှင့် စပ်လျဉ်း၍ မြန်မာဘာသာဖြင့် ဖော်ပြထားခြင်း ရှိ/မရှိနှင့် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက် အမှတ်(/၂၀၁၉)နှင့်အညီ ပြည့်စုံစွာဖော်ထားရှိသော ကုန်စည်များကိုသာ ရောင်းချ ရန်နှင့် သက်တမ်းလွန်ပစ္စည်းများကို ရောင်းချခြင်းမပြုရန် ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပြီး၊ ကျောင်းမုန့် ဈေးတန်းတွင် ရောင်းချနေသော ဆိုင်ရှင်များအနေဖြင့် ကျောင်းသား/ကျောင်းသူများ ဝယ်ယူ စားသောက်နေသော မြန်မာ့ရိုးရာအစား အစာများ၊ အသုပ်များတွင် ခြင်၊ ယင်မနားစေရေန် သေချာစွာ ဖုံးအုပ်၍ ရောင်းချစေလိုကြောင်း၊ စားသုံးသူ အခွင့်အရေးများနှင့် လုပ်ငန်းရှင်များ၏ တာဝန်များကို လည်းသိရှိစေရန် အသိပညာပေးဆွေးနွေး၍ စားသုံးသူရေးရာဦးစီးဌာနမှ အသိပညာပေးလက်ကမ်း စာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

ပခုက္ကူခရိုင်ဦးစီးမှူးရုံး၌ အွန်လိုင်းမှတ်ပုံတင်ထားသည့် လုပ်ငန်းရှင်များအား အသိပညာပေးဆွေးနွေး

     စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှုဖြင့် ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများကို အရေးကြီး ကုန် စည်နှင့် ဝန်ဆောင်မှုလုပ်ငန်းအဖြစ် သတ်မှတ်ထားပြီးဖြစ်သည့်အတွက် ပခုက္ကူမြို့ပေါ်ရှိ အွန်လိုင်း စနစ်ဖြင့် ရောင်းချနေသော ယခင်အွန်လိုင်းမှတ်ပုံတင်ထားသည့် လုပ်ငန်းရှင်များအား အွန်လိုင်း စနစ်ဖြင့် ရောင်းချသည့် လုပ်ငန်းဆိုင်ရာအမိန့်ကြော်ငြာစာများ၊ စားသုံးသူကာကွယ်ရေး ဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များနှင့်ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များ သိရှိစေရန် ရည် ရွယ်၍ (၂၁..၂၀၂၅)ရက်နေ့၊ နေ့လယ်(၁၃:၀၀)အချိန်တွင် ပခုက္ကူမြို့၊ ခရိုင်ဦးစီးမှူးရုံး၌ အွန်လိုင်း စနစ်ဖြင့်ရောင်းချသည့် လုပ်ငန်းရှင်(၁၀)ဦး၊ ကုန်အညွှန်းအမှတ်အသား စိစစ်ခွင့်ပြုချက်ရရှိသည့် လုပ်ငန်းရှင်()ဦးတို့အား တွေ့ဆုံ၍ အသိ ပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။

    ထိုသို့ အသိပညာပေးရာတွင် ခရိုင်ဦးစီးမှူးက အွန်လိုင်းစနစ်ဖြင့် ရောင်းချသည့် လုပ်ငန်း ဆိုင်ရာ အမိန့်ကြော်ငြာစာများ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ နှင့် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များအား အသိပညာပေးဆွေးနွေးခဲ့ပြီး မိမိတို့ထုတ်လုပ် ဖြန့်ဖြူးရောင်းချလျက်ရှိသော ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများကို ပြည့်စုံစွာထည့် သွင်းဖော်ပြရန်နှင့် စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များကို သေချာစွာလိုက်နာရန်လိုအပ်ကြောင်း၊ အွန်လိုင်း စနစ်ဖြင့်ရောင်းချသည့် လုပ်ငန်းရှင်များထံသို့လည်း မြေပြင်ကွင်းဆင်းစစ်ဆေးအတည်ပြု ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ မှတ်ပုံတင်လက်မှတ်ရရှိထားသည့် လုပ်ငန်းရှင်များသည် (၂)နှစ်ပြည့်လျှင် သက်တမ်းတိုးရမည်ဖြစ်ကြောင်း၊ အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းကို အရေးကြီး ကုန်စည်နှင့်ဝန်ဆောင်မှုလုပ်ငန်းအဖြစ် သတ်မှတ်ထားသောကြောင့် မည်သူမဆို အွန်လိုင်းစနစ်ဖြင့်ရောင်းခြင်း လုပ်ငန်းကို မှတ်ပုံတင်လက်မှတ်လျှောက် ထားရရှိပြီးမှလုပ်ကိုင်ရန် လိုအပ်ကြောင်း၊ အမိန့်ကြော်ငြာစာထုတ်ပြန်ပြီး ခြောက်လပြည့်မြောက်သည့်နေ့ရက်မှစတင်၍ မှတ်ပုံတင်လက်မှတ်မရှိဘဲ အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းကို လုပ်ကိုင်ဆောင်ရွက်ကြောင်း တွေ့ရှိပါက အရေးကြီး ကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေ ပုဒ်မ၅အရ အရေးယူခြင်းခံရမည်ဖြစ်ကြောင်း၊ သို့မှသာ စားသုံးသူပြည်သူများအနေဖြင့် လုံခြုံစိတ်ချရမှုရှိပြီး လိမ်လည်ရောင်းချခြင်းမှ ကင်းဝေးမည် ဖြစ်ကြောင်း၊ မှတ်ပုံတင်လက်မှတ်များရရှိထားသည့်အတွက် စားသုံးသူအခွင့်အရေးများလည်းရရှိ လာမည်  ဖြစ်ကြောင်း အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။

DOCA(မကွေး)

ဂန့်ဂေါမြို့၊ မြို့မဈေးအတွင်းရှိ ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေး

   စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ ဒုတိယ ဦးစီးမှူး နှင့်ဝန်ထမ်းသည် မိတ်ဖက်ဌာနများနှင့် ပူးပေါင်း၍ (၂၁.၇.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀)အချိန်တွင် ဂန့်ဂေါမြို့၊ မြို့မဈေးအတွင်းရှိ ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များသို့ စားသုံးသူများ ဘေးကင်း လုံခြုံ မှုရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။

    ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ထည့်သွင်းဖော်ပြထားခြင်းရှိ/မရှိ၊ စားသုံးသူများ နေ့စဉ်အသုံးပြုလျက်ရှိသော ကုန်စည်နှင့် ဝန်ဆောင်မှုများ ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်စည်များကို သတ်မှတ် စံချိန်စံညွှန်းများ၊ ညွှန်ကြားချက်များနှင့်ကိုက်ညီမှု ရှိ/မရှိဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက်ပြီး ကုန်စည်ရောင်းချလျက်ရှိသော စီးပွားရေးလုပ်ငန်းရှင်များအား စားသုံးသူအခွင့်အရေး နှင့်တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဆိုင်ရာအကြောင်းအရာများ၊ ပြစ်မှုပြစ်ဒဏ်များ အသိ ပညာပေး ဆွေးနွေးခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။

DOCA(မကွေး)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ