Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ထားဝယ်ဆိပ်ကမ်းသို့ သင်္ဘောဖြင့်ဝင်ရောက်လာသော ကုန်စည်များအား ပူးပေါင်းအဖွဲ့ဖြင့်စစ်ဆေးခြင်း

    တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တရားမဝင်ကုန်သွယ်မှုူတိုက်ဖျက်ရေးအထူးအဖွဲ့၏ ကြီး ကြပ်မှုဖြင့် တရားမဝင်ကုန်သွယ်မှုများ မရှိစေရေးအတွက် စစ်ဆေးဆောင်ရွက်လျက်ရှိရာ တနင်္သာရီ တိုင်းဒေသကြီး၊ ထားဝယ်မြို့တွင် ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက်နေ့၊ (၂း၀၀) နာရီ အချိန်တွင် ရန်ကုန်မြို့မှ ထားဝယ်မြို့၊ ထူးထူးတိုးဆိပ်ကမ်းသို့ ရောက်ရှိဆိုက်ကပ်လာသော Thit Sar Shwe Sin သင်္ဘောဖြင့်တင်ဆောင်လာသော ဆန်အိတ်များ၊ ဘိလပ်မြေများနှင့် အခြားကုန်စည်များအား စားသုံး သူရေးရာဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေးလွင်နှင့် ပူးပေါင်းအဖွဲ့များအဖြစ် အကောက်ခွန်ဦးစီး ဌာန၊ ရေကြောင်းရဲတပ်ဖွဲ့၊ မြန့်မာ့ဆိပ်ကမ်းအာဏာပိုင်အဖွဲ့တို့မှ တာဝန်ရှိသူများပါဝင်သော ပူးပေါင်း အဖွဲ့ဖြင့် စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးမှ တိုင်းဒေသကြီးဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း ဖွဲ့စည်းနိုင်‌ရေး ကြိုတင်ညှိနှိုင်းဆွေးနွေးခြင်း

  ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက်နေ့၊ နံနက် (၁၁း၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီး ဌာန၊ တိုင်းဒေသကြီးဦးစီးမှူးမှ တိုင်းဒေသကြီးဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း ဖွဲ့စည်းနိုင် ရေး အတွက် မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများ၊ ထားဝယ်ခရိုင်၊ မြိတ်ခရိုင်၊ ကော့သောင်းခရိုင် ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများနှင့် ကြိုတင်ညှိနှိုင်းဆွေးနွေးခြင်းအား Virtual စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။

     ညှိနှိုင်းဆွေးနွေးရာတွင် မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ အသင်းဖွဲ့စည်းရခြင်း၏ ရည်ရွယ် ချက်များ၊ အသင်းအဖွဲ့များ ဖွဲ့စည်းခြင်းဖြင့်ရရှိမည့် အကျိုးကျေးဇူးများ၊ တိုင်းဒေသကြီးဦးစီးမှူးမှ တိုင်းဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း ဖွဲ့စည်းရာတွင် ထားဝယ်၊ မြိတ်၊ ကော့သောင်းခရိုင်အသင်းများစုပေါင်း၍ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ အသင်း အဖွဲ့များ၏ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဖွဲ့စည်းဆောင်ရွက်သွားရန်လိုအပ်ပါကြောင်း၊ တက်‌ရောက်ကြသော ခရိုင်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများမှ လိုအပ်သည်များအား  ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ထားဝယ်မြို့ပေါ်ရှိ ကုန်စုံဆိုင်များအား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

      ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက်နေ့၊ နံနက် (၉း၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီး ဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ စစ်ဆေး‌ရေးအရာရှိနှင့်ဝန်ထမ်းများသည် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မွေးမြူ‌‌ရေးနှင့်ကုသရေးဦးစီးဌာန၊ တိုင်းရင်း ဆေးပညာဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ ထားဝယ်မြို့ပေါ်ရှိ ကုန်စုံဆိုင်များ အား စျေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

          အဆိုပါစျေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် စားသုံးသူပြည်သူများ‌ ဘေးအန္တရာယ်ကင်းရှင်း စွာဝယ်ယူစားသုံးနိုင်စေရေးအတွက် စျေးကွက်အတွင်း‌ရောင်းချနေသော အသင့်စားမုန့်အမျိုးမျိုးနှင့် အလှကုန်များအား စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဌာန်းချက်များနှင့်အညီ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခုခုနှင့်ဖြစ်စေ တွဲလျက်ဖော်ပြထားသော ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာပါရှိမှု ရှိ/မရှိ စစ်ဆေးခြင်း၊ သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်များ ပါရှိမှု ရှိ/မရှိ ၊ သက်တမ်း လွန် စားသောက်ကုန်ပစ္စည်းများနှင့် အလှကုန်ပစ္စည်းများ ရောင်းချနေမှု ရှိ/မရှိ စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

စျေးကွက်အတွင်း ရောင်းချနေသော ဆေးနှင့် ဆေးပစ္စည်းများ စျေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေး ကွင်းဆင်းစစ်ဆေး

    တနင်္သာရီတိုင်းဒေသကြီးအတွင်း စျေးနှုန်းများတည်ငြိမ်စေရေးဆောင်ရွက်လျက်ရှိရာ မြိတ်ခရိုင်စားသုံးသူရေးရာ ဦးစီးဌာန၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ကျေးလက်ဖွံ့ဖြိုးရေးဦးစီးဌာနနှင့် ခရိုင်စီမံ ကိန်းရေးဆွဲရေးဦးစီးဌာနတို့ပါဝင်သော ကုန်စျေးနှုန်းတည် ငြိမ်ရေးအဖွဲ့ဝင်များသည် ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ (၆)ရက်နေ့၊ နံနက်(၁၀း၀၀)အချိန်တွင် မြိတ်မြို့၊ နောက်လယ်ရပ်ရှိ ဆေးဆိုင်များအား ဆေးစျေးနှုန်း များ အဆမတန်မြင့်တက်ရောင်းချခြင်းမျိုးမရှိစေရေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

    ကွင်းဆင်းစစ်ဆေးရာတွင် ဆေးစျေးနှုန်းများအား စုံစမ်းစစ်ဆေးခဲ့ပြီး ဆေးနှင့်ဆေးပစ္စည်းများ ပြတ်လပ်မှုမရှိစေရေး၊ ဘေးအန္တရာယ်ကင်းသော ထုတ်ကုန်များသုံးစွဲရေး၊ သက်တမ်းလွန်ဆေးဝါးများ ရောင်းချမှုမရှိစေရေး၊ ဒေသတွင်းဖြစ်သင့်ဖြစ်ထိုက်သည့်စျေးနှုန်းများဖြင့် ရောင်းဝယ်ဖောက်ကား ခြင်းရှိ/မရှိနှင့် ကုန်အညွှန်းအမှတ်အသားဖော်ပြပါရှိသော ဆေးဝါးများ‌ရောင်းချမှုရှိစေရေး ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

တနင်္သာရီတိုင်း၊ မြိတ်မြို့ရှိ ဆန်အရောင်းဆိုင်များအား ရှောင်တခင်ကွင်းဆင်းစစ်ဆေး

    ဆန်စျေးကွက်စျေးနှုန်းနှင့် Consumer Packaging များတွင် သင့်တင့်မျှတသော ဆန်စျေးနှုန်း များဖြင့် ရောင်းချမှုရှိစေရေး ကုန်စျေးနှုန်းတည်ငြိမ်ရေးအဖွဲ့ဝင်များမှကွင်းဆင်းစစ်ဆေးလျက်ရှိရာ ၎င်းအဖွဲ့ဝင်များဖြစ်သော မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ကျေးလက်ဖွံ့ဖြိုးရေးဦးစီးဌာန၊ ခရိုင်စီမံကိန်း ရေးဆွဲရေးဦးစီးဌာနနှင့် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူတို့သည် ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ(၆)ရက်နေ့၊ နံနက် (၉း၀၀)နာရီအချိန်တွင် မြိတ်မြို့၊ နောက်လယ်ရပ်ရှိ ဆန်အ‌ရောင်း ဆိုင်များအား ရှောင်တခင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

     ကွင်းဆင်းစစ်ဆေးရာတွင် မြိတ်မြို့အတွင်းရောင်းချနေသောဈေးနှုန်းများကို သတ်မှတ်ရည်ညွှန်းဈေးအတိုင်းရောင်းချနေခြင်းရှိ/မရှိနှင့် ဈေးကွက်ဈေးနှုန်းတည်ငြိမ်စေရန်အတွက် ဈေးကစား ရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားရှိခြင်း၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများ မရှိစေရန် ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(တနင်္သာရီ)

မြိတ်မြို့၊ ဆိပ်ငယ်ရပ်ရှိ စားအုန်းဆီရောင်းချနေသော အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး

    စားသုံးသူရေးရာဦးစီးဌာနသည် ဒေသတွင်း စားသုံးဆီများဖူလုံစေရေး ဆောင်ရွက်လျက်ရှိပြီး နိုင်ငံတော်မှ စားအုန်းဆီသတ်မှတ်ရည်ညွှန်းဈေးနှုန်းများချမှတ်ပေးလျက်ရှိရာ ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါ ရီလ(၆)ရက်နေ့၊ နံနက်(၀၉း၀၀)နာရီအချိန်တွင် မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ အထူးစုံစမ်းစစ် ဆေးရေးဦးစီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊  မြို့နယ်စည်ပင်သာယာ ရေးအဖွဲ့၊ ကျေးလက်ဖွံ့ဖြိုးရေးဦးစီးဌာနနှင့် ခရိုင်စီမံကိန်းရေးဆွဲရေးဦးစီးဌာနမှတာဝန်ရှိသူတို့သည် မြိတ်မြို့၊ ဆိပ်ငယ်ရပ်သို့ သွားရောက်၍ စားအုန်းဆီများ သတ်မှတ်ရည်ညွှန်းဈေးနှုန်းများအတိုင်း ရောင်းချနေ ခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

     ကွင်းဆင်းစစ်ဆေးရာတွင် မြိတ်မြို့အတွင်း စားအုန်းဆီရောင်းချနေသော အရောင်းဆိုင်များ၌ သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် ဗီနှိုင်းများကပ်၍ ရောင်းချနေကြောင်းသိရှိရပြီး လက်ကားကိုယ်စား လှယ်များမှ ရရှိကြောင်း၊ မြိတ်မြို့တွင်သယ်ယူပို့ဆောင်စရိတ်နှင့် ၂ ရာခိုင်နှုန်းပေါင်း၍ ရောင်းချ ကြောင်း သိရှိရပြီး ဒေသတွင်းဖြစ်သင့်ဖြစ်ထိုက်သော ဈေးနှုန်းများဖြင့် ရောင်းချရန်နှင့် ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းမျိုးမဖြစ်ပေါ်စေရေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါ သည်။

DOCA(တနင်္သာရီ)

မြိတ်မြို့ရှိ ခရီးသည်သယ်ယူပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်းသို့ ကွင်းဆင်းစစ်ဆေး

    စားသုံးသူများအသုံးပြုလျက်ရှိသည့် ကုန်စည်နှင့်ဝန်ဆောင်မှုများ ဘေးအန္တရာယ်ကင်း ရှင်းစေရေးအတွက် စျေးကွက် စောင့်ကြည့်စစ်ဆေးနိုင်ရေး ဆောင်ရွက်လျက်ရှိရာ သယ်ယူပို့ဆောင် ရေးဝန်ဆောင်မှုလုပ်ငန်းအား ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ(၆)ရက်နေ့၊  နံနက်(၁၀း၀၀)နာရီအချိန်တွင် မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးနှင့်ဝန် ထမ်းများသည် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊ မော်တော်ယာဥ်လုပ်ငန်းပေါင်းစုံထိန်းသိမ်းရေး ကော်မတီ၊ ပို့ဆောင်ရေးနှင့်စီမံကိန်းဦးစီးဌာနတို့နှင့် ပူးပေါင်းပြီး မြိတ်မြို့၊ မြစ်ငယ်ရပ်၊ ရုံဟောင်းလမ်းရှိ ထားဝယ်လမင်းအဆင့်မြင့် ခရီးသယ်ယူပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်းသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

         ကွင်းဆင်းစစ်ဆေးရာတွင် ခရီးသည်နှင့်ကုန်ပစ္စည်းတန်ဆာများကို စားသုံးသူများ၏ လိုအင်ဆန္ဒနှင့်အညီ လုံခြုံချောမွေ့စွာဖြင့် ပို့ဆောင်ပေးနေသည့် ပို့ဆောင်ရေးကဏ္ဍသည် အထူး အရေးပါသည့်အတွက် ထားဝယ်လမင်းယာဥ်လိုင်းအနေဖြင့် ခရီးသည်(၁၅)ဦးဆန့် အန်စာတုံးကားများဖြင့် မန္တလေး-နေပြည်တော်-ရန်ကုန်-မော်လမြိုင်-ထားဝယ်-မြိတ်-ကော့သောင်းအထိ ပြေးဆွဲနေမှု အခြေအနေနှင့် ခရီးသည်များအား မေးမြန်းခြင်း၊  အရက်သေစာသောက်စားခြင်းရှိ/မရှိ မေးမြန်ခြင်း၊ ယာဥ်အန္တရာယ်ကင်းရှင်းစေရေး သက်ဆိုင်ရာဌာနများ၏ ထုတ်ပြန်ထားသော စည်းကမ်းများ၊ လမ်းညွှန်ချက်များအတိုင်းလိုက်နာဆောင်ရွက်လျက်ရှိ/မရှိ စစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(တနင်္သာရီ)

မြိတ်မြို့တွင် စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် လုပ်ငန်းရှင်တွေ့ဆုံဆွေးနွေး

    တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနသည် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးကွင်းဆင်းစစ်ဆေးလျက်ရှိပြီး စျေးကွက်မရောက်မီနှင့်ရောက်ပြီး ကုန်စည်များအား ကုန်အညွှန်းအမှတ်အသားပါရှိစေရေး ဆောင် ရွက်လျက်ရှိရာ ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ(၅)ရက်နေ့တွင် မြိတ်မြို့၊ ဆိပ်ငယ်ရပ်၊ စားသုံးသူရေးရာဦးစီးဌာနတွင် ခရိုင်ဦးစီးမှူးနှင့် AK အမှတ်တံဆိပ် အဝတ် လျှော် ဆပ်ပြာမွှေးရည်လုပ်ငန်းရှင်နှင့်တွေ့ဆုံပြီး ကုန်အညွှန်းအမှတ်အသားနှင့်ပတ်သက်၍ တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

      တွေ့ဆုံဆွေးနွေးရာတွင် ခရိုင်ဦးစီးမှူးမှ AK အမှတ်တံဆိပ်လုပ်ငန်းနှင့် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခြင်း၊ စားသုံးသူကာကွယ်ရေးဥပဒေအရ စီးပွားရေးလုပ်ငန်းရှင်များလိုက်နာဆောင်ရွက်ရမည့် အချက်များအား ရှင်းလင်းပြောကြားခြင်းနှင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိစေရေး လက်ကမ်း စာစောင်များအား ဖြန့်ဝေပေးခြင်းဆောင်ရွက် ခဲ့ကြောင်းသိရှိရပါသည်။

DOCA(တနင်္သာရီ)

ကျောက်ပန်းတောင်းမြို့ ဇီဝကဆေးပစ္စည်းအရောင်းဆိုင်အားဈေးကွက်စောင့်ကြည့်စစ်ဆေး

         (၃.၂.၂၀၂၆)ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူပြည်သူများ ကုန်စည်နှင့်ဝန် ဆောင်မှုများ သုံးစွဲရာတွင် ထိခိုက်နစ်နာမှုမရှိစေရေး၊ လုံခြုံစိတ်ချရမှုရှိစေရေး၊ ဥပဒေပြဌာန်းချက် များနှင့်ကိုက်ညီမှုမရှိဘဲ မမှန်မကန် ထုတ်လုပ်ဖြန့်ဖြူးရောင်းချလျက်ရှိသော ကုန်စည်များနှင့် လုံခြုံ စိတ်ချရမှုမရှိသော ကုန်စည်များလျော့နည်းပပျောက်သွားစေရေးတို့အတွက် နေရာစုံ၌ နည်းလမ်း ပေါင်းစုံဖြင့် စီးပွားရေးလုပ်ငန်းရှင်များအပါအဝင် စားသုံးသူပြည်သူတစ်ရပ်လုံးကို အသိပညာပေး လျက်ရှိသလို တဖက်မှလည်း ဈေးကွက်များအတွင်းရောင်းချမှုမရှိစေရေး ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများကို အစဉ်တစိုက်ဆောင်ရွက်လျက်ရှိပါသည်။

    စားသုံးသူရေးရာဦးစီးဌာနကျောက်ပန်းတောင်းမြို့နယ်တာဝန်ခံ ဒေါ်မြသန္တာထွန်း သည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ တို့နှင့် ပူးပေါင်း၍ ကျောက်ပန်းတောင်းမြို့ မြို့မကွက်သစ်ရပ်ကွက်ရှိ ဇီဝက ဆေးနှင့်ဆေးပစ္စည်း အရောင်းဆိုင်အား ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြသည်။ ပူးပေါင်းအဖွဲ့ဝင်များသည် ဆေးနှင့်ဆေးပစ္စည်း ရောင်းချသောဆေးဆိုင်များတွင် အရည်အသွေးမပြည့်မီသည့်ဆေးဝါးများ၊ ဆေးဝါးအတုများ၊ သက်တမ်းလွန် ဆေးဝါးများနှင့် ခွင့်ပြုလိုင်စင် မရှိသည့်ထိန်းချုပ်ဆေးဝါးများအား ရောင်းချခြင်းများ မရှိစေရေး၊ သက်ဆိုင်ရာဌာနထောက်ခံချက် ပါဝင်သောဆေးဝါးများနှင့် စားသုံးသူ ကာကွယ်ရေး ဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းများနှင့်ကိုက်ညီသော ဆေးဝါးများသာ ရောင်းချစေရေးတို့အတွက် စစ်ဆေးမှုများဆောင်ရွက်ခဲ့ပြီး၊ စစ်ဆေးမှုများတွင် သတ်မှတ်ချက်များ နှင့်ကိုက်ညီမှုရှိသော ဆေးဝါးများကိုသာရောင်းချမှုရှိကြောင်း တွေ့ရှိရပြီး စားသုံးသူရေးရာဦးစီးဌာန အနေဖြင့် စားသုံးသူပြည်သူများ ကုန်ပစ္စည်းများကို ဝယ်ယူသုံးစွဲရာတွင် လုံခြုံစိတ်ချရမှုရှိပြီး၊ ဘေးအန္တရာယ်ကင်းရှင်းစေရန်နှင့် ဖြစ်သင့်ဖြစ်ထိုက်သော ဈေးနှုန်းများနှင့်သာဝယ်ယူသုံးစွဲနိုင်ရေး၊ ထိခိုက်နစ်နာဆုံးရှုံးမှုများမဖြစ်ပေါ်စေရေးတို့အတွက် စဉ်ဆက်မပြတ်ဈေးကွက်စောင့်ကြည့်စစ်ဆေးမှုများ ဆောင် ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

DOCA(မန္တလေး)

မြင်းခြံမြို့တွင် အသင့်စားမုန့်အမျိုးမျိုးအားဈေးကွက်စောင့်ကြည့်စစ်ဆေး

    စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရေး၊ ထိခိုက်နစ်နာဆုံးရှုံးမှုများ မဖြစ်ပေါ်စေရေးတို့အတွက် မြင်းခြံမြို့၊ မြို့မစည်ပင်သာယာဈေးရှိ အသင့်စားမုန့်အမျိုးမျိုးဆိုင်များတွင်ရောင်းချနေ သော အသင့်စားမုန့်အမျိုးမျိုးအား ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှဦးဆောင်၍ မြို့နယ်စည်ပင် သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ (၂.၂.၂၀၂၆) ရက်နေ့၊ နေ့လယ် ၁၂:၀၀ နာရီအချိန်တွင် ဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။

          စားသုံးသူရေးရာဦးစီးဌာန၊ ဒု-ခရိုင်ဦးစီးမှူး ဦးတင်ဇော်ထွေးနှင့်အဖွဲ့သည် ဈေးကွက်အတွင်း ရှိ အသင့်စားမုန့်အမျိုးမျိုးတွင် စားသုံးသူကာကွယ်ရေး ဥပဒေပါအခန်း(၁၈) ကုန်အညွှန်းအမှတ် အသားဖော်ပြခြင်းများနှင့် ကိုက်ညီမှုရှိ/မရှိ၊ သက်ဆိုင်ရာဌာနများ၏ ထောက်ခံ ချက်များ ပါဝင်မှုရှိ/ မရှိ၊ သက်တမ်းလွန်ကုန်စည်များ ရောင်းချမှုရှိ/မရှိတို့ကို စစ်ဆေးခဲ့ကြပြီး၊ ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်စွာ ဖော်ပြပါဝင်သော ကုန်စည်များ၊ သက်ဆိုင်ရာဌာနများမှ ဖော်ပြရန်သတ်မှတ်ထား သော အချက်များနှင့်ကိုက်ညီသော ကုန်စည်များကိုသာ ရောင်းချမှုရှိပြီး ဆက်လက်၍လည်း ဥပဒေပြဌာန်းချက်များ သတ်မှတ်ချက်များနှင့် ကိုက်ညီသော ကုန်စည်များကိုသာ ဖြန့်ဖြူးရောင်းချ ရန်၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ တားမြစ်ချက်များအား လိုက်နာကြရန်၊ စီးပွားရေးကျင့်ဝတ် စည်းကမ်းများနှင့်အညီ ဖြန့်ဖြူးရောင်းချကြရန်နှင့်ဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်များအား အစဉ်တစိုက် လိုက်နာရောင်းချကြရန် ဆွေးနွေးပြောကြား၍ ဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

DOCA(မန္တလေး)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ