Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ဆေးနှင့်ဆေးဝါးဆက်စပ်ပစ္စည်းများ ဈေးကွက်စောင့်ကြည့်စစ်ဆေး

  စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ဦးမြင့်စိုး(ဒု-ဦးစီးမှူး)ဦး ဆောင်၍ ဝန်ထမ်း(၂)ဦးသည် ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ (၆) ရက်နေ့ နံနက် (၁၁ : ၀၀ ) အချိန်တွင် လွိုင်ကော်မြို့ပေါ်ရှိ ဆေးနှင့်ဆေးဝါးဆက်စပ်ပစ္စည်းအရောင်းဆိုင်များသို့ ဈေးနှုန်းမြှင့်တင် ရောင်းချခြင်း၊ ဆေးနှင့်ဆေးပစ္စည်းများပြတ်လပ်ခြင်း၊ စပ်ဆေးများနှင့် သက်တမ်းလွန် ဆေးဝါးများရောင်းချနေမှု ရှိ/မရှိ စစ်ဆေးခြင်းတို့ကို မိတ်ဖက်ဌာနများနှင့်ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာတွင် ဆေးဆိုင်များ၌ အိမ်သုံးဆေးဝါးများ နှင့်ဆေးဝါးဆက်စပ်ပစ္စည်းများပြတ်လပ်မှုမရှိကြောင်း၊ သက်တမ်းလွန်ဆေးဝါးများရောင်းချ ခြင်းမရှိကြောင်း၊ ဆေးဝါးများဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမရှိဘဲ ဈေးကစားခြင်းအလို့ငှာ သိုလှောင်ထားခြင်းလည်းမရှိကြောင်း၊  ဆေးများကို ရန်ကုန်မြို့၊ မန္တလေးမြို့၊ တောင်ကြီးမြို့၊ အောင်ပန်းမြို့တို့တွင် ဖြန့်ဖြူးရောင်းချနေသောကုမ္ပဏီများထံမှ မှာယူရောင်းချကြောင်း စစ်ဆေးတွေ့ရှိရပြီး ဆေးဆိုင်လုပ်ငန်းရှင်များအနေဖြင့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန၏ ဆေးဝါးမှတ်ပုံတင်ပါရှိသော ဆေးဝါးများသာဝယ်ယူရောင်းချကြရန် အသိပညာပေးဈေးကွက်စောင့်ကြည့်စစ်ဆေးဆောင်ရွက်ခဲ့ကြောင်းသတင်းရရှိပါသည်။

DOCA(ကယား)

တိုင်းဒေသကြီးဝန်ကြီးချုပ် ၂၀၂၅-၂၀၂၆ခုနှစ်၊ မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် စုပေါင်းဓာတ်မြေ ဩဇာကြဲပက်ပွဲနှင့် ပေါင်းလိုက်တမန်းနှိုးပွဲအားကြည့်ရှုအားပေး

          ၂၀၂၅-၂၀၂၆ခုနှစ်၊ ဩဂုတ် ၆ရက်နေ့တွင် မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် စုပေါင်းဓာတ်မြေဩဇာကြဲပက်ပွဲနှင့် ပေါင်းလိုက်တမန်းနှိုးပွဲကို ယနေ့နံနက်ပိုင်းက ကျုံပျော်မြို့နယ်၊ ပျဉ်ချဆိပ်ကျေးရွာ တောင်သူဦးကြည်ဝင်း၏ စိုက်ဧက (၁၃)ဧကတွင်ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်တက်ရောက်ကြည့်ရှု အားပေးခဲ့သည်။

           ဦးစွာတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျုံပျော်မြို့နယ်၊ ပျဉ်ချဆိပ်ကျေးရွာ တောင်သူဦးကြည်ဝင်း၏ စိုက်ဧက(၁၃)ဧကတွင်ပြုလုပ်သည့် ၂၀၂၅-၂၀၂၆ခုနှစ်၊ မိုးစပါးပန်းတိုင် အထွက်နှုန်းရရှိရေးအတွက် စုပေါင်းဓာတ်မြေဩဇာကြဲပက်ပွဲနှင့် ပေါင်းလိုက်တမန်းနှိုးခြင်းနှင့် တိုင်းဒေသကြီးအတွင်းအစိုက်အများဆုံး အထွက်နှုန်းနှင့် အရည်အသွေးကောင်းစပါးမျိုး(၁၈) မျိုးအား ယှဉ်ပြိုင်စမ်းသပ်စိုက်ပျိုးထားရှိမှု အခြေအနေများအား ကြည့်ရှုအားပေးခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က စိုက်ပျိုးရေးကိုအခြေခံသည့်တိုင်းဒေသကြီးဖြစ်သည်နှင့် အညီ သီးနှံစုံပန်းတိုင် အထွက်နှုန်းရောက်ရှိရေးအတွက် အခြေခံလိုအပ်သည့် မျိုး၊ မြေ၊ ရေ၊ နည်း မှန်ကန်စွာ စိုက်ပျိုးနိုင်ရေးဆောင်ရွက်ရန်၊  သဘာဝမြေဩဇာနှင့်ဓာတ်မြေဩဇာ အချိုးကျသုံးစွဲရန်နှင့် တိုင်းဒေသကြီး၏ မိုးစပါးပန်းတိုင် အထွက်နှုန်းရောက်ရှိစေရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြရန် မှာကြားခဲ့ပြီး စုပေါင်းဓာတ်မြေဩဇာကြဲပက်ခြင်းနှင့် ပေါင်းလိုက် တမန်းနှိုးဆောင်ရွက်ခဲ့ကြသည့် တောင်သူများအား စားသောက်ဖွယ်ရာများပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

  စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးတင်မောင်ထွန်း သည် ၁၁.၈.၂၀၂၅ ရက်နေ့တွင် မြစ်ကြီးနားမြို့၊ အေးစေတီရပ်ကွက် အတွင်းရှိ ‌ဘရူနိုင်း မုန့်တိုက်သို့ သွားရောက်၍ စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းပြီး ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိ စေရေး၊ ဘေးအန္တရာယ်ရှိသော ကုန်စည်များ ဈေးကွက်အတွင်း မှ ပပျောက်စေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ကိုက်ညီမှုရှိ/မရှိဈေးကွက် စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

      ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ဘရူနိုင်း အမှတ်တံဆိပ်ပါ သီးစုံကိတ် တွင် ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)အရ ကုန်စည်ပေါ်တွင် မြန်မာဘာသာဖြင့် ဖော်ပြရမည့် အမျိုး အမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း နှင့် ဓါတ်မတည့် ကြောင်းဖော်ပြချက်တို့ ပြည့်စုံစွာဖော်ပြပါရှိကြောင်း စစ်‌ဆေးတွေ့ရှိရပြီး မုန့်တိုက်ပိုင်ရှင်အား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုမရှိသည့် ကုန်စည်များဈေးကွက်အတွင်း မရောင်းချရန် အသိပညာ ပေးဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ လက်ကမ်းစာစောင်များ  ဖြန့်ဝေခဲ့ပါ သည်။

DOCA(ကချင်)

 

ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

  စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးတင်မောင်ထွန်း သည် ၉.၈.၂၀၂၅ ရက်နေ့၊ ၁၀:၄၀ နာရီအချိန်တွင် မြစ်ကြီးနားမြို့၊ စည်ပင်သာယာရေစင်ဈေးတိုက်တန်း ရှိ လက်လီဖြန့်ဖြူးရောင်းချသော ကံချား(ကုန်စုံဆိုင်)သို့ သွားရောက်၍ စားသုံးသူများ ဘေးအန္တရာယ် ကင်းရှင်းပြီး ထုတ်ကုန်လုံခြုံစိတ်ချရမှု ရှိစေရေး၊ ဘေးအန္တရာယ်ရှိသော ကုန်စည်များ ဈေးကွက်အတွင်း မှ ပပျောက်စေရေးနှင့် စားသုံးသူ ကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် ပတ်သက်၍ ကိုက်ညီမှု ရှိ/ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

   ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် နို့နှင့်နို့ထွက်ပစ္စည်းအမျိုးမျိုးတွင် ပါဝင်သည့် OnE TEa အမှတ်တံဆိပ်ပါ နို့ဆီတွင် ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)အရ ကုန်စည်ပေါ်တွင် မြန်မာဘာသာ ဖြင့်ဖော်ပြရမည့် အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းနှင့် ဓါတ်မတည့်ကြောင်းဖော်ပြချက်တို့ပြည့်စုံစွာ ဖော်ပြပါရှိကြောင်း စစ်‌ဆေးတွေ့ရှိရပြီး ကုန်စုံဆိုင်ပိုင်ရှင် ဦးကံချားအား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုမရှိသည့် ကုန်စည်များ ဈေးကွက် အတွင်း မရောင်းချရန် အသိပညာပေး ဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်း ဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါသည်။

DOCA(ကချင်)

ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

  စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ ဦးတင်မောင်ထွန်း(ရုံးအုပ်) သည် ၁၀.၈.၂၀၂၅ ရက်နေ့၊ ၁၃း၀၀ နာရီအချိန်တွင် မြစ်ကြီးနားမြို့၊ ရွှေညောင်ပင်ရပ်ကွက်ရှိ ဒေါ်ဝင်းဝင်း (ကုန်စုံဆိုင်) သို့ သွားရောက်၍ စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းပြီး ထုတ်ကုန်လုံခြုံစိတ်ချရမှု ရှိစေရေး၊ ဘေးအန္တရာယ်ရှိသော ကုန်စည်များဈေးကွက်အတွင်းမှပပျောက်စေရေးနှင့် စားသုံးသူ ကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ကိုက်ညီမှုရှိ / မရှိ ဈေးကွက် စောင့်ကြည့် စစ်ဆေး ခဲ့ပါသည်။

  ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် OK အမှတ်တံဆိပ်ပါ ကြက်သားစည်သွပ်ဘူး တွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ထားသော ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) အရ ကုန်စည်ပေါ်တွင် မြန်မာဘာသာဖြင့် ဖော်ပြရမည့် အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ သုံးစွဲပုံနည်းလမ်း၊ ထားသိုသိမ်းဆည်းမှုအညွှန်းနှင့် ဓာတ်မတည့်ကြောင်းဖော်ပြ ချက်တို့ ပြည့်စုံစွာဖော်ပြပါရှိကြောင်း စစ်‌ဆေးတွေ့ရှိရပြီး ကုန်စုံဆိုင်ဆိုင်ပိုင်ရှင်‌ဒေါ်ဝင်းဝင်း အား  ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုမရှိသည့် ကုန်စည်များဈေးကွက်အတွင်းမရောင်းချရန် အသိပညာပေး ဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါသည်။

DOCA(ကချင်)

ပုသိမ်မြို့ဧရာရွှေဝါခန်းမတွင် စပါးမျိုးစေ့ချကိရိယာ(Drum seeder )များထုတ်လုပ်ရောင်းချရေးအစည်းအဝေးပြုလုပ်

           ပုသိမ်မြို့ ဧရာရွှေဝါခန်းမတွင် ဩဂုတ်လ ၆ ရက်နေ့တွင် ဆန်၊ စပါးအများဆုံး စိုက်ပျိုးထုတ်လုပ်လျက်ရှိသော  ဧရာဝတီတိုင်းဒေသကြီးအတွင်း လယ်ယာ စိုက်ပျိုးရေး ကဏ္ဍာအတွက် အရေးပါသော အရည်အသွေးမြှင့် မျိုးစေ့ချကိရိယာ(Drum seeder) များထုတ်လုပ်ဖြန့်ဖြူးရောင်းချနိုင်ရေး လုပ်ငန်းအစည်းအဝေးကို ကျင်းပပြုလုပ်ရာ ဧရာဝတီ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ စားသုံးသူရေးရာဦးစီးဌာန တိုင်းဦးစီးမှူးနှင့် အခြားဌာနဆိုင်ရာများ (Drum seeder) ထုတ်လုပ် ရောင်းချသူများ တက်ရောက်ခဲ့ပါသည်။

             အဆိုပါအစည်းအဝေးတွင် မအူပင်ခရိုင်၊ ကျုံပျော်ခရိုင်၊ လပွတ္တာခရိုင်၊ မြန်အောင်ခရိုင်၊ ဟင်္သာတခရိုင်၊ဖျာပုံခရိုင်အတွင်းရှိစက်မှုဇုန်များတွင် ထုတ်လုပ်ရောင်းချသည့် (Drum seeder) များကျင်းပပြီး အဆိုပါမျိုးစေ့ချကိရိယာ၏ ထူးခြားချက်နှင့် အားသာချက်မှာ လက်ဖြင့် ကြဲပတ်ရသည့်မျိုးစပါးသုံးစွဲမှုကို လျှော့ချပေးနိုင်ပြီး ပေါ့ပါးခိုင်ခန့်၍ အလွယ်တကူသုံးစွဲနိုင်ကြောင်း သိရသည်။ အဆိုပါ(Drum seeder)ကိုသုံးစွဲရန်လူတစ်ယောက်သာလိုအပ်ပြီး  ကောက်စိုက်ခြင်းအတွက် သာလုပ်သားလိုအပ်ချက်ကို လည်းလျှော့ချနိုင်ပါသည်။ လွယ်ကူရိုးရှင်းသော စနစ်ကျမျိုးစေ့ချပြီး ပြည်ပသုံးစွဲလျှေ့ချနိုင်သောလယ်ယာ စက်ကိရိယာ ဖြစ်ပါသည်။ စိုက်ပျိုးရေးဦးစီးဌာနနှင့် ပူးပေါင်း၍ တိုင်းအတွင်းစပါးစိုက်တောင်သူများအား ၂၀၂၅-၂၀၂၆ မိုးစပါး ရာသီတွင်ရောင်းချရန်စီစဉ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးအသိပညာပေး

  စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူအခွင့်အရေးများ အပြည့်အဝရရှိစေရန်၊ကုန်စည်များဘေးအန္တရာယ်ကင်းရှင်းပြီးထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးအတွက်ဦးဇေယျာအောင်(ခရိုင်ဦးစီးမှူး)သည် ၁၁.၈.၂၀၂၅ရက်နေ့ တွင် မြစ်ကြီးနားမြို့၊ အေးစေတီရပ်ကွက်ရှိ ကိတ်နှင့်မုန့်မျိုးစုံထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့်လုပ်ငန်းရှင်(၁)ဦးနှင့်တွေ့ဆုံ၍အသိပညာပေးဆောင်ရွက်  ခဲ့ပါသည်။

  ထိုသို့အသိပညာပေးဆောင်ရွက်ခဲ့ရာတွင် ဦးဇေယျာအောင်(ခရိုင်ဦးစီးမှူး)က လုပ်ငန်းရှင်အား စားသုံးသူကာကွယ်ရေးဥပဒေပါစီးပွားရေးလုပ်ငန်းရှင်၏အဓိပ္ပာယ်နှင့်တာဝန်များ၊ကုန်စည်နှင့်စပ်လျဉ်း၍အာမခံပေးချက်ပေးရမည့်အချက်များ၊ ကုန်စည်နှင့်စပ်လျဉ်း၍အာမခံပေးထားမှုအပေါ် စားသုံးသူက တောင်းဆိုနိုင်သည့်အခွင့်အရေးများ၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက် အမှတ်(၂/၂၀၁၉)ပါ အစားအသောက်များကုန်စည်အုပ်စုတွင်ပါဝင်သည့် အသင့်စားမုန့်အမျိုးမျိုးတွင်  မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြရမည့်အချက်များ၊ စီးပွားရေးလုပ်ငန်းရှင်အနေဖြင့် သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်များပြည့်စုံမှုရှိပြီး ကုန်အညွှန်းအမှတ်အသားများဖော်ပြရာတွင် ကိုက်ညီမှုရှိမရှိအား စားသုံးသူရေးရာဦးစီးဌာနတွင်တင်ပြလျှောက်ထားရန်၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်များကိုက်ညီကြောင်း ပြန်ကြားစာရရှိပြီးမှသာ ဈေးကွက်သို့တင်ပို့ရောင်းချရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေပြဋ္ဌာန်းချက်ပါ  ပြစ်မှုပြစ်ဒဏ်များအကြောင်း  အသိပညာပေးဆွေးနွေးခဲ့ပါသည်။

DOCA(ကချင်)

ဈေးကွက်မရောက်မီ စက်ရုံ/လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေးအသိပညာပေး

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်အတွင်း စားသုံးသူများအနေဖြင့် အစားအသောက်များ ဝယ်ယူစားသုံးရာတွင်ဘေးကင်းလုံခြုံမှုရှိစေရေးအတွက်ပြည်တွင်း၌ကုန်စည်ထုတ်လုပ်သည့်လုပ်ငန်းများ/စက်ရုံများ/ကုမ္ပဏီများနှင့်ပြည်ပမှကုန်စည်တင်သွင်းဖြန့်ဖြူးသည့်လုပ်ငန်းများအားစားသုံးသူများကိုဘေးအန္တရာယ်ကင်းရှင်းမှုမရှိသော၊ကျန်းမာရေးနှင့်ညီညွတ်မှုမရှိသော၊ အရည်အသွေးမပြည့်မီသော ကုန်စည်များရယူသုံးစွဲခြင်းမှကာကွယ်ပေးရန် ၁၀.၈.၂၀၂၅ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ‌‌ ဦးဇေယျာအောင်(ခရိုင်ဦးစီးမှူး)ဦးဆောင်၍ အစားအသောက်နှင့်ဆေးဝါး ကွပ်ကဲရေးဦးစီးဌာန၊အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊စည်ပင်သာယာရေးအဖွဲ့များပူးပေါင်းကာ မြစ်ကြီးနားမြို့၊ မြို့သစ်ရပ်ကွက်နှင့် အေးစေတီရပ်ကွက်ရှိ ဆီစက်နှင့်ကိတ်နှင့်မုန့်မျိုးစုံလုပ်ငန်းများသို့ ကွင်းဆင်းစစ်ဆေးပြီးလုပ်ငန်းရှင်များအား အသိပညာပေးဆောင်ရွက်ခဲ့ပါသည်။

      ထိုသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ရာတွင် ဆီစက်၊ ကိတ်နှင့်မုန့်မျိုးစုံလုပ်ငန်းများ အနေဖြင့် စည်ပင်သာယာရေးအဖွဲ့၏လုပ်ငန်းလိုင်စင်ရယူထားပြီး မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် ၂/၂၀၁၉ ပါ ကုန်စည်များတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ဖော်ပြရာ၌ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ညွှန်ကြားချက်အမှတ်၁/၂၀၂၁ ပါ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရမည့် အချက်များအားလိုက်နာဆောင်ရွက်ထားသော်လည်းအစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ထောက်ခံချက်ရယူထားခြင်းမရှိကြောင်း စစ်ဆေးတွေ့ရှိရပါသည်။

  ဆီစက်၊ကိတ်နှင့်မုန့်မျိုးစုံလုပ်ငန်းလုပ်ငန်းရှင်များအား   စားသုံးသူကာကွယ်ရေးဥပ‌ဒေပါစီးပွားရေးလုပ်ငန်းရှင်၏  အဓိပ္ပါယ်နှင့်တာဝန်(၁၁)ချက်၊ ကုန်စည်နှင့် စပ်လျဉ်း၍ အာမခံချက်ပေးရမည့်အချက်များ၊ ကုန်စည်နှင့်စပ်လျဉ်း၍အာမခံပေးထားမှုအပေါ် စားသုံးသူက တောင်းဆိုနိုင်သည့်အခွင့်အရေးများ၊ စားသုံးသူသည်ကုန်စည်ကိုအသုံးပြုခြင်းကြောင့် နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက တာဝန်ရှိမှုအခြေအနေများ၊ သက်ဆိုင်ရာဌာနများ၏ အမိန့်နှင့်ညွှန်ကြားချက်များအားလည်းလိုက်နာဆောင်ရွက်သွားရန် အသိပညာပေးဆွေးနွေးခဲ့ပါသည်။

DOCA(ကချင်)

ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးအသိပညာပေး

  စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူအခွင့်အရေးများ အပြည့်အဝရရှိစေရန်၊ကုန်စည်များဘေးအန္တရာယ်ကင်းရှင်းပြီးထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးအတွက်ဦးဇေယျာအောင်(ခရိုင်ဦးစီးမှူး)သည် ၁၀.၈.၂၀၂၅ ရက်နေ့ (၁၀:၃၀) နာရီအချိန်တွင် မြစ်ကြီးနားမြို့၊မြို့သစ်ရပ်ကွက်ရှိစားသုံးဆီထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့်လုပ်ငန်းရှင်(၁)ဦးနှင့်တွေ့ဆုံ၍အသိပညာပေး ဆောင်ရွက်ခဲ့ပါသည်။

 ထိုသို့အသိပညာပေးဆောင်ရွက်ခဲ့ရာတွင် ဦးဇေယျာအောင်(ခရိုင်ဦးစီးမှူး)က လုပ်ငန်းရှင်အား စားသုံးသူကာကွယ်ရေးဥပဒေပါစီးပွားရေးလုပ်ငန်းရှင်၏အဓိပ္ပာယ်နှင့်တာဝန်များ၊ကုန်စည်နှင့်စပ်လျဉ်း၍အာမခံပေးချက်ပေးရမည့်အချက်များ၊ ကုန်စည်နှင့်စပ်လျဉ်း၍အာမခံပေးထားမှုအပေါ် စားသုံးသူက တောင်းဆိုနိုင်သည့်အခွင့်အရေးများ၊စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ညွှန်ကြားချက် အမှတ်(၁/၂၀၂၁)ပါပင်ရင်းပါဝင်ပစ္စည်းကိုအခြေခံသောကုန်စည်၏အမျိုးအမည်၊ ကုန်စည်၏အသားတင် ပမာဏနှင့်အရွယ်အစားတို့အားမြန်မာ့အလေးချိန်ယူနစ်ဖြစ်သော ပိဿာ၊ကျပ်သားတို့ကိုမြန်မာဘာသာဖြင့် ပြည့်စုံစွာဖော်ပြရန်၊ စီးပွားရေးလုပ်ငန်းရှင်အနေဖြင့်သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်များ ပြည့်စုံမှုရှိပြီး ကုန်အညွှန်းအမှတ်အသားများဖော်ပြရာတွင် ကိုက်ညီမှုရှိမရှိအား စားသုံးသူရေးရာ ဦးစီးဌာနတွင်တင်ပြလျှောက်ထားရန်၊ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များ ကိုက်ညီကြောင်း ပြန်ကြားစာရရှိပြီးမှသာ ဈေးကွက်သို့တင်ပို့ရောင်းချရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေပြဋ္ဌာန်းချက်ပါ  ပြစ်မှုပြစ်ဒဏ်များအကြောင်း  အသိပညာပေးဆွေးနွေးခဲ့ပါသည်။

DOCA(ကချင်)

ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးအထောက်အကူပြု Thursday Talk ဆွေးနွေးပွဲ ကျင်းပပြုလုပ်

       ၇.၈.၂၀၂၅ ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံး၌ ဝန်ထမ်းများအတွက် စွမ်းဆောင်ရည်မြှင့်တင်ရေးအထောက်အကူပြု Thursday Talk ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်ရုံး မော်လမြိုင်ခရိုင်ရုံးမှ ဝန်ထမ်းများ တက်ရောက်ခဲ့ပြီး သထုံခရိုင်ရုံးမှ ဝန်ထမ်းများ Zoom  ဖြင့်တက်ရောက်ခဲ့သည်။

          ပထမဦးစွာ စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးက Thursday Talk ကျင်းပ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းခြင်း၊ သတင်းအချက်အလက်နည်းပညာနှင့် အရည်အသွေးစီမံခန့်ခွဲရေးဌာနခွဲတာဝန်ခံ ဦးစီးအရာရှိ ဒေါ်မိုးမိုးက သတင်းအချက်အလက် ကျိုးပေါက်မှုမရှိစေရေး နည်းပညာအကြောင်းသိကောင်းစရာခေါင်းစဉ်ဖြင့် ရှင်းလင်းဆွေးနွေး ခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ