Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

စစ်ကိုင်းမြို့၊ မီးရထားရပ်ရှိ ဆန်အရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်

                 စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်း(၃)ဦးတို့သည် “ခရိုင်ဆန်သိုလှောင် ဈေးနှုန်းမြှင့်တင်ရောင်းချမှုများ စိစစ်ရေးလုပ်ငန်းအဖွဲ့”မှ အဖွဲ့ဝင်များဖြစ်သော ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့မှ တာဝန်ရှိသူများနှင့်အတူ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၉ ရက်နေ့နံနက် ၁၀:၀၀ နာရီအချိန်တွင် စစ်ကိုင်းမြို့၊ မီးရထားရပ်ရှိ ဆန်အရောင်း ဆိုင်များဖြစ်သော သိန်းထိုက်အောင်၊ ဩပြည့်လျှံနှင့် OK ဆိုင်များသို့ ကွင်းဆင်း၍ ဈေးနှုန်းဈေးကွက် အခြေအနေများ၊ စီးဝင်/စီးထွက်မှုအခြေအနေများ၊ သယ်ယူခနှုန်းထားများနှင့် ဈေးနှုန်းမြှင့်တင် ရောင်းချ ခြင်း အလို့ငှာ သိုလှောင်ခြင်း၊ ဖြန့်ဖြူးရောင်းချမှုများ ရှိ/မရှိကို ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူး ဦးဆောင်သော ပူးပေါင်း အဖွဲ့သည် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးနှုန်းမြှင့်တင်ရန် သိုလှောင်ထားခြင်းများ မပြုလုပ်ရန်၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးနှုန်းမြှင့်တင်ဖြန့်ဖြူးခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင် ထားခြင်း များရှိပါက အရေးကြီးဝန်ဆောင်မှုဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း၊ ဆန်အိတ် (၅၀၀)နှင့် အထက် သိုလှောင်ထားရှိပါက သိုလှောင်ရုံ မှတ်ပုံတင် ပြုလုပ်ရမည်ဖြစ်ကြောင်း အသိပညာပေး ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ရာ စစ်ကိုင်းမြို့၊ မီးရထားရပ်ရှိ ဆန်အရောင်းဆိုင်များဖြစ်သော သိန်းထိုက်အောင်၊ ဩပြည့်လျှံနှင့် OK ဆန်ဆိုင်များအနေဖြင့် ဆန်များကို ရွှေဘိုမြို့မှ အများဆုံး ဝယ်ယူရောင်းချကြောင်း၊ ရွှေဘိုမြို့သို့ သွားရောက်ဝယ်ယူ၍ လည်းကောင်း၊ မိမိတို့ဆိုင်များသို့ အရောက်ပို့၍လည်းကောင်း ဝယ်ယူကြောင်း၊ ဝယ်ယူရာတွင် ရောင်းအားရှိသလောက် ဝယ်ယူကြောင်း၊ စစ်ကိုင်းမြို့ပေါ်ရှိ ပြည်သူများ ကြိုက်နှစ်သက်စွာ ဝယ်ယူသုံးစွဲမှု အများဆုံးဆန်မှာ ရွှေဘိုပေါ်ဆန်း၊ ဧရာမင်းနှင့် မနောသုခဆန်များကို အများဆုံးရောင်းချသည်ကို စိစစ်တွေ့ရှိရကြောင်း၊ ဆန်အမျိုးအစား အလိုက် (၂၄) ပြည်တစ်အိတ် ဈေးနှုန်းများမှာ ဆန်အမျိုးအစား၊ အရည်အသွေးအလိုက်သိန်းထိုက်အောင်၊ ဩပြည့်လျှံနှင့် OK ဆိုင်များသည် ရွှေဘိုပေါ်ဆန်း(သစ်) (၁၉၀၀၀၀)ကျပ်၊ ဧရာမင်း(ဟောင်း)(၁၅၅၀၀၀) ကျပ်နှင့်ဧရာမင်း(သစ်)(၁၃၅၀၀၀)ကျပ်၊မနောသုခ(ဟောင်း)(၉၅၀၀၀)ကျပ် နှင့်မနောသုခ(သစ်)(၆၅၀၀၀-၇၀၀၀၀)ကျပ်ဖြင့် အရောင်း အဝယ်ရှိကြောင်း ၊သယ်ယူခ နှုန်းထားများမှာ ရွှေဘိုမြို့မှ စစ်ကိုင်းမြို့သို့ ဆန် (၂၄)ပြည် တစ်အိတ်လျှင် (၆၀၀၀) ကျပ်မှ   (၇၀၀၀) ကျပ်ရှိကြောင်း ဆန်များကို သိုလှောင်ထားခြင်းမရှိဘဲ   လိုသလောက်သာ မှာယူရောင်းချသောကြောင့် ဆန်သိုလှောင်သော ဆန် ဂိုဒေါင်များမရှိပါကြောင်း၊ အရောင်းဆိုင်များတွင်ရောင်းအား   ရှိသလောက် ဝယ်ယူရောင်းချနေကြောင်း  သတင်းရရှိ ပါသည်။

 DOCA (စစ်ကိုင်း)

လပွတ္တာခရိုင်၊ မော်ကျွန်းမြို့နယ်အတွင်း သိုလှောင်ရုံများရှိ ဓါတ်မြေဩဇာများအား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေး

           ဧရာဝတီတိုင်းဒေသကြီး၊  စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာခရိုင်၊  မော်ကျွန်းမြို့နယ် ဦးစီးမှူးဦးမင်းဇော်လတ်သည် စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ နှင့် ပူးပေါင်း၍(၄.၂.၂၀၂၆)ရက်နေ့ နံနက်(၁၀း၀၀) နာရီအချိန်တွင် မော်ကျွန်းမြို့နယ်အတွင်းရှိ ဓါတ်မြေဩဇာ(၉)ဆိုင်တွင် ရောင်းချနေသော မြင်းပျံတံဆိပ် ဓါတ်မြေဩဇာအိတ်အတွင်း အခြားဓါတ်မြေဩဇာများ ထည့်သွင်းရောင်းချခြင်းနှင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားခြင်း ရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မော်ကျွန်းမြို့နယ်ဦးစီးမှူးမှ ဓါတ်မြေဩဇာရောင်းချနေသော ပိုင်ရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ ပါ ပြဌာန်းချက်များမှ စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒါဏ်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါအတိုင်း လိုက်နာဆောင်ရွက်ရန်နှင့်  စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ထုတ်ပြန်ထားသည့် ဥပဒေညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ကြရန် ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှု ရှိ/ မရှိ ဌာနမှဈေးကွက်စောင့်ကြည့်စစ်ဆေးမှုများ စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 မြောင်းမြမြို့ပေါ်ရှိရပ်ကွက်ရှိ ဆေးဆိုင်များအားပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်း

             ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံး၊ မြို့နယ်ဦးစီးမှူး ဦးလှထွဋ်ဦးသည်    မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊  တိုင်းရင်းဆေး၊    ပြည်သူ့ကျန်းမာရေးအဖွဲတို့နှင့်ပူးပေါင်း၍(၄.၂.၂၀၂၆)ရက်နေ့နံနက်(၁၁း၀၀)နာရီကမြောင်းမြမြို့ပေါ်ရှိဆေးဆိုင်များတွင် အိမ်သုံးဆေးဝါးများဈေးနှုန်းမြင့်တင်ရောင်းချခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          ထို့သို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်တာဝန်ခံမှ အိမ်သုံးဆေးအရောင်းဆိုင် ဆိုင်ရှင်များအား စားသုံးသူပြည်သူများသက်သာသောဈေးနှုန်းဖြင့် ဝယ်ယူသုံးစွဲနိုင်ရေးအတွက် ဆေးဈေးနှုန်းများမြှင့်တင်ရောင်းချခြင်းမပြုရန် ဆေးဆိုင်များ ပုံမှန်ဖွင့်လှစ်ရောင်းချနိုင်ရေး ဆေးပြတ်လပ်မှုမဖြစ်ပေါ်စေရေးအဓိကထားဆောင်ရွက်ရန် ဈေးကွက် အတွင်း ယခင်လဈေးနှုန်းထက် အနည်းငယ်သာမြင့်တက်မှုရှိပြီး စားသုံးသူပြည်သူများအနေဖြင့် အခြေခံဆေးနှင့် ဆေးပစ္စည်းများဝယ်ယူရာတွင် အခက်အခဲမရှိဝယ်ယူရရှိနိုင်ပြီး သက်တမ်းလွန်ဆေးဝါးများနှင့် လိုင်စင်မဲ့ဆေးဝါးများ ရောင်းချခြင်းမပြုရန်၊ ဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားရှိခြင်းများ စစ်ဆေး‌တွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေများအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သက်ဆိုင်ရာဌာနများ၏ အမိန့်ညွှန်ကြားချက်၊ ဥပဒေများလိုက်နာဆောင်ရွက်ကြရန် အသိပေးစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

“မြစ်သားမြို့နယ်တွင်ပြည်သူ့သက်သာဈေးရောင်းချခြင်းပြုလုပ်”

    မြစ်သားမြို့နယ်တွင် အခြေခံစားသောက်ကုန်ပစ္စည်းများ သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူရရှိနိုင်ရေးအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ၊ စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်းစီစဉ်မှုဖြင့် လုပ်ငန်းရှင်များနှင့်ညှိနှိုင်း၍ စားသုံးသူပြည်သူများအား သက်သာဈေးနှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။ ဖေဖော်ဝါရီလ(၆) ရက်နေ့တွင် မြစ်သားမြို့၊ ဈေးတောင်ဘက်၌ အခြေခံစားသောက်ကုန်ပစ္စည်းများဖြစ်သော  အမဲသား တစ်ပိဿာလျှင် (၂၅၀၀၀/-) ကျပ်၊ဝတ်သား တစ်ပိဿာလျှင် (၂၆၀၀၀/-) ကျပ်၊ ဆိတ်သား (၁)ပိဿာလျှင် (၂၈၀၀၀/-) ကျပ်၊ ကြက်သား တစ်ပိဿာလျှင်(၁၈၀၀၀/-)ကျပ် ၊ စားအုန်းဆီ(၁)ပိဿာလျှင် (၇၂၅၀/-) ကျပ်နှင့် ဟင်းသီးဟင်းရွက်တို့အား ရောင်းချပေးခဲ့ပြီး ပြည်သူများသက်သာဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် အပတ်စဉ် သတ် မှတ်ထားသော နေရာများတွင် ဆက်လက်ရောင်းချပေးသွားမည် ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ပေါ်ရှိ ဈေးများအား အစားသောက်နှင့် ဆေးဝါးကွပ်ကဲရေးကော်မတီအဖွဲ့နှင့် စစ်ဆေးခြင်း

               ၂၀၂၆ ခုနှစ်၊ ဖေ‌ဖော်ဝါရီလ ၆ ရက်နေ့ နေ့လည် ၂ နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဦးဆောင်၍ စစ်ကိုင်းတိုင်း‌ဒေသကြီး အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးကော်မတီအဖွဲ့ဝင်များဖြစ်သည့် တိုင်းဒေသကြီးစားသုံးသူရေးရာဌာန၊ ခရိုင်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့တို့နှင့် ပူးပေါင်း၍  မုံရွာမြို့ပေါ်ရှိ ချင်းတွင်းရတနာဈေးနှင့်  မြသလ္လာဈေးတို့တွင်ရောင်းချ လျှက်ရှိသော အစားအသောက်များအား ခွင့်မပြုစာတုဆေးများသုံးစွဲထားခြင်းရှိ/မရှိ ရှောင်တခင် စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

                  ထိုသို့ စစ်ဆေးရာတွင် ချင်းတွင်းရတနာ နှင့် မြသလ္လာဈေးတို့ ‌ရောင်းချလျက်ရှိသော အစား အသောက်များအနက် အချို့ ငါးပိ အ‌ရောင်းဆိုင်များတွင် ခွင့်မပြုဓာတုဆိုးဆေးပါဝင်မှုစစ် ဆေးတွေ့ ရှိရ၍ ခံဝန်လက်မှတ်ရေးထိုးခြင်း၊ သိမ်းဆည်းဖျက်ဆီးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။  အလားတူ  စစ်ဆေးသည့်အဖွဲ့သည် မုံရွာမြို့၊ ညောင်တပင်ဈေးအတွင်း ရောင်းချလျက်ရှိ သော အစားအသောက်နှင့်လူသုံးကုန်ပစ္စည်း အရောင်းဆိုင်များအား ခွင့်မပြုဓာတုဆိုးဆေးများ သုံးစွဲရောင်းချမှု ရှိ/မရှိ စစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။  

DOCA(စစ်ကိုင်း)

         

ကလေးခရိုင် CICC သို့ လာရောက်တိုင်ကြားသည့် လုပ်ငန်းရှင်နှင့်တွေ့ဆုံ

                   ( ၆.၂.၂၀၂၆ ) ရက်နေ့တွင် ကလေးခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနတွင် ဖွင့်လှစ်ထားသည့် စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ ( CICC ) သို့ ကလေးမြို့မှ လုပ်ငန်းရှင်တစ်ဦးအနေဖြင့် လာရောက်တိုင်ကြားမှုအား ကလေးခရိုင်၊ စားသုံးသူရေးရာ ဦးစီးဌာနမှ ဒေါ်သန်းသန်းဝင်း ( ခရိုင်ဦးစီးမှူး ) မှ ဦးဆောင်၍ မေးမြန်းဆောင်ရွက်ခြင်းများ ပြုလုပ်ခဲ့ ကြကြောင်း သိရှိရပါသည်။ လုပ်ငန်းရှင်အနေဖြင့် မိမိမှ စက်ပစ္စည်းဝယ်ယူမှုအား ငွေအကျေပေးချေ၍ ဝယ်ယူရာတွင် အိမ်တိုင်ရာရောက် လာရောက်တပ်ဆင်ပေးမည်ဟု ကတိပြုစာချုပ်ချုပ်ဆို၍ ဝယ်ယူခဲ့သော်လည်း ယနေ့အချိန်ထိ လာရောက်တပ်ဆင်ပေးခြင်းမရှိခြင်း၊ ပြန်အမ်းငွေတောင်းခံရာတွင်လည်း ဖုန်းအဆက်အသွယ်များဖြတ်တောက်ထားခြင်းများကြောင့် မိမိအနေဖြင့် စိတ်ကျေနပ်မှုမရှိ၍  ဖြေရှင်းဆောင်ရွက်ပေးနိုင်ရန်အတွက် လာရောက်တိုင်ကြားရခြင်း ဖြစ်ပါသည်။ဒေါ်သန်းသန်းဝင်း ( ခရိုင်ဦးစီးမှူး ) အနေဖြင့် မိမိတို့အနေဖြင့် စေ့စပ်ညှိနှိုင်းဖြေရှင်း ဆောင်ရွက်ပေးမည်ဖြစ်ကြောင်းနှင့် ဖြေရှင်းဆောင်ရွက်နေချိန်အတွင်း Social Midea များတွင် ဖော်ပြခြင်းများ မလုပ်ဆောင်ရန်အတွက် ပြောကြားခဲ့ကြောင်း သိရှိရပါသည်။ 

 DOCA(စစ်ကိုင်း)

“ တံတားဦးမြို့နယ်၊ပင်းယျကျေးရွာရှိ နေဝန်းStar အမှတ်တံဆိပ် မြေပဲပွကြော်ရောင်းချသည့်လုပ်ငန်းရှင်နှင့်တွေ့ဆုံ”

     တံတားဦးမြို့နယ်၊ ပင်းယျကျေးရွာရှိ နေဝန်း Star အမှတ်တံဆိပ်မြေပဲပွကြော် ရောင်းချသည့် လုပ်ငန်းရှင်အား ကုန်အညွှန်းအမှတ်အသားဖော်ပြမှုနှင့်ပတ်သက်၍ ဖေဖော်ဝါရီလ (၅)ရက်နေ့တွင် ကျောက်ဆည်ခရိုင် ၊ စားသုံးသူရေးရာဦးစီးဌာန ၊ ခရိုင်ဦးစီးမှူးရုံး၌ တွေ့ဆုံဆွေးနွေးခဲ့ပါသည် ။ ထိုသို့ တွေ့ဆုံရာတွင် ဦးဇော်မင်းလတ် (ဦးစီးအရာရှိ)က ပြောကြားရာတွင် နေဝန်းStar အမှတ်တံဆိပ် မြေပဲပွကြော် လုပ်ငန်းရှင်အား မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ထားသော ညွှန်ကြားချက်အမှတ်(၂/၂၀၁၉) နှင့်စားသုံးသူကာကွယ်ရေးဥပဒေပါ လုပ်ငန်းရှင်များ၏ တာဝန်များ နှင့် အခန်း၁၈ပါ စီးပွား‌‌ရေးလုပ်ငန်းရှင်များ လိုက်နာရမည့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း နှင့်ပတ်သက်၍ ပုဒ်မ(၄၁)ပါ အချက်အလက်များအား ရှင်းလင်းဆွေးနွေးခြင်း ၊ ၄င်းအချက်အလက် များမှ ပုဒ်မ(ခ)ရှိ ကုန်စည်၏ အမျိုးအမည် ၊ အရွယ်အစား ၊ အရေအတွက် နှင့် အသားတင်ပမာဏ ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊သုံးစွဲပုံနည်းလမ်းနှင့် ပုဒ်မ(ဆ)ရှိ ကျန်းမာရေးဆိုင်ရာဘေးထွက်ဆိုးကျိုး သို့မဟုတ် ဓါတ်မတည့်ကြောင်းဖော်ပြချက် နှင့် ကြိုတင်သတိပေးချက်တို့အား မြန်မာဘာသာဖြင့် ဖြစ်စေ ၊ မြန်မာဘာသာ နှင့် အခြားဘာသာတစ်ခု (သို့) တစ်ခုထက်ပို၍ တွဲလျှက်ဖြစ်စေ ၊ ပြည့်စုံစွာ ဖော်ပြရမည်ဖြစ်ပြီး စီးပွားရေးလုပ်ငန်းရှင်များဘက်မှလည်း ကုန်စည်အမျိုးအစားအလိုက် သတ်မှတ် ထားသည့် ဥပဒေညွှန်ကြားချက်များအား အထူးအလေးထား လိုက်နာဆောင်ရွက်သွားကြရန် ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)                                                                        

မင်းဘူးမြို့ပေါ်ရှိဆန်ဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့ပေါ်ရှိ ဆန်လက်လီ/ လက်ကားရောင်းချနေသောဆိုင်များသို့ ခရိုင်တာဝန်ခံ ဦးဇော်ထွန်းဦးနှင့် ဝန်ထမ်း()ဦး တို့သည် (..၂၀၂၆)ရက်နေ့၊ နံနက်(၁၁:၀၀)အချိန်တွင် မိတ်ဖက်ဌာနများဖြစ်သော ခရိုင်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူများနှင့်ပူးပေါင်း၍ စားသုံးသူ ပြည်သူများ ဝယ်ယူသုံးစွဲရာတွင် ဆန်ဈေးနှုန်းကြီးမြင့်မှုမရှိစေရေးနှင့် ပစ္စည်းမှန် ဈေးနှုန်း မှန်ကန်မှုရှိပြီး ဝယ်ယူသည့်ကုန်စည်သည် ပေးချေရသည့် တန်ဖိုးနှင့်အညီရရှိစေရန် ရည်ရွယ်၍ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

   ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် စွယ်တော်ဆန်ဆိုင်၊ သိန်းကမ္ဘာဆန်ဆိုင်နှင့် ဆန်းရတနာတင့်ဆန်ဆိုင်တို့တွင် ရောင်းချနေသော ရက်(၉၀) ဖန်သီး၊ မနော်သုခ၊ မြောင်းမြပေါ်ဆန်း၊ ဧရာပဒေသာ အစရှိသော ဆန်များ၏ ()အိတ်ဈေးနှုန်း၊ ()ပြည်ဈေးနှုန်း ရောင်းချနေသော လက်လီဈေးနှုန်းများ အား စစ်ဆေးခြင်း၊ ဆန်များအားဝယ်ယူသည့်ဒေသ၊ နေရာများ၊ ဝယ်ယူဈေးနှုန်းများအား စစ်ဆေးခဲ့ ကြပြီး ဆိုင်ရှင်များအား ဈေးကစားရန်အလို့ငှာ ဆန်များ သိုလှောင်ထားခြင်းမပြုရန် ဆန်များကို ဈေးနှုန်းအဆမတန်မြှင့်တင်ရောင်းချမှုမရှိစေရေး၊ အလေးချိန်နှင့် အချိန်အတွယ် မှန်ကန်မှုမရှိဘဲ ရောင်း ချခြင်းများကို စစ်ဆေးတွေ့ရှိခဲ့ပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေ၊ စားသုံးသူကာကွယ် ရေးဥပဒေများအရ အရေးယူခံရမည်ဖြစ်ကြောင်း အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

မြစ်ကြီးနားခရိုင်အတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခြင်း

   စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ ဦး‌ဇေယျာအောင်(ခရိုင်ဦးစီးမှူး) ဦးဆောင်၍ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစားသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနနှင့် စည်ပင်သာယာရေးအဖွဲ့ တို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် ၁၁ - ၂ -၂၀၂၆ ရက်နေ့တွင် မြစ်ကြီးနားမြို့၊ ရှမ်းစုမြောက်ရပ်ကွက်အတွင်းရှိ ကဖေးနှင့်အအေးမျိုးစုံရောင်းချသည့် လုပ်ငန်းရှင်နှင့်တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဋ္ဌာန်းချက် များ၊ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့်ကျင့်ဝတ်များနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ထိုသို့ဆွေးနွေးရာတွင် ဦးဇေယျာအောင်(ခရိုင်ဦးစီးမှူး)က စားသုံးသူကာကွယ်ရေး ပဒေအရ စီးပွားရေးလုပ်ငန်းရှင်၏ လိုက်နာရန်တာဝန်များ ကျင့်ဝတ်များအကြောင်း၊ မိမိ၏ကုန်စည် သို့မဟုတ် ဝန်ဆောင်မှု အပေါ်တာဝန်ရှိမှုအကြောင်း၊ ကုန်စည်/ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းအကြောင်း၊ မိမိ လုပ်ကိုင်ဆောင်ရွက်နေသည့် စီးပွားရေးသည် ဝန်ဆောင်မှုလုပ်ငန်းများပါရှိသည့်အတွက် စားသုံးသူက တောင်းဆိုနိုင်သည့် အခွင့်အရေးများအကြောင်း ၊ မိမိရောင်းကုန်ပစ္စည်းများသည် သန့်ရှင်းသပ်ရပ်မှုရှိရန်လို အပ်ကြောင်း၊ပေးချေရသည့်ဈေးနှုန်းနှင့် စားသုံးသူများ စိတ်ကျေနပ်မှုရှိရန်လိုအပ်ကြောင်း၊ စားသုံးသူပြည်သူ များ ဘေးဥပဒ်အန္တရာယ်မဖြစ်ရန်လိုအပ်ကြောင်း၊ သက်တမ်းကုန်ပစ္စည်းများ ရောင်းချခြင်းမပြုလုပ်ရန်လို အပ်ကြောင်း၊ ဈေးနှုန်းများအဆမတန်မြင့်တင်ရောင်းချခြင်း မပြုရန်လိုအပ်ကြောင်းတို့ကို အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကချင်)

မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်  ချောင်းဝရပ်ကွက် မူလတန်းကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲပြုလုပ်

          ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်တာဝန်ခံ ဒေါ်ဇင်မာသန်းနှင့် ဝန်ထမ်းများသည် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအဖွဲ့များနှင့် ပူးပေါင်း၍ (၄.၂.၂၀၂၆)ရက်နေ့ နံနက်(၁၁း၃၀)နာရီအချိန်တွင် အိမ်မဲမြို့နယ်၊ ချောင်းဝရပ်ကွက် မူလတန်းကျောင်း၌ ဆရာ/ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူများအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြော ဆောင်ရွက်ခဲ့ပါသည်။

      ထိုသို့ဟောပြောဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ အိမ်မဲမြို့နယ်တာဝန်ခံမှ မိတ်ဆက်စကားပြောကြားပြီး စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ ဌာနမှလက်ရှိဆောင်ရွက်နေသော လုပ်ငန်းတာဝန်များ ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များအား ဦးစွာရှင်းလင်းပြောကြားခဲ့ပါသည်။ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ ပါ ပြဌာန်းချက်များမှ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ စားသုံးသူများဘေးအန္တရာယ် ကင်းရှင်းစေရေးအတွက် စားသုံးရန်မသင့်သောအစားအစာများ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ကုန်အညွှန်းပြည့်စုံစွာ ထည့်သွင်းဖော်ပြ၍ ထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် ကုန်ပစ္စည်းများကိုသာ ဝယ်ယူစားသောက်အသုံးပြုတတ်ရန်၊ အသင့်စားမုန့်ထုတ်များတွင် မြန်မာစာဖြင့်ရေးသားဖော်ပြထားသော မုန့်ထုတ်များအားရွေးချယ်ဝယ်ယူတတ်စေရန်နှင့် စားသုံးသူများနစ်နာဆုံးရှုံးမှုရှိလျှင် နည်းလမ်းများအား အသေးစိတ်ဟောပြောဆွေးနွေးခဲ့ပါသည်၊ ထို့နောက်ကျောင်း မုန့်ဈေးတန်းတွင် ရောင်းချနေသော ဆိုင်ရှင်များအား စားသုံးရန်မသင့်သောအစားအသောက်များ၊ သက်တမ်းလွန်မုန့်များ၊ ကုန်အညွှန်းအမှတ်အသားမပြည့်စုံသော အစားအသောက်များ ဝယ်ယူရောင်းချခြင်းမပြုရန် ဆွေးနွေးမှာကြားခဲ့ပါသည်၊ စားသုံးသူအသိပညာပေးဟောပြောပွဲသို့ ဆရာ/ ဆရာမ၊ ကျောင်းသားကျောင်းသူ (၈၅)ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ