Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

  အောင်ဓူဝံရပ်ကွက်ရှိ စိန်ရတနာဆန်နှင့်ဆီအရောင်းဆိုင်သို့ စစ်ဆေးခြင်း

              မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ အောင်ဓူဝံရပ်ကွက်၊ ၃၅လမ်း၊၈၆လမ်း နှင့် ၈၇လမ်းကြားရှိ စိန်ရတနာဆန်နှင့်ဆီရောင်းချသည့် ဆိုင်သို့ သွားရောက်၍ မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်း၊ မန္တလေးတိုင်းဒေသကြီး(အသင်းခွဲ)၏ အရောင်းအဝယ်ဖြစ်သည့် ဆန်စျေးကွက်စျေးနှုန်းများ သတ်မှတ်ချက်ထက် ဆန်စျေးနှုန်းပိုမို ရောင်းချခြင်းရှိမရှိနှင့် ဆန် လက်ကျန်အခြေအနေများအား ပူးပေါင်းအဖွဲ့များဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ အဆိုပါ ကွင်းဆင်းစစ်ဆေးရေးအဖွဲ့တွင်မဟာအောင်မြေမြို့နယ်၊အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊မန္တလေးတိုင်းဒေသကြီးဆန်စပါးကုန်သည်များအသင်း၊ဥက္ကဌဦးကျော်မင်းဌေးနှင့်အတူစားသုံးသူရေးရာဦးစီးဌာန၊မန္တလေးတိုင်း ဒေသကြီးဦးစီးမှူးရုံး၊ ဒုတိယတိုင်းဒေသကြီးဦးစီးမှူးဦးဇော်လွင်နှင့် ဦးစီးအရာရှိဒေါ်ယဉ်ယဉ်ရွှေတို့ပါဝင်ပြီး၊ မဟာအောင်မြေ မြို့နယ်အတွင်း ဆန်ရောင်းချသည့်ဆိုင်များအနေဖြင့် ရွှေဘိုပေါ်ဆန်းနှင့် အခြားဆန်အမျိုးအစား စျေးနှုန်းများ သင့်တင်မျှတသောစျေးထက် ပိုမိုရောင်းချခြင်းမရှိစေရေး ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်း သိရှိရပါသည်။  

DOCA(မန္တလေး)

                                                                               

T93 Fashion online sale အား မှတ်ပုံတင်မြေပြင်စစ်ဆေးခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံးမှ စစ်ဆေးရေးအရာရှိ ဦးသိန်းထွန်နှင့် ဝန်ထမ်းများသည် အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများ မှတ်ပုံတင်လက်မှတ်စိစစ်ထုတ် ပေးခြင်း၊မြေပြင်လုပ်ငန်းနှင့်မှတ်ပုံတင်ထားရှိမှု ကိုက်ညီမှုရှိ/ မရှိ၊ လုပ်ငန်းလိပ်စာ မှန်ကန်မှုရှိ/ မရှိကို (၁၈.၁၀.၂၀၂၅) ရက်နေ့၊ နေ့လယ်(၁၃:၃၀)နာရီအချိန်တွင် T93 Fashion Online Sale လုပ်ငန်းအား ဘုမ္မာ (၃)လမ်း၊ (ဈ)ရပ်ကွက်၊ မြောက်ဥက္ကလာပမြို့နယ်သို့သွား ရောက်၍ Online Sale မှတ်ပုံတင်မြေပြင်စစ်ဆေးခြင်းဆိုင်ရာ အချက်အလက်များ ကိုက်ညီမှု ရှိ/ မရှိကို စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

          ကွင်းဆင်းစစ်ဆေးရာတွင် စစ်ဆေးရေးအရာရှိက လုပ်ငန်းရှင်များကိုဆွေးနွေးရာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေနဲ့ စားသုံးသူများကို အကာအကွယ်ပေးရန်နှင့် e-Commerce လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရန် အွန်လိုင်းစနစ်နဲ့ ရောင်းချခြင်းလုပ်ငန်းများကို အရေးကြီးကုန်စည်ဝန်ဆောင်မှုအဖြစ်သတ်မှတ်ပြီး အွန်လိုင်းစနစ်ရောင်းချခြင်းလုပ်ငန်းနှင့်ပတ်သက်၍ မြေပြင်စစ်ဆေးရမည့် အချက်(၁၈)ချက်နှင့် ကိုက်ညီမှုရှိ/ မရှိတို့ကို မြေပြင်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

မဟာအောင်မြေမြို့နယ်၊  ၃၈လမ်းရှိ ထူးရှယ်ဆန်နှင့်ဆီအရောင်းဆိုင်သို့ စစ်ဆေးခြင်း

                    မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်ရှိ ထူးရှယ်ဆန်နှင့်ဆီရောင်းချ သည့်ဆိုင် သို့ သွားရောက်၍ မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်း၊ မန္တလေးတိုင်းဒေသကြီး (အသင်းခွဲ) ၏ အရောင်းအဝယ်ဖြစ်သည့် ဆန်စျေးကွက်စျေးနှုန်းများ သတ်မှတ်ချက်ထက် ဆန်စျေးနှုန်းပိုမို ရောင်းချခြင်းရှိမရှိနှင့် ဆန်လက်ကျန်အခြေအနေများအား ပူးပေါင်းအဖွဲ့များဖြင့် ကွင်းဆင်း စစ်ဆေးခဲ့ပါသည်။ အဆိုပါကွင်းဆင်းစစ်ဆေးရေးအဖွဲ့တွင် မဟာအောင်မြေမြို့နယ်၊အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊မန္တလေးတိုင်းဒေသကြီးဆန်စပါးကုန်သည် များအသင်း၊ ဥက္ကဌဦးကျော်မင်းဌေးနှင့်အတူ စားသုံးသူရေးရာ ဦးစီးဌာန၊မန္တလေးတိုင်း ဒေသကြီး ဦးစီးမှူးရုံး၊  ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဦးဇော်လွင်နှင့် ဦးစီးအရာရှိ ဒေါ်ယဉ်ယဉ်ရွှေတို့ ပါဝင် ပြီး၊ မဟာအောင်မြေမြို့နယ်အတွင်း ဆန်ရောင်းချသည့်ဆိုင်များအနေဖြင့် ရွှေဘိုပေါ်ဆန်းနှင့် အခြားဆန်အမျိုးအစားစျေးနှုန်းများ သင့်တင်မျှတသောစျေးထက် ပိုမိုရောင်းချခြင်းမရှိစေရေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။                                                                          DOCA(မန္တလေး)

ရတနာဘုမ္မိအနောက်ရပ်ကွက်ရှိ ရွှေပြည့်စုံဆန်ဆိုင်သို့ စစ်ဆေးခြင်း

        မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ရတနာဘုမ္မိအနောက်ရပ်ကွက်၊ ၈၅ လမ်း၊ ၃၆လမ်းနှင့်၃၇လမ်းကြားရှိ ရွှေပြည့်စုံဆန်ရောင်းချသည့်ဆိုင်သို့ သွားရောက်၍ မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်း၊မန္တလေးတိုင်းဒေသကြီး(အသင်းခွဲ)၏အရောင်းအဝယ်ဖြစ်သည့်ဆန်စျေးကွက်စျေးနှုန်းများသတ်မှတ်ချက်ထက်ဆန်စျေးနှုန်းပိုမို ရောင်း ချခြင်းရှိမရှိနှင့် ဆန်လက်ကျန်အခြေအနေများအားပူးပေါင်းအဖွဲ့များဖြင့်ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။အဆိုပါကွင်းဆင်းစစ်ဆေးရေးအဖွဲ့တွင် မဟာအောင်မြေမြို့နယ်၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊မြို့နယ်စည်ပင် သာယာရေး အဖွဲ့၊မန္တလေးတိုင်းဒေသကြီးဆန်စပါးကုန်သည် များအသင်း၊ ဥက္ကဌဦးကျော်မင်းဌေး နှင့်အတူ စားသုံးသူရေးရာ ဦးစီးဌာန၊မန္တလေးတိုင်း ဒေသကြီး ဦးစီးမှူးရုံး၊ ဒုတိယတိုင်းဒေသကြီး ဦးစီးမှူးဦးဇော်လွင်နှင့် ဦးစီးအရာရှိ ဒေါ်ယဉ်ယဉ်ရွှေတို့ ပါဝင် ပြီး၊ မဟာအောင်မြေမြို့နယ်အတွင်း ဆန်ရောင်းချသည့်ဆိုင်များအနေဖြင့် ရွှေဘိုပေါ်ဆန်းနှင့် အခြားဆန်အမျိုးအစား စျေးနှုန်းများသင့်တင်မျှတသောစျေးထက် ပိုမိုရောင်းချခြင်းမရှိစေရေး ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်း သိရှိရပါသည်။ DOCA(မန္တလေး)

Online မှတ်ပုံတင်လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ မြေပြင်စစ်ဆေးခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံးမှ စစ်ဆေးရေးအရာရှိ ဦးသိန်းထွန်းနှင့် ဝန်ထမ်းများသည်(၁၈.၁၁.၂၀၂၅)ရက်နေ့၊ နေ့လယ်(၁၄:၅၀)နာရီအချိန်တွင် SMS Baby Store   မှ ကလေးအသုံးအဆောင်ပစ္စည်းများအား သုမိတ္တာ(၁၆)လမ်း၊  (၁)ရပ်ကွက်၊ မြောက်ဥက္ကလာပ မြို့နယ်သို့သွားရောက်၍ OnlineSale မှတ်ပုံတင်မြေပြင်စစ်ဆေးခြင်းဆိုင်ရာအချက်အလက်များ ကိုက်ညီမှုရှိ/ မရှိကိုစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

              ကွင်းဆင်းစစ်ဆေးရာတွင် စစ်ဆေးရေးအရာရှိက အွန်လိုင်းစနစ်နဲ့ ရောင်းချခြင်းလုပ်ငန်းနှင့် ပတ်သက်၍ မြေပြင်စစ်ဆေးရမည့် အချက်(၁၈) ချက်နှင့် ကိုက်ညီမှုရှိ/ မရှိ စစ်ဆေးခြင်းနှင့် အွန်လိုင်းစနစ်နှင့်ရောင်းချခြင်းလုပ်ငန်းလုပ်ကိုင်ခြင်းကို အရေးကြီးကုန်စည်ဝန်ဆောင်မှုဥပဒေအဖြစ် သတ်မှတ်ထားခြင်းဖြစ်ကြောင်းနှင့် စီးပွားရေးလုပ်ငန်းရှင်အား စားသုံးသူကာကွယ်ရေးဥပ‌ဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များအတိုင်း လိုက်နာဆောင်ရွက်စေလိုကြောင်း အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

မဟာအောင်မြေမြို့နယ်ရှိ ယုဇနဆန်ဆိုင်သို့ ကွင်းဆင်းစစ်ဆေးခြင်း

           မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ ရတနာဘုမ္မိအနောက်ရပ်ကွက်၊ ၈၅ လမ်း၊ ၃၆လမ်းနှင့် ၃၇လမ်းရှိ ယုဇနဆန်ရောင်းချသည့်ဆိုင်သို့ သွားရောက်၍ မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်း၊ မန္တလေးတိုင်းဒေသကြီး(အသင်းခွဲ)၏ အရောင်းအဝယ်ဖြစ်သည့် ဆန်စျေးကွက်စျေးနှုန်းများ သတ်မှတ်ချက်ထက် ဆန်စျေးနှုန်းပိုမို ရောင်းချခြင်းရှိမရှိနှင့် ဆန် လက်ကျန်အခြေအနေများအား ပူးပေါင်းအဖွဲ့များဖြင့် ကွင်းဆင်း စစ်ဆေးခဲ့ပါသည်။ အဆိုပါကွင်း ဆင်းစစ်ဆေးရေးအဖွဲ့တွင် မဟာအောင်မြေမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊မန္တလေးတိုင်းဒေသကြီးဆန်စပါးကုန်သည်များအသင်း၊ဥက္ကဌဦးကျော်မင်းဌေးနှင့်အတူစားသုံးသူရေးရာဦးစီးဌာန၊မန္တလေး တိုင်း ဒေသကြီးဦးစီးမှူးရုံး၊  ဒုတိယ တိုင်းဒေသကြီးဦးစီးမှူးဦးဇော်လွင်နှင့် ဦးစီးအရာရှိ ဒေါ်ယဉ်ယဉ်ရွှေတို့ ပါဝင်ပြီး၊ မဟာအောင်မြေ မြို့နယ်အတွင်း ဆန်ရောင်းချသည့်ဆိုင်များအနေဖြင့် ရွှေဘိုပေါ်ဆန်းနှင့် အခြားဆန်အမျိုးအစား စျေးနှုန်းများ သင့်တင်မျှတသောစျေးထက် ပိုမိုရောင်းချခြင်းမရှိစေရေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။ 

DOCA(မန္တလေး)

                                                                               

ဘေဘီဂျီနယပ် ကလေးအဝတ်အထည်ပင်ရင်း Online Shop အား Online မှတ်ပုံတင်မြေပြင်စစ်ဆေးခြင်း

         စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံးမှ စစ်ဆေးရေးအရာရှိ ဦးသိန်းထွန်းနှင့် ဝန်ထမ်းများသည် အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းများ မှတ်ပုံတင်လက်မှတ်စိစစ် ထုတ်ပေးခြင်း၊ မြေပြင်လုပ်ငန်းနှင့်မှတ်ပုံတင်ထားမှု ကိုက်ညီမှုရှိ/ မရှိ၊ လုပ်ငန်းလိပ်စာမှန်ကန်မှုရှိ/ ရှိကို (၁၈.၁၁.၂၀၂၅) ရက်နေ့ ၊နံနက်(၁၂း၀၀)နာရီအချိန်တွင်  ဗိုလ်မိုးကြိုးလမ်း၊ (၉)ရပ်ကွက်၊ အရှေ့ဒဂုံမြို့နယ်သို့သွားရောက်၍ “ဘေဘီဂျီနယပ်ကလေးအဝတ်အထည်ပင်ရင်း” Online Shop  မှ အဝတ်အထည်နှင့်ဆက်စပ်ပစ္စည်းများအား Online မှတ်ပုံတင်မြေပြင်စစ်ဆေးခဲ့ကြောင်းသိရှိ ရပါသည်။

               ကွင်းဆင်းစစ်ဆေးရာတွင် စစ်ဆေးရေးအရာရှိက အွန်လိုင်းစနစ်နဲ့ရောင်းချခြင်း လုပ်ငန်းနှင့်ပတ်သက်၍ မြေပြင်စစ်ဆေးရမည့်အချက်(၁၈) ချက်နှင့် ကိုက်ညီမှုရှိ/ မရှိ စစ်ဆေး ခြင်းနှင့်အွန်လိုင်းစနစ်နဲ့ ရောင်းချခြင်းလုပ်ငန်းလုပ်ကိုင်ခြင်းကို အရေးကြီးကုန်စည်ဝန်ဆောင်မှု ဥပဒေအဖြစ်သတ်မှတ်ထားကြောင်း မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

“ ပြင်ဦးလွင်မြို့ရှိ မုန့်နှင့်ယိုမျိုးစုံလုပ်ငန်းရှင်များအား အသိပညာပေးဟောပြော”

   ပြင်ဦးလွင်ခရိုင် ၊ စားသုံးသူရေးရာဦးစီးဌာနမှ ဦးသက်လွင်ထူး (ဦးစီးအရာရှိ)သည်  အောက်တိုဘာလ(၁၅)ရက်နေ့၊ နံနက်(၉:၃၀)နာရီအချိန်တွင် ပြင်ဦးလွင်မြို့ ၊ အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာနရုံးတွင် စားသုံးသူရေးရာဦးစီးဌာန နှင့် အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနတို့ပူးပေါင်းပြီး မုန့်နှင့်ယိုမျိုးစုံလုပ်ငန်းရှင်များနှင့်တွေ့ဆုံပြီး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါသည် ။ အဆိုပါ တွေ့ဆုံပွဲတွင် စားသုံးသူရေးရာဦးစီးဌာနမှ ဦးသက်လွင်ထူးက ပြောကြားရာတွင် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြချက် များ၊ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင် ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)ပါ စားသုံးသူ ကာကွယ်ရေးဥပဒေ ပုဒ်မ(၄၃)အရ စီးပွားရေးလုပ်ငန်းရှင်များအား ကုန်အညွှန်းအမှတ်အသားဖော်ပြ ခြင်းနှင့်စပ်လျဉ်း၍ မြန်မာဘာသာဖြင့်ဖြစ်စေ ၊ မြန်မာဘာသာနှင့်အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ပြည့်စုံစွာ ဖော်ပြထားရှိရန် ၊ လုပ်ငန်းရှင်များမှ စားသုံးသူများဘေးအန္တရာယ် ကင်းရှင်းစေရေး အလေးထားဆောင်ရွန်ရန် နှင့် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၀)အရ စီးပွားရေးလုပ်ငန်းရှင်တာဝန်များကို အလေးထားလိုက်နာဆောင်ရွက်သွားရန် ဆွေးနွေးခဲ့ပါသည်။ အဆိုပါ အသိပညာပေးဟောပြောဆွေးနွေးပွဲတွင် လုပ်ငန်းရှင်(၂၅)ဦး တက်ရောက်ခဲ့ကြောင်း တက်ရောက်လာသူများအား လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တ‌လေး)

 

“ မြစ်သားမြို့နယ်၊ကူမဲမြို့ရှိ မိဘမေတ္တာ စားသုံးဆီအရောင်းဆိုင်အားကွင်းဆင်း”

   ကျောက်ဆည်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးအရာရှိများသည် အောက်တိုဘာလ (၁၅)ရက်နေ့တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ နှင့် ပူးပေါင်း၍ မြစ်သားမြို့နယ်၊ ကူမဲမြို့ရှိ မိဘမေတ္တာ စားသုံးဆီအရောင်းဆိုင်သို့သွားရောက်ပြီး စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်း များဆောင်ရွက်ခဲ့ပါသည်။ထိုသို့စစ်ဆေးရာတွင်ဆီဆိုင်များအနေဖြင့်စီးပွား‌ရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်အမှတ်(၁/၂၀၂၁)အား လိုက်နာရမည်ဖြစ် ကြောင်း ၊ ပဲဆီ ၊ နေကြာဆီ ၊ နှမ်းဆီ နှင့် ဟင်းသီးဟင်းရွက် ဆီများအား Packaging ဘူးများဖြင့်ရောင်းချရာတွင် ပင်ရင်းပါဝင်ပစ္စည်းကို အခြေခံသော ကုန်စည်၏ အမျိုးအမည်ကို တိကျစွာ မြန်မာဘာသာဖြင့် ဖော်ပြရမည်ဖြစ်ကြောင်း ၊ ဥပမာ အနေဖြင့် ဟင်းသီးဟင်းရွက်ဆီ (စားအုန်းဆီ) ၊ ဟင်းသီးဟင်းရွက်ဆီ (အဆင့်မြင့်စားအုန်းဆီ)ဟု ဖော်ပြရမည်ဖြစ်ပြီး ကုန်စည်၏ အသားတင်ပမာဏ နှင့် အရွယ်အစားတို့ကို မြန်မာအလေးချိန် ယူနစ်ဖြစ်သော ပိဿာ ၊ ကျပ်သားအား မြန်မာဘာသာဖြင့် ဖော်ပြရမည်ဖြစ်ကြောင်း ၊ နိုင်ငံတော်မှ သတ်မှတ်ပေးသည့် ရည်ညွှန်းစျေးဖြင့် ရောင်းချသည့် ဆီဆိုင်များအနေဖြင့် ခွဲတမ်းရရှိသော စားအုန်းဆီများကို ရည်ညွှန်းစျေး ၊ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များ ပေါင်းပြီး ၂ ရာခိုင်နှုန်း အထက် ပိုပြီးရောင်းချခြင်း မရှိရန် လိုအပ်ကြောင်း ၊ ထိုသို့ရောင်းချရာတွင် ဆီအရည်အသွေး ၊ အလေးချိန် ပြည့်ဝအောင်ရောင်းချရန် ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)

 

“ကျောက်ဆည်မြို့ရှိ ပြည့်စုံအောင်စားသုံးဆီအရောင်းဆိုင်အားကွင်းဆင်း”

   ကျောက်ဆည်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးအရာရှိများသည် အောက်တိုဘာလ (၁၅)ရက်နေ့တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ နှင့် ပူးပေါင်း၍ ကျောက်ဆည်မြို့၊ အေးမြကြည်လင်စျေးရှိ ပြည့်စုံအောင် စားသုံးဆီအရောင်းဆိုင်သို့သွားရောက်ပြီး စျေးကွက် စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည် ။ ထိုသို့စစ်ဆေးရာတွင် ဆီဆိုင်များ အနေဖြင့်စီးပွား‌ရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက် အမှတ်(၁/၂၀၂၁)အား လိုက်နာရမည်ဖြစ်ကြောင်း ၊ ပဲဆီ ၊ နေကြာဆီ ၊ နှမ်းဆီ နှင့် ဟင်းသီးဟင်းရွက် ဆီများအား Packaging ဘူးများဖြင့်ရောင်းချရာတွင် ပင်ရင်းပါဝင်ပစ္စည်းကို အခြေခံသော ကုန်စည်၏ အမျိုးအမည်ကို တိကျစွာ မြန်မာဘာသာဖြင့် ဖော်ပြရမည်ဖြစ်ကြောင်း ၊ ဥပမာ အနေဖြင့် ဟင်းသီးဟင်းရွက်ဆီ(စားအုန်းဆီ)၊ ဟင်းသီးဟင်းရွက်ဆီ (အဆင့်မြင့်စားအုန်းဆီ)ဟု ဖော်ပြရမည်ဖြစ်ပြီး ကုန်စည်၏အသားတင်ပမာဏ နှင့် အရွယ်အစားတို့ကို မြန်မာအလေးချိန် ယူနစ်ဖြစ်သော ပိဿာ ၊ ကျပ်သားအား မြန်မာဘာသာဖြင့် ဖော်ပြရမည်ဖြစ်ကြောင်း ၊ နိုင်ငံတော်မှ သတ်မှတ်ပေးသည့် ရည်ညွှန်းစျေးဖြင့် ရောင်းချသည့် ဆီဆိုင်များအနေဖြင့် ခွဲတမ်းရရှိသော စားအုန်းဆီများကို ရည်ညွှန်းစျေး ၊ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များ ပေါင်းပြီး ၂ ရာခိုင်နှုန်း အထက် ပိုပြီးရောင်းချခြင်းမရှိရန် လိုအပ်ကြောင်း ၊ ထိုသို့ရောင်းချရာတွင် ဆီအရည်အသွေး ၊ အလေးချိန် ပြည့်ဝအောင်ရောင်းချရန် ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တ‌လေး)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ