Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

အ.လ.က မြင်းတဲကျောင်းတွင်  လူငယ်ရေးရာအသိပညာပေး ဟောပြော

          ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဇလွန်မြို့နယ်တာဝန်ခံသည် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာန၊  အခြေခံ ပညာဦးစီးဌာနတို့နှင့် ပူးပေါင်း၍ (၁၈.၆.၂၀၂၆)နေ့ နံနက် (၀၉:၃၀) နာရီအချိန်တွင် ဇလွန်မြို့၊ မြင်းတဲကျေးရွာရှိ အခြေခံပညာအလယ်တန်းကျောင်းတွင်  ကျောင်းသား/ ကျောင်းသူ (၁၄၀) ဦးအား လူငယ်ရေးရာ အသိပညာပေး ဟောပြောခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

         အဆိုပါဟောပြောပွဲတွင် မြို့နယ်တာဝန်ခံ ဦးသန့်ဇင်ဦးက အစားအသောက်များတွင် ပါဝင်သော ဓါတုဆိုးဆေး၏ဆိုးကျိုးများအကြောင်း၊ မြန်မာဘာသာဖြင့် ကုန်အညွှန်းဖော်ပြထားခြင်းမရှိသော အစားအသောက်များနှင့် လူသုံးကုန်ပစ္စည်းများ ဝယ်ယူအသုံးပြုရာတွင် သတိပြုလိုက်နာဆောင်ရွက်ရမည့်အချက်များ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့်တာဝန်များအကြောင်း၊ ဝယ်ယူအသုံးပြုခဲ့သော ကုန်စည်နှင့်ဝန်ဆောင်မှုများကြောင့် နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက ပြောဆိုတင်ပြတိုင်ကြားခွင့်နှင့် ပြန်လည်ကုစားနိုင်ခွင့်များအကြောင်းကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ပြီး၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးက စာပေ၏ အကျိုးကျေးဇူးများအကြောင်း သိကောင်းစရာများအားလည်းကောင်း အသီးသီး ရှင်းလင်းဆွေးနွေးခဲ့ပြီး နံနက်(၁၁:၀၀) နာရီအချိန်တွင် ဟောပြောပွဲကို ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

မြင်းခြံမြို့၊အမှတ်(၇)ရပ်ကွက်အတွင်းရှိ ကုန်စုံဆိုင်သို့ ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခြင်း

            မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဦးဝင်းထွန်းဦး(ဦးစီးမှူး)နှင့် ဝန်ထမ်းများသည် ၁၅-၆-၂၀၂၆ ရက်နေ့၊ နံနက် ၁၁:၀၀နာရီ အချိန်တွင် အမှတ်(၇)ရပ်ကွက်အတွင်းရှိ ဦးစန်းလွင်+ဒေါ်ခင်အေးငြိမ်းတို့၏ ကုန်မျိုးစုံရောင်းဝယ်ရေးသို့ သွားရောက်၍ ရောင်းချလျက်ရှိသော ကုန်ပစ္စည်းများနှင့်မုန့်မျိုးစုံများတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာ ဖော်ပြပါဝင်ခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။ စားသုံးသူပြည်သူများ ကုန်အညွှန်းအမှတ် အသားပြည့်စုံသော ကုန်စည်များကို စိတ်ချစွာဝယ်ယူစားသုံးကြစေရန်၊ စားသုံးသူများ ဘေးအန္တရာယ် ကင်းရှင်းစေရန်၊ စိတ်ကျေနပ်မှုရှိစေရန်၊ အရည်အသွေးကောင်းပြီး အာမခံချက်ပေးနိုင်သည့် ကုန်စည်နှင့် ဝန်ဆောင်မှုများအား ရွေးချယ်သုံးစွဲနိုင်ရန်၊ တိကျမှန်ကန်ရှင်းလင်းသော သတင်းအချက်အလက်များ သိရှိစေရန်နှင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည်များကို ထုတ်လုပ်ဖြန့်ဖြူးရောင်းချလျှင် ကုန်အညွှန်းအမှတ် အသားများအား မြန်မာဘာသာဖြင့်ဖော်ပြသော ကုန်စည်များကိုသာ ရောင်းချရန်၊ စားသုံးသူကာကွယ်ရေးဥပဒေအား သိရှိလိုက်နာဆောင်ရွက်ရန် အသိပညာပေးခြင်း၊ ကုန်စည်အမျိုး အစားအလိုက် သတ်မှတ်ချက်များနှင့်အညီ ပြည့်စုံစွာဖော်ပြခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပြီး လက်ကမ်း စာစောင်များလည်း ဖြန့်ဝေခဲ့ကြောင်း သိရသည်။DOCA(မန္တလေး)

စားသုံးဆီဖြန့်ဖြူးကြီးကြပ်ရေးအဖွဲ့မှ အိမ်ထောင်စုအလိုက် ဆီဖြန့်ဖြူးရောင်းချနေမှုအား ကွင်းဆင်းစစ်ဆေးခြင်း

       စားသုံးသူရေးရာဦးစီးဌာန၊မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ် စားသုံးဆီဖြန့်ဖြူးကြီးကြပ် ရေးအဖွဲ့သည် (၁၉.၆.၂၀၂၆)ရက်နေ့ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် အင်္ဂပူမြို့နယ် ရှမ်း​ခေါင်းဗြဲကျေးရွာအုပ်စုအတွင်းရှိ အိမ်ထောင်စု (၄၀၀)အား စားအုန်းဆီဝယ်ယူခွင့်စာအုပ်ဖြင့် ဆီဝယ်ယူရာတွင် တစ်လရရှိမှု အကြိမ်ရေ၊ ဈေးနှုန်း၊ အလေးချိန်အပြည့်အဝရရှိမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

       ထိုသို့ကွင်းဆင်းရာတွင် မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်အတွင်း ခွဲတမ်းရ စားသုံးဆီ ကုန်စုံဆိုင်လုပ်ငန်းရှင်များအနေဖြင့် စားအုန်းဆီရောင်းချရာတွင် ရပ်ကွက်၊ကျေးရွာနေပြည်သူများအား နှံ့နှံ့စပ်စပ်ရောင်းချပေးရန်၊ ဆီရောင်းချရာတွင်လည်း Daily စာရင်းများပြုစုထားရှိပြီး သတ်မှတ်ရည်ညွှန်းဈေးထက်မပိုပဲ မှန်မှန်ကန်ကန်ရောင်းချရန်၊ ဆိုင်များတွင် သတ်မှတ်ရည်ညွှန်းဈေး ရေးသားထားသည့် ဗွီနိုင်းများကို ချိတ်ဆွဲထား၍ရောင်းချရန် စိစစ်ခဲ့ပြီး၊ စားသုံးဆီလက်လီ/ လက္ကားဖြန့်ဖြူး ရောင်းချရာတွင် သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့်သာ ရောင်းချလျက်ရှိပြီး အင်္ဂပူမြို့နယ် ရှမ်း​ခေါင်းဗြဲကျေးရွာအုပ်စုအတွင်းရှိ အိမ်ထောင်စု(၄၀၀)အား စားအုန်းဆီ ပိဿာ(၂၀၀) သတ်မှတ်ရည်ညွှန်းစျေး ဖြင့်ရောင်းချမှုအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။   

DOCA (ဧရာဝတီ)

ဟင်္သာတခရိုင်ရှိ MyRo တွင် ဆန်စက်သိုလှောင်ရုံများရှိ စပါး/ဆန်လက်ကျန် အခြေအနေများအား မြေပြင်စိစစ်ကောက်ယူခြင်း

       စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်ရှိ ဆန်သိုလှောင်ရုံများအား  (၁၉.၆.၂၀၂၆)နေ့ နံနက် (၀၈:၃၀) နာရီအချိန်မှစ၍ ဇလွန်မြို့နယ်ဆန်စက်များ၊ သိုလှောင်ရုံများအား Myro မှတ်ပုံတင်သက်တမ်းများတိုးရန်နှင့် လစဉ်လဆန်း(၁)ရက်မှ(၁၀)ရက်အတွင်း ဆန်စပါးကုန်ရ၊ ကုန်ထုတ်၊ လက်ကျန်များဖြည့်သွင်းကြရန် ကွင်းဆင်းအသိပေးဆောင်ရွက်မှုပြုလုပ်ခဲ့ကြောင်း သိရသည်။

           ထိုသို့ကွင်းဆင်းရာတွင် MyRo တွင် မှတ်ပုံတင်ထားပြီးသည့်    ဆန်စပါးသိုလှောင်ရုံလုပ်ငန်းရှင်များအနေဖြင့်  ကုန်ရ၊ ကုန်ထုတ်၊  ကုန်လက်ကျန် စာရင်းများအား လစဉ် လဆန်း ၁ရက်နေ့ မှ  ၇ ရက်နေ့ အတွင်း Update ဖြည့်သွင်းနိုင်ရေးနှင့် မှတ်ပုံတင်သက်တမ်း တစ်နှစ်ပြည့်မြောက်ပြီးပါက သက်တမ်းတိုးနိုင်ရေးနှင့် ဆန်စပါးလက်ကျန်အခြေအနေများအား ဆွေးနွေးခဲ့ပြီး၊ ဇလွန်မြို့နယ်အတွင်းရှိ ဆန်ဆိုင်များတွင် ရောင်းချနေသော ဆန်များသည် ရက်(၉၀)၊ ရွှေဘိုပေါ်ဆန်း၊ ဧည့်မထ၊ ဆင်းသွယ်(ရှယ်)ဆန်များကို ဒေသတွင်းထွက်ရှိမှုမှ အများဆုံးဝယ်ယူရောင်းချလျက်ရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့ရာ ဆန်ရောင်းချမှုမှာလည်း ပုံမှန်အတိုင်းရှိပြီး ဆန်သိုလှောင်မှု အိတ်အရေအတွက် များစွာမရှိပဲ ပုံမှန်ဖြန့်ဖြူး ရောင်းချလျက်ရှိကြောင်း ဆန်ဈေးနှုန်းကြီးမြှင့်မှုမဖြစ်ပေါ်စေရေးအတွက် ဈေးကစားရန်အလို့ငှာဆန်များ သိုလှောင်ထားခြင်းမပြုရန် လိုက်နာမှုမရှိပါက ဥပဒေအရ အရေးယူခံရမှာဖြစ်ကြောင်း အသိပညာပေး ပြောကြားခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

 DOCA (ဧရာဝတီ)

ကွန်ပျုတာတက္ကသိုလ်(ဟင်္သာတ)တွင် စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း အသိပညာပေး

         ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ် တာငါးဆယ်(တ)ရပ်ကွက်ရှိ ကွန်ပျုတာတက္ကသိုလ်ခန်းမ၌ ကျောင်းသား/ ကျောင်းသူနှင့် ဆရာ/ဆရာမ(၂၅၀)ဦးအား (၁၈.၆.၂၀၂၆)နေ့ နေ့လယ် (၁၄:၀၀) နာရီအချိန်တွင်  စားသုံးသူရေးရာဦးစီးဌာနမှ  ဟင်္သာတခရိုင်ဦးစီးမှူး၊ ဒု-ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် စားသုံးသူကာကွယ်ရေး ဥပဒေအကြောင်းအသိပညာပေး ဟောပြောခြင်းနှင့် စားသုံးသူအသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

         အဆိုပါဟောပြောပွဲတွင် ပထမဦးစွာ ကွန်ပျုတာတက္ကသိုလ်ဆရာကြီးမှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး၊  စားသုံးသူရေးရာဦးစီးဌာန ဟင်္သာတခရိုင်ဦးစီးမှူး ဦးဇော်မင်းက ဝယ်ယူအသုံးပြုခဲ့သော ကုန်စည်နှင့် ဝန်ဆောင်မှုများကြောင့် နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက ဖြေရှင်းဆောင်ရွက်ပေးလျက်ရှိသော စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ (Consumer Information and Complaint Center) CICC ဖွင့်လှစ်ထားရှိ၍ ဖြေရှင်းဆောင်ရွက်မှု  အခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့ပြီး၊ ဒု-ခရိုင်ဦးစီးမှူး ဦးမောင်မောင်မြတ်ခိုင်က  စားသုံးသူရေးရာဦးစီးဌာန၏ နှစ်စဉ် မတ်လ(၁၅)ရက်နေ့တွင် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ် အကြောင်း၊  စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ၏အဓိပ္ပါယ်ဖွင့်ဆိုချက်၊ စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ စားသုံးသူများလိုက်နာဆောင်ရွက်ရမည့်  တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင် များ၏တာဝန်များအကြောင်း၊ Consumer Call Center 1535 သို့ ဆက်သွယ်တိုင်ကြားနိုင်ကြောင်း ကို လည်းကောင်း အကျယ်တဝင့်ရှင်းလင်းဆွေးနွေးခဲ့ပြီး၊ တက်ရောက်လာသူ ကျောင်းသား/ ကျောင်းသူ၊ ဆရာ/ ဆရာမ (၂၅၀)ဦးအား စားသုံးသူအသိပညာပေး လက်ကမ်းစာစောင်များအား ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

 DOCA (ဧရာဝတီ)

ဟင်္သာတမြို့နယ်အတွင်းရှိ စိုက်ပျိုးရေးဆေးနှင့် ဓါတ်‌မြေဩဇာအရောင်းဆိုင်များအား ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေး

         (၁၈-၆-၂၀၂၆)ရက်နေ့ နံနက်(၁၀:၃၀) နာရီအချိန်တွင် ဟင်္သာတခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးအရာရှိသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စိုက်ပျိုး​ရေးဦးစီးဌာနမှ အဖွဲ့ဝင်များ၊ မြို့နယ်သမဝါယမဦးစီးဌာန၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့်  မီးသတ်တပ်ဖွဲ့တို့ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် ဟင်္သာတမြို့နယ်အတွင်းရှိ စိုက်ပျိုးရေးဆေးနှင့် ဓါတ်‌မြေဩဇာအရောင်းဆိုင်များအား သတ်မှတ်ရောင်းဈေးနှုန်းထက် ပိုမိုရောင်းချမှု မရှိစေရေး၊ အရည်အသွေးနှင့် အလေးချိန်မှန်ကန်စေရေး၊ သိုလှောင်ပြီး ဈေးကစားခြင်းများ မပြုလုပ်စေရေး ကွင်းဆင်းစစ်ဆေးခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

           ထိုသို့စစ်ဆေးခဲ့ရာတွင်  ဟင်္သာတမြို့နယ်အတွင်းရှိ စိုက်ပျိုးရေးဆေးနှင့် ဓါတ်‌မြေဩဇာ အရောင်းဆိုင်များတွင် သတ်မှတ်ရည်ညွှန်းဈေးဖြင့်သာ ရောင်းချလျက်ရှိပြီး၊ ဓါတ်မြေဩဇာများ၏ အရည်အသွေးနှင့် အလေးချိန်များ ပြည့်ဝမှုရှိကြောင်း တွေ့ရှိရပါသည်။ သိုလှောင်ထားမှုမရှိဘဲဈေးကွက်အတွင်း ပုံမှန်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်ဟု သတင်းရရှိပါသည်။

DOCA (ဧရာဝတီ)

စားသုံးသူကာကွယ်ရေး ပြည်သူအသိပညာပေး

         ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် ညောင်ပင်ဝဲအုပ်စု၊ ညောင်ပင်ဝဲကျေးရွာ၌ (၁၈.၆.၂၀၂၆)ရက်နေ့ နံနက်(၀၉:၃၀) နာရီအချိန်တွင်  စားသုံးသူရေးရာဦးစီးဌာနမှ လေးမျက်နှာမြို့နယ်တာဝန်ခံ ဦးအောင်သန်းဌေးဦးဆောင်သောအဖွဲ့သည် ပြည်သူ(၄၀)ဦးအား ဦးစီးဌာန၏ ဆောင်ရွက်လျက်ရှိသော လုပ်ငန်းတာဝန်များ၊ စားသုံးသူကာကွယ်ရေးဆိုင်ရာ ပြည်သူများ  ရရှိနိုင်မည့် အခွင့်အရေးများအား အသိပညာပေးဟောပြောခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          အဆိုပါဟောပြောပွဲတွင် ရပ်ကွက်/ကျေးရွာရှိ ပြည်သူများအား ဆီဖြန့်ဖြူးရောင်းချပေးနေသည့် အခြေအနေများအား ဌာနမှကြီးကြပ်၍ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ စားသုံးသူများအနေဖြင့် စားသုံးသူအခွင့်အရေးနှင့် တာဝန်များကို လိုက်နာ‌ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ အစားအသောက်နှင့် ကုန်စည်များ ဝယ်ယူအသုံးပြုရာတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားသော  ကုန်စည်များကိုသာ ရွေးချယ်ဝယ်ယူရမည်ဖြစ်ကြောင်း၊ အစားအသောက်များတွင် ပါဝင်သော ဓါတုဆိုးဆေး၏ ဆိုးကျိုးများအကြောင်း အသိပညာပေး ဟောပြောခဲ့ပြီး၊ စားသုံးသူနစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက Consumer Call Center 1535 သို့ ဆက်သွယ်မေးမြန်း နိုင်ကြောင်းကိုလည်း ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA (ဧရာဝတီ)

စားအုန်းဆီအခြေခံလက်ကား ရည်ညွှန်းဈေးနှုန်း တစ်ပိဿာ ငွေကျပ် ၇,၂၅၅ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ

      စားသုံးသူပြည်သူများ စားသုံးဆီဝယ်ယူစားသုံးရာတွင် ဘေးအန္တရာယ် ကင်းရှင်းပြီး သင့်တင့်သောဈေးနှုန်းဖြင့်ဝယ်ယူစားသုံးနိုင်စေရန်နှင့်ပြည်တွင်းလိုအပ်ချက်များကို ဖြည့်ဆည်း ပေးနိုင်ရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်း သိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရပါသည်။

          စားအုန်းဆီကို ပြည်ပမှဝယ်ယူတင်သွင်းရာတွင် စားအုန်းဆီ တင်ပို့သည့်နိုင်ငံများ၏ စျေးနှုန်းအတက်အကျပေါ်မူတည်၍ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့်ဈေးနှုန်းများ ဖြစ်ပေါ် စေရေးကို ထိန်းကျောင်းဆောင်ရွက်လျက်ရှိပါသည်။

          ပြည်ပမှစားအုန်းဆီထုတ်လုပ်တင်ပို့သည့်နိုင်ငံများတွင် ဈေးကွက်နှင့်ဈေးနှုန်းဖြစ်ပေါ်မှုများအရ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့မှ ဇူလိုင်လ ၂ ရက်နေ့အထိ ရန်ကုန်အထိုင်ဈေး အခြေခံ လက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီတစ်ပိဿာလျှင် ငွေကျပ် ,၂၅၅ ဖြစ်ကြောင်း စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက အသိပေးထုတ်ပြန် ကြေညာထားကြောင်း သိရှိရပါ​သည်။  

          စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို အပတ်စဉ် သောကြာနေ့တိုင်း ထုတ် ပြန်ကြေညာလျက်ရှိပြီး စားသုံးသူပြည်သူများအနေဖြင့် စားသုံးသူရေးရာဦးစီးဌာန၏ Website: www.doca.gov.mm၊  Facebook Page  နှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်း၏ Facebook Page တို့တွင် ဝင်ရောက် ကြည့်ရှုလေ့လာနိုင်ကြောင်း သိရှိရပါသည်။

 

 

 

 

ကျောက်ပန်းတောင်းမြို့တွင် စက်သုံးဆီအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေး

         ကျောက်ပန်းတောင်းမြို့နယ်ရှိ စက်သုံးဆီအရောင်းဆိုင်(၃၂)ဆိုင်မှ စက်သုံးဆီများကို နေ့စဉ် ပုံမှန်ဖွင့်လှစ်ရောင်းချလျက်ရှိရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ မှ ဦးဆောင်၍ မိတ်ဖက်ဌာနများဖြစ်သော မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ ပြည်တွင်းအခွန်များ ဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့်မြို့နယ်စည်ပင်သာယာရေးအဖွဲ့များဖြင့် မြို့ပေါ်ရှိ စက်သုံးဆီ ဆိုင်များသို့ (၁၂.၆.၂၀၂၆)ရက်နေ့၊ နံနက် ၁၀:၀၀ နာရီတွင် ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

         စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းကြီးကြပ်ရေးကော်မတီမှ ၁၂.၆.၂၀၂၆ ရက်နေ့တွင် ထုတ်ပြန်ထားသည့် စက်သုံးဆီတစ်လီတာ၏ သတ်မှတ်ရည်ညွှန်းဈေးမှာ 92 Octance (၄၀၅၅)ကျပ်၊ 95 Octance(၄၀၉၀)ကျပ်၊ ရိုးရိုးဒီဇယ်(၄၁၆၀)ကျပ်၊ ပရီမီယမ်ဒီဇယ်(၄၉၇၀)ကျပ် ဖြစ်ကြောင်း  သိရှိရသည်။ သတ်မှတ်ရည်ညွှန်း ဈေးများသည် ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက 92 Octance တစ်လီတာလျှင် (၄၆၀)ကျပ်၊ 95 Octance တစ်လီတာလျှင်(၄၇၀)ကျပ်၊ ရိုးရိုး ဒီဇယ် တစ်လီတာလျှင် (၂၂၀)ကျပ်၊ ပရီမီယမ်ဒီဇယ်တစ်လီတာလျှင်(၃၂၀) ကျပ် ဈေးနှုန်းများကျဆင်းခဲ့ကြောင်း သိရှိရသည်။  မြို့ပေါ်ရှိ စက်သုံးဆီ အရောင်းဆိုင်များကို စက်သုံးဆီပြတ်လပ်မှုမရှိစေရေး၊ အရည် အသွေး၊ စံချိန်စံညွှန်းပြည့်မီစေရေး၊ ဈေးနှုန်းမှန်ကန်စွာဖြန့်ဖြူးရောင်းချမှုရှိစေရေး၊ ဈေးနှုန်းတည်ငြိမ်စေရေး၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းများမပြုလုပ်ကြရန် စသည်တို့ကို ဆွေးနွေးပြော ကြားခဲ့ကြသည်။

DOCA(မန္တလေး)

ညောင်ဦးမြို့တွင် အသိပညာပေး Talk Show ဆောင်ရွက်

          စားသုံးသူရေးရာဦးစီးဌာနအနေဖြင့်  စားသုံးသူကာကွယ်ရေးအကြောင်းအသိပညာပေးမှုများကို စီးပွားရေးလုပ်ငန်းရှင်များအပါအဝင် စားသုံးသူပြည်သူတစ်ရပ်လုံး သိရှိစေနိုင်ရေးအတွက် နည်းလမ်း ပေါင်းစုံဖြင့် အသိပညာပေးလျက်ရှိရာ(၁၁.၆.၂၀၂၆)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီ အချိန်တွင် ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်း၍ အဆိုပါရုံးရှိ  လူထုအခြေပြု ဗဟိုဌာန (Community Center) ခန်းမ၌ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်တာဝန်ခံ ဦးတင်မျိုးခိုင်(ဦးစီးအရာရှိ)သည် စားသုံးသူကာကွယ်ရေးနှင့်ပတ်သက်၍ အသိပညာပေး Talk Show အစီအစဉ်အား ဆောင်ရွက်ခဲ့ပါသည်။

          စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ၏အခွင့်အရေးနှင့် တာဝန်များအကြောင်းနှင့် ကုန်စည်နှင့်ဝန်ဆောင်မှုများ ဝယ်ယူသုံးစွဲရာတွင် ကုန်အညွှန်းအမှတ်သားများ ပြည့်စုံစွာဖော်ပြပါရှိသော ကုန်ပစ္စည်းများကိုသာ ဝယ်ယူသုံးစွဲကြရန်နှင့်ရွေးချယ်မှုများ ပြုလုပ်တတ်စေရန် ကုန်အညွှန်းအမှတ် အသားများအကြောင်းအားလည်းကောင်း၊ ကုန်စည်နှင့်ဝန်ဆောင်မှုများ ဝယ်ယူသုံးစွဲခြင်းကြောင့် နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက အရေးဆိုတိုင်ကြားနိုင်ပါကြောင်းနှင့် ဆက်သွယ်တိုင်ကြားနိုင်သည့် နေရာများ၊ နည်းလမ်းများကိုလည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာန၏ Website တွင်လည်း စားသုံးသူကာကွယ်ရေးဥပဒေနှင့်ဌာန၏ ဆောင်ရွက်ချက်များကို ဝင်ရောက်ကြည့်ရှုလေ့လာနိုင်သလို နစ်နာဆုံးရှုံးမှုများကိုလည်း ဝင်ရောက်တိုင်ကြားနိုင်ပါကြောင်း စသည်ဖြင့်အကျယ်တဝင့် ရှင်းလင်း ဟောပြောဆွေးနွေးခဲ့ပါသည်။

DOCA(မန္တလေး)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ