Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ဆန်စက်လုပ်ငန်းရှင်အား တွေ့ဆုံဆွေးနွေး

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံး အနေဖြင့် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲမျာအပြင်၊  စီးပွားရေးလုပ်ငန်းရှင်များအား တွေ့ဆုံပြီး ဌာနမှထုတ်ပြန်ထားသည့် ဥပဒေ၊ အမိန့်နှင့်ညွှန်ကြားချက်များအား ရှင်းလင်းဆွေးနွေးခြင်း များကို ဆောင်ရွက်လျက်ရှိရာ (၂၁.၇.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်တွင် ရွှေဘိုခရိုင် စားသုံးသူ ရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးသည် ရွှေဘိုမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ရွှေဘိုခရိုင် စက်မှု ကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးတို့နှင့် ပူးပေါင်း၍  ရွှေဘိုမြို့၊ အမှတ်(၁၀)ရပ်ကွက်၊ စက်မှုဇုန်ရှိ သိင်္ဂီဆန်စက်လုပ်ငန်းရှင်အား တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

    ထိုသို့တွေ့ဆုံရာတွင် ရွှေဘိုခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးက ပြည်တွင်းဒေသထွက် စားသုံးဆန်များအား သင့်တင့်မျှတသောဈေးနှုန်းဖြင့်ရောင်းချရေး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနက လစဉ်ထုတ်ပြန်လျက်ရှိသည့် ဆန်အမျိုးအစားအလိုက် သင့်တင့် မျှတသော ဈေးကွက်၊ ဈေးနှုန်းထုတ်ပြန်ချက်(ဆန်ရည်ညွှန်းဈေးနှုန်းများ)ကို သိရှိလိုက်နာဆောင်ရွက်ရန်၊ ပြည်တွင်းဆန်ဈေးကွက်အတွင်း ပစ္စည်းမှန်၊ ဈေးနှုန်းမှန်၊ အရည်အသွေးမှန်၊ အလေးချိန်မှန်၊ အရောင်းအဝယ်မှန်စွာဖြင့် စနစ်တကျဖြန့်ဖြူးရောင်းချရန်၊ သတင်းထုတ်ပြန်ချက်များအတိုင်း လိုက်နာဆောင်ရွက် ရန်၊ myroတွင်မှတ်ပုံတင်ထားသည့် ဆန်စပါးသိုလှောင်ရုံနှင့် စက်တွဲသိုလှောင်ရုံလုပ်ငန်းရှင်များအနေဖြင့် လစဉ် ကုန်ရ/ ကုန်ထုတ်/ ကုန်လက်ကျန်စာရင်းများ Update ပြုလုပ်ရန်၊ သတင်းထုတ်ပြန်ချက်များ အတိုင်းလိုက်နာဆောင်ရွက်ကြရန် အသိပညာပေးခဲ့ပြီး စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးက လိုင်စင်သက်တမ်းရှိ/မရှိ စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)       

 

ညောင်တုန်းမြို့နယ် ဆောက်လုပ်ရေး လုပ်ငန်းသုံး အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး

            (၇-၈-၂၀၂၅) ရက် နံနက် ၁၀ နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊ အိမ်ဆောက်ပစ္စည်း ရောင်းဝယ်ရေးဆိုင်နှင့် (၇)ရပ်ကွက်ရှိ အိမ်ဆောက်ပစ္စည်း အရောင်းဆိုင်များအား ဈေးနှုန်းအဆမတန်မြှင့်တင်ရောင်းချမှု မရှိစေရေးနှင့် သတ်မှတ်ရည်ညွှန်း ဈေးနှုန်းအတိုင်း ရောင်းချမှုရှိ/ မရှိတို့ကို မြို့နယ်မြေပြင်ကွင်းဆင်း စစ်ဆေးကြပ်မတ်ရေးအဖွဲ့ ခေါင်းဆောင်ကိုယ်စား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူးသည် မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ မြို့နယ်ပြည်တွင်းအခွန်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ၊ စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

           ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်ဦးစီးမှူးဦးအောင်လွင်က မြို့နယ်အတွင်း ရောင်းချနေသော ဈေးနှုန်းများကို အပတ်စဉ် စာရင်းကောက်ခြင်း၊ ဈေးနှုန်းသုံးသပ်ခြင်း၊ သင်တင့်မျှတသောဈေးဖြင့် ရောင်းချနိုင်ရန်ကြပ်မတ်ခြင်း၊ ပစ္စည်းပြတ်လပ်မှုရှိ/ မရှိ စောင့်ကြည့်စစ်ဆေးခြင်း၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများကို ဈေးနှုန်းအဆမတန် မြှင့်တင်ရောင်းချခြင်း၊ ဈေးနှုန်းမြှင့်တင်ရောင်းချရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းများ မပြုလုပ်ကြရန် သတိပေးပြောကြားခဲ့ပြီး ဝန်ခံကတိပြု လက်မှတ်ရေးထိုးစေခြင်းများ ဆောင်ရွက်ခဲ့ပြီးဖြစ်သည်။

DOCA(ဧရာဝတီ)

ချောက်မြို့၌ စားသောက်ဆိုင်လုပ်ငန်းရှင်များအား အသိပညာပေးဆွေးနွေးခြင်းဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့၌ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ စားသောက်ဆိုင်လုပ်ငန်းရှင်များ အား အသိပညာပေးဆွေးနွေးခြင်းကို (၅.၈.၂၀၂၅)ရက်နေ့၊ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် ချောက် မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနရုံး၌ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

 ရှေးဦးစွာ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံဒေါ်မြတ်မြတ်မိုးက စားသောက်ဆိုင်များတွင် အစားအသောက်ပြုပြင်ရောင်းချသည့်နေရာများ၌ သန့်ရှင်းသပ်ရပ်မှုရှိစေရေး၊ ဆိုင်ဝန်ထမ်းများ တစ်ကိုယ်ရည်သန့်ရှင်းသပ်ရပ်မှုရှိစေရေး၊ ဆိုင်တွင်ရောင်းချသည့် ကုန်ပစ္စည်း အမျိုးအစားအလိုက် ဈေးနှုန်းများဖော်ပြထားရှိရေး၊ စားသုံးသူများအား ဝန်ဆောင်မှုပေးရာတွင် စိတ် ကျေနပ်မှုရှိစေရေးများကိုလည်းကောင်း၊ မြို့နယ်ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီး အရာရှိ ဒေါ်သိမ့်ဝါက ကလေးအလုပ်သမားများ၏ အသက်အရွယ်နှင့် အလုပ်ချိန်ကန့်သတ်ချက်များ၊ ကလေးအလုပ်သမားများနှင့်ပတ်သက်သည့် ဥပဒေပြဌာန်းချက်များ၊ ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာ ဥပဒေများကိုလည်းကောင်း အသီးသီးဆွေးနွေးဟောပြောကာ တက်ရောက်လာသည့် စား သောက်ဆိုင်ပိုင်ရှင်များ၏ မေးမြန်းမှုများကို ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရသည်။ ထို့ နောက် တက်ရောက်လာသည့် စားသောက်ဆိုင်ပိုင်ရှင်များအား ကလေးအလုပ်သမားပပျောက် ရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များနှင့် စားသုံးသူရေးရာ အသိပညာပေး လက်ကမ်း စာ‌စောင်များကို ဖြန့်ဝေပေးအပ်ခဲ့ကြောင်း သိရသည်။

DOCA(မကွေး)

သထုံမြို့နယ်၊ ဂေါ့ကျေးရွာရှိ ကွန်ပျူတာတက္ကသိုလ်၌ စားအုန်းဆီရောင်းချနေမှုအား ကွင်းဆင်းစစ်ဆေး

   ၁၁.၈.၂၀၂၅ ရက်နေ့၊ နံနက် (၈း၀၀) နာရီအချိန်တွင် သထုံမြို့နယ်၊ ဂေါ့ကျေးရွာရှိ ကွန်ပျူတာတက္ကသိုလ်၌ စားအုန်းဆီလက်လီကိုယ်စားလှယ် ဦးကျော်နိုင်မှ စားအုန်းဆီရောင်းချ‌ နေမှုအား စားသုံးသူရေးရာဦးစီးဌာန၊ သထုံမြို့နယ်တာဝန်ခံ ဦးထိန်လင်းထွန်းမှ ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် စားအုန်းဆီများအား သတ်မှတ်ဈေးနှုန်း၊ အလေးချိန်၊ အရည်အသွေးပြည့်ဝမှန်ကန်စွာ ရောင်းချမှု ရှိ/မရှိ တို့အား ကွင်းဆင်းစစ်ဆေးခဲ့ကြပြီး စားအုန်းဆီ တစ်ပိဿာလျှင် (၆၉၅၄) ကျပ်နှုန်းဖြင့် (၃၃၀) ပိဿာရောင်းချကြောင်း သိရှိရပါသည်။

DOCA (မွန်)

ဆောက်လုပ်ရေးလုပ်ငန်းသုံးဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

           ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် ခရိုင်စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်း၍ မြို့နယ်အတွင်းရောင်းချလျက်ရှိသော အိမ်ဆောက် ပစ္စည်း အရောင်းဆိုင်များတွင် ရောင်းချလျက်ရှိသော ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ အရည်အသွေးပြည်ဝပြီး စျေးနှုန်းမှန်ကန်စေရေး လိုက်လံစစ်ဆေးခြင်းကို (၇.၈.၂၀၂၅)ရက်နေ့ နံနက် (၁၀း၀၀)နာရီအချိန်က မအူပင်မြို့နယ်အတွင်းလိုက်လံစစ်ဆေးကြောင်းသိရသည်။

              အဆိုပါ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ အရည်အသွေးပြည်ဝပြီး စျေးနှုန်းမှန်ကန်စေရေး လိုက်လံစစ်ဆေးရာတွင် မအူပင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူးဦးမင်းဇော်နှင့် ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အင်ဂျင်နီယာများနှင့်တာဝန်ရှိသူများသည် မြို့နယ်အတွင်း ရောင်းချလျက်ရှိကြသော အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များတွင် ရောင်းချလျက်ရှိကြသော ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းသံချောင်းလုံးများဖြစ်သော HRB-500၊ HRB - 400 အမျိုးအစားများနှင့် လုပ်ငန်းသုံး သံမဏိများဖြစ်သည့် H -Beam၊ l- Beam နှင့် Hollow အမျိုးအစားများအား၊ ပြည်ပနိုင်ငံများမှ တင်သွင်း၍လည်းကောင်း၊ ပြည်တွင်းထုတ်လုပ်၍လည်းကောင်း စျေးကွက်အတွင်း အရည်အသွေးပြည့်ဝပြီး စျေးနှုန်းမှန်ကန်စေ ရေးလိုက်လံစစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ချောင်းဆုံမြို့နယ်၊ အ.မ.က (ဘိုးနက်မြောက်)ကျောင်းရှိ ကျောင်းမုန့်ဈေးတန်းအား ဈေးကွက်ကွင်းဆင်းစစ်ဆေး

     မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တာဝန်ခံ ဒေါ်ထက်ထက်နွေဦးနှင့် ဝန်ထမ်းများသည် ကျောင်းကျန်းမာရေးကော်မတီနှင့်ပူးပေါင်း၍ (၁၁..၂၀၂) ရက်နေ့တွင် ချောင်းဆုံမြို့၊ အ.မ.က (ဘိုးနက်မြောက်) ကျောင်းရှိ ကျောင်းမုန့်ဈေးတန်းအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

    ထိုသို့ စစ်ဆေးရာတွင် ကျောင်းမုန့်ဈေးတန်းအတွင်းရောင်းချနေသော လေဖောင်းမုန့်များ၊ ဖျော်ရည်ဗူးများစသည့် အသင့်စားမုန့်များ၌ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှု ရှိ/မရှိ စစ်ဆေးခဲ့ပြီး၊ ကျောင်းသား/သူများ ဘေးအန္တရာယ်ကင်းရှင်းသော အစားအသောက်များ၊ မုန့်များ ရောင်းချရန်၊ သက်တမ်းလွန်နေသော မုန့်များမရောင်းချရန်နှင့် တားမြစ်ထားသော ဆိုးဆေးများ ပါဝင်သည့် အစားအသောက်များ မရောင်းချရန်တို့ကို မုန့်ဆိုင်ပိုင်ရှင်များအား အသိပညာပေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

အ.မ.က (ဘိုးနက်မြောက်)ကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်

     ၁၁..၂၀၂ ရက်နေ့ နံနက် (၉း၀၀) နာရီအချိန်တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာ ဦးစီးဌာန၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တာဝန်ခံ ဒေါ်ထက်ထက်နွေဦးနှင့် အကြီးတန်း စာရေး ဒေါ်ယွန်းမီမီဖူးဝေတို့သည် ချောင်းဆုံမြို့နယ်၊ အ.မ.က (ဘိုးနက်မြောက်)ကျောင်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောဆွေးနွေးပွဲကျင်းပ ပြုလုပ်ခဲ့သည်။

          အဆိုပါဟောပြောဆွေးနွေးပွဲတွင် ကျောင်းအုပ်ဆရာမကြီးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန၊ အကြီးတန်းစာရေး ဒေါ်ယွန်းမီမီဖူးဝေက ဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်၊ လုပ်ငန်းတာဝန်များ၊ စားသုံးသူ အခွင့်အရေးနှင့် တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားနှင့် ပတ်သက်သည့် သိကောင်းစရာများ၊ စားသုံးသူများ နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သည့်နေရာများ၊ နည်းလမ်းများ၊ Consumer Call Center အကြောင်းအရာများနှင့် www.doca.gov.mm တွင်လည်း ဝင်ရောက် ကြည့်ရှု့လေ့လာနိုင်ကြောင်း ဟောပြောဆွေးနွေးခဲ့ပါသည်။

    အဆိုပါ ဟောပြောဆွေနွေးပွဲသို့ ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူများ (၈၆) ဦး တက်ရောက်ခဲ့ပြီး စားသုံးသူကာကွယ်ရေးအသိပညာပေး လက်ကမ်းစာစောင်များအား ဖြန့်ဝေ ပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

ချောင်းဆုံမြို့နယ်တာဝန်ခံသည် ဆန်စက်များနှင့် ဆန်၊ စပါးသိုလှောင်ရုံများအား MyRo တွင် မှတ်ပုံတင်သက်တမ်းတိုးဆောင်ရွက်ရန် ကွင်းဆင်းစစ်ဆေး

    ၈.၈.၂၀၂၅ ရက်နေ့ နံနက်ပိုင်းတွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ ‌မော်လမြိုင် ခရိုင်၊ ခရိုင်ဦးစီးမှူး ‌ဒေါ်ဝါဝါမြိုင်၊ သတင်းအချက်အလက်နည်းပညာနှင့်အရည်အသွေးစီမံခန့်ခွဲ ရေးဌာနခွဲတာဝန်ခံ ‌ဒေါ်မိုးမိုးနှင့် ချောင်းဆုံမြို့နယ်တာဝန်ခံ ဒေါ်ထက်ထက်နွေဦးတို့သည် ဆန်စက်များနှင့် ဆန်၊ စပါးသိုလှောင်ရုံများအား MyRo တွင် မှတ်ပုံတင်သက်တမ်းတိုးရန် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          ထို့သို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ချောင်းဆုံမြို့နယ်၊ ရွာလွတ်ကျေးရွာရှိ “ဒိုင်းမွန်း စတား” ဆန်စက်အားကွင်းဆင်းခဲ့ရာ MyRo တွင် မှတ်ပုံတင်သက်တမ်းတိုး ဆောင်ရွက်ရန်၊ ဆန်၊ စပါး ဝင်/ထွက် လက်ကျန် စာရင်းအား လစဥ်ပုံမှန်ဖြည့်သွင်းရန်၊ ဆန်စပါး သိုလှောင်ထားရှိမှု အခြေအနေ၊ ဆန်ကြိတ်ခွဲနိုင်စွမ်းအား၊ စျေးကွက်/စျေးနှုန်း အခြေအနေ၊ ဆန်စပါးရောင်းဝယ် ဖောက်ကားမှုအခြေအနေများအား ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ ကြောင်း သိရှိရပါသည်။

DOCA (မွန်)

ရေနံချောင်းမြို့၊ မြို့မဈေးဝန်းကျင်ရှိ ဆန်ဆိုင်များ၌ သင့်တင့်မျှတသောဈေးနှုန်းအတိုင်း ရောင်းချမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေး

  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနသည် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နှင့် ပူးပေါင်း၍ ပြည်တွင်း၌ ဆန်ဖူလုံရေး၊ ပြည်ပသို့ စနစ်တကျတင်ပို့ ရောင်းချနိုင်ရေး၊ ဆန်စပါးဈေးကွက်နှင့် ဈေးနှုန်းမှန်ကန်တည်ငြိမ်စေရေး၊ ဈေးကစားလိုသည့် ရည် ရွယ်ချက်ဖြင့် သိုလှောင်ခြင်း၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများ မဖြစ်ပေါ်စေရေးတို့အတွက် လစဉ် သင့်တင့်မျှတသော ဆန်ဈေးနှုန်းများ ထုတ်ပြန်၍ ထိန်းကျောင်းဆောင်ရွက်လျက်ရှိပါသည်။

  စားသုံးသူရေးရာဦးစီးဌာန၊ ရေနံချောင်းမြို့နယ်တာဝန်ခံဒေါ်ချိုဝေလွင်သည် (၄.၈.၂၀၂၅) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့ နှင့် ပူးပေါင်း၍ ရေနံချောင်းမြို့၊ မြို့မဈေးဝန်းကျင်ရှိ ဆန်ဆိုင်များအား ကွင်းဆင်းပြီး ဆန်များအား လစဉ်ထုတ်ပြန်ပေးထားသည့် သင့်တင့်မျှတသောဈေးနှုန်းအတိုင်း ရောင်းချမှုရှိ/မရှိ၊ အမျိုးအစား မတူ/ဈေးနှုန်းမတူသော ဆန်များရောနှောရောင်းချမှုရှိ/မရှိတို့အား စိစစ်ကြပ်မတ်ခဲ့ကြောင်း သိရှိရ သည်။

DOCA(မကွေး)

ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံသည် Sevan Bakery မုန့်တိုက်လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေး

    စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ ပြည်နယ်ဦးစီးမှူးရုံးမှ၊ ထုတ်ကုန်လုံခြုံ စိတ်ချရမှုဌာနခွဲတာဝန်ခံ ဦးစီးမှူး ဒေါ်စောကြည်သည် ..၂၀၂ ရက်နေ့တွင် Sevan Bakery မုန့်တိုက်လုပ်ငန်းရှင်နှင့်တွေ့ဆုံ၍ ကုန်အညွှန်းအမှတ်အသားဆိုင်ရာများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ပါသည်။

          အဆိုပါ ကုန်အညွှန်းအမှတ်အသားပြုလုပ်ရာတွင် လိုအပ်သည်များကို ထုတ်ကုန်လုံခြုံ စိတ်ချရမှုဌာနခွဲတာဝန်ခံက လုပ်ငန်းရှင်အား ၎င်းတို့၏ ထုတ်ကုန်ပစ္စည်းများပေါ်တွင် စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ အခန်း (၁၈)တွင် ဖော်ပြထားသောပြဌာန်းချက်အတိုင်း ကုန်အညွှန်းအမှတ်အသားကို ပြည့်စုံစွာဖော်ပြရန်၊ ကုန်စည်အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းတို့ကို မြန်မာဘာသာဖြင့် ဖြစ်စေ၊ မြန်မာဘာသာ (သို့မဟုတ်) အခြားဘာသာတစ်ခုဖြင့်ဖြစ်စေ ဖော်ပြရန် အသိပညာပေး ဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်၊ မူပိုင်ခွင့်လျှောက်ထားခြင်းနှင့် ပတ်သက်၍ အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ