တောင်တွင်းကြီးမြို့၊ သီလကျေးရွာ၊ အခြေခံပညာမူလတန်းကျောင်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ

စားသုံးသူရေးရာဦးစီးဌာန၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်တာဝန်ခံသည် (၅.၈.၂၀၂၅) ရက်နေ့၊ နံနက်(၀၉:၃၀)အချိန်တွင် အားကစားနှင့်ကာယပညာဦးစီးဌာန၊ မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနတို့နှင့်အတူ သီလကျေးရွာ၊ အခြေခံပညာမှုလတန်းကျောင်း၌ စားသုံးသူ ကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံဒေါ်ဌေးဌေးက စားသုံးသူအခွင့် အရေးနှင့်တာဝန်များ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ အခန်း(၁၈)မှ ကုန်အညွှန်းအမှတ်အသား ဆိုင်ရာ သိကောင်းစရာများ၊ ကုန်စည်နှင့်ဝန်ဆောင်မှုများအသုံးပြုခြင်းကြောင့် နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သည့်နည်းလမ်းများနှင့် Consumer Call Center (1535)အား ဖွင့်လှစ် ထားရှိပြီး ကုန်စည်၊ ဝန်ဆောင်မှုနှင့်စပ်လျဉ်းပြီး မည်သည့်ဖုန်းဖြင့်မဆို ခေါ်ဆိုမေးမြန်းဆွေးနွေး နိုင်ကြောင်း ရှင်းလင်းအသိပညာပေးပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
DOCA(မကွေး)