Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

စစ်ကိုင်းတိုင်းဒေသကြီးတွင် ၂၀၂၆ ခုနှစ်၊ ဇွန်လအတွင်း စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းရေး ဈေးကွက်စောင့်ကြည့်စစ်ဆေး

         စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ရှိသော ကုန်စည်များ ဈေးကွက်အတွင်းမှ ပပျောက်သွားစေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပြဌာန်းချက်ပါ ကုန်စည်များတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားမှုအခြေအနေတို့နှင့် စပ်လျဉ်း၍   ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများအား တိုင်းဒေသကြီးအတွင်းရှိ ခရိုင်၊ မြို့နယ်များတွင် လစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

       ထိုသို့စောင့်ကြည့်စစ်ဆေးနိုင်ရန် စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယဦးစီးမှူးအောက်မနိမ့်သူကို စစ်ဆေးရေးမှူးအဖြစ် ခန့်အပ်တာဝန်ပေး၍ စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည်။ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် မိမိတို့ဌာနမှဦးဆောင်၍သော်လည်းကောင်း၊ မိတ်ဖက်ဌာနများဖြစ်သည့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ကျန်းမာရေး၊ စည်ပင်၊ စိုက်ပျိုးရေး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့ ပါဝင်သော အဖွဲ့ဖြင့်သော်လည်းကောင်း စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းများဆောင်ရွက်လျက်ရှိပါသည်။

          စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်စည်နှင့်ဝန်ဆောင်မှုများ ဘေးအန္တရာယ်ကင်းရှင်း စွာအသုံးပြုခွင့်ရရှိစေရေး၊ ဘေးအန္တရာယ်ရှိသော ကုန်စည်များဈေးကွက်အတွင်းမှ ပပျောက်သွားစေရေးတို့အတွက် ၂၀၂၆ ခုနှစ်၊ ဇွန်လတွင် ဈေးကွက်အတွင်းရောင်းချနေသော စားသောက်ကုန်များ၊ လူသုံးကုန်များ၊ စက်ရုံများ၊  ဆေးဝါးမျိုးစုံနှင့် စက်သုံးဆီများအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း  ဆောင်ရွက်ခဲ့ရာ (၂၁) ကြိမ် ဆောင်ရွက်ခဲ့ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် စစ်ကိုင်းတိုင်းဒေသကြီးအနေဖြင့် တစ်နှစ်စာအတွင်း ဦးစားပေးဆောင်ရွက်ရန် လျာထားသည့်  ကုန်စည် (၁၀) မျိုးဖြစ်သည့် အသင့်ဖျော်ကော်ဖီနှင့် လက်ဖက်ရည်ထုပ်အမျိုးမျိုး၊ တိုင်းရင်းဆေးအမျိုးမျိုး၊ အာဟာဖြည့်စွက်စာအမျိုးမျိုး၊ အလှကုန်ပစ္စည်းအမျိုးမျိုး၊ ဟင်းလျာများတွင်အရောင်၊အနံ၊ အရသာအတွက်အသုံးပြုသော ပစ္စည်းအမျိုးမျိုး၊ ကလေးတစ်ကိုယ်ရည် သန့်ရှင်းရေးသုံးပစ္စည်းအမျိုးမျိုး၊ အရန်သင့်အစားအစာအမျိုးမျိုး၊ သောက်ရေသန့်အမျိုးမျိုး၊ စားသုံးဆီအမျိုးမျိုး၊ အသင့်သောက်အချိုရည်အမျိုးမျိုးတို့အား ဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း၊ စားသုံးသူများအနေဖြင့် ကုန်စည်များဝယ်ယူ အသုံးပြုရာတွင် ယင်းကုန်စည်နှင့် ပတ်သက်သည့် သတင်းအချက်အလက်များ ပြည့်စုံစွာရရှိနိုင်ပြီး စားသုံးသူ၏လိုအပ်ချက်နှင့် ကိုက်ညီသည့် ကုန်စည်များအား ရွေးချယ်ဝယ်ယူနိုင်စေရေးအတွက် စားသုံးသူကာကွယ်ရေးဥပဒေပါ မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြနိုင်ရေး၊ ဌာန၏ အတည်ပြုချက်ရယူရန်တင်ပြလာပါက ဌာနမှ ဥပဒေနှင့် ကိုက်ညီမှု ရှိ/ မရှိ စိစစ်ပြန်ကြားပေးနိုင်ရေးတို့ကို ဆွေးနွေးအသိပေးပြောကြားခဲ့ပြီး သက်ဆိုင်ရာဌာနများမှလည်း သတ်မှတ်လိုင်စင်များ ရှိ/ မရှိ စစ်ဆေးပြီး၊ လိုင်စင်လျှောက်ထားနိုင်ရေး၊ သက်တမ်းကုန်လိုင်စင်များအား သက်တမ်းတိုးဆောင်ရွက်နိုင်ရေး၊ စားသုံးရန် သို့မဟုတ် အသုံးပြုရန် မသင့်သည့် ကုန်စည်များအား ရောင်းချခြင်းမပြုစေရေး အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)   

“ ဝမ်းတွင်းမြို့နယ်တွင်  ပန်းကံ့ကော် ချည်ထည် Online Sale ရောင်းချခြင်းနှင့်ပတ်သတ်၍ မြေပြင်ကွင်းဆင်းစစ်ဆေး ”

                 စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ဒု-ခရိုင်ဦးစီး မှူးနှင့်ဝန်ထမ်းမျာသည် ၂၀၂၆ ခုနှစ်၊ ဇွန်လ ၈ ရက်နေ့တွင် ဝမ်းတွင်းမြို့နယ်၊ ရွာတန်းကျေးရွာ၊ လျှော်ပင်ရပ်ကွက်ရှိ ပန်းကံ့ကော် ချည်ထည် ရောင်းချသည့်ဆိုင်သို့ မြေပြင်ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်း သိရသည်။

          အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် ဒု-ခရိုင်ဦးစီးမှူးမှ Online စနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်း များနှင့်ပတ်သတ်၍ အချက်အလက်နှင့် ကိုက်ညီမှုရှိ/မရှိ စစ်ဆေးခြင်း၊ ရောင်းချသောပစ္စည်းများတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်သား ပြည့်စုံစွာပါဝင်ခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေး ခြင်းနှင့် Online စနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းကို အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအဖြစ် သတ်မှတ်ထားကြောင်း ၊ အခြားသိကောင်းစရာ များအား အသိပညာပေးကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

DOCA(မန္တလေး)

ပျော်ဘွယ်မြို့နယ်အတွင်းရှိ ရေသန့်စက်ရုံများအား ကွင်းဆင်းစစ်ဆေးခြင်း

             စားသုံးသူရေးရာဦးစီးဌာန၊မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး ၏ လမ်းညွှန်ချက်ဖြင့် ပျော်ဘွယ်မြို့နယ်တာဝန်ခံဦးစန်းအောင် ဒု-ဦးစီးမှူး၊ မြို့နယ်ပြည်သူ့ ကျန်းမာရေး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အစားအသောက်နှင့်ဆေးဝါး ကွပ် ကဲရေး ဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ စျေးကွက် အတွင်း တရားမဝင်သောက်ရေသန့်များ ဖြန့်ဖြူးရောင်းချမှုမရှိ စေရေး သောက်ရေသန့်လုပ်ငန်း  များအား ကွင်းဆင်းစစ်ဆေးခဲ့ရာ နယ်အတွင်း  ရေသန့်လုပ်ငန်းများ အား ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၁   ရက်နေ့တွင် ကွင်းဆင်း၍ လုပ်ငန်းရှင်များနှင့် တွေ့ဆုံခဲ့ကြောင်း သိရှိရသည်။

          ရေသည်လူတို့၏နေ့စဉ်ဘဝတွင် မရှိမဖြစ်အရေးပါသောအခန်းကဏ္ဍတွင် ပါဝင်နေသည့် အတွက်လူတို့နေ့စဉ်သောက်သုံးရန် ထုတ်လုပ်နေသောသောက်ရေသန့်စက်ရုံများသည် စားသုံးသူ များဘေးအန္တရာယ်ကင်းရှင်းရေးအတွက် သက်ဆိုင်ရာဌာနများ၏ အမိန့်၊ ညွှန်ကြားချက် များကို လိုက်နာဆောင် ရွက်ခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသားများကို မြန်မာဘာသာဖြင့်ပြည့်စုံစွာ ဖော်ပြရန်ဆွေးနွေးခဲ့ရာ လုပ်ငန်းရှင်မှ ကုန်အညွှန်းအမှတ် အသား ထည့် သွင်းလိုကြောင်းတင်ပြလာရာ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း၊ စားသုံးသူ ကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များပါအသိပညာပေးပြောကြားခဲ့ပါသည်။

DOCA(မန္တလေး)

လုပ်ငန်းရှင်အား ကုန်အညွှန်းအမှတ်အသားနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေး

            ကျောက်ပန်းတောင်းမြို့၊ ဖိုးရာဇာလမ်းရှိ ‘‘Golden Goat’’ အမှတ်တံဆိပ် အသင့်သောက် ဖျော်ရည်မျိုးစုံထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းရှင် ဒေါ်မြသဲဖြူမှ ကုန်စည်များတွင် ထည့်သွင်းဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများနှင့်ပတ်သက်၍ ၁၉.၆.၂၀၂၆ ရက်နေ့၊ နံနက် (၁၁:၀၀)အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ကျောက်ပန်းတောင်းမြို့နယ်တာဝန်ခံရုံးသို့ လာရောက် တွေ့ဆုံရာ မြို့နယ်တာဝန်ခံ ဒေါ်မြသန္တာထွန်း (ဒု-ဦးစီးမှူး)က ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

          မြို့နယ်တာဝန်ခံမှ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည်များထုတ်လုံဖြန့်ဖြူးရောင်း ချမည်ဆိုပါက ၂၀၁၉ စားသုံးသူကာကွယ်ဥပဒေပါ စီးပွားရေးလုပ်ငန်းများ၏ တာဝန်များ၊ ကုန်အညွှန်း အမှတ်အသားဖော်ပြရာတွင် ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့်အသား တင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုး၊ ဓာတ်မတည့်ကြောင်း ဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်တို့ကို ထည့်သွင်းဖော်ပြပေးရန်လိုအပ် ကြောင်းနှင့် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ထားသော ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မိမိထုတ်လုပ်သော ကုန်စည် အမျိုးအစားပေါ်လိုက်၍ လိုအပ်သည့်အချက်အလက်များအား မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာ နှင့်အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ သိသာထင်ရှားစွာ ဖော်ပြရမည့် အချက်များအား  ရှင်းလင်းခဲ့ကြောင်း သိရှိရသည်။

DOCA(မန္တလေး)

မုံရွာမြို့၊ ပညာရေးဒီဂရီကောလိပ်ကျောင်းတွင်  စားသုံးသူကာကွယ်ရေး အသိပညာပေး‌ဟောပြောပွဲ ဆောင်ရွက်

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စစ်ကိုင်းတိုင်း‌ဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယတိုင်းဒေသကြီးဦးစီးမှူးဦးဆောင်၍ ဝန်ထမ်းများသည် (၂၆.၆.၂၀၂၆) ရက်နေ့တွင် (၁၃း၀၀)နာရီအချိန်တွင် မုံရွာမြို့၊ ပညာရေးဒီဂရီကောလိပ်ကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲဆောင်ရွက်ရာ သင်တန်းသူများ  စုစုပေါင်း(၄၈၂) ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

        အဆိုပါ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဦးထက်ဝင်းအောင်က  စားသုံးသူရေးရာဦးစီးဌာနအကြောင်းနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးများနှင့် တာဝန်များအကြောင်း၊ စားသုံးသူနစ်နာမှုများရှိပါက ဌာနသို့ ဆက်သွယ်တိုင်ကြားနိုင်သည့် နည်းလမ်းများအကြောင်းနှင့် တိုင်ကြားမှုဖြေရှင်း ဆောင်ရွက်သည့် လုပ်ငန်းစဥ်များအကြောင်း၊ စားသုံးသူတို့လိုက်နာရမည့် တာဝန်များနှင့်လုပ်ငန်း ဆောင်ရွက်မှုအခြေအနေ လုပ်ငန်းများအကြောင်း၊ စားသုံးသူတို့ လိုက်နာရမည့်တာဝန်များနှင့် လုပ်ငန်းဆောင်ရွက်မှု  အခြေအနေများကိုလည်း၊ Consumer  Call Center (1535) နံပါတ်ကို ဖုန်း‌ခေါ်ဆို၍ တိုင်ကြားနိုင်ပါကြောင်း အသေးစိတ်ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပါသည်။ ထို့နောက် တက်ရောက်လာကြသည့် ဆရာ၊ ဆရာမများ၊ သင်တန်းသားသင်တန်းသူများက သိလိုသည်များ မေးမြန်းမှုအပေါ် ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြပြီး အခမ်းအနားကို ညနေ(၁၅း၀၀) နာရီအချိန်တွင် အောင်မြင်စွာ ပြီးမြောက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ကုန်စည်နှင့်ဝန်ဆောင်မှုများ ဝယ်ယူသုံးစွဲရာတွင် နစ်နာဆုံးရှုံးမှုရှိပါက ဌာနသို့ အလွယ်တကူ ဆက်သွယ်တိုင်ကြားနိုင်ရန် Consumer Call Center (1535) ဖွင့်လှစ်ဆောင်ရွက်လျက်ရှိ

       စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးရုံးအနေဖြင့် စားသုံးသူပြည်သူများအနေဖြင့် စားသုံးသူရေးရာ ဦးစီးဌာနနှင့် ပတ်သက်သော သတင်းအချက်အလက်များကို အလွယ်တကူမေးမြန်းစုံစမ်းနိုင်ရန် ကုန်စည်နှင့် ဝန်ဆောင်မှုများ ဝယ်ယူသုံးစွဲရာတွင် နစ်နာဆုံးရှုံးမှုကြုံရပါက ဌာနသို့ အလွယ်တကူ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ရန်ရည်ရွယ်၍ ၂၀၂၁ ခုနှစ်၊ ဇွန်လမှစတင်၍ Consumer Call Center Hotlineနံပါတ်(၁၅၃၅)ကို နေပြည်တော်ရုံးချုပ်တွင်  လိုင်းခွဲ(၁)၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး တွင်လိုင်းခွဲ(၂)၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးတွင်လိုင်းခွဲ(၃) တို့ကိုဖွင့်လှစ်ထားရှိပြီး စားသုံးသူ အခွင့်အရေးများ အပြည့်အဝရရှိစေရန် ဆောင်ရွက်ပေးလျက်ရှိပါသည်။

          စစ်ကိုင်းတိုင်းဒေသကြီးအနေဖြင့် စားသုံးသူအသိပညာပေး ဟောပြောပွဲများနှင့် လုပ်ငန်းရှင် တွေ့ဆုံဆွေးနွေးပွဲများ ကျင်းပပြုလုပ်ချိန်များတွင် Consumer Call Center (1535) လိုင်းခွဲ (၁)(၂)(၃) များသို့ ခေါ်ဆိုမေးမြန်းမှုများဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီးဦးစီးရုံးမှ(၁)ကြိမ်၊ ကလေးခရိုင် ဦးစီးမှူးရုံးမှ(၁)ကြိမ်၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးမှ(၁) ကြိမ်၊ မုံရွာခရိုင်ဦးစီးမှူးရုံးမှ (၁)ကြိမ်၊  ရွှေဘိုခရိုင်ဦးစီးမှူးရုံးမှ(၁)ကြိမ်၊ စားသုံးသူအခွင့်အရေးများနှင့် ပတ်သက်၍ သိရှိလိုသည်များကိုလည်းကောင်း၊ စားသုံးသူနစ်နာဆုံးရှုံးမှုများနှင့် စပ်လျဥ်း၍ Consumer Call Center (1535) သို့ ဆက်သွယ်တိုင်ကြား၍ရမရ စုံစမ်းမေးမြန်းနှင့် ပတ်သက်၍လည်းကောင်း၊ ကုန်အညွှန်းအမှတ်အသား နှင့် ပတ်သက်၍လည်းကောင်း၊ Online Sale မှတ်ပုံတင်ခြင်းနှင့် ပတ်သက်၍လည်းကောင်း  ခေါ်ဆိုမေးမြန်းခဲ့ရာ ၂၀၂၆ ခုနှစ်၊ ဇွန်လအတွင်း  စုစုပေါင်း(၅)ကြိမ် ခေါ်ဆိုနိုင်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ZOOM APPLICATION ချိတ်ဆက်မှုနည်းပညာသင်တန်း ဖွင့်လှစ်

               စားသုံးသူကာကွယ်ရေးလုပ်ငန်းများ၊ရုံးချုပ်နှင့်ချိတ်ဆက်၍အစည်းအဝေးများ၊ ထုတ်ကုန် လုံခြုံစိတ်ချရမှုဆိုင်ရာကိစ္စရပ်များ၊  ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးကိစ္စရပ်များနှင့် စပ်လျဉ်း၍ virtualစနစ်ဖြင့်အစည်းအဝေးပြုလုပ်ရာတွင် ပိုမိုအဆင်ပြေလွယ်ကူစေရန်အတွက် မန္တလေး တိုင်း ဒေသကြီးတိုင်းဦးစီးမှူးရုံးရှိ အရာထမ်း၊ အမှုထမ်းများအား ZOOM APPLICATION ချိတ်ဆက်မှု နည်းပညာသင်တန်းကို ၁၆.၆.၂၀၂၆ ရက်နေ့ လည် ၁၃: ၀၀ နာရီအချိန်တွင် တိုင်းဒေသကြီး ဦးစီးမှူးရုံး အစည်းအဝေးခန်းမတွင်  စာတွေ့လက်တွေ့သင်ကြားပို့ချ ခဲ့ကြောင်းသိရှိရပါသည်။ သင်တန်းတွင် သင်တန်းနည်းပြအဖြစ် ရုံးချုပ်၊ သတင်းအချက်လက်နည်းပညာနှင့် အရည် အသွေးစီမံခန့်ခွဲမှုဌာနခွဲမှ ဦးဇော်ဝင်းလေး၊ ဦးစီးအရာရှိမှ virtual စနစ်ဖြင့် ချိတ်ဆက်၍ စာတွေ့သင်ကြားပို့ချခဲ့ပြီး မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဦးမင်းလွင်၊ ဦးစီးအရာရှိမှ လက်တွေ့သင်ကြားပို့ချခဲ့ကြောင်း သတင်းရရှီပါသည်။ သင်တန်းတွင်သင်တန်းသားသင်တန်းသူ များအဖြစ် တိုင်းဒေသကြီးဦးစီးမှူးရုံးနှင့်ခရိုင်ရုံးများမှ သင်တန်းသား၊ သင်တန်းသူ ၅၃ ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။   

DOCA(မန္တလေး)       

စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ဝန်ထမ်းများ စွမ်းဆောင်ရည်မြှင့်တင်ရေး အထောက်အကူပြု နိုင်ငံဝန်ထမ်းကျင့်ဝတ် (၃၀) ပါးအလွတ်ရွတ်ဆိုပြိုင်ပွဲကျင်းပ

          ၂၃-၆-၂၀၂၆ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး ဦးစီးမှူးရုံးနှင့် ကွပ်ကဲမှုအောက်ရှိ ခရိုင်ဦးစီးမှူးရုံးများတွင်  ဝန်ထမ်းများအား ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရန်နှင့် အရည်အသွေးများ မြင့်မားတိုးတက်လာစေရန်အတွက်” အထက် ဌာနအကြီးအကဲများ၏ လမ်းညွှန်ချက်နှင့် တိုင်းဒေသကြီးဦးစီးမှူး အစီအမံဖြင့် နိုင်ငံဝန်ထမ်းကျင့်ဝတ်(၃၀)ပါး အရွတ်ဆိုပြိုင်ပွဲကျင်းပခဲ့ရာ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဝန်ထမ်း ( ၂၉ )ဦး၊ ခရိုင်/မြိုနယ်တာဝန်ခံရုံးများမှ ( ၁၉ )ဦး ဝင်ရောက်ယှဉ်ပြိုင်၍ ကျား( ၁၀)  ဦး၊ မ( ၃၈ )ဦး၊ စုစုပေါင်း (  ၄၈ ) ရှိကြောင်း သိရသည်။

          အဆိုပါ ဝန်ထမ်းများ စွမ်း‌ဆောင်ရည်မြှင့်တင်ရေးနှင့် အရည်အသွေးများမြင့်မား တိုးတက်စေရန် နိုင်ငံဝန်ထမ်းကျင့်ဝတ်(၃၀)ပါး အရွတ်ဆိုပြိုင်ပွဲကို တိုင်းဒေသကြီး ဦးစီးမှူးရုံးရှိ ဝန်ထမ်းများနှင့် မုံရွာခရိုင်ဦးစီးမှူးရုံးရှိ ဝန်ထမ်းများအား တိုင်းဒေသကြီး ဦးစီးမှူးရုံးတွင်လည်းကောင်း၊ ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများအား Online ဖြင့် ချိတ်ဆက်၍ ယှဉ်ပြိုင်စေပြီး သတ်မှတ်ထားသည့် အမှတ်ပေးစည်းမျဉ်းစည်းကမ်းများ၊ စာလုံးပေါင်းသတ်ပုံ၊ တိကျမှန် ကန်မြန်ဆန်စွာ ရွတ်ဆိုနိုင်မှုကို အကဲဖြတ်အမှတ်ပေး၍ ဝန်ထမ်းများ၏ စွမ်းဆောင် ရည်မြင့်တင်နိုင်‌ခြင်းများကို လေ့ကျင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ကုန်အညွှန်းအမှတ်အသားနှင့်ပတ်သက်၍ လုပ်ငန်းရှင်မှလာရောက်တွေ့ဆုံ

           မြင်းခြံမြို့၊ စက်မှုဇုံရှိ ‘‘ရွှေယုန်’’ မုန့်ဩဇာထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းရှင် ဦးဝေဖြိုးအောင်မှ ကုန်စည်များတွင် ထည့်သွင်းဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများနှင့် ပတ်သက်၍ ၁၈.၆.၂၀၂၆ ရက်နေ့၊ နေ့လယ်(၁၄:၀၀)အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြင်းခြံခရိုင်ဦးစီးမှူးရုံးသို့ လာရောက်တွေ့ဆုံရာ စားသုံး/ထုတ်လုံဌာနခွဲတာဝန်ခံ ဦးစိုးမိုးထွန်း (ဦးစီးမှူး)က ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

          ဌာနခွဲတာဝန်ခံမှ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည်များထုတ်လုံဖြန့်ဖြူးရောင်း ချမည်ဆိုပါက ၂၀၁၉ စားသုံးသူကာကွယ်ဥပဒေပါ စီးပွားရေးလုပ်ငန်းများ၏ တာဝန်များ၊ ကုန်အညွှန်း အမှတ်အသားဖော်ပြရာတွင် ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့်အသား တင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုး၊ ဓာတ်မတည့်ကြောင်း ဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်တို့ကို ထည့်သွင်းဖော်ပြပေးရန်လိုအပ် ကြောင်းနှင့် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ထားသော ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မိမိထုတ်လုပ်သော ကုန်စည် အမျိုးအစားပေါ်လိုက်၍ လိုအပ်သည့်အချက်အလက်များအား မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာ နှင့်အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ သိသာထင်ရှားစွာ ဖော်ပြရမည့် အချက်များ ဌာနခွဲတာဝန်ခံမှ ရှင်းလင်းခဲ့ကြောင်း သိရှိရသည်။

DOCA(မန္တလေး)

နတ်တလင်းမြို့နယ်၌ ၂၀၂၆ခုနှစ် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်း

          ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ် သစ်တောဦးစီးဌာနမှ  ၂၀၂၆ခုနှစ် မိုးရာသီ စုပေါင်း သစ်ပင်စိုက်ပျိုးပွဲတော်အား ၂၀၂၆ခုနှစ် ဇွန်လ(၁၃)ရက်နေ့ နံနက် (၇:၃၀)နာရီ အချိန်တွင် နတ်တလင်းမြို့နယ် သနပ်ကွင်းကျေးရွာ၌  သစ်ပင်စိုက်ပျိုးပွဲ ကျင်းပခဲ့ရာ  လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန နတ်တလင်းခရိုင် ဦးစီးမှူး ဦးဝေမျိုးသက်၊ နတ်တလင်းမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ ဦးကျော်ကျော်ဦးနှင့် မြို့နယ်သစ်တောဦးစီးဌာန တောအုပ်ကြီး ဦးသန့်ဇော် တို့က တက်ရောက်လာသောဌာနဆိုင်ရာများသို့ စိုက်ပျိုးမည့် သစ်ပင်များအားပေးအပ်ခဲ့ပြီး တက်ရောက်လာ သူများက သတ်မှတ်နေရာအသီးသီးတွင် ကျွန်းပင်၊ ခရေပင် ၊ ငုရွှေဝါ၊ စိန်ပန်းကြီး၊ ငုရွှေဝါပင်၊ ပေါက်ပန်းဖြူပင်၊ ပေါက်ပန်းနီပင်၊မဟော်ဂနီပင်၊ မန်ဂျန်ရှားပင်၊ ၊ စုစုပေါင်း(၅၀၀) အား စိုက်ပျိုးခဲ့ကြရာ အဆိုပါသစ်ပင် စိုက်ပျိုးပွဲသို့ ခရိုင်အဆင့် ဌာနဆိုင်ရာများ မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဌနှင့် အဖွဲ့ဝင်များ မြို့နယ်အဆင့် ဌာနဆိုင်ရာများ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း၊ ဆရာ၊ ဆရာမများ ကျောင်းသူ ကျောင်းသားများ ဒေသခံပြည်သူများ စုစုပေါင်း  (၂၅၀)ဦးတက်ရောက်ခဲ့ကြောင်းသိရသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ