Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ပုသိမ်ခရိုင်အတွင်း လုပ်ငန်းအသစ်ထူထောင်သည့် ကုမ္ဗဏီများအား မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

          (၂၂.၆.၂၀၂၆) ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပုသိမ်ခရိုင်ဦးစီး မှူးရုံးမှ ဒု - ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနတွင် ပို့ကုန်သွင်းကုန်လုပ်ငန်းရှင် မှတ်ပုံတင်အသစ် လျှောက်ထားသော ပုသိမ်ခရိုင်၊ ပုသိမ်မြို့၊ ၄၆/၄၈ ဥမ္မာဒန္တီလမ်းရှိ CENTRO CITY HOLDING Co.Ltd အားကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရပါသည်။

         ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ပို့ကုန်သွင်းကုန်း လုပ်ငန်းရှင်မှတ်ပုံတင်အသစ် လျှောက်ထားလာသည့် မြန်မာကုမ္ဗဏီဖြစ်သော CENTRO CITY HOLDING Co.Ltd တည်ထောင်ထားမှု့နှင့် ပတ်သက်၍ ကုမ္ဗဏီရုံးခန်းလိပ်စာတွင် အမှန်တကယ်ဖွင့်လှစ်ထားခြင်း ရှိ/မရှိ၊ အမှန်တကယ် လုပ်ငန်း ဆောင်ရွက်မှု ရှိ/မရှိ တို့ကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA (ဧရာဝတီ)

သာယာဝတီခရိုင်လက်ပံတန်းမြို့၌လစဉ်ကြာသပတေးနေ့ အသိပညာပေး Talk Show ကျင်းပခြင်း

             ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊စားသုံးသူရေးရာဦးစီးဌာနမှလစဉ်ကျင်းပပြုလုပ်သော ဝန်ထမ်းများ စွမ်းဆောင်ရည်မြှင့်တင်ရေးအတွက် အသိပညာပေး Talk Show ဟောပြောပွဲများ ကျင်းပပြုလုပ်ခဲ့ရာ (၁၆) ကြိမ် မြောက်ဟောပြောပွဲကို ( ၁၈.၆.၂၀၂၆ ) ရက်နေ့၊ နေ့လည် (၁:၀၀) အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ သာယာဝတီခရိုင်ဦးစီးမှူးရုံး၊ စားသုံး/ထုတ်လုံဌာနခွဲတာဝန်ခံ ဦးဇော်ထွန်းမှ ထုတ်ကုန်လုံခြုံစိတ်ချရမှုဆိုင်ရာ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း အသိပညာ ဗဟုသုတများ  ခေါင်းစဉ်ဖြင့် အသိပညာပေး Talk Show ဆွေးနွေးပွဲကို သာယာဝတီ၊ လက်ပံတန်း၊ မင်းလှ၊ မိုးညို၊ အုတ်ဖို၊ ကြို့ပင်ကောက် မြို့နယ်များမှ ဝန်ထမ်းများနှင့် Zoom metting ဖြင့် ချိတ်ဆက် ဆောင်ရွက်ခဲ့ပါသည်။

           Talk Show ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံစားသုံးသူကော်မရှင်က ထုတ်ပြန်ထားသော ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်နှင့်ပတ်သတ်သော ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) အား သိရှိနိုင်ရန်နှင့် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ကုန်စည်တစ်မျိုးခြင်းအလိုက် ကုန်အညွှန်း အမှတ်အသားများကို ခွဲခြားစစ်ဆေးနိုင်ရန်၊ ဦးစားပေးကုန် စည်များ၊ ဦးစားပေး ဝန်ဆောင်မှုများ ကိုလည်း ကွင်းဆင်းဆောင်ရွက် သိရှိစေရန် အချက်များကို အသေးစိတ်ရှင်း လင်းဆွေးနွေး သွားခဲ့ပါသည်။ခရိုင်ဦးစီးမှူးမှ ဝန်ထမ်းများကို မိမိလုပ်ငန်းများနှင့် သက်ဆိုင်သော အသိပညာပေး Talk Show များ ကျင်းပခြင်းဖြင့် ဝန်ထမ်းများစွမ်းဆောင်ရည် မြင့်မားလာနိုင်ကြောင်း ထည့်သွင်း ဆွေးနွေးခဲ့ပါသည်။မြို့နယ်တာဝန်ခံများမှလည်း အားနည်းချက်အားသာချက်များ ဖြည့်စွက်ဆွေးနွေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ဓနုဖြူမြို့နယ် သောက်ရေသန့်လုပ်ငန်းအား ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ကွင်းဆင်းစစ်ဆေး

      (၂၄.၆.၂၀၂၆)ရက်နေ့၊ နေလယ်(၁၃:၃၀)နာရီအချိန်တွင် ဓနုဖြူမြို့နယ်အတွင်းရှိ လိုတိုင်းရသောက်ရေ သန့်စက်ရုံ၊ UNT သောက်ရေသန့်လုပ်ငန်း ၂ခု အား မြို့နယ်ကျန်းမာရေး၊မြို့နယ် စည်ပင်တို့နှင့်ပူးပေါင်း၍ဈေးကွက်မရောက်မီ ထုတ်လုပ်ဖြန့်ဖြူးဿောကုန်စည်များအား ထုတ်ကုန် လုံခြုံစိတ်ချရမှု ရှိစေရေးအတွက် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

         စစ်ဆေးဆောင်ရွက်ရာတွင် ဓနုဖြူမြို့နယ်တာဝန်ခံရုံးမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ရေသန့်စက်ရုံမှ ထုတ်လုပ်ဖြန့်ဖြူးသော ရေသန့်ဗူးအမျိုးမျိုးတွင် ကုန်အညွှန်းအမှတ် အသားပြည်စုံမှု ရှိ/မရှိနှင့် FDA ထောက်ခံချက်ရရှိပြီး ထုတ်လုပ်ကုန်စည်များ သန့်ရှင်းမှုရှိစွာ ထုတ်လုပ်မှုကျင့်စဉ်အတိုင်း ဆောင်ရွက်ထားခြင်းရှိ/မရှိ ကိုစစ်ဆေးဆောင်ရွက်ခဲ့ပြီး စက်ရုံပိုင်ရှင်အား သောက်ရေသန့်များ ထုတ်လုပ်ဖြန့်ဖြူးရောင်းချရာ တွင်လည်း ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်စွာ ဖော်ပြပါရှိသော သောက်ရေသန့်များကိုသာ ထုတ်လုပ်ဖြန့်ဖြူးရောင်းချရန် အသိပညာပေးဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

လက်ပံတန်းမြို့တွင်ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

              စားသုံးသူရေးရာဦးစီးဌာန၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၌ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ၁၈.၆.၂၀၂၆ ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် မြို့မဈေးအတွင်းရှိ ဒေါ်သီတာအောင် ကုန်မျိုးစုံနှင့် ရောင်းဝယ်ရေးဆိုင်များအား ကုန်အညွှန်းအမှတ်အသားများ  ပြည်စုံစွာ ဖော်ပြခြင်း ရှိ/မရှိ ခရိုင်ဦးစီးမှူး ဦးနိုင်လင်းထွန်း၊ မြို့နယ်တာဝန်ခံဦးကျော်မျိုးထွန်း၊ စည်ပင်သာယာရေး အဖွဲ့နှင့် ဝန်ထမ်းတို့မှ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။ စားသုံးသူများ   တိကျမှန် ကန်ရှင်းလင်း သော သတင်းအချက်များသိရှိစေရန်၊ စားသုံးသူများ ဘေးအန္တရာယ် ကင်းရှင်းစေရန်၊  စိတ်ကျေနပ်မှုရှိစေရန် အတွက်အာမခံချက်ပေးနိုင်သည့် အရည်အသွေး မြင့်မား သော ကုန်စည် ဝန်ဆောင် မှုများ ဖော်ဆောင်ဖြည့်ဆည်း ပေးနိုင်စေရေးနှင့် စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေအား သိရှိလိုက်နာဆောင်ရွက်ရန် အသိပညာပေးခြင်း ကုန်စည် အမျိုးအစား အလိုက် သတ်မှတ်ချက်များ နှင့်အညီ ပြည့်စုံစွာ ဖော်ပြခြင်း ရှိ/မရှိ ဈေးကွက် စောင့်ကြည့် စစ်ဆေးခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါသည်။

DOCA(ပဲခူး)

ဒေသတွင်းထုတ်လုပ်သော စားသောက်ကုန်များအား ကုန်အညွှန်းအသားပြည့်စုံခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

     ဒေသတွင်းထုတ်လုပ်သော စားသောက်ကုန်များအား ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုရှိ/မရှိ စစ်ဆေးခြင်းကို စားသုံးသူရေးရာဦးစီးဌာန မှ မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ ကျန်းမာရေးဌာနတို့ ပူးပေါင်း၍ ဈေးကွက်အတွင်းရှိ စားသောက်ကုန်များနှင့် ဒေသထွက် MSME ထုတ်ကုန်များကို ကွင်းဆင်းစစ်ဆေးလျက်ရှိပါသည်။

      ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ဓနုဖြူမြို့နယ်မှ ပြည်စုံအောင်ပဲမုန့်လုပ်ငန်းနှင့် ဆန်းမင်းသစ် ပဲကြက်ခေါက်လုပ်ငန်း ၂ခုတွင် ထုတ်လုပ်သောမုန့်များကို ဈေးကွက်ဖြန့်ဖြူး ရောင်းချရတွင် စားသုံးသူဘေးအန္တရာယ် ကင်းရှင်းစွားအသုံးနိုင်စေရန်  ကုန်အညွှန်းအမှတ် အသားပြည့်စုံမှု ရှိ/မရှိ၊ ကုန်စည်တွင် ထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်းကုန်ဆုံးရက်စွဲ ဖော်ပြထားခြင်း ရှိ/မရှိ၊ ပါဝင်ပစ္စည်းများနှင့် အသားတင်ပမာဏ ဖော်ပြထားမှုအခြေအနေ၊ မြန်မာဘာသာဖြင့်ဖော်ပြရမည့်ညွှန်ကြားချက်များ ကိုလည်းကောင်း၊ စားသုံးသူ ဘေးကင်းလုံခြုံရေးအတွက် လိုအပ်သောပြုပြင်မှုများ လုပ်ဆောင်ရန် ညွှန်ကြားခြင်းများကို ရှင်းလင်းအသိပညာပေးခဲ့ပြီး ကုန်ထုတ်လုပ်ငန်း၏ ထုတ်လုပ်မှုအဆင့်ဆင့်ကို လေ့လာကြည်စစ်ဆေးခဲ့ပြီး စီးပွားရေးလုပ်ငန်းရှင် လိုက်နာရမည့်တာဝန်များအကြောင်းကို ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

      စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးဇေယျာအောင် (ခရိုင်ဦးစီးမှူး) ဦးဆောင်သည့် ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှဝန်ထမ်းများနှင့် မိတ်ဖက်ဌာနတို့ပူးပေါင်း၍ ၂-၇-၂၀၂၆ ရက်နေ့တွင် မြစ်ကြီးနားမြို့၊ မြို့သစ်ရပ်ကွက်ရှိ  လက်လီရောင်းချလျက်ရှိသော အောင် (ဆေးဆိုင်)သို့ သွားရောက်၍ စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းပြီး ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ် ရှိသောကုန်စည်များ ဈေးကွက်အတွင်းမှပပျောက်စေရေးနှင့် စားသုံးသူကာကွယ်ရေး ဥပဒေပါ ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ ကိုက်ညီမှု ရှိ/မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

          ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာ အေးငြိမ်းသီတာ အမှတ်တံဆိပ်ပါ အကြောအားတိုးဆေး တွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ထုတ်ပြန်ထားသော ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)အရ ကုန်စည်အမျိုးအစားအလိုက် မြန်မာဘာသာဖြင့်ဖော်ပြရမည့် အမျိုးအမည်၊ အရွယ် အစား၊ အရေအတွက် အသားတင်ပမာဏ၊ သုံးစွဲပုံနည်းလမ်း၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ဓါတ်မတည့် ကြောင်းဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်တို့ ပြည့်စုံစွာဖော်ပြပါရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး ဆေးဆိုင်လုပ်ငန်းရှင်အား ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုမရှိသည့် ကုန်စည်များ ဈေးကွက်အတွင်း ရောင်းချခြင်းမပြုလုပ်ရန်နှင့် ဆင်တူရိုးမား  အတုအပအမှတ်တံဆိပ်များ ဝယ်ယူရောင်းချခြင်း မပြုလုပ် ကြရန်တို့ကို အသိပညာပေးဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ လက်ကမ်းစာ စောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကချင်)

ခရိုင်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ၊ ငါးလုပ်ငန်းဦးစီးဌာနတွင် ပြုလုပ်သော ပျားမွေးမြူရေး ပြည်သူအသိပညာပေး တက်ရောက်

     စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပျားမွေးမြူရေးဌာနခွဲ၊ ခရိုင်တာဝန်ခံရုံးမှ ဦးစီး၍ အစိုးရသစ် ရက်(၁၀၀)အတွင်း ဆောင်ရွက်မှုအဖြစ် ပျားမွေးမြူရေး ပြည်သူအသိပညာပေးသင်တန်းနှင့် ပျားအိမ် အမျိုးအစားအလိုက် ကုန်ကျစရိတ်နှင့် အားနည်းချက်/အားသာချက်များ ချပြရှင်းလင်းခြင်းကို၊ ဇွန်လ ၂၀ ရက်နေ့ နံနက် ၁၀ နာရီခွဲက ခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတွင် ကျင်ပပြုလုပ်ခဲ့ကြောင်း သိရသည်။

         အခမ်းအနားတွင် မွေးမြူရေးနှင့်ကုသုရေးဦးစီးဌာန မအူပင်မြို့နယ်တာဝန်ခံ (လက်ထောက်ညွှန်ကြားရေးမှူး) က အဖွင့်အမှာစကားပြောကြားပြီး၊ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးက စိုက်ပျိုးရေးနှင့် ပျားမွေးမြူရေးလုပ်ငန်း ဆက်စပ်ဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ပျားမွေးမြူမှုဖွံ့ဖြိုးရေးဌာနခွဲ မအူပင်မြို့နယ်တာဝန်ခံက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး၊ မအူပင်ခရိုင်တာဝန်ခံက ပျားရည်ထုတ်လုပ်ရေး၊ ပျားဖယောင်းထုတ်လုပ်ရေး၊ ပျားဝတ်မှုံထုတ်လုပ်ရေး၊ ပျားအုံတိုးပွားရေးနှင့် ပျားဘုရင်မမွေးမြူရေး ပျားရောဂါ ကာကွယ်/ကုသရေး လုပ်ငန်းဆိုင်ရာများကို ရှင်းလင်းဟောပြောပြီး၊ ဖော့ပျားအိမ်၊ ကျွန်းပျားအိမ်၊ အထပ်သားပျားအိမ် အမျိုးအစားအလိုက် ကုန်ကျစရိတ်နှင့် အားသာချက်/ အားနည်းချက်များကို ချပြရှင်းလင်း၍ တက်ရောက်လာသည့် လုပ်ငန်းရှင်များ၏ မေးမြန်းမှုများကို ပြန်လည်ရှင်းလင်း ဖြေကြားသည်။ ယင်းနောက် ခင်းကျင်းပြသထားသည့် ပျားရည်အမျိုးမျိုးနှင့် ပျားမွေးမြူရေးလုပ်ငန်း သုံးပစ္စည်းများကို တိုင်းတာဝန်ခံက လိုက်လံရှင်းလင်းပြသပြီး ဖွင့်ပွဲအခမ်းအနားကို ရုပ်သိမ်းကြောင်း သိရသည်။

      အဆိုပါ သင်တန်းကို သင်တန်းနည်းပြအဖြစ် မြို့နယ်တာဝန်ခံ (ဦးစီးအရာရှိ)နှင့် (ဒုတိယဦးစီးမှူး) တို့က ဆောင်ရွက်ကြမည်ဖြစ်ပြီး၊ သင်တန်းကာလမှာ ၃ ရက်ဖြစ်ကြောင်းနှင့် သင်တန်းသို့ စီးပွာဖြစ် ပျားမွေးမြူရေးလုပ်ငန်း ဆောင်ရွက်နေသူများနှင့် စီးပွားဖြစ် ပျားရည်ထုတ်လုပ်သူ  ၁၀ ဦး၊ နေကြာစိုက်တောင်သူ ၁၅ ဦး စုစုပေါင်း ၂၅ ဦးတို့အား ချပြရှင်းလင်းသွားမည်ဖြစ်ကြောင်း သိရပြီး၊ သင်တန်းဖွင့်ပွဲသို့ ပျားလုပ်ငန်းဦးစီးဌာန ခရိုင်ဒေသကြီးတာဝန်ခံ၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးစိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊  ပျားမွေးမြူမှု ဖွံ့ဖြိုးရေးဌာနခွဲ မြို့နယ်တာဝန်ခံ နှင့်ဝန်ထမ်းများ၊ စီးပွားဖြစ် ပျားမွေးမြူ/ ထုတ်လုပ်သူများ၊ နေကြာစိုက်တောင်သူများ၊ မအူပင်ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးမှ ပျားမွေးမြူရေးလုပ်ငန်းအား သိရှိနိုင်ရန် ဖိတ်ကြားချက်အရ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

စာသင်ကျောင်းများတွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲများစတင်ဆောင်ရွက်

               ပြည်ခရိုင်၊ ပြည်မြို့နယ်တွင် ဇွန်လပထမအပတ်မှစတင်၍ စာသင်ကျောင်းများ စတင်ဖွင့်လှစ် ပြီဖြစ်ပါသဖြင့် ပြည်မြို့ယ် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ခံနှင့် ဝန်ထမ်းများသည် မိတ်ဖက် ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲများ စတင်၍ ကျင်းပပြုလုပ်နေလျက်ရှိပါသည်။ ကျောင်းမုန့်ဈေးဆိုင်များတွင် မြန်မာစာကုန်အညွှန်း မပါသောမုန့် များ ရောင်းချနေခြင်း ရှိ/ မရှိ စစ်ဆေးခြင်းများ ပြုလုပ်၍ ကုန်အညွှန်းအမှတ်အသား မပြည့်စုံပါက ရောင်းချြခင်းမပြုလုပ်ရန် အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ (၈.၆.၂၀၂၆) ရက်နေ့တွင် ပြည်မြို့၊ အောင်ဆန်းအခြေခံပညာအထက်ကျောင်းသို့ သွားရောက်၍ “စားသုံးသူကာကွယ်ရေး အသိပညာပေး” ဟောပြောပွဲကို မိတ်ဖက်ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ ကျင်းပပြုလုပ်ခဲ့၍ ဟောပြောပွဲသို့ ဌာနအသီးသီးမှ တာဝန်ရှိသည့် ဌာနဆိုင်ရာအကြီးအကဲများ၊ ဆရာ၊ ဆရာမများနှင့် Grade (11) မှ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း တက်ရောက်သူ (၁၀၂) ဦးအား စားသုံးသူ ရေးရာဦးစီးဌာန စတင်ဖွဲ့စည်းဖြစ်ပေါ်လာပုံ စားသုံးသူကာကွယ်ရေးဥပဒေ၌ ပါရှိသော စားသုံးသူ များ ရရှိမည့်အခွင့်အရေး (၈) ချက်နှင့် လိုက်နာရမည့်တာဝန်များအကြောင်းနှင့် လုပ်ငန်းရှင်နှင့် စားသုံးသူ၏ကြား တစ်စုံတစ်ရာ ဆုံးရှုံးထိခိုက်နစ်နာမှုများရှိလာပါက တိုင်ကြားလို့ရနိုင်မည့် နည်းလမ်းများအား အသိပညာပေး ဟောပြော၍ စားသုံးသူကာကွယ်ရေးဥပဒေအခန်း (၁၈) ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ သိကောင်းစရာများအား ရှင်းလင်းဟောပြောဆွေးနွေးခဲ့ပါကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

စားသောက်ဆိုင်ဝန်ဆောင်မှု လုပ်ငန်းအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခြင်း

         ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် စားသောက်ဆိုင်များ၊ အစားအသောက် ဝန်ဆောင်မှုပေးသည့် လုပ်ငန်းများအား ၂၀၂၆ခုနှစ် ဇွန်လ ၂၂ရက်နေ့ နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။

       ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဝင်းမင်းစိုး၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်မီးသတ် ဦးစီးဌာနတို့​ပူးပေါင်း၍ ဓနုဖြူမြို့နယ်အတွင်းရှိ စားသောက်ဆိုင်များ၊ အစားသောက်ဝန်ဆောင်မှု ပေးသည့်လုပ်ငန်းများသို့ ကွင်းဆင်း၍ စားသုံးသူပြည်သူများ သန့်ရှင်းလက်ဆက်သော အစားအသောက်များဖြစ်စေရေး၊ စားသောက်ဆိုင်သုံးပစ္စည်းများ သန့်ရှင်းမှုရှိစေရေးနှင့် သက်တမ်းလွန်ပစ္စည်းများ အသုံးမပြုစေရေး၊ ဝန်ဆောင်မှုကဏ္ဍကောင်းမွန်စွာ ပေးဆောင်နိုင်ရေး၊ အခွန်တံဆိပ်ခေါင်းပါဝင်မှုနှင့် စားသောက်ကုန်စည်ဈေးနှုန်းများ ကြိုတင်အသိပေး ကြော်ငြာထားခြင်းရှိ/ မရှိကို စစ်ဆေးခဲ့ပြီး ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အသိပညာပေးပြောကြားကာ စစ်ဆေးကြည့်ရှုခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

TALK SHOW အစီအစဉ်ဆောင်ရွက်ခြင်း

        ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ Talk Show ကို ၁၉ ရက်နေ့ ဇွန်လ ၂၀၂၆ခုနှစ် နံနက် (၁၀း၀၀) နာရီ အချိန်တွင် လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

        အသိပညာပေးဟောပြောရာတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စားသုံးသူကာကွယ်ရေးနှင့် စပ်လျဉ်း၍ အသိပညာများ ရရှိရန် ရှင်းလင်းဆွေးနွေးပေးနိုင်ပါရန် ညောင်တုန်းမြို့နယ်ဦးစီးမှူး ဒေါ်ချိုမီဇင်အား ပြောကြားရာ ‌ဒေါ်ချိုမီဇင် ဒုဦးစီးမှူးမှ စားသုံးသူအခွင့်အရေးကို နားလည်သိရှိနိုင်ရန်အတွက် စားသုံးသူများ၏ နေ့စဉ်ဘဝအတွက် မရှိမဖြစ်လိုအပ်သော အစားအသောက်၊ သောက်သုံးရေ၊ အဝတ်အစား၊ နေထိုင်ရန်အိမ်ရာ၊ ကျန်းမာရေးနှင့် ပညာရေးဆိုင်ရာ ဝန်ဆောင်မှုများကို လုံလောက်စွာရရှိနိုင်ရန်လိုအပ်ကြောင်း၊ စားသုံးသူများသည် မိမိတို့ ဝယ်ယူအသုံးပြုသည့် ကုန်စည်နှင့် ဝန်ဆောင်မှုများကြောင့် အသက်၊ ခန္ဓာကိုယ်နှင့် ကျန်းမာရေး ထိခိုက်မှုမရှိစေရန် အာမခံချက် ရရှိရမည်ဖြစ်ပြီး ထုတ်လုပ်သူနှင့် ရောင်းချသူများသည် ဘေးအန္တရာယ်ဖြစ်စေနိုင်သော ကုန်ပစ္စည်းများကို စျေးကွက်သို့ မဖြန့်ချိသင့်ဘဲ လုံခြုံရေးစံချိန်စံညွှန်းများနှင့် ကိုက်ညီစေရန် တာဝန်ယူရမည်ဖြစ်ပါကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၉)ပါ စားသုံးသူအခွင့်အရေး ၈ချက်ကို အကျယ်တဝင့်ရှင်းလင်းပြောကြားခဲ့ပြီး စားသုံးသူလိုက်နာရမည့် တာဝန်(၄)ချက်အကြောင်းကိုပါ အကျယ်တဝင့်ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ