Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

နှင်းဆီ ဂျုံခေါက်ဆွဲခြောက်လုပ်ငန်းအား ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရန် ကွင်းဆင်းစစ်ဆေးခြင်း

    ၂၀၂၅ ခုနှစ်၊ မေလ ၂၀ ရက်နေ့၊ နေ့လည် (၁၃:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီး ဌာန၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်တာဝန်ခံရုံးမှ စစ်ဆေးရေးမှူးနှင့် ဝန်ထမ်းများသည် အသေးစားစက်မှုလက်မှုဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေး ဌာနမှ ဝန်ထမ်းများနှင့်ပူးပေါင်း၍ တာချီလိတ်မြို့နယ်၊ ဆန်ဆိုင်း(ခ)ရပ်ကွက်အတွင်းရှိ နှင်းဆီ အမှတ်တံဆိပ် ဂျုံခေါက်ဆွဲခြောက်လုပ်ငန်းအား ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရန်အတွက် ကွင်း ဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် နှင်းဆီ အမှတ်တံဆိပ် ဂျုံခေါက်ဆွဲခြောက်သည် စားသုံးသူ ကာကွယ်ရေးဥပဒေအခန်း (၁၈) ပါ “ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း” နှင့် ပတ်သက်၍ ပြည့်စုံစွာဖော်ပြထားပြီး ထုတ်ကုန်များကိုလည်း သန့်ရှင်းသပ်ရပ်စွာ ထုတ်လုပ်ဖြန့်ချိသည်ကို စစ်ဆေးတွေ့ရှိရပါသည်။ ထို့နောက် စစ်ဆေးရေးမှူးနှင့် ဌာနဆိုင်ရာဝန်ထမ်းများသည် လုပ်ငန်း ရှင်အား စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးကို အလေးထားဆောင်ရွက်ရန်၊ ကုန်ကြမ်း များ စနစ်တကျသိုလှောင်ရန်၊ သက်ဆိုင်ရာဌာနများ၏ လုပ်ငန်းလိုင်စင်နှင့် ထောက်ခံချက်များပြု လုပ်ရန်၊ စားသုံးသူကာကွယ်ရေးဥပဒေအခန်း (၁၀) ပါ “စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ” ကို လိုက်နာဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြပါသည်။

DOCA(ရှမ်း)

 

ကြယ်ငါးပွင့် ဂျုံခေါက်ဆွဲခြောက်လုပ်ငန်းအား ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရန် ကွင်းဆင်းစစ်ဆေးခြင်း

      ၂၀၂၅ ခုနှစ်၊ မေလ ၂၀ ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီး ဌာန၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်တာဝန်ခံရုံးမှ စစ်ဆေးရေးမှူးနှင့် ဝန်ထမ်းများသည် အသေးစားစက်မှုလက်မှုဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးဌာနမှ ဝန်ထမ်းများ နှင့်ပူးပေါင်း၍ တာချီလိတ်မြို့နယ်၊ ဆန်ဆိုင်း(က)ရပ်ကွက်အတွင်းရှိ ကြယ်ငါးပွင့် အမှတ်တံဆိပ် ခေါက်ဆွဲခြောက်လုပ်ငန်းအား ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရန်အတွက် ကွင်းဆင်းစစ်ဆေး ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

       ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ကြယ်ငါးပွင့် အမှတ်တံဆိပ် ခေါက်ဆွဲခြောက်သည် စားသုံးသူကာကွယ်ရေးဥပဒေအခန်း (၁၈) ပါ “ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း” နှင့် ပတ် သက်၍ ပြည့်စုံစွာဖော်ပြထားပြီး ထုတ်ကုန်များကိုလည်း သန့်ရှင်းသပ်ရပ်စွာ ထုတ်လုပ်ဖြန့်ချိသည် ကို စစ်ဆေးတွေ့ရှိရပါသည်။ ထို့နောက် စစ်ဆေးရေးမှူးနှင့် ဌာနဆိုင်ရာဝန်ထမ်းများသည် လုပ်ငန်း ရှင်အား စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးကို အလေးထားဆောင်ရွက်ရန်၊ ကုန်ကြမ်း များ စနစ်တကျသိုလှောင်ရန်၊ သက်ဆိုင်ရာဌာနများ၏ လုပ်ငန်းလိုင်စင်နှင့် ထောက်ခံချက်များပြု လုပ်ရန်၊ စားသုံးသူကာကွယ်ရေးဥပဒေအခန်း (၁၀) ပါ “စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ” ကို လိုက်နာဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြပါသည်။

DOCA(ရှမ်း)

မြိတ်လေတပ်စခန်းဌာနချုပ်၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောဆွေးနွေး

    တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး-ဦးမျိုးဝင်းနှင့် ဝန်ထမ်းများသည် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင့် မြိတ်လေတပ်စခန်းဌာနချုပ် တို့ပူး ပေါင်း၍ မြိတ်လေတပ်စခန်းဌာနချုပ်တွင် ဖွင့်လှစ်သည့် အသက်မွေးဝမ်းကျောင်းကာလတိုသင်တန်း ဖြစ်သော တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း၌  စားသုံးသူကာကွယ်ရေးဆိုင် ရာအသိပညာပေး ဟောပြောဆွေးနွေးခဲ့ကြောင်းသိရှိရသည်။

       အသိပညာပေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ စားသုံးသူ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်များ ပြောကြားခြင်း၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရမည့် အချက်များအကြောင်းပြောကြားခြင်းနှင့် စီးပွားရေးလုပ်ငန်း ရှင်များ လိုက်နာရမည့်တာဝန်များအကြောင်းရှင်းလင်းပြောကြားခြင်း၊ စားသုံးသူနစ်နာမှုရှိခဲ့လျှင် တိုင်ကြားနိုင်မည့် နည်းလမ်းများအားရှင်းလင်းပြောကြားခဲ့ပြီး အဆိုပါဟောပြောပွဲသို့ သင်တန်းသူ၊ သင်တန်းသားများနှင့် တပ်ဖွဲ့ဝင်မိသားစုများ (၄၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(တနင်္သာရီ)

စားအုန်းဆီအရောင်းဆိုင်များသို့ကွင်းဆင်းစစ်ဆေး

    တနင်္သာရီတိုင်း၊ မြိတ်ခရိုင်အတွက်လိုအပ်သော စားအုန်းဆီများကို ရန်ကုန်မြို့ဆီကန်များမှ ခွဲတမ်းဖြင့်ဝယ်ယူရရှိသလို မြိတ်မြို့အတွင်း ရည်ညွှန်းစျေးများဖြင့်ရောင်းချလျက်ရှိကြောင်း သိရှိရပါ သည်။ ၂၀၂၅ခုနှစ်၊ မေလ(၂၃)ရက်နေ့တွင် ကုန်စျေးနှုန်းတည်ငြိမ်‌ရေးအဖွဲ့ဝင်များသည် မြိတ်မြို့၊ ရှမ်းချောင်းလမ်းမကြီးရှိ စားအုန်းဆီရောင်းချနေသောဆိုင်များသို့သွားရောက်၍ ရည်ညွှန်းစျေးများဖြင့် ရောင်းချခြင်းရှိ/မရှိကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

    ကွင်းဆင်းစစ်ဆေးချက်ရာတွင် စျေးနှုန်းမှန်ကန်စွာဖြင့် အလေးချိန်မှန်ကန်စွာရောင်းချနိုင်ရေး၊ သတ်မှတ်ရည်ညွှန်းစျေးအတိုင်းရောင်းချနိုင်ရေးကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသတင်းရရှိပါ သည်။

DOCA(တနင်္သာရီ)

ဆန်စျေးနှုန်းမှန်ကန်စေရေးနှင့် တည်ငြိမ်စေရေးကွင်းဆင်းစစ်ဆေး

   ၂၀၂၅  ခုနှစ်၊ မေလ(၂၃)၇က်နေ့၊ နံနက်(၉း၀၀)အချိန်တွင် မြိတ်ခရိုင်ကုန်စျေးနှုန်းတည်ငြိမ် ရေးအဖွဲ့ဝင်များဖြစ်သော စားသုံးသူရေးရာဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ ဗဟိုစာ ရင်းအင်းအဖွဲ့၊ ခရိုင်ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ဖြင့် မြိတ်မြို့၊ ရှမ်းချောင်းလမ်းမကြီးရှိဆန်ဆိုင်များသို့ ဆန်‌ရောင်းချနေမှုအခြေအနေများအား ကွင်းဆင်းစစ်ဆေး ခဲ့ပါသည်။

     ကွင်းဆင်းစစ်ဆေးရာတွင် ဆန်စျေးနှုန်းစျေးကွက်နှင့် Consumer Packaging ဖြင့် ရောင်းချမည်ဆိုပါက သတ်မှတ်ရည်ညွှန်းစျေးနှုန်းများအတိုင်း ရောင်းချနိုင်ရေး၊ ဒေသတွင်းဖြစ် သင့်ဖြစ်ထိုက်သောစျေးနှုန်းများဖြင့် ရောင်းချမှုရှိစေရေးနှင့် စျေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင် ခြင်းများမရှိစေရေးကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(တနင်္သာရီ)

မြိတ်မြို့တွင် Online Sale အကြောင်းသိကောင်းစရာများအကြောင်းကို Talk Show ပြုလုပ်

     မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနသည် ပြည်သူများသိရှိစေရန်အတွက် ၂၀၂၅ခုနှစ်၊ မေလ(၂၃)ရက်နေ့တွင် စားသုံးသူအခွင့်အရေးအသိပညာပေး Talk Show အစီအစဉ်ကို မြိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနနှင့် ပူးပေါင်း၍ Community Center ခန်းမတွင် ပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

      ၎င်းTalk Show အစီအစဉ်ဆွေးနွေးပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှ အဖွင့်စကားပြောကြားခြင်း၊ မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ဒု-ခရိုင်ဦးစီးမှူး- ဒေါ်မိုးသီသီမှ ဌာန၏မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ စားသုံးသူအခွင့်အရေးနှင့် စားသုံးသူများ၏တာဝန်များ အ ကြောင်း၊ စားသုံးသူများ၏နစ်နာမှုနှင့် တိုင်ကြားနိုင်သည့်နေရာများအား အများပြည်သူဗဟုတုတဖြစ် ဖွယ်အသိပညာပေးဟောပြောခြင်း၊ စားသုံးသူသတင်းပြန်ကြားရေးနှင့်တိုင်ကြားမှုလက်ခံဆောင်ရွက် ရေးစင်တာ(CICC)သို့ လူကိုယ်တိုင်ဖြစ်စေ၊ စာဖြင့်ဖြစ်စေ Website ဖြင့်ဖြစ်စေ၊ Doca Myanmar applicationဖြင့်ဖြစ်စေ တိုင်ကြား၍ရနိုင်ကြောင်းနှင့် စားသုံးသူအသိပညာပေးခြင်း၏ ရည်ရွယ်ချက် များအကြောင်း အသိပညာပေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(တနင်္သာရီ)

မြိတ်ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ ထုတ်ကုန်လုံခြုံစိတ်ချရမှုဆိုင်ရာ အသိပညာပေးဟောပြောခြင်း

    တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနသည် မြိတ်ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ (၂၂.၅.၂၀၂၅)ရက်နေ့၊ မွန်းလွဲ (၂း၃၀) ပြန်ကြားရေးနှင့်ပြည်သူ့ဆက် ဆံရေးဦးစီးဌာနဝန်ထမ်းများအား ထုတ်ကုန်လုံခြုံစိတ်ချရမှုဆိုင်ရာ အသိပညာပေးဟောပြောဆွေးနွေး ခဲ့ပါသည်။

       အသိပညာပေးရာတွင် စားသုံးသူကာကွယ်ရေး ဥပဒေ(၂၀၁၉)ပါ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိ စေရေးအတွက် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဥ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ ထည့်သွင်းရမည့်အချက်များရှင်းလင်းပြောကြားခြင်း၊ စားသုံးသူများ၏ အခွင့်အရေး(၈)ချက်၊ စားသုံးသူအခွင့်အရေးနစ်နာဆုံးရှုံးမှုများရှိလာပါက တိုင်ကြားနိုင်ကြောင်း၊ တိုင်ကြားနိုင်သည့်နေရာများအား ရှင်းလင်းပြောကြားခြင်း၊ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပြီး အသိပညာပေးဟောပြောပွဲသို့ ဝန်ထမ်း(၁၄)ဦးတက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(တနင်္သာရီ)

တနင်္သာရီတိုင်းဒေသကြီး၏ ဒေသဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တိုင်းဒေသကြီးဦးစီးမှူး မှတက်ရောက်

   ၂၀၂၅ ခုနှစ်၊ မေလ ၂၃ ရက် ၊ (၁၃း၀၀)နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ သုံးထပ်ဆောင်အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တိုင်းဒေသကြီးဦးစီးမှူးမှ တက်ရောက်ခဲ့ပါသည်။

    အစည်းအဝေးတွင် တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်မှ နိုင်ငံတော်ဝန်ကြီးချုပ်၏လမ်းညွှန် ချက်များအား တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဝန်ကြီးများ၊ တိုင်းအဆင့်ဌာနဆိုင်ရာများ၊ ထားဝယ်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ထားဝယ်မြို့နယ်နှင့် လောင်းလုံးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌများ အား ရှင်းလင်းဆွေးနွေးခြင်းများဆောင်ရွက်ခဲ့ပြီး သက်ဆိုင်ရာတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ၊ တိုင်းအဆင့်ဌာနဆိုင်ရာများမှ အသီးသီးဆွေးနွေးခဲ့ကြပြီး ဝန်ကြီးချုပ်မှ နိဂုံးချုပ်အမှာစကား ပြော ကြားကာ အစည်းအ‌ဝေးအား နေ့လည်(၁၅း၀၀) နာရီအချိန်တွင် ပြီးမြောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ထားဝယ်မြို့၊ အသေးစားစက်မှုလက်မှုူလုပ်ငန်းဦးစီးဌာနတွင် စားသုံးသူကာကွယ်ရေး ဥပဒေအကြောင်း သိ‌ကောင်းစရာများ ဟောပြောဆွေးနွေးခြင်း

   ၂၀၂၅ ခုနှစ် ၊ ‌မေလ ၂၃ ရက်နေ့၊ (၉း၃၀)နာရီအချိန်တွင် ထားဝယ်မြို့ တနင်္သာရီတိုင်း‌ဒေသ ကြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည် ထားဝယ်မြို့၊ အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနတွင် စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း သိကောင်းစရာများနှင့်ပတ်သက်၍ အသိ ပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။

  အဆိုပါဟောပြောပွဲ၌ စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးအရာရှိ‌ ဒေါ်အေးအေးလွင်မှ စားသုံးသူ ရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ စားသုံးသူကာကွယ်ရေးဥပဒေကို ကျယ်ကျယ် ပြန့်ပြန့် သိရှိနိုင်စေရေးအတွက် စားသုံးသူအခွင့်အရေးနှင့် စားသုံးသူ၏တာဝန်များ စီးပွားရေး လုပ်ငန်းရှင်များ၏ တာဝန်များအကြောင်းနှင့် အကြီးတန်းစာရေး ဦးထက်အောင်လှိုင်မှ  ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းဆိုင်ရာများအကြောင်း၊ Online မှတ်ပုံတင်လျှောက်ထားရာတွင် လိုအပ် သည့်အချက်အလက်များနှင့် ပတ်သက်၍ အသိပညာပေး ဟောပြောဆွေးနွေးခဲ့ကာ တက်ရောက် လာကြသူများမှ မေးမြန်းဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကာ ဟောပြောပွဲအား (၁၁း၀၀) နာရီ အချိန် တွင် အောင်မြင်စွာ ပြီးမြောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ထားဝယ်မြို့၊ မြို့နယ်ထွေအုပ်တွင် ကျင်းပပြုလုပ်သော ၂၀၂၅ ခုနှစ်၊ စိုက်ပျိုးစရိတ်များး ထုတ်ချေးနိုင်ရးအစည်းအဝေးသို့ တက်ရောက်ခြင်း

      ၂၀၂၅ ခုနှစ်၊ မေလ ၂၂ ရက်နေ့၊ (၂း၀၀) နာရီအချိန်တွင် ထားဝယ်မြို့၊ မြို့နယ်အထွေထွေအုပ် ချုပ်‌ရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်သော ၂၀၂၅ခုနစ်၊ စိုက်ပျိုးစရိတ်များထုတ်ချေးနိုင်ရေးအစည်း အဝေးသို့ စားသုံးသူရေးရာဦးစီးဌာနမှ တက်ရောက်ခဲ့ပါသည်။

     အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ အဖွင့်အမှာစကားပြောကြားခြင်း၊ ခရိုင်စိုက်/ဘဏ်မှ တာဝန်ရှိသူက စိုက်ပျိုးစရိတ်များထုတ်ချေးမှုအခြေအနေ၊ ပြန်လည်ပေးဆပ်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြပြီးအစည်းအဝေးအား ညနေ(၃း၀၀) နာရီအချိန်တွင် ရုတ်သိမ်းခဲ့ ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ