Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ဒေးဒရဲမြို့နယ်တွင် စားသောက်ဆိုင်များအား ပူးပေါင်းကွင်းဆင်းစစ်ဆေး

     ၃၀-၆-၂၀၂၆ ရက်နေ့တွင် ဒေးဒရဲမြို့နယ်၌ စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်း၍ အရည်အသွေးပြည့်မီသော အစားအသောက်များကို စိတ်ချလက်ချ စားသုံးနိုင်စေရန် ရည်ရွယ်၍ စားသုံးသူရေးရာဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာနနှင့် စည်ပင်သာယာရေးဦးစီးဌာနတို့ ပူးပေါင်းကာ မြို့ပေါ်ရှိစားသောက်ဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

       ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် စားသောက်ဆိုင်များ၌ ရောင်းချလျက်ရှိသော အစားအသောက်များ၏ သန့်ရှင်းမှု၊ အစားအသောက်ပြင်ဆင်ရာတွင် တစ်ကိုယ်ရေသန့်ရှင်းမှုနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေးစစ်ဆေးခဲ့ပြီး စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ လိုက်နာဆောင်ရွက်ရန်၊ ဘေးအန္တရာယ်ကင်းရှင်း၍ အရည်အသွေးပြည့်မီသော အစားအသောက်များသာရောင်းချရန် အသိပညာပေး ဆွေးနွေးမှာကြားခဲ့သည်။ ဆက်လက်၍ စားသုံးသူများ၏ ကျန်းမာရေးနှင့် လုံခြုံရေးကို အလေးထားကာ သန့်ရှင်းသပ်ရပ်သော စားသောက်ဆိုင်ပတ်ဝန်းကျင် ဖန်တီးထိန်းသိမ်းရန်နှင့် သက်ဆိုင်ရာဥပဒေ၊ စည်းမျဉ်းစည်းကမ်းများကို လိုက်နာဆောင်ရွက်ကြရန် တာဝန်ရှိသူများက အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင် လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂/၂၀၂၆)သို့ ရွှေဘိုခရိုင် စားသုံးသူရေးရာကော်မတီဥက္ကဌနှင့် အဖွဲ့ဝင်များတက်ရောက်

        စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ အစည်းအဝေး ခန်းမ(၁)၊ ရုံးအမှတ်(၅၂)၊ နေပြည်တော်တွင် (၃၀.၆.၂၀၂၆)ရက်နေ့ နေ့လယ် (၀၉:၃၀) နာရီအချိန်၌ ကျင်းပပြုလုပ်သော မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင် လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၂/၂၀၂၆)သို့ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်စားသုံးသူရေးရာကော်မတီဥက္ကဌနှင့် အဖွဲ့ဝင်များမှ Online စနစ်ဖြင့် တက်ရောက်ခဲ့ကြောင်း သိရပါသည်။

          အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို အစီအစဉ်(၈)ခုဖြင့် ကျင်းပခဲ့ကြောင်း၊ အစည်းအဝေးတွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်ဥက္ကဌ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၊ အတွင်းရေးမှူးက မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်လုပ်ငန်း ညှိနှိုင်းအစည်းအဝေး(၂/၂၀၂၅)၏ ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှု အခြေအနေတင်ပြခြင်း၊ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများ ရှင်းလင်တင်ပြခြင်း၊ အမှာစာများဖတ်ကြားတင်ပြခြင်းနှင့် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင် ဥက္ကဌက အမှာစာများအပေါ် အဆုံးအဖြတ်ပေးခြင်း၊ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်အဖွဲ့ဝင်များက ဆွေးနွေးတင်ပြခြင်း၊ ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီး/ ပြည်နယ် စားသုံးသူရေးရာကော်မတီ ဥက္ကဌများက ဆွေးနွေးတင်ပြခြင်း၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင် ဥက္ကဌ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ပြီး အစည်းအဝေးကို အောင်မြင်စွာ ရုတ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

မုံရွာမြို့၊ ဗိုလ်ချုပ်လမ်းမပေါ်ရှိ စားသောက်ဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်း

       ၂၀၂၆ ခုနှစ်၊ ဇွန်လ(၂၅) ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးဆောင်၍ သက်ဆိုင်ရာ မိတ်ဖက်ဌာနများဖြစ်သော မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ တိုင်းဒေသကြီးအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ မုံရွာမြို့၊ ဗိုလ်ချုပ်လမ်းမပေါ်ရှိ အစားအသောက်ပြုပြင်ရောင်းချနေသော အားမာန်သစ်၊ မင်္ဂလာ၊ ပြင်ဦးလွင်၊ ဝင်းသူရ စားသောက်ဆိုင်  ( ၄ )ဆိုင်သို့ အစားအသောက် ပြုပြင်ရောင်းချသည့်နေရာများ သန့်ရှင်းမှု ရှိ/ မရှိ၊ အစားအသောက်ကိုင်တွယ်ချက်ပြုတ်သူများ၊ ဝန်ဆောင်မှုပေးသူများ၏တစ်ကိုယ်ရည် သန့်ရှင်းမှု ရှိ/မရှိ၊ အစားအသောက်များ လတ်ဆတ်သန့်ရှင်းမှု ရှိ/ မရှိ၊  မိမိတို့ဆိုင်မှပေးအပ်သည့်ဝန် ဆောင်မှုနှင့် စပ်လျဉ်း၍ လုံလောက်သည့် သတင်းအချက်အလက်များကို စားသုံးသူသို့ အသိပေးဖော်ပြထားခြင်း ရှိ/ မရှိနှင့် ရောင်းချသည့် စားသောက်ဖွယ်ရာများ၏ အမျိုးအစား(Size)ပမာဏအလိုက်ဈေးနှုန်းအား ပွင့်လင်းမြင်သာစွာဖြင့် ကြိုတင်အသိပေးဖော်ပြထားခြင်း ရှိ/ မရှိတို့အား ဈေးကွက်စောင့်ကြည့် စစ်ဆေးဆောင်ရွက်ခဲ့ရာ စားသောက်ဆိုင်လုပ်ငန်းရှင်များအနေဖြင့် မိမိဆိုင်တွင် အစားအသောက် ကိုင်တွယ်ချက်ပြုတ်သူများအား Apron၊ ခေါင်းစွပ်များဝတ်ဆင်၍ ချက်ပြုတ်စေရန်၊ အစားအသောက်ကိုင်တွယ် ချက်ပြုတ်သူများအပြင် ဝန်ဆောင်မှုပေးသူများအနေဖြင့် တစ်ကိုယ်ရည်သန့်ရှင်းမှုရှိစေရေး ကြပ်မတ်ဆောင်ရွက်ရန်၊ မိမိတို့ဆိုင်မှပေးအပ်သည့် ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အဖိုးအခ ထပ်မံကောက်ခံမည်ဆိုပါက လုံလောက်သည့် သတင်းအချက်အလက်များကို စားသုံးသူသို့ အသိပေးဖော်ပြထားရှိရန်၊ မိမိတို့ဆိုင်မှရောင်းချသည့် စားသောက်ဖွယ်ရာများ၏ အမျိုးအစား( Size ) ပမာဏ အလိုက်ဈေးနှုန်းအား ပွင့်လင်းမြင်သာစွာဖြင့် ကြိုတင်အသိပေးဖော်ပြထားရန်၊ သက်ဆိုင်ရာဌာန၏ ဥပဒေ၊ ညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်သွားရန်နှင့် ထပ်မံစစ်ဆေးသည့်အခါ အထက်ဖော်ပြပါအချက်များအား လိုက်နာဆောင်ရွက်မှုမရှိပါက စားသုံးသူကာကွယ်ရေးဥပဒေအရ သော်လည်းကောင်း၊ သက်ဆိုင်ရာဌာနဆိုင်ရာများ၏ ဥပဒေများနှင့်ပါ အရေးယူခံရမည်ဖြစ်ကြောင်း အသိပညာပေး စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

မကွေးမြို့ပေါ်ရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်း

 

          စားသုံးသူရေးရာဦးစီးဌာနသည် ဆေးနှင့်ဆေးပစ္စည်းများအား ဈေးနှုန်းအဆမတန် မြှင့်တင် ရောင်းချမှုမရှိစေရေးနှင့် ပစ္စည်းပြတ်လပ်မှုမရှိစေရေးတို့အတွက် အပတ်စဉ် ကွင်းဆင်းစိစစ်ကြပ်မတ် ဆောင်ရွက်လျှက်ရှိရာ စားသုံးသူရေးရာဦးစီးဌာန မကွေး/ ချောက်ခရိုင်တာဝန်ခံသည် (၂၆.၆.၂၀၂၆) ရက်နေ့၊ နံနက် (၀၉:၃၀)မှ(၁၁:၃၀)နာရီအထိ မကွေးမြို့ပေါ်ရှိ ဆေးရုံ၊ ဆေးကုမ္ပဏီ၊ ဆေးနှင့်ဆေး ပစ္စည်းအရောင်းဆိုင်များအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲ တပ်ဖွဲ့တို့နှင့်ပူးပေါင်း၍ ဆေးဆိုင်များအား အထူးစျေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများဆောင်ရွက် ခဲ့ပါသည်။

          ထိုသို့ စစ်ဆေးရာတွင် လိုင်စင်သက်တမ်းတိုးစစ်ဆေးခြင်းနှင့် ထိန်းချုပ်ဆေးဝါးများ ထားသိုသိမ်း ဆည်းမှုမှတ်ပုံတင်စာရင်းများ၊ ဆေးများထားသိုသိမ်းဆည်းရာတွင် သန့်ရှင်းသပ်ရပ်မှုရှိ/မရှိအား စစ် ဆေးခြင်း၊ တရားမဝင်မှတ်ပုံတင်မဲ့ဆေးဝါးများရောင်းချခြင်းရှိ/မရှိ၊ သက်တမ်းလွန်ဆေးဝါးများ ရောင်းချ ခြင်းရှိ/မရှိ၊ ဆေးနှင့်ဆေးပစ္စည်းများအားဈေးနှုန်းမြှင့်တင်ရောင်းချခြင်းရှိ/မရှိ၊ ဆေးဈေးနှုန်း များမြှင့်တင် ရောင်းချရန်ရည်ရွယ်ချက်ဖြင့် ဆေးများစုပုံသိုလှောင်ထားခြင်းရှိ/မရှိနှင့် ဆေးများပစ္စည်း ပြတ်လပ်မှု ရှိ/မရှိတို့အား စစ်ဆေးကြပ်မတ်ခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန၊ မကွေး/ ချောက်ခရိုင် တာဝန်ခံ၊ ဒေါ်တင်တင်လှ (လ/ထညွှန်ကြားရေးမှူး)မှ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၃)၊ ပုဒ်မ (၂၆)ပါ ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ သတင်းအချက်အလက်များ ကြိုတင်အသိပေးခြင်း၊ မှန်ကန်၍ ပြည့်စုံသော ဝန်ဆောင်မှု အဆင့်အတန်းနှင့်အညီဖြစ်ခြင်း၊ လိုအပ်ချက်နှင့်ကိုက်ညီခြင်း၊ သတ်မှတ်အချိန်ကာလ အတွင်းပြီးစီးဆောင်ရွက်ပေးခြင်း၊ သဘောတူညီထားသည့် ဝန်ဆောင်မှုတန်ဖိုးအတိုင်း ပေးစေခြင်းတို့ကို  အသိပညာပေးရှင်းလင်း ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

ကန့်ဘလူခရိုင်၏ ဇွန်လအတွင်း စီးပွားရေးလုပ်ငန်းရှင်များနှင့်ကွင်းဆင်းတွေ့ဆုံခြင်း ဆောင်ရွက်နိုင်မှုအခြေအနေ

         စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူခရိုင်အနေဖြင့် တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှု၊ ခရိုင်ဦးစီးမှူး၏ကြီးကြပ်မှုတို့ဖြင့် ဒေသတွင်းရှိ MSMEsလုပ်ငန်းများ၏ လိုအပ်ချက်တို့ကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးနိုင်ရန် လစဉ် စီးပွားရေးလုပ်ငန်းရှင်များနှင့် ကွင်းဆင်းတွေ့ဆုံဆွေးနွေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

          ၂၀၂၆ ခုနှစ်၊ ဇွန်လအတွင်း ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းနှင့် ဒေါ်အိမွန်ကျော် အကြီးတန်းစာရေးတို့သည် ကန့်ဘလူမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ “ပြည့်စုံဝင်း” ကိတ်နှင့်မုန့်မျိုးစုံ လုပ်ငန်းရှင်နှင့်ကွင်းဆင်းတွေ့ဆုံ၍ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုများကို ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရမှုရှိစေရေး ဆောင်ရွက်သွားရန်စသည်တို့ကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း၊ ကျွန်းလှမြို့နယ် တာဝန်ခံဒေါ်ဝေဝေအောင်သည် ကျွန်းလှမြို့၊ ပျဉ်းမမြိုင်ရပ်ကွက်ရှိ “ရှိန်းရှိန်း” မုန့်မျိုးစုံနှင့်အကြော်စုံလုပ်ငန်းရှင်နှင့် ကွင်းဆင်းတွေ့ဆုံ၍ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများကို အမိန့်နှင့်ညွှန်ကြားချက်များနှင့် အညီ ထည့်သွင်းဖော်ပြနိုင်ရေး ရှင်းလင်းပြောကြား ဆွေးနွေးခဲ့ပါသည်။ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များကို သိရှိထားရန်လိုအပ်ကြောင်းနှင့် မိမိတို့ထုတ်လုပ်သည့် ကုန်စည်များကို ဘေးအန္တရာယ်ကင်းရှင်းပြီး ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ဆောင်ရွက်သွားရန် စသည်တို့ကို အသိပညာပေးဆွေးနွေးခဲ့ကြပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ပြည်ခရိုင်အတွင်း MSMEs ထုတ်ကုန်များတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစေရေးမြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

    ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်တွင် စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည် ဇွန်လ (၁၅) ရက်နေ့တွင် ခရိုင်အတွင်းရှိ ပြည်မြို့ပေါ်ရှိ MSMEs ထုတ်ကုန်များ ရောင်းချသည့်ဆိုင်များနှင့် ထုတ်လုပ်သည့်စက်ရုံ/ အလုပ်ရုံများသို့ သွားရောက်၍ ထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် ထုတ်ကုန် များတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဆိုင်ရာ သတ်မှတ်ချက်များနှင့် အညီ ဆောင်ရွက်နိုင်စေရေး မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းများကို သတ်မှတ်ယူနီဖောင်းများ ပြည့်စုံ စွာ ဝတ်ဆင်၍ ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ရာတွင် အသင့်စားမုန့်အမျိုးမျိုးနှင့် အရန် အသင့် အစားအစာအမျိုးမျိုးစသည့် အစားအသောက်များတွင် လိုအပ်နေသော ကုန်အညွှန်းအမှတ်အသား ဆိုင်ရာအချက်များဖြစ်သည့် အမျိုးအမည်၊ အသားတင်အလေးချိန်၊ ဓါတ်မတည့်ကြောင်းဖော်ပြချက်၊ သက်တမ်းကုန်ဆုံးရက်စွဲတို့ကို အသိပညာပေးကာလ (၁) လ သတ်မှတ်၍ ပြင်ဆင်ပေးပြီး ဆောင်ရွက်ထားရှိကာ ဆောင်ရွက်ထားရှိမှုအား ပြန်လည်စစ်ဆေးမည်ဖြစ်ကြောင်း လုပ်ငန်းရှင်များအားအသိပညာပေးကာလိုက်နာဆောင်ရွက်သွားကြရန် ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)

မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၂/၂၀၂၆) ကျင်းပခြင်း

          မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂/၂၀၂၆) ကို ၂၀၂၆ခုနှစ်၊ ဇွန်လ ၃၀ရက်နေ့၊ နံနက် (၉:၃၀)အချိန်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊  စားသုံးသူရေးရာဦးစီးဌာန၊ ရုံးအမှတ် (၅၂)၊ အစည်းအဝေး ခန်းမ (၁) ၌ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်ဥက္ကဌ၊ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေး ပြည်ထောင်စုဝန်ကြီးဦးဆောင်၍ ကျင်းပပြလုပ်ခဲ့ပါသည်။

စားသုံးသူကာကွယ်ရေးကော်မတီဥက္ကဌက  (၂၀၂၆) ခုနှစ်၊ စားသုံးသူကာကွယ်ရေး ကော်မတီ၏ ဆောင်ရွက်ချက်များနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများတင်ပြခဲ့ပါသည်။

            အစည်းအဝေးတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ပြည်ထောင်စုဝန်ကြီးက စားသုံးသူကာကွယ်ရေးဥပဒေ၏ ရည်ရွယ်ချက်များအောင်မြင်စေရန်နှင့် စားသုံးသူကာကွယ်ရေး ဆိုင်ရာမူဝါဒများနှင့် အစီအမံများချမှတ်နိုင်ရေးအတွက် အဖွဲ့ဝင်ဌာနများက ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ပေးကြပါရန် ပြောကြားခဲ့ပြီး နေ့လယ်(၁၂:၄၅)တွင် အစည်းအဝေးကို ရုတ်သိမ်း လိုက်ကြောင်းသတင်းရရှိပါသည်။

DOCA(ပြည်ထောင်စုနယ်မြေ)

ပြည်ခရိုင်စားသုံးသူရေးရာကော်မတီ ပြည်မြို့ပေါ်ရှိ စားသောက်ဆိုင်ကြီးများသို့ ကွင်းဆင်းစစ်ဆေးခြင်း

      စားသုံးသူရေးရာဦးစီးဌာန၊ စားသုံးသူကာကွယ်ရေးဥပဒေအရ ဖွဲ့စည်းထားရှိသည့် ပြည်ခရိုင် စားသုံးသူရေးရာကော်မတီအနေဖြင့် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းရေး၊ ကျန်းမာရေး၊ စိတ်ကျေနပ်မှုရရှိစေရေးတို့အတွက် အာမခံချက်ပေးနိုင်သော အရည်အသွေးမြင့်မားသည့် ဝန်ဆောင်မှုများကို ဖော်ဆောင်ဖြည့်ဆည်းနိုင်စေရန်၊ စားသောက်ဆိုင်များအနေဖြင့် လုံလောက်သည့် သတင်းအချက်အလက်များ၊ ဈေးနှုန်းများအား ပွင့်လင်းမြင်သာစွာ အသိပေး ဖော်ပြ စေခြင်းအားဖြင့် စားသုံးသူ အခွင့်အရေးရရှိစေရန်၊ အစားအသောက်များ၊ အသုံးအဆောင်များ၊ မီးဖိုဆောင်များ၊ ဝန်ထမ်းများ သန့်ရှင်းမှုရှိစွာဖြင့် ဘေးအန္တရာယ်ကင်းရှင်းစွာ ရောင်းချနိုင် စေရေးအတွက် ရည်ရွယ်၍ ခရိုင်ကော်မတီ အဖွဲ့ဝင်များဖြစ်သော ခရိုင်စားသုံးသူရေးရာ၊ ခရိုင်ပြည်သူ့ကျန်းမာရေး၊ ခရိုင် FDA၊ မြို့နယ်စည်ပင် သာယာရေးစသည့် ပူးပေါင်းဌာန ဆိုင်ရာများသည် (၁၆.၆.၂၀၂၆) နေ့တွင် ပြည်မြို့ပေါ်ရှိ စားသောက်ဆိုင် ကြီးများဖြစ်သည့် Gold Light၊ ဆန်ဖရန်စစ္စကို၊ WISH (I), (II)၊ Seafood House ခရိုင်များသို့ ဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ စစ်ဆေးဆောင်ရွက်ရာတွင် စားသောက်ဆိုင်အချို့တွင် ရောင်းချသည့် စားသောက်ဖွယ်ရာ များ၏ (Menu) တွင် အမျိုးအစားနှင့် အရွယ်အစား (size) ပမာဏအလိုက် ဈေးနှုန်းအား ပွင့်လင်း မြင်သာစွာ ကြိုတင်အသိပေးဖော်ပြထားမှုမရှိခြင်း၊ အမှိုက်ပုံများအား အဖုံးဖုံးအုပ်ထားမှုမရှိခြင်း၊ ပန်းကန်များနှင့် အသုံးအဆောင်များတွင် ဖုန်နှင့်ပိုးမွှားများ မဝင်စေရန် စီမံထားမှုမရှိကြောင်းစစ်ဆေး တွေ့ရှိခဲ့ပါသည်။ သို့အတွက်ကြောင့် စစ်ဆေးတွေ့ရှိချက်များအား တစ်ပတ်အတွင်း အပြီးပြင်ဆင် ဆောင်ရွက်၍ ပြင်ဆင်ပြီးစီးမှုများအား မှတ်တမ်းဓါတ်ပုံများနှင့်အတူ ပြည်ခရိုင်၊ စားသုံးသူရေးရာဦးစီး ဌာနသို့ တင်ပြကြရန်နှင့် အစားအသောက်ရောင်းချသည့် ဝန်ဆောင်မှုလုပ်ငန်းများအနေဖြင့် စားသုံးသူ များ ဘေးအန္တရာယ်ကင်းရှင်းစွာ စားသောက်နိုင်ရေး၊ စားသုံးသူနစ်နာဆုံးရှုံးမှု မဖြစ်စေရေးတို့ကို ဦးစားပေး‌ဆောင်ရွက်ရန် အသိပညာပေး ဆွေးနွေးခြင်းများလည်း ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါ သည်။

DOCA(ပဲခူး)

 

 

စားသုံးသူကာကွယ်ရေးနှင့် စပ်လျဉ်း၍ ဌာနတွင်းဝန်ထမ်းများအား အသိပညာပေးဆွေးနွေးဆောင်ရွက်ခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး၏ လမ်းညွှန်ချက်အရ တိုင်းအတွင်း ရှိခရိုင်ဦးစီးမှူးများအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေကို ဌာနတွင်းဝန်ထမ်းအားလုံးသိရှိ နားလည်နိုင်စေရေးအတွက် ဥပဒေအား အသိပညာပေးဆွေးနွေးခြင်း လုပ်ငန်းကို ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလမှစ၍ ၂၀၂၇ခုနှစ်၊ ဖေဖော်ဝါရီလအထိ လစဉ်အခန်းများအလိုက် ခွဲခြား၍ တစ်လလျှင် တစ်ကြိမ် အသိပညာပေး ဆွေးနွေးဆောင်ရွက်သွားမည်ဖြစ်ရာ ပြည်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် ၂၀၂၆ခုနှစ်၊ ဇွန်လ(၁၈)ရက်၊ နေ့လယ်(၂:၀၀)နာရီတွင် ပြည်ခရိုင်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ စီမံရေးရာဌာနခွဲတာဝန်ခံ ဦးစီးမှူး ဒေါ်ဝေဝေမင်းက ပြည်ခရိုင်အတွင်းရှိ ဝန်ထမ်း(၂၇)ဦးအား စားသုံးသူကာကွယ်ရေးဥပဒေ၏ အခန်း(၁၁) ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်း ၊ အခန်း(၁၂)  ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးထားမှု အပေါ်စားသုံးသူက တောင်းဆိုနိုင်သည့် အခွင့်အရေးအခန်းအား အသိပညာပေးရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

“ရက်(၁၀၀)စီမံချက်ဖြင့် မတ္တရာမြို့နယ် ၂၀၂၆ခုနှစ်၊မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေပေးအပ်ပွဲ အခမ်းအနားကျင်းပ

           မန္တလေးတိုင်းဒေသကြီး၊အောင်မြေသာစံခရိုင်၊မတ္တရာမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးအစည်း အဝေးခန်းမတွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ရက်(၁၀၀)စီမံချက်ဖြင့် ၂၀၂၆ခုနှစ်၊မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေပေးအပ်ပွဲအခမ်းအနား ဇွန်လ(၁၇)ရက်နေ့၊နံနက်(၁၀း၀၀)နာရီအချိန်တွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။အဆိုပါ အခမ်းအနားသို့ ဦးဝင်းခိုင်(မြို့နယ်မန်နေဂျာ)၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်၊မတ္တရာမြို့နယ်ချေးငွေအကြံပေးအဖွဲ့၊ ဌာနဆိုင်ရာအကြီးအကဲများနှင့်အတူ မန္တလေးတိုင်းဒေသကြီး၊မြန်မာ့အာမခံလုပ်ငန်းမှတာဝန်ရှိသူများ၊စိုက်ပျိုးစရိတ်ချေး‌‌ငွေရယူသည့်‌ကျေးရွာ(၅)အုပ်စု၊ တောင်သူ(၉၄)ဦးတက်ရောက်ခဲ့ကြပါသည်။ ပထမဦးစွာ ဦးဝင်းခိုင်(မြို့နယ်မန်နေဂျာ) မြန်မာ့လယ် ယာဖွံ့ဖြိုးရေးဘဏ်က ရက်(၁၀၀)စီမံချက်ဖြင့် မတ္တရာမြို့နယ်အတွင်းရှိ နယ်မြေအေးချမ်းသော ဒေသများ၊အခြားချေးငွေကြွေးကျန်မရှိသည့်တောင်သူများအား ၂၀၂၆ခုနှစ်၊ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေထုတ်ပေးခြင်းဖြစ်ကြောင်း၊စပါး(၁)ဧကလျှင်(၃၀၀၀၀၀/-)ကျပ်နှုန်းဖြင့်လည်း ကောင်း၊ အခြား သီးနှံ(၁)ဧကလျှင်(၂၅၀၀၀၀/-)ကျပ်နှုန်းဖြင့်ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း၊ ချေးငွေပြန်ဆပ်ရန်  ကာလမှ ၂၀၂၇ခုနှစ်၊ဖေဖော်ဝါရီလနောက်ဆုံးထား၍ပေးဆပ်ရမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြား ဆွေးနွေးခဲ့ပါသည်။ထို့နောက် မန္တလေးတိုင်းဒေသကြီး ၊ မြန်မာ့အာမခံဌာနမှတာဝန်ရှိသူများက စိုက်ပျိုးစရိတ်ချေးငွေ အာမခံထားခြင်းနှင့်ပတ်သက်၍ ရရှိနိုင်မည့်အကျိုးခံစားခွင့်များအားလည်း ကောင်းရှင်းလင်းဆွေးနွေးခဲ့ပါသည်။ချေးငွေအကြံပေးအဖွဲ့ဝင်ဦးမောင်မောင်လွင်(မြို့နယ်ရဲတပ်ဖွဲ့မှူး) မှနိုင်ငံတော်မှထုတ်ချေးပေးသော သီးနှံစိုက်ပျိုးစရိတ်ချေးငွေများအား သီးနှံစိုက်ပျိုးရာတွင် အမှန် တကယ်အကျိုးရှိစွာအသုံးချကြရန်နှင့် ချေးငွေပြန်ဆပ်ချိန်ကာလတွင်လည်း တာဝန်ကျေစွာပြန် လည်ပေးဆပ်ကြရန်ရှင်းလင်းပြောကြားခဲ့ပါသည်။ဦးကျော်ကျော်လွင်(ဒုတိယမန်နေဂျာ)မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က လိုအပ်သည်များအားဖြည့်စွက်ဆွေးနွေးခဲ့ပြီး တောင်သူတစ်ဦးချင်း ချေးငွေများအားမြို့နယ်ချေးငွေအကြံပေးအဖွဲ့မှပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ