Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ရွှေဘိုခရိုင်[P1] ၏ (၆/၂၀၂၆)လအတွင်း ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်နိုင်မှုအခြေအနေ

         စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာထည့်သွင်းဖော်ပြထားခြင်းရှိ/ မရှိနှင့် အထက်ဌာန၏ လမ်းညွှန်ချက်များအရ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်လျက်ရှိပါသည်။ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ရာတွင် မိတ်ဘက်ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍သော်လည်းကောင်း၊ စားသုံးသူကာကွယ်ရေး ဥပဒေအရ ခန့်အပ်ထားသော စစ်ဆေးရေးအရာရှိများက ဦးဆောင်၍သော်လည်းကောင်း ဆောင်ရွက်လျက်ရှိကြောင်း သိရပါသည်။

        ရွှေဘိုခရိုင်အနေဖြင့် (၆/၂၀၂၆)လအတွင်း ဒု-ခရိုင်ဦးစီးမှူးဦးဆောင်၍ စားသုံးသူရေးရာဌာနခွဲ တာဝန်ခံနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံတို့သည် ဈေးကွက်ရောက်ပြီးကုန်စည်များ ဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်းကို ရွှေဘိုမြို့၊ အမှတ်(၂)ရပ်ကွက်ရှိ ချွန်ချွန်(မိခင်နှင့် ကလေးအသုံးဆောင်ပစ္စည်းအမျိုးမျိုး)ရောင်းဝယ်ရေးဆိုင်၊ အမှတ်(၇)ရပ်ကွက်ရှိ ဦးတိုး ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်၊ အမှတ်(၁၀) ရပ်ကွက်ရှိ သရက်ခြံ မူလတန်းလွန်ကျောင်းမုန့်ဈေးတန်း၊ အမှတ်(၉)ရပ်ကွက်ရှိ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း မုန့်ဈေးတန်းတို့အားလည်ကောင်း ဆောင်ရွက်ခဲ့ပြီး ဈေးကွက်မရောက်မီ ကုန်စည်များ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ရွှေဘိုမြို့၊ အမှတ်(၅)ရပ်ကွက်ရှိ ဝင်းကိတ်မုန့် ထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းအားလည်းကောင်း၊ အစားအသောက်ရောင်းချသည့် ဝန်ဆောင်မှု လုပ်ငန်းများစစ်ဆေးခြင်းကို ရွှေဘိုမြို့၊ အမှတ်(၇)ရပ်ကွက်ရှိ ရွှေပြည်ဝင်းစားသောက်ဆိုင်နှင့် ရွှေဟင်္သာ စားသောက်ဆိုင်အားလည်းကောင်း ဆောင်ရွက်ခဲ့ကြပြီး ဌာန၏ ဥပဒေ၊ အမိန့်နှင့်ညွှန်ကြားချက်ပါ အကြောင်းအရာများကို အသိပညာပေးဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)


 [P1]

မြန်မာဆန်စပါးအွန်လိုင်း (Myanmar Rice Online – My RO) တွင် ဆန်စပါးသိုလှောင်ရုံများ မှတ်ပုံတင်ထားရှိမှု

             ဆန်စပါးသိုလှောင်မှုလုပ်ငန်းများ၊ သိုလှောင်မှုအခြေအနေများနှင့် နိုင်ငံအနှံ့ရှိ သိုလှောင် ရုံများကို ဒီဂျစ်တယ်နည်းလမ်းဖြင့် စနစ်တကျမှတ်ပုံတင်နိုင်သည့် မြန်မာဆန်စပါးအွန်လိုင်း (Myanmar Rice OnlineMy RO) အား စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့ ပူးပေါင်း၍ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၃ ရက်နေ့မှစတင်၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။

               မြန်မာဆန်စပါးအွန်လိုင်း (My RO) တွင် အွန်လိုင်းစနစ်ဖြင့် သိုလှောင်ရုံမှတ်ပုံတင်ခြင်း လုပ်ငန်းများကို သိုလှောင်ရုံအကျယ်အဝန်း သတ်မှတ်ချက်များအလိုက် အုပ်စု ၄ စုခွဲ၍ ကောက်ခံလျက်ရှိရာ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၃ ရက်နေ့မှ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၃၀ ရက်နေ့ထိ ပြည်ထောင်စုနယ်မြေနေပြည်တော်၊ တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် မှတ်ပုံတင်ထားသည့် ဆန် စပါးသိုလှောင်ရုံ ၅,၇၉၂ လုံး မှတ်ပုံတင်ထားရှိပါသည်။

ရွှေဘိုမြို့ပေါ်ရှိ စားသောက်ဆိုင်များအား မိတ်ဘက်ဌာနများနှင့် ပူးပေါင်းစစ်ဆေးခြင်း

       စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲများဆောင်ရွက်သည့်အပြင်  ကုန်စည်နှင့် ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံပြီး ဥပဒေ၊ အမိန့်နှင့် ညွှန်ကြားချက်များအား ရှင်းလင်းဆွေးနွေးခြင်းများ ဆောင်ရွက်လျက်ရှိရာ ရွှေဘိုခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ခရိုင်ဦးစီးမှူးဦးဆောင်၍ ရွှေဘိုမြို့နယ်တာဝန်ခံ၊ စားသုံးသူရေးရာဌာနခွဲတာဝန်ခံနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံတို့သည် (၂၅.၆.၂၀၂၆)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ရွှေဘိုမြို့၊ အမှတ်(၇)ရပ်ကွက်ရှိ ရွှေဟင်္သာစားသောက်ဆိုင်နှင့် ရွှေပြည်ဝင်းစားသောက်ဆိုင်တို့အား မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးကော်မတီတို့နှင့် ပူးပေါင်း၍ စစ်ဆေးခဲ့ကြောင်း သိရပါသည်။

          အဆိုပါစားသောက်ဆိုင်များတွင်  အစားအသောက်များ ပြုပြင်ရောင်းချသည့်နေရာများ သန့်ရှင်းမှု ရှိ/ မရှိ၊ အစားအသောက်များကို ကိုင်တွယ်ချက်ပြုတ်သူများ၊ ဝန်ဆောင်မှုပေးသူများ၏ တစ်ကိုယ်ရည် သန့်ရှင်းမှု ရှိ/ မရှိ၊ အစားအသောက်များ လတ်ဆတ်သန့်ရှင်းမှုရှိ/ မရှိ၊ စားသုံးသူအခွင့်အရေးများရရှိစေရန် စားသောက်ဆိုင်များသည် မိမိတို့ဆိုင်များမှပေးအပ်သည့် ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ စားသုံးသူများအား လုံလောက်သည့် သတင်းအချက်အလက်များကို အသိပညာပေးဖော်ပြထားခြင်းရှိ/ မရှိ၊ စားသုံးသူတို့၏ အခွင့်အရေးကိုကာကွယ်ရန် ရောင်းချသည့်  စားသောက်ဖွယ်ရာများ၏ အမျိုးအစား၊ အရွယ်အစား (size) ပမာဏအလိုက်ဈေးနှုန်းအား ပွင့်လင်းမြင်သာစွာ ကြိုတင်အသိပညာပေး ဖော်ပြထားခြင်းရှိ/ မရှိ စစ်ဆေးခဲ့ပြီး ဒု-ခရိုင်ဦးစီးမှူးက ဥပဒေပါ စားသုံးသူအခွင့်အရေး၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ထင်ယောင်ထင်မှားဖြစ်စေခြင်းအကြောင်းများ၊ တိုင်ကြားခြင်းနှင့်စိစစ်ညှိနှိုင်းဖြေရှင်ခြင်းအကြောင်းများ၊  စီမံခန့်ခွဲရေးပြစ်ဒဏ်များအကြောင်း၊ ပြစ်မှုနှင့်ပြစ်ဒဏ်များအကြောင်း၊ Consumer Call Centerသို့ ဆက်သွယ်မေးမြန်းနိုင်သည့်အကြောင်းများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သုံးစွဲသည့်ရေများ သန့်ရှင်းမှုရှိစေရန်၊ ကူးစက်ရောဂါများအထူးသတိပြုရန်၊ မြို့နယ်စည်ပင်သာယာရေးကော်မတီမှ စွန့်ပစ်ရေများရေစီးရေလာကောင်းမွန်စေရေးဆောင်ရွက်ရန်နှင့် လုပ်ငန်းလိုင်စင်များ သက်တမ်းတိုး ဆောင်ရွက်ကြရန် အသိပညာပေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

အစားအသောက်ရောင်းချသည့်ဝန်ဆောင်မှုများနှင့်ပတ်သက်၍ စားသောက်ဆိုင်များသို့  အဖွဲ့စုံဖြင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊  ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးမောင်ကျော်မြင့်(ဒု-ခရိုင်ဦးစီးမှူး)နှင့် ဝန်ထမ်းများသည် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေး ဦးစီးဌာနတို့ပူးပေါင်း၍ အမှတ်(၁၁၂)၊ ကျောက်မြောင်းလမ်း၊  တာမွေမြို့နယ်၊ RVရခိုင်လက်ရာ စားသောက်ဆိုင်သို့ (၂၄.၆.၂၀၂၆)ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်တွင် ဝန်ဆောင်မှုကဏ္ဍ ၃ရပ်နှင့်စပ်လျဉ်း၍ စစ်ဆေးရမည့် အစားအသောက်ရောင်းချသည့် ဝန်ဆောင်မှုများနှင့် ပတ်သက်စားသောက်ဆိုင်များသို့ အဖွဲ့စုံဖြင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်ခဲ့ပါသည်။

            ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် အစားအသောက်ပြုပြင်ရောင်းချသည့်နေရာ သန့်ရှင်းမှု ရှိ/ မရှိ၊ အစားအသောက်ကိုင်တွယ်ချက်ပြုတ်သူများ၌ သင့်လျော်သောဝတ်စုံ၊ ဦးထုပ်၊ လက်အိတ် ဝတ်ဆင်ထားခြင်းရှိ/ မရှိ၊ အစားအသောက်ပြင်ဆင်သည့်နေရာနှင့်ချက်ပြုတ်သည့်နေရာများတွင် သန့်ရှင်းမှုရှိ/ မရှိ၊ ဝန်ဆောင်မှုပေးသူ၏တစ်ကိုယ်ရည်သန့်ရှင်းမှု ရှိ/ မရှိ၊ အစားအသောက်များ လတ်ဆတ်သန့်ရှင်းမှုရှိ/မရှိ၊ ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ စားသုံးသူများအား သတင်းအချက် အလက်ကြိုတင်အသိပေးဖော်ပြထားခြင်းရှိ/ မရှိ၊ ရောင်းချသည့်အစားအသောက်များ၏အမျိုး အစားအလိုက်ဈေးနှုန်းအား စားသုံးသူများသိရှိစေရန် ပွင့်လင်းမြင်သာစွာ ကြိုတင်အသိပေးဖော်ပြ ထားခြင်း ရှိ/ မရှိ၊ ဝန်ဆောင်မှုပေးသည့် အဖိုးအခကောက်ခံမည်ကို ကြိုတင်အသိပေးဖော်ပြထားခြင်းရှိ/ မရှိနှင့် စားသုံးသူများစားသုံးရန်(သို့)အသုံးပြုရန်သင့်/မသင့်စစ်ဆေးခြင်းကို အဖွဲ့စုံဖြင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

စော်ဘွားနွယ်အမှတ်တံဆိပ်ထုတ်ကုန်များကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုရှိစေရေးကွင်းဆင်းဆောင်ရွက်ခြင်း

            စားသုံးသူရေးရာဦးစီးဌာန၊ မြင်းခြံခရိုင်ဦးစီးမှူးရုံးမှ  ခရိုင်ဦးစီးမှူးဦးသန်းစိုးဦးဆောင်၍  စစ်ဆေးရေးအရာရှိများ က ၂၀၂၆ ခုနှစ်၊ ဇွန်လ(၂၃) ရက်၊  နံနက် ( ၀၉:၀၀ )နာရီ အချိန်တွင် မြင်းခြံမြို့၊ အမှတ်(၅)ရပ်ကွက်ရှိ စော်ဘွားနွယ် ဒိန်ချဉ်အမှတ်တံဆိပ်ပါ  ထုတ်ကုန်များအား ကုန်အညွှန်း အမှတ်အသား ဖော်ပြချက်များနှင့် ကိုက်ညီမှု ရှိ/ မရှိ ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရှိရသည်။

             ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင်ခရိုင်ဦးစီးမှူးဦးသန်းစိုးက  စော်ဘွားနွယ်ဒိန်ချဉ်အမှတ်တံဆိပ်ပါ ထုတ်လုပ်ဖြန့် ဖြူးရောင်းချသည့် လုပ်ငန်းရှင်အား ထုတ်ကုန်များတွင် ကုန်အညွှန်းအမှတ် အသား ပြည့်စုံစွာပါရှိစေရေး၊ စားသုံးသူ ပြည်သူများ ကုန်အညွှန်းအမှတ် အသားပြည့်စုံသော ကုန်စည်များကို စိတ်ချစွာဝယ်ယူစားသုံးကြစေရန်၊ စားသုံးသူများ ဘေးအန္တရာယ် ကင်းရှင်းစေရန်ပြီး သန့်ရှင်း စင်ကြယ်စွာထုတ်လုပ်ရောင်းချရန်နှင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည်များကို ကုန်အညွှန်းအမှတ်အသားများအား မြန်မာဘာသာဖြင့်ဖော်ပြသော ကုန်စည်များကိုသာရောင်းချရန်၊ စားသုံးသူ ကာကွယ်ရေးဥပဒေအား သိရှိလိုက်နာဆောင်ရွက်ရန် အသိပညာပေးခြင်း၊ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ ပြည့်စုံစွာဖော်ပြရန်  မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ပြီး  ကုန်အညွှန်းအမှတ်အသား ဖော်ပြရန် လိုအပ်သည့် ထုတ်ကုန်များအား ပညာပေးကာလ (၁)လသတ်မှတ်၍ ပြင်ဆင်စေပြီး ပြန်လည်စစ်‌ဆေးဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရှိရသည်။

DOCA(မန္တလေး)

သက်ဆိုင်ရာဌာနများနှင့်ပူးပေါင်း၍ ကျောင်းမုန့်ဈေးတန်းများအား  ဈေးကွက်စောင့်ကြည့်စစ်ဆေး

                 စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ညောင်ဦးခရိုင် ဦးစီးမှူးရုံးရှိ ခရိုင်တာဝန်ခံ ဦးတင်မျိုးခိုင်း(ဦးစီးအရာရှိ)သည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ အခြေခံပညာရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာနတို့နှင့်ပူးပေါင်း၍ (၂၂.၆.၂၀၂၆) ရက်နေ့၊ နံနက် (၀၉:၃၀)နာရီအချိန်တွင် ညောင်ဦးမြို့ နယ် မြင်းကပါကျေးရွာ အထက်တန်းကျောင်းနှင့်တောင်ဘီကျေးရွာ အလယ်တန်းကျောင်းတို့တွင် ပညာသင်ကြားလျက်ရှိသော ကျောင်းသား/ကျောင်းသူများ ကုန်စည်များနှင့်ပတ်သက်၍ လုံခြုံစိတ်ချရ မှုရှိစေရေး၊ ဘေးအန္တရာယ် ကင်းရှင်းစေရေးတို့အတွက် ကျောင်းမုန့်ဈေးတန်းများအား ဈေးကွက်စောင့် ကြည့်စစ်ဆေးခဲ့ကြပါသည်။

           ပူးပေါင်းအဖွဲ့သည် ကျောင်းမုန့်ဈေးဆိုင်များတွင် ရောင်းချလျက်ရှိသော ကုန်စည်များ နှင့်ပတ်သက်၍ သက်ဆိုင်ရာဌာနထောက်ခံချက်နှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်စည်အမျိုး အစားအလိုက် ဖော်ပြပါဝင်ရမည့် သတ်မှတ်ထားသော ကုန်အညွှန်းအမှတ်အသားများပြည်စုံမှန်ကန် မှုရှိ/မရှိ၊ သတ်မှတ်ချက်များနှင့်မညီသော၊ ဘေးအန္တရာယ်ဖြစ်စေနိုင်သော အစားအစာများ၊ အသုံး အဆောင်များနှင့်ကစားစရာများအား ရောင်းချမှုရှိ/မရှိနှင့် သက်ဆိုင်ရာဌာနမှ စားသုံးရန်နှင့်သုံးစွဲရန် မသင့် ထုတ်ပြန်ထားသော ကုန်စည်များရောင်းချမှုမရှိစေရေး စစ်ဆေးမှုများဆောင်ရွက်ခဲ့ပြီး အရောင်းဆိုင် တာဝန်ရှိသူများအား သန့်ရှင်းကောင်းမွန်သောမုန့်များ၊ သက်ဆိုင်ရာဌာနများမှ သတ်မှတ်ထားသော သတ်မှတ်ချက်များနှင့်ကိုက်ညီသော ကုန်စည်များကိုသာရောင်းချစေရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာနအနေဖြင့် စားသုံးသူပြည်သူများ၊ ကျောင်းသား/ကျောင်းသူများအား ကုန်ပစ္စည်းများကို ဝယ်ယူသုံးစွဲရာတွင် လုံခြုံစိတ်ချရမှုရှိပြီး၊ ဘေးအန္တရာယ် ကင်းရှင်းစေရန်နှင့် ထိခိုက်နစ်နာဆုံးရှုံးမှုများ မဖြစ်ပေါ်စေရေးတို့အတွက် ကျောင်းမုန့်ဈေးတန်းများကို ပူးပေါင်းအဖွဲ့များဖြင့် စဉ်ဆက်မပြတ်ဈေး ကွက်စောင့်ကြည့် စစ်ဆေးမှုများဆောင်ရွက်သွားမည်ဖြစ်၍ ဈေးရောင်းချသူများသည် ဥပဒေပါ ပြဌာန်းချက်များ၊ သတ်မှတ်ချက်များနှင့်ကိုက်ညီသော ကုန်စည်များကိုသာ ရောင်းချကြရန် ရှင်းလင်း မှာကြားခဲ့ကြောင်း သိရသည်။

DOCA(မန္တလေး)

စားအုန်းဆီအခြေခံလက်ကား ရည်ညွှန်းဈေးနှုန်း တစ်ပိဿာ ငွေကျပ် ၇,၂၄၅ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ

      စားသုံးသူပြည်သူများ စားသုံးဆီဝယ်ယူစားသုံးရာတွင် ဘေးအန္တရာယ် ကင်းရှင်းပြီး သင့်တင့်သောဈေးနှုန်းဖြင့်ဝယ်ယူစားသုံးနိုင်စေရန်နှင့်ပြည်တွင်းလိုအပ်ချက်များကို ဖြည့်ဆည်း ပေးနိုင်ရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်း သိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရပါသည်။

          စားအုန်းဆီကို ပြည်ပမှဝယ်ယူတင်သွင်းရာတွင် စားအုန်းဆီ တင်ပို့သည့်နိုင်ငံများ၏ စျေးနှုန်းအတက်အကျပေါ်မူတည်၍ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့်ဈေးနှုန်းများ ဖြစ်ပေါ် စေရေးကို ထိန်းကျောင်းဆောင်ရွက်လျက်ရှိပါသည်။

          ပြည်ပမှစားအုန်းဆီထုတ်လုပ်တင်ပို့သည့်နိုင်ငံများတွင် ဈေးကွက်နှင့်ဈေးနှုန်းဖြစ်ပေါ်မှု များအရ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၃ ရက်နေ့မှ ၉ ရက်နေ့အထိ ရန်ကုန်အထိုင်ဈေး အခြေခံ လက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီတစ်ပိဿာလျှင် ငွေကျပ် ,၂၄၅ ဖြစ်ကြောင်း စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက အသိပေးထုတ်ပြန် ကြေညာထားကြောင်း သိရှိရပါ​သည်။  

          စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို အပတ်စဉ် သောကြာနေ့တိုင်း ထုတ် ပြန်ကြေညာလျက်ရှိပြီး စားသုံးသူပြည်သူများအနေဖြင့် စားသုံးသူရေးရာဦးစီးဌာန၏ Website: www.doca.gov.mm၊  Facebook Page  နှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်း၏ Facebook Page တို့တွင် ဝင်ရောက် ကြည့်ရှုလေ့လာနိုင်ကြောင်း သိရှိရပါသည်။

 

စစ်ကိုင်းတိုင်းဒေသကြီးတွင် အစားအသောက်ရောင်းချသည့် ဝန်ဆောင်မှုကဏ္ဍအား ဦးစားပေး ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့မှုအခြေအနေ

        စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာနှစ်တွင် ဦးစားပေးဈေးကွက်စောင့်ကြည့်စစ်ဆေးရမည့် ဝန်ဆောင်မှုကဏ္ဍ(၃)ရပ်ဖြစ်သည့် အစားအသောက် ရောင်းချသည့်ဝန်ဆောင်မှု၊ ဆက်သွယ်ရေးဝန်ဆောင်မှု ( အင်တာနက်ဝန်ဆောင်မှု )နှင့်သယ်ယူ  ပို့ဆောင်ရေးဝန်‌ဆောင်မှုတို့အား မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၅) တွင် သတ်မှတ်အချိန်ကာလအတွင်း ဦးစားပေးဈေးကွက်စောင့်ကြည့် စစ်ဆေးရန် ဆုံးဖြတ်ချက်အရ အစားအသောက်ရောင်းချသည့်ဝန်ဆောင်မှုကဏ္ဍအား ဧပြီလမှ ဇူလိုင်လအထိ တိုင်းဒေသကြီးအတွင်းရှိ ခရိုင်၊ မြို့နယ်များတွင် ဈေးကွက်စောင့်ကြည့်စစ်ဆေးလျက်ရှိကြောင်း သိရှိရပါသည်။

      ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းရေး၊ ထုတ်ကုန်များလုံခြုံ စိတ်ချရမှုရှိစေရေး၊ ကုန်စည်နှင့်ဝန်ဆောင်မှုများ ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုခွင့်ရရှိစေရေး၊ ဘေးအန္တရာယ်ရှိသော ကုန်စည်များဈေးကွက်အတွင်းမှ ပပျောက်သွားစေရေးတို့အတွက် ၂၀၂၆ ခုနှစ်၊ ဇွန်လအတွင်း အစားအသောက်ရောင်းချသည့်ဝန်ဆောင်မှု ( ၆ ) ခုအား စစ်ဆေးဆောင်ရွက်ခဲ့ရာ ဝန်ဆောင်မှု (၆) ခုတို့သည် စားသုံးသူရေးရာဦးစီးဌာန၊ ရုံးချုပ်မှ အစားအသောက်ရောင်းချသည့် ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ ဦးစားပေးစစ်ဆေးရန် လမ်းညွှန်ထားသည့် အချက်အလက်များ၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ စားသောက်ဆိုင်များ၊ အစားအသောက်ဝန်ဆောင်မှုပေးသည့် လုပ်ငန်းများသို့ သွားရောက်စစ်ဆေးဆောင်ရွက်ခဲ့ပြီး ဝန်ဆောင်မှုကဏ္ဍနှင့်စပ်လျဉ်း၍ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရမည့် တာဝန်များကိုလည်း ရှင်းလင်းဆွေးနွေးခဲ့ပါကြောင်း၊ စားသုံးသူရေးရာဦးစီးဌာနမှ ထုတ်ပြန်ထားသည့် ဥပဒေ၊ နည်းဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်များ သိသင့်သိထိုက်သည့် အချက်အလက်များအား   အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

စစ်ကိုင်းတိုင်းဒေသကြီးတွင် ၂၀၂၆ခုနှစ်၊ ဇွန်လအတွင်း ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး အသိပညာပေး

          စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ရှိသော ကုန်စည်များ ဈေးကွက်အတွင်းမှ ပပျောက်သွားစေရေးနှင့် စားသုံးသူကာကွယ်ရေး ဥပဒေပြဌာန်းချက်ပါ ကုန်စည်များတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားမှု အခြေအနေတို့နှင့် စပ်လျဉ်း၍   လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေး အသိပညာ‌ပေးခြင်းလုပ်ငန်းများအား တိုင်းဒေသကြီးအတွင်းရှိ ခရိုင်၊ မြို့နယ်များတွင် လစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

         ထိုသို့ လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေး အသိပညာပေးရာတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားလုပ်ငန်းရှင်များ လိုက်နာရမည့်တာဝန်များ၊  ကုန်စည်ပေါ်တွင် ကပ်နှိပ်မည့် ကုန်အညွှန်းအမှတ်အသားဆိုင်ရာ ပြဌာန်းချက်များနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးအသိပညာ‌ပေးပြောကြားခြင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြထားမှုအပေါ် စားသုံးသူကာကွယ်ရေးဥပဒေနှင့် ကိုက်ညီမှု ရှိ/ မရှိ စိစစ်ပြန်ကြားပေးစေလိုပါက သက်ဆိုင်ရာမြို့နယ်၊ ခရိုင်၊ တိုင်း စားသုံးသူရေးရာဦးစီးဌာနများမှ တစ်ဆင့်တင်ပြ လျှောက်ထားနိုင်ပါကြောင်း၊ ကုန်အညွှန်းအမှတ်အသား တင်ပြလျှောက်ထားမှုနှင့် စပ်လျဉ်း၍ ဌာနမှ မည်သည့်စာရွက်စာတန်းကြေး၊ ဝန်ဆောင်ခ၊ စစ်ဆေးအတည်ပြုခမျှ ကုန်ကျစရိတ် ကောက်ခံခြင်းမရှိဘဲ ဆောင်ရွက်ပေးနေကြောင်း အသိပညာပေး‌ဆွေးနွေးခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

          စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းရေး၊ ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရေးတို့အတွက် ဈေးကွက်မရောက်မီ ကုန်စည်များအားသွားရောက်စစ်ဆေးခြင်းနှင့် လုပ်ငန်းရှင်များအား အသိပညာပေးခြင်းများ ဆောင်ရွက်ရာတွင် ၂၀၂၆ခုနှစ်၊ ဇွန်လတွင် ကိတ်နှင့်မုန့်မျိုးစုံလုပ်ငန်းရှင်၊ ဆန်ရောင်းဝယ်ရေးလုပ်ငန်းရှင်၊ ဆန်စက်လုပ်ငန်းရှင်၊ စားသောက်ကုန်လုပ်ငန်းရှင်၊ ဆေးဆိုင်လုပ်ငန်းရှင်၊ ကိတ်မုန့်နှင့် ပေါင်မုန့်လုပ်ငန်းရှင်၊ အကြော်စုံလုပ်ငန်းရှင်၊ စားသောက်ဆိုင်လုပ်ငန်းရှင်၊ Healthy life Shampoo လုပ်ငန်းရှင်၊ ဂျယ်လီလုပ်ငန်းရှင်၊ မုန့်မျိုးစုံလုပ်ငန်းရှင်၊ မိခင်နှင့်ကလေးအသုံးအဆောင် ပစ္စ္စည်းရောင်းဝယ်ရေးလုပ်ငန်းရှင်နှင့် ကုန်မျိုးစုံဆိုင်ရောင်းဝယ်ရေးလုပ်ငန်းရှင်တို့အား တွေ့ဆုံဆွေးနွေး အသိပညာပေးခြင်း (၂၁)ကြိမ် ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

စစ်ကိုင်းတိုင်းဒေသကြီးတွင် ကုန်စည်ထုတ်လုပ်သည့်လုပ်ငန်းများအား ဈေးကွက်မရောက်မီစောင့်ကြည့် စစ်ဆေးပြီးစီးမှု အခြေအနေ

        စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ကုန်စည်ထုတ်လုပ်သည့် လုပ်ငန်းများ/ စက်ရုံများ/ ကုမ္ပဏီများနှင့် ပြည်ပမှကုန်စည်တင်သွင်း ဖြန့်ဖြူးသည့်လုပ်ငန်းများကို ဈေးကွက်မရောက်မီ စောင့်ကြည့်စစ်ဆေးသည့်စနစ် (Pre Market Surveillance) စစ်ဆေးဆောင်ရွက်ရမည်ဖြစ်၍ အဆိုပါလုပ်ငန်းများမှ ထုတ်လုပ်တင်သွင်းဖြန့်ဖြူးသည့် ကုန်စည်အမျိုးအစားအမယ်များအား ရာနှုန်းပြည့် ကုန်အညွှန်းအမှတ်အသား ဖော်ပြနိုင်စေရေးအတွက် လအလိုက် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

          ထိုသို့ ဈေးကွက်မရောက်မီစောင့်ကြည့် စစ်ဆေးရာတွင် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်စည်နှင့်ဝန်ဆောင်မှုများ ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုခွင့်ရရှိစေရေး၊ ဘေးအန္တရာယ်ရှိသောကုန်စည်များ ဈေးကွက်အတွင်းမှပပျောက် သွားစေရေးတို့အတွက် ၂၀၂၆ ခုနှစ်၊ ဇွန်လ အတွင်း စစ်ကိုင်းတိုင်းဒေသကြီးရှိ ကုန်စည်ထုတ်လုပ်သည့် လုပ်ငန်းများအား ဈေးကွက်မရောက်မီ စောင့်ကြည့်စစ်ဆေးခြင်းကို သက်ဆိုင်ရာမိတ်ဖက်ဌာနများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း၊ ကုန်စည်ထုတ်လုပ်သည့်လုပ်ငန်း (၅)ခုအား မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြရမည့် အချက်များနှင့် ကိုက်ညီမှု ရှိ/ မရှိ စောင့်ကြည့်စစ်ဆေးခဲ့ရာ လုပ်ငန်းပေါင်း (၅)ခုစစ်‌ဆေးဆောင်ရွက်ခဲ့ပြီး စစ်ဆေးခဲ့သည့်လုပ်ငန်း (၅) ခုနှင့် ကုန်စည်အမျိုးအစား (၁၅)မျိုးတို့သည် ညွှန်ကြားချက်နှင့် အညီ မြန်မာ ဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားသည်ကို တွေ့ရှိရ၍ ဌာန၏ ဥပဒေ၊ အမိန့်နှင့်ညွှန်ကြားချက်များအပေါ် လိုက်နာဆောင်ရွက်မှုရှိကြောင်း သိရှိရပါသည်။

        စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဉီးစီးဌာနအနေဖြင့် စားသုံးသူများ ဝယ်ယူအသုံးပြုသည့် ကုန်စည်များ ဘေးဥပဒ်အန္တရာယ်ကင်းရှင်းစေရန် ရည်ရွယ်၍ ထုတ်ကုန်လုံခြုံစိတ်ချရမှုလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည်။ စားသုံးသူများသည် မိမိတို့၏အခွင့်အရေးများ အပြည့်အဝရရှိနိုင်စေရေး၊ စားသုံးသူကာကွယ်ရေးနှင့်စပ်လျဉ်း၍ တိကျမှန်ကန်ရှင်းလင်းသည့် သတင်းအချက်အလက်များ ဖြန့်ဝေအသိပေးရေး၊ စီးပွားရေးလုပ်ငန်းရှင်များသည် မိမိတို့ထုတ်လုပ်သည့် ကုန်စည်များကို စားသုံးသူများ ဝယ်ယူအသုံးပြုရာတွင် ဘေးအန္တရာယ်ကင်းရှင်းပြီး အရည်အသွေးမြင့်မားသည့် ကုန်စည်များကို ထုတ်လုပ်ဖြန့်ဖြူးရောင်းချနိုင်စေရန်အတွက် စီးပွားရေးလုပ်ငန်းရှင်များမှ ဥပဒေနှင့်အညီ ထိန်းကျောင်း ကြပ်မတ်ဆောင်ရွက်နိုင်ခြင်းဖြင့် ဌာန၏ရည်မှန်းချက်ကိုလည်း ပိုမိုထိရောက်လာနိုင်မည်ဖြစ်ပြီး အထက်ဌာန၏ လမ်းညွှန်ချက်များကိုလည်း ထိရောက်စွာလိုက်နာဆောင်ရွက်ရန် အသိပညာပေး‌ ဟောပြောခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ