Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးမှ MSMEs လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးခြင်း

  ၂၀၂၅ ခုနှစ်၊ မေလ ၂၁ ရက်နေ့၊ (၁၃:၀၀)နာရီ အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးခန်းတွင် MSMEs လုပ်ငန်းရှင်တစ်ဦးမှ သီဟိုဠ်စေ့ကြိတ်ခွဲစက် တည်ဆောက်နိုင်ရေးနှင့် ပက်သက်၍ သိရှိလိုသည်များအားတိုင်းဒေသကြီးဦးစီးမှူးရုံးသို့ လာ ရောက်မေးမြန်းခဲ့ရာ  တိုင်းဒေသကြီးဦးစီးမှူးမှ လိုအပ်သည်များအား ရှင်းလင်းဆွေးနွေးခဲ့ကာ မိမိ တို့ဘက်မှလည်း တက်နိုင်သမျှကူညီဆောင်ရွက်ပေးသွားဖြစ်ပါကြောင်း ပြောကြားခဲ့ပြီး လုပ်ငန်း ရှင်မှလည်း ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ကိုဗစ် -၁၉ ကြောင့်ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးကော်မတီ လုပ်ငန်းအဖွဲ့ အစည်းအဝေးအား တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးမှ တက်ရောက်

     ကိုဗစ်-၁၉ ကြောင့်ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေး ကော်မတီလုပ်ငန်းအဖွဲ့ အစည်းအဝေးအား  ၂၀၂၅ ခုနှစ်၊ မေလ၊ ၂၁ ရက်(ဗုဒ္ဓဟူးနေ့)၊ နံနက် ၁၀း၀၀ နာရီအချိန်တွင်  ရင်းနှီးမြှပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၁)၊ အစည်း အဝေးခန်းမ(၁)၌ Hybrid Meeting ဖြင့်ကျင်းပခဲ့ရာ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေး ရာဝန်ကြီးနှင့်အတူ(အတွင်းရေးမှူး)တိုင်းဒေသကြီးစားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဦးစီးမှူး၊ အဖွဲ့ဝင် များမှလည်း တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး(၃)ထပ်‌ဆောင် Zoom Meeting Room ၌ တက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(တနင်္သာရီ)

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင် ပင်စင်လစာထုတ်ယူသည့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား စားအုန်းဆီများကို သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချပေး

  ၂၀၂၅ ခုနှစ်၊ မေလ၊ ၂၁ ရက်နေ့၊ နံနက် ၀၈း၀၀ နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ရှိ မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လစာထုတ်ယူနေသည့် နိုင်ငံ့ဝန်ထမ်းအငြိမ်းစား (၇၀၀)ဦးအား တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီးစားသုံးသူရေးရာဦးစီး ဌာန၊ ထားဝယ်ခရိုင်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းတို့ပူးပေါင်း၍ အငြိမ်းစား တစ်ဦးလျှင် စားအုန်းဆီ(၁)ပိဿာနှုန်းအား သတ်မှတ်ရည်ညွှန်းဈေးနှုန်းများဖြင့် ရောင်းချပေးခဲ့ကြောင်း သိရှိရပါ သည်။

DOCA(တနင်္သာရီ)

Talk Show ဆောင်ရွက်

          စားသုံးသူရေးရာဦးစီးဌာနသည် အများပြည်သူသိရှိစေရန်နှင့်အကျိုးဖြစ်ထွန်းစေရန်အတွက် ဌာနနှင့်ပတ်သက်သည့်အကြောင်းအရာများအား နည်းလမ်းပေါင်းစုံဖြင့်အသိပညာပေးလျက်ရှိရာ ညောင်ဦးခရိုင်မှ ခရိုင်တာဝန်ခံသည် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း ၍(၂၉.၄.၂၀၂၅)ရက်နေ့၊ နံနက် ၁၀:၀၀ နာရီအချိန်တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန  Community Center      ခန်းမ၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကို ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

          အဆိုပါ Talk Show အစီအစဉ်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ညောင်ဦးခရိုင်တာဝန်ခံ ဦးတင်မျိုးခိုင်(ဦးစီးအရာရှိ)က စားသုံးသူများအနေဖြင့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ဝယ်ယူ သုံးစွဲရာတွင် ကုန်စည်၏ အရည်အသွေး၊ အရေအတွက်၊ ပါဝင်သောပစ္စည်း၊ အသုံးပြုပုံ၊ ဈေးနှုန်း၊ ဝန်ဆောင်မှုနှုန်းထားနှင့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ပေးအပ်နိုင်သည့်အချိန်တို့နှင့်စပ်လျဉ်း ၍ လိမ်လည်လှည့်ဖြားခြင်းရှိ/မရှိ၊ အာမခံပေးထားမှုရှိ/မရှိ၊ သက်ဆိုင်ရာအစိုးရဌာန၊ အဖွဲ့အစည်း များက သတ်မှတ်ထားသည့် စံချိန်စံညွှန်း၊ အရည်အသွေးတို့နှင့်ကိုက်ညီမှုရှိ/မရှိ၊ ကုန်အညွှန်းအမှတ် အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ ဖော်ပြ ထားမှုရှိ/မရှိ၊ လိုအပ်သောသတင်းအချက်အလက်များကို သိရှိနိုင်ရေး စုံစမ်းမေးမြန်းနိုင်ရန်အတွက် လိပ်စာ၊ ဖုန်းနံပါတ်များ ရေးသားဖော်ပြထားမှုရှိ/မရှိ၊ အပြစ်အနာအဆာ၊ ချို့ယွင်းချက်များကို ဖုံးကွယ်ထားခြင်းရှိ/မရှိ ၊ သတင်းအချက်အလက်များကို ပြည့်စုံခိုင်မာမှု မရှိဘဲချဲ့ကားဖော်ပြထား ခြင်းရှိ/မရှိ စသည့်များအား သိရှိနားလည်ပြီး သတိရှိစွာစစ်ဆေးဝယ်ယူသုံးစွဲသင့်ပါကြောင်း ရှင်းလင်းဆွေးနွေးခဲ့သည်။

DOCA(မန္တလေး)

မြိတ်မြို့၊ စီးပွားရေးဘဏ်တွင် သက်သာစျေးနှုန်းဖြင့် အခြေခံစားသောက်ကုန်များရောင်းချ

   အငြိမ်းစားဝန်ထမ်းများအား စျေးနှုန်းသက်သာစွာဖြင့် အခြေခံစားကုန်များဝယ်ယူနိုင်ရေး တွက် စားသုံးသူရေးရာဦးစီးဌာနအပါအဝင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ သမဝါယမဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့စသော ဌာနဆိုင်ရာများဖြင့် ပူးပေါင်း၍ အခြေခံစားကုန်များကို မြန်မာ့ စီးပွားရေးဘဏ်၌ နိုင်ငံ့ဝန်ထမ်းအငြိမ်းစား ပင်စင်စားများအား ရောင်းချခဲ့ကြောင်း သိရှိရပါသည်။

   ထိုသို့ရောင်းချရာတွင် ဆန်(၁)ပြည်လျှင်(၃၆၀၀)ကျပ်၊ ဆီတစ်ပိဿာလျှင်(၈၀၀၀)ကျပ်၊ အိုင်အိုဒင်းဆား(၂၅)ကျပ်သားတစ်ထုတ်လျှင်(၅၀၀)ကျပ်၊ ဘရစ်နီငါးခြောက်(၅)ကျပ်သားတစ်ထုတ် လျှင်(၂၀၀၀)ကျပ်၊ ပုဇွန်ခြောက်အသေး(၁၀)ကျပ်သားတစ်ထုတ်လျှင်(၅၀၀၀)ကျပ်၊ ကုလားပဲခြမ်း (၁၅)ကျပ်သားတစ်ထုတ်လျှင်(၁၀၀၀)ကျပ်နှင့် ချဥ်ပေါင်ရွက်တစ်စည်းလျှင်(၂၀၀)ကျပ်နှုန်းဖြင့် ရောင်း ချပေးခဲ့ ကြောင်းသိရှိရပြီး အငြိမ်းစားဝန်ထမ်းများအား ပြည်သူ့ကျန်းမားရေးဦးစီးဌာနမှ အခမဲ့ကျန်းမာ‌ ရေးစစ်ဆေးခြင်းနှင့် အခမဲ့ဆေးဝါးထောက်ပံ့ပေးခြင်းများဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(တနင်္သာရီ)

စိုက်ပျိုးစရိတ်ချေးငွေများ အချိန်မီထုတ်ချေးပေးနိုင်ရေး အစည်းအဝေးတက်‌ရောက်

    (၂၁.၅.၂၀၂၅)ရက်နေ့၊နံနက်(၁၀း၀၀)နာရီအချိန်တွင် မြိတ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသော စိုက်ပျိုးစရိတ်ချေးငွေများအချိန်မီထုတ်‌ချေး‌ပေးနိုင်ရေးအစည်းအဝေးအား စားသုံးသူရေးရာဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူး ဦးမျိုးဝင်းမှ တက်ရောက်ခဲ့ ပါသည်။

     အဆိုပါအခမ်းအနားတွင် ၂၀၂၅-၂၀၂၆ခုနှစ်၊ ဘဏ္ဍာရေးနှစ်အတွက် တောင်သူလယ်သမား များအား ၂၀၂၅ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ အချိန်မီထုတ်ချေးပေးနိုင်ရေးအတွက် (၁၅.၉.၂၀၂၅)ရက်နေ့ နောက်ဆုံးထား၍ ထုတ်ချေးပေးရန်၊ မြို့နယ်မြေစာရင်းဦးစီးဌာနမှ တောင်သူ လယ်သမားတစ်ဦးချင်း၏ ဧကများအား အမှတ်တကယ်ပိုင်ဆိုင်မှု ရှိ/မရှိ စီစစ်ထောက်ခံချက်များ ပြုလုပ်ပေးရန်နှင့် သက်ဆိုင်ရာအဖွဲ့ဝင်များမှလည်း ပူးပေါင်းဆောင်ရွက်ပေးကြပါရန်တို့ကို ညှိနှိုင်း ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(တနင်္သာရီ)

“လူငယ်နှင့်ကျန်းမာရေးအသိပညာပေး Talk Show ဆွေးနွေးပွဲကျင်းပပြုလုပ်”

          ကျောက်ဆည်ခရိုင် စားသုံးသူရေးရာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ၂၀၂၅ ခုနှစ် ၊ ဧပြီလ ၂၃ ရက်နေ့တွင် မြစ်သားမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန Community Center ခန်းမ၌ လူငယ်နှင့်ကျန်းမာရေးအသိပညာပေး Talk Show ဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ပါသည် ။ အဆိုပါဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ဒေါ်သီတာအောင် (ဦးစီးအရာရှိ)က ကျန်းမာရေးအသိပညာပေး Talk Show ဆွေးနွေးပွဲကျင်းပရခြင်း၏ရည်ရွယ်ချက်များအားပြောကြားခဲ့ပြီး ကျောက်ဆည်ခရိုင်စားသုံးသူရေးရာ ဦးစီးဌာန၊ မြစ်သားမြို့နယ်တာဝန်ခံ ဒေါ်မော်မော်အောင်(ဒု-ဦးစီးမှူး)က ပြောကြားရာတွင် ကျန်းမျာရေးဝန်ဆောင်မှုနှင့်ပတ်သက်၍အကျယ်တဝင့်ရှင်းလင်းပြောကြားခဲ့ပြီး လူငယ်များသန့်ရှင်း ကောင်းမွန်သော သဘာဝပတ်ဝန်းကျင်တွင် ရှင်သန်နေထိုင်ရေး ၊ ကျန်းမာရေးနှင့်ညီညွတ်သည့် အပြုအမူများအကြောင်း၊ကူးစက်ရောဂါအကြောင်းသိကောင်းစရာများ၊အဖြစ်များသောဘီတာမင်ချို့မတဲ့မှုများအကြောင်းနှင့်သွေးအားနည်းရောဂါကာကွယ်ရေးအကြောင်း သိကောင်းစရာများအား ဆွေးနွေး ပြောကြားခဲ့ပါကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)

ဆန်ရောက်ရှိလာမှုအားကွင်းဆင်းစစ်ဆေး

  တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်သည် ဆန်လိုအပ်သောဒေသဖြစ်သည့်အတွက်  မြိတ်ခရိုင်အတွက်လိုအပ်သောဆန်များအား ဧရာဝတီတိုင်းနှင့်ရန်ကုန်တိုင်းတို့မှ အများဆုံးဝယ်ယူ လျက် ရှိပါသည်။ ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်မှ ၂၀၂၅ခုနှစ်၊ မေလ (၁၆)ရက်နေ့တွင် မြိတ်ခရိုင်သို့ တင်ဆောင်လာသော ဆန်တန် (၅၀၀)၊ အိတ်ရေ (၁၀၀၀၀) သည် MV-ရတနာမယ် ရေယာဉ်ဖြင့် ၂၀၂၅ခုနှစ်၊ မေလ(၂၁)ရက်နေ့တွင် မြိတ်မြို့သို့ရောက်ရှိလာ သဖြင့် အဆိုပါဆန်လှေများအား ကွင်းဆင်းစစ်ဆေး ခြင်းဆောင်ရွက်ခဲ့ကြောင်းသတင်းရရှိပါသည်။

   ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာန အပါအဝင် အကောက်ခွန်ဦးစီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့တို့ပါဝင်သော အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့မှ ကွင်းဆင်း စစ်ဆေးခဲ့ကြောင်းသတင်းရရှိပါသည်။

DOCA(တနင်္သာရီ)

“စျေးနှုန်းစျေးကွက်တည်ငြိမ်ရေးထိန်းသိမ်းကြပ်မတ်ပေး”

    ကျောက်ဆည်မြို့နယ်အတွင်းတွင် အခြေခံစားသောက်ကုန်စျေးနှုန်းများနှင့်ဆောက်လုပ်‌‌ရေးလုပ်ငန်းသုံးပစ္စည်းများစျေးနှုန်းမြင့်တက်မှုမရှိစေရေးထိန်းသိမ်းကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း သိရပါသည်။ ထိန်းသိမ်းကြပ်မတ်ရေးအဖွဲ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ ၊ မြို့နယ်ကုန်တင်ကုန်ချကော်မတီတို့မှ တာဝန်ရှိသူများပူးပေါင်း၍ ကွင်းဆင်းစစ်ဆေး ထိန်းကြောင်းပေးလျက်ရှိကြောင်းသိရပါသည်။မတ်လ(၂၈)ရက်နေ့တွင်လှုပ်ခတ်ခဲ့သော ငလျင်ဒဏ်ကြောင့် အဆောက်အဦးအများအပြားပြိုကျပျက်စီးခဲ့ရာဦးစားပေးအနေဖြင့်ဆောက်လုပ်‌ရေးလုပ်ငန်းသုံးပစ္စည်းများဖြစ်သော ဘိလပ်မြေ၊အုတ်၊သဲ၊ကျောက်၊သွပ်ပြားများ၊သံချောင်းများ စျေးနှုန်းအဆမတန်  မြှင့်တင်ရောင်းချမှုမရှိစေရေး ၊ ဖြစ်သင့်ဖြစ်ထိုက်သည့် စျေးနှုန်းဖြင့်သာရောင်းချစေရေး ကွင်းဆင်း ထိန်းသိမ်းကြပ်မတ်ပေးလျက်ရှိကြောင်း ၊ ဌာနဆိုင်ရာပူးပေါင်းအဖွဲ့အနေဖြင့်(၂၃-၄-၂၀၂၅)ရက်နေ့ တွင်ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းအရောင်းဆိုင်(၉)ဆိုင်၊ (၂၄-၄-၂၀၂၅)ရက်နေ့တွင် (၁၇)ဆိုင် တို့အားကွင်းဆင်းစစ်ဆေးနိုင်ခဲ့ပြီး ပူးပေါင်းအဖွဲ့အနေဖြင့် နေ့စဉ်ကွင်းဆင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

DOCA(မန္တလေး)

ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

   စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ ဦးကျော်မိုးလွင်(ဌာနခွဲစာရေး) သည် ၃၀.၄.၂၀၂၅ ရက်နေ့တွင် မိုးညှင်းမြို့၊ အောင်သပြေရပ်ကွက် အတွင်းရှိ ဖြူစင် (ရေသန့်စက်ရုံ)သို့ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်၍ စားသုံးသူကာကွယ်ရေးဥပဒေ ပါ ပြဌာန်းချက်များ နှင့် ကိုက်ညီခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

  ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ ဖြူစင် (သောက်ရေသန့်) အမှတ်တံဆိပ်ပါ သောက်ရေသန့် အမျိုးမျိုးတို့တွင် ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ မြန်မာဘာသာဖြင့် ပြည့်စုံစွာ ဖော်ပြရမည့် ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက် အသားတင်ပမာဏ၊ ထားသိုသိမ်း ဆည်းမှုအညွှန်းတို့ကို ကုန်အညွှန်းအမှတ်အသား ဖော်ပြထားရှိခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ရာ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြထားရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး စက်ရုံ ပိုင်ရှင်အား သောက်ရေသန့်များ ထုတ်လုပ်ဖြန့်ဖြူးရောင်းချရာတွင်လည်း ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်စွာ ဖော်ပြပါရှိသော သောက်ရေသန့်များကိုသာ ထုတ်လုပ်ဖြန့်ဖြူးရောင်းချရန် အသိ ပညာပေး ဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့် ဝေခဲ့ပါသည်။

DOCA(ကချင်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ