Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

          ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးဇေယျာအောင် (ခရိုင်ဦးစီးမှူး) ဦးဆောင်သည့် ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှဝန်ထမ်းတို့သည် ၇-၇-၂၀၂၆ ရက်နေ့တွင် မြစ်ကြီးနားမြို့၊ ခေမာသီရိရပ်ကွက်ရှိ လက်လီရောင်းချလျက်ရှိသော TK(Mark)သို့သွားရောက်၍ စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းပြီး ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ရှိသော ကုန်စည်များ ဈေးကွက်အတွင်းမှ ပပျောက်စေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်ပတ်သက်၍ ကိုက်ညီမှု ရှိ၊ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

          ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ Penguin” အမှတ်တံဆိပ်ပါ  နို့မှုန့်(နို့နှင့်နို့ထွက် ပစ္စည်းအမျိုးမျိုး)တွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်က ထုတ်ပြန်ထားသော ညွှန်ကြား ချက်အမှတ် (၂/၂၀၁၉)အရ ကုန်စည်အမျိုးအစားအလိုက် မြန်မာဘာသာဖြင့်ဖော်ပြရမည့်အချက် (၇) ချက် အနက် အစားအသောက်များ ကုန်စည်အုပ်စုရှိ နို့နှင့်နို့ထွက်ပစ္စည်းအမျိုးမျိုးတွင်   ကုန်စည်၏အမျိုး အမည်၊ အရွယ်အစား၊ အရေအတွက်နှင့်အသားတင်ပမာဏ၊ သုံးစွဲပုံနည်းလမ်း၊ ထားသိုသိမ်းဆည်းမှု အညွှန်း၊ ဓာတ်မတည့်ကြောင်း ဖော်ပြချက်၊ ကြိုတင်သတိပေးချက်တို့ကို မြန်မာဘာသာဖြင့် ကိုက်ညီ ပြည့်စုံစွာဖော်ပြပါရှိကြောင်း၊ ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးသည့်ရက်စွဲတို့ ဖော်ပြထား ကြောင်း၊ ထုတ်လုပ်သည့်နေရာ၊ ထုတ်လုပ်သည့်လုပ်ငန်းအမည်နှင့်လိပ်စာ ပြည်စုံစွာပါရှိကြောင်းနှင့် အစားအသောက်နှင့်ဆေးဝါး ကွပ်ကဲရေးဦးစီးဌာန၏ ထောက်ခံချက်များလည်း ဖော်ပြထားကြောင်း စစ်ဆေးတွေ့ရှိရပြီး လုပ်ငန်းရှင်အား သက်တမ်းကုန်ဆုံးသည့် ကုန်စည်များ၊ ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုမရှိသည့် ကုန်စည်များ ဈေးကွက်အတွင်း ရောင်းချခြင်း မပြုလုပ်ရန်နှင့် ဆင်တူရိုးမား အတုအပ အမှတ်တံဆိပ်များ ဝယ်ယူရောင်းချခြင်းမပြုကြရန်တို့ကို အသိပညာပေးဆွေးနွေးခဲ့ပြီး ကုန်အညွှန်း အမှတ်အသား ဖော်ပြခြင်းဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကချင်)

 

ကချင်ပြည်နယ် စားအုန်းဆီဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးအဖွဲ့၏ (၁/၂၀၂၆)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

    ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၇ ရက်နေ့ ၀၉း၃၀ နာရီအချိန်တွင် ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်း အဝေးခန်းမ၌ ကချင်ပြည်နယ် စားအုန်းဆီဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးအဖွဲ၏ (၁/၂၀၂၆)ကြိမ် မြောက်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကချင်ပြည်နယ်စားအုန်းဆီဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေး အဖွဲ့ ဥက္ကဋ္ဌ၊ စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီးက တက်ရောက်ခဲ့ပြီး အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

     အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ကချင်ပြည်နယ် စားအုန်းဆီဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီးက စားအုန်းဆီတင်သွင်းဖြန့်ဖြူး ခြင်းလုပ်ငန်းသည် နိုင်ငံတော်အစိုးရ၏ မူဝါဒနှင့်အညီ စားအုန်းဆီဖြန့်ဖြူးခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီး/ ပြည်နယ်အလိုက် စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး များက ဥက္ကဋ္ဌ အဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိပြီး စီးပွားရေးနှင့်ကူးသန်းရောင်း‌ဝယ်‌ရေးဝန်ကြီး ဌာန၊ စားသုံးသူရေးရာဦးစီးဌာန နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးများက အတွင်းရေးမှူးအဖြစ် တာဝန်ယူဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ကချင်ပြည်နယ်စားအုန်းဆီ ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ကို အစိုးရအသစ်ဖွဲ့စည်းပြီးနောက် ၂၀၂၆ ခုနှစ်၊ မေလ ၇ ရက် နေ့တွင် ပြင်ဆင်ဖွဲစည်းခဲ့ပြီး လုပ်ငန်းတာဝန်(၅)ချက်ဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ အဖွဲ့၏ လုပ်ငန်းတာဝန်များကို အတွင်းရေးမှူးအဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိသော ပြည်နယ်စားသုံးသူ ရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက အဖွဲ့ဝင်များ၏ကိုယ်စား တာဝန်ယူဆောင်ရွက်ပေးလျက်ရှိ ပါကြောင်း၊ ထို့အပြင် စားအုန်းဆီဖြန့်ဖြူးမှုစစ်ဆေးရေးအဖွဲကိုလည်း စားသုံးသူရေးရာဦးစီးဌာန ပြည်နယ်ဦးစီးမှူးအား အဖွဲခေါင်းဆောင်အဖြစ် တာဝန်ပေးအပ်ထားပြီး၊ မြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ ပြည်နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း အပါအဝင် အဖွဲ့ဝင် (၇)ဦးဖြင့် ဖွဲ့စည်းတာဝန်‌ပေး အပ်ထားရှိပါကြောင်း၊ ကြီးကြပ်ရေးအဖွဲ့အနေဖြင့် ကချင်ပြည်နယ်ရှိ စားသုံးသူပြည်သူများ သက်သာသော ဈေးနှုန်းဖြင့် စားအုန်းဆီများဝယ်ယူရရှိစေရေး သတ်မှတ်ဈေးနှုန်း၊ အရည်အသွေး၊ အခြင်အတွယ် မှန်ကန်စွာဖြင့် ရောင်းချစေရေး၊ မသမာသောနည်းလမ်းများဖြင့် ဖြန့်ဖြူးရောင်းချမှုများမရှိစေရေး အဖွဲ့ဝင်များ အနေဖြင့် ကြီးကြပ်သွားရန် လိုအပ်ပါကြောင်း လမ်းညွှန်အမှာစကားပြေားကြားခဲ့ပါသည်။

    ဆက်လက်၍ ကချင်ပြည်နယ်စားအုန်းဆီဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်ဦးစီးမှူးက စားအုန်းဆီဖြန့်ဖြူးခြင်းလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအား Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့ပြီး အစည်းအ‌ဝေးသို့တက်ရောက်လာသော အဖွဲ့ဝင်များက သက်ဆိုင်ရာ ကဏ္ဍအလိုက် အသီးသီး ဆွေးနွေးအကြံပြု တင်ပြခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(ကချင်)

ဘူးသွပ်ဆီအမျိုးမျိုးအား ကုန်အညွှန်းအမှတ်အသားမျာ ပြည့်စုံစွာပါဝင်ခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

         စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်မိုးမိုးကြည် (ဌာနခွဲစာရေး) နှင့် ဝန်ထမ်းများသည်  ၄.၇.၂၀၂၆ ရက်နေ့ ၊ နံနက်(၁၁:၀၀)နာရီအချိန်တွင် ပုဇွန်တောင်မြို့နယ်၊  ရေကျော် City Mart ရှိ ဘူးသွပ်ဆီအမျိုးမျိုးအား ကုန်အညွှန်းအမှတ်အသားမျာပြည့်စုံစွာ ပါဝင်ခြင်းရှိ/ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

         ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ရေကျော် City Mart တွင် ရောင်းချနေသော ဘူးသွပ်ဆီအမှတ်တံဆိပ်များမှာ ငွေသဇင်မင်း (ရာနှုန်းပြည့်မြေပဲဆီသန့်)၊ ရွှေ(ပဲဆီသန့်)၊ ကောင်းမှကောင်း (မြေပဲဆီ)၊ သူကြီးကတော် (မြေပဲဆီ)၊ မေဇင်(မြေပဲဆီ)၊ ဇဗ္ဗူအေး(ရာနှုန်းပြည့်မြေပဲ ဆီစစ်စစ်)၊ Peanut Oil (မြေပဲဆီ)၊ အမေထွား (မြေပဲဆီ) များမှာ ဥပဒေပါအခန်း(၁၈)တွင် ဖော်ပြထားသောကုန်အညွှန်းအမှတ်အသားများတွင် ဖော်ပြရမည့်အချက်များ ပြည့်စုံစွာပါဝင်ခြင်း ရှိ/ မရှိကို စစ်ဆေးခဲ့ရာ ပြည့်စုံစွာပါရှိကြောင်း စစ်ဆေးတွေ့ရှိရပါသည်။  ထိုနောက် ဒေါ်မိုးမိုးကြည် (ဌာနခွဲစာရေး) က စားသုံးဆီအမှတ်တံဆိပ်များတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မခွဲ (ခ)၊ (ဂ) နှင့် (ဆ)တို့ပါအချက်များကို ကုန်အညွှန်းအမှတ်သားဖော်ပြရာတွင် မြန်မာဘာသာဖြစ်၊ မြန်မာဘာသာနှင့်အခြားဘာသာတစ်ခု(သို့)တစ်ခုထက်ပို၍ တွဲလျှက်ဖြစ်စေရေးသားဖော်ပြရမည်ဖြစ်ပြီး ကုန်အညွှန်းအမှတ်မပြည့်စုံသောကုန်ပစ္စည်းများအား ဈေးကွက်အတွင်းရောင်းချခြင်းမပြုရန် အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။ 

DOCA(ရန်ကုန်)

ပုဇွန်တောင်မြို့နယ် သာကေတမြို့နယ်၊ ဒေါပုံမြိုု့နယ်တို့ရှိ ဆေးဆိုင်များသို့  ဈေးနှုန်းတည်ငြိမ်မှုရှိစေရေး အဖွဲ့စုံဖြင့် ကွင်းဆင်းစစ်ဆေးခြင်း

         စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးမောင်ကျော်မြင့် (ဒု-ခရိုင်ဦးစီးမှူး) နှင့် ဝန်ထမ်းများသည် (..၂၀၂ )ရက်နေ့၊ နေ့လယ်(၁:၀၀)နာရီအချိန်တွင် ပုဇွန်တောင်မြို့နယ်၊ သာကေတမြို့နယ်၊ ဒေါပုံမြိုု့နယ်တို့ရှိ ဆေးဆိုင်များတွင် ပြည်တွင်းဆေးဝါး ပြတ်လပ်မှုမရှိစေရေးနှင့် လက်လီ/လက်ကားရောင်းချနေမှုအပေါ် ဈေးနှုန်းတည်ငြိမ်စေရေး အတွက်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

         ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ဆေးဆိုင်များ၏ ဆေးဈေးနှုန်းများအတက်အကျရှိ/ မရှိ၊ ယခင်လဈေးနှုန်း၊ ယခုလဈေးနှုန်းများ၏ ဈေးနှုန်းကွာခြားမှုရှိ/ မရှိ၊  ဈေးကွက်များအတွင်းဆေးနှင့် ဆေးပစ္စည်းများပြတ်လပ်မှုရှိ/ မရှိနှင့် စားသုံးသူကာကွယ်ရေးဥပဒေအရ သတ်မှတ်ထားသော ကုန်အညွှန်းအမှတ်အသားများပါဝင်မှုရှိ/ မရှိတို့ကို စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ သိရှိလိုက်နာ ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ သက်ဆိုင်ရာဌာနများ၏ ဥပဒေပြဌာန်းချက်များ၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များနှင့်အညီလိုက်နာ၍ ဖြန့်ဖြူးရောင်းချကြရန် အသိပညာပေးဈေးကွက် စောင့်ကြည့်စစ်ဆေးခဲ့ပြီး ဆေးဆိုင်မှတာဝန်ရှိသူနှင့် တွေ့ဆုံ၍ ဆေးဝါးမှတ်ပုံတင်မရှိဘဲ FDA မှတားမြစ်ထားသော ဆေးဝါးများအားရောင်းချခြင်းမပြုလုပ်ကြရန်၊ အမြတ်ရာခိုင်နှုန်းများစွာတင်၍ ရောင်းချခြင်းမပြုလုပ်ဘဲ ဈေးနှုန်းမှန်ကန်စွာရောင်းချကြရန် ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

အရှေ့ဒဂုံမြို့နယ်ရှိ စားအုန်းဆီလက်လီ/လက်ကားအရောင်းဆိုင်များသို့ အဖွဲ့စုံဖြင့် ကွင်းဆင်းစစ်ဆေးခြင်း

      (၆.၇.၂၀၂၆)ရက်နေ့၊ နေ့လယ်(၁၀း၃၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးမောင်ကျော်မြင့်(ဒု-ခရိုင်ဦးစီးမှူး)နှင့်ဝန်ထမ်းများသည် ဒဂုံ မြို့သစ် (အရှေ့ပိုင်း)မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဈေးစည်ပင်သာယာရေးကော်မတီ တို့နှင့် ပူးပေါင်း၍ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၂)ဈေးရှိ စားအုန်းဆီလက်လီ/လက် ကားအရောင်းဆိုင်များသို့သတ်မှတ်ထားသည့် ရည်ညွှန်းဈေးနှုန်းများအတိုင်း ရောင်းချနေမှုရှိ / မရှိကိုအဖွဲ့စုံဖြင့် ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

          ထိုသို့ကွင်းဆင်းဆောင်ရွက်ခဲ့ရာတွင် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ရှိ စားအုန်းဆီအရောင်းဆိုင်တို့အား ဝင်ရောက်စစ်ဆေးခဲ့ရာ ခွဲတမ်းရရှိသည့် ဆီပေပါများကိုတဆင့်ပြန်လည်ခွဲ ဝေပေးမှုအခြေအနေ၊ မိမိရရှိသောခွဲတမ်းများကို ရပ်ကွက်နေစားသုံးသူပြည်သူများလက်ဝယ်သို့ အမှန်တကယ်ရောက်ရှိ စားသုံးနိုင်ရန်ရောင်းချပေးခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပြီး စားအုန်းဆီ လက်လီ/လက်ကားကိုယ်စားလှယ်များအနေဖြင့် ခွဲတမ်းရရှိထားသော စားအုန်းဆီများကို သတ်မှတ်စည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျဖြန့်ဖြူးရောင်းချရန်နှင့် စားအုန်းဆီလက်လီ/ လက်ကားရောင်းချလျက်ရှိသော လုပ်ငန်းရှင်များအနေဖြင့် စားသုံးသူများမြင်သာထင်သာရှိသောနေရာတွင် ဆိုင်းဘုတ်တင်ရောင်းချရန်နှင့် စားသုံးသူရေးရာဦးစီးဌာနမှ အပတ်စဉ်ထုတ်ပြန်လျက်ရှိသော သတ်မှတ်ရည်ညွှန်းဈေးနှုန်းအပေါ် (၂%)အမြတ်တင်ရောင်းချနေမှုရှိ/မရှိတို့ကို ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ရန်ကုန်)

မကွေးမြို့၊ မီးသတ်ဦးစီးဌာန၌ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

         စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်ချက်အရ (၂၆.၆၂၀၂၆)ရက်နေ့၊ နေ့လယ် (၁၄:၀၀နာရီအချိန်တွင် မကွေးမြို့၊ မီးသတ်ဦးစီးဌာန၌ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲအား ကျင်းပခဲ့ကြောင်း သိရသည်။

           အဆိုပါ ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊  လက်ထောက်ညွှန်ကြားရေးမှူးက  စားသုံးသူရေးရာဦးစီးဌာန၏ သမိုင်းကြောင်းနှင့် လုပ်ငန်းတာဝန်များအကြောင်းအားလည်းကောင်း၊ စားသုံးသူရေးရာဌာနခွဲတာဝန်ခံမှ စားသုံးသူများရရှိမည့် အခွင့်အရေးများနှင့် ထိုအခွင့်အရေးများ ချိုးဖောက်ခံရပါက နစ်နာဆုံးရှုံးမှုများကို မည်ကဲ့သို့ကုစားမလဲနှင့် အွန်လိုင်းမျှတစ်ဆင့် ဈေးဝယ်ယူခြင်းနှင့် စပ်လျဉ်း၍ သိကောင်းစရာများအား အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          ဟောပြောပွဲသို့ အရာထမ်း၊ အမှုထမ်းများ စုစုပေါင်း (၇၀ဦးတက်ရောက်ခဲ့ကြပြီး တက်ရောက်လာသူများအား အသိပညာပေး လက်ကမ်းစာစောင်များဝေငှခြင်း၊ သိလိုသည်များ မေးမြန်းလာမှုများအပေါ် ပြန်လည်ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(မကွေး)

မကွေးမြို့၊ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း၌ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

       မကွေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် စားသုံး/ ထုတ်လုံကြီးကြပ်သူအရာရှိ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စုစုထွန်း ဦးဆောင်၍ စားသုံးသူရေးရာဌာနခွဲမှ ဝန်ထမ်းများသည် (၂၉.၆.၂၀၂၆) ရက်နေ့၊ နေ့လယ် (၁၅:၀၀) နာရီအချိန်တွင် မကွေးမြို့၊  အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း၌ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

         အဆိုပါ အသိပညာပေးဟောပြောပွဲတွင် အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း ကျောင်းအုပ်ကြီးက အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် စားသုံး/ ထုတ်လုံကြီးကြပ်သူအရာရှိ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စုစုထွန်းမှ ဌာန၏ သမိုင်းကြောင်းနှင့် ဌာန၏ မျှော်မှန်းချက်/ ရည်မှန်းချက်များ၊ ဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များအား ရှင်းလင်းဆွေးနွေးခဲ့ပြီး စားသုံးသူရေးရာဌာနခွဲ တာဝန်ခံ ဦးစီးမှူး ဒေါ်စန္ဒာစိုးလွင်မှ စားသုံးသူ၏ အခွင့်အရေးနှင့်တာဝန်များ၊ စားသုံးသူ တိုင်ကြားမှုလက်ခံဖြေရှင်းရေးဆိုင်ရာ (CICC)ကိစ္စရပ်များနှင့် တိုင်ကြားနိုင်သည့် နည်းလမ်းများ၊ စားသုံးသူပြည်သူများ ကုန်စည်(သို့) ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ ဘေးအန္တရာယ်ကင်းရှင်းစေရေး၊ Online မှတစ်ဆင့် ဈေးဝယ်ခြင်းနှင့် စပ်လျဉ်း၍ သိကောင်းစရာများအကြောင်းကို Power Point ဖြင့် အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

       ဆက်လက်၍ အသိပညာပေးဆွေးနွေးဟောပြောပွဲသို့ တက်ရောက်လာကြသည့် ကျောင်းအုပ်ကြီးအပါအဝင် ဆရာ/()ဦးနှင့် သင်တန်းသား/ သင်တန်းသူ (၁၅၀)ဦးတို့အား လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြပြီး တက်ရောက်လာသည့် သင်တန်းသူ/သားများမှ သိလိုသည်များ မေးမြန်းလာမှုအပေါ် ပြန်လည် ဆွေးနွေးဖြေကြားခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

DOCA(မကွေး)

အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများ မှတ်ပုံတင်လက်မှတ် စိစစ်ထုတ်ပေးရန် ကွင်းဆင်းစစ်ဆေးခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ နေပြည်တော်ဦးစီးမှူးရုံးမှ ဦးမြင့်နိုင် (ဦးစီးအရာရှိ) နှင့် အဖွဲ့သည် အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းများ မှတ်ပုံတင်လက်မှတ် စိစစ်ထုတ်ပေးခြင်း၊ မြေပြင်လုပ်ငန်း နှင့် မှတ်ပုံတင်ထားရှိမှု ကိုက်ညီမှု ရှိ/ မရှိ၊ လုပ်ငန်းလိပ်စာ မှန်ကန်မှု ရှိ/ မရှိတို့ကို (--၂၀၂၆) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် အိမ်အမှတ် (ဒ-၄၁၂)၊ ဧရာဝတီ(၁)လမ်း ၊ ရွှေကြာအင်း ရပ်ကွက်၊  ဒက္ခိဏသီရိမြို့ရှိ Mon Mon Kyaw အလှကုန်ပစ္စည်းများနှင့် အခြားဝန်ဆောင်မှု လုပ်ငန်းသို့သွားရောက် စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

    အဆိုပါကွင်းဆင်းစစ်ဆေးရာတွင် စစ်ဆေးရေးအရာရှိက လုပ်ငန်းရှင်များကို လိုအပ်သည် များမေးမြန်းခြင်း၊  မြေပြင်ကွင်းဆင်းစစ်ဆေးရမည့်အချက်(၁၈)ချက်နှင့် ကိုက်ညီမှု ရှိ/ မရှိ စစ်ဆေး ခြင်း၊ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့်တာဝန်ဝတ္တရားများနှင့် စားသုံးသူကာကွယ်ရေး ဥပဒေပါ အခန်း(၁၇)ရှိ ကုန်စည်(သို့မဟုတ်)ဝန်ဆောင်မှုအပေါ် တာဝန်ရှိမှုနှင့် ပတ်သက်၍လည်းကောင်း တရားမဝင်ကုန်ပစ္စည်းများ  ရောင်းချမှုမရှိစေရေး  အသိပညာပေးဟောပြောခဲ့ကြောင်း သိရှိရပါသည်။

 

DOCA(ပြည်ထောင်စုနယ်မြေ)

မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ (၂/၂၀၂၆)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင်ဥက္ကဌ  ပြည်ထောင်စုဝန်ကြီးက စားသုံးသူကာကွယ်ရေးဥပဒေ၏ ရည်ရွယ်ချက်များ အောင်မြင်စေရန်နှင့် စားသုံးသူကာကွယ်ရေးဆိုင်ရာမူဝါဒများနှင့် အစီအမံများချမှတ်နိုင်ရေးတို့အတွက် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင် (/၂၀၂၆)ကြိမ်မြောက်လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို (၃၀..၂၀၂၆) ရက်နေ့၊နံနက်(၀၉:၃၀)နာရီအချိန်တွင် Zoom Meeting ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ ပခုက္ကူခရိုင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြဧရာ()”အစည်းအဝေးခန်းမ၌ ခရိုင်စားသုံးသူရေးရာကော်မတီဥက္ကဌ၊  အဖွဲ့ဝင် ()ဦး၊ စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်း()ဦး၊ စုစုပေါင်း()ဦး Virtual စနစ်ဖြင့် တက်ရောက်ခဲ့ကြောင်း သိရပါသည်။

          ကော်မရှင် ဥက္ကဌက အဖွင့်အမှာစကားပြောကြားရာ နိုင်ငံတော်မူဝါဒများနှင့်အညီ လိုက်လျောညီ ထွေစွာပြုလုပ်ဆောင်ရွက်လျက်ရှိကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပြဌာန်းချက် များကိုကော်မရှင်၊ ကော်မတီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များ၊ ခရိုင်စားသုံးသူရေးရာ ကော်မတီများမှ စိတ်အားထက်သန်စွာ လုပ်ကိုင်ဆောင်ရွက်နေခြင်းကို သိရှိရ၍ ဝမ်းမြောက်ကြောင်း၊ ကော်မရှင်အတွင်းရေးမှူးက မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင်လုပ်ငန်း ညှိနှိုင်းအစည်းအဝေး(/၂၀၂၆) ဆုံးဖြတ်ချက်များအပေါ်  ဆောင်ရွက်ပြီးစီးမှုအခြေအနေတင်ပြခြင်း၊ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများအား ရှင်းလင်းတင်ပြခြင်း၊ အမှာစာများ ဖတ်ကြားတင်ပြခြင်းနှင့် ဥက္ကဌက အမှာစာများအပေါ် အဆုံးအဖြတ်ပေးခြင်း၊ ကော်မရှင်အဖွဲ့ဝင်များက ကဏ္ဍအလိုက် အသီးသီးဆွေးနွေးခြင်းနှင့် ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီး/ ပြည်နယ် စားသုံးသူရေးရာကော်မတီ ဥက္ကဌများက စားသုံးသူကာကွယ်ရေး လုပ်ငန်းဆောင်ရွက်ချက်များနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအမံများအား တင်ပြခဲ့ကြောင်း သိရပါသည်။

          ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးက နိဂုံးချုပ်စကားပြောကြားရာတွင် စားသုံးသူကာကွယ် ရေးလုပ်ငန်းများ လုပ်ဆောင်ရာ၌ ဌာနမှဝန်ထမ်းများက စွမ်းဆောင်မှုမြင့်မားစေရန် မိမိဌာန၏ ဥပဒေ၊ နည်းဥပဒေနှင့် ဆက်စပ်ဌာနများ၏ ဥပဒေများအား လေ့လာမှတ်သား၍ ထိရောက်စွာ အသိပညာပေး ရန်လိုအပ်ကြောင်း၊ အကြိမ်အရေအတွက်ထက် အရည်အသွေးပြည့်ဝစေရန် စဉ်ဆက်မပြတ်လေ့လာ ဆည်းပူးရန်လိုအပ်ကြောင်း၊ လုပ်ငန်းရှင်တွေ့ဆုံခြင်း၊ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း၊ နစ်နာမှုများ  ဖြေရှင်းပေးခြင်းများကို ဆောင်ရွက်နေရသော အမှုထမ်း၊ အရာထမ်းများက ဥပဒေပြဌာန်းချက်များနှင့် အညီ ဆွေးနွေးဆောင်ရွက်ရန်လိုအပ်ကြောင်း၊ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ၊ လုံခြုံမှုများပေးနိုင်ရေး အလေးထားဆောင်ရွက်ခြင်းဖြင့် စားသုံးသူများအား လုံခြုံမှုအပြည့်အဝပေးနိုင်ရေး ဆောင်ရွက်သွားကြရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

မြိတ်မြို့သို့ ဆန်များရေလမ်းခရီးဖြင့်‌ရောက်ရှိလာမှုအား ပူးပေါင်းအဖွဲ့ဖြင့်စစ်ဆေးခြင်း

          ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂ ရက်နေ့၊နေ့လယ် (၁၂း၃၀) နာရီခွဲအချိန်တွင်၊ မြိတ်ခရိုင်ဆန်ကုန်သည်နှင့် ဆန်လုပ်ငန်းရှင်များအသင်းမှ မြိတ်မြို့ရှိ စားသုံးသူပြည်သူများ ဆန်ပြတ်လတ်မှုများမရှိစေရေး၊ ဆန်စျေးနှုန်းများကြီးမြင့်မှုမရှိစေရေးနှင့် စျေးနှုန်းများတည်ငြိမ်စေရေးအတွက် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်နှင့် မော်လမြိုင်ကျွန်းမြို့နယ်တို့မှဝယ်ယူ၍ မြိတ်မြို့၊ ကျွဲကူးရပ်၊ OK ဆိပ်ခံတံတားနှင့် မြိတ်မြို့၊ ဆိပ်ငယ်ရေလယ်သို့ ဆိုက်ကပ်ရောက်ရှိလာသော MV Aung Tat Toe ရေယာဥ်ဖြင့် ဆန်တန်ချိန် (၅၀၀)၊ အိတ်ရေ(၁၀၀၀၀)၊ MV Soe Winner ရေယာဥ်ဖြင့် ဆန်တန်ချိန် (၄၅၀)၊ အိတ်ရေ(၉၀၀၀) စုစုပေါင်း ရေယာဥ်နှစ်စင်းမှ ဆန်တန်ချိန်(၉၅၀)၊ အိတ်ရေ(၁၉၀၀၀)အား စားသုံးသူရေးရာဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှဝန်ထမ်းများသည် သက်ဆိုင်ရာ မိတ်ဖက်ဌာနဆိုင်ရာများဖြစ်ကြသော မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ကုန်သွယ်ရေးဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနတို့မှ တာဝန်ရှိသူများဖြင့်ပူးပေါင်း၍ ဆန်အမျိုးအစားများ မှန်ကန်စွာပါရှိမှုများ ရှိ/မရှိနှင့် တရားမဝင်ကုန်စည်များပါရှိမှု ရှိ/မရှိ စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ