Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ကုန်အညွှန်းအမှတ်အသားအကြောင်း အသိပညာပေးဟောပြောခြင်း

           ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်၊ ရုံးတောကျေးရွာ၌ မြို့နယ်အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ ပြုလုပ်သော တန်ဖိုးမြှင့်စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာသင်တန်းဆင်းပွဲတွင် ကျေးလက်လမ်းဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့နှင့် (၃.၇.၂၀၂၆) ရက်နေ့ နံနက် (၁၀း၀၀) နာရီအချိန်က ကုန်ညွှန်းအမှတ်အသားနှင့် ပက်သက်၍ စားသုံးသူရေးရာဦးစီးဌာနက ပြောကြားခဲ့ကြောင်း သိရသည်။

        ပန်းတနော်မြို့နယ်တာဝန်ခံ ဦးအောင်ကျော်သက်မှ သင်တန်းသူ/ သင်တန်းသား (၄၀) ဦးအားဟောပြောရာ ကုန်အညွှန်းအမှတ်အသားဆိုသည်မှာ ကုန်စည် သို့မဟုတ် ကုန်စည်ထုတ်ပိုး မှုအပြင်အဆင်ပေါ်တွင် စာဖြင့်ရေးသား၍ဖြစ်စေ၊ ပုံနှိပ်၍ဖြစ်စေ၊ ရုပ်ပုံဖြင့်ဖြစ်စေ၊ အခြားနည်းတစ်ရပ်ရပ်ဖြင့်ဖြစ်စေ ဖော်ပြထားသည့်ကုန်စည်နှင့် သက်ဆိုင်သည့် အချက်အလက် (သို့မဟုတ်) အမှတ်အသားကို ဆိုလိုကြောင်း၊ ကုန်အညွှန်းအမှတ်အသားဆိုသည်မှာ စားသုံးသူများ ကုန်ပစ္စည်းကိုကြည့်ရုံဖြင့် အလွယ်တကူသိရှိနားလည်နိုင်ရန် စားသုံးသူရေးရာဦးစီးဌာနမှ ဥပဒေပြဌာန်း၍ ကာကွယ်ပေးထားခြင်းဖြစ်ကြောင်း၊ ထုတ်ကုန်များကို ဥပဒေများဖြင့် သတ်မှတ်ထားသော ကုန်ပစ္စည်းအပေါ် (သို့မဟုတ်) ထုတ်ပိုးမှုအပြင်အဆင်ပေါ်တွင် ဖော်ပြထားသည့် အချက်အလက် (သို့မဟုတ်) အမှတ်အသားဖြင့်ဖော်ပြရန် သတ်မှတ်ထားခြင်းဖြစ်ကြောင်း၊ ၂၀၂၀ပြည်နှစ် မတ်လ ၁၆ရက်နေမှ ကုန်အညွှန်းအမှတ်အသား ပြဌာန်းချက်များ စတင်အာဏာတည်ကြောင်းကိုလည်းကောင်း၊ ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်း ပုဒ်မ ၄၁ ၅အရ စီးပွားရေးလုပ်ငန်းရှင်သည် ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့် အညီ (၈)ချက်ကို ဖော်ပြရမည်ဖြစ်ကြောင်း အကျယ်တဝင့်ရှင်းလင်းခြင်း၊ ကုန်အညွှန်အမှတ်အသား ဖော်ပြချက်နှင့် ကိုက်ညီမှု ရှိ/မရှိကို စစ်ဆေးရေးအရာရှိမှ စစ်ဆေးဆောင်ရွက် စောင့်ကြည့်ရန်လိုအပ်ကြောင်း၊ ညွှန်ကြားချက်များထုတ်ပြန်ထားပြီး (၂/၂၀၁၉)၊ (၁/၂၀၂၀) (၁/၂၀၂၁) တို့၏ သတ်မှတ်ချက်များကို ရှင်းလင်းခြင်း၊ လုပ်ငန်းရှင်များမှ မိမိထုတ်ကုန်များအပေါ် တားမြစ်ချက် ပုဒ်မ ၆၇၊ ၆၈ရောင်းချခြင်းမပြုရန်ကိုလည်းကောင်း၊ လိုက်နာခြင်းမရှိ ဖောက်ဖျက်ကျူးလွန်ပါက ထောင်ဒဏ်နှစ်နှစ်ထက်မပိုသော၊ ငွေကျပ် သိန်း ၂၀၀ထက်မပိုသော ဒဏ်နှစ်ရပ်လုံးကိုလည်းကောင်း ချမှတ်နိုင်ပြီး ပုဒ်မ ၇၉အရ ရဲအရေးပိုင်ခွင့်ရှိသော ပြစ်မှုဖြစ်ကြောင်းသတ်မှတ်ထားရှိကြောင်းကို ရှင်းလင်းပြီး သင်တန်းသားများက သိလိုသည်များမေးမြန်းမှုကို တာဝန်ရှိသူက ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ကိုယ်ဝန်ဆောင်မိခင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်း

       ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ် မြို့နယ်လူမှုဝန်ထမ်းရုံးတွင် မြို့နယ်လူမှုဝန်ထမ်း၊ မြို့နယ်မိခင်နှင့်ခလေး၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ တို့ပူးပေါင်းပြီး မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ပါဝင်၍ (၃.၇.၂၀၂၆)ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် ကိုယ်ဝန်ဆောင်မိခင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။

        အသိပညာပေးဟောပြောရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ ညောင်တုန်းမြို့နယ်တာဝန်ခံ ဒေါ်ချိုမီဇင်မှ ကိုယ်ဝန်ဆောင်မိခင်များကို စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြော ပြုလုပ်ရာတွင် "ဝန်ဆောင်မှုကဏ္ဍ (Services)" အကြောင်း ကိုယ်ဝန်ဆောင်မိခင်များ သိရှိနိုင်စေရန် ဝန်ဆောင်မှုကဏ္ဍဆိုသည်မှာ ဝန်ဆောင်မှု ဆိုသည်မှာ လုပ်ငန်း (သို့မဟုတ်) လုပ်ဆောင်မှုအသွင်ဖြင့် စားသုံးသူ၏ လိုအပ်ချက်ကို တန်ဖိုးဖြင့်ဖြစ်စေ၊ တန်ဖိုးမပါဘဲဖြစ်စေ ဖြည့်ဆည်းပေးသည့် ဆောင်ရွက်မှုကို ဆိုလိုကြောင်း၊ ဆေးရုံ၊ ဆေးခန်း ဝန်ဆောင်မှုဓာတ်ခွဲခန်း စစ်ဆေးမှု ဆေးဆိုင်ဝန်ဆောင်မှု၊ ဘဏ်ဝန်ဆောင်မှု၊ သယ်ယူပို့ဆောင်ရေးဝန်ဆောင်မှု၊ ဆက်သွယ်ရေးဝန်ဆောင်မှု၊ ကိုယ်ဝန်ဆောင်မိခင်များ သိထားသင့်သောအချက်များ၊ ဝန်ဆောင်မှုမရယူမီ ဝန်ဆောင်ခနှုန်းထားကို ကြိုတင်မေးမြန်းရန်လိုအပ်ကြောင်း၊ လိုင်စင်ရဆေးရုံ၊ ဆေးခန်း၊ ဆေးဆိုင်ကိုသာ ရွေးချယ်ရန်ကိုလည်းကောင်း၊ ဝန်ဆောင်မှုအသေးစိတ်ကို နားလည်အောင်မေးမြန်းနိုင်ရန်၊ ဝန်ဆောင်မှုရယူနေစဉ် ဆရာဝန်၏ ရှင်းလင်းချက်ကို သေချာနားထောင်ပါ။ မရှင်းလင်းသည့်အချက်များကို မေးမြန်းခွင့်ရှိပါသည်။ ငွေပေးချေမှုအတွက် ပြေစာ (Receipt) ကို တောင်းယူပါ။ ဝန်ဆောင်မှုရယူပြီးနောက် ဆေးမှတ်တမ်း၊ စစ်ဆေးမှုရလဒ်များကို သိမ်းဆည်းထားပါ။ သတ်မှတ်ထားသည့် နောက်ဆက်တွဲပြသချိန်ကို လိုက်နာရန်ကိုလည်းကောင်း၊ စားသုံးသူ၏အခွင့်အရေး ဘေးကင်းလုံခြုံသော ဝန်ဆောင်မှုရရှိခွင့် မှန်ကန်ပြည့်စုံသော သတင်းအချက်အလက်သိရှိခွင့် လွတ်လပ်စွာရွေးချယ်ခွင့် နစ်နာမှုဖြစ်ပါက တိုင်ကြားခွင့်နှင့် နစ်နာကြေးတောင်းခံခွင့် စားသုံးသူ၏ တာဝန် ဝန်ဆောင်မှုမရယူမီ သတင်းအချက် အလက်ကို စစ်ဆေးရန် ညွှန်ကြားချက်များကို လိုက်နာရန် ပြေစာနှင့် မှတ်တမ်းများကို သိမ်းဆည်းထားရန် မမှန်ကန်သော ဝန်ဆောင်မှုများကို သက်ဆိုင်ရာဌာနသို့ တိုင်ကြားရန်ကိုလည်းကောင်း၊ ကိုယ်ဝန်ဆောင်မိခင်နှင့် မွေးဖွားလာမည့် ကလေး၏ ကျန်းမာရေးကို ကာကွယ်ရန်အတွက် ဘေးကင်းပြီး အရည်အသွေးပြည့်မီသော ဝန်ဆောင်မှုများကို ရွေးချယ်အသုံးပြုခြင်းသည် စားသုံးသူတစ်ဦး၏ အခွင့်အရေး တစ်ခုဖြစ်ကြောင်းကို ကိုယ်ဝန်ဆောင်မိခင်များ သိရှိနိုင်စေရန် ရှင်းလင်းဟောပြော ဆွေးနွေးပေးခဲ့ပြီး ကိုယ်ဝန်ဆောင်မိခင် နှင့် အဖွဲ့အစည်းတာဝန်ရှိသူ ၃၀ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

မအူပင်မြို့နယ် စာရေးကုန် အ.မ.က စာသင်ကျောင်းမုန့်ဈေးတန်းအား ကွင်းဆင်းစစ်ဆေးခြင်း

        ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်မြို့နယ်တာဝန်ခံရုံးသည် ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၃ရက်၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် မြို့နယ်တာဝန်ခံ ဦးအောင်ဇော်ဦး (မအူပင်ခရိုင်) ဒုခရိုင်ဦးစီးမှူးသည် ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမတို့ဖြင့်ပူးပေါင်း၍ စာရေးကုန်း အ.မ.က ကျောင်းမုန့်ဈေးတန်းရှိ မုန့်ဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။

        ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာနက ဦးဆောင်၍  စာရေးကုန်း ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများပူးပေါင်း၍ ကျောင်းမုန့်ဈေးတန်းတွင် ရောင်းချလျက်ရှိသည့် မုန့်မျိုးစုံတွင် ကုန်အညွှန်းအမှတ်အသားများကို(၂/၂၀၁၉)နှင့်အညီ မြန်မာဘာသာဖြင့်ဖော်ပြထားခြင်းရှိ/မရှိ စစ်ဆေးခဲ့ကြောင်း၊ ရောင်းချသော မုန့်ဆိုင်လုပ်ငန်းရှင်များအနေဖြင့် စားသောက်ကုန်များရောင်းချရာ၌ FDA မှ ထောက်ခံချက်ရရှိသော စားသောက်ကုန်များနှင့် စားသုံးသူရေးရာဦးစီးဌာနမှ ဥပဒေနှင့် အညီ ပြဌာန်းသတ်မှတ်ထားသော ကုန်အညွှန်းအမှတ် အသားပြည့်စုံစွာ ဖော်ပြထားသည့် စားသောက်ကုန်များကိုသာ ရောင်းချကြရန်နှင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားခြင်းမရှိသော စားသောက် ကုန်များကိုမရောင်းချရန် စစ်ဆေးပြောကြားခဲ့ကြောင်း စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များပါအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

မအူပင်ခရိုင်အတွင်းရှိ စားသောက်ဆိုင် ဝန်ဆောင်မှုလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး

       စားသုံးသူရေးရာဦးစီးဌာန၊  မအူပင်ခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိနှင့် ဝန်ထမ်းများသည် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေး ဦးစီးဌာနတို့ပူးပေါင်း၍ မအူပင်မြို့နယ်ါအတွင်းရှိ စားသောက်ဆိုင်များသို့ (၂.၇.၂၀၂၆) ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန် တွင် ဝန်ဆောင်မှုကဏ္ဍ ၃ရပ်နှင့်စပ်လျဉ်း၍ စစ်ဆေးရမည့် အစားအသောက်ရောင်းချသည့် ဝန်ဆောင်မှုများနှင့် ပတ်သက်၍ စားသောက်ဆိုင်များသို့ အဖွဲ့စုံဖြင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

       ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် စစ်ဆေးရေးလုပ်ငန်းများသည် သုံးစွဲသူများအတွက် ဘေးကင်းလုံခြုံသော အစားအသောက်ဝန်ဆောင်မှု ရရှိစေရန် ရည်ရွယ်၍ စစ်ဆေးခြင်းဖြစ်ပြီး ဆိုင်များတွင် သတ်မှတ်ထားသော လုပ်ငန်းလမ်းညွှန်ချက်များ၊ စားသုံးသူအခွင့်အရေးနှင့် စားသောက်ဆိုင်ဝန်ဆောင်မှု သတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိ/ မရှိ စစ်ဆေးခြင်း၊ အစားအသောက်ချက်ပြုတ်ရာအခန့်များ သန့်ရှင်းသပ်ရပ်စွာ ကိုင်တွယ်ထားရှိမှုရှိ/ မရှိ၊ စားဖိုဆောင် စွန်ပစ်အမှိုက်ပုံးများခွဲခြားဆောင်ရွက်ထားခြင်းရှိမရှိ၊ စားသုံးသူများ ဈေးနှုန်းကို ကြိုတင်အသိပေး ကြေငြာထားမှုရှိ/ မရှိကို စစ်ဆေးခြင်း၊ စားသုံးသူများအတွက် အခွန်အခပါအဝင် ကြိုတင်သတင်းအချက်အလက် ကြေငြာဆောင်ရွက်ထားရှိမှုရှိ/ မရှိကို စစ်ဆေးခြင်း၊ အစားအသောက်ကိုင်တွယ်ချက်ပြုတ်သူများ၌ သင့်လျော်သော ဝတ်စုံ၊ ဦးထုပ်၊ လက်အိတ် ဝတ်ဆင်ထားခြင်းရှိ/ မရှိ၊ အစားအသောက်ပြင်ဆင်သည့်နေရာနှင့် ချက်ပြုတ်သည့်နေရာများတွင် သန့်ရှင်းမှုရှိ/ မရှိ၊ ဝန်ဆောင်မှုပေးသူ၏ တစ်ကိုယ်ရည်သန့်ရှင်းမှု ရှိ/ မရှိ၊ အစားအသောက်များ လတ်ဆတ်သန့်ရှင်းမှုရှိ/မရှိ၊ ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ စားသုံးသူများအား သတင်းအချက်အလက် ကြိုတင်အသိပေးဖော်ပြထားခြင်းရှိ/ မရှိ၊ စားသုံးသူများစားသုံးရန်(သို့) အသုံးပြုရန်သင့်/ မသင့်စစ်ဆေးခြင်းကို အဖွဲ့စုံဖြင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

လွိုင်ကော်မြို့ပေါ်ရှိ ဓာတ်သတ္တု(ရွှေ)အရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်း

    ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၇)ရက်နေ့၊ နံနက်(၉:၃၀)နာရီအချိန်တွင် ဓာတ်သတ္တု(ရွှေ)အရောင်း ဆိုင်များသို့ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကဦးဆောင်၍ ဓာတ်သတ္တု(ရွှေ)ရောင်းဝယ် ခြင်း ဝန်ဆောင်မှုလုပ်ငန်း၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်စာ ရင်းစစ်ချုပ်ရုံး၊ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲ တပ်ဖွဲ့၊ ပြည်နယ်သတ္တုတွင်းဦးစီးဌာန၊ အမှတ်(၂)သတ္တုတွင်းလုပ်ငန်း၊ ရွှေလုပ်ငန်းရှင်များအသင်း တို့ပါဝင်သည့် စစ်ဆေးရေးအဖွဲ့ဖြင့်ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

   အဆိုပါစိစစ်ရေးအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ဓာတ်သတ္တု(ရွှေ) ရောင်းဝယ် ခြင်းဝန်ဆောင်မှုလုပ်ငန်းလိုင်စင် လျောက်ထားရယူမှု ရှိ/မရှိ ၊ စည်ပင်သာယာရေးအဖွဲ့၏ လုပ်ငန်း လိုင်စင်ရယူထားခြင်း ရှိ/မရှိ၊ ပြည်ထောင်စုအစိုးရက ဖွဲ့စည်းပေးထားသော ဓာတ်သတ္တု(ရွှေ) ရည်ညွှန်းဈေး သတ်မှတ်ရေးကော်မတီက သတ်မှတ်ထုတ်ပြန်ပေးထားသည့် ရည်ညွှန်းဈေးဖြင့် ရောင်းဝယ်မှု ရှိ/မရှိ၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချပါက အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်း မှတ်ပုံတင်လက်မှတ်လျောက်ထားရယူခြင်း ရှိ/မရှိ၊ ရွှေနှင့် ရွှေကြမ်းဖြင့် ပြုလုပ်သော အနုပညာ အသုံးအဆောင်ပစ္စည်းများ၊ ဈေးကွက်မတည်မငြိမ်ဖြစ်စေရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်း၊ ရောင်းဝယ်ခြင်း ရှိ/မရှိနှင့် ပတ်သက်၍ကွင်းဆင်း စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ကယား)

စားအုန်းဆီရောက်ရှိမှု ဖွင့်ဖောက်စစ်ဆေး

     ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၆)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်တွင် ကယားပြည်နယ်အတွက် ဇူလိုင်လ စားအုန်းဆီခွဲတမ်းရရှိမှုအပေါ် ပထမအကြိမ်စားအုန်းဆီတန်(၅၀)ရောက်ရှိမှုအား နောင် ယား(ခ)ရပ်ကွက်ရှိ ရွှေကယားသောက်ရေသန့် စက်ရုံဝန်းတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် စားသုံးသူရေးရာဦးစီးဌာနတို့ပါဝင်သည့် စားအုန်းဆီရောက်ရှိဖွင့်ဖောက်စစ်ဆေးခြင်းနှင့် ဖြန့်ဖြူး ခြင်းလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ဖြင့် ဖွင့်ဖောက်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

     ထိုသို့ပူးပေါင်းအဖွဲ့ဖြင့် ဖွင့်ဖောက်စစ်ဆေးရာတွင်ရန်ကုန်မြို့မှ စတင်ထုတ်ယူသယ်ဆောင် လာသည့် စားအုန်းဆီပမာဏ(ပေပါ ၊ ပိဿာ)အရေအတွက်အတိုင်း ကယားပြည်နယ်၊ လွိုင်ကော်မြို့ သို့ အမှန်တကယ် ရောက်ရှိမှု ရှိ/မရှိ ၊ စားအုန်းဆီများထုတ်ယူရာတွင် ပေပါပေါ်၌ ကုမ္ပဏီအလိုက် စည်းပိတ်ထားသည့် အဖုံးများပျက်စီးမှု ရှိ/မရှိနှင့် ပတ်သက်၍ စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရှိ ရပါသည်။

DOCA(ကယား)

ဘားအံမြို့ရှိ အ.မ.က  (၁၅) ကျောင်းတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

   စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ဒု-ဦးစီးမှူး ဦးအောင်ထွန်းမြ နှင့် ဝန်ထမ်း များသည် ၇-၇-၂၀၂၆ ရက်၊ အင်္ဂါနေ့ နံနက် ၁၀:၀၀ နာရီအချိန်တွင် ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ အ.မ.က  (၁၅)၊ အခြေခံပညာမူလတန်းကျောင်းရှိ (ကျောင်းသား၊ ကျောင်းသူ) များအား စားသုံးသူကာကွယ်‌ရေးဆိုင်ရာ သိကောင်းစရာအကြောင်းကို အသိပညာပေးဟောပြောခဲ့ကြောင်း သိရှိရသည်။

    အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ဒု-ဦးစီးမှူး ဦးအောင်ထွန်းမြ က  စားသုံးသူကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများအကြောင်းနှင့် ထုတ်ကုန် လုံခြုံစိတ်ချရမှုရှိသော အစားအသောက်နှင့်ကုန်စည်များကို စနစ်တကျရွှေးချယ်ဝယ်ယူ စားသောက် သုံးစွဲတတ်စေရန်အတွက် ကုန်ညွှန်းအမှတ်အသားအကြောင်းကို ကျောင်းသား၊ ကျောင်းသူများကို ရှင်းလင်းပြောကြားခဲ့ကာ ဆရာ၊ ဆရာမ (၁၄) ဦး၊  ကျောင်းသား၊ ကျောင်းသူများ (၆၀)ဦး စုစုပေါင်း ဦးရေ(၇၄) တက်ရောက်ပြီး  လက်ကမ်းစာစောင်များလည်း ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။

DOCA(ကရင်)

ဘားအံမြို့ရှိ အ.မ.က (၁၅) ကျောင်းတွင် ကျောင်းမုန့်ဈေးတန်းများသို့ အဖွဲ့စုံဖြင့် ကွင်းဆင်းစစ်ဆေး

     စားသုံးသူရေးရာဦးစီးဌာန ၊  ကျန်းမာရေးဦးစီးဌာန၊ ကျောင်းကျန်းမာရေးအဖွဲ့ တို့နှင့်ပူးပေါင်း၍ (၇-၇-၂၀၂၆) ရက် ၊ နံနက်(၀၈:၃၀) နာရီအချိန် တွင် ဘားအံမြို့ရှိ  အ.မ.က (၁၅)၊ အခြေခံပညာ မူလတန်းလွန် ကျောင်း၌ ကျောင်းမုန့်ဈေးတန်း (၂)ဆိုင်တွင် ရောင်းချနေသော စားသောက်ကုန်များကို ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင် ညွှန်ကြားချက် အမှတ်၊ ၂/၂၀၁၉ နှင့်အညီ ကိုက်ညီမှု ရှိ / မရှိ ‌ဈေးကွက် စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။

     ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ကရင်ပြည်နယ်စားသုံးသူရေးရာကော်မတီက  သတ်မှတ်ထားသော ဦးစားပေးဆောင်ရွက်မည့်  ကုန်စည် (၁၀) မျိုးထဲမှ အသင့်စား မုန့်အမျိုးမျိုးတို့ကို ကုန်အညွှန်းအမှတ်အသား ပြည်စုံစွာဖော်ပြထားမှု ရှိ/ မရှိ စစ်ဆေး ဆောင်ရွက်ခဲ့သည့်အပြင်  စစ်ဆေးရေးအရာရှိ ဒေါ်စုနွေးသီရိမောင်က ကျောင်းမုန့်ဈေးတန်းတွင် စားသောက်ကုန်များရောင်းချ ရာ၌ FDA မှ ထောက်ခံချက်ရရှိသော စားသောက်ကုန်များနှင့် စားသုံးသူရေးရာဦးစီးဌာနမှ ဥပဒေနှင့် အညီ ပြဌာန်းသတ်မှတ်ထားသော ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားသည့် စားသောက် ကုန်များကိုသာ ရောင်းချကြရန်နှင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားခြင်းမရှိသော စားသောက်ကုန်များကို မရောင်းချရန် စစ်ဆေးပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

DOCA(ကရင်)

ရွှေဘိုမြို့တွင် Consumer Call Center ၁၅၃၅ သို့ ဆက်သွယ်ဆောင်ရွက်

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူး ရုံးအနေဖြင့် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲများ၊  စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံပြီး ဥပဒေ၊ အမိန့်နှင့် ညွှန်ကြားချက်များအား ရှင်းလင်းဆွေးနွေးခြင်းများ ဆောင်ရွက်လျက် ရှိသည့်အပြင် စားသုံးသူပြည်သူများအနေဖြင့် စားသုံးသူရေးရာဦးစီးဌာနနှင့်ပတ်သက်သော သတင်းအချက်အလက်များကို အလွယ်တကူ မေးမြန်းစုံစမ်းနိုင်ရန်၊ ကုန်စည်နှင့်ဝန်ဆောင်မှုများ ဝယ်ယူသုံးစွဲရာတွင် နစ်နာဆုံးရှုံးမှုကြုံရပါက ဌာနသို့အလွယ်တကူ ဆက်သွယ်တိုင်ကြားနိုင်ရန်နှင့် စီးပွားရေးလုပ်ငန်းရှင် များအနေဖြင့် ၎င်းတို့၏ကုန်စည်နှင့် ဝန်ဆောင်မှုများ ထုတ်လုပ်ဖြန့်ဖြူး ရောင်းချရာတွင် လိုက်နာ ဆောင်ရွက်ရမည့် သတင်းအချက်အလက်များကို ဌာနသို့အလွယ်တကူ ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ရန် ရည်ရွယ်၍ ၂၀၂၁ခုနှစ်၊ ဇွန်လမှစတင်၍ Consumer Call Center Hotline နံပါတ်(၁၅၃၅)ကို  နေပြည်တော်ရုံးချုပ်တွင်လိုင်းခွဲ(၁)၊ ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံးတွင် လိုင်းခွဲ(၂)နှင့် မန္တလေးတိုင်း ဒေသကြီးဦးစီးမှူးရုံးတွင် လိုင်းခွဲ(၃)တို့ကိုဖွင့်လှစ်ထားပြီ ရုံးဖွင့်ရက်ရုံးချိန် အတွင်း ဖုန်းခေါ်ဆိုမေးမြန်းနိုင် ကြောင်း အသိပညာပေးခြင်းများကိုလည်း ဆောင်ရွက်လျက်ရှိရာ (၂၉-၆ -၂၀၂၆)ရက်နေ့ နံနက်(၁၁း၀၀) နာရီအချိန်တွင် ရွှေဘိုမြို့၊ အမှတ်(၁၀)ရပ်ကွက်၊ စက်မှုဇုန်၊ ဇော်ဂျီအမှတ်တံဆိပ်ပေါင်မုန့်၊ ကိန်မုန့်မျိုးစုံထုတ်လုပ်ဖြန့်ဖြူး ရောင်းချလျက်ရှိသည့်လုပ်ငန်းမှ  Consumer Call Center (၁၅၃၅) လိုင်းခွဲ(၃) မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးသို့  အသင့်စားမုန့် အမျိုးမျိုးတွင်ဖော်ပြရမည့် ကုန်အညွှန်း အမှတ်အသားများအကြောင်းကို ဆက်သွယ်မေးမြန်းရာ တာဝန်ရှိသူဝန်ထမ်းမှ သိရှိလိုသည်များကို ရှင်းလင်းဖြေကြားပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

ကျောက်ပန်းတောင်းမြို့ရှိ အစားအသောက်ဆိုင်များအား ကွင်းဆင်းစစ်ဆေး

          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျောက်ပန်း တောင်းမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်မီးသတ် ဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ၂၇-၆-၂၀၂၆ ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် ကျောက်ပန်းတောင်းမြို့ရှိ စားသောက်ဆိုင်များသို့ကွင်းဆင်း၍ အစားအသောက်ရောင်း ချမှုများ၊ ဝန်ဆောင်မှုပေးခြင်းများနှင့်ပတ်သက်၍ သိရှိလိုက်နာဆောင်ရွက်ရမည့် အချက်များကို ကွင်းဆင်းစစ်ဆေး အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။                                                                                  

          စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒေါ်မြသန္တာထွန်း(ဒု-ဦးစီးမှူး)နှင့်အဖွဲ့သည် စားသောက်ဆိုင်များတွင် အစားအသောက်ထုတ်လုပ်ရောင်းချရာ၌ စားပွဲ၊ထိုင်ခုံများသန့်ရှင်းမှု ရှိစေရေး၊ အစားအသောက်ချက်ပြုတ်ရာတွင် အသုံးပြုသည့် အသုံးအဆောင်ပစ္စည်းများနှင့် ပါဝင်ပစ္စည်းများ သန့်ရှင်းမှုရှိစေရေး၊ အမှိုက်များနှင့်ရေဆိုးများအား စနစ်တကျစွန့်ပစ်စေရေး၊ ဆိုင်ဝန်ထမ်းများ၏ ကျန်းမာရေးဆေးစစ်မှုမှတ်တမ်းများ၊ ခေါင်းစွပ်များစွပ်ရန်၊ ဝန်ထမ်းများ၏ တစ်ကိုယ်ရည်သန့်ရှင်းမှု များအား အလေးထားဆောင်ရွက်စေနိုင်ရေး၊ သန့်ရှင်းလတ်ဆတ်သည့် အစားအသောက်များကိုသာ ရောင်းချစေရေး၊ စားသောက်ဖွယ်စာရင်းများတွင် ရောင်းချသည့်ဈေးနှုန်းများကို စားသုံးသူများ ကြိုတင်ဖတ်ရှုနိုင်စေရေးအတွက် ရေးသားဖော်ပြပေးရန်၊ အခန်းခ/ဝန်ဆောင်ခများ တောင်းခံပါက စားသုံးသူများ ကြိုတင်သိရှိနိုင်စေရန် မြင်သာအောင်ရေးသားဖော်ပြထားရှိခြင်းများရှိ/မရှိနှင့် မီးဘေး အန္တရာယ်အတွက် ကြိုတင်ပြင်ဆင်ထားရှိမှုတို့ကို စစ်ဆေးခဲ့ပြီး စားသုံးသူကာကွယ်ရေးဉပဒေပါ စီးပွားရေးလုပ်ငန်း၏ တာဝန်များ၊ ပြစ်မှုပြစ်ဒဏ်များအား အသိပေးပြောကြားခဲ့ကြောင်းသိရသည်။

DOCA(မန္တလေး)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ