Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

 “ ဒလမြို့နယ်ကမာကဆစ်ဈေး၌ ရောင်းချလျက်ရှိသော စားသုံးဆီဘူးအမျိုးမျိုးအား ကွင်းဆင်းစစ်ဆေးခြင်း ”

     စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၏ ညွှန်ကြားချက်နှင့် အညီ ဇူလိုင်လ(၇)ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်၊ ကမာကဆစ်ဈေးအတွင်းရှိ ကုန်စုံဆိုင်များ၌ ရောင်းချလျက်ရှိသည့် စားသုံးဆီဘူးဆီ အမျိုးမျိုးတို့အား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

       ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ယာယီဈေးတာဝန်ခံ ဦးဇော်မင်းထွန်းနှင့် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးအာကာမင်းနှင့် ဝန်ထမ်းများသည် ဒလမြို့နယ် ကမာကဆစ်ဈေးအတွင်း/အပြင်ရှိ ကုန်စုံဆိုင်များတွင် ရောင်းချနေသော စားအုန်းဆီဘူးဆီအမျိုးမျိုးတို့တွင် စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ကုန်စည်များပေါ်တွင် ကုန်အညွှန်းအမှတ်အသားများအား မြန်မာဘာသာဖြင့်လည်းကောင်း၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့)တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ မဖြစ်မနေဖော်ပြရမည့်အချက်အလက်များ ပါဝင်မှုရှိ/ မရှိနှင့် အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးဦးစီးဌာန၏ ထောက်ခံချက်ပါဝင်မှုရှိ/ မရှိတို့အား ဈေးကွက်စောင့်ကြည့် အသိပညာပေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ကန့်ဘလူမြို့ပေါ်ရပ်ကွက်ရှိ ကုန်စုံဆိုင်များအား အဖွဲ့စုံဖြင့် ဈေးကွက်စောင့်ကြည့်စစ်ဆေး

          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူခရိုင် ဦးစီးမှူးရုံးသည် တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှု၊ ခရိုင်ဦးစီးမှူး၏ကြီးကြပ်မှုတို့ဖြင့် စားသုံးသူ ကာကွယ်ရေးအသိပညာပေးဟောပြောပွဲများ၊ လုပ်ငန်းရှင်တွေ့ဆုံခြင်းနှင့် ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများဆောင်ရွက်လျက်ရှိရာ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၆ ရက် နံနက် ၀၉:၃၀ နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံဦးမျိုးဝင်းသန်းနှင့် ဒေါ်အိမွန်ကျော် (အကြီး တန်းစာရေး)တို့သည့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် အမှတ်(၃)ရပ်ကွက်အုပ်ချုပ်ရေးမှူး စသည့် တာဝန်ရှိသူများနှင့် ပူးပေါင်း၍ ကန့်ဘလူမြို့ အမှတ်(၃)ရပ်ကွက်ရှိ “ပြည့်စုံ”စတိုးဆိုင်တွင် ရောင်းချလျက်ရှိသော အလှကုန်ပစ္စည်းအမျိုးမျိုးအား (၂/၂၀၁၉)နှင့် အညီ ကုန်အညွှန်းအမှတ်အသားဖော်ပြထားခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။

       ထိုသို့စစ်ဆေးရာတွင် အလှကုန်ပစ္စည်းအမျိုးမျိုး (၁၀)ဂရမ်နှင့်အောက်၊ (၁၀)ဂရမ်နှင့်အထက် ပစ္စည်းအမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်းရှိ/မရှိ စစ်ဆေးခဲ့ကြောင်း၊ သက်ဆိုင်ရာဌာန၏ ထောက်ခံချက်ရှိ/မရှိနှင့် သက်တမ်းလွန်ခြင်း ရှိ/မရှိစစ်ဆေးခဲ့ကြပြီး လုပ်ငန်းရှင် များအနေဖြင့် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)နှင့် ကိုက်ညီမှုမရှိသော ကုန်ပစ္စည်းများကို ရောင်းချခြင်းမပြုရန် အသိပညာပေးပြောကြားခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

“ တွံတေးမြို့နယ် စည်ပင်သာယာဈေး၌ ရောင်းချလျက်ရှိသော စားသုံးဆီဘူးအမျိုးမျိုးအား ကွင်းဆင်းစစ်ဆေးခြင်း ”

     စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၏ ညွှန်ကြားချက်နှင့် အညီ ဇူလိုင်လ(၆)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်၊ စည်ပင်သာယာမြို့မဈေးအတွင်းရှိ ကုန်စုံဆိုင်များ၌ ရောင်းချလျက်ရှိသည့် စားသုံးဆီဘူးဆီအမျိုး မျိုးတို့အား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

       ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ယာယီဈေးတာဝန်ခံ ဦးကောင်းထက်ကိုကိုနှင့် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးအာကာမင်းနှင့် ဝန်ထမ်းများသည် တွံတေးမြို့မဈေးအတွင်း/ အပြင်ရှိ ကုန်စုံဆိုင်များတွင် ရောင်းချနေသော စားအုန်းဆီ ဘူးဆီအမျိုးမျိုးတို့တွင် စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ကုန်စည်များပေါ်တွင် ကုန်အညွှန်းအမှတ်အသားများအား မြန်မာဘာသာဖြင့်လည်းကောင်း၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု(သို့)တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ မဖြစ်မနေဖော်ပြရမည့် အချက်အလက်များ ပါဝင်မှုရှိ/ မရှိနှင့် အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးဦးစီးဌာန၏ ထောက်ခံချက်ပါဝင်မှုရှိ/ မရှိတို့အား ဈေးကွက်စောင့်ကြည့် အသိပညာပေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

စိန်တောင်အမှတ်တံဆိပ်ထုတ်ကုန်များကုန်အညွှန်း အမှတ်အသားပြည့်စုံမှုရှိစေရေးကွင်းဆင်းဆောင်ရွက်ခြင်း

      စားသုံးသူရေးရာဦးစီးဌာန၊ မြင်းခြံခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးဦးသန်းစိုးဦးဆောင်၍  စစ်ဆေးရေးအရာရှိများက ၂၀၂၆ ခုနှစ်၊ ဇွန်လ(၂၃) ရက်၊  နေ့လယ် ( ၁၄:၀၀ )နာရီ အချိန်တွင် မြင်းခြံမြို့၊ အမှတ်(၁၇)ရပ်ကွက်ရှိ စိန်တောင်အမှတ်တံဆိပ်ပါ  ထုတ်ကုန်များအား ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်များနှင့် ကိုက်ညီမှု ရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

         ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ခရိုင်ဦးစီးမှူးဦးသန်းစိုးက စိန်တောင်ကိတ်မုန့်၊ပေါင်မုန့်   ထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းရှင်အား ထုတ်ကုန်များတွင် ကုန်အညွှန်းအမှတ် အသား ပြည့်စုံစွာပါရှိစေရေး၊ စားသုံးသူပြည်သူများ ကုန်အညွှန်းအမှတ် အသားပြည့်စုံသော ကုန်စည်များကို စိတ်ချစွာဝယ်ယူစားသုံးကြစေရန်၊ စားသုံးသူများ ဘေးအန္တရာယ် ကင်းရှင်းစေရန်၊ အရည်အသွေးကောင်းပြီး အာမခံချက်ပေးနိုင်သည့် ကုန်စည်နှင့် ဝန်ဆောင်မှုများအား ရွေးချယ် သုံးစွဲနိုင်ရန်၊ တိကျမှန်ကန်ရှင်းလင်းသော သတင်းအချက်အလက်များ သိရှိစေရန်နှင့် စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် ကုန်စည်များကို ထုတ်လုပ်ဖြန့်ဖြူးရောင်းချလျှင် ကုန်အညွှန်းအမှတ် အသားများအား မြန်မာဘာသာဖြင့်ဖော်ပြသော ကုန်စည်များကိုသာ ရောင်းချရန်၊ စားသုံးသူကာကွယ်ရေးဥပဒေအား သိရှိလိုက်နာဆောင်ရွက်ရန် အသိပညာပေးခြင်း၊ ကုန်စည်အမျိုးအစား အလိုက် သတ်မှတ်ချက်များနှင့်အညီ ပြည့်စုံစွာဖော်ပြရန်  မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ပြီး  ကုန်အညွှန်းအမှတ်အသား ဖော်ပြရန်လိုအပ်သည့် ထုတ်ကုန်များအား ပညာပေးကာလ (၁)လ သတ်မှတ်၍ ပြင်ဆင်စေပြီး ပြန်လည်စစ်‌ဆေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

DOCA(မန္တလေး)

မန္တလေးတိုင်းဒေသကြီးစားသုံးသူရေးရာကော်မတီ၏(၆/၂၀၂၆) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်

        စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနသည် ၂၀၁၉ ခုနှစ်၊ မတ်လ(၁၅)ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ်(၉)ဖြင့် အတည်ပြုပြဌာန်း ခဲ့သည့်စားသုံးသူကာကွယ်ရေးဥပဒေအရကုန်စည်သို့မဟုတ်ဝန်ဆောင်မှုနှင့်စပ်လျဉ်း ၍စားသုံးသူ နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်တိုင်ကြားလာပါကဥပဒေနှင့်အညီ ညှိနှိုင်းဖြေရှင်းအရေးယူဆောင်ရွက် လျက်ရှိပါသည်။

          စားသုံးသူရေးရာဦးစီးဌာန၊မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးအစည်းအဝေးခန်းမတွင်(၂၆-၆-၂၀၂၆)ရက်နေ့  နေ့လယ်(၁၄:၀၀)နာရီအချိန်၌ မန္တလေးတိုင်းဒေသကြီးစားသုံးသူရေးရာကော်မတီ၊ဒုတိယဥက္ကဌ၊အတွင်းရေးမှူး(ကိုယ်စား)နှင့်အဖွဲ့ဝင်စုစုပေါင်း(၈)ဦး တက်ရောက်ခဲ့ကြပါသည်။

          မန္တလေးတိုင်းဒေသကြီးစားသုံးသူရေးရာကော်မတီ၊ ဒုတိယဥက္ကဌ က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး စားသုံးသူရေးရာဌာနခွဲ တာဝန်ခံအရာရှိ ဒေါ်မေသက်ထွန်းက စားသုံးသူကာကွယ်ရေးဆိုင်ရာ လုပ်ငန်းဆောင်ရွက်ချက် များကို အမှာစာဖြင့် ရှင်းလင်းတင်ပြခြင်း၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး ထုတ်ကုန်လုံခြုံ စိတ်ချရမှုဌာနခွဲ၊ ဦးစီးအရာရှိ ဦးမင်းလွင်က ထုတ်ကုန်လုံခြုံစိတ်ချရမှုဆိုင်ရာ လုပ်ငန်းဆောင်ရွက် ချက်များကို အမှာစာဖြင့် ရှင်းလင်းတင်ပြခြင်း၊ မန္တလေးတိုင်းဒေသကြီး စားသုံးသူရေးရာကော်မတီ အတွင်းရေးမှူးကိုယ်စား စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး ဒုတိယ ညွှန်ကြားရေးမှူး ဦးရဲလင်းထက်က စားသုံးသူတိုင်ကြားမှုအပေါ် ဖြေရှင်းဆောင်ရွက်ပြီးစီးမှုနှင့် ဆောင်ရွက်ဆဲအခြေအနေများကို အမှာစာဖြင့် ရှင်းလင်းတင်ပြခဲ့ပြီး အွန်လိုင်းမှတစ်ဆင့် တက်ရောက်ခဲ့ကြသည့် ကျောက်ဆည်ခရိုင်၊ မိတ္ထီလာခရိုင် မြင်းခြံခရိုင်တို့မှ ခရိုင်ဦးစီးမှူးများ မှလည်း လုပ်ငန်းဆောင်ရွက်မှုများကို ရှင်းလင်းဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ ထို့နောက် မန္တလေးတိုင်းဒေသကြီးစားသုံးသူရေးရာကော်မတီ၊ အဖွဲ့ဝင်များမှ ဝိုင်းဝန်ဆွေးနွေးခဲ့ကြပြီး ဒုတိယ ဥက္ကဌမှ နိဂုံးချုပ်အမှာ စကားပြောကြားကာ အစည်းအဝေးအား နေ့လယ်(၁၄:၄၀)နာရီ အချိန် ပြီးစီးခဲ့ပါသည်။ DOCA(မန္တလေး)

 

အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းရှင်အား မှတ်ပုံတင်ဆိုင်ရာကိစ္စနှင့်စပ်လျဉ်း၍ အသိပညာပေးဆွေးနွေးခြင်း

             စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး ဦးစီးမှူးရုံး၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲမှ ဒေါ်သင်းသင်းအေး၊ ဒု-ဦးစီးမှူးသည် ၂၅-၆-၂၀၂၆ ရက်နေ့နေ့လယ် (၁၃:၀၀) နာရီ အချိန်တွင် “Paing Paing ဂစ်တာပစ္စည်းများ ထုတ်လုပ်သည့် လုပ်ငန်းရှင်နှင့်တွေ့ဆုံ၍အွန်လိုင်းရောင်းချခြင်းမှတ်ပုံတင်ဆိုင်ရာကိစ္စနှင့်စပ်လျဉ်း၍ စားသုံးသူရေးရာ ဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးရှိ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲရုံးခန်းအတွင်း၌ အသိ ပညာပေး ဆွေးနွေးခဲ့ပါသည်။   

             ထိုသို့ အသိပညာပေးဆွေးနွေး ဆောင်ရွက်ရာတွင် လုပ်ငန်းရှင်က အွန်လိုင်းရောင်းချခြင်း မှတ်ပုံတင်လျှောက်ထားခြင်းကိစ္စနှင့်စပ်လျဉ်း၍ ဆွေးနွေးမေးမြန်းရာ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲ မှ ဒေါ်သင်းသင်းအေး၊ ဒု-ဦးစီးမှူးက အွန်လိုင်းစနစ်ဖြင့်ရောင်းခြင်းလုပ်ငန်းကို အရေးကြီးဝန်ဆောင်မှု လုပ်ငန်းအဖြစ်သတ်မှတ်သည့်အမိန်ကို အမိန့်ကြော်ငြာစာအမှတ်(၅၀/၂၀၂၃)ဖြင့် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့ကြောင်း၊အမိန့်ကြော်ငြာစာထုတ်ပြန်ပြီး(၆)လပြည့်သည့် နေ့ရက်မှစတင်၍ မှတ်ပုံတင်မရှိဘဲ‌ ရောင်းချပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေ ပုဒ်မ (၅)အရ အရေးယူ ခံရမည်ဖြစ်ကြောင်း၊ အွန်လိုင်းစနစ်ဖြင့်ရောင်းခြင်းလုပ်ငန်း မှတ်ပုံတင်ခြင်း ဆိုင်ရာအမိန့်ကို အမိန့် ကြော်ငြာစာ အမှတ်(၅၁/၂၀၂၃)ကို ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့ ကြောင်း ထို့အပြင် အွန်လိုင်းရောင်းချခြင်း မှတ်ပုံတင်လျှောက်ထားရာတွင် လျှောက်ထားရမည့် Link ဖြစ်သည့် https:// www.ecomreg.gov.mm သို့ ဝင်ရောက်၍ လျှောက်ထားရမည်ဖြစ်ကြောင်း၊ မဖြစ်မနေ ပူးတွဲတင်ပြ ရမည့် အထောက်အထားများဖြစ်သည့် လုပ်ငန်း၏ Logo(Jpg File)၊ လုပ်ငန်းလိပ်စာ မှန်ကန်ကြောင်း အတွက် ရပ်ကွက် ထောက်ခံချက်(Pdf File)၊ လုပ်ငန်းပိုင်ရှင် Passport Size ဓါတ်ပုံ((Jpg File)၊ လုပ်ငန်းပိုင်ရှင်မှတ်ပုံတင် Color ရှေ့/နောက်((Pdf File)၊ လုပ်ငန်းပိုင်ရှင် လိပ်စာမှန်ကန်ကြောင်း အတွက် ရပ်ကွက်ထောက်ခံချက် (Pdf File) နှင့် လုပ်ငန်းပိုင်ရှင် ပြစ်မှုကင်းရှင်းကြောင်း ရဲစခန်း ထောက်ခံချက် (Pdf File) စသည့် အထောက်အထားများအား သတ်မှတ်ချက်များအတိုင်း ပူးတွဲ၍ တင်ပြ လျှောက်ထား ရမည်ဖြစ်ကြောင်းနှင့် မိမိလျှောက်ထားသည့် ပစ္စည်းအမျိုးအစားနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်များကိုပါ ပူးတွဲတင်ပြရမည်ဖြစ်ကြောင်း အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

 

စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးအတွင်း ဇွန်လတွင် စားသုံးသူကာကွယ်ရေးလုပ်ငန်းဆောင်ရွက်နိုင်မှုအခြေအနေ

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေး တိုင်းဒေသကြီးဦးစီးမှူးရုံအနေဖြင့် စားသုံးသူကာကွယ်ရေးဆိုင်ရာလုပ်ငန်းများအား လစဉ် စီမံချက်များ ရေးဆွဲပြီး ဆောင်ရွက်လျက်ရှိပါသည်။

             စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးသည် ၂၀၂၆ ခုနှစ်၊ ဇွန်လ တွင် စားသုံးသူကာကွယ်ရေးဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်ရာတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောဆွေးနွေးခြင်းများအနေဖြင့် အခြေခံပညာကျောင်းများတွင် (၂၅) ကြိမ်၊ ရပ်ကွက်/ ကျေးရွာများတွင် (၅)ကြိမ်၊ Talk Show (၉)ကြိမ်၊ စက်ရုံ/အလုပ်ရုံများတွင် (၉)ကြိမ်၊ ဈေး/စတိုးဆိုင်များတွင် (၂)ကြိမ်၊ ပြခန်းဖွင့်လှစ်ပြသခြင်း (၁)ကြိမ်၊ စုစုပေါင်း (၅၁)ကြိမ် ဆောင်ရွက်နိုင်ခဲ့ပြီး လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေးခြင်း (၅၄)ကြိမ်၊ သင်တန်းဖွင့်လှစ် ပို့ချခြင်း (၄)ကြိမ် ဆောင်ရွက်နိုင်ခဲ့ပါသည်။

             ထိုသို့ တွေ့ဆုံဆွေးနွေးဆောင်ရွက်ခြင်းများ ပြုလုပ်ရာတွင် စီးပွားရေးလုပ်ငန်းရှင်တို့၏ တာဝန်များ၊ လိုက်နာရမည့်အချက်များ၊ ကုန်စည်နှင့်စပ်လျဉ်း၍ ဖော်ပြရမည့်အာမခံချက်များ၊ ရိုးရှင်းမှန်ကန်သော သတင်းအချက်အလက်များ ပြည့်စုံစွာပေးရန် စီးပွားရေးလုပ်ငန်းလုပ်ကိုင်ရာ တွင် စီးပွားရေးကျင့်ဝတ်၊ စည်းကမ်းနှင့်အညီ ဖြောင့်မတ်မှန်ကန်စွာ ဆောင်ရွက်ရန်အချက်များကို ရှင်းလင်းဆွေးနွေး အသိပညာပေးခြင်း၊ ရည်ညွှန်းဈေးသတ်မှတ်ထားသော ကုန်စည်များအား သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချစေရေးဆွေးနွေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ပြီး စီးပွားရေးလုပ်ငန်းရှင်နှင့်သက်ဆိုင်သော လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်း ရရှိပါသည်။

DOCA(မန္တလေး)

အောင်မြေသာစံမြို့နယ်အတွင်းရှိစက်သုံးဆီအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေး

                ၂၆.၆.၂၀၂၆ရက်နေ့တွင် အောင်မြေသာစံမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာ နိုင်ငံရဲတပ်ဖွဲ့၊ စည်ပင်သာယာရေးကော်မတီ၊ မြန်မာ့ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီး ဌာန၊ မီးသတ်ဦးစီးဌာန၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ စားသုံးသူ ရေးရာဦးစီးဌာနတို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် အောင်မြေသာစံမြို့နယ်အတွင်းရှိ DENKO (၁၂လမ်း)၊ရွှေဇင်ယော်၊DENKO(ရွှေကျင်)စက်သုံးဆီအရောင်းဆိုင်များအား သုံးစွဲသူပြည်သူများသို့ ရည်ညွှန်းဈေးဖြင့် စက်သုံးဆီလက်ကျန်များထိန်ချန်မှုမရှိပုံမှန်ရောင်းချပေးနိုင်ရေး၊ ဈေးကစားမှု မရှိစေရေး၊စက်သုံးဆီရောင်းချပေးခြင်းမရှိကြောင်းတိုင်ကြားလာပါက ဥပဒေနှင့်အညီဆောင်ရွက် သွားမည်ဖြစ်ကြောင်းနှင့် QR codeစနစ်ဖြင့် စက်သုံးဆီရောင်းချမှုများအား ကွင်းဆင်းစစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)

မွန်ပြည်နယ်အတွင်း MSME One Stop Service Center တည်ထောင်ဖွင့်လှစ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ သတင်းအချက်အလက်နည်းပညာနှင့်အရည်အသွေး စီမံခန့်ခွဲရေးဌာနခွဲ တာဝန်ခံတက်ရောက်

    မွန်ပြည်နယ်အတွင်း MSME ယာယီမှတ်ပုံတင်လက်မှတ်ထုတ်ပေးခြင်း၊ သက်တမ်း တိုး/ပြင်ဆင်ခြင်းလုပ်ငန်းများကို ထိရောက်လျင်မြန်စွာ ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍  MSME One Stop Service Center တည်ထောင်ဖွင့်လှစ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကို ဇူလိုင် ၇ ရက်နေ့ နံနက်ပိုင်းက မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး အတ္ထရံခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ရာ သတင်းအချက်အလက်နည်းပညာနှင့်အရည်အသွေးစီမံခန့်ခွဲရေးဌာနခွဲတာဝန်ခံ တက်ရောက်ခဲ့သည်။

    အစည်းအဝေးတွင်  မွန်ပြည်နယ် MSME အေဂျင်စီ ဥက္ကဋ္ဌနှင့် မွန်ပြည်နယ်အစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဇေယျာဦးက MSME One Stop Service Center ကို ပြည်နယ်စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနရုံး၌ ဖွင့်လှစ်ရန် လျာထားကြောင်းနှင့် MSME ယာယီမှတ်ပုံတင်လက်မှတ် အသစ်ထုတ်ပေးခြင်း၊ သက်တမ်းတိုးခြင်းနှင့် ပြင်ဆင်ခြင်းလုပ်ငန်းများကို တစ်နေရာတည်းတွင် အဆင်ပြေ ချောမွေ့စွာ ဆောင်ရွက်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာဌာနများ ပူးပေါင်းဆောင်ရွက်သွား မည့် အခြေအနေများကို ဆွေးနွေးခဲ့ကြသည်။

    ထို့ပြင် MSME One Stop Service Center ဖွင့်ပွဲကို လာမည့် ဇူလိုင်လ ၁၅ ရက်နေ့ တွင် ကျင်းပရန် စီစဉ်ထားပြီး ဖွင့်ပွဲနေ့၌ MSME ယာယီမှတ်ပုံတင် လက်မှတ်များကို စိစစ် ထုတ်ပေးနိုင်ရေးအတွက်လည်း ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

DOCA (မွန်)

စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခြင်း

      စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ ဦးဘောမ်ဇုံး(ရုံးအုပ်) ဦးဆောင်၍ ‌ဒေါ်အိမွန်ခိုင်(အကြီးတန်းစာရေး)တို့သည် ၇-၇-၂၀၂၆ ရက်နေ့တွင် မြစ်ကြီးနားမြို့၊ ကဝါးခရပ်ကွက် အတွင်းရှိ ကုန်မျိုးစုံရောင်းချသည့်လုပ်ငန်းရှင် (၁)ဦးနှင့် တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးဥပဒေ ပြဋ္ဌာန်းချက်ပါ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရန် အချက်အလက်များနှင့်ပတ်သက်၍ ရှင်းလင်း ဆွေးနွေးခဲ့ပါသည်။  

          ထိုသို့ ဆွေးနွေးရာတွင် ဦးဘောမ်ဇုံး (ရုံးအုပ်)က စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁) ပုဒ်မ (၂)၊ပုဒ်မခွဲ(ဂ)အရ စီးပွားရေးလုပ်ငန်းရှင်ဆိုသည်မှာ  ကုန်စည်ကို ထုတ်လုပ်ခြင်း၊  ဖြန့်ဖြူးခြင်း၊ သိုလှောင်ခြင်း၊  သယ်ယူပို့ဆောင်ခြင်း၊  ရောင်းချခြင်း၊  ပြုပြင်ထုတ်လုပ်ခြင်း၊ ပြည်ပသို့ တင်ပို့ခြင်း၊ ပြည်တွင်းသို့တင်သွင်းခြင်း၊ ပြန်လည်ရောင်းချခြင်းကိုဖြစ်စေ၊ ထောက်ပံ့ပေးခြင်းကိုဖြစ်စေ၊ ဝန်ဆောင်မှု ပေးခြင်းကိုဖြစ်စေ၊ ကြော်ငြာလုပ်ငန်းလုပ်ကိုင်ခြင်းကိုဖြစ်စေ၊ တစ်ဦးချင်းသော်လည်းကောင်း၊ အဖွဲ့အစည်း နှင့်သော်လည်းကောင်း   ဆောင်ရွက်သူကိုဆိုလိုကြောင်း၊ ဥပဒေ အခန်း(၁၀)ပုဒ်မ၂၁အရ စီးပွားရေး လုပ်ငန်းရှင်၏တာဝန်များဖြစ်သော ကုန်စည် သို့မဟုတ် ဝန်ဆောင်မှု၏အာမခံချက်၊ သတ်မှတ်ချက်များ နှင့်စပ်လျဥ်း၍ ရိုးရှင်းမှန်ကန်သော သတင်းအချက်အလက်များပေးခြင်း၊ စားသုံးသူကို ခွဲခြားမှုမရှိဘဲ ဖြောင့်မတ်မှန်ကန်စွာဆက်ဆံခြင်း၊ စီးပွားရေးလုပ်ငန်း လုပ်ကိုင်ရာတွင် စီးပွားရေးကျင့်ဝတ်၊ စည်းကမ်း နှင့်အညီ ဖြောင့်မတ်မှန်ကန်စွာဆောင်ရွက်ခြင်း၊  ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့် စပ်လျဥ်း၍ ကတိ ပြုထားသော အာမခံချက်နှင့်  ကိုက်ညီမှုမရှိပါက ကတိပြုထားသည့်အတိုင်း တာဝန်ယူဆောင်ရွက် ပေးခြင်း စသည့်အချက်များအကြောင်း၊ ကုန်စည်/ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်း အကြောင်း၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုအပေါ်တာဝန်ရှိမှု၊ တားမြစ်ချက်များ၊ ပြစ်မှုနှင့်ပြစ်ဒဏ် များအကြောင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ သိသာထင်ရှားစွာ ဖော်ပြရမည့် အချက်များအကြောင်း၊ အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအကြောင်းတို့အား ရှင်းလင်းဆွေးနွေး ခဲ့ကြောင်း သတင်းရရှိပါသည်။ 

DOCA(ကချင်)

                                                                           

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ