Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

သထုံမြို့နယ်၊ အခွန်လွတ်ဈေး၌  စားအုန်းဆီရောင်းချနေမှုအား စစ်ဆေးခြင်း

              ၁၄.၁၁.၂၀၂၅ ရက် စနေနေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာ ဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ မြို့နယ်တာဝန်ခံ ဦးထိန်လင်းထွန်းနှင့် ဝန်ထမ်းများသည် သထုံမြို့နယ်၊ အခွန်လွတ်ဈေး၌ Lwin Maung Maung CO. Ltd မှ လက်လီကိုယ်စားလှယ် ဦးမျိုးလှိုင်မှ စားသုံးးဆီရောင်းချနေမှုအား သွားရောက်စစ်ဆေးခဲ့ပါသည်။

          ထိုသို့ စစ်ဆေးရာတွင် သတ်မှတ်ထားသော စျေးနှုန်းရောင်းချခြင်း၊ သတ်မှတ်ပိဿာ အတိုင်းရောင်းချခြင်း၊ ဗီနိုင်းတပ်ဆင်ရောင်းချခြင်း ရှိ/မရှိ စစ်ဆေးခဲ့ပြီး စားအုန်းဆီ တစ်ပိဿာလျှင် (၇၀၂၈) ကျပ်နှုန်းဖြင့် စားအုန်းဆီ ပိဿာ (၄၄၀)အား ရောင်းချခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ(၁)ရက်မှ (၁၅)ရက်အတွင်း ပြည်ခရိုင်ရှိ လုပ်ငန်းရှင်များ ကုန်စည်နှင့် စပ်လျဉ်း၍ အာမခံချက်ပေးခြင်းနှင့် ကုန်အညွှန်းမှန်ကန်ပြည့်စုံစွာ ဖေါ်ပြမှုရှိစေရေး ရှင်းလင်း ဆွေးနွေးခြင်း

       စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်ချက်အရ စားသုံးသူများ အားလုံးသည် ကုန်စည်နှင့် ဝန်ဆောင်မှုများအသုံးပြုရာတွင် ဘေးအန္တရာယ်ကင်းရှင်းစွာသုံးစွဲနိုင်ရေး အတွက် ခရိုင်အတွင်းရှိ  ထုတ်လုပ်လျက်ရှိသော ကုန်စည်များနှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းနှင့် ကုန်အညွှန်းအမှတ် အသားများ ပြည့်စုံမှန်ကန်စွာဖေါ်ပြမှုရှိစေရေး ရည်ရွယ်၍ ဆောင်ရွက်လျှက် ရှိရာ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ(၁)ရက်မှ (၁၅)ရက်အတွင်း၌  ပြည်ခရိုင်တွင် ပြည်မြို့နယ်တွင် ဘုရားနီလမ်း၊ ဆင်စုရပ်ကွက်ရှိ၊ “ဘိုမ”လူသုံးကုန်နှင့် စားသောက်ကုန်လုပ်ငန်း၊ ဆံတော်ရပ်ကွက်ရှိ ဒေါ်သိန်းသိန်းဌေး၏ “ခိုင်ရွှေပွင့်”ဆန်ဆိုင်လုပ်ငန်း၊ ရွာဘဲရပ်ကွက်၊ ရွှေတစ်ချောင်းလမ်းရှိ ဦးဆန်နီ၏ “အဓိပတိ”ဆန်ဆိုင်လုပ်ငန်းနှင့် ဦးသပြေကြီး၏ “သပြေကြီး”ဆန်ဆိုင်လုပ်ငန်း သို့လည်းကောင်း၊ ရွှေတောင်မြို့နယ်တွင် မြို့မကျေးရွာအုပ်စု၊ ဆင်ရှင်ရွာရှိ ဒေါ်အေးအေးသင်း၏ “ယက္ကန်းရွှေပြည်” စည်းလုံချည်လုပ်ငန်း သို့လည်းကောင်း၊ ပန်းတောင်းမြို့နယ်တွင် ဥသျှစ်ပင် ဒေသရှိ ဒေါ်ကြည်ကြည်လှိုင်၏“ထက်အောင်” ဆန်ရောင်းဝယ်ရေးလုပ်ငန်းသို့လည်းကောင်း၊ ပေါက်ခေါင်း မြို့တွင် အမှတ်(၂)ရပ်ကွက်ရှိ ဦးအေးကြူ၏ “ဦးအေးကြူ”ဆန်စက် သို့လည်းကောင်း၊ သက်ဆိုင်ရာ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် သွားရောက်၍ မိမိတို့ ဖြန့်ဖြူးရောင်းချ လျက်ရှိသော ကုန်စည်များတွင် အရည်အသွေး၊ အလေးချိန်၊ အချိန်အတွယ်၊ ပမာဏနှင့် အမျိုးအစားများ မှန်ကန်စွာဖြန့်ဖြူး ရောင်းချမှုရှိစေရေး၊ စီးပွားရေးကျင့်ဝတ်၊ စည်းကမ်း နှင့်အညီ ထုတ်လုပ် ရောင်းချ မှုရှိစေရေး၊ ကုန်စည်အလိုက် ဖေါ်ပြရမည့် ကုန်အညွှန်း အမှတ်အသား များ၊ ပြည့်စုံမှန်ကန်စွာ ဖေါ်ပြ မှုရှိစေရေး လိုက်နာဆောင်ရွက်ကြရန်နှင့် နောက်ပိုင်း ကာလများတွင် ကွင်းဆင်းစစ်ဆေးမှုများနှင့် အတူ အရေးယူဆောင်ရွက်မှုများပြုလုပ် ဆောင်ရွက်သွားမှာဖြစ်သည့် အတွက် စီးပွားရေး လုပ်ငန်းရှင်များ အနေဖြင့် အထူးအလေးထား လိုက်နာဆောင်ရွက်ကြရန် ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)

၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ(၁)ရက်မှ (၁၅)ရက်အတွင်း ပြည်ခရိုင်ရှိ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောဆွေးနွေးခြင်း

       စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် ရပ်ကွက်/ ကျေးရွာနေ စားသုံးသူပြည်သူများနှင့် တိုင်းပြည်၏ အနာဂတ် မျိုးဆက်သစ်များဖြစ်သော ကျောင်းသား/ကျောင်းသူများအား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာများ ကျယ်ကျယ် ပြန့်ပြန့်သိရှိနိုင်စေရေး ရည်ရွယ်၍ ခရိုင်အတွင်း မြို့နယ်များရှိ ရပ်ကွက်/ ကျေးရွာများနှင့် အခြေခံ ပညာကျောင်းများတွင် အသိပညာပေးဟောပြောဆွေးနွေးခြင်းများကို အင်တိုက်အားတိုက် လုပ်ဆောင်လျက်ရှိရာ ပြည်ခရိုင်အတွင်း ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ(၁.၁၁.၂၀၂၅)ရက်မှ (၁၅.၁၁.၂၀၂၅)ရက်အတွင်း ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် အ.မ.က(ရှင်ညို)ကျောင်းနှင့်  မူလွန်(အိုးထိမ်းကုန်း)ကျောင်းသို့ လည်းကောင်း၊ ပန်းတောင်းမြို့နယ်တွင် ရပ်သာအုပ်စု၊ ဘူးဘက် ကျေးရွာသို့လည်းကောင်း သက်ဆိုင်ရာမြို့နယ်တာဝန်ခံများနှင့် ဝန်ထမ်းများသည် စားသုံးသူ ကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

      အဆိုပါ အသိပညာပေး ဟောပြောခြင်းများ ဆောင်ရွက်ရာတွင် သက်ဆိုင်ရာ မြို့နယ် တာဝန်ခံများမှ စားသုံးသူ အခွင့်အရေးများနေ့ဖြစ်ပေါ်လာပုံ၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖေါ်ပြခြင်းဆိုင်ရာအချက်များ၊ နစ်နာဆုံးရှုံးမှုရှိပါက တိုင်ကြားနိုင်သည့် ပုဂ္ဂိုလ်များနှင့် နည်းလမ်းများ တိုင်ကြားနိုင်မည့် ဖုန်းနံပါတ်နှင့်လိပ်စာ၊ စားသုံးသူကာကွယ်ရေး ဥပဒေပါ ပြစ်မှုပြစ်ဒဏ်များအကြောင်း၊ သက်ဆိုင်ရာဌာနများက စားသုံးရန်မသင့်ဟု တားမြစ် ထုတ်ပြန်ထားသော ကုန်စည်များအား ရွေးချယ်ဝယ်ယူခြင်းမပြုရန် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ပါဝင်သော ကုန်စည်များကိုသာ ရွေးချယ်ဝယ်ယူကြရန် အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ ကြောင်းသိရပါသည်။

DOCA(ပဲခူး)

ပေါင်မြို့နယ်၌ သစ်တောထိန်းသိမ်းရေး၊တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲပြုလုပ်

                ၁၂.၁၁.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊ပေါင်မြို့နယ်၌ သစ်တောထိန်းသိမ်းရေး၊ တောမီး ကာကွယ်ရေးနှင့် မီးခိုးမြူငွေ့ လျော့ချရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကို ယနေ့ နံနက်ပိုင်းက အ.ထ.က(ပေါင်) ရွှေရတုခန်းမ၌ ပြုလုပ်ခဲ့ရာ မော်လမြိုင်-သထုံခရိုင် သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ဇော်ထူး၊ သထုံမြို့နယ်၊ သစ်တောဦးစီးဌာနမှဦးစီးအရာရှိ ဦးတင်ထွန်း၊ ပေါင်မြို့နယ် သစ်တောဦးစီးဌာနမှ တောအုပ်ကြီး ဦးဇော်လွင်ဦးနှင့်ဝန်ထမ်းများ၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ချိုလွင်ဦးနှင့် ဆရာ၊ဆရာမများ၊ ကျောင်းသား၊ကျောင်းသူများ၊ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြသည်။

          ရှေးဦးစွာ မော်လမြိုင်-သထုံခရိုင် သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ဇော်ထူးက သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့ လျော့ချရေးဆိုင်ရာများကို ဟောပြောပြီး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သက်သည့် ပညာပေး video clip ပြသခြင်းများပြုလုပ်ခဲ့သည်။

           ဆက်လက်၍ သထုံခရိုင်သစ်တောဦးစီးဌာနမှ ပေါင်မြို့နယ်အခြေခံပညာအထက်တန်း ကျောင်းသို့ မိဘဆရာအသင်း ရန်ပုံငွေများပေးအပ်လှူဒါန်းခဲ့သည်။ ထို့ပြင် ကျောင်းသား၊ ကျောင်းသူများက သစ်တောထိန်းသိမ်းရေး တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျော့ချရေး ဆိုင်ရာ အသိပညာပေးနှင့်ပတ်သက်၍ သိလိုသည်များကို မေးမြန်းခဲ့ရာ မော်လမြိုင်-သထုံခရိုင် သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ဇော်ထူးမှ ပြန်လည်ဖြေကြားခဲ့သည်။ထို့နောက် အထက(ပေါင်)ကျောင်းအုပ်ဆရာမကြီး ဒေါ်ချိုလွင်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်းသိရသည်။

DOCA (မွန်)

ပဲခူးတိုင်းဒေသကြီးစီးမှူးမှ ပြည်ခရိုင်အတွင်းရှိ စားအုန်းဆီဖြန့်ဖြူးရောင်းချသော လက်ကား/လက်လီကိုယ်စားလှယ်များနှင့်တွေ့ဆုံ

     ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ(၁၂)ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ခရိုင်အတွင်းရှိ ခွဲတမ်းရစားအုန်းဆီများဖြန့်ဖြူးရောင်းချလျက်ရှိသော လက်ကား/ လက်လီကိုယ်စားလှယ် များနှင့်တွေ့ဆုံ၍ ခရိုင်အတွင်းစားအုန်းဆီဖြန့်ဖြူးရောင်းချနေမှု အခြေအနေများအား ဆွေးနွေးပြီး တိုင်းဒေသကြီးဦးစီးမှူးမှ ခရိုင်အတွင်း စားအုန်းဆီ ဖြန့်ဖြူး ရောင်းချရာတွင် ညွှန်ကြားရေးမှူးချုပ်၏ လမ်းညွှန်မှာကြားချက် မှန်(၆)မှန်ဖြစ်သော လက်လီ/လက်ကားမှန်ကန်စေရေး၊ နေရာမှန်၊ အချိန်မှန်၊ ဈေးနှုန်းမှန်၊ အရေအတွက်မှန်၊ အချိန်အတွယ်နှင့်အရည်အသွေးမှန်အောင် ရောင်းချသွားရန်၊ ပြည်သူဖြန့် သည့်ဆီ ပြည်သူ့ထံ အပြည့်အဝရောက်ရန်နှင့် အိမ်ထောင်စုအလိုက် စားအုန်းဆီဝယ်ယူခွင့်စာအုပ်များဖြင့် ရောင်းချရာ တွင်လည်း ကျေးရွာ၊ ရပ်ကွက်၊ လမ်းမကျန်အောင် ဆောင်ရွက်သွားရန် ဆွေးနွေးပြောကြားခဲ့ပါသည်။

DOCA(ပဲခူး)

ပေါင်မြို့နယ်၌ ဆံပင်ပြုပြင်ရန် သုံးစွဲပစ္စည်းအမျိုးမျိုးနှင့်စပ်လျဥ်း၍ စျေးကွက် စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်

             ၁၃.၁၁.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌  ဆံပင်ပြုပြင်ရန် သုံးစွဲပစ္စည်းအမျိုးမျိုးနှင့်စပ်လျဥ်း၍ စျေးကွက် စောင့်ကြည့် စစ်ဆေးခြင်းများကို ယနေ့ မွန်းလွဲ (၁) နာရီက ပေါင်မြို့နယ် စားသုံးသူရေးရာ ဦးစီးဌာနနှင့် သက်ဆိုင်ရာတာဝန်ရှိသူ အသီးသီးတို့က မြို့ပေါ်ရပ်ကွက် ( ၄ )ခု၌ ဆောင်ရွက်ခဲ့သည်။

           အဆိုပါ စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ပေါင်မြို့နယ် စားသုံးသူရေးရာ ဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးအောင်မျိုးဦးနှင့် တာဝန်ရှိသူ အသီးသီးတို့က စျေးကွက်အတွင်း ရောင်းချနေသော ဆံပင်ပြုပြင်ရန် သုံးစွဲပစ္စည်းအမျိုးမျိုးတွင် စားသုံးသူကာကွယ် ရေးဥပဒေ ပြဌာန်းချက်အတိုင်း ကုန်အမှတ်အသားပြည့်စုံစွာ ဖော်ပြခြင်း ရှိ/မရှိ ၊သက်ဆိုင်ရာ ဌာနများက ကန့်သတ်တားမြစ်ထားသည့် ဆံပင်ပြုပြင်ရန် သုံးစွဲပစ္စည်းများ ရောင်းချခြင်း ရှိ/မရှိ၊ စားသုံးသူ ဘေးအန္တရာယ်ဖြစ်စေနိုင်သော ပစ္စည်းများရောင်းချနေမှုရှိ/မရှိ တို့အား စစ်ဆေးခဲ့ပြီး သတ်မှတ်စံချိန် စံနှုန်းနှင့် ကိုက်ညီ၍ သက်ဆိုင်ရာ ဌာနများမှ ခွင့်ပြုထားသော ကုန်ညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားသော အလှကုန်ပစ္စည်းများကိုသာ စျေးကွက်အတွင်း ရောင်းချခြင်းများပြုလုပ်ကြရန်နှင့် စျေးကွက်အတွင်းရောင်းချခြင်းမပြုသည့် အလှကုန်ပစ္စည်းများကို ရှောင်ရှားကြရန် ဆိုင်ရှင်များအား အသိပညာပေးပြောကြား ခဲ့ကြောင်းသိရသည်။

DOCA (မွန်)

ပေါင်မြို့နယ်တွင်စက်သုံးဆီများပြတ်လပ်မှုမရှိစေရေးအတွက် ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာလုပ်ငန်းများ ထိန်းသိမ်းကြီးကြပ်ရေးဆပ်ကော်မတီမှ ကွင်းဆင်းစစ်ဆေး

                   ၁၅.၁၁.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် စက်သုံးဆီများ ပြတ်လပ်မှု မရှိစေရေးအတွက် ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာ လုပ်ငန်းများထိန်းသိမ်းကြီးကြပ်ရေး ဆပ်ကော်မတီမှကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက စက်သုံးဆီအရောင်းဆိုင် (၁၈) ဆိုင်အား လိုက်လံ စစ်ဆေးခဲ့ကြောင်းသိရသည်။ထို့သို့စစ်ဆေးရာတွင်မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရကော်မတီဥက္ကဌဦးထင်လင်းအောင်နှင့်တာဝန်ရှိသူများကစက်သုံးဆီများပြတ်လပ်မှုမရှိစေရေး၊ သတ်မှတ်ထားသောစံချိန်စံညွှန်း၊ အရည်အသွေး၊ အခြင်အတွယ် ပြည့်မီမှန်ကန်မှုရှိစေရေး၊ ထိန်းသိမ်းကြီးကြပ်ဆောင်ရွက်ခြင်း၊ ရေနံနှင့် ရေနံထွက်ပစ္စည်း ဆိုင်ရာ လုပ်ငန်းများကို ဥပဒေပြဌာန်းချက်များ၊ လုပ်ထုံးလုပ်နည်းများ၊ အခါအားလျော်စွာ ထုတ်ပြန်သည့် အမိန့်နှင့်ညွှန်ကြားချက်များ၊ စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ လုပ်ကိုင်စေရေး၊ တည်ဆဲဥပဒေတစ်ရပ်ရပ်ကိုဖြစ်စေ၊ သက်ဆိုင်ရာအမိန့်နှင့်ညွှန်ကြား ချက်များကိုဖြစ်စေ၊ လိုင်စင်ပါစည်းကမ်းချက်တစ်ရပ်ရပ်ကိုဖြစ်စေ လိုက်နာဆောင်ရွက်ခြင်း မရှိသော ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာလုပ်ကိုင်သူများ မီးဘေးအန္တရာယ်ကင်းရှင်းမှု ရှိစေရေးနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုမရှိစေရေးအတွက်လိုအပ်သလိုထိန်းသိမ်းကြီးကြပ်ဆောင်ရွက်သွားရန်၊ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာလုပ်ငန်းများထိန်းသိမ်းကြီးကြပ်ရေးဆပ်ကော်မတီ၏ ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ရန် စစ်ဆေးဆောင်ရွက် လမ်းညွှန်မှာကြားခဲ့ကြောင်းသိရသည်။

DOCA (မွန်)

ပြည်မြို့နယ်အတွင်း ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ကွင်းဆင်းစစ်ဆေး

      စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ပြည်တွင်း၊ ပြည်ပမှ ထုတ်လုပ်တင်သွင်းလာသည့် ကုန်စည်နှင့်ဝန်ဆောင်မှုများအပေါ် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်ရေး၊ စားသုံးသူအခွင့်အရေးများ ပြည့်ပြည့်ဝဝရရှိရေး၊ စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ ဆောင်ရွက် ပေးလျက်ရှိရာ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုအရ ပြည်မြို့နယ် တာဝန်ခံ ဦးထွန်းနိုင်လင်းနှင့် ဝန်ထမ်းများသည် (၁၂.၁၁.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီ အချိန်တွင် ပြည်မြို့၊ နဝဒေးရပ်ကွက်၊ ဒေါနလမ်းနေ STD အမှတ်တံဆိပ် ဘက္ထရီအက်ဆစ် ကွန်ပေါင်းလုပ်ငန်းနှင့် နဝဒေးရပ်ကွက်၊ ခွာညိုလမ်းရှိ Light အမှတ်တံဆိပ် ဘက္ထရီအက်ဆစ် ကွန်ပေါင်းလုပ်ငန်းများသို့ သွားရောက်၍ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ကုန်စည်၏ ထုပ်ပိုးမှုအပြင်အဆင်ပေါ်တွင် ကုန်အညွှန်းအမှတ်အသားများ ရေးသားရာ၌ စားသုံးသူကာကွယ် ရေးဥပဒေ၊ အခန်း (၁၈)ပါ ကုန်အညွှန်းအမှတ်အသားပြုလုပ်ခြင်းဆိုင်ရာ ပြဌာန်းချက်များနှင့်အညီ ရေးသားဖေါ်ပြနိုင်ရေး အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရပါသည်။

DOCA(ပဲခူး)

ပေါင်မြို့နယ်၌ (၁၀၅)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ သဝဏ်လွှာဖတ်ပွဲနှင့်ဆုချီးမြှင့်ပွဲကျင်းပ

                       ၁၄.၁၁.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ် ၊ပေါင်မြို့နယ်၌ (၁၀၅) နှစ်မြောက် အမျိုးသား အောင်ပွဲနေ့အခမ်းအနားကို ယနေ့နံနက် ၉နာရီက (အထက)ပေါင် ရွှေရတုခန်းမ၌ ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ကျောင်းသား၊ကျောင်းသူလေးများက ဇာတိမာန်တေးသီချင်းဖြင့် သီဆို၍ အခမ်းအနားကိုဖွင့်လှစ်ခဲ့သည်။ဆက်လက်၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ပေးပို့သော(၁၀၅) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ သဝဏ်လွှာအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးထင်လင်းအောင်က ဖတ်ကြားခဲ့သည်။ ထို့နောက် ဆုပေးပွဲအခမ်းအနားကို ကျင်းပ ပြုလုပ်ခဲ့ရာ (၁၀၅) နှစ်မြောက် အမျိုးသား အောင်ပွဲနေ့အထိမ်းအမှတ် အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် စာစီစာကုံးပြိုင်ပွဲနှင့်ကဗျာပြိုင်ပွဲတွင် ဆုရရှိကြသော ကျောင်းသား၊ကျောင်းသူလေးများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးထင်လင်းအောင် နှင့် အဖွဲ့ဝင်တို့က ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ခဲ့ပြီးကျောင်းသား၊ကျောင်းသူများက မြန်မာ့ကျောင်းတေးသီချင်းဖြင့် သီဆိုဖျော်ဖြေကာ အခမ်းအနားကိုရုပ်သိမ်းခဲ့ကြောင်း သိရသည်။

DOCA (မွန်)

ကျိုက်ထိုမြို့နယ်အတွင်းရှိ အွန်လိုင်းမှတ်ပုံတင် လျှောက်ထားမှု မြေပြင်ကွင်းဆင်းစစ်‌ဆေးဆောင်ရွက်

                 ၁၅.၁၁.၂၀၂၅ ရက်နေ့၊ နံနက်ပိုင်းတွင် မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ စားသုံးသူရေးရာ ဦးစီးဌာနမှ ခရိုင်တာဝန်ခံ ဦးအောင်ကျော်မင်း၊ မြို့နယ်တာဝန်ခံ ဦးဇော်ဦးတို့သည် ဆေးရုံလမ်း၊ ကံကော်ရပ်ကွက် ကျိုက်ထိုမြို့ရှိ ဒေါ်ပွင့်ဝေ၏ “PPA” Fashion Shop အထည်အလိပ်၊ အဝတ်အထည်နှင့် ဆက်စပ်ပစ္စည်းလုပ်ငန်းအား အွန်လိုင်း မှတ်ပုံတင်လျှောက်ထားမှု မြေပြင်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် အွန်လိုင်းမှတ်ပုံတင်ပြုလုပ်ရန် ကျန်သူများကိုလည်း မှတ်ပုံတင်ပြုလုပ်နိုင်ရေး စည်းရုံးဆောင်ရွက်ပေးကြစေလိုကြောင်း၊ အွန်လိုင်းမှတ်ပုံတင်ခြင်း အတွက် အင်တာနက်ရရှိသည့် မည်သည့်နေရာတွင်မဆို အွန်လိုင်းမှလျှောက်တားနိုင်ကြောင်း ( e. Com Reg System ) ကို ၂၀၂၂ ခုနစ် အောက်တိုဘာ (၂) ရက်နေ့တွင် စတင် အသုံးပြုခဲ့ကြောင်း၊မှတ်ပုံတင်သူများလိုက်နာရမည့်စည်းကမ်းချက်များအကြောင်း၊ လုပ်ငန်းရှင်မှ သိရှိလိုသည်များကို ‌မေးမြန်းခဲ့ပြီး ခရိုင်နှင့် မြို့နယ်တာဝန်ခံတို့မှ ပြန်လည် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ