Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

Thursday Talk ကျင်းပဆောင်ရွက်

  ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ()ရက်နေ့၊ နေ့လယ်(၁၄:၀၀)နာရီအချိန်တွင် စားသုံးသူ ရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ဝန်ထမ်းများအား "ဝန်ထမ်း စည်းကမ်းဆိုင်ရာပြစ်မှုပြစ်ဒဏ်များ" နှင့်စပ်လျဉ်း၍ အသိပညာဗဟုသုတများ တိုးပွားစေရန်နှင့် လိုက်နာဆောင်ရွက်နိုင်ရန် Thursday Talk အသိပညာပေးဆွေးနွေးခြင်း ဆောင်ရွက်ခဲ့ပါ သည်။   

   အဆိုပါဆွေးနွေးပွဲတွင် ဒေါ်နော်ကြူကြူ (ဦးစီးမှူး)က ဝန်ထမ်းစည်းကမ်း ထိန်းသိမ်းရေး ဆိုင်ရာအခြေခံမူများ၊ဝန်ထမ်းစည်းကမ်းဆိုင်ရာ ပြစ်မှုပြစ်ဒဏ်များ၊ ဌာနဆိုင်ရာအရေးယူခြင်း၊ ရှေးဦးစုံစမ်းမှု၊ ဌာနဆိုင်ရာစုံစမ်းစစ်ဆေးမှုစသည့် အကြောင်းအရာများနှင့် စပ်လျဉ်း၍ရှင်းလင်း ဆွေးနွေးခဲ့ပြီး တက်ရောက်လာသော ဝန်ထမ်းများမှ အားသာချက်၊ အားနည်းချက်များ သိရှိ လိုသည်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း၊ ဆွေးနွေးပွဲတွင်ဝန်ထမ်း(၁၀)ဦး တက်ရောက်ခဲ့ပါကြောင်းနှင့် ဆွေးနွေးပွဲအား နေလယ်(၁၄:၃၀)အချိန်တွင် ပြီးဆုံးကြောင်း သတင်းရရှိပါသည်။

DOCA(ကယား)

ဧက(၅၀၀) အ-မ-က မူလွန်ကျောင်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောဆွေးနွေး

    စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ဒေါ်အေးအေးမော်(ဌာနခွဲစာရေး)ဦးဆောင် ၍ ဝန်ထမ်း(၂)ဦးတို့သည် ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ()ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် လွိုင်ကော်မြို့ ဧက(၅၀၀) အ-မ-ကမူလွန်ကျောင်း၌ စားသုံးသူကာကွယ်ရေးနှင့်ပတ်သက်သည့်အသိပညာပေးဟောပြော ဆွေးနွေးပွဲအားဆောင်ရွက်ရာတွင် ဆရာ/ဆရာမနှင့် ကျောင်းသား/ကျောင်းသူများ စုစုပေါင်း( ၆၀ )ဦး တက်ရောက်ခဲ့ပါသည်။

    အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ဒေါ်အေးအေးမော်(ဌာနခွဲစာရေး)မှ စားသုံးသူ ကာကွယ်ရေးဥပဒေအကြောင်းရှင်းလင်းဆွေးနွေးခဲ့ရာတွင် ကျောင်းသား/ကျောင်းသူများအနေဖြင့် စားသုံး သူကာကွယ်ရေးဥပဒေပါ မိမိတို့၏အခွင့်အရေးကို အပြည့်အဝနားလည်ပြီး တောင်းဆိုရယူတက်စေရန် စားသုံးသူအခွင့်အရေးများနှင့်တာဝန်များ၊ ကုန်ပစ္စည်းများ ဝယ်ယူသုံးစွဲခြင်းမပြုမီသတိပြုရမည့်အချက်များ၊ နေ့စဉ်ဝယ်ယူသုံးစွဲသည့် ကုန်ပစ္စည်းများအပေါ်ပေးထားသော ဝန်ဆောင်မှုများ အပြည့်အဝရရှိစေရေးကို လည်းကောင်း၊ ကုန်ပစ္စည်း(သို့)ဝန်ဆောင်မှုများ ဝယ်ယူရာတွင်နစ်နာဆုံးရှုံးမှုများရှိပါက စားသုံးသူသတင်း ပြန်ကြားရေးနှင့်တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးဌာနသို့ လူကိုယ်တိုင်ဖြစ်စေ၊ ဖုန်းဖြင့်ဖြစ်စေ၊ Website မှ ဖြစ်စေ၊ Doca Myanmar applicationများမှဖြစ်စေ ဆက်သွယ်တိုင်ကြားနိုင်ပါကြောင်း၊ MPT Ooredoo Atom Mytel ဆင်းကတ်များဖြင့်လည်း ၁၅၃၅ နံပါတ်များသို့ခေါ်ဆို၍ ကုန်စည်(သို့) ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍သိရှိလိုသည်များမေးမြန်းခြင်း၊ နစ်နာဆုံးရှုံးမှုများအတွက် တိုင်ကြားခြင်းများပြုလုပ်နိုင်ကြောင်း၊ အကျယ်တဝင့်ရှင်းလင်းဆွေးနွေးခဲ့ပြီး တချိန်တည်းမှာပင် ကျောင်းအုပ်ဆရာမကြီး၏ လက်ဖုန်းဖြင့် ၁၅၃၅ နံပါတ် လိုင်းခွဲ(၁) နေပြည်တော်သို့ ခေါ်ဆိုမေးမြန်းခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်းသတင်းရရှိပါသည်။

DOCA(ကယား)

စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဖွင့်ပွဲအခမ်းအနားတက်ရောက်

                ဩဂုတ်    ၆ရက်နေ့ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျုံပျော်မြို့ အမှတ်() အခြေခံ ပညာအထက်တန်းကျောင်းတွင်ပြုလုပ်သည့် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ် ရှိန်မြှင့်တင်ရေးပွဲတော် ဖွင့်ပွဲအခမ်းအနားသို့တက်ရောက်ခဲ့သည်။ ဦးစွာတိုင်းဒေသကြီး ဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ စာကြည့်တိုက်များဖွံ့ဖြိုး တိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်မုခ်ဦးအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြပြီး ဖျော်ဖြေရေးအဖွဲ့များအား ချီးမြှင့်ငွေများပေးအပ်ခဲ့သည်။

            ယင်းနောက် အခမ်းအနားဒုတိယပိုင်းကို အောင်ဆန်းခန်းမတွင်ဆက်လက်ပြုလုပ်ရာ ကျုံပျော်မြို့ အမှတ်() အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေး များကအလှဆုံးပန်းများပွင့်ကြပြီ သီချင်းဖြင့်သီဆိုဖျော်ဖြေခဲ့ပြီးနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး ပွဲတော်ကို ယခုနှစ်အတွက် ကျုံပျော်မြို့ အမှတ်()အခြေခံပညာအထက်တန်းကျောင်း၊ အောင်ဆန်း ခန်းမတွင် စတင်ကျင်းပ နိုင်ခဲ့ပါကြောင်း၊ ယခုနှစ်တွင် တိုင်းဒေသကြီးအတွင်းရှိ (၁၃)နေရာတွင် ကျင်းပရန်လျာထား ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုနှစ်တွင် တက္ကသိုလ်ဝင်စာမေးပွဲတွင် မြန်မာတစ်နိုင်ငံ လုံးအနေဖြင့်ဝိဇ္ဇာတွဲတွင် ()ယောက်၊ ဝိပ္ပံတွဲတွင်()ယောက်ပေါ်ထွက်ခဲ့ပါ ကြောင်း၊ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးအနေဖြင့်  တိုင်းဒေသကြီးအတွင်းရှိ ရှင်သန် ခိုင်မာနေသည့် စာကြည့်တိုက် (၃၂၄)တိုက်ရှိခဲ့ရာမှ  စာကြည့်တိုက်အသစ်(၁၁)တိုက်နှင့် ပြုပြင်ပေးသည့် စာကြည့်တိုက် ၅တိုက် ဖြစ်သဖြင့် ရှင်သန်ခိုင်မာသည့်စာကြည့်တိုက် ၃၄၀ တိုက်ရှိပြီဖြစ်ပါကြောင်း၊ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ ဦးတည်ချက် ()ရပ်တွင် နိုင်ငံတော်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ခိုင်မာစေရေးအတွက် အမျိုးသားပညာရေး ကဏ္ဍ၊ ကျန်းမာရေးကဏ္ဍတို့ကို အလေးထားထားမြှင့်တင်ရေးဆိုသည့်အချက် ပါဝင်ပါကြောင်း၊ ဗလငါးတန်နှင့်ပြည့်စုံသည့်လူငယ်များအဖြစ် ရှင်သန်တိုးတက်လာဖို့အတွက် အသိပညာ ဗဟုသုတတွေကို စာအုပ်စာပေကောင်းများမှတစ်ဆင့် လေ့လာဖတ်ရှုမှတ်သားကြရမှာ ဖြစ်ပါကြောင်း၊ ကျောင်းသားလူငယ်များ ပညာဗဟုသုတ ပြည့်စုံ ကြွယ်ဝရေးအတွက် အလွယ်ကူဆုံးနှင့် အထိရောက်ဆုံး ဆောင်ရွက်နိုင်သည့် ကျောင်းစာကြည့်တိုက် များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် အရှိန်အဟုန်ဖြင့် ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊ ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ စာပေလေ့လာဖတ်ရှုနိုင်ရန် စာကြည့်တိုက်များပိုမိုဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရမည် ဖြစ်သကဲ့သို့ စာအုပ်စာပေများသည်လည်း စုံလင်စွာထားရှိပေးရမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး အတွင်းရှိစာကြည့်တိုက်များ လည်ပတ်နိုင်ရေးအတွက် မိမိတို့အားလုံး ပူးပေါင်းဆောင်ရွက်သွား ကြရမည်ဖြစ်ပါကြောင်းနှင့် ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်လူရွယ်များဖြစ်အောင်လည်း ပြုစုပျိုးထောင်ပေးကြရမည်ဖြစ်ကြောင်း တိုက်တွန်းအမှာ စကားများပြောကြားသည်။

             ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊  တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့ နာယက၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၏ဇနီးတို့မှ တက္ကသိုလ်ဝင်စာမေးပွဲနိုင်ငံတော်အဆင့်  ဝိဇ္ဇာဘာသာတွဲ တွင်တတိယ၊ စတုတ္ထနှင့် သိပ္ပံဘာသာတွဲ()ဘာသာဂုဏ်ထူးရှင်()ဦးတို့အား ဂုဏ်ပြုဆုများ ချီးမြှင့်ခဲ့ကြပြီး  ကျောင်းသား၊ သူလေးများ၏တေးသီချင်းများဖြင့် ကပြဖျော်ဖြေမှုများ ကိုကြည့်ရှုအားပေး ခဲ့ကြကာ  ကပြဖျော်ဖြေခဲ့သော အကအဖွဲ့များအတွက် ဂုဏ်ပြုချီးမြှင့် ငွေများပေးအပ်ခဲ့သည်။

            ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ၂၀၂၅ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးတွင် ထူးချွန်စွာ အောင်မြင်ခဲ့သူများ၏ မှတ်တမ်းဓာတ်ပုံများ၊ လှပသာယာ ပြည်မြန်မာ ရောင်စုံဓာတ်ပုံများပြခန်း၊ ၂၀၂၅-၂၀၂၆ပညာသင်နှစ်၊ ကျုံပျော်မြို့နယ်၏ ကျောင်းအပ်နှံရေးနေ့သီတင်းပတ်လှုပ်ရှားမှုများ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲ၊ စကားပုံဆက်/ အရုပ်ဆက်ပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲ(အလယ်တန်းအဆင့်) ကျောင်းစာကြည့်တိုက်နှင့်အားကစားပြိုင်ပွဲများတွင် ကျောင်းသား၊ ကျောင်းသူလေးများ စိတ်ပါဝင်စားပျော်ရွှင်စွာ ပါဝင်ဆင်နွှဲနေမှုများကို လှည့်လည် ကြည့်ရှုအားပေးခဲ့ကြပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က သရုပ်ပြ ဖျော်ဖြေနေမှုမြားကို ကြည့်ရှုအားပေးခဲ့ပြီး ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

 

DOCA (ဧရာဝတီ)

ဆေးနှင့်ဆေးဝါးဆက်စပ်ပစ္စည်းများ ဈေးကွက်စောင့်ကြည့်စစ်ဆေး

  စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ဦးမြင့်စိုး(ဒု-ဦးစီးမှူး)ဦး ဆောင်၍ ဝန်ထမ်း(၂)ဦးသည် ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ (၆) ရက်နေ့ နံနက် (၁၁ : ၀၀ ) အချိန်တွင် လွိုင်ကော်မြို့ပေါ်ရှိ ဆေးနှင့်ဆေးဝါးဆက်စပ်ပစ္စည်းအရောင်းဆိုင်များသို့ ဈေးနှုန်းမြှင့်တင် ရောင်းချခြင်း၊ ဆေးနှင့်ဆေးပစ္စည်းများပြတ်လပ်ခြင်း၊ စပ်ဆေးများနှင့် သက်တမ်းလွန် ဆေးဝါးများရောင်းချနေမှု ရှိ/မရှိ စစ်ဆေးခြင်းတို့ကို မိတ်ဖက်ဌာနများနှင့်ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာတွင် ဆေးဆိုင်များ၌ အိမ်သုံးဆေးဝါးများ နှင့်ဆေးဝါးဆက်စပ်ပစ္စည်းများပြတ်လပ်မှုမရှိကြောင်း၊ သက်တမ်းလွန်ဆေးဝါးများရောင်းချ ခြင်းမရှိကြောင်း၊ ဆေးဝါးများဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမရှိဘဲ ဈေးကစားခြင်းအလို့ငှာ သိုလှောင်ထားခြင်းလည်းမရှိကြောင်း၊  ဆေးများကို ရန်ကုန်မြို့၊ မန္တလေးမြို့၊ တောင်ကြီးမြို့၊ အောင်ပန်းမြို့တို့တွင် ဖြန့်ဖြူးရောင်းချနေသောကုမ္ပဏီများထံမှ မှာယူရောင်းချကြောင်း စစ်ဆေးတွေ့ရှိရပြီး ဆေးဆိုင်လုပ်ငန်းရှင်များအနေဖြင့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန၏ ဆေးဝါးမှတ်ပုံတင်ပါရှိသော ဆေးဝါးများသာဝယ်ယူရောင်းချကြရန် အသိပညာပေးဈေးကွက်စောင့်ကြည့်စစ်ဆေးဆောင်ရွက်ခဲ့ကြောင်းသတင်းရရှိပါသည်။

DOCA(ကယား)

တိုင်းဒေသကြီးဝန်ကြီးချုပ် ၂၀၂၅-၂၀၂၆ခုနှစ်၊ မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် စုပေါင်းဓာတ်မြေ ဩဇာကြဲပက်ပွဲနှင့် ပေါင်းလိုက်တမန်းနှိုးပွဲအားကြည့်ရှုအားပေး

          ၂၀၂၅-၂၀၂၆ခုနှစ်၊ ဩဂုတ် ၆ရက်နေ့တွင် မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် စုပေါင်းဓာတ်မြေဩဇာကြဲပက်ပွဲနှင့် ပေါင်းလိုက်တမန်းနှိုးပွဲကို ယနေ့နံနက်ပိုင်းက ကျုံပျော်မြို့နယ်၊ ပျဉ်ချဆိပ်ကျေးရွာ တောင်သူဦးကြည်ဝင်း၏ စိုက်ဧက (၁၃)ဧကတွင်ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်တက်ရောက်ကြည့်ရှု အားပေးခဲ့သည်။

           ဦးစွာတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျုံပျော်မြို့နယ်၊ ပျဉ်ချဆိပ်ကျေးရွာ တောင်သူဦးကြည်ဝင်း၏ စိုက်ဧက(၁၃)ဧကတွင်ပြုလုပ်သည့် ၂၀၂၅-၂၀၂၆ခုနှစ်၊ မိုးစပါးပန်းတိုင် အထွက်နှုန်းရရှိရေးအတွက် စုပေါင်းဓာတ်မြေဩဇာကြဲပက်ပွဲနှင့် ပေါင်းလိုက်တမန်းနှိုးခြင်းနှင့် တိုင်းဒေသကြီးအတွင်းအစိုက်အများဆုံး အထွက်နှုန်းနှင့် အရည်အသွေးကောင်းစပါးမျိုး(၁၈) မျိုးအား ယှဉ်ပြိုင်စမ်းသပ်စိုက်ပျိုးထားရှိမှု အခြေအနေများအား ကြည့်ရှုအားပေးခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က စိုက်ပျိုးရေးကိုအခြေခံသည့်တိုင်းဒေသကြီးဖြစ်သည်နှင့် အညီ သီးနှံစုံပန်းတိုင် အထွက်နှုန်းရောက်ရှိရေးအတွက် အခြေခံလိုအပ်သည့် မျိုး၊ မြေ၊ ရေ၊ နည်း မှန်ကန်စွာ စိုက်ပျိုးနိုင်ရေးဆောင်ရွက်ရန်၊  သဘာဝမြေဩဇာနှင့်ဓာတ်မြေဩဇာ အချိုးကျသုံးစွဲရန်နှင့် တိုင်းဒေသကြီး၏ မိုးစပါးပန်းတိုင် အထွက်နှုန်းရောက်ရှိစေရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြရန် မှာကြားခဲ့ပြီး စုပေါင်းဓာတ်မြေဩဇာကြဲပက်ခြင်းနှင့် ပေါင်းလိုက် တမန်းနှိုးဆောင်ရွက်ခဲ့ကြသည့် တောင်သူများအား စားသောက်ဖွယ်ရာများပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

  စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးတင်မောင်ထွန်း သည် ၁၁.၈.၂၀၂၅ ရက်နေ့တွင် မြစ်ကြီးနားမြို့၊ အေးစေတီရပ်ကွက် အတွင်းရှိ ‌ဘရူနိုင်း မုန့်တိုက်သို့ သွားရောက်၍ စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းပြီး ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိ စေရေး၊ ဘေးအန္တရာယ်ရှိသော ကုန်စည်များ ဈေးကွက်အတွင်း မှ ပပျောက်စေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ကိုက်ညီမှုရှိ/မရှိဈေးကွက် စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

      ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ဘရူနိုင်း အမှတ်တံဆိပ်ပါ သီးစုံကိတ် တွင် ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)အရ ကုန်စည်ပေါ်တွင် မြန်မာဘာသာဖြင့် ဖော်ပြရမည့် အမျိုး အမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း နှင့် ဓါတ်မတည့် ကြောင်းဖော်ပြချက်တို့ ပြည့်စုံစွာဖော်ပြပါရှိကြောင်း စစ်‌ဆေးတွေ့ရှိရပြီး မုန့်တိုက်ပိုင်ရှင်အား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုမရှိသည့် ကုန်စည်များဈေးကွက်အတွင်း မရောင်းချရန် အသိပညာ ပေးဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ လက်ကမ်းစာစောင်များ  ဖြန့်ဝေခဲ့ပါ သည်။

DOCA(ကချင်)

 

ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

  စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးတင်မောင်ထွန်း သည် ၉.၈.၂၀၂၅ ရက်နေ့၊ ၁၀:၄၀ နာရီအချိန်တွင် မြစ်ကြီးနားမြို့၊ စည်ပင်သာယာရေစင်ဈေးတိုက်တန်း ရှိ လက်လီဖြန့်ဖြူးရောင်းချသော ကံချား(ကုန်စုံဆိုင်)သို့ သွားရောက်၍ စားသုံးသူများ ဘေးအန္တရာယ် ကင်းရှင်းပြီး ထုတ်ကုန်လုံခြုံစိတ်ချရမှု ရှိစေရေး၊ ဘေးအန္တရာယ်ရှိသော ကုန်စည်များ ဈေးကွက်အတွင်း မှ ပပျောက်စေရေးနှင့် စားသုံးသူ ကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် ပတ်သက်၍ ကိုက်ညီမှု ရှိ/ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

   ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် နို့နှင့်နို့ထွက်ပစ္စည်းအမျိုးမျိုးတွင် ပါဝင်သည့် OnE TEa အမှတ်တံဆိပ်ပါ နို့ဆီတွင် ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)အရ ကုန်စည်ပေါ်တွင် မြန်မာဘာသာ ဖြင့်ဖော်ပြရမည့် အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းနှင့် ဓါတ်မတည့်ကြောင်းဖော်ပြချက်တို့ပြည့်စုံစွာ ဖော်ပြပါရှိကြောင်း စစ်‌ဆေးတွေ့ရှိရပြီး ကုန်စုံဆိုင်ပိုင်ရှင် ဦးကံချားအား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုမရှိသည့် ကုန်စည်များ ဈေးကွက် အတွင်း မရောင်းချရန် အသိပညာပေး ဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်း ဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါသည်။

DOCA(ကချင်)

ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

  စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ ဦးတင်မောင်ထွန်း(ရုံးအုပ်) သည် ၁၀.၈.၂၀၂၅ ရက်နေ့၊ ၁၃း၀၀ နာရီအချိန်တွင် မြစ်ကြီးနားမြို့၊ ရွှေညောင်ပင်ရပ်ကွက်ရှိ ဒေါ်ဝင်းဝင်း (ကုန်စုံဆိုင်) သို့ သွားရောက်၍ စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းပြီး ထုတ်ကုန်လုံခြုံစိတ်ချရမှု ရှိစေရေး၊ ဘေးအန္တရာယ်ရှိသော ကုန်စည်များဈေးကွက်အတွင်းမှပပျောက်စေရေးနှင့် စားသုံးသူ ကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ကိုက်ညီမှုရှိ / မရှိ ဈေးကွက် စောင့်ကြည့် စစ်ဆေး ခဲ့ပါသည်။

  ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် OK အမှတ်တံဆိပ်ပါ ကြက်သားစည်သွပ်ဘူး တွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ထားသော ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) အရ ကုန်စည်ပေါ်တွင် မြန်မာဘာသာဖြင့် ဖော်ပြရမည့် အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ သုံးစွဲပုံနည်းလမ်း၊ ထားသိုသိမ်းဆည်းမှုအညွှန်းနှင့် ဓာတ်မတည့်ကြောင်းဖော်ပြ ချက်တို့ ပြည့်စုံစွာဖော်ပြပါရှိကြောင်း စစ်‌ဆေးတွေ့ရှိရပြီး ကုန်စုံဆိုင်ဆိုင်ပိုင်ရှင်‌ဒေါ်ဝင်းဝင်း အား  ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုမရှိသည့် ကုန်စည်များဈေးကွက်အတွင်းမရောင်းချရန် အသိပညာပေး ဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါသည်။

DOCA(ကချင်)

ပုသိမ်မြို့ဧရာရွှေဝါခန်းမတွင် စပါးမျိုးစေ့ချကိရိယာ(Drum seeder )များထုတ်လုပ်ရောင်းချရေးအစည်းအဝေးပြုလုပ်

           ပုသိမ်မြို့ ဧရာရွှေဝါခန်းမတွင် ဩဂုတ်လ ၆ ရက်နေ့တွင် ဆန်၊ စပါးအများဆုံး စိုက်ပျိုးထုတ်လုပ်လျက်ရှိသော  ဧရာဝတီတိုင်းဒေသကြီးအတွင်း လယ်ယာ စိုက်ပျိုးရေး ကဏ္ဍာအတွက် အရေးပါသော အရည်အသွေးမြှင့် မျိုးစေ့ချကိရိယာ(Drum seeder) များထုတ်လုပ်ဖြန့်ဖြူးရောင်းချနိုင်ရေး လုပ်ငန်းအစည်းအဝေးကို ကျင်းပပြုလုပ်ရာ ဧရာဝတီ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ စားသုံးသူရေးရာဦးစီးဌာန တိုင်းဦးစီးမှူးနှင့် အခြားဌာနဆိုင်ရာများ (Drum seeder) ထုတ်လုပ် ရောင်းချသူများ တက်ရောက်ခဲ့ပါသည်။

             အဆိုပါအစည်းအဝေးတွင် မအူပင်ခရိုင်၊ ကျုံပျော်ခရိုင်၊ လပွတ္တာခရိုင်၊ မြန်အောင်ခရိုင်၊ ဟင်္သာတခရိုင်၊ဖျာပုံခရိုင်အတွင်းရှိစက်မှုဇုန်များတွင် ထုတ်လုပ်ရောင်းချသည့် (Drum seeder) များကျင်းပပြီး အဆိုပါမျိုးစေ့ချကိရိယာ၏ ထူးခြားချက်နှင့် အားသာချက်မှာ လက်ဖြင့် ကြဲပတ်ရသည့်မျိုးစပါးသုံးစွဲမှုကို လျှော့ချပေးနိုင်ပြီး ပေါ့ပါးခိုင်ခန့်၍ အလွယ်တကူသုံးစွဲနိုင်ကြောင်း သိရသည်။ အဆိုပါ(Drum seeder)ကိုသုံးစွဲရန်လူတစ်ယောက်သာလိုအပ်ပြီး  ကောက်စိုက်ခြင်းအတွက် သာလုပ်သားလိုအပ်ချက်ကို လည်းလျှော့ချနိုင်ပါသည်။ လွယ်ကူရိုးရှင်းသော စနစ်ကျမျိုးစေ့ချပြီး ပြည်ပသုံးစွဲလျှေ့ချနိုင်သောလယ်ယာ စက်ကိရိယာ ဖြစ်ပါသည်။ စိုက်ပျိုးရေးဦးစီးဌာနနှင့် ပူးပေါင်း၍ တိုင်းအတွင်းစပါးစိုက်တောင်သူများအား ၂၀၂၅-၂၀၂၆ မိုးစပါး ရာသီတွင်ရောင်းချရန်စီစဉ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးအသိပညာပေး

  စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူအခွင့်အရေးများ အပြည့်အဝရရှိစေရန်၊ကုန်စည်များဘေးအန္တရာယ်ကင်းရှင်းပြီးထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးအတွက်ဦးဇေယျာအောင်(ခရိုင်ဦးစီးမှူး)သည် ၁၁.၈.၂၀၂၅ရက်နေ့ တွင် မြစ်ကြီးနားမြို့၊ အေးစေတီရပ်ကွက်ရှိ ကိတ်နှင့်မုန့်မျိုးစုံထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့်လုပ်ငန်းရှင်(၁)ဦးနှင့်တွေ့ဆုံ၍အသိပညာပေးဆောင်ရွက်  ခဲ့ပါသည်။

  ထိုသို့အသိပညာပေးဆောင်ရွက်ခဲ့ရာတွင် ဦးဇေယျာအောင်(ခရိုင်ဦးစီးမှူး)က လုပ်ငန်းရှင်အား စားသုံးသူကာကွယ်ရေးဥပဒေပါစီးပွားရေးလုပ်ငန်းရှင်၏အဓိပ္ပာယ်နှင့်တာဝန်များ၊ကုန်စည်နှင့်စပ်လျဉ်း၍အာမခံပေးချက်ပေးရမည့်အချက်များ၊ ကုန်စည်နှင့်စပ်လျဉ်း၍အာမခံပေးထားမှုအပေါ် စားသုံးသူက တောင်းဆိုနိုင်သည့်အခွင့်အရေးများ၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက် အမှတ်(၂/၂၀၁၉)ပါ အစားအသောက်များကုန်စည်အုပ်စုတွင်ပါဝင်သည့် အသင့်စားမုန့်အမျိုးမျိုးတွင်  မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြရမည့်အချက်များ၊ စီးပွားရေးလုပ်ငန်းရှင်အနေဖြင့် သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်များပြည့်စုံမှုရှိပြီး ကုန်အညွှန်းအမှတ်အသားများဖော်ပြရာတွင် ကိုက်ညီမှုရှိမရှိအား စားသုံးသူရေးရာဦးစီးဌာနတွင်တင်ပြလျှောက်ထားရန်၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်များကိုက်ညီကြောင်း ပြန်ကြားစာရရှိပြီးမှသာ ဈေးကွက်သို့တင်ပို့ရောင်းချရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေပြဋ္ဌာန်းချက်ပါ  ပြစ်မှုပြစ်ဒဏ်များအကြောင်း  အသိပညာပေးဆွေးနွေးခဲ့ပါသည်။

DOCA(ကချင်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ