Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

SMK (Store)သို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

  စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးကျော်မိုးလွင်သည် ၇.၈.၂၀၂၅ ရက်နေ့တွင် မိုးညှင်းမြို့၊ နားခါရပ်ကွက် အတွင်းရှိ SMK (Store)သို့ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်၍ စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဌာန်းချက်များ နှင့် ကိုက်ညီခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

  ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ Trio အမှတ်တံဆိပ်ပါ အသင့်ဖျော်ကော်ဖီသည် အသင့်ဖျော် ကော်ဖီထုပ်အမျိုးမျိုးတို့တွင် ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ မြန်မာဘာသာဖြင့် ပြည့်စုံစွာ ဖော်ပြရမည့် ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက် အသားတင်ပမာဏ၊ သုံးစွဲပုံနည်းလမ်းတို့ကို ကုန်အညွှန်းအမှတ်အသားဖော်ပြထားခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေး ခဲ့ရာ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြထားရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး Storeဆိုင် ပိုင်ရှင်အား ကုန်ပစ္စည်းအမျိုးမျိုး ဖြန့်ဖြူးရောင်းချရာတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်စွာ ဖော်ပြထားသော ကုန်ပစ္စည်းများကိုသာ ဝယ်ယူဖြန့်ဖြူးရောင်းချရန် အသိပညာပေး ဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါသည်။

DOCA(ကချင်)

 

အွန်လိုင်းစနစ်ရောင်းချခြင်းဆိုင်ရာလုပ်ငန်းများအား အသိပညာပေးဟောပြော

   စားသုံးသူရေးရာဦးစီးဌာန၊     မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ ဦးကျော်မိုးလွင် (ဌာနခွဲစာရေး) သည် ..၂၀၂၅ ရက်နေ့တွင် မိုးညှင်းမြို့၊ စက်ကုန်းရပ်ကွက်အတွင်းရှိ အဝတ်အထည်အမျိုးမျိုး ရောင်းဝယ်ရေးလုပ်ငန်းရှင်များအား မိုးညှင်းခရိုင်ဦးစီးမှူးရုံ၌ တွေ့ဆုံ၍ အသိပညာပေးဟောပြောပွဲပြုလုပ် ဆောင် ရွက်ခဲ့ပါသည်။

      ထိုသို့ ဟောပြောရာတွင် စားသုံးသူ၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်း လုပ်ငန်း၏ အမည်နှင့် အဓိပ္ပာယ်ဖွင့်ဆိုချက်၊ စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ စီးပွားရေး လုပ်ငန်းရှင်၏ တာဝန်များ၊ အွန်လိုင်းမှ ဈေးဝယ်ယူခြင်း၏ အားသာချက်၊ အားနည်းချက်၊အွန်လိုင်းမှလိမ်လည်မှုပုံစံ(၂) မျိုး၊ အွန်လိုင်း ရောင်းချမှု လုပ်ငန်းများနှင့် စပ်လျဉ်း၍ စိစစ်သင့်သည့်အချက်များ၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ စားသုံးသူများ စိစစ်သင့်သည့် အချက်အလက်များ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာအမှတ် ၅၀/၂၀၂၃ အရ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်း လုပ်ငန်းကို အရေးကြီး ဝန်ဆောင်မှုလုပ်ငန်းအဖြစ် သတ်မှတ်ထားရှိမှု အခြေအနေ၊ အွန်လိုင်း စနစ်ဖြင့် ရောင်းချခြင်း လုပ်ငန်းမှတ်ပုံတင်ခြင်းဆိုင်ရာ အမိန့်ကြော်ငြာစာအမှတ် ၅၁/၂၀၂၃ အား လိုက်နာ ဆောင်ရွက်ရန် ကုန်သွယ်ရေးဦးစီးဌာန၏ eComReg System ၏ Report နှင့် ပတ်သက်သည့် အသုံးပြုရန်နည်းလမ်းများ၊ တရားမဝင်တင်သွင်းလာသည့် ကုန်ပစ္စည်းများအား အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများ ဆောင် ရွက်ခြင်းမပြုရန်၊ စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ပြည့်စုံစွာ ဖော်ပြထားသော ကုန်စည်များကိုသာ ဝယ်ယူရောင်းချခြင်းပြုရန်၊ အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေပါ ပြစ်မှုပြစ်ဒဏ်များအကြောင်း အသိပညာပေးဆွေးနွေးခဲ့ပါ သည်။   

DOCA(ကချင်)

နှစ်ရှည်ပင်များသုနေသနနှင့်နည်းပညာဖွံ့ဖြိုးရေးခြံ(မုဒုံ)တွင် အမျိုးသားအဆင့် ရော်ဘာအစေးခြစ်လုပ်သားကျွမ်းကျင်မှုအဆင့်(၁) သင်တန်းဆင်းပွဲ

   မွန်ပြည်နယ်၊ ပြည်နယ်ဦးစီးမှူးမှ ယခုသင်တန်းသည် (၁၆) ကြိမ်မြောက်သင်တန်း ဖြစ်ကြောင်း၊ အပတ်စဥ်(၁ မှ ၁၆)ကြိမ်အထိ တက်ရောက်ပြီးသော သင်တန်းသားများကို စိုက်ပျိုးရေးဦးစီးဌာနမှ အစေးခြစ်ကျွမ်းကျင်ပညာရှင်များအဖြစ် အသိအမှတ်ပြုပါကြောင်း၊ အစေးခြစ်သင်တန်း မတက်ရောက်ဖြစ်ခဲ့သော အစေးခြစ်လုပ်သားများကိုလည်း ဆင့်ပွားနည်း ပညာများ ဖြန့်ပေးစေလိုကြောင်း၊ မွန်ပြည်နယ်အတွက် ရော်ဘာသီးနှံကို ပန်းတိုင်သီးနှံအဖြစ် အဆိုပြုတင်ပြထားပြီးဖြစ်ရာ project အနေဖြင့် ရော်ဘာသီးနှံကို မြေပြင်ကွင်းဆင်းစစ်ဆေး ဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ ယခုသင်တန်းကို ဖွင့်လှစ်ဖြစ်အောင်ဦးစီးဆောင်ရွက်ပေးသော နှစ်ရှည်သီးနှံညွှန်ကြားရေးမှူး၊ သင်ကြားပေးပါသော ဆရာကြီးဦးဝင်းတင်နှင့် ဆရာ၊ ဆရာမများ၊ တာဝန်ရှိဝန်ထမ်းများအားလုံးကို ကျေးဇူးတင်ပါ​ကြောင်း ပြောကြားသွားပါသည်။ အငြိမ်းစား ပညာရှင်ဆရာကြီး ဦးဝင်းတင်မှ သင်တန်းသားများစိတ်ပါဝင်စားစွာတက်ရောက်တာကို တွေ့ရှိရ ကြောင်း၊ သင်တန်းတွင် အစေးခြစ်ပညာနှင့်အစေးစုသိမ်းပုံများကို သင်ကြားပေးခဲ့ခြင်း ဖြစ်ကြောင်း၊ စနစ်တကျပေါက်ခြစ်စနစ်နှင့် အစေးခြစ်ခြင်းကြောင့်အခေါက်ကျနှုန်းသက်သာပြီး စီးပွားရေးသက်တမ်းပိုရှည်မှာဖြစ်ကြောင်း၊ အထွက်အကောင်းဆုံးမျိုးကို ရွေးချယ်စိုက်ပျိုးကြ စေလိုကြောင်းဆွေးနွေးပြောကြားသွားပါသည်။

   ထို့နောက် သင်တန်းတွင် ဆုရရှိသော သင်တန်းသား၊ သင်တန်းသူများအား ဆုချီးမြှင့် ပေးအပ်ခဲ့ပြီး သင်တန်းဆင်းပွဲ ကို (၁၁း၃၀) နာရီတွင်ရုတ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

  DOCA (မွန်)

မုဒုံမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲပြုလုပ်

   မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးခြင်း၊ စားသုံးသူ ကာကွယ်ရေး အသိပညာပေးဟောပြောပွဲ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်း နှင့် နံရံကပ်ပိုစတာ၊ စာအုပ်စာစောင်ပြပွဲကို ၆.၈.၂၀၂၅ ရက်နေ့ (၁၃း၃၀) နာရီအချိန်တွင် အခြေခံပညာမူလတန်းကျောင်း (မှိန်ကနိမ်း)ကျောင်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

  ဦးစွာမုဒုံမြို့နယ်ပညာရေးမှူးရုံးမှ လက်ထောက်ပညာရေးမှူး ဒေါ်မြင့်မြင့်စိန်က အမှာ စကားပြောကြားပြီး မုဒုံမြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိက ကျောင်းသား/သူများ အသိပညာဗဟုသုတများပြည့်စုံစေရန်နှင့်စာဖတ်ရှိန်မြင့်မားစေရေးအတွက် ကျောင်းစာအပြင် ပြင်ပစာပေများဖြစ်သည့် ရုပ်ပြ၊ ကာတွန်း စသည့် စာအုပ်စာစောင်များကို လေ့လာဖတ်ရှုကြရန်နှင့် အကျိုးအကြောင်း အဆိုးအကောင်းများကို ဝေဖန်ပိုင်းခြားနိုင်ရေး အတွက် စာပေများကို ဖတ်ရှုလေ့လာကြရန် ပြောကြားပြီး၊ စားသုံးသူရေးရာဦးစီးဌာန မုဒုံမြို့နယ်တာဝန်ခံမှ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ​၊ ကုန်စည်နှင့်ဝန်ဆောင်မှုများအား ဝယ်ယူသုံးစွဲရာတွင် သတိပြုရမည့်အချက်များ၊ ကုန်ညွှန်းအမှတ်အသားနှင့်ပတ်သက်သည့် အချက်များ၊ စားသုံးသူထိခိုက်နစ်နာဆုံးရှုံးမှုများရှိပါက တိုင်ကြားနိုင်သည့်နည်းလမ်းများကို ရှင်းလင်းပြောကြားခဲ့ပြီး ဟောပြောပွဲသို့ ဆရာ၊ ဆရာမ (၁၀) ဦးနှင့် ကျောင်းသား၊ ကျောင်းသူ (၂၂၁) ဦး တက်ရောက်ခဲ့ပြီး စာဖတ်ရှိန်မြင့်မားစေရေးအတွက် စာဖတ်စွမ်းရည်ပြိုင်ပွဲများနှင့် စာအုပ်စာစောင်များ၊ စားသုံးသူအသိပညာပေး နံရံကပ်ပိုစတာများ ပြသဆောင်ရွက်ပေးခဲ့ပြီး ကျောင်း သား/သူများက စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုခဲ့ကြောင်း သိရသည်။

DOCA (မွန်)

မုဒုံမြို့နယ်၊ အ.လ.က (ခွဲ) မြိုင်ကုန်းကျောင်းရှိ ကျောင်းမုန့်ဈေးတန်းအား ဈေးကွက်ကွင်းဆင်းစစ်ဆေး

    မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်တာဝန်ခံ ဦးညီလွင်အေးသည် ကျောင်းကျန်းမာရေးကော်မတီနှင့်ပူးပေါင်း၍ (..၂၀၂) ရက်နေ့တွင် မုဒုံမြို့နယ်၊ အ..က (ခွဲ) မြိုင်ကုန်းကျောင်းရှိ ကျောင်းမုန့်ဈေးတန်းအား ကွင်းဆင်း စစ်ဆေး ခဲ့ကြောင်း သိရှိရသည်။

    ထိုသို့ စစ်ဆေးရာတွင် ကျောင်းမုန့်ဈေးတန်းအတွင်းရောင်းချနေသော မုန့်များတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ပါရှိမှု ရှိ/မရှိ၊ သက်တမ်းလွန်မုန့်များရောင်းချနေခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ရာ ကျောင်းမုန့်ဈေးတန်းတွင် ရောင်းချနေသောမုန့်များတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ပါရှိပြီး၊ သက်တမ်းလွန်မုန့်များ ရောင်းချနေမှု မရှိကြောင်း စစ်ဆေးတွေ့ရှိရပါသည်။

DOCA (မွန်)

အခြေခံစားသောက်ကုန်ဈေးနှုန်း တည်ငြိမ်ရေး ညောင်တုန်းမြို့နယ်တွင် ကွင်းဆင်းစစ်ဆေး

        ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ညောင်တုန်းမြို့တွင်အခြေခံစားသောက်ကုန်ပစ္စည်းများအားစျေးနှုန်းမှန်ကန်စွာ ရောင်းချနေမှုရှိ/ မရှိ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူများက (၆-၈-၂၀၂၅) ရက်နေ့နံနက်ပိုင်းတွင် မြို့မဈေးအတွင်း ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

          ညောင်တုန်း မြို့နယ်စားသုံးသူရေးရာဦးစီးဌာနက ဒေါ်ချိုမီဇင် ဒု-ဦးစီးမှူးနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့မှဦးဆောင်၍ ညောင်တုန်းမြို့၊ မြို့မဈေးကြီးအတွင်း ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ကြက်သွန်၊ အာလူး၊ ငရုတ်သီး၊ ကြက်ဥ၊ ဘဲဥစသည့်အခြေခံစားသောက်ကုန်ပစ္စည်းများနှင့် အသား၊ ငါး၊ ဟင်းသီးဟင်းရွက်များအား ကုန်ဈေးနှုန်းမြင့်တက်ရောင်းချမှုမရှိစေရေးနှင့် ကုန်ပစ္စည်းများအား ဈေးနှုန်းမှန်ကန်စွာရောင်းချစေရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံသည် အထည်စက်ရုံလုပ်ငန်းလုပ်ကိုင်သည့် လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေး

    စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ ပြည်နယ်ဦးစီးမှူးရုံးမှ၊ ထုတ်ကုန်လုံခြုံစိတ်ချရ မှုဌာနခွဲတာဝန်ခံ ဦးစီးမှူး ဒေါ်စောကြည်သည် ..၂၀၂ ရက်နေ့တွင် ပြည်နယ်ဦးစီးမှူးရုံး၌ အထည်စက်ရုံလုပ်ငန်းလုပ်ကိုင်သည့် လုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

          ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံက လုပ်ငန်းရှင်အား စားသုံးသူကာကွယ်ရေး ဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်လျှောက်ထားခြင်းနှင့် စပ်လျဉ်းသည့်ကိစ္စရပ်များ၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာကိစ္စရပ်များအား ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

ရွှေတောင်မြို့နယ်တွင် စားသုံးသူအသိပညာပေးဟောပြောပွဲပြုလုပ်ခြင်း

  ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ဆည်ကြီးကုန်းအုပ်စုရှိ အ.လ.ကချည်မျှင် ကျောင်းတွင် (၆.၈.၂၀၂၅)ရက်နေ့ နံနက်(၉:၀၀)နာရီမှ (၁၁:၀၀)နာရီအထိ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံရုံးမှဝန်ထမ်းများသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ အသိ ပညာပေးဟောပြောပွဲကျင်းပခဲ့ပါသည်။  စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံရုံးမှဒုဦးစီးမှူး ဒေါ်ဇင်မာချောစုကြည်မှ ကုန်အညွှန်းအမှတ်အသား(၈)ချက်နှင့် စားသုံးသူအခွင့်အရေးများအကြောင်းကို လည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ငြိမ်းငြိမ်းသန့်မှ ကလေးအလုပ်သမားများအကြောင်းနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအကြောင်းများကို ကျောင်းသား/သူ (၁၈၃)ဦးအားအသိပညာပေးဟောပြောခဲ့ပါသည်။

DOCA(ပဲခူး)

အသင့်စားမုန့်အမျိုးမျိုးရောင်းချနေမှုအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

           ဧရာဝတီတိုင်းဒေသကြီး၊ ဓနုဖြူမြို့နယ်၌ အသင့်စားမုန့်အမျိုးမျိုးနှင့်စပ်လျဥ်း၍ စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို (၆--၂၀၂၅)ရက်နေ့ နံနက်ပိုင်းက ဓနုဖြူမြို့နယ် စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့က ၂ရပ်ကွက်၊ ၃ရပ်ကွက် တို့တွင် ဆောင်ရွက်ခဲ့သည်။

           အဆိုပါ စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ဓနုဖြူမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဝင်းမင်းစိုး၊ စျေးတာဝန်ခံနှင့် တာဝန်ရှိသူအသီးသီးတို့က စျေးကွက်အတွင်း ရောင်းချနေသော အသင့်စားမုန့်အမျိုးမျိုးတွင် ကုန်အမှတ်အသားပြည့်စုံစွာ ဖော်ပြခြင်းရှိ၊ မရှိ၊ သက်ဆိုင်ရာဌာနများက ကန့်သတ်တားမြစ်ထားသည့် မုန့်များရောင်းချခြင်းရှိ၊ မရှိ၊ သက်တမ်းလွန် မုန့်များရောင်းချခြင်း ရှိ/မရှိ၊ စားသုံးသူဘေးအန္တရာယ်ဖြစ်စေနိုင်သော မုန့်များရောင်းချနေမှုရှိ၊ မရှိတို့အား စစ်ဆေးခြင်းနှင့် သတ်မှတ်စံချိန်စံနှုန်းနှင့် ကိုက်ညီ၍ သက်ဆိုင်ရာဌာနများမှ ခွင့်ပြုထားသော ကုန်ညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားသော အသင့်စားမုန့်များကိုသာ စျေးကွက်အတွင်း ရောင်းချခြင်းများ ပြုလုပ်ကြရန်နှင့် စျေးကွက်အတွင်း ရောင်းချခြင်းမပြုသည့် မုန့်များကို ရှောင်ရှားကြရန် ဆိုင်ရှင်များအား အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ရွှေဘိုခရိုင်ဦးစီးမှူးရုံးတွင် (၇/၂၀၂၅) ကြိမ်မြောက် Thursday Talk ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင် ရေး အထောက်အကူပြု အသိပညာပေးဟောပြောဆွေးနွေး

 စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ ဝန်ထမ်းအိမ်ယာရှိ ရွှေဘိုခရိုင်ဦးစီးမှူး၏ တိုက်ခန်း၌ (၂၄.၇.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်တွင် ရွှေဘိုခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများအား စွမ်းဆောင်ရည်မြင့်မားစေရန် ရည်ရွယ်၍ (၇/၂၀၂၅) ကြိမ်မြောက် Thursday Talk ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး အထောက်အကူပြု အသိပညာ ပေး ဟောပြောဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ရာ ဝန်ထမ်း(၁၀)ဦး တက်ရောက်ခဲ့ပါသည်။

  အဆိုပါ Thursday Talk ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး အထောက်အကူပြု အသိပညာ ပေး ဟောပြောဆွေးနွေးပွဲတွင် ဒု-ဉီးစီးမှူး ဒေါ်ပြည့်ဖြိုးဝေ က ကုန်အညွှန်းအမှတ်အသားဖော်ပြ ခြင်း နှင့်စပ်လျဉ်း၍ ဈေးကွက်မရောက်မီကုန်စည် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းအကြောင်း ကို   အကျယ်တဝင့်ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ