Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မလှိုင်မြို့နယ်တွင် Myro တွင် ဆန်စပါးသိုလှောင်ရုံမှတ်ပုံတင်ခြင်းအကြောင်း သိကောင်းစရာအသိပညာပေး Talk Show ကျင်းပ

        မန္တလေးတိုင်း‌ဒေသကြီး၊မိတ္ထီလာခရိုင်၊စားသုံးသူရေးရာဦးစီးဌာန၊ခရိုင်ဦးစီးမှူး၏လမ်းညွှန်မှုဖြင့်မလှိုင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်သွယ်ရေးဦးစီးဌာနနှင့်ပူးပေါင်း၍  Myro တွင် ဆန်စပါး သိုလှောင်ရုံမှတ်ပုံတင်ခြင်းအကြောင်း သိကောင်းစရာအသိပညာပေး Talk Show ၂၀၂၅ခုနှစ် ၊ ဇူလိုင်လ ၂၅ ရက်နေ့ နေ့လည်(၁၀၀၀)နာရီချိန်တွင် ဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါ ဟောပြောပွဲတွင် မိတ္ထီလာမြို့နယ်တာဝန်ခံ ဒေါ်စိမ်းစိမ်းထွေးမှ Myro တွင် ဆန်စပါးသိုလှောင်ရုံ မှတ်ပုံတင်ဆောင်ရွက်ခြင်းနှင့် ဆောင်ရွက်ရသည့် ရည်ရွယ်ချက်များ၊ Myro  တွင် ဆန်စပါးသိုလှောင်ရုံ မှတ်ပုံတင်ခြင်းလုပ်ငန်းကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလမှ စတင်ဆောင်ရွက် ခဲ့ကြောင်း၊ Myro တွင် ဆန်စပါးသိုလှောင်ရုံမှတ်ပုံတင်လျှင် Online စနစ်ဖြင့် မှတ်ပုံတင်ဆာင်ရွက် ရမည်ဖြစ်ကြောင်း၊ ဆန်တန်ချိန် (၂၅) တန်နှင့်အထက် (သို့) စပါးတန်ချိန် (၂၅၀၀) နှင့်အထက် သိုလှောင်ရုံတစ်မျိုးမျိုး ပိုင်ဆိုင်သူများအနေနှင့် www.myro.com.mm တွင် မှတ်ပုံတင်ဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၂၃) ရက်နေ့ နောက်ပိုင်းတွင် ဆန်တန်ချိန် (၂၅) တန်နှင့်အထက် စပါးတင်း (၂၅၀၀) နှင့်အထက် သိုလှောင်သည့် မည်သည့်လုပ်ငန်းရှင်မဆို Myro တွင် ဆန်စပါးသိုလှောင်ရုံကို မှတ်ပုံမတင်ထားလျှင် အမိန့်ကြောငြာစာအမှတ် (၈၂/၂၀၂၄) အရ စီမံခန့်ခွဲမှု ဆိုင်ရာ ချမှတ်ခံရမည်ဖြစ်ကြောင်းနှင့် ပြစ်ဒဏ်များအကြောင်း ဆွေးနွေးခဲ့ပြီး (၁၀း၃၀) အချိန်တွင် ဆွေးနွေးပွဲ ပြီးမြောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

ပခုက္ကူမြို့၊ အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်းရှိ မုန့်ဈေးတန်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေး

         စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှု၊ ခရိုင် ဦးစီးမှူး၏ကြီးကြပ်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ မြို့နယ်တာဝန်ခံဦးဇော်မင်းဦးနှင့် ဝန်ထမ်းများ သည် ကုန်စည်(၁၀)မျိုးမှ အသင့်စားမုန့်အမျိုးမျိုးအား ကုန်အညွှန်းအမှတ်အသားပြီးပြည့်စုံပြီး ဘေး အန္တရာယ်ရှိသောကုန်စည်များ ဈေးကွက်အတွင်းမှပပျောက်စေရန် ရည်ရွယ်၍ (..၂၀၂၅)ရက်နေ့၊ နံနက်(၀၉:၀၀)အချိန်တွင် ပခုက္ကူမြို့၊ အမှတ်()အခြေခံပညာအလယ်တန်းကျောင်းရှိ မုန့်ဈေးတန်း ဆိုင်များသို့ သွားရောက်၍ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရသည်။

     ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် အသင့်စားမုန့်အမျိုးမျိုးအား ရောင်းချနေသည့် ဆိုင်ရှင်များအား ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားနှင့်စပ်လျဉ်း၍ မြန်မာဘာသာဖြင့် ဖော်ပြထားခြင်း ရှိ/မရှိနှင့် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက် အမှတ်(/၂၀၁၉)နှင့်အညီ ပြည့်စုံစွာဖော်ထားရှိသော ကုန်စည်များကိုသာ ရောင်းချ ရန်နှင့် သက်တမ်းလွန်ပစ္စည်းများကို ရောင်းချခြင်းမပြုရန် ဈေးကွက်စောင့် ကြည့်စစ်ဆေးခဲ့ပြီး ဆိုင်ရှင်များအနေဖြင့် ကျောင်းသား၊ ကျောင်းသူများ ဝယ်ယူစားသောက်နေသော မြန်မာ့ရိုးရာ အစားအစာများ၊ အသုပ်များတွင် ခြင်၊ ယင် မနားစေရေန် သေချာစွာဖုံးအုပ်၍ ရောင်းချစေလိုကြောင်း၊ စားသုံးသူအခွင့်အရေးများနှင့် လုပ်ငန်းရှင်များ၏ တာဝန်များကိုလည်း သိရှိစေရန် အသိပညာပေး ဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

DOCA(မကွေး)

၂၀၂၅ခုနှစ်၊ ဇူလိုင်လတွင် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်နိုင်မှုအခြေအနေ

         စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ထည့်သွင်းဖော်ပြထားခြင်းရှိ/မရှိ၊ စားသုံး သူများ နေ့စဉ်အသုံးပြုလျက်ရှိသော ကုန်စည်နှင့်ဝန်ဆောင်မှုများ ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံ စိတ်ချရမှုရှိစေရေး၊ ကုန်စည်များကို သတ်မှတ်စံချိန်စံညွှန်းများ၊ ညွှန်ကြားချက်များနှင့် ကိုက်ညီမှု ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။ ဈေးကွက်စောင့်ကြည့် စစ်ဆေးရာတွင် မိတ်ဘက်ဌာနဆိုင်ရာ များနှင့်ပူးပေါင်း၍သော်လည်းကောင်း၊ စားသုံးသူကာကွယ် ရေးဥပဒေအရ ခန့်အပ်ထားသော စစ်ဆေးရေးအရာရှိများက ဦးဆောင်၍သော်လည်းကောင်း ဆောင်ရွက်လျက်ရှိပါသည်။

     ပခုက္ကူခရိုင်အနေဖြင့် ဇူလိုင်လတွင် ခရိုင်ဦးစီးမှူးနှင့်ဦးစီးအရာရှိတို့မှ ဦးဆောင်၍ ပခုက္ကူ မြို့နယ်တာဝန်ခံ၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံနှင့် ဝန်ထမ်းများသည် သောက်ရေသန့် အမျိုးမျိုးအား ဦးစားပေးကုန်စည်အဖြစ် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ထည့်သွင်း ဖော်ပြထားခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ပခုက္ကူမြို့ပေါ်ရပ်ကွက်များရှိ ကုန်စုံ ဆိုင်၊ စတိုးဆိုင်များတွင် (၄)ကြိမ်၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမုန့်ဈေးတန်းတွင် (၁)ကြိမ်၊ ဆိပ်ဖြူမြို့နယ်မှ အနောက်ပိုင်းရပ်ကွက်နှင့် ပတ္တမြားဈေးရှိ ကုန်စုံဆိုင်၊ စတိုးဆိုင်တွင် (၂)ကြိမ်၊ ဂန့်ဂေါမြို့မဈေးရှိ ကုန်စုံဆိုင်များတွင်(၁)ကြိမ်၊ စုစုပေါင်း ဈေးကွက်စောင့်ကြည့် စစ်ဆေး ခြင်း(၈)ကြိမ်၊ ဈေးကွက်မရောက်မီ ဆုံဆီထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းရှင်များထံသို့ ကွင်းဆင်း ဆောင်ရွက်ခြင်းအား ပခုက္ကူမြို့မှ(၁)ကြိမ်၊ ဆိပ်ဖြူမြို့မှ (၁)ကြိမ်၊ စားအုန်းဆီ အမျိုး မျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း(၂)ကြိမ်၊ အထူးဈေးကွက်အနေဖြင့် စားသုံးဆီနှင့် စက်သုံးဆီအား သတ်မှတ်ရည်ညွှန်းဈေးများနှင့် အချဉ်အတွယ်မှန်ကန်မှုရှိစေရန် မိတ်ဖက်ဌာနများ နှင့်ပူးပေါင်းဆောင်ရွက်ကွင်းဆင်းခဲ့ကြပြီး ဌာန၏ဥပဒေ၊ အမိန့်နှင့်ညွှန်ကြားချက်ပါ အကြောင်းအရာ များကို အသိပညာပေးဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

ထို့ပြင် အွန်လိုင်းမှတ်ပုံတင်ခြင်းဆိုင်ရာများနှင့်စပ်လျဉ်း၍ ပခုက္ကူမြို့ပေါ်ရှိ အွန်လိုင်းစနစ်ဖြင့် ရောင်းချနေသော ယခင်အွန်လိုင်းမှတ်ပုံတင်ထားသည့်လုပ်ငန်းရှင်များအား အွန်လိုင်းစနစ်ဖြင့် ရောင်းချသည့် လုပ်ငန်းဆိုင်ရာအမိန့်ကြော်ငြာစာများ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေး လုပ်ငန်းရှင်၏ တာဝန်မျာနှင့်ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များ သိရှိစေရန် အသိပညာပေး ခြင်း၊ အစားအသောက်ရောင်းချသည့် ဝန်ဆောင်မှုကဏ္ဍအနေဖြင့်လည်း ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ စားသောက်ဆိုင်များသို့ သွားရောက်၍ အစားအသောက် ရောင်းချသည့် ဝန်ဆောင်မှုကဏ္ဍအား  အသိပညာပေးဆွေးနွေးခြင်း ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

DOCA(မကွေး)

 

အွန်လိုင်းမှတ်ပုံတင်ထားသည့်လုပ်ငန်းရှင်ထံသို့ မြေပြင်ကွင်းဆင်းစစ်ဆေး

           စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တိုင်းဒေသကြီးဦး စီးမှူး၏ လမ်းညွှန်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ပခုက္ကူမြို့၌ အွန်လိုင်းမှတ်ပုံ တင်ထားသည့် လုပ်ငန်းရှင်များသည် မြို့နယ်အတွင်း ရောင်းချနေသောလုပ်ငန်း၊ နေရပ်လိပ်စာနှင့် ကုန်စည်များသည် မြေပြင်တွင် အမှန်တကယ်ကိုက်ညီမှုရှိ/မရှိ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း လုပ်ငန်းကို (၆.၈.၂၀၂၅)ရက်နေ့၊ နံနက်(၁၁:၃၀)အချိန်တွင် မှတ်ပုံတင်ထားသည့်လုပ်ငန်းရှင်ထံသို့ သွားရောက် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ပခုက္ကူခရိုင်ဦးစီးမှူးက အွန်လိုင်းဖြင့် ရောင်းချသည့် လုပ်ငန်း ရှင်အား အွန်လိုင်းရောင်းချခွင့် လုပ်ငန်းမှတ်ပုံတင်လျှောက်ထားစဉ်က ဖြည့်သွင်းထားသည့် နေရပ်လိပ်စာ၊ ရောင်းချရန် ကုန်စည်(သို့)ဝန်ဆောင်မှုအမျိုးအစားစာရင်းများ ကိုက်ညီမှုရှိ/မရှိ မေးမြန်းစစ်ဆေးခဲ့ပြီး အွန်လိုင်းရောင်းချမှုလုပ်ငန်းနှင့်စပ်လျဉ်း၍ မြေပြင်စစ်ဆေးခြင်းလုပ်ငန်းကို လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျဆောင်ရွက်လျက်ရှိပြီး မှတ်ပုံတင်လက်မှတ်ရရှိပြီးနောက် တာဝန်ဖောက်ဖျက်မှုရှိ/မရှိကို မြေပြင်ကွင်းဆင်းဆောင်ရွက်ခြင်း လုပ်ငန်းစဉ်အတိုင်း စစ်ဆေး ဆောင်ရွက်မည်ဖြစ်ပြီး တွေ့ရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရအရေးယူ ဆောင် ရွက်နိုင်ကြောင်း၊ စားသုံးသူကာကွယ်ရေး ဥပဒေ၂၀၁၉အရလည်း အရေးယူခံရမည်ဖြစ်ကြောင်းနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့် အ‌ရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အကြောင်းများကို အွန်လိုင်းစနစ်ဖြင့် ရောင်းချသည့်လုပ်ငန်းရှင်အား သိရှိနိုင်စေရန် အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

DOCA(မကွေး)

 

ပခုက္ကူမြို့၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းရှိ မုန့်ဈေးတန်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေး

          စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှု၊ ခရိုင် ဦးစီးမှူး၏ကြီးကြပ်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးရှိ စားသုံးသူရေးရာဌာနခွဲ တာဝန်ခံနှင့် ဝန်ထမ်းများ သည် ဦးစားပေးကုန်စည်(၁၀)မျိုးမှ အသင့်စားမုန့်အမျိုးမျိုးအား ကုန်အညွှန်းအမှတ်အသား ဖော်ပြ ချက်ပါအချက်အလက် များပြည့်စုံပြီး ဘေးန္တရာယ်ရှိသော ကုန်စည်များဈေးကွက်အတွင်းမှ ပပျောက် စေရန်ရည်ရွယ်၍ (..၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၃၀)အချိန်တွင် ပခုက္ကူမြို့၊ အမှတ်() အခြေခံ ပညာအထက်တန်းကျောင်းရှိ မုန့်ဈေးတန်းဆိုင်()ဆိုင်သို့ သွားရောက်၍ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရသည်။

          ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် အသင့်စားမုန့်အမျိုးမျိုးအား ရောင်းချနေသည့် ဆိုင်ရှင် များအား ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားနှင့်စပ်လျဉ်း၍ မြန်မာဘာသာဖြင့် ဖော်ပြ ထားခြင်းရှိ/မရှိနှင့် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ထားသည့် ညွှန်ကြား ချက်အမှတ် (/၂၀၁၉)နှင့်အညီ ပြည့်စုံစွာဖော်ထားရှိသော ကုန်စည်များကိုသာရောင်းချရန်၊ သက် တမ်းလွန်ပစ္စည်းများကို ရောင်းချခြင်းမပြုရန် ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပြီး ဆိုင်ရှင်များအနေ ဖြင့် ကျောင်းသား၊ ကျောင်းသူများ ဝယ်ယူစားသောက်နေသော မြန်မာ့ရိုးရာအစားအစာများ၊ အသုပ် များတွင် ခြင်၊ ယင်မနားစေရန် သေချာစွာဖုံးအုပ်၍ ရောင်းချစေလိုကြောင်း၊ စားသုံးသူအခွင့်အရေး များနှင့် လုပ်ငန်းရှင်များ၏ တာဝန်များကိုလည်းသိရှိစေရန် အသိပညာပေးဆွေးနွေးခဲ့ပြီး လက်ကမ်း စာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။     

DOCA(မကွေး)

ဧရာအနောက်မြို့တော်ရှိ ကျောင်းသား၊ ကျောင်းသူများ အသိပညာရရှိဖို့ စားသုံးသူကာကွယ်ရေး ဥပဒေအား ဟောပြောဆွေးနွေးစို့

          စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးနှင့် ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ စားသုံးသူရေးရာဌာနခွဲတာဝန်ခံနှင့်ဝန်ထမ်းများသည် (၇.၈.၂၀၂၅)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် စားသုံးသူကာကွယ်ရေးအသိပညာများ ရရှိစေရန် ရည်ရွယ်၍ အမှတ်()အခြေခံပညာအထက်တန်းကျောင်း၌  ဆရာ၊ ဆရာမ(၁၀)ဦးနှင့် ကျောင်း သား၊ ကျောင်းသူ(၂၃၂)ဦး၊ စုစုပေါင်း(၂၄၂)ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

          စားသုံးသူရေးရာဌာနခွဲတာဝန်ခံက ဌာန၏သမိုင်းကြောင်းနှင့် လုပ်ငန်းဆောင်ရွက်ချက်များ၊ ဌာန၏မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ Online ရောင်းဝယ် မှုဆိုင်ရာ အသိပညာများအကြောင်းအားလည်းကောင်း၊ ငွေစာရင်းဌာနခွဲမှ ဝန်ထမ်းတစ်ဦးက စားသုံး သူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဆိုင်ရာ ဖော်ပြချက်များ၊ နစ်နာဆုံးရှုံးမှုများ ဖြစ် ပေါ်လာပါက မိမိတို့ဌာနမှ စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေး စင်တာ (CICC) ဖွင့်လှစ်ထားရှိပြီဖြစ်၍ တိုင်ကြားနိုင်သူများနှင့် တိုင်ကြားနိုင်သည့်နည်းလမ်းများ၊ Consumer Call Center (1535)သို့ စားသုံးသူရေးရာကိစ္စနှင့်ပတ်သက်၍ စုံစမ်းမေးမြန်း တိုင်ကြား နိုင်သည့်အကြောင်းအားလည်းကောင်း  Power Point ဖြင့် အသေးစိတ်ရှင်းလင်း ဆွေးနွေးခဲ့ပြီး စားသုံးသူကာကွယ်ရေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

DOCA(မကွေး)

အသင့်စားမုန့်အမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံသူရေးရာဦးစီးဌာန၊ ကျွန်းလှမြို့နယ်တာဝန် ခံရုံးအနေဖြင့်  ဇူလိုင်လ(၂၂)ရက်နေ့ နံနက် (၀၈:၃၀)နာရီ အချိန်တွင် ကျွန်းလှမြို့ပေါ်ရပ်ကွက်အတွင်းရှိ ကုန်မျိုးစုံအရောင်းဆိုင်များအား  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်ရဲတပ်ဖွဲ့စခန်း မြိုနယ် ကျန်းမာရေးဦးစီးဌာန မြို့နယ်စည်ပင်သာယာရေးအဖွဲ့ စားသုံးသူရေးရာဦးစီးဌာန၊  ကျွန်းလှမြို့နယ် တာဝန်ခံတို့ ပူးပေါင်းအဖွဲ့သည် အသင့်စားမုန့်အမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ ကြောင်း သိရှိရပါသည်။

     ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်ရာတွင် ကျွန်းလှမြု့နယ်တာဝန်ခံမှ ဌာနအနေ ဖြင့် ထုတ်ကုန်များ လုံးခြုံစိတ်ချရမှု ရှိစေရေးအတွက် ဈေးကွက်မရောက်မီ ကုန်စည်နှင့် ဈေးကွက်ရောက်ပြီး ကုန်စည်များကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ လစဉ် လျာထားချက်ပြည့်မီအောင် ဆောင်ရွက် လျက်ရှိကြောင်း စားသုံးသူကာကွယ်ရေး ဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့် တာဝန်များ၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်း အကြောင်းများ၊  ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ်(/၂၀၁၉)ပါအကြောင်းများ၊ အသင့် စားမုန့်အမျိုးမျိုးတွင် ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား အရေအတွက်နှင့်အသားတင်ပမာဏ၊ ထားသို သိမ်းဆည်မှုအညွှန်း နှင့် ဓါတ်မတည့်ကြောင်းဖော်ပြချက် တို့ကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာ နှင့်အခြားဘာသာတစ်ခု(သို့မဟုတ်)တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ဖော်ပြရမည်ဖြစ်ကြောင်းတို့ကို အသိပညာပေး ဆွေးနွေးပြောကြားခဲ့ပြီး ညွှန်ကြားချက်အမှတ် (/၂၀၁၉)ပါ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ ကြောင်း  သတင်းရှိရပါသည်။

DOCA(စစ်ကိုင်း)

 

ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေး

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူး ရုံးအနေဖြင့် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲများ၊  စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံပြီး ဥပဒေ၊ အမိန့်နှင့် ညွှန်ကြားချက်များအား ရှင်းလင်းဆွေးနွေးခြင်းများ ဆောင်ရွက်လျက် ရှိသည့်အပြင် ထုတ်ကုန်များလုံခြုံ စိတ်ချရမှုရှိစေရေးနှင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ထည့်သွင်းဖော်ပြရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို လစဉ်ဆောင်ရွက်လျက်ရှိရာ ရွှေဘိုခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ခရိုင်ဦးစီးမှူးဦးဆောင်၍ စားသုံးသူရေးရာဌာနခွဲတာဝန်ခံနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံတို့သည် (၂၂.၇.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်တွင် ရွှေဘိုမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ ‌ရွှေယမင်းကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်ရှိ ဟင်းလျာများတွင် အရောင်အနံ့အရသာအတွက် အသုံးပြုသော ပစ္စည်းများအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

      ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ဒု-ခရိုင်ဦးစီးမှူးက ဌာနအနေဖြင့် ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ဈေးကွက်ရောက်ပြီးကုန်စည်များအပြင် ဈေးကွက်မရောက်မီကုန်စည်များ ကိုလည်း ဈေးကွက်စောင့်ကြည့်စစ်ဆေးလျက်ရှိကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေး လုပ်ငန်းရှင်၏တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းအကြောင်းများ၊ ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက် အမှတ်(၂/၂၀၁၉)ပါအကြောင်းများ၊ ဟင်းလျာများတွင် အရောင်အနံ့အရသာအတွက် အသုံးပြုသော ပစ္စည်းအမျိုးမျိုးတွင် ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့်အသားတင်ပမာဏ၊ သုံးစွဲပုံ နည်းလမ်း၊ ထားသိုသိမ်းဆည်းမှုအညွှန်းနှင့် ဓါတ်မတည့်ကြောင်းဖော်ပြချက်တို့ကို မြန်မာဘာသာဖြင့် ဖြစ်စေ၊  မြန်မာဘာသာနှင့် အခြားဘာသာတစ်ခုသို့မဟုတ် တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ဖော်ပြရမည် ဖြစ်ကြောင်း၊ စားသုံးသူများသာမက စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဌာနမှဆောင်ရွက်နေသော လုပ်ငန်းများကိုသိရှိလိုပါက ရုံးဖွင့်ရက်ရုံးချိန်အတွင်း Consumer Call Center No 1535သို့ ဆက်သွယ်မေးမြန်းနိုင်သည့်အကြောင်းများကို ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

ကန့်ဘလူမြို့နယ်တွင် အစားအသောက်ဝန်ဆောင်မှုလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး

    စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးသည်၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၂ ရက်နေ့ နံနက် ၁၀:၀၀နာရီအချိန်တွင် ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်း သည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေး၊ မြို့နယ်စည်ပင်၊ မြို့နယ်ရဲတပ်ဖွဲ့ပါဝင်သော ပူးပေါင်းအဖွဲ့သည့် ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်အတွင်းရှိ စားသောက်ဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

    ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် စားသောက်ဆိုင်ပတ်ဝန်းကျင် သန့်ရှင်းသပ်ရပ်မှု ရှိ/မရှိ၊ မီးဖိုချောင်များ သန့်ရှင်းသပ်ရပ်မှုရှိ/မရှိ၊ အစားအသောက်များအား စနစ်တကျချက်ပြုတ်ရောင်းချခြင်း ရှိ/မရှိ စစ်ဆေးခဲ့ကြောင်း၊ ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ စားသုံးသူများအား လုံလောက်သည့် သတင်းအချက်အလက်များကို အသိပေးဖော်ပြထားရန်နှင့် ရောင်းချသည့် စားသောက်ဖွယ်ရာများ၏ အမျိုးအစား၊ အရွယ်အစားအလိုက် ဈေးနှုန်းများအား ပွင့်လင်းမြင်သာစွာ ကြိုတင်အသိပေးဖော်ပြထားရန် အသိပညာပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

စားအုန်းဆီအခြေခံလက်ကား ရည်ညွှန်းဈေးနှုန်း တစ်ပိဿာ ငွေကျပ် ၆,၂၈၅ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ

     စားသုံးသူပြည်သူများ စားသုံးဆီဝယ်ယူစားသုံးရာတွင် ဘေးအန္တရာယ် ကင်းရှင်းသော စားသုံးဆီများကို သင့်တင့်သောဈေးနှုန်းဖြင့်  ဝယ်ယူစားသုံးနိုင်စေရန်နှင့် ပြည်တွင်းလိုအပ်ချက်များကိုဖြည့်ဆည်းပေးနိုင်ရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရပါသည်။

  ပြည်တွင်းလိုအပ်ချက်ကိုဖြည့်ဆည်းပေးနိုင်ရေးစားအုန်းဆီကို ပြည်ပမှဝယ်ယူတင်သွင်းရာတွင် စားအုန်းဆီတင်ပို့သည့်နိုင်ငံများ၏ စျေးနှုန်းအတက်အကျပေါ်မူတည်၍ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြစ်ပေါ်စေရေးကို ထိန်းကျောင်းဆောင်ရွက်လျက်ရှိသည်။

  ပြည်ပမှစားအုန်းဆီထုတ်လုပ်တင်ပို့သည့်နိုင်ငံများတွင် ဈေးကွက်နှင့် ဈေးနှုန်းဖြစ်ပေါ် မှုများအရ ၂၀၂၅ ခုနှစ်၊ ဩဂုတ် ၁၁ ရက်နေ့မှ ၁၇ ရက်နေ့အထိ ရန်ကုန်အထိုင်ဈေး အခြေခံ လက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီတစ်ပိဿာလျှင် ငွေကျပ်၆,၂၈၅ဖြစ်ကြောင်း စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက အသိပေး ထုတ်ပြန်ကြေညာထားကြောင်း သိရှိရပါ​သည်။   

  ပြည်တွင်းဈေးကွက်အတွင်း အဆိုပါထုတ်ပြန်ကြေညာထားသည့် စျေးနှုန်းထက်   ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းအပါအဝင် မသမာသည့် လုပ်ဆောင်မှုများ ပြုလုပ်ပါက အရေးကြီး ကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ကြောင်း သိရှိရသည်။

   စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို အပတ်စဉ်တနင်္လာနေ့တိုင်းထုတ်ပြန်ကြေညာလျက်ရှိပြီး စားသုံးသူပြည်သူများအနေဖြင့် စားသုံးသူရေးရာဦးစီးဌာန၏ Website: www.doca.gov.mm၊  Facebook Page  နှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်း၏ Facebook Page တို့တွင် ဝင်ရောက် ကြည့်ရှုလေ့လာနိုင်ကြောင်း သိရှိရပါသည်။

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ