Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးတွင် ဝန်ထမ်းများမိတ်ဆုံစားပွဲကျင်းပပြုလုပ်ခြင်း

    ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်နေ့၊ နေ့လယ် (၁၂း၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးတွင် ဝန်ထမ်းများ မိတ်ဆုံစားပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။

    အဆိုပါမိတ်ဆုံစားပွဲတွင် တိုင်းဒေသကြီးဦးစီးမှူးရုံးရှိ ဝန်ထမ်းများမှ အသစ်ပြောင်းရွှေ့ရောက်ရှိလာသော ဦးစီးအရာရှိအား ချစ်ကြည်ရင်းနှီးစွာဖြင့် တစ်ဦးချင်းမိတ်ဆက်ခြင်းနှင့် တိုင်းဒေသကြီး ဦးစီးမှူးမှဝန်ထမ်းအား ချစ်ကြည်ရင်းနှီးစွာ ထားဝယ်အစားအစာများဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

 

ထားဝယ်အထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီ OSSC (6/2025-2026) အစည်းအဝေးသို့ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးမှ Zoom Meeting ဖြင့် တက်ရောက်

    ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်နေ့၊ နံနက်(၁၀:၃၀)အချိန်တွင် ထားဝယ်အထူးစီးပွား ရေးဇုန်စီမံခန့်ခွဲမှုကော်မတီ OSSC (6/2025-2026)အစည်းအဝေးသို့ တနင်္သာရီတိုင်းဒေသကြီးဦးစီး မှူးမှ Virtual ဖြင့် တက်ရောက်ခဲ့ပါသည်။

      ထိုအစည်းအဝေး၌ ထားဝယ်အထူးစီးပွား‌ရေးဇုန် ဥက္ကဋ္ဌမှ အဖွင့်အမှာစကားပြောကြားခြင်း၊ ဒုတိယဥက္ကဋ္ဌမှ ရှင်းလင်းတင်ပြခြင်း၊ MC + OSSC အဖွဲ့ဝင်များမှလည်း အသီးသီးတင်ပြဆွေးနွေးခဲ့ကာ ဥက္ကဋ္ဌမှ နိဂုံးချုပ်အမှာစကားပြောကြား၍ အစည်းအဝေးအား (၁၂း၀၀)နာရီ အချိန်တွင် ရုတ် သိမ်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

 

“ ကွမ်းခြံကုန်းမြို့နယ် ဈေးကွက်အတွင်းအလှကုန်ပစ္စည်းအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း ”

          ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ကုန်စည်အမျိုးအစားအလိုက် ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများကို ဆောင်ရွက်လျက်ရှိရာ ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး၏ ညွှန်ကြားချက်နှင့် အညီ ယခုလအတွင်း (၁၀)ဂရမ်နှင့်အထက် အလှကုန်ပစ္စည်းအမျိုးမျိုးအား  စက်တင်ဘာလ (၅)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ကွမ်းခြံကုန်းမြို့နယ် မြို့မဈေးသို့ ပူးပေါင်းအဖွဲ့ဖြင့်  ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

          ထိုသို့ ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ရာတွင် ကွမ်းခြံကုန်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အမျိုးသမီးကျန်းမာရေးဆရာမ ဒေါ်သန်းသန်းစိုး မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဈေးတာဝန်ခံ ဦးထွန်းထွန်း၊ စာရင်းကိုင်-၃ အဆင့် ဒေါ်ခိုင်သဇင်၊ မြို့နယ်စား သုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်နွယ်နွယ်အေးနှင့် ဌာနခွဲစာရေး ဦးတင်ထွန်းဦးတို့ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ကွမ်းခြံကုန်းမြို့နယ် မြို့မဈေးအတွင်း အလှကုန်ပစ္စည်းအမျိုးမျိုး ရောင်းချသော နှင်းဆီမ (အလှကုန်ပစ္စည်းဆိုင်)၊ ဒေါ်ငြိမ်းငြိမ်းသူ (အလှကုန်ပစ္စည်းဆိုင်)၊ ဦးလှရှိန် (အလှကုန်ပစ္စည်းဆိုင်)၊ နွေးနွေး (အလှကုန်နှင့်ကုန်မျိုးစုံရောင်းဝယ်ရေး)ဆိုင်တို့မှ (၁၀ဂရမ် အထက်အလှကုန်ပစ္စည်းများဖြစ်သော Hearty Heart (MOCHI) ALMOND MILK SCRUB အယ်လ်မွန်စေ့နီ ချေးချွတ် မျက်နှာသစ်, Bellaအမှတ်တံဆိပ် ( PRO COLLAGEN) အသားရေနုပျို တင်းရင်းမျက်နှာသစ် All SWEET (ကိုယ်လိမ်းပေါင်ဒါ) GLOW Lovely အမှတ်တံဆိပ် (နေ့စဉ်လိမ်းခရင်မ်) Bella အမှတ်တံဆိပ်  Acne Treatment Serum စီရမ် (ဝက်ခြံပျောက်ကင်း စီရမ်),VELVET အမှတ်တံဆိပ် အသားလှဆီ (CICARECIPE) အမှတ်တံဆိပ် SERUM CUSHION (စီရမ်ကုရှင်)ပုံမှန်အသားရေတို့တွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာပါရှိမှုရှိ/ မရှိ ကွင်းဆင်းစိစစ်ခဲ့ကြောင်း သိရသည်။

          ထို့နောက် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်နွယ်နွယ်အေးက အလှကုန်ပစ္စည်းများသည် စားသုံးသူများ၏ ခန္ဓာကိုယ်ပြင်ပများနှင့် ခန္ဓာကိုယ်တို့ သန့်ရှင်းလှပ ကျန်းမာစေရန် နေ့စဉ်သုံးစွဲနေကြသော ပစ္စည်းများဖြစ်သောကြောင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံသော ကုန်စည်များကိုသာ ရွေးချယ်ဝယ်ယူရောင်းချကြန်ရန် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရန် အလှကုန်များတွင်ပါရှိရမည့် ကုန်အညွှန်းအမှတ်အသားများကို လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး ကွင်းဆင်းပညာပေး စိစစ်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ထားဝယ်မြို့ပေါ်ရှိ ဆေးဆိုင်များအား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

      ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်နေ့ ၊ ၉း၀၀ နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိနှင့် ဝန်ထမ်းများသည် အစားအသောက်နှင့်ဆေးဝါးကွပ်ရေးဦးစီးဌာနမှ ဦးဆောင်၍ မိတ်ဖက်ဌာနများဖြစ်ကြသော အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ၊ စည်ပင်သာယာရေးအဖွဲ့တို့ဖြင့် ပူးပေါင်း၍ ထားဝယ်မြို့ပေါ်ရှိဆေးဆိုင်များအား စျေးကွက်စောင့်ကြည့် စစ်ဆေးခြင်းဆောင်ရွက်ခဲ့သည်။

       ထိုသို့ဆောင်ရွက်ရာတွင် စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ထောက်ခံချက်များမပါရှိသည့် တရားမဝင်ဆေး ဝါးများ ရောင်းချနေမှုများ ရှိ/မရှိ စစ်ဆေးခြင်း၊ သက်တမ်းကုန်လွန်သော ဆေးဝါးများနှင့်ဆေး ပစ္စည်းများ ရောင်းချနေမှုရှိ/မရှိ စစ်ဆေးခြင်းနှင့် မြန်မာနိုင်ငံဆေးဝါးရောင်းချမှု လိုင်စင်များ ရှိ/မရှိ စစ်ဆေးခြင်း၊ ဆေးဝါးပြတ်လတ်မှုများ ရှိ/မရှိ စစ်ဆေးခြင်းနှင့် ဆေးစျေးနှုန်းများ၏ စျေးကွက်အခြေ အနေများ မေးမြန်းစုံစမ်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။        

DOCA(တနင်္သာရီ)

ထားဝယ်မြို့ ကမ်းနားစျေးအတွင်းရှိ စျေးဆိုင်များသို့သွားရောက်၍ ကုန်‌စျေးနှုန်းအခြေအနေများ စုံစမ်းမေးမြန်းခြင်း

      ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်နေ့၊ နံနက်(၈း၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးအရာရှိနှင့်ဝန်ထမ်းများသည် အထူးစုံစမ်းစစ်‌ဆေးရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ ဗဟိုစာရင်းအင်းအဖွဲ့ တို့ဖြင့်ပူးပေါင်း၍ ထားဝယ်မြို့ ကမ်းနားစျေးအတွင်းရှိ စျေးဆိုင်များသို့ သွားရောက်၍ ကုန်စျေးနှုန်း အခြေအနေများနှင့်ပတ်သက်၍ စုံစမ်းမေးမြန်းခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

     မေးမြန်းစုံစမ်းရာတွင် စျေးကွက်အတွင်းရောင်းချလျက်ရှိသော စားသောက်ကုန်ပစ္စည်းများ၏ ယခင်စျေးနှုန်းများနှင့် လက်ရှိစျေးနှုန်းများအား စုံစမ်းမေးမြန်းခြင်း၊ စျေးနှုန်းများ မြင့်တက်လာခြင်း များနှင့်ပတ်သက်၍ စုံစမ်းမေးမြန်းခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

 

“ ကော့မှူးမြို့နယ်တောင်သူများသို့သီးနှံပေါ်ပေးစနစ်ဖြင့်သွင်းအားစုဓာတ်မြေဩဇာများ စာချုပ်ချုပ်ဆိုဖြန့်ဖြူးပေး ”

          ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် အကျုံးမဝင်သော မိုးစပါးစိုက်တောင်သူများသို့ သီးနှံပေါ်ပေးစနစ်ဖြင့် ယူရီးယားကွန်ပေါင်း ဓာတ်မြေဩဇာ သွင်းအားစုများကို စက်တင်ဘာလ(၅)ရက်နေ့၊ နေ့လယ်(၁၂:၀၀)နာရီအချိန်တွင် စာချုပ်ချုပ်ဆို ဖြန့်ဖြူးပေးခဲ့ကြောင်း သိရှိရသည်။

       ထိုသို့ ဖြန့်ဖြူးပေးခဲ့ရာတွင် ကော့မှူးမြို့နယ်အနေဖြင့် ဓာတ်မြေဩဇာ လက်ခံဖြန့်ဖြူးရေး ကြီးကြပ်မှုအဖွဲ့များအား သက်ဆိုင်သောဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဖွဲ့စည်းတာဝန်ပေး ဆောင်ရွက်လျက်ရှိရာ ဓာတ်မြေဩဇာ လက်ခံဖြန့်ဖြူးရေး ကြီးကြပ်မှုအဖွဲ့(၂)မှ အဖွဲ့ခေါင်းဆောင် မြို့နယ်မြေစာရင်းဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာန အဖွဲ့ဝင်အဖြစ် ဖွဲ့စည်းတာဝန်ပေးအပ်ထားသော ဌာနများမှ မြို့နယ်အဆင့်တာဝန်ရှိသူများသည် ဇရပ်ကုန်းကျေးရွာအုပ်စုအတွင်းရှိ မိုးစပါးသီးနှံစိုက်ပျိုးသော တောင်သူများအား စိုက်ပျိုးထားသည့်သီးနှံများ သတ်မှတ်ပန်းတိုင် အထွက်နှုန်းရရှိစေရေး Seeder တိုက်ရိုက်မျိုးစေ့ချ ကိရိယာဖြင့် တိုးချဲ့စိုက်ပျိုးထုတ်လုပ်နိုင်ရေးတို့အတွက် ယူရီးယား(၈၄)အိတ်၊ ကွန်ပေါင်း (၇၁)အိတ် စုစုပေါင်း (၁၅၅)အိတ်အား ကျေးရွာအုပ် စုအတွင်းရှိ မိုးစပါးစိုက် တောင်သူများ၏ စိုက်ပျိုးထားသော စိုက်ဧကများအလိုက် သွင်းအားစု ဓာတ်မြေဩဇာအိတ်များအား သီးနှံပေါ်ပေးစနစ် စာချုပ်ချုပ်ဆို ဖြန့်ဖြူးပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

မြိတ်မြို့၊ အမှတ်(၇)၊ အခြေခံပညာအထက်တန်းကျောင်းတွင် အသိပညာပေးဟောပြော

    တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများနှင့်အတူ မြိတ် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့သည် ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ(၉)ရက်နေ့၊ နံနက်(၁၀း၀၀) နာရီ အချိန်တွင် မြိတ်မြို့၊ မြို့သစ်ရပ်ရှိ အမှတ်(၇)၊ အခြေခံပညာအထက်တန်းကျောင်းသို့သွား ရောက်ပြီး ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ဆရာမတို့အား ကျန်းမာရေးဆိုင်ရာဗဟုသုတများနှင့် စားသုံးသူများဘေးအန္တရာယ်ကာကွယ်နိုင်ရေး အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ ကြောင်း သိရှိရပါသည်။

          အသိပညာပေးရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးဦးမျိုးဝင်းက စားသုံးသူ ရေးရာဦးစီးဌာန၏ မျှော်မှန်းချက်နှင့် ရည်မှန်းချက်များနှင့် စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းများ အကြောင်း၊ စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းရေး အတွက် လိုက်နာဆောင်ရွက်ရမည့်အချက် များ၊ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များအကြောင်း၊ ကုန်အညွှန်းအမှတ်အသားများအကြောင်း နှင့် နစ်နာမှုရှိပါကတိုင်ကြားနိုင်သော နည်းလမ်းများအား ရှင်းလင်းပြောကြားခဲ့ပြီး ကျန်းမာရေးဦးစီး ဌာနက ကျောင်းသူ၊ ကျောင်းသားများအား ကျန်းမာရေးစစ်ဆေးပေးခြင်နှင့် ရာသီပေါ်ရောဂါများ အကြောင်းပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။ အဆိုပါအသိပညာပေးပွဲတွင် ကျောင်းသူ၊ ကျောင်းသား၊ ဆရာ၊ ဆရာမဦးရေ (၂၅၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (တနင်္သာရီ)

 

 

မြိတ်မြို့၊ စားသုံးသူရေးရာဦးစီးဌာနတွင် ဒူးရင်းလုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေး

    ၂၀၂၅ခုနှစ်၊ သြဂုတ်လ(၈)ရက်နေ့၊ နံနက်(၁၀း၃၀)အချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးတွင် ခရိုင်ဦးစီးမှူးနှင့် ဒူးရင်းလုပ်ငန်းရှင်တို့ တွေ့ဆုံ ပြီး ဒူးရင်းအနှစ်ထုတ်ကုန်ထုတ်လုပ်နိုင်ရေး လိုအပ်သောအချက်များနှင့် ကုန်အညွှန်းအမှတ်အသား အကြောင်း တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

    ဒူးရင်းအနှစ်ထုတ်ကုန်အနေဖြင့် စားသောက်ကုန်ထောက်ခံချက်ပြုလုပ်ပြီး မြန်မာဘာသာ ဖြင့် ကုန်အမှတ်တံဆိပ်၊ အမျိုးအစား၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းပုံအညွှန်း၊ ဘေးထွက် ဆိုးကျိုးစသော ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး ကုန်အညွှန်း အမှတ်အသားဖော်ပြချက်ပြည့်စုံပါက ရုံးသို့လာရောက်လျှောက်ထားနိုင်ကြောင်း လက်ကမ်းစာစောင်များဖြန့်ဝေ၍ ဘေးအန္တရာယ်ကင်းရှင်စွာထုတ်လုပ်ရန် ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(တန‌င်္သာရီ)

 

 

 

 

တနင်္သာရီတိုင်း မြိတ်ခရိုင်သို့ရောက်ရှိလာသော ဆန်လှေများအားကွင်းဆင်းစစ်ဆေး

    တနင်္သာရီတိုင်း၊ မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ အကောက်ခွန် ဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနနှင့် မြိတ်ခရိုင်ရဲတပ်ဖွဲ့တို့သည် ၂၀၂၅ ခုနှစ်၊ သြဂုတ်လ(၈)ရက်နေ့တွင် မြိတ်မြို့၊ မြိတ်တောင်ကျေးရွာအုပ်စုရှိ Lucky -7 တံတားနှင့် ကျောက်ဖျာကျေးရွာရှိ OK ဆန်စက်တံတားသို့ ရောက်ရှိလာသော ဆန်လှေများအား ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

   အဆိုပါလှေများသည် ဧရာဝတီတိုင်းတွင် ဆန်များဝယ်ယူ၍ရောက်ရှိလာပြီး မြိတ်မြို့ရှိ Lucky -7 တံတားနှင့် OK ဆန်စက်တံတားတွင် ကမ်းကပ်ခဲ့ကြောင်းသိရှိရပါသည်။ Lucky -7 တံတားတွင် အောင်ရတနာသန်းလှေဖြင့် ဆန်တန် (၁၂၅)တန်နှင့် Mv-သန်းတိုးအောင်လှေဖြင့် ဆန်တန်(၂၀၀)တို့ ရောက်ရှိလာပြီး OK ဆန်စက်တံတားတွင် Mv-ရွေလမင်း(၅)လှေဖြင့် ဆန်တန် (၅၅၀)နှင့် Mv ရွေလက်ဝါးလှေဖြင့် ဆန်တန်(၃၀၀) ရောက်ရှိလာကြောင်း သိရှိရပါသည်။

          DOCA(တန‌င်္သာရီ)

 

 

 

 

 

 

မြန်မာနိုင်ငံ ဒူးရင်းစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအစုအဖွဲ့ (တနင်္သာရီတိုင်း)အသင်းအား ဖွဲ့စည်းခြင်းဆောင်ရွက်မှုအား မြိတ်ခရိုင်မှ ပူးပေါင်းဆောင်ရွက်

     ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ(၆)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် တနင်္သာရီတိုင်း ဒေသကြီးအစိုးရ၏ လမ်းညွှန်ချက်နှင့်အတူ တိုင်းဒေသကြီးစားသုံးသူရေးရာဦးစီးဌာနနှင့် တိုင်းစိုက် ပျိုးရေးဦးစီးဌာနတို့မှ မြန်မာနိုင်ငံဒူးရင်းစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအစုအဖွဲ့ (တနင်္သာ ရီတိုင်း)အသင်းအား ဖွဲ့စည်းနိုင်ရေးအတွက် Zoom Meetingဖြင့် ကျင်းပဆောင်ရွက်ခဲ့ပြီး မြိတ်ခရိုင် စားသုံးသူရေးရာဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနနှင့်စက်မှုကြီးကြပ်‌ဦးစီးဌာနတို့အပါအဝင် ဒူးရင်း စိုက်ပျိုး၊ ထုတ်လုပ်၊ တင်ပို့ရောင်းချသူများနှင့်အတူ ခရိုင်စိုက်ပျိုးရေးဦးစီးဌာန၊ အစည်း အဝေး ခန်းမတွင် အတူတကွ တက်‌ရောက်၍ မြန်မာနိုင်ငံ ဒူးရင်းစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများ အစုအဖွဲ့ (တနင်္သာရီတိုင်း)အသင်းအား ဖွဲ့စည်းခြင်းအား ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရပါ သည်။

    ဒူးရင်းစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအစုအဖွဲ့(တနင်္သာရီတိုင်း)အသင်းအားဖွဲ့စည်း ဆောင်ရွက်ရာတွင် ဒေသထွက်ကုန်များ ပြည်ပတင်ပို့ရာတွင် လွယ်ကူချော့မွေ့စေရေး၊ အစုအဖွဲ့များ ဖြင့်ဆောင်ရွက်ပါက ပိုမိုတိုးတက်လာပြီး အောင်မြင်စေရန်နှင့် အခွင့်အလမ်းကောင်းများရှိနိုင် ကြောင်းတို့ကိုပြောကြားခဲ့ပြီး စိုက်ပျိုးရေး နည်းပညာဖွံ့ဖြိုးတိုးတက်စေရန်အတွက်ကြိုးစားအား ထုတ်ပြီး အမြို့မြို့၊ အနယ်နယ်မှ အဖွဲ့အစည်းများဖြင့် ဆက်သွယ်မှုအားကောင်းစေရေး ဥက္ကဌ၊ အတွင်းရေးမှူး၊ ဘဏ္ဍာရေးမှူးနှင့် စာရင်းစစ်များဖြင့် ရွေးချယ်၍ ဖွဲ့စည်းဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တန‌င်္သာရီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ