Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မြိတ်မြို့ရှိ ဆန်အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး

    ကုန်စျေးနှုန်းတည်ငြိမ်ရေးအဖွဲ့ဝင်များသည် မြိတ်မြို့အတွင်း Super Market, Mini Mart များနှင့် ဆန်ဆိုင်များအား ကုန်စျေးနှုန်းတည်ငြိမ်စေရေး ကွင်းဆင်းစစ်ဆေးလျက်ရှိပြီး ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ (၁၀)ရက်နေ့၊ နံနက်(၉း၀၀)အချိန်တွင် မြိတ်မြို့၊ ရှမ်းချောင်းရပ်နှင့် ကန်ဖျားရပ်ရှိ ဆန်အရောင်းဆိုင်များအား သတ်မှတ်ရည်ညွှန်းစျေးများနှင့် ဒေသတွင်း ဖြစ်သင့်ဖြစ်ထိုက်သောစျေး နှုန်းများဖြင့် ရောင်းချနေခြင်းရှိ/ မရှိ ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

    ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေး‌‌ရေးဦးစီဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့၊ ခရိုင်ပြည်သူ့ကျန်းမာ‌ရေးဦးစီးဌာန၊ ခရိုင်စီမံကိန်းရေးဆွဲရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပါဝင်သောအဖွဲ့ဝင်များဖြင့် သတ်မှတ်ရည်ညွှန်း စျေးနှုန်းများဖြင့် ရောင်းချနေမှုများကိုစစ်ဆေးခဲ့ပြီး အလေးချိန်မှန်ကန်စွာ၊ ဖြစ်သင့်ဖြစ်ထိုက်သောစျေးနှုန်းများဖြင့် ရောင်းချရန်နှင့် စျေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားရှိမှုများမဖြစ်စေရေး ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(တနင်္သာရီ)

စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခြင်း

      ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ()ရက်နေ့၊ နံနက် (:၃၀)နာရီအချိန်တွင် စားသုံးသူရေးရာ ဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ကျိုင်းတုံမြို့၊ ..က (၃)၊ ကျောင်းခန်းမ အတွင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲသို့ တက်ရောက်သည့် ဆရာမ (၁၃)ဦးနှင့် ကျောင်းသား၊ ကျောင်းသူ (၁၆၈)ဦး စုစုပေါင်း (၈၁)ဦးအား လက်ကမ်းစာစောင်များ ဖြန့်ဝေပေးအပ်ကာ ဟောပြောပွဲအား ကျင်းပပြုလုပ်ခဲ့ပါသည်။

          ယင်းဟောပြောပွဲတွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း) စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ် ဦးစီးမှူးရုံးမှ ဦးစီးမှူး ဦးအောင်လင်းဦးက စားသုံးသူကာကွယ်ရေးဆိုင်ရာလုပ်ငန်းနှင့် ပတ်သက်၍ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေး ဟောပြောခဲ့ပါသည်။ စားသုံးသူ ကာကွယ်ရေးနှင့် ပတ်သက်၍ စားသုံးသူကာကွယ်ရေးဥပဒေပြဋ္ဌာန်းချက်ပါ စားသုံးသူ၏ အဓိပ္ပာယ် ဖွင့်ဆိုချက်များ၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေး၏လုပ်ငန်းရှင်၏တာဝန်နှင့်ဝတ္တရား များ၊ ကုန်စည်တစ်ခုကို ဝယ်ယူမည်ဆိုပါက စစ်ဆေးကြည့်ရှုရမည့် သိသင့်သိထိုက်သည့်အချက်များ၊ ဘေးဥပါဒ်အန္တရာယ်ဖြစ်စေနိုင်သည့် အစားအစာများနှင့် စားသုံးရန် သင့်/မသင့် သိရှိသင့်သည့် ကုန်အညွှန်းအမှတ်အသားပါအချက်များအား ရှင်းလင်းပြောကြားခဲ့ပါသည်။

DOCA(ရှမ်း)

 

 

ကျောင်းမုန့်ဈေးအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

     ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ () ရက်နေ့၊ နံနက် (၁၀၀၀)နာရီအချိန်တွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း) စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူးနှင့် ဝန်ထမ်းများ သည် ကျိုင်းတုံမြို့၊ ..က () ကျောင်းအတွင်းရှိ ကျောင်းမုန့်ဈေးအရောင်းဆိုင်များသို့ သွားရောက်၍ ၎င်းတို့ ရောင်းချနေသော စားသောက်ကုန်များတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်း အမှတ်အသား ပြည့်စုံမှန်ကန်စွာ ဖော်ပြပါရှိမှု ရှိ/မရှိတို့ကို ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက် ခဲ့ပါသည်။

       ထိုသို့ ကျောင်းမုန့်ဈေးအရောင်းဆိုင်များအား ကွင်းဆင်းစစ်ရေးရာတွင် ကျောင်းမုန့်ဈေး ရောင်းချသူများ အနေဖြင့် ကျောင်းသား/ကျောင်းသူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် မိမိတို့ရောင်းချနေသော ကုန်စည်များပေါ်တွင် ကုန်စည်အမျိုးအစားအလိုက် ကုန်အညွှန်းအမှတ် အသားများ ပြည့်စုံမှန်ကန်စွာဖော်ပြပါရှိသည့် ကုန်စည်များကိုသာရောင်းချရန်၊ ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မြန်မာဘာသာနှင့်ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြား ဘာသာတစ်ခု(သို့)တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ရေးသားဖော်ပြထားသည့် ကုန်စည်နှင့် သန့်ရှင်း လတ်ဆတ်သည့် ကုန်စည်များကိုသာ ရောင်းချရန် အသိပညာပေး၍ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

DOCA(ရှမ်း)

ပုသိမ်ခရိုင်၊ ပုသိမ်မြို့၊ ကင်မလင်းကျွန်းလမ်းရှိ Pinnoer ကုန်စုံဆိုင်အား ကွင်းဆင်းစစ်ဆေးခြင်း

    (၅.၉.၂၀၂၅) ရက်နေ့၊ နေ့လယ် (၁၄:၀၀)  နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ခရိုင်ဦးစီးမှူး၊ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းသည် ဆီစာအုပ်ဖြင့် ဖြန့်ဖြူးရောင်းချသော ကင်မလင်းကျွန်း လမ်းရှိ  Pinnoer ကုန်စုံဆိုင်အား သွားရောက်၍ ဆီစာအုပ်ဖြင့် စားအုန်းဆီများ ရောင်းချခြင်းရှိ/မရှိ ၊ သတ်မှတ်ရည်ညွှန်းဈေးဖြင့် ဈေးချခြင်းရှိ/မရှိ စစ်ဆေးခဲ့ရာ  သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

    (DOCA)ဧရာဝတီ

ပုသိမ်ခရိုင်၊ ပုသိမ်မြို့၊ စံပြတိုးချဲ့လမ်းရှိ အောင်ပုကုန်စုံ ဆိုင်အား ကွင်းဆင်းစစ်ဆေးခြင်း

       (၅.၉.၂၀၂၅) ရက်နေ့၊ နေ့လယ် (၁၄:၀၀)  နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ခရိုင်ဦးစီးမှူး၊ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းသည် ဆီစာအုပ်ဖြင့် ဖြန့်ဖြူးရောင်းချသော စံပြတိုးချဲ့လမ်းရှိ  အောင်ပုကုန်စုံဆိုင်အား သွားရောက်၍ ဆီစာအုပ်ဖြင့် စားအုန်းဆီများရောင်းချခြင်းရှိ/မရှိ ၊ သတ်မှတ်ရည်ညွှန်းဈေးဖြင့် ဈေးချခြင်းရှိ/မရှိ စစ်ဆေးခဲ့ရာ  သတ်မှတ်ရည်ညွှန်းဈေးထက် ကျော်လွန်၍ ရောင်းချကြောင်း တွေ့ရှိရသဖြင့် စားသုံးသူရေးရာဦးစီးဌာန၊ ပုသိမ်ခရိုင်ဦးစီးမှူးရုံးတွင် နောက်နောင် စားအုန်းဆီများအား သတ်မှတ်ရည်ညွှန်းဈေးဖြင့်သာ ရောင်းချပါမည်ဟု နောက်ဆုံးအကြိမ် ခံဝန်ကတိ လက်မှတ်ရေးထိုးခဲ့ကြောင်း သိရှိရပါသည်။

    (DOCA)ဧရာဝတီ  

ပုသိမ်ခရိုင်၊ ပုသိမ်မြို့၊ စံပြတိုးချဲ့လမ်းရှိ သရဖီကုန်စုံ ဆိုင်အား ကွင်းဆင်းစစ်ဆေးခြင်း

      (၅.၉.၂၀၂၅) ရက်နေ့၊ နေ့လယ် (၁၄:၀၀)  နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ခရိုင်ဦးစီးမှူး၊ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းသည် ဆီစာအုပ်ဖြင့် ဖြန့်ဖြူးရောင်းချသော စံပြတိုးချဲ့ လမ်းရှိ  သရဖီကုန်စုံဆိုင်အား သွားရောက်၍ ဆီစာအုပ်ဖြင့် စားအုန်းဆီများရောင်းချခြင်းရှိ/မရှိ ၊ သတ်မှတ်ရည်ညွှန်းဈေးဖြင့် ဈေးချခြင်းရှိ/မရှိ စစ်ဆေးခဲ့ရာ  သတ်မှတ်ရည်ညွှန်းဈေးထက် ကျော်လွန်၍ ရောင်းချကြောင်း တွေ့ရှိရသဖြင့် စားသုံးသူရေးရာဦးစီးဌာန၊ ပုသိမ်ခရိုင်ဦးစီးမှူးရုံးတွင် နောက်နောင် စားအုန်းဆီများအား သတ်မှတ်ရည်ညွှန်းဈေးဖြင့်သာ ရောင်းချပါမည်ဟု နောက်ဆုံးအကြိမ် ခံဝန်ကတိ လက်မှတ်ရေးထိုးခဲ့ကြောင်း သိရှိရပါသည်။

    (DOCA)ဧရာဝတီ                                        

 

ပုသိမ်ခရိုင်၊ ပုသိမ်မြို့၊ ကင်မလင်းကျွန်းလမ်းရှိ ဗွေချိန်ခွင် ဆိုင်အား ကွင်းဆင်းစစ်ဆေးခြင်း

        (၅.၉.၂၀၂၅) ရက်နေ့၊ နေ့လယ် (၁၄:၀၀)  နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ခရိုင်ဦးစီးမှူး၊ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းသည် ဆီစာအုပ်ဖြင့် ဖြန့်ဖြူးရောင်းချသော ကင်မလင်းကျွန်း လမ်းရှိ ဗွေချိန်ခွင် ကုန်စုံဆိုင်အား သွားရောက်၍ ဆီစာအုပ်ဖြင့် စားအုန်းဆီများရောင်းချခြင်းရှိ/မရှိ ၊ သတ်မှတ်ရည်ညွှန်းဈေးဖြင့် ဈေးချခြင်းရှိ/မရှိ စစ်ဆေးခဲ့ရာ  သတ်မှတ်ရည်ညွှန်းဈေးထက် ကျော်လွန်၍ ရောင်းချကြောင်း တွေ့ရှိရသဖြင့် စားသုံးသူရေးရာဦးစီးဌာန၊ ပုသိမ်ခရိုင်ဦးစီးမှူးရုံးတွင် နောက်နောင် စားအုန်းဆီများအား သတ်မှတ်ရည်ညွှန်းဈေးဖြင့်သာ ရောင်းချပါမည်ဟု နောက်ဆုံးအကြိမ် ခံဝန်ကတိ လက်မှတ်ရေးထိုးခဲ့ကြောင်း သိရှိရပါသည်။

    (DOCA)ဧရာဝတီ  

ပုသိမ်ခရိုင်၊ ပုသိမ်မြို့ရှိ အောင်ဧရာဈေးရှိ ကုန်စုံဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်း

      (၄.၉.၂၀၂၅) ရက်နေ့၊ နံနက် (၉:၃၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းသည် စည်ပင်သာယာရေးအဖွဲ့ ဈေးအရာရှိများနှင့် အတူ အောင်ဧရာဈေးရှိ ကုန်စုံရောင်းချသော  ဒေါ်ခင်အုန်းမြင့် ကုန်စုံအရောင်းဆိုင်သို့ အခြေခံစားသောက်ကုန်ဈေးနှုန်းများအား   ကွင်းဆင်းစုံစမ်းခဲ့ရာ ကြက်သွန်နီ ဈေးနှုန်းမှာ (၁၆၀၀) ကျပ်၊ ကြက်သွန်ဖြူ ကြူကုတ်ဈေးနှုန်းမှာ (၂၀၀၀) ကျပ်၊ ကြက်သွန်ဖြူ (ရှမ်း) ဈေးနှုန်းမှာ (၁၀၀၀) ကျပ်၊ အာလူး ဈေးနှုန်းမှာ (၈၀၀) ကျပ်၊ ကုလားပဲ ဈေးနှုန်းမှာ (၆၅၀) ကျပ်ဖြင့် ဈေးကွက်တွင် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

(DOCA)ဧရာဝတီ

ပုသိမ်ခရိုင်၊ ပုသိမ်မြို့ရှိ အောင်ဧရာဈေးရှိ ငါးစိမ်းအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်း

       (၄.၉.၂၀၂၅) ရက်နေ့၊ နံနက် (၉:၃၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းသည် စည်ပင်သာယာရေးအဖွဲ့ ဈေးအရာရှိများနှင့် အတူ အောင်ဧရာဈေးရှိ ငါးစိမ်းရောင်းချသော  ဒေါ်ဂျမ်းပုံ ငါးစိမ်းအရောင်းဆိုင်သို့ ငါးဈေးများအား  ကွင်းဆင်းစုံစမ်းခဲ့ရာ ငါးမြစ်ချင်း အကောင်လိုက် တစ်ပိဿာလျှင် (၁၅၀၀၀) ကျပ်၊ ခုတ်သား တစ်ပိဿာလျှင် (၁၇၀၀၀) ကျပ်နှင့်  ငါးကြင်း အကောင်လိုက် တစ်ပိဿာလျှင် (၂၈၀၀၀) ကျပ်၊ ခုတ်သား တစ်ပိဿာလျှင် (၃၂၀၀၀) ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

    (DOCA)ဧရာဝတီ

ပုသိမ်ခရိုင်၊ ပုသိမ်မြို့ရှိ အောင်ဧရာဈေးရှိ ကြက်ဥ/ဘဲဥအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်း

     (၄.၉.၂၀၂၅) ရက်နေ့၊ နံနက် (၉:၃၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းသည် စည်ပင်သာယာရေးအဖွဲ့ ဈေးအရာရှိများနှင့် အတူ အောင်ဧရာဈေးရှိ ကြက်ဥ/ဘဲဥ ရောင်းချသော  ဒေါ်ဝေနှင်းဖြိုး ကြက်ဥ/ဘဲဥအရောင်းဆိုင်သို့ ကြက်ဥ/ဘဲဥဈေးအား  ကွင်းဆင်းစုံစမ်းခဲ့ရာ ကြက်ဥ အကြီး(၁) လုံးလျှင် (၄၅၀) ကျပ်၊ အသေး (၁) လုံးလျှင် (၄၀၀) ဖြင့်လည်းကောင်း၊ ဘဲဥ အကြီး (၁) လုံးလျှင် (၅၀၀) ကျပ်၊ အသေး (၁) လုံးလျှင် (၄၅၀) ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

(DOCA)ဧရာဝတီ

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ