Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေး

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲများ၊  စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံပြီး ဥပဒေ၊ အမိန့်နှင့် ညွှန်ကြားချက်များအား ရှင်းလင်းဆွေးနွေးခြင်းများ ဆောင်ရွက်လျက် ရှိသည့်အပြင် ထုတ်ကုန်များလုံခြုံ စိတ်ချရမှုရှိစေရေးနှင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာထည့်သွင်းဖော်ပြရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို လစဉ်ဆောင်ရွက်လျက်ရှိရာ (၁၁.၇.၂၀၂၄)ရက်နေ့၊  နံနက်(၁၁:၀၀)နာရီအချိန်တွင် ရွှေဘိုခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ခရိုင် ဦးစီးမှူး၊ ရွှေဘိုမြို့နယ်တာဝန်ခံ၊ စားသုံးသူရေးရာဌာနခွဲတာဝန်ခံနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲ တာဝန်ခံတို့သည် ရွှေဘိုမြို့၊ အမှတ်(၂)ရပ်ကွက် ကုန်စုံဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

    ထိုသို့စစ်ဆေးရာတွင် ရွှေဘိုခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ခရိုင်ဦးစီးမှူးက စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့် စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းအကြောင်းများ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)ပါအကြောင်းများ၊ နို့နှင့်နို့ထွက်ပစ္စည်းအမျိုးမျိုးတွင် ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ သုံးစွဲပုံနည်းလမ်း၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ဓါတ်မတည့်ကြောင်းဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်တို့ကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ဖော်ပြရမည်ဖြစ်ကြောင်းတို့ကို ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေး

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲများ၊  စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံပြီး ဥပဒေ၊ အမိန့်နှင့် ညွှန်ကြားချက်များအား ရှင်းလင်းဆွေးနွေးခြင်းများ ဆောင်ရွက်လျက်ရှိသည့်အပြင် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးနှင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာထည့်သွင်းဖော်ပြရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို လစဉ်ဆောင်ရွက်လျက်ရှိရာ (၁၁.၇.၂၀၂၄)ရက်နေ့၊  နံနက်(၁၀:၀၀)နာရီအချိန်တွင် ရွှေဘိုခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ခရိုင် ဦးစီးမှူး၊ ရွှေဘိုမြို့နယ်တာဝန်ခံ၊ စားသုံးသူရေးရာဌာနခွဲတာဝန်ခံနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲ တာဝန်ခံတို့သည် ရွှေဘိုမြို့၊ အမှတ်(၂)ရပ်ကွက်ရှိ ကလေးကစားစရာအရုပ်နှင့် စတိုးဆိုင်အားဈေးကွက် စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

    ထိုသို့စစ်ဆေးရာတွင် ရွှေဘိုခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ခရိုင်ဦးစီးမှူးက စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေး၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းအကြောင်းများ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)ပါအကြောင်းများ၊ ကလေးကစားစရာအရုပ်နှင့် ပစ္စည်းအမျိုးမျိုးတွင် ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ သုံးစွဲပုံနည်းလမ်း၊ ထားသိုသိမ်းဆည်းမှုအညွှန်းနှင့် ကြိုတင်သတိပေးချက်တို့ကို မြန်မာဘာသာဖြင့်လည်းကောင်း၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေဖော်ပြရမည်ဖြစ်ကြောင်း၊ ပြည်ပမှတင်သွင်းဖြန့်ဖြူးသည့် ကုန်စည်များဖြစ်ပါက သတ်မှတ်ချက်များနှင့် ကိုက်ညီစေရေးအတွက် ဈေးကွက်ဖြန့်ဖြူးခြင်းမပြုမီ ပြုပြင်ထုတ်ပိုးကပ်ခြင်း (သို့မဟုတ်) ထုတ်ပိုးပစ္စည်းအသစ်အသုံးပြုခြင်းများ ဆောင်ရွက်ရန်လိုအပ်ကြောင်းတို့ကို ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ချောင်းဆုံမြို့နယ် မရမ်း (အ.မ.က) ကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ

    ၁၂.၇.၂၀၂၄ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ချောင်းဆုံမြို့နယ် တာဝန်ခံသည် ချောင်းဆုံမြို့နယ် မရမ်း (အ.မ.က) ကျောင်းတွင် စားသုံးသူကာကွယ်ရေး  အသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ရာ ကျောင်းအုပ်ကြီးနှင့် အတူ ကျောင်းသား/သူ စုစုပေါင်း (၂၆၉) ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

   အဆိုပါ ဟောပြောပွဲတွင် ချောင်းဆုံမြို့နယ်တာဝန်ခံ ဒေါ်ထက်ထက်နွေဦးက စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းဟောပြောခြင်း၊ စားသုံးသူကာကွယ်ရေး ဥပဒေ (၂၀၁၉)ပါ စားသုံးသူ၏အခွင့်အရေးနှင့် တာဝန်များ၊ ကုန်ပစ္စည်းများကို ဝယ်ယူစားသုံး/ အသုံးပြုရာတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များကို သေချာစွာဖတ်ရှုပြီးမှဝယ်ယူအသုံးပြုသင့်ကြောင်း နမူနာကုန်ပစ္စည်းများဖြင့် ရှင်းလင်းဆွေးနွေးခြင်း၊  စားသုံးသူထိခိုက်နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက အရေးဆိုခွင့် တိုင်ကြားနိုင်ခွင့်နှင့် ပြန်လည်ကုစားနိုင်ခွင့်ရှိကြောင်း၊ www.doca.gov.mm website၊ Facebook စာမျက်နှာ၊ DOCA Myanmar Mobile Application နှင့် Consumer Call Center (1535)တို့တွင် တိုင်ကြားနိုင်ကြောင်းတို့ကို အသေးစိတ်ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

ချောင်းဆုံမြို့နယ် ကွမ်သဲ (မူလွန်) ကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ

    ၁၁.၇.၂၀၂၄ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ချောင်းဆုံမြို့နယ် တာဝန်ခံနှင့် ဝန်ထမ်းများသည် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ချောင်းဆုံမြို့နယ် ကွမ်သဲ (မူလွန်)ကျောင်းတွင် စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်ခဲ့ရာ ကျောင်းအုပ်ကြီးနှင့် အတူ ကျောင်းသား/သူ စုစုပေါင်း (၃၆၃) ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

    အဆိုပါ ဟောပြောပွဲတွင် ချောင်းဆုံမြို့နယ်တာဝန်ခံ ဒေါ်ထက်ထက်နွေဦးက ဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်တာဝန်များ၊ စားသုံးသူအကာအကွယ်ပေးရေး ဥပဒေပါ ပြဌာန်းချက်များဖြစ်သည့် စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ ကုန်ညွှန်းအမှတ်အသားနှင့် ပတ်သက်သည့် အချက်များ၊ ကုန်စည်နှင့်ဝန်ဆောင်မှုများအား ရွေးချယ်ဝယ်ယူရာတွင် သတိပြုရမည့်အချက်များ၊ စားသုံးသူထိခိုက်နစ်နာဆုံးရှုံးမှုများရှိလာပါက အရေးဆိုတိုင်ကြားနိုင်ခွင့်နှင့် ပြန်လည်ကုစားနိုင်ခွင့်ရှိကြောင်း၊ www.doca.gov.mm website ၊ Facebook စာမျက်နှာ၊ DOCA Myanmar Mobile Application နှင့် Consumer Call Center (1535)တို့တွင် တိုင်ကြားနိုင်ကြောင်းတို့ကို အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)

ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၌ ကျောင်းသူ/ကျောင်းသားများအသိပညာပေးဟောပြောခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တာဝန်ခံရုံးမှ ဒေါ်တင်တင်နိုင် (အကြီးတန်းစာရေး) သည် ဇူလိုင်လ (၉)ရက်နေ့၊  နံနက် (၁၀:၀၀) နာရီအချိန်တွင် သာပေါင်းမြို့နယ်ရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အား/ကာတို့နှင့် ပူးပေါင်း၍ သာပေါင်းမြို့နယ်၊ အ.မ.က ကံကုန်းကျောင်းတွင် ကျောင်းသား/ကျောင်းသူများအား  အသိပညာပေး ဟောပြောခဲ့ပါသည်။

      ထိုသို့ဟောပြောရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်မှ ဝန်ထမ်းသည် စားသုံးရန်မသင့်သော စားသောက်ကုန်များအကြောင်းနှင့် ဘေးထွက်ဆိုးကျိုးများကို  ဟောပြောဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၌ ဧည့်မထဆန်များအား တစ်ပြည် (၃၀၀၀) ကျပ်ဖြင့် ရောင်းချလျက်ရှိ

    စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဇူလိုင်လ (၇)ရက်၊  နံနက် (၀၈:၀၀) နာရီအချိန်တွင် မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ငပုတောမြို့နယ်၊ အုန်းပင်စုကျေးရွာ၊ မြရတနာဆန်စက်၌ ကျေးရွာနေ ပြည်သူများအား ဧည့်မထ (၁) ပြည်လျှင် ၃၀၀၀ ကျပ်နှုန်းဖြင့် အိမ်ထောင်စု(၁) စုလျှင် ဧည့်မထ (၁) ပြည် (၃၀၀၀) ကျပ်နှုန်းဖြင့် စုစုပေါင်း အိမ်ထောင်စု (၁၂၀) စုအား ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၌ ဆန်သိုလှောင်ထားရှိမှုနှင့် ဆန်များအား ရည်ညွှန်းဈေးဖြင့် ရောင်းချမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း

      စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ မြို့နယ်တာဝန်ခံသည် ဇူလိုင်လ (၇)ရက်၊  နံနက် (၁၀:၀၀) နာရီအချိန်တွင် ကျောင်းကုန်းမြို့နယ်၊ တလုပ်ကုန်းကျေးရွာရှိ သီဟဆန်စက်နှင့် ဆိပ်ဖူးနီကျေးရွာရှိ ချမ်းမြေ့ဇော်ဆန်စက်တို့တွင် ဆန်သိုလှောင်ထားရှိမှုအခြေအနေများ၊ သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချမှုရှိ/မရှိနှင့် စပါးဆန်လက်ကျန်အခြေအနေများအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ဆန်စက်ပိုင်ရှင်နှင့် ဆန်ကုန်သည်လုပ်ငန်းရှင်အသင်း၊ ဆန်ရောင်းချသူဆန်ဆိုင်လုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ အသိပညာပေးဟောပြောခြင်း

    ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တာဝန်ခံရုံးမှ မြို့နယ်ဦးစီးမှူး ဦးအောင်ဇော်ဦးနှင့် ဝန်ထမ်းများသည်  (၁၁.၇.၂၀၂၃) ရက်နေ့၊ နံနက်(၁၀:၃၀) အချိန်တွင် မအူပင်မြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ အစည်းအဝေးခန်းမတွင်  ဆန်စက်လုပ်ငန်းရှင်များ၊ ဆန်ရောင်းချသည့်ဆန်ဆိုင်လုပ်ငန်းရှင်များ၊ ဆန်ကုန်သည်အသင်း တို့ (၃၀)ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခဲ့ပါသည်။

  ထိုသို့ ဟောပြောရာတွင် မြို့နယ်ဦးစီးမှူးက စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များအကြောင်း၊ စားသုံးသူအခွင့်အရေးနှင့် တာဝန်များအကြောင်း၊ စားသုံးသူကာကွယ်ရေးနှင့် စပ်လျဉ်း၍ အသိပညာပေး လုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် သိရှိအောင် ဆောင်ရွက်နေမှုများအကြောင်း၊ ကုန်စည်၊ ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ စားသုံးသူမှ စိတ်ကြိုက်ရွေးချယ် ဝယ်ယူခွင့်ရှိပြီး နစ်နာဆုံးရှုံးမှုရှိလာပါက စားသုံးသူရေးရာဦးစီးဌာနသို့ အရေးဆိုတိုင်ကြားနိုင်ကြောင်း၊ စားသုံးသူအနေဖြင့် လည်းကောင်း၊ စီးပွားရေးလုပ်ငန်းရှင်အနေဖြင့်လည်းကောင်း စားသုံးသူကာကွယ်ရေးကိစ္စရပ်နှင့် သိရှိလိုခြင်း၊ တိုင်ကြားလိုခြင်းများအတွက် စားသုံးသူရေးရာဦးစီးဌာန၏ Call Center ၁၅၃၅ သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း စသည်တို့ကိုအသိပညာပေး ဟောပြောဆွေးနွေးခဲ့သည်။

    ဆက်လက်၍ ဆန်စက်နှင့် ဆန်ရောင်းချသည့်လုပ်ငန်းရှင်များကို မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သတ်မှတ် ထုတ်ပြန်ထားသော ရည်ညွှန်းဈေးအတိုင်း ဆန်များကို ရောင်းချရန်၊ ဒေသတွင်းထွက်ဆန်များဖြစ်ပါက သတ်မှတ်ရည်ညွှန်းဈေးအပေါ် လုပ်သားခပေါင်း၍ အမြတ်၅ရာခိုင်နှုန်းတင်၍ရောင်းချရန်၊ မိမိတို့ဒေသတွင် ပေါ်ဆန်း ဆန်စိုက်ပျိုးမှုနည်းပါးခြင်းကြောင့် နယ်မြေကျော်ဝယ်ယူရောင်းချပါက သတ်မှတ်ရည်ညွှန်းဈေးအပေါ် လုပ်သားခအပါအဝင်း ၈ ရာခိုင်နှုန်းသာအမြတ်ထား၍ ရောင်းချရန်၊ သတ်မှတ်ရည်ညွှန်းဈေးအထက် ဈေးနှုန်းများစွာကြီးမြင့်ရောင်းချနေမှုကို စစ်ဆေးတွေ့ရှိပါက တည်ဆဲဥပဒေအရ အရေးယူဆောင်ရွက်ခံရမည်ဖြစ်ကြောင်းကို လုပ်ငန်းရှင်များသိရှိနိုင်စေရန် အသိပညာပေးဟောပြောခဲ့ပြီး လက်ကမ်းစာ စောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရပါသည်။

DOCA(ဧရာဝတီ)

 

 

 

ညောင်ဦးမြို့နယ်တွင် ဆန်စပါးလုပ်ငန်းရှင်များအသင်းဖွဲ့စည်း

          မြန်မာနိုင်ငံဆန်စပါးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေး၊ ပြည်တွင်းစားသုံးမှုဖူလုံစေရေး နှင့် အရည်အသွေးပြည့်မီသော ဆန်များကြိတ်ခွဲထုတ်လုပ်၍ပြည်ပသို့ တင်ပို့နိုင်ရေးတို့အတွက် ဆန်စပါးကြိတ်ခွဲထုတ်လုပ်ရောင်းဝယ်မှုလုပ်ငန်းများသည် လွန်စွာမှအရေးပါလှပါသည်။ မည်သည့်လုပ်ငန်းမဆို စည်းလုံးညီညွတ်သော အစုအဖွဲ့များ၊ အသင်းအဖွဲ့များ၊ (သို့မဟုတ်) အဖွဲ့အစည်း များဖြင့် လုပ်ကိုင်ဆောင်ရွက်ပါက ပိုမိုအောင်မြင်နိုင်မည်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ညောင်ဦးဒေသ ရှိဆန်စပါးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်၍ စားသုံးသူပြည်သူများနေ့စဉ်လိုအပ် လျက်ရှိသော ဆန်များကို ဈေးနှုန်းမှန်ကန်စွာဖြင့် အလွယ်တကူဝယ်ယူနိုင်စေရေး၊ စပါး စိုက်ပျိုးသောတောင်သူလယ်သမားများ ဈေးနှုန်းဈေးကွက်မှန်ကန်စွာဖြင့် ရောင်းချနိုင်စေရေးနှင့် တဖက်မှလည်း အရည်အသွေး ပြည့်မီသောဆန်များကြိတ်ခွဲထုတ်လုပ်၍ ပြည်ပသို့တင်ပို့နိုင် ရေးတို့အတွက် အထောက်အကူဖြစ်စေနိုင်မည့်် ညောင်ဦးမြို့နယ်ဆန်စပါးလုပ်ငန်းရှင်များ အသင်းကိုဖွဲ့စည်းခဲ့ပါသည်။

          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ညောင်ဦး ခရိုင်ဦးစီးမှူးရုံးမှ ဦးသန်းစိုး(လက်/ညွှန်မှူး)ဦးဆောင်မှုဖြင့် (၅.၇.၂၀၂၄)ရက်နေ့၊ နံနက် ၁၀:၀၀ နာရီအချိန်တွင် ညောင်ဦးမြို့နယ်ရှိ ဆန်လက်လီ/လက္ကားရောင်းချသူများ၊ ဆန်စက်လုပ်ငန်းရှင် များဖြင့် အဖွဲ့ဝင်(၂၆)ဦးပါဝင်သော ညောင်ဦးမြို့နယ်ဆန်စပါးလုပ်ငန်းရှင်များအသင်းကို စားသုံးသူရေးရာဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးတွင် အောင်မြင်စွာဖွဲ့စည်းနိုင်ခဲ့ပါသည်။ အသင်းဖွဲ့ စည်းခြင်းအခမ်းအနားသို့  ညောင်ဦးခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့်ဆန်လက်လီ/လက္ကားရောင်း ချသူများ၊ ဆန်စပါးနှင့်ဆန်စက်လုပ်ငန်းရှင်များ စုစုပေါင်း( ၃၇)ဦး တက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(မန္တလေး)

ပန်းတနော် ဆန်စက်ပိုင်ရှင်နှင့် ဆန်ကုန်သည်လုပ်ငန်းရှင်အသင်းနှင့်တွေ့ဆုံ၍ အသိပညာပေးဟောပြောခြင်း

     (၉.၇.၂၀၂၄)ရက်နေ့၊ နံနက် (၁၀:၀၀) အချိန်တွင် ပန်းတနော်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ပန်းတနော် ဆန်စက်ပိုင်ရှင်နှင့် ဆန်ကုန်သည်လုပ်ငန်းရှင်အသင်းကိုဖိတ်ကြား၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်အတူ ကုန်ဈေးနှုန်းတည်ငြိမ်ကျဆင်းရေးနှင့် စားသုံးသူကာကွယ်ရေး လုပ်ငန်းရှင်လိုက်နာရမည့်တာဝန်များအကြောင်းကို အသိပညာပေးဆွေးနွေးခဲ့ကြသည်။

    မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူက တက်ရောက်လာသော လုပ်ငန်းရှင်များကို အသိပညာပေး ပြောကြားရာတွင် ဆန်စက်နှင့် ဆန်အရောင်းဆိုင်ရှင်များ စည်ပင်သာယာနယ်နမိတ်အတွင်း လုပ်ငန်းရှင်များ လုပ်ငန်းလိုင်စင်များ၊ ခွင့်ပြုချက်လုပ်ငန်းလိုင်စင်များ ကိုင်ဆောင်ထားကြရန်၊ ပူးပေါင်းစစ်ဆေးရေးအဖွဲ့မှ ကွင်းဆင်းစစ်ဆေးသည့်အခါ လုပ်ငန်းလိုင်စင်ပြသနိုင်ခြင်းမရှိပါက လုပ်ငန်းလိုင်စင် ပယ်ဖျက်သည်အထိ အရေးယူဆောင်ရွက်နိုင်ကြောင်း တက်ရောက်လာသူများ သိရှိလိုသည့်ကိစ္စရပ်များကို မေးမြန်းနိုင်ကြောင်း ဆွေးနွေးခဲ့သည်။

   ဆက်လက်၍ မအူပင်ခရိုင်ဦးစီးမှူး ဦးဇော်မင်းက ဆက်လက်ဟောပြောဆွေးနွေးရာ မြန်မာနိုင်ငံ ဆန်စပါအသင်းချုပ်မှ သတင်းထုတ်ပြန်ထားသည့် (၀၉/၂၀၂၄) ရပ်ကွက်များ၊ ဈေးများနှင့် မြို့ရွာများအတွင်း ဖွင့်လှစ်သည့် လက်လီဆန်ဆိုင်များအား သတ်မှတ်ရည်ညွှန်းဈေးများနှင့်အညီ ရောင်းချရန် ပစ္စည်းမှန်၊ ဈေးနှုန်းမှန်၊ အလေးချိန်မှန်၊ အရည်အသွေးမှန်၊ အရောင်းအဝယ်မှန်စွာဖြင့် ရောင်းချရန်၊  လက်ကားပွဲရုံများ၊ ဆန်စက်များနှင့် ကုန်စည်ဒိုင်များထံမှ သတ်မှတ်ရည်ညွှန်းဈေးများနှင့် ကုန်စည်ရရှိမှု မရှိခြင်း၊ အရည်အသွေး လျော့နည်းသော ပစ္စည်းများသာဝယ်ယူရရှိပါက စားသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်သို့ ဆက်သွယ်တိုင်ကြားနိုင်ကြောင်း၊ စားသုံးသူအခွင့်အရေး ထိခိုက်နာစ်နာ ဆုံးရှုံးမှုအတွက် စားသုံးသူကာ ကွယ်ရေး ဥပဒေအရ စားသုံးသူအကျိုးစီးပွားကို ကာကွယ်ပေးသွားမည်ဖြစ်ကြောင်း၊ မိမိတို့ဒေသတွင်း လုပ်ငန်းရှင်၊ အစိုးရဌာန၊ ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ ဆန်ဆိုင်နှင့် သိုလှောင်ရုံလုပ်ငန်းရှင်များကလည်း ရောင်းချမှု လုပ်ငန်းလိုင်စင်နှင့် သိုလှောင်ရုံ မှတ်ပုံတင်မှုလုပ်ငန်းများကို လုပ်ဆောင်ထားရန်နှင့် ကုန်ဈေးနှုန်း တည်ငြိမ်ကျဆင်းရေး အဖွဲ့မှလိုက်လံစစ်ဆေးသည့်အခါ လိုက်နာမှုမရှိကြောင်း စစ်ဆေးတွေ့ရှိရပါက တည်ဆဲဥပဒေများအရ အရေးယူခံရနိုင်ကြောင်းကို လုပ်ငန်းရှင်များ သိရှိနိုင်စေရန် အသိပညာပေးဟော ပြောခဲ့ကြောင်း သိရပါသည်။

DOCA(ဧရာဝတီ)

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ