Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ရှမ်းပြည်နယ်(တောင်ပိုင်း) အခြေခံစားသောက်ကုန်ပစ္စည်း၊ အိမ်သုံးဆေးဝါးများနှင့် လူသုံးကုန် ပစ္စည်းများ ဈေးကွက်အတွင်း ပြတ်လပ်မှု ရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခြင်း

    ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင်  ရှမ်းပြည်နယ်(တောင်ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ တောင်ကြီးခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူးနှင့် ဝန်ထမ်းများသည် တောင်ကြီးမြို့ပေါ်ရှိ အခြေခံစားသောက်ကုန်ပစ္စည်း၊ အိမ်သုံးဆေးဝါးများနှင့် လူသုံးကုန်ပစ္စည်းများ ဈေးကွက်အတွင်း ပြတ်လပ်မှုရှိ/ မရှိ အခြေအနေများအား ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

    ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်အတွင်း ဈေးကွက်တွင် အခြေခံစားသောက် ကုန်ပစ္စည်း၊ အိမ်သုံးဆေးဝါးနှင့် လူသုံးကုန်ပစ္စည်းများ ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ ပြတ်လပ်မှုမရှိစေရေး၊ ဈေးနှုန်းမှန်ကန်စေရေး၊ ပြည်သူများလိုအပ်သည့် ကုန်ပစ္စည်းများ အလွယ်တကူ ဝယ်ယူရရှိစေရန် ဆိုင်များ နေ့စဉ်ဖွင့်လှစ် ရောင်းချပေးရေး၊ သတ်မှတ်အရည်အသွေးနှင့် ပြည့်ဝသည့် ကုန်ပစ္စည်းများကိုသာ ရောင်းချ‌ရေးနှင့် ဈေးနှုန်းမှန်ကန်စွာ ရောင်းချရေးတို့ကို   ဆွေးနွေးခဲ့ပြီး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိ ကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ လိုက်နာဆောင်ရွက်ရမည့် တာဝန်များကို သိရှိနားလည်ထားရန်လိုကြောင်း၊ ထုတ်ကုန်လုံခြုံစိတ် ချရမှုရှိပြီး ကုန်အညွှန်း အမှတ်အသားပြည့်စုံသော၊ သက်ဆိုင်ရာဌာန၏ ထောက်ခံချက်ပါရှိသော ကုန်စည်များကိုသာ ရောင်းချကြရန် အသိပညာပေးဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ရှမ်း)

 

မြိတ်ခရိုင်တွင် တနင်္သာရီတိုင်းမှ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအဖွဲ့များ လာရောက်

    ၂၀၂၄ခုနှစ်၊ ဇူလိုင်လ(၁၅)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနအပါအဝင် တိုင်းဒေသကြီးတရားမဝင်တိုက်ဖျက်ရေးအဖွဲ့ဝင်များသည် မြိတ်မြို့၊ တပ်ပြင်ရပ်ရှိ၊ မြိတ်ခရိုင်ဧည်ရိပ်သာတွင် နိုင်ငံတော်အခွန်ငွေမှန်ကန်စွာရရှိရေးနှင့် တရားမဝင်ကုန်သွယ်မှုမရှိစေရေး ကွင်းဆင်းစစ်ဆေးမည့်အစီအစဉ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ဆောင်ရွက်ခဲ့ကြပါသည်။

     ဆက်လက်၍ တနင်္သာရီတိုင်းဒေသကြီးတရားမဝင်တိုက်ဖျက်ရေးအဖွဲ့များသည် ဒေသတွင် ပုံမှန်လည်ပတ်လျက်ရှိသော စက်ရုံများ၊ ကုန်ပစ္စည်းသိုလှောင်ရုံများ၊ ကုန်စည်သယ်ယူပို့ဆောင်နေသည့်တံတားများ၊ ရာဘာစက်ရုံများသို့သွားရောက်၍ ကွင်းဆင်းစစ်ဆေးခဲ့ပြီး တရားမဝင်ကုန်သွယ်မှု မရှိစေရေးဆောင်ရွက်နေသည့် အခြေအနေများအား မေးမြန်းခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(တနင်္သာရီ)

 

မုံရွာမြို့၊ မြို့သစ်ရပ်ကွက်ရှိ လူသုံးကုန်နှင့် စားသောက်ကုန်ပစ္စည်းအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူပြည်သူများအတွက် ကုန်စည်နှင့်ဝန်ဆောင်မှုများအသုံးပြုရာတွင် ဘေးအန္တရာယ်ကင်းရှင်းစေရေး၊ လုံခြုံစိတ်ချရမှုရှိစေရေးအတွက် အစဉ်ဆောင်ရွက်လျက်ရှိပါသည်။ စားသုံးသူများအတွက် လုံခြုံစိတ်ချရမှုမရှိသောကုန်စည်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉)၊ အခန်း(၁၈)၊ ပုဒ်မ၄၁ပါ ကုန်အညွှန်းအမှတ်အသားများပြည့်စုံမှုမရှိသော ကုန်စည်များထုတ်လုပ်ဖြန့်ဖြူးခြင်း၊  ဈေးကွက်အတွင်း တင်သွင်းရောင်းချခြင်းမရှိစေရန်ရည်ရွယ်၍ မုံရွာခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး၊  ချောင်းဦးမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်း((၁)ဦး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်း(၁)ဦးတို့သည် (၁၀-၇-၂၀၂၄) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် မုံရွာမြို့၊ မြို့သစ်ရပ်ကွက်ရှိ လူသုံးကုန်နှင့် စားသောက်ကုန်ပစ္စည်းအရောင်းဆိုင်များသို့သွားရောက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

       ထိုသို့ဆောင်ရွက်ရာတွင်မုံရွာမြို့၊ မြို့သစ်ရပ်ကွက်ရှိ လူသုံးကုန်နှင့် စားသောက်ကုန်ပစ္စည်းအရောင်းဆိုင်များ၌ ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုမရှိသော ကုန်စည်များရောင်းချနေခြင်းရှိ/မရှိ စစ်ဆေးခဲ့ကြပြီး ဆိုင်ပိုင်ရှင်များအား  စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များနှင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုမရှိသောကုန်စည်များအား တင်သွင်းရောင်းချခြင်းမပြုကြရန်ပြောကြားခဲ့ပြီး ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များပေးဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ကုန်စည်နှင့်ဝန်ဆောင်မှုများ လုံခြုံစိတ်ချရမှုရှိစေရေးအသိပညာပေး

    စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးအနေဖြင့် ကုန်စည်နှင့်ဝန်ဆောင်မှုများ လုံခြုံ စိတ်ချရမှုရှိစေရေးအတွက်စီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍အသိပညာပေးခြင်းများဆောင်ရွက်လျက်ရှိရာ ၁၆.၇.၂၀၂၄ ရက်နေ့တွင် မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးဇေယျာ‌အောင်သည် မြစ်ကြီးနားမြို့၊ မြို့မရပ်ကွက်ရှိ ရွှေမြင့်မိုရ် ဆန်မျိုးစုံရောင်းဝယ်‌ရေးလုပ်ငန်းရှင် ဒေါ်လွမ်းနောနှင့် တွေ့ဆုံပြီး အသိပညာပေးဆွေးနွေးခဲ့ပါသည်။

     ထိုသို့ဆွေးနွေးရာတွင် ခရိုင်ဦးစီးမှူး ဦးဇေယျာအောင်က စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ အဓိပ္ပာယ်နှင့်တာဝန်(၁၁)ချက်၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရမည့် ကုန်စည်၏အရည်အသွေး၊ အချိန်အတွယ်၊ ပမာဏနှင့်အလေးချိန်မှန်ကန်မှုရှိခြင်း၊ ဘေးအန္တရာယ်ကင်းရှင်း စေခြင်း၊ သုံးစွဲသူ၏လိုအပ်ချက်အတွက် သင့်လျော်မှုရှိခြင်းစသည့်အချက်များ၊ ကုန်စည်နှင့်စပ်လျဉ်း၍ တာဝန်ရှိမှုအခြေအနေများ၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူက တောင်းဆိုနိုင်သည့် အခွင့်အရေးများ၊ ကုန်စည်ကိုသတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ ထုတ်လုပ်ရန်နှင့် စားသုံးသူကာကွယ်ရေး ဥပဒေပါ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များအကြောင်း အသိပညာပေး ဆွေးနွေးခဲ့ပါသည်။

DOCA(ကချင်)

“ တွံတေးမြို့နယ်၌ ဝမ်းပျက်၊ ဝမ်းလျောရောဂါ ကုသမှုဆိုင်ရာ ဆေးပစ္စည်းများပြတ်လပ်မှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း ”

   ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင် ၊ တွံတေးမြို့နယ်အတွင်းရှိ ဆေးဆိုင်များတွင် စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံး၏ညွှန်ကြားချက်အရ လတ်တလောကာလတွင် ဖြစ်ပေါ်လာသော ဝမ်းပျက်၊ ဝမ်းလျောရောဂါနှင့်ပတ်သက်၍ မြို့နယ်အတွင်းရှိ ဆေးဆိုင်များ၌ ဆေးများ ရောင်းချခြင်းရှိ/မရှိ၊ ဆေးဝါး ပြတ်လပ်မှု ရှိ/မရှိကို ဇူလိုင်လ(၁၀)ရက်နေ့၊ နံနက်(၁၀:၀၀)အချိန်တွင် ပူးပေါင်းအဖွဲ့ဖြင့် ဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

   ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ စားသုံးသူရေးရာ ဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးသန်းနိုင်နှင့်ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများနှင့် ပူးပေါင်းအဖွဲ့သည် ပြည်တွင်း၌ စားနပ်ရိက္ခာဖူလုံစေရေးနှင့် အခြားစားသုံးကုန်ဈေးနှုန်းများ တည်ငြိမ်စေရေး၊ ဈေးကွက်အတွင်း ပစ္စည်းပြတ်လပ်မှုများမရှိစေရေးတို့ကို အလေးထားဆောင်ရွက် လျက်ရှိရာ လတ်တလောဖြစ်ပေါ်လျက်ရှိသော ဝမ်းပျက်၊ ဝမ်းလျောရောဂါနှင့်ပတ်သက်၍ ဝမ်းရောဂါကာကွယ်ကုသမှုဆိုင်ရာ ဆေးနှင့်ဆေးပစ္စည်းများ ပြတ်လပ်မှုရှိ/မရှိကို ဗိုလ်ချုပ်လမ်း၊ ဈေးသစ်ရပ်ကွက်ရှိ ဦးကျော်ဌေးဆေးဆိုင်နှင့် မြင့်မိုရ်ဦးဆေးဆိုင်တို့ကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

DOCA(ရန်ကုန်)

“လွင်” ကိတ်ခြောက်လုပ်ငန်းရှင်နှင့်တွေ့ဆုံခြင်း

      စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်း(၂)ဦးတို့သည် ၂၀၂၄ခုနှစ်၊ ဇူလိုင်လ ၁၀ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် မုံရွာမြို့၊ နန္ဒဝနမ်ရပ်ကွက်ရှိ “လွင်”  ကိတ် ခြောက်လုပ်ငန်းရှင်နှင့်တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)၊ အခန်း (၁၈) အရ ကုန်အညွှန်းအမှတ်အသားဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်ပတ်သက်၍ စီးပွားရေးလုပ်ငန်းရှင်များသိရှိလိုက်နာဆောင်ရွက်နိုင်စေရန်အတွက် အသိပညာပေးဆွေးနွေးခဲ့ပါသည်။

    ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း၊ ပြစ်မှုပြစ်ဒဏ်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း (၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ ပုဒ်မ ၄၁။ (ခ) နှင့်(ဆ) တို့တွင်ဖော်ပြထားသည့် ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ကျန်းမာ‌ရေးဆိုင်ရာဘေးထွက်ဆိုးကျိုး သို့မဟုတ် ဓာတ်မတည့်ကြောင်းဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်တို့ကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည်ဖြစ်ကြောင်း အသိပညာပေးဆွေးနွေးပြောကြားခဲ့ကြပြီး စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

“တွံတေးမြို့နယ်၌ ရောနှောဆီအပါအဝင် စားသုံးဆီအမျိုးမျိုးတို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း”

      ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင် ၊ တွံတေးမြို့နယ် စည်ပင်သာယာမြို့မဈေးအတွင်းရှိ စားသုံးဆီအမျိုးမျိုးတို့အား ဖြန့်ဖြူးရောင်းချရာတွင် ကုန်ခြောက်ဆိုင်များအား ရောနှောဆီအပါအဝင် စားသုံးဆီအမျိုးမျိုးတို့တွင် ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)နှင့် (၁/၂၀၂၁)တို့နှင့် ကိုက်ညီမှုရှိ/မရှိ အမိန့် အမှတ်(၂/၂၀၂၄)တို့နှင့် ကိုက်ညီမှု ရှိ/မရှိတို့အား  ဇူလိုင်လ(၁၀)ရက်နေ့၊ နေ့လယ်(၁၃:၃၀)အချိန်တွင် ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

    ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင်  တွံတေးမြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံနှင့် တွံတေးမြို့နယ် စည်ပင်သာယာရေးဈေးတာဝန်ခံတို့ပူးပေါင်း၍ စည်ပင်သာယာမြို့မဈေးအတွင်းရှိ  စားသုံးဆီအမျိုးမျိုးဖြန့်ဖြူးရောင်းချနေသော ကုန်မျိုးစုံဆိုင်၊ ကုန်ခြောက်အရောင်းဆိုင်များအား စားသုံးသူ ရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံး၏ညွှန်ကြားချက်အရ  မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ထားသော ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)နှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်အမှတ်(၁/၂၀၂၁)တို့အား လိုက်နာဆောင်ရွက်ရမည့်အပြင် မြန်မာနိုင်ငံအစားအသောက်နှင့်ဆေးဝါအာဏာပိုင်အဖွဲ့မှ ထုတ်ပြန်ထားသော ဟင်းသီးဟင်းရွက်ဆီများကို ရောနှောဆီ     (Blended Oil) အဖြစ် ရောစပ်ရာတွင် အရည်အသွေးအာမခံချက်နှင့် အမှတ်တံဆိပ်ကပ်ခြင်းဆိုင်ရာ သတ်မှတ်သည့်အမိန့် (၂/၂၀၂၄)တို့အား လိုက်နာဆောင်ရွက်ပါရန် ရှင်းလင်းပြောကြားကာ ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေးခဲ့ပြီး အမိန့်၊ ညွှန်ကြားချက်နှင့်အညီ ကိုက်ညီသောရောနှောဆီနှင့် စားသုံးဆီအမျိုးမျိုးတို့ကိုသာ ဝယ်ယူဖြန့်ဖြူးရောင်းချကြပါရန် ပြောကြားခဲ့ကြောင်း သိရသည်။

DOCA(ရန်ကုန်)

 

 

“ ကော့မှူးမြို့နယ်တွင် ကလေးတစ်ကိုယ်ရည် သန့်ရှင်းရေးသုံး ပစ္စည်းအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်း ”

    ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်နှင့် တွံတေးမြို့နယ်အတွင်းရှိ ကလေးတစ်ကိုယ်ရည် သန့်ရှင်းရေးသုံးပစ္စည်းအမျိုးမျိုး ရောင်းချသည့်ဈေးဆိုင်များသို့ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံး၏ညွှန်ကြားချက်အရ ပြည်တွင်း၊ ပြည်ပမှ ထုတ်လုပ်တင်သွင်းဖြန့်ဖြူးနေသော ကုန်စည်များနှင့်စပ်လျဥ်း၍ ဘေးအန္တရာယ်ရှိ/မရှိ ဈေးကွက် စောင့်ကြည့် စစ်ဆေးခြင်းနှင့် ကုန်အညွှန်းအမှတ်အသားဖော်ပြပါရှိရမည့်အချက်များ ဖော်ပြထားခြင်းရှိ/မရှိတို့အား ဇူလိုင်လ(၁၁)ရက်နှင့် ဇူလိုင်လ(၁၂)ရက်တို့တွင် ဈေးကွက်စောင့်ကြည့်ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

    ထိုသို့ ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဈေးတာဝန်ခံ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံတို့သည် စည်ပင်သာယာမြို့မဈေးအတွင်း/အပြင်နှင့် ဗိုလ်ချုပ်လမ်း၊ မကျီကန်ရပ်ကွက်တို့တွင် ကလေးတစ်ကိုယ်ရည် သန့်ရှင်းရေးသုံးပစ္စည်းအရောင်းဆိုင်များမှ လုပ်ငန်းရှင်များနှင့်တွေ့ဆုံကာ စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးတို့အတွက် စံညွှန်း၊ စံချိန်နှင့် ကိုက်ညီမှုရှိသော၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြပါရှိသော ကလေးတစ်ကိုယ်ရည် သန့်ရှင်းရေးသုံးပစ္စည်းများကိုသာ ဝယ်ယူဖြန့်ဖြူးရောင်းချပေးကြပါရန်နှင့် ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ အချက်များထဲမှ ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ကျန်းမာရေးဆိုင်ရာဘေးထွက်ဆိုးကျိုး (သို့မဟုတ်) ဓာတ်မတည့် ကြောင်းဖော်ပြချက်နှင့် ကြိတင်သတိပေးချက်တို့အား ကုန်အညွှန်းအမှတ်အသား ဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြားဘာသာ(သို့မဟုတ်) တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ရေးသားဖော်ပြပါရှိသော ကလေးတစ်ကိုယ်ရည် သန့်ရှင်းရေးသုံးပစ္စည်းများကိုသာ ဝယ်ယူဖြန့်ဖြူးရောင်းချပေးကြရန် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခဲ့ပြီး ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

DOCA(ရန်ကုန်)

 

မုံရွာခရိုင်၏ (၆/၂၀၂၄) လအတွင်း စီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံခြင်းဆောင်ရွက်မှုအခြေအနေ

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးရုံးအနေဖြင့် ဌာန၏မျှော်မှန်းချက်ဖြစ်သည့် “ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေး လုပ်ငန်းများဖြင့် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများအပြင် စားသုံးသူကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိပါသည်။

        မုံရွာခရိုင်အနေဖြင့် ၂၀၂၄ခုနှစ်၊ ဇွန်လအတွင်း စီးပွားရေးလုပ်ငန်းရှင်များအား တွေ့ဆုံခြင်း (၂) ကြိမ်ဆောင်ရွက်ခဲ့ရာ ဒု-ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်း (၂) ဦးတို့သည် (၇-၆-၂၀၂၄)ရက်နေ့တွင် မုံရွာမြို့ရှိ “စားသုံးဆီရောင်းချသည့်” လုပ်ငန်းရှင်အားလည်းကောင်း၊ ဒု-ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်း (၂) ဦးတို့သည် (၁၁-၆-၂၀၂၄) ရက်နေ့တွင် မုံရွာမြို့၊ စက်မှုဇုန်ကွက်ရှိ “အောင်ဝင်း” အသားခြောက်အားလည်းကောင်း တွေ့ဆုံပြီး စားသုံးသူကာကွယ်ရေးဥပဒေပါအကြောင်းအရာများ၊ အမိန့်နှင့် ညွှန်ကြားချက်များ၊ ဌာနမှဆောင်ရွက်လျက်ရှိသောလုပ်ငန်းများအား အသိပညာပေးဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

“ သုံးခွမြို့နယ်တွင် ဝမ်းပျက်၊ ဝမ်းလျောရောဂါကာကွယ်ကုသမှုဆိုင်ရာ ဆေးနှင့်ဆေးပစ္စည်းများ ပြတ်လပ်မှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း ”

          ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်အတွင်းရှိ ဆေးဆိုင်များတွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၏ညွှန်ကြားချက်အရ လတ်တလောကာလတွင် ဖြစ်ပေါ်လာသော ဝမ်းပျက်၊ ဝမ်းလျောရောဂါနှင့်ပတ်သက်ပြီး ဈေးကွက်အတွင်းဈေးဆိုင်များတွင် ဆေးများရောင်းချခြင်း ရှိ/မရှိနှင့် ဆေးဝါးများပြတ်လပ်မှု ရှိ/မရှိကို ဇူလိုင်လ(၁၂)ရက်နေ့၊ နံနက်(၁၀:၃၀)အချိန်တွင် ပူးပေါင်းအဖွဲ့ ဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

          ထိုသို့ ဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူ များ၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်စန်းစန်းမော်နှင့်ဝန်ထမ်းများ ပူးပေါင်း အဖွဲ့သည် ပြည်တွင်း၌ စားနပ်ရိက္ခာဖူလုံစေရေးနှင့် အခြေခံစားကုန်များ ဈေးနှုန်းတည်ငြိမ်စေရေးနှင့် ဈေးကွက် အတွင်းပစ္စည်းများ ပြတ်လပ်မှုမရှိစေရေးတို့ကို အလေးထားဆောင်ရွက်လျက်ရှိရာ သုံးခွမြို့နယ် အတွင်းရှိ စူပါဆေးဆိုင်၊ ဟောင်ကောင်ဆေးဆိုင်၊ အောင်ဆေးဆိုင်တို့တွင် ဝမ်းပျက်၊ ဝမ်းလျောရောဂါ ကုသမှုဆိုင်ရာ ဆေးနှင့်ဆေးပစ္စည်း များပြတ်လပ်မှု ရှိ/မရှိ ဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

DOCA(ရန်ကုန်)

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ