Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ညောင်တုန်းမြို့နယ်မှ ထွက်ရှိသော ဆန်နှင့် ဆန်ကွဲများ ရန်ကုန်တင်ပို့မှု အခြေအနေ

  ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် အနေဖြင့် မြို့နယ်များအပါအဝင် ၁၅တန်နှင့်အထက် ဆန်စက်အလုံးရေ (၄၈)လုံး ရှိပြီး စပါးကြိတ်ခွဲထွက်ရှိမှုမှ ဆန်များကို ရန်ကုန်တိုင်းဒေသကြီးသို့ အဓိကထား၍ တင်ပိုနေပြီး ရန်ကုန်မှတဆင့် အခြားဒေသများသို့ နေ့စဉ် ပုံမှန် (စီးထွက်) လျက်ရှိကြောင်း သိရသည်။

   ညောင်တုန်းမြို့နယ် ၂၀၂၅ ခုနှစ် စက်တင်ဘာလ ၁လအတွင်း ဆန်တင်ပို့မှုအနေဖြင့် ၁၃၆၅၅၀အိတ်၊ တန်အားဖြင့် ၆၈၂၇ တန်နှင့်  ဆန်ကွဲအနေဖြင့် ၄၂၂၉၂ အိတ်၊ တန်အားဖြင့်၂၁၁၀တန် တင်ပို့နိုင်ခဲ့ပြီး ယခင်လနှင့် တင်ပို့မှု အနေဖြင့် ဆန် ၁၁၃၂၅၀ အိတ် နှင့် တန်အားဖြင့်  ၅၆၆၀ တန်ကိုလည်းကောင်း၊ ဆန်ကွဲ ၃၃၅၁၀ အိတ်နှင့် တန်အားဖြင့်၁၆၇၅တန် တင်ပို့ခဲ့ကြောင်း ယခုလအနေဖြင့် ဆန်အိတ် ၂၃၃၀၀အိတ် ပိုမိုတင်ပိုခဲ့ကြောင်းနှင့်  ၈၇၈၂အိတ် ပိုမိုတင်ပို့နိုင်ခဲ့ကြောင်း ပန်းတိုင်စစ်ဆေးရေးဂိတ်စာရင်းများအရ သိရသည်။

DOCA(ဧရာဝတီ)

၂၃.၁၀.၂၀၂၅ ရက်နေ့ရှိ ဘုရင့်နောင်ကုန်စည်ဒိုင် ပဲအမျိုးအစားအလိုက် လက်ကျန်စာရင်း

         ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် ဘုရင့်နောင်ကုန်စည်ဒိုင် ပဲနှမ်းအသင်းမှ ၂၃.၁၀.၂၀၂၅ ရက်နေ့ရှိ ပဲလက်ကျန်စာရင်းမှာ မြေပဲတစ်ပိဿာလျှင် မြေပဲလုံးဆံ ၈၂၀၀ ကျပ်ခန့် ၊ မြေပဲဆီဆံ တစ်ပိဿာလျှင် ၇၅၀၀ ကျပ်ခန့်ရှိပါသည်။ နှမ်းဖြူ မန္တလေးဈေးမှာ ၄၅ ပိဿာ တစ်အိတ်လျှင် ၂၉၀၀၀၀ ကျပ်ခန့်ရှိပါသည်။ နှမ်းနက်(ရိုးရိုး) ဈေးနှုန်းမှာ ၄၅ ပိဿာတစ်အိတ်လျှင် ၆၇၀၀၀၀ ကျပ် ခန့်ရှိပြီး ရန်ကုန်ဈေးကွက်တွင် မုန့်ညှင်းဈေးကွက်မရှိပါ။ ပဲပုတ် ၂၀၂၅ အတွက် တန်ချိန် (၁၅၆၀၀) ဝန်းကျင်ရှိမည်ဟု ခန့်မှန်းခဲ့ပါသည်။ ယခုတစ်ပါတ်တွင် နှမ်းနက်(ရိုးရိုး)မှာ ၄၅ ပိဿာ တစ်အိတ် လျှင် ကျပ် ၇၂၀၀၀၀ ကျပ်ရှိရာမှ ၆၇၀၀၀၀ ကျပ်ခန့် ပဲပုတ် ၂၀၂၅ အတွက် တန်ချိန် ၁၅၈၀၀ ဝန်းကျင် ရှိရာမှ တန်ချိန် ၁၅၀၀ ရှိမည်ဟုခန့်မှန်းကြောင်း ဘုရင့်နောင်ကုန်စည်ဒိုင် ပဲနှမ်းအသင်းမှ သိရှိရပါ သည်။

DOCA (ရန်ကုန်)

ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ကြက်သွန်နီဝင်ရောက်ရာ အရပ်ဒေသများနှင့် ဈေးနှုန်းများအခြေအနေ

            ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ (၂၃) ရက်နေ့တွင် ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ကြက်သွန်နီ ဝင်ရောက်ရာဒေသများဖြစ်သည့် ဆိပ်ဖြူ၊ မုံရွာဒေသတို့မှ ကြက်သွန်နီ (၇၂၂၀၀၀) ပိဿာဝင်ရောက် ခဲ့ပြီး (၆၀) ရာခိုင်နှုန်းခန့် ပြန်လည်စီးထွက်မှုရှိကြောင်း သိရှိရပါသည်။ ထို့ကြောင့် ကြက်သွန်နီ လက်ကျန်မှာ (၂၈၈၈၀၀) ကျန်ရှိကြောင်း ကုန်စည်ဒိုင်တင်းအရသိရှိရ သည်။ ဆိပ်ဖြူ ကြက်သွန်နီ (အသစ်) အချော တစ်ပိဿာ ကျပ် ၅၀၊ အသန့်မှာတစ်ပိဿာ ကျပ် ၁၀၀၊ အကြီးမှာ ကျပ် ၁၀၀၊ ရှယ်မှာ ကျပ် ၁၈၀၊ မုံရွာ ကြက်သွန်နီ(အသစ်)အချော တစ်ပိဿာ ကျပ် ၅၀၀၊ အသန့်မှာ တစ်ပိဿာ ကျပ် ၁၀၀၀ ၊ အကြီးမှာ ကျပ် ၁၄၅၀၊ ရှယ်မှာ ကျပ် ၁၈၀၀ ဈေးတို့အသီးသီးရှိကြောင်း စုံစမ်းသိရှိရပါ သည်။

          ယခုတစ်ပတ် ကြက်သွန်နီဈေးနှုန်းများမှာ ယခင်အပတ်အထက် ဈေးအနည်းငယ်ကျသွား ကြောင်းသိရှိရပါသည်။

  DOCA (ရန်ကုန်)

 

ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ဆန်အမျိုးအစားအလိုက် ဆန်အဝင်နှင့်ဆန်ဈေးနှုန်းစာရင်း

           ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ၂၃.၁၀.၂၀၂၅ ရက်နေ့တွင် ပဲခူး(အရှေ့) မှ ရှယ်စ ၄၅၂၀ အိတ်နှင့် ဈေးနှုန်းမှာ ၅၃၀၀၀ မှ ၅၄၀၀၀ ကျပ်၊ ဆန်ကြမ်းထိပ်စအိတ်ရေ ၃၄၅၈ နှင့် ဈေးနှုန်းမှာ ၅၂၀၀၀ မှ ၅၃၀၀၀ ကျပ်၊ လက်စအိတ်ရေ ၃၄၈၅ နှင့် ဈေးနှုန်းမှာ ၅၁၀၀၀ မှ ၅၂၀၀၀ ကျပ်၊ ၂၅ မတ်ဆန်အိတ် ၁၃၆၀ နှင့် ဈေးနှုန်းများမှာ ၄၉၀၀၀ မှ ၅၀၀၀၀ ကျပ်၊ ဆန်ကွဲအိတ်ရေ ၅၉၄၈ နှင့် ဈေးနှုန်းများမှာ ၄၆၀၀၀ မှ ၄၇၅၀၀ ကျပ်၊ ပဲခူး(အနောက်) မှ ရှယ်စ ၄၂၈၇ အိတ်၊ ဈေးနှုန်းမှာ ၅၃၀၀၀ မှ ၅၄၀၀၀ ကျပ်၊ ဆန်ကြမ်းထိပ်စအိတ်ရေ ၃၆၇၄၊ ဈေးနှုန်းမှာ ၅၂၀၀၀ မှ ၅၃၀၀၀ ကျပ်၊ လက်စအိတ်ရေ ၃၁၂၀၊  ဈေးနှုန်းမှာ ၅၁၀၀၀ မှ ၅၂၀၀၀ ကျပ်၊ ၂၅ မတ်ဆန်အိတ် ၁၂၁၀ ၊ ဈေးနှုန်းများမှာ ၄၉၀၀၀ မှ ၅၀၀၀၀ ကျပ်၊ ဆန်ကွဲအိတ်ရေ ၅၈၉၀၊ ဈေးနှုန်းများမှာ ၄၆၀၀၀ မှ ၄၇၅၀၀ ကျပ်၊ ဧရာဝတီတိုင်းမှ ရှယ်စ ၃၉၈၄၊ ဈေးနှုန်းမှာ ၅၃၀၀၀ မှ ၅၄၀၀၀ ကျပ်၊ ဆန်ကြမ်းထိပ်စအိတ်ရေ ၃၉၅၇၊ ဈေးနှုန်းမှာ ၅၂၀၀၀ မှ ၅၃၀၀၀ ကျပ်၊ လက်စအိတ်ရေ ၃၁၄၃၊ ဈေးနှုန်းမှာ ၅၁၀၀၀ မှ ၅၂၀၀၀ ကျပ်၊ ၂၅ မတ်ဆန်အိတ် ၁၀၈၂၊ ဈေးနှုန်းများမှာ ၄၉၀၀၀ မှ ၅၀၀၀၀ ကျပ်၊ ဆန်ကွဲ အိတ်ရေ ၆၁၂၅ အိတ်၊ ဈေးနှုန်းများမှာ ၄၆၀၀၀ မှ ၄၇၅၀၀ ကျပ် တို့ဝင်ရောက်ကြောင်း သိရှိရပါသည်။     

            ၂၃.၁၀.၂၀၂၅ ရက်နေ့တွင် ဘုရင့်နောင်ကုန်စည်ဒီုင်သို့ ရှယ်စ(၁၂၇၉၁)၊ ဆန်ကြမ်း(၁၁၀၈၉)၊ လက်စ(၉၇၄၈)၊၂၅မတ်(၃၆၅၂)၊ဆန်ကွဲ(၁၇၉၆၃) အိတ်တို့ဝင်ရောက်ခဲ့ပြီး ဆန်ဈေးနှုန်းမှာမှာပြောင်း လဲမှုမရှိကြောင်းသိရှိရပါသည်။

DOCA (ရန်ကုန်)

 

ကျွန်းလှမြို့တွင် ရောင်းချနေသော ဥစားပိန်းဥ နှင့် ကန်ဇွန်းဥ ဈေးနှုန်း

     ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စိုက်ပျိုးရေး နှင့် မွေးမြူရေးကို အဓိကထား လုပ်ကိုင် ကြရာ စားဖိုဆောင်သီးနှံတစ်ခုဖြစ်သည့် ဥစားပိန်းဥကို တစ်ပိုင်တစ်နိုင် နှင့် မိမိပိုင်နေအိမ်ဝင်းအတွင်းနှင့် ယာမြေများတွင်  စိုက်ပျိုးရောင်းချလျက်ရှိသော်လည်း အထွက်နည်းသည့်အတွက် ရွှေဘိုမြို့ ၊ မန္တလေးမြို့ တို့မှလည်း မှာယူရောင်းချကြောင်းသိရသည်။

    ၂၀၂ ၅ ခုနှစ်၊ အောက်တိုဘာလတတိယအပတ်တွင် ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးအတွင်း ဖြစ်ပေါ် နေသော ဥစားပိန်းဥ ဈေးနှုန်းမှာ ဥစားပိန်းဥ တစ်ပိဿာလျှင်(၃၂၀၀)ကျပ်၊ ၅၀ကျပ်သားလျှင်(၁၆၀၀) ကျပ် နှင့် ၂၅ကျပ်သားလျှင်(၈၀၀)ကျပ် ဈေးနှုန်းများဖြင့် လည်းကောင်း အလားတူပင် ကန်ဇွန်းဥဈေးနှုန်းအနေဖြင့် ကန်ဇွန်းဥ တစ်ပိဿာလျှင်(၄၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၂၀၀၀)ကျပ် နှင့် (၂၅)ကျပ်သား လျှင်(၁၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိပြီး ကန်ဇွန်းဥ နှင့် ဥစားပိန်းဥကို ပဲတီဆံ၊ ကုလားပဲ တို့ဖြင့် ဟင်းချိုချက်၍လည်းကောင်း၊ ဥစားပိန်းဥကို ပြုတ်၍ ဆီ နှင့် ဆားနယ်ပြီး ရေနွေးကြမ်းဖြင့် စားသုံးကြသလို တာလပေါဟင်းချက်ရာတွင်လည်း အသုံးပြုကြသောကြောင့် လူကြီး/ လူငယ်အရွေး ကြိုက်နှစ်သက်သည့်အတွက် အရောင်းအဝယ်ဖြစ်နေကြောင်း ကုန်စိမ်းသီးနှံအစုံ ရောင်းချသူများ ထံမှ သိရပါသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့တွင် အုန်းချိုမွှေးပျိုးပင်များ စိုက်ပျိုးရောင်းချလျက်ရှိ

  ကန့်ဘလူခရိုင် ၊ ကျွန်းလှမြို့၊ ပျဉ်းမမြိုင်ရပ်ကွက်တွင် ၊ အပိုဝင်ငွေရရှိရန်အတွက်  စိုက်ပျိုးရေးနှင့် မွေးမြူရေးကို လုပ်ကိုင်ကြရာမှ သစ်ပင်ပန်းပင်အမျိုးမျိုးကို အပင်ပေါက်ရော အပွင့်ပါ ရောင်းချရန်  တစ်နိုင် တစ်ပိုင် စိုက်ပျိုးလာကြသည်။

   အုန်းချိုမွှေးပျိုးပင်များကိုတော့ နှစ်ရှည်သီးနှံပင်အဖြစ် မြေကျင်းတူးပြီး စိုက်ပျိုးရသော အပင်ဖြစ်ပြီး (၆)လနေလျှင် အသီးများစသီးကာ သဘာဝအုန်းပင်ကဲ့သို့ အပင်မြင့်မျိုးမဟုတ်ပဲ အပင်ပုမျိုးဖြစ်ပါသည်။

   ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ တတိယပတ် ကျွန်းလှမြို့၏ ရောင်းချနေသော အုန်းချိုမွှေးပျိုးပင် ဈေးနှုန်းများမှာ အုန်းချိုမွှေးပျိုးပင် တစ်ပင်လျှင်(၃၀၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချ လျက်ရှိကြောင်း ပန်းဥယာဉ်စိုက်ပျိုး ရောင်းချသူ  ထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့တွင် ရောင်းချလျက်ရှိသော အာလူး နှင့် ဂျင်း(ချင်း) ဈေးနှုန်း

   ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့ ၊ ပိတောက်မြိုင်ဈေးကွက်အတွင်း အာလူးသီး နှင့် ဂျင်း(ချင်း)တို့ကို ရှမ်းပြည်နယ် အောင်ပန်းမြို့နှင် မန္တလေးတိုင်းဒေသကြီးမှ အများဆုံး မှာယူရောင်းချလျက်ရှိကြောင်း သိရသည်။

    ကျွန်းလှမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ယခု အောက်တိုဘာလ တတိယပတ်တွင် ပိတောက်မြိုင်ဈေး၌ ဖြစ်ပေါ်နေသော အာလူးသီးဈေးနှုန်း အနေဖြင့် အားလူးသီးအလုံးကြီး(၁)ပိဿာလျှင်(၅၀၀၀)ကျပ်၊ (၅၀) ကျပ်သားလျှင်(၂၅၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင်(၁၃၀၀)ကျပ်၊ အာလူးသီး အလုံးသေး(၁)ပိဿာလျှင် (၄၀၀၀)ကျပ် (၅၀)ကျပ်သားလျှင်(၂၀၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင်(၁၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် လည်း ကောင်း ဂျင်း(ချင်း)တက်ဈေးနှုန်းများမှာ ဂျင်း(ချင်း)တက်(၁)ပိဿာလျှင်(၆၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့်  အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကျွန်းလှမြို့ပေါ်ရပ်ကွက်ဈေးများတွင်  ကြက်သွန်ဖြူ/ နီ /အာလူး /ဂျင်း(ချင်း) အရောင်းအဝယ် လုပ်နေသူထံမှသိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့တွင် ရောင်းချလျက်ရှိသော အမဲသား ဈေးနှုန်း

  ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးတွင် အသား/ငါးနှင့် အခြားစား‌သောက် ကုန်ပစ္စည်းများ၊ လူသုံး ကုန်ပစ္စည်းများကို ဒေသတွင်းနှင့် အခြားဒေသများမှ ဝယ်ယူရောင်းချလျက်ရှိရာ ယခုအခါ တွင် လမ်းပန်း ဆက်သွယ်ရေး အခက်ခဲများကြောင့်  ကုန်ဈေးနှုန်းများ အနည်းငယ် မြင့်တက်လျက်ရှိရာမှ အသား/ငါး ဈေးနှုန်းများထဲမှ အမဲသားဈေးနှုန်းသည်လည်း မြင့်တက်လျက်ရှိပါသည်။

  အမဲသားများကို ကျွန်းလှမြို့ ဒေသတွင်းဟင်းစလေများမှ လက်လီ/လက္ကား ရောင်းချလျက်ရှိရာ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ တတိယပတ်၏ အမဲသား ဈေးနှုန်းများ အနေဖြင့် အမဲသားရှယ်(တစ်တုံး ထဲသား)လက္ကားတစ်ပိဿာလျှင်(၃၀၀၀၀)ကျပ်၊အမဲသားရှယ်(တစ်တုံးထဲသား)လက်လီ တစ်ပိဿာလျှင် (၃၂၀၀၀)ကျပ်၊ အမဲသားရိုးရိုး(အသားပြွန်း) လက္ကား တစ်ပိဿာလျှင်(၂၈၀၀၀)ကျပ်၊ အမဲသားရိုးရိုး (အသားပြွန်း) လက်လီ တစ်ပိဿာလျှင်(၃၀၀၀၀)ကျပ်၊ အမဲပုဆိုးကြမ်း တစ်ပိဿာလျှင်(၁၅၀၀၀)ကျပ်၊ အမဲသား အတိုအစ တစ်ပိဿာ(၁၂၀၀၀)ကျပ်၊ အမဲသွေးခဲ တစ်ပိဿာလျှင်(၅၀၀၀)ကျပ်၊ အမဲအူ တစ်ပိဿာလျှင်(၈၀၀၀)ကျပ် နှင့် အမဲရိုး တစ်ပိဿာ(၇၀၀၀)ကျပ် ဈေးနှုန်းများဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း ယခင် အပတ်ထက် အမဲသားဈေးနှုန်း အနည်းငယ်မြင့်တက်ပြီး အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း အမဲသားသည် ထံမှ သိရပါသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့တွင် ရောင်းချလျက်ရှိသော ရှင်မတောင် သနပ်ခါးတုံး ဈေးနှုန်း

  ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့ရှိ ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များ နှင့် ဈေးများတွင် ရှင်မတောင်သနပ်ခါးတုံးများကို ရွှေဘိုမြို့နှင့်မုံရွာမြို့တို့မှ မှာယူရောင်ချလျက်ရှိကြောင်း သိရသည်။

   ၂၀၂၅  ခုနှစ်၊ အောက်တိုဘာလ တတိယပတ်အတွင်း ကျွန်းလှမြို့တွင် ရောင်းချနေသော မြန်မာ့ရိုးရာ ရှင်မတောင်သနပ်ခါးဈေးနှုန်းမှာ ရှင်မတောင်သနပ်ခါးတုံး အကြီးအသေးပေါ်မူတည်၍ အတုံးကြီး (၁)တုံးလျှင် (၄၀၀၀)ကျပ်၊ အလတ်(၁)တုံးလျှင် (၃၅၀၀ မှ ၃၀၀၀) ကျပ်ဈေးနှင့် အသေး (၁)တုံးလျှင် (၂၅၀၀မှ၂၀၀၀) ကျပ်ထိ နှင့် သနပ်ခါးတုံးအမြစ်တုံးကလေးများသည် (၇၀၀ မှ ၁၀၀၀) ကျပ်ထိ ‌ဈေးနှုန်းအသီးသီးတိုဖြင့်  အရွယ်အစား အမျိုးအစားပေါ်မူတည်၍ အရောင်းအဝယ် ဖြစ် လျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့တွင် ရောင်းချနေသော သစ္စာပန်း ဈေးနှုန်း

  ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးတွင် ဘုရားပန်း အမျိုးမျိုးဖြစ်သော ဂန္ဓာမာပန်း၊ သစ္စာပန်း၊ စိန်လည်တုံ၊ နှင်းဆီ၊ ဇွန်ပန်း၊ ရှင်မွေးလွန်း၊ မေမြို့ပန်း(အက်စတာ)၊ မြေမြို့ပန်း (ကြက်လည်ဆံ) သပြေပန်း (အောင်သပြေ) အငုတ်၊ အောင်သပြေ အခက်များနှင့် အာစီယံသပြေ တို့ကို မိမိတို့ ဒေသထွက်နှင့် မန္တလေးမြို့၊ ပြင်ဦးလွင်မြို့၊ တောင်ကြီးမြို့တို့မှ မှာယူရောင်းချကြောင်းသိရှိရပါသည်။

   သစ္စာပန်းသည် မျိုးကွဲပေါင်းများစွာ အရောင်းအသွေးပေါင်းများစွာရှိပြီး လူအများ ကြိုက်နှစ်သက် သောပန်းဖြစ်ပြီး ဩဂုတ်လဆန်းပိုင်းတွင် စတင်ဖူးပွင့်လေ့ရှိကြောင်းသိရသည်။ သစ္စာပန်း၏ အဓိပ္ပါယ် ကတော့ ရိုးသားခြင်း၊ အရူးအမူးစွဲလမ်းခြင်း၊ သတိရခြင်း၊ သစ္စာရှိခြင်း၊ ဘယ်တော့မှအရှုံးမပေးနဲ့ဆိုသည့် အဓိပ္ပါယ်ကိုဆောင်ပါသည်။ သစ္စာပန်းသည် အရောင်အလိုက် ကိုယ်စားပြုသော အဓိပ္ပါယ်ရှိပြီး အဖြူ ရောင်ကတော့ ဖြူစင်ခြင်းကို ကိုယ်စားပြုခြင်း၊ အဝါရောင်းကတော့ ပျော်ရွင်မှု Friend Ship တွေကို ကိုယ်စားပြုခြင်း၊ အနီရောင်းကတော့ အချစ်ကို ကိုယ်စားပြုခြင်းဖြစ်သလို ခရမ်းရောင်ကတော့ ကျက် သရေရှိခြင်း နှင့် လျှို့ဝှက်ဆန်းကြယ်ခြင်းကို ကိုယ်စားပြုတာဖြစ်ပါသည်။ ယခု အောက်တိုဘာလ (တတိယပတ်)တွင် ကျွန်းလှမြို့နယ်အတွင်း ဖြစ်ပေါ်နေသော သစ္စာပန်း ဈေးနှုန်းအနေဖြင့် သစ္စာပန်း (ဟော်လန်) အပွင့်ကြီး(၅)ခက်ပါ တစ်စီးလျှင်(၃၀၀၀)ကျပ်၊ သစ္စာပန်း အပွင့်သေး စာကလေးပန်း (၅)ခက်ပါ တစ်စီးလျှင် (၂၅၀၀)ကျပ်၊ ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။       

DOCA(စစ်ကိုင်း)  

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း