Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကျွန်းလှမြို့တွင် ရောင်းချလျက်ရှိသော ဝါရင်းမှိုပွင့်၊ ဝါးရင်းမှိုပေါင်းထုတ် နှင့် ကန်ဇွန်းရွက်ပေါင်းထုတ်ဈေးနှုန်း

  ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ဒေသထွက် ပေါ်ဦးပေါ်ဖျား ဝါရင်းမှိုများကို  ရှာဖွေ၍ ဈေးကွက်အတွင်းသို့ ရောင်းချကြသလို ဝါရင်းမှိုများကို ကျွန်းဖက်၊ ငှက်ပျောဖက်တို့ဖြင့်ထုတ်၍ ပေါင်းပြီးလည်းရောင်းချလျက်ရှိကြောင်း  သိရှိရပါသည်။

          အောက်တိုဘာလ တတိယပတ်အတွင်း ကျွန်းလှမြို့၌ ရောင်းချလျက်ရှိသော ဝါရင်းမှိုအပွင့် (၁)ပိဿာလျှင်(၂၀၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၁၀၀၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင်(၅၀၀၀)ကျပ်၊ (၁၀) ကျပ်သားလျှင်(၂၀၀၀)ကျပ် ဈေးနှုန်းတို့ရှိပြီး အလားတူပင် ဝါရင်းမှိုပေါင်းထုတ်  ဈေးနှုန်းအနေဖြင့်  ဝါရင်း မှိုပေါင်းထုတ် တစ်ထုတ်လျှင်(၁၀၀၀)ကျပ်၊ (၁၀)ထုတ်လျှင်(၉၀၀၀)ကျပ်၊ ဈေးနှုန်းတို့ဖြင့် လည်းကောင်း အလားတူပင် ကန်ဇွန်းရွက်ဟင်းပေါင်းထုတ် ဈေးနှုန်းအနေဖြင့် ကန်ဇွန်းရွက်ဟင်းပေါင်းထုတ် တစ်ထုတ် လျှင်(၅၀၀)ကျပ်၊ ငွေကျပ်(၂၀၀၀)ဖိုး(၅)ထုတ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ် လျက်ရှိကြောင်း သိရ ပါသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့တွင် ‌ရောင်းချလျက်ရှိသော ဝက်သား နှင့် ဝက်အူချောင်းဈေးနှုန်း

   ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးတွင် အသား/ငါးနှင့် အခြားစား‌သောက် ကုန်ပစ္စည်းများ၊ လူသုံးကုန် ပစ္စည်းများရောင်းချသည့်အနက်မှ အသား/ငါး ဈေးနှုန်းများထဲမှ ဝက်သားဈေးနှုန်းသည်လည်း မြင့်တက် လျက်ရှိပါသည်။

   ကျွန်းလှမြို့ ယခု အောက်တိုဘာလ တတိယအပတ်၏ ဝက်သားဈေးနှုန်းများ အနေဖြင့် ဝက်သားရှယ် (အသားသီးသန့်) လက်လီ တစ်ပိဿာလျှင်(၃၅၀၀၀)ကျပ်၊ ဝက်သား(ပေါင်သား) လက်လီ တစ်ပိဿာလျှင်(၃၃၀၀၀)ကျပ်၊ ဝက်သားရိုးရိုး(နံကိုင်းသား) လက်လီ တစ်ပိဿာလျှင်(၃၂၀၀၀)ကျပ်၊ ဝက်သား ဝမ်းတွင်းကလီစာ လက်လီ တစ်ပိဿာလျှင်(၂၅၀၀၀)ကျပ် နှင့် ဝက်သား(မေးဖျား၊ နားရွက်) တစ်ပိဿာလျှင်(၂၅၀၀၀)ကျပ်၊ ဝက်သွေးခဲ(၁)ပိဿာလျှင်(၆၀၀၀)ကျပ်၊ ဝက်ရိုးအကြမ်း တစ်ပိဿာ (၁၂၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း အလားတူပင် ဝက်အူချောင်း ဈေးနှုန်းအနေဖြင့် ဝက်အူချောင်း တစ်ပိဿာလျှင်(၄၅၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၂၂၅၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင်(၁၁၃၀၀)ကျပ် နှင့် (၁၀)ကျပ်သားလျှင်(၄၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့်  အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရပါသည်။

DOCA(စစ်ကိုင်း)

ပိတောက်မြိုင်ဈေးတွင် ရောင်းချနေသော လက်ပန်ပွင့်ခြောက် နှင့် သရက်သီးခြောက် ဈေးနှုန်း

  ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးတွင် မိမိတို့ဒေသထွက်ကုန်များအပြင်  အခြား ဒေသမှဝင် ရောက်လာသည့် လူသုံးကုန်၊ စားသောက်ကုန်ပစ္စည်းများကို ရောင်းချလျက်ရှိသည့်အနက် အပွင့်ခြောက်/အသီးခြောက်မျိုးစုံဖြစ်သည့် ကြောင်လျှာပွင့်ခြောက်၊ လက်ပန်ပွင့်ခြောက်၊ သရက်သီး ခြောက်၊ ခရမ်းသီးခြောက်၊ ဘူးသီးခြောက်နှင့် ဇီးဖြူသီးခြောက် တို့ကို ရောင်းချလျက်ရှိရာမှ လက်ပန်ပွင့်ခြောက် ကိုလည်း ရောင်းချလျက်ရှိပါသည်။

   ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ တတိယပတ်အတွင်း ကျွန်းလှမြို့ ပိတောက်မြိုင်ဈေး၌ ရောင်းချ လျက်ရှိသော လက်ပန်ပွင့်ခြောက် ဈေးနှုန်းမှာ လက်ပန်ပွင့်ခြောက် တစ်ပိဿာလျှင် (၆၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၃၀၀၀)ကျပ် နှင့် ‌ (၁၀)ကျပ်သားလျှင်(၆၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိပြီး သရက်သီးခြောက် ဈေးနှုန်းအနေဖြင့် သရက်သီးခြောက် တစ်ပိဿာလျှင် (၆၀၀၀)ကျပ်၊ သရက်သီးခြောက်(၅၀)ကျပ်သားလျှင်(၃၀၀၀)ကျပ် နှင့် (၁၀)ကျပ်သားလျှင်(၆၀၀) ကျပ် ဈေးနှုန်း တို့ဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့တွင် ရောင်းချလျက်ရှိသော ငရုပ်သီးခြောက်

  ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးတွင် ငရုပ်သီးခြောက်၊ အာလူး၊ ကြက်သွန်နီ နှင့် ကြက်သွန်ဖြူ တို့ကို ကန့်ဘလူဒေသထွက်နှင့် ရှမ်းပြည်နယ် အောင်ပန်းမြို့၊ မန္တလေးတိုင်းဒေသကြီးတို့မှ အများဆုံးမှာယူ ရောင်းချလျက်ရှိကြောင်း သိရှိရပါ သည်။

   ၂၀၂၅ ခုနှစ်၊ ယခု အောက်တိုဘာလ တတိယပတ်၌ ကျွန်းလှမြို့၊ သစ်ရာမြိုင်ရပ်ကွက်ဈေးအတွင်း ရောင်းချနေသော ငရုပ်သီးခြောက်ဈေးနှုန်းအနေဖြင့် ငရုပ်သီးခြောက်(အရှည်)လက္ကား တစ်ပိဿာလျှင် (၁၆၀၀၀)ကျပ်၊ ငရုပ်သီးခြောက် (အရှည်) လက်လီ တစ်ပိဿာလျှင်(၁၈၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၉၀၀၀)ကျပ်၊ (၁၀)ကျပ်သားလျင်(၂၀၀၀)ကျပ် နှင့် ငရုပ်သီးလှော်ကြော်(၁၀)ကျပ်သားလျှင်(၂၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သစ်ရာမြိုင်ဈေးတွင် ငရုပ်သီးခြောက်၊ ကြက်သွန်ဖြူ /နီ နှင့် အာလူး အရောင်းအဝယ် လုပ်နေသည့် လုပ်ငန်းရှင်များထံမှ သိရှိရပါ သည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့တွင် ရောင်းချလျက်ရှိသော ရုံးပတီသီး နှင့် ကင်းမုံသီး ဈေးနှုန်း

  ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် ကျွန်းလှမြို့ ပေါ်ရပ်ကွက်များတွင် မိမိတို့နေအိမ်ခြံဝင်း အတွင်းနှင့် လယ်ယာမြေများပေါ်တွင် စိုက်ပျိုးရေး လုပ်ငန်းများကို လုပ်ကိုင်စားသောက်ကြရာမှ စားဖိုဆောင်သီးနှံဖြစ်သည့် ရုံးပတီသီးများကိုလည်း တစ်ပိုင် တစ်နိုင် စိုက်ပျိုးလျက်ရှိပြီး ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးကွက်အတွင်းသို့ လာရောက် ပို့ဆောင်ကာ ရောင်းချ လျက်ရှိကြောင်းသိရသည်။

          ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ တတိယပတ်အတွင်း ဖြစ်ပေါ်နေသော ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေး၏ ရုံးပတီသီး ဈေးနှုန်းများမှာ ရုံးပတီသီး လက်လီ တစ်ပိဿာလျှင်(၂၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၁၀၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင်(၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့်လည်းကောင်း အလား တူပင် ကင်းမုံသီး တစ်ပြည်လျှင်(၂၂၀၀)ကျပ်၊ နို့ဆီ(၄)ဘူးလျှင်(၁၁၀၀)ကျပ် နှင့် နို့ဆီ(၁)ဘူးလျှင် (၃၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း  သစ်ရာမြိုင်ဈေး၌ ကုန်စိမ်းသီးနှံမျိုးစုံ  ရောင်းချနေသော ဈေးသည် တစ်ဦးထံမှ သိရသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့တွင် ရောင်းချလျက်ရှိသော ‌ရွှေဖရုံသီး နှင့် ဘူးသီး

  ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများမှ စိုက်ပျိုးကြသော ရွှေဖရုံသီးများကို ဈေးကွက်အတွင်းသို့ ရောင်းချလျက်ရှိပြီး ရာသီချိန်မဟုတ်သည့် ကာလများတွင် ရွှေဖရုံသီးများကို မန္တလေးမြို့တို့မှ မှာယူ ရောင်းချရကြောင်း သိရှိရပါ သည်။

    ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ တတိယအပတ်တွင် ကျွန်းလှမြို့၊ သစ်ရာမြိုင်‌ ဈေးကွက်အတွင်းရှိ ရွှေဖရုံသီး ဈေးနှုန်းအနေဖြင့် ရွှေဖရုံသီး တစ်ပိဿာလျှင်(၃၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၁၅၀၀)ကျပ် နှင့် ရွှေဖရုံသီး တစ်စိတ်လျှင်(၁၀၀၀)ကျပ်ဈေးနှုန်းတို့ဖြင့်လည်းကောင်း ဘူးသီးဈေးနှုန်းအနေဖြင့် ဘူးသီး(အကြီး)စ်လုံးလျှင်(၃၅၀၀)ကျပ်ထိ ၊ ဘူးသီး(အသေး)တစ်လုံးလျှင်(၂၀၀၀ /၂၅၀၀) ကျပ် နှင့် ဘူးသီး တစ်စိတ်လျှင်(၅၀၀)ကျပ် ဈေးနှုန်းဖြင့် ရောင်းချလျက်ရှိပြီး ယခင်အပတ်ထက် ဘူးသီးဈေး အနည်းငယ်မြင့်တက်ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရပါသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့တွင် ယုဇနပန်းပျိုးပင် နှင့် ဆိပ်ဖလူးပန်းပျိုးပင်များ စိုက်ပျိုးရောင်းချလျက်ရှိ

  စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့၊ ပျဉ်းမမြိုင်ရပ်ကွက်တွင်၊ အပိုဝင်ငွေရရှိရန် အတွက် စိုက်ပျိုးရေး နှင့် မွေးမြူရေး ကို လုပ်ကိုင်ကြရာမှ သစ်ပင်ပန်းပင်အမျိုးမျိုးကို အပင်ပေါက်ရော အပွင့် ပါ ရောင်းချရန်အတွက်  တစ်နိုင်တစ်ပိုင် စိုက်ပျိုးလာကြသည်။

   ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ တတိယပတ် ကျွန်းလှမြို့၊ ပျဉ်းမမြိုင်ရပ်ကွက်တွင် ရောင်းချလျက်ရှိ သော ယုဇနပန်းပျိုးပင်၊ ဆိပ်ဖလူးပန်းပျိုးပင် ဈေးနှုန်းအနေဖြင့် ယုဇနပန်းပျိုးပင် နှင့် ဆိပ်ဖလူးပန်းပျိုးပင် တစ်ပင်လျှင်(၅၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိကြောင်း ပန်းဥယာဉ်စိုက်ပျိုး ရောင်းချသူထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့တွင် ရောင်းချနေသော မြန်မာအစားအစာ မုန့်ဈေးနှုန်းများ

 ကျွန်းလှမြို့တွင် ရိုးရာအစားအစာဖြစ်သည့် မုန့်ပြားသလက် နှင့် မုန့်လင်မယားကို ပြုလုပ် ရောင်းချလျက်ရှိပါသည်။

  ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလတတိယပတ် ကျွန်းလှမြို့တွင် ရောင်းချလျက်ရှိသော မုန့်ပြား သလက် အဖြူဈေးနှုန်းမှာ(၁)ခုလျှင်(၂၅၀)ကျပ်၊ငွေကျပ်(၁၀၀၀)ဖိုး(၄)ခု၊  မုန့်ပြားသက်အနီ ဈေးနှုန်း မှာ(၁)ခုလျှင်(၃၀၀)ကျပ် နှင့် ကြက်ဥမုန့်ပြားသလက် ဈေးနှုန်းမှာ(၁)ခုလျှင်(၈၀၀)ကျပ် ဈေးနှုန်း တို့ဖြင့်လည်းကောင်း မုန့်လင်မယား ဈေးနှုန်းအနေဖြင့် မုန့်လင်မယား(၁)ခုလျှင်(၁၅၀)ကျပ်၊ ငွေကျပ် (၁၀၀၀)ဖိုးလျှင်(၇)ခုတို့ဖြင့်ရောင်းချသောကြောင့် ယခင်အပတ်ထက် မုန့်လင်းမယားဈေး အနည်း ငယ်မြင့်တက်ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သတင်းရရှိ ပါသည်။    

DOCA(စစ်ကိုင်း)               

ကျွန်းလှမြို့တွင် ရောင်းချလျက်ရှိသော မုန့်တီဖတ် နှင့် မုန့်ဟင်းခါးဖတ်

   စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့ပေါ်ရပ်ကွက်များတွင် မိသားစုစားဝတ်နေ ရေးအတွက် မုန့်တီစိမ်း လုပ်ငန်းကိုလုပ်ကိုင် ရောင်းချလျက်ရှိရာ ကျွန်းလှမြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများသို့   ရောင်းချလျက်ရှိကြောင်းသိရသည်။

           ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ တတိယပတ်အတွင်း ကျွန်းလှမြို့ဈေးကွက်၌ ဖြစ်ပေါ်နေသော မုန့်တီစိမ်း ဈေးနှုန်းမှာ မုန့်တီစိမ်း လက်လီ တစ်ပိဿာလျှင်(၃၀၀၀)ကျပ်၊ မုန့်တီစိမ်း(၅၀)ကျပ်သားလျှင် (၁၅၀၀)ကျပ် နှင့် မုန့်တီစိမ်း(၂၅)ကျပ်သားလျှင်(၈၀၀)ကျပ် နှင့် မုန့်တီသုပ် တစ်ပွဲလျှင်(၁၅၀၀)ကျပ်၊ မုန့်ဟင်းခါး တစ်ပွဲလျှင်(၁၅၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် ‌အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း မုန့်တီစိမ်း၊ မုန့်ဟင်းခါးဖတ် အစိမ်း တို့ကို မိမိတို့မြို့နယ်အတွင်းတွင်သာ လက်လီ/လက္ကား ရောင်းချလျက်ရှိကြောင်း သိရ သည်။

DOCA(စစ်ကိုင်း)

 

ကျွန်းလှမြို့တွင် စိုက်ပျိုးရောင်းချနေသော မုံလာဥဖြူ ဈေးနှုန်း

  ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်ကြရာမှ စားဖို ဆောင်သီးနှံဖြစ်သည့် မုံလာဥဖြူကို တစ်ပိုင်တစ်နိုင် စိုက်ပျိုးကြပြီး သစ်ရာမြိုင်ဈေးကွက် အတွင်းသို့ လာရောက် ပို့ဆောင်ရောင်းချကြပါသည်။

   ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ တတိယအပတ် ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးအတွင်း ဖြစ်ပေါ် နေသော  မုံလာဥဖြူ ဈေးနှုန်းမှာ မုံလာဥဖြူ အလုံးအကြီး(၃/၄)လုံးပါ တစ်တွဲလျှင်(၇၀၀)ကျပ်၊ (၃)တွဲ လျှင်(၂၀၀၀)ကျပ် နှင့် မုံလာဥဖြူ(၃/၄)လုံးပါ(၁၀)တွဲလျှင်(၆၅၀၀)ကျပ်၊ မုံလာဥဖြူ အလုံးသေး(၄/၅)လုံးပါ တစ်တွဲလျှင်(၅၀၀)ကျပ်(၁၀)တွဲလျှင်(၄၅၀၀)ကျပ် ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း