Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ရွှေဘိုဈေးကွက်တွင် စားတော်ပဲဈေးအနည်းငယ်တက်ပြီး စားတော်ပဲလုံးရေစိမ်ဈေး ပုံမှန်သာရှိ

           စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်တွင် စပါးကိုအဓိကစိုက်ပျိုးကြပြီး ပဲမျိုးစုံသီးနှံများကို အနည်းငယ်သာစိုက်ပျိုးသော်လည်း သက်ဆိုင်ရာဌာန၏ ၂၀၂၄-၂၀၂၅ခုနှစ် ရွှေဘိုခရိုင် ဆောင်းသီးနှံစိုက်ပျိုးမှုစာရင်းများအရ စားတော်ပဲ(၇၆)ဧကသာ စိုက်ပျိုးကြောင်းသိရှိရပါသည်။ ပဲမျိုးစုံအသစ်များမှာ ဒီဇင်ဘာလမှစတင်၍ ဈေးကွက်အတွင်းသို့ ဝင်ရောက်ခဲ့ပြီး ရွှေဘိုမြို့တွင်ရောင်းချသည့် စားတော်ပဲများကို ဒေသတွင်းရှိ ပွဲရုံများမှ ဝယ်ယူရောင်းချကြပါသည်။

         ရွှေဘိုမြို့ ဈေးကွက်အတွင်း ဩဂုတ်လ၊ တိယအပတ်တွင်ရောင်းချသည့် စားတော်ပဲဈေးနှုန်းမှာ ()ပြည်လျှင်(၁၁၅၀ဝိ/-)ကျပ်နှင့် တစ်တင်းလျှင် (၁၈၂၀၀ဝိ/-)ကျပ်ဖြစ်ကြောင်း၊ ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတို့ကိုနှုန်းယှဉ်ပါက ယခင်အပတ်၌ စားတော်ပဲ (၁)ပြည်လျှင်(၁၁၅၀ဝိ/-)ကျပ် ပေါက်ဈေးရှိခဲ့သဖြင့် ယခင်အပတ်နှင့် ယခုအပတ်တို့၏  အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတူညီပြီး ဈေးငြိမ်နေကြောင်း၊  ဈေးကွက်အနေဖြင့် ဒေသတွင်းရှိစားသုံးသူများ၊ တစ်ဆင့် ပြန်လည်ရောင်းချမည့်သူများ၊ ပဲပြုတ်ရောင်းချသည့်သူများ၊ လ္ဘက်ရည်ဆိုင်၊ အကြော်ဆိုင်များ၊ အလှူမင်္ဂလာပွဲ လမ်းဆောင်ရွက်မည့်သူများမှ ဝယ်ယူကြကြောင်း ပဲမျိုးစုံရောင်းချသည့်ဆိုင်များမှ သတင်းရရှိပါသည်။

         ရွှေဘိုမြို့ ဈေးကွက်အတွင်း ဩဂုတ်လ၊ တိယအပတ်တွင်ရောင်းချသည့် စားတော်ပဲလုံးရေစိမ် ဈေးနှုန်းမှာ ()ပြည်လျှင်(၅၅၀ဝိ/-)ကျပ်ဖြစ်ကြောင်း၊  ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ယခင်အပတ်၌ စားတော်ပဲလုံးရေစိမ်()ပြည်လျှင်(၅၅၀ဝိ/-)ကျပ် ပေါက်ဈေးရှိခဲ့သဖြင့် ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတူညီပြီး ဈေးငြိမ်နေကြောင်း၊  နေ့စဉ်စားတော်ပဲ(၈)ပြည်ခန့် ရေစိမ်ရပြီး ဈေးကွက်အနေဖြင့် လ္ဘက်ရည်ဆိုင်၊ အကြော်ဆိုင်များ၊ ဒေသတွင်းရှိစားသုံးသူများ၊ တစ်ဆင့်ပြန်လည် ရောင်းချမည့်သူများမှ ဝယ်ယူကြကြောင်း ပဲမျိုးစုံရောင်းချသည့်ဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ရွှေဘိုမြို့တွင် ဩဂုတ်လ တတိယပတ်၌ ဖြစ်ပေါ်နေသော စက်သုံးဆီဈေးနှုန်းများ

          မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်း/ သိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီမှ တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် မြို့ကြီးများ၏ စက်သုံးဆီ ရည်ညွှန်း လက်ကားဈေးနှုန်းများအား နေ့စဉ်ထုတ်ပြန်ပေးလျက်ရှိပါသည်။

          ‌ရွှေဘိုမြို့တွင် စက်သုံးဆီဆိုင် (၂၂)ဆိုင် ပုံမှန်ဖွင့်လှစ်ရောင်းချလျက်ရှိပြီး ၂၀၂၅ခုနှစ် ဩဂုတ်လ ဒုတိယပတ်တွင် စက်သုံးဆီဈေးနှုန်းများမှာ ဓါတ်ဆီ(92) တစ်လီတာလျှင် (၃၀၄၀)ကျပ်၊ ဓါတ်ဆီ(95)တစ်လီတာလျှင် (၃၁၀၀)ကျပ်၊ ဒီဇယ်(ရိုးရိုး) တစ်လီတာလျှင် (၂၇၅၅)ကျပ်၊ ဒီဇယ်(ပရီမီယမ်)တစ်လီတာလျှင် (၃၃၈၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။

          ယခု ၂၀၂၅ခုနှစ် ဩဂုတ်လ တတိယပတ်တွင် စက်သုံးဆီဈေးနှုန်းများမှာ ဓါတ်ဆီ(92) တစ်လီတာလျှင် (၃၀၆၀)ကျပ်၊ ဓါတ်ဆီ(95)တစ်လီတာလျှင် (၃၁၃၅)ကျပ်၊ ဒီဇယ်(ရိုးရိုး) တစ်လီတာလျှင် (၂၆၈၀)ကျပ်၊ ဒီဇယ်(ပရီမီယမ်)တစ်လီတာလျှင် (၃၂၈၅)ကျပ်ဖြင့် ရောင်းချနေသောကြောင့် ယခင်အပတ်နှင့် နှိုင်းယှဉ်ပါက ဓါတ်ဆီ(92) တစ်လီတာလျှင် (၂၀)ကျပ် ဈေးနှုန်း၊ဓါတ်ဆီ(95)တစ်လီတာလျှင် (၃၅)ကျပ်၊ ဈေးနှုန်းမြင့်တက်ခဲ့ပြီး ဒီဇယ် (ရိုးရိုး) တစ်လီတာ လျှင်(၇၅)ကျပ်၊ ဒီဇယ် (ပရီမီယမ်) တစ်လီတာလျှင်(၉၅)ကျပ် ဈေးနှုန်းကျဆင်းလျက်ရှိကြောင်း စက်သုံးဆီအရောင်းဆိုင်များမှ သတင်းရရှိသည်။

DOCA(စစ်ကိုင်း)

ကယားပြည်နယ်တွင် ဖြစ်ပေါ်နေသော မျှစ်ဈေးနှုန်း

      အိမ်ရှင်မများအတွက် ဟင်းချက်စရာအမယ်တစ်ခုအဖြစ်ရှိနေသော (Bamboo Shoot) ဝါးပင်ပေါက်စလေးများကို မျှစ်ဟုခေါ်ကြပါသည်။ မျှစ်များသည် ဝါးပင်ပေါက်လေးများဖြစ်သည့်အတွက် နုပြီး အရသာချိုသည်။ မျှစ်တွင် ဗီတာမင်များ၊ သတ္ထုဓာတ်များ ပါဝင်သည့်အတွက် မျှစ်စားသုံးခြင်းသည် ကျန်းမာရေးအတွက် များစွာအထောက်အကူဖြစ်စေနိုင်ပါသည်။

   မျှစ်များကို ကြော်၍စားသောက်ကြသည်။ ပြုတ်၍ ငပိထောင်း၊ ငပိရည်များဖြင့်လည်း တို့စားကြသည်။ မျှစ်သုပ်စားကြသည်များလည်းရှိသည်။ အခြားပုံစံအမျိုးမျိုးဖြင့်လည်း ချက်ပြုတ်စား သောက်ကြပါသေးသည်။

   ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ သီရိမင်္ဂလာဈေးအတွင်း (၂၇-၈-၂၀၂၅)ရက်နေ့တွင် ဖြစ်ပေါ်နေသော မျှစ်ဈေးနှုန်းမှာ  မျှစ်ချဉ်တစ်ပိဿာလျှင်(၈၀၀၀/-)ကျပ်၊ မျှစ်စပ် တစ်ပိဿာလျှင် (၄၀၀၀/-)ကျပ်၊ ချိုးယူအခွံခွာပြီးသား မပြုတ်ရသေးသောမျှစ်(ရိုးရိုး) တစ်ပိဿာလျှင်(၃၀၀၀/-) ကျပ်ဖြင့်  အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ မျှစ်ချဉ်များကို နေပြည်တော်၊ မန္တလေးမြို့၊ မိတ္ထီလာမြို့ဘက်မှ ဝယ်ယူရောင်းချကြပြီး မျှစ်စပ်နှင့် မျှစ်(ရိုးရိုး)များကို ယခုမိုးတွင်းကာလတွင် ဒေသအတွင်း ချိုးယူရောင်းချကြကြောင်း မျှစ်ရောင်းသူဈေးသည် တစ်ဦးထံမှ သိရှိရပါသည်။

DOCA(ကယား)

ရွှေဘိုဈေးကွက်တွင် ရောင်းချသည့်ကုလားပဲဆံနှင့် ကုလာပဲလုံးဈေး

          စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်တွင် စပါးကိုအဓိကစိုက်ပျိုးကြပြီး ပဲမျိုးစုံသီးနှံများကို အနည်းငယ်သာစိုက်ပျိုးသော်လည်း သက်ဆိုင်ရာဌာန၏ ၂၀၂၄-၂၀၂၅ခုနှစ် ရွှေဘိုခရိုင် ဆောင်းသီးနှံစိုက်ပျိုးမှုစာရင်းများအရ ကုလားပဲ(၃၀၁၄၃)ဧကစိုက်ပျိုးကြောင်း သိရှိရပါသည်။ ပဲမျိုးစုံအသစ်များမှာ ဒီဇင်ဘာလမှစတင်၍ ဈေးကွက်အတွင်းသို့ ဝင်ရောက်ခဲ့ပြီး ရွှေဘိုခရိုင်အနေဖြင့် ကုလားပဲစိုက်ပျိုးမှုရှိသော်လည်း ထွက်ရှိသည့်ကုလားပဲများကို ကုန်ကြမ်းအဖြစ်သာရောင်းချပြီး ပဲခွဲစက်ဖြင့်ခွဲ၍ ကုလားပဲဆံများ ထုတ်လုပ်ရောင်းချမှုမရှိသည့်အတွက် ရွှေဘိုမြို့တွင်ရောင်းချသည့် ကုလားပဲဆံများကို မန္တလေးမြို့မှ ဝယ်ယူရောင်းချပြီး ကုလားပဲလုံးများကို ဒေသတွင်းရှိ ပွဲရုံများမှဝယ်ယူရောင်းချကြကြောင်း သိရှိရပါသည်။

             ရွှေဘိုမြို့ ဈေးကွက်အတွင်း ဩဂုတ်လ၊ တတိယအပတ်တွင်ရောင်းချသည့် ကုလားပဲဆံဈေးနှုန်းမှာ ()ပြည်လျှင်(၈၃၀ဝိ/-)ကျပ်နှင့် တစ်တင်းလျှင်(၁၃၂၈၀ဝိ/-)ကျပ်ဖြစ်ကြောင်း၊ ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ယခင်အပတ်၌ ကုလားပဲဆံ(၁)ပြည် လျှင်(၈၃၀ဝိ/-)ကျပ်ပေါက်ဈေးရှိခဲ့သဖြင့်  ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတူညီပြီး ဈေးငြိမ်နေကြောင်း၊ ဈေးကွက်အနေဖြင့် တစ်ဆင့်ပြန်လည်ရောင်းချမည့်သူများ၊ ကိုယ်တိုင်ကြော်သည့် ကုလားပဲဆံကြော်ဖိုများ၊ အလှူမင်္ဂလာပွဲလမ်း ဆောင်ရွက်မည့်သူများမှ ဝယ်ယူကြကြောင်း ပဲမျိုးစုံရောင်းချသည့်ဆိုင်များမှ သတင်းရရှိပါသည်။

          ရွှေဘိုမြို့ ဈေးကွက်အတွင်း ဩဂုတ်လ၊ တတိယအပတ်တွင်ရောင်းချသည့် ကုလားပဲလုံးဈေးနှုန်းမှာ ()ပြည်လျှင်(၆၀၀ဝိ/-)ကျပ်နှင့် တစ်တင်းလျှင်(၉၆၀၀ဝိ/-)ကျပ်ဖြစ်ကြောင်း၊ ကုလားပဲလုံးမှာ အဖြူရောင်နှင့် အဝါရောင်နှစ်မျိုးရှိပြီး ရောင်းချရသည့်ဈေးနှုန်းမှာလည်း တူညီကြောင်း၊ ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းတို့ကို နှိုင်းယှဉ်ပါက ယခင်အပတ်၌ ကုလားပဲလုံး(၁)ပြည်လျှင် (၆၀၀ဝိ/-)ကျပ် ပေါက်ဈေးရှိခဲ့သဖြင့် ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတူညီပြီး ဈေးငြိမ်နေကြောင်း၊  ဧပြီလ၊ စတုတ္ထအပတ်မှစတင်၍ ယခုအချိန်ထိ အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းတူညီပြီး ဈေးအေးနေကြောင်း၊  ဈေးကွက်အနေဖြင့် ဒေသတွင်းရှိစားသုံးသူများ၊ တစ်ဆင့်ပြန်လည်ရောင်းချမည့်သူများ၊ ကုလားပဲသုတ်ရောင်းချသူများမှ ဝယ်ယူကြကြောင်း ပဲမျိုးစုံရောင်းချသည့်ဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ငှက်ပျောသီး၏ အသုံးဝင်ပုံများအကြောင်း

     အသီးပေါင်းများစွာ ရှိကြသည့်အနက် ငှက်ပျောသီးသည် ကမ္ဘာပေါ်တွင် လူကြိုက်အများ ဆုံးအသီးအနှံတစ်မျိုးဖြစ်ပါသည်။ ပုံစံအမျိုးမျိုးဖြင့် ပြုလုပ်စားသောက်၍ ရသော အသီးတစ်မျိုး ဖြစ်သည့် ငှက်ပျောသီးကို လူအတော်များများက နှစ်သက်ကြပါသည်။ ငှက်ပျောသီးတွင် အမျှင် ဓာတ်၊ ပိုတက်စီယမ်၊ ဗီတာမင်ဘီစစ်၊ ဗီတာမင်စီ၊ ဓာတ်တိုးဆန့်ကျင်သည့် ဓာတ်ပေါင်းများနှင့် အာဟာရဓာတ်များစွာပါဝင်ပါသည်။ငှက်ပျောသီးသည် ဗီတာမင်ဓာတ်ပေါင်းများစွာ ပါဝင်ပြီး ကျန်း မာရေးအတွက် အကျိုးကျေးဇူးများစွာရရှိသည်ဖြစ်၍ ကလေးရောလူကြီးပါနှစ်သက်ကြပါသည်။ ထိုသို့ အကျိုးကျေးဇူးများစွာ ရရှိသည့် ငှက်ပျောသီးကို ငှက်ပျောကိတ်၊ ငှက်ပျောကြော်၊ ငှက်ပျော ပေါင်း၊ ငှက်ပျောသီးအုန်းနို့စမ်းစသည့် ပုံစံအမျိုးမျိုး ပြုလုပ်ကာ ဈေးကွက်အတွင်းသို့ ဖြန့်ဖြူးရောင်း ချလျက်ရှိပါသည်။ ငှက်ပျောသီးကို စားသောက်သည်သာမက ငှက်ပျောဖူး၊ ငှက်ပျောအူများကိုလည်း အမျိုးမျိုးပြုလုပ်၍ ချက်ပြုတ်စားသောက်ကြပါသည်။ ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် ရခိုင်၊ ဖီးကြမ်း၊ ရွှေနီ၊ ရွှေဝါ၊ ချိုချဉ်ငှက်ပျောစသည့်ငှက်ပျောသီးအမျိုးမျိုးထွက်ရှိပါသည်။ ငှက်ပျော သီးအမျိုးမျိုးကို လောပိတမြို့ဘက်မှ အများဆုံးမှာယူရောင်းချလျက်ရှိပြီး ရခိုင်ငှက်ပျောသီးတစ်ဖီး လျှင်(၁၅၀၀မှ ၂၀၀၀)ကျပ်၊ဖီးကြမ်းတစ်ဖီးလျှင် (၁၅၀၀မှ ၂၅၀၀)ကျပ်၊ ရွှေနီတစ်ဖီးလျှင် (၃၀၀၀မှ ၅၀၀၀)ကျပ်၊ ရွှေဝါတစ်ဖီးလျှင် (၃၀၀၀မှ ၅၀၀၀)ကျပ်အထိ အသီးသီးအရောင်းအဝယ်ဖြစ်လျက်ရှိ ပါကြောင်း လွိုင်ကော်မြို့၊ သီရိမင်္ဂလာဈေးတွင် ငှက်ပျောသီးရောင်းချနေသူတစ်ဦးထံမှ သိရှိရပါသည်။

DOCA(ကယား)

ကြက်သားစားသုံးမှု၏အကျိုးကျေးဇူးနှင့် ဈေးနှုန်းဈေးကွက်

    အသားဈေးကွက်တွင် ကြက်သားသည်အမြင့်ဆုံးစားသုံးမှုနှုန်း ရှိပါသည်။ ကြက်သားတွင် အခြားအသားအမျိုးအစားများထက် အဆီနည်းပြီး ကြံ့ခိုင်သန်မာသောအဆစ်၊ ကြွက်သားများ ဖွံ့ဖြိုးစေသော(ပရိုတင်း)ကြွယ်ဝမှုကြောင့် လူနာများ၊ ကျန်းမာရေးဂရုစိုက်သူများ စားသုံးနေကြ ပြီး မိမိတို့၏ နေ့စဉ်ဟင်းလျာများတွင် ကြက်သားဟင်းသည် အဓိကပါဝင်နေသောကြောင့် ဈေးနှုန်းသည်လည်း တဖြည်းဖြည်းမြင့်တက်လျက်ရှိပါသည်။ လွိုင်ကော်မြို့၊ သီရီမင်္ဂလာဈေးတွင် ရောင်းချနေသောကြက်သားဈေးနှုန်းများမှာ ဒေသတွင်းရှိ ကြက်မွေးမြူရေးခြံများမှရရှိပြီး တစ် ပိဿာလျှင် ကြက်(CP)အသားတိုး၂၂၀၀၀/-ကျပ်၊ ကြက်(CP)ဥနှုန်းကျ ၂၄၀၀၀/-ကျပ်၊ ကြက် (ဗမာ) ၃၅၀၀၀/-ကျပ်ဖြင့် ရောင်းချနေကြသည်ကို ဈေးသည်(၁)ဦးထံမှ သတင်းရရှိပါသည်။

DOCA(ကယား)

 

ရွှေဘိုမြို့ပေါ်ရှိ အောင်သပြေပန်းဈေးနှုန်း/ ဈေးကွက်

          ရွှေဘိုမြို့ပေါ်ရှိဈေးများတွင် ဘုရားပန်းမျိုးစုံရောင်းချလျက်ရှိရာ ရာသီအလိုက်‌ပေါ်သည့် ပန်းများအပြင် ဆယ်နှစ်ရာသီလုံးရရှိသည့် ဘုရားပန်းများအနက် အောင်သပြေပန်းသည်လည်း တစ်မျိုးအပါအဝင်ဖြစ်ပါသည်။ အောင်သပြေပန်းသည် ရွှေဘိုမြို့နယ်နှင့် အခြားရွာများမှ ထွက်ရှိသည့်အတွက် အခြားဒေသမှ သယ်ယူရောင်းချစရာမလိုကြောင်း၊ အောင်သပြေပန်းသည် အခြားပန်းများထက် တာရှည်ခံသည့်အတွက် အောင်သပြေပန်းကို လူကြိုက်များကြောင်း၊ အောင်သပြေပန်းတွင်  အောင်သပြေ၊ ညိုချောသပြေ၊ တော်ဝင်သပြေ၊ ပတ္တမြားသပြေနှင့် အာဆီယံသပြေဟူ၍ အမျိုးအစားများစွာရှိပြီး ဈေးနှုန်းမှာလည်း မတူညီကြောင်း၊ ၂၀၂၅ခုနှစ်၊ ဩဂုတ်လ (တတိယ) ပတ်တွင် ဖြစ်ပေါ်နေသော အောင်သပြေပန်းဈေးနှုန်းမှာ အောင်သပြေ လက်တစ်ဆုပ်စာ(၁) စည်းလျှင် (၇၀ဝိ/-)ကျပ်၊ တော်ဝင်သပြေလက်တစ်ဆုပ်စာ (၁)စည်းလျှင် (၇၀ဝိ/-)ကျပ်မှ (၁၀၀ဝိ/-) ကျပ်၊ ပတ္တမြားသပြေလက်တစ်ဆုပ်စာ (၁)စည်းလျှင် (၇၀ဝိ/-)ကျပ်၊ အာဆီယံသပြေလက် တစ် ဆုပ်စာ(၁) စည်းလျှင် (၇၀ဝိ/-)ကျပ်မှ (၁၀၀ဝိ/-) ကျပ်ဖြင့် ရောင်းချလျက်ရှိပြီး ညိုချောသပြေ လက်တစ်ဆုပ်စာ(၁)စည်းလျှင် (၂၀၀ဝိ/-)ကျပ်မှ (၃၀၀ဝိ/-)ကျပ်ရောင်းချပြီး ညိုချောသပြေမှာ အခြားသပြေများထက် ဈေးပိုပေးရကြောင်း ပန်းရောင်းချသည့် ဈေးသည်ထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကယားပြည်နယ် လွိုင်ကော်မြို့ စားဖိုဆောင်သီးနှံဈေးနှုန်း

     ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် စားဖိုဆောင်သီးနှံဈေးနှုန်းများမှာ ဩဂုတ်လ တတိယပတ်တွင် ငရုတ်သီးခြောက်(အပု) တစ်ပိဿာလျှင်(၄၀၀၀၀)ကျပ်၊ ငရုတ်သီးခြောက် (အရှည်) တစ်ပိဿာလျှင် (၁၇၀၀၀)ကျပ်၊ ကြက်သွန်နီ တစ်ပိဿာလျှင် (၂၀၀၀)ကျပ်၊ ကြက်သွန်ဖြူ(ရှမ်းစ) တစ်ပိဿာလျှင်(၇၀၀၀)ကျပ်၊ ကြက်သွန်ဖြူ(ကြူကုတ်စ) တစ်ပိဿာ လျှင် (၁၆၀၀၀)ကျပ်၊ နနွင်းတက် တစ်ပိဿာလျှင်(၄၀၀၀)ကျပ်၊ ချင်း တစ်ပိဿာလျှင် (၃၀၀၀)ကျပ်၊ ကုလားပဲတစ်ပိဿာလျှင်(၇၀၀၀)ကျပ်၊ မန်ကျည်းသီးတစ်ပိဿာလျှင်(၅၀၀၀) ကျပ်၊ အာလူး တစ်ပိဿာလျှင်(၄၅၀၀)ကျပ်၊ ဆား တစ်ပိဿာလျှင် (၃၀၀၀)ကျပ်၊ သကြား တစ်ပိဿာလျှင်(၆၀၀၀)ကျပ်၊ ကန်စွန်းရွက် တစ်စည်းလျှင် (၅၀၀)ကျပ်၊ ဂေါ်ဖီထုပ် တစ်ထုပ် လျှင်(၂၀၀၀)ကျပ်၊ ပန်းဂေါ်ဖီတစ်ပွင့်လျှင် (၂၀၀၀)ကျပ်၊ ခရမ်းချဉ်သီး တစ်ပိဿာလျှင် (၂၅၀၀)ကျပ်၊ ပဲသီး()ပဲတောင့်ရှည် တစ်စည်းလျှင်(၅၀၀)ကျပ်ရှိကြောင်း သိရှိရပါသည်။

      ယခင်တစ်ပတ်ဈေးနှုန်းများနှင့်နှိုင်းယှဉ်ကြည့်လျှင် မန်ကျည်းသီးတစ်ပိဿာလျှင်(၁၀၀၀) ကျပ်ဈေးနှုန်းကျဆင်းသွားပြီး၊ သကြားတစ်ပိဿာလျှင်(၄၀၀)ကျပ်၊ ဂေါ်ဖီထုပ် တစ်ထုပ်လျှင် (၅၀၀)ကျပ် ဈေးနှုန်းတက်သွားကြောင်းနှင့် ကျန်စားဖိုဆောင်သီးနှံဈေးနှုန်းများ တည်ငြိမ်လျက် ရှိကြောင်း၊ ဈေးနှုန်းများ ပြောင်းလဲသွားရခြင်းမှာ သယ်ယူစရိတ်နှင့် တစ်ဆင့်ခံ ဝယ်ယူရသည့် ဈေးနှုန်းများကြောင့်ဖြစ်ကြောင်း သီရိမင်္ဂလာဈေးအတွင်းရှိ ဈေးသည်များထံမှ သိရှိရပါသည်။

DOCA(ကယား)

 

ကန့်ဘလူမြို့၏ ဩဂုတ်လ တတိယပတ်တွင် ဖြစ်ပေါ်လျက်ရှိသော ပုဇွန်ထုပ်နှင့်ပုဇွန်ဆိတ်ဈေးနှုန်းများ

          စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့၊ မြို့မဈေးတွင် အသားငါးအမျိုးစုံအပြင် ရေထွက်ကုန်ပစ္စည်းတစ်မျိုးဖြစ်သော ပုစွန်ထုပ်နှင့် ပုစွန်ဆိတ်များကိုလည်း ရောင်းချလျက်ရှိပါသည်။ ယခုအခါ  ပုဇွန်ထုပ်များကို  မန္တလေးမြို့မှ မှာယူရောင်းချလျက်ရှိပြီး၊ ပုဇွန်ဆိတ်များကို ကန့်ဘလူမြို့နယ်နှင့် ကျွန်းလှမြို့နယ်များမှ ဝင်ရောက်လျက်ရှိကြောင်း သိရပါသည်။ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ တတိယပတ်အတွင်း ဖြစ်ပေါ်နေသော ပုဇွန်ထုပ်နှင့် ပုစွန်ဆိတ်ဈေးနှုန်းများမှာ ပုဇွန်ထုပ် (၁)ပိဿာလျှင် (၆၅၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၃၂၅၀၀)ကျပ်၊ (၁၀)ကျပ်သားလျှင် (၆၅၀၀)ကျပ်နှင့် ပုဇွန်ဆိတ်(အကြီး)တစ်ပိဿာလျှင် (၄၀၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၂၀၀၀၀)ကျပ်၊ (၁၀)ကျပ်သားလျှင် (၄၀၀၀)ကျပ်၊ ပုဇွန်ဆိတ်(အသေး) တစ်ပိဿာလျှင် (၂၀၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၁၀၀၀၀)ကျပ်၊ (၁၀)ကျပ်သားလျှင်(၂၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ငါး၊ ပုဇွန် ရောင်းဝယ်ရေးလုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့တွင် ဖြစ်ပေါ်လျက်ရှိသော သင်္ဘောသီးစိမ်းနှင့် ရွှေဖရုံသီးဈေးနှုန်း

           စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက်များတွင် စိုက်ပျိုးရေးလုပ်ငန်းများကို အများအပြားလုပ်ကိုင်ကြကြောင်းသိရပါသည်။ စိုက်ပျိုးသီးနှံများဖြစ်သည့် သခွားသီး၊ ခရမ်းသီး၊ ကန်စွန်းရွက်၊ ချဉ်ပေါင်ရွက်၊ ကင်ပွန်းချဉ်ရွက်၊ ရုံးပတီသီး၊ ဘူးသီး၊ ငရုတ်သီး စသည့်သီးနှံများကို စိုက်ပျိုးကြသည့်အပြင် သင်္ဘောသီးစိမ်းနှင့် ရွှေဖရုံသီးများကိုလည်း တစ်နိုင်တစ်ပိုင်စိုက်ပျိုး‌ကြပြီး ကန့်ဘလူမြို့မဈေးသို့ လာရောက်ရောင်းချကြကြောင်း သိရှိရသည်။

          ၂၀၂၅ခုနှစ်၊ ဩဂုတ်လ တတိယပတ်အတွင်း ရောင်းချလျက်ရှိသော သင်္ဘောသီးစိမ်းဈေးနှုန်းမှာ သင်္ဘောသီးစိမ်း(၁)လုံးလျှင် (၇၀၀)ကျပ်၊ (၃)လုံးလျှင် (၂၀၀၀)ကျပ်နှင့် ရွှေဖရုံသီး(၁)ပိဿာလျှင်  (၂၈၀၀)ကျပ်၊ ရွှေဖရုံသီး(၁)စိတ်လျှင် (၁၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကုန်စိမ်းရောင်းချသူထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း