Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ရွှေတောင်ဒေသထွက် ငွေနှင်းမှို စိုက်ပျိုးထွက်ရှိမှု

  ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ကြို့ကုန်းအုပ်စု၊ ကြို့ကုန်းကျေးရွာနေ ဦးဇော်ဇော်သိန်း၏ ငွေနှင်းမှိုစိုက်ပျိုးထားရှိမှုအား သွားရောက်လေ့လာခဲ့ရာ ငွေနှင်းမှိုပျိုးထုပ် (၁)ထုပ်လျှင် (၇၀၀)ကျပ်ဖြင့် အထုတ် (၁၀၀၀)စိုက်ပျိုးထားပါသည်။ ငွေနှင်းမှိုမှာ ရာသီမရွေး ပွင့်သောမျိုးဖြစ်ပြီး တစ်ထုတ်လျှင် (၃)လအကြာ ခူးဆွတ်နိုင်ပါသည်။ မျိုးထုတ်များရောက်ရှိပြီး  ရေလောင်းပေးရသည်။ မှိုထုတ်(၁)ထုတ်လျှင်  (၃၀)ကျပ်သားခန့်ထွက်ရှိပြီး (၃)လကြာခူးရသည်။ ယခင်နှစ်က မှိုစိုက်ပျိုးရန် အဆောက် အဦစရိတ်မှာ (၁၄)သိန်းခန့်ကုန်ကျပြီး ယခုနှစ်တွင် အအောက်အဦအတွက် ကုန်ကျစရိတ်မရှိပါ။ တစ်ရက်လျှင် (၈)သိန်းခန့်ထွက်ရှိပြီး ဒိုင်မှ အိမ်အရောက် တစ်ပိဿာ (၅၀၀၀)ကျပ်ဖြင့် လာရောက်ဝယ်ယူရပါသည်။ အကျိုးအမြတ်အားဖြင့် တစ်လလျှင် (၁၀)သိန်းခန့်ရှိပြီး စုစုပေါင်း ကျပ် (၁၅)သိန်းခန့် ပတ်ဝန်းကျင်ရှိနိုင်ကြောင်း သိရပါသည်။

DOCA(ပဲခူး)

ရွှေတောင်ဒေသထွက် ဝါးဥ ဈေးကွက်

  ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင်မြို့နယ်၊ ဆင်မြီးဆွဲအုပ်စု၊ ညောင်ဝိုင်းရွာသစ်ရှိ တောင်သူ ဦးမျိုးအောင်၏ ဝါးဥစိုက်ခင်းသို့ (၁၃.၁၀.၂၀၂၅)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီတွင် သွားရောက် ကွင်းဆင်းလေ့လာခဲ့ပါသည်။ ဝါးဥများမှ ဝါးဥသေးလေးများကိုချိုး၍ ပြန်ပျိုးထောင်ပြီး အပင်ထွက် လာမှ ပြန်ပြီး စိုက်ပျိုးရပါသည်။ အတောင်ရေ (၁၅၀)ရှိသော မြောင်း (၁၀)မြောင်းရှိပါသည်။ စိုက်ဧကမှာ တစ်ယောက်စိုက်ရှိပြီး မိုးဦးကျဖြစ်သော နယုန်လမှာ စတင်စိုက်ပျိုးပြီး သီတင်းကျွတ် လတွင် စတင်တူးဖေါ်ရပါသည်။ အလုပ်သမားအနည်းအများပေါ်မူတည်၍ တစ်နေကုန်တူးဖေါ်ရ ပါသည်။ ဝါးဥပိဿာချိန် (၁၅၀)ကျော်ထွက်ရှိပါသည်။ ဝါးဥအသေးအကြီးပေါ်မူတည်ပြီး သောင်းပြောင်း (၁)ပိဿာ(၂၀၀၀)ကျပ်ရောင်းရပြီး အကြီး (၁)ပိဿာ (၃၀၀၀)ကျပ်ရောင်းချရပါ သည်။ ညောင်ဝိုင်းဒိုင်မှ လာရောက်ဝယ်ယူကြပြီး နယ်ပေါင်းစုံသို့တင်ပို့ရောင်းချရပါသည်။ စတင်စိုက်ပျိုးချိန်မှ ခူးဆွတ်ချိန်အထိ စုစုပေါင်းကုန်ကျငွေ (၁)သိန်းခွဲကုန်ကျပြီး အကျိုးအမြတ် (၁)သိန်းကျော်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ရွှေတောင်ဒေသထွက် တိုင်ထောင်ပဲ

  ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင်မြို့နယ်၊ မီးလောင်အုပ်စု၊ အင်္ဂလှိုင်ဂန်ကျေးရွာရှိ တောင်သူ ဦးတင်အောင်၏ တိုင်ထောင်ပဲစိုက်ခင်းသို့ (၁၃.၁၀.၂၀၂၅)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီတွင် သွားရောက် ကွင်းဆင်းလေ့လာခဲ့ပါသည်။ မြားနီမျိုးဖြစ်သော တိုင်ထောင်ပဲများကို စက်တင်ဘာလ အတွင်း စတင်စိုက်ပျိုး၍ အောက်တိုဘာ၊ ဒုတိယပတ်တွင် စတင်ခူးဆွတ်ရပါသည်။ စိုက်ဧက(၁) ယောက်စိုက်ဖြစ်ပြီး တိုင်အရေအတွက်မှာ ၅၀၀ ကျော်ရှိပါသည်။ တစ်ခါခူးဆွတ်လျှင် အတောင့် ၃၅၀၀ ကျော်ခူးဆွတ်ရောင်းချရပါသည်။ ရွာမှ ပွဲစားများမှ တစ်ထောင့်လျှင် (၁၀)ကျပ်နှုန်းဖြင့် လာရောက်ဝယ်ယူပြီး ရန်ကုန်မြို့သို့ တင်ပို့ရောင်းချကြပါသည်။ စတင်စိုက်ပျိုးချိန်မှ ခူးဆွတ်ချိန်ထိ စုစုပေါင်း ကုန်ကျစရိတ်မှာ (၃)သိန်းခန့်ရှိပြီး အကျိုးအမြတ်မှာ ခန့်မှန်း(၆)သိန်းကျော်ရရှိနိုင် ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ပြည်မြို့တွင် ဂွေးချိုသီးများ အရောင်းသွက်

  ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်အတွင်း ပျဉ်းပင်ကိုင်းကျေးရွာတွင် ဥယျာဉ်ခြံမြေလုပ်ကိုင် သူများသည် နှစ်ရှည်သီးနှံပင်များနှင့် ရာသီပေါ်သီးနှံများအကြားတွင် သီးညှပ်ပင်အဖြစ် ဂွေးချိုသီး ပင်များ စိုက်ပျိုးလျက်ရှိကြပါသည်။စိုက်ပျိုးရရှိသော ဂွေးချိုသီးများကို ပြည်မြို့ပေါ်ရှိ ဈေးများတွင် လာရောက်ရောင်းချကြောင်းသိရပါသည်။ ဂွေးချိုသီးပင်များသည် ရေခံ၊ မြေခံကောင်းသော နေရာ များတွင်သာ စိုက်ပျိုးဖြစ်ထွန်းကြပါသည်။ ဂွေးချိုသီးပင်သည် ရာသီမရွေး အသီးသီးသော အပင်တစ်မျိုး ဖြစ်ပါသည်။ ဂွေးချိုသီးပင်သည် စိုက်ပျိုးရာတွင် မြေဩဇာပေး၍ စနစ်တကျ ပျိုးထောင်ရခြင်း၊ ရေကို လုံလောက်စွာပေး၍ စိုက်ပျိုးရကြောင်း သိရှိရပါသည်။

          ပြည်မြို့၊ ပျဉ်းပင်ကိုင်းကျေးရွာမှ စိုက်ပျိုးရရှိသော ဂွေးချိုသီးများကို ပြည်မြို့ပေါ်ရှိ ဈေးများ တွင် လာရောက်ရောင်းချလျက်ရှိပြီး ဂွေးချိုသီး (၁)လုံးလျှင် အလုံးအရွယ်အစားပေါ်မူတည်ပြီး (၁၅၀ - ၃၀၀)ကျပ်အထိ ရောင်းချလျက်ရှိရာ မိသားစု စားဝတ်နေရေးအတွက် တစ်ဖက်တစ်လမ်းမှ အပိုဝင်ငွေရရှိကြောင်း သိရသည်။

DOCA(ပဲခူး)

 “ ကွမ်းခြံကုန်းမြို့နယ်အတွင်းရောင်းချသောအခြေခံစားသောက်ကုန်ဈေးနှုန်းများ ”

 ရန်ကုန်တိုင်းဒေသကြီး၊တွံတေးခရိုင်၊ကွမ်းခြံကုန်းမြို့နယ်၊စားသုံးသူရေးရာဦးစီးဌာနမှမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး၏ ညွှန်ကြားချက်နှင့် အညီ အခြေခံစားသောက်ကုန်ဈေးနှုန်းများကို စာရင်းကောက်ယူ၍ အပတ်စဉ်တင်ပြလျှက်ရှိရာ  အောက်တိုဘာလ(၂၂)ရက်နေ့၊ နံနက်(၀၈:၃၀)နာရီအချိန်တွင် ကွမ်းခြံကုန်းမြို့နယ် စည်ပင်သာ ယာဈေးအတွင်းသို့ ပူးပေါင်း၍ ကွင်းဆင်းစိစစ်ခဲ့ကြောင်း သိရှိရသည်။

          ထိုသို့ ကွင်းဆင်းစာရင်းကောက်ယူခြင်းဆောင်ရွက်ရာတွင် ကွမ်းခြံကုန်းမြို့နယ် စည်ပင် သာယာရေးအဖွဲ့ ဈေးတာဝန်ခံ ကျန်းမာရေးမှူး-၃ ဦးထွန်းထွန်း၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်နွယ်နွယ်အေးနှင့် ဌာနခွဲစာရေး ဦးတင်ထွန်းဦးတို့ ပူးပေါင်း၍ မြို့မဈေး အတွင်း အခြေခံစားသောက်ကုန်များ ရောင်းချသော ဒေါ်မိုးစန္ဒာ ကုန်စုံဆိုင်၊ ဒေါ်မာမာစိုး ကုန်စုံ ဆိုင်၊ ဒေါ်ရီရီသန်း ကုန်စုံဆိုင်တို့မှ စားအုန်းဆီတစ်ပိဿာလျှင် (၇၁၀၅)ကျပ်၊ မြေပဲဆီတစ်ပိဿာ လျှင်(၂၂၀၀၀)ကျပ်၊ ကြက်သွန်နီဆိုဒ်စုံ တစ်ပိဿာလျှင်(၁၅၀၀မှ ၂၂၀၀)ကျပ်ထိ၊ ကြက်သွန်ဖြူ ရှမ်းစတစ်ပိဿာလျှင်(၈၀၀၀မှ ၁၀၀၀၀)ကျပ်ထိ၊ ငရုပ်တောင့်ရှည် တစ်ပိဿာလျှင် (၁၄၀၀၀မှ ၁၅၀၀၀)ကျပ်ထိ၊ မန်းကျည်းသီးမှည့် တစ်ပိဿာလျှင် (၁၄၀၀၀)ကျပ်၊ အိုင်အိုဒင်းဆားတစ်ထုပ် လျှင် (၈၀၀)ကျပ်၊ ကုလားပဲခြမ်းတစ်ပိဿာလျှင် (၆၅၀၀)ကျပ်၊ သကြားတစ်ပိဿာလျှင် (၅၀၀၀) ကျပ်၊ အာလူးတစ်ပိဿာလျှင် (၇၅၀၀မှ ၈၀၀၀)ကျပ်ထိ အသီးသီးအရောင်းအဝယ် ဖြစ်လျှက် ရှိကြောင်း သိရသည်။

       ယခင်တစ်ပတ်နှင့် ယခုတစ်ပတ်ဈေးနှုန်း နှိုင်းယှဉ်ရာတွင် အာလူးဈေးအနည်းငယ် မြင့်သည်မှလွဲ၍ ကျန်သော အခြေခံစားသောက်ကုန်ဈေးနှုန်းများ ပြောင်းလဲမှုမရှိကြောင်း အာလူးရောင်းအားကောင်း၍ အဝယ်လိုက်လာခြင်းကြောင့် ရန်ကုန်မှဝယ်ယူတင်သွင်းသည့် ဈေးနှုန်းမြှင့်လာခြင်းကြောင့် ဖြစ်ကြောင်း လုပ်ငန်းရှင်များ ပြောကြားချက်အရ သိရှိရပါသည်။

DOCA(ရန်ကုန်)

 

ပြည်မြို့၊ မြို့မစည်ပင်သာယာဈေးရှိ ငရုတ်သီးစိမ်း ဈေးနှုန်း

  ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့၊ မြို့မစည်ပင်သာယာဈေးကြီး၌ ရာသီပေါ် သီးနှံများ ဖြစ်ကြသည့် ခရမ်းသီး၊ ပဲတောင့်ရှည်သီး၊ ရုံးပတီသီး၊ မုန်လာဥ၊ ပန်းဂေါ်ဖီ၊ ခါကြက်ဥ၊ ဂေါ်ရခါးသီးအပြင် ငရုတ်သီးစိမ်းများ ရောင်းချလျှက်ရှိပြီး စားသုံးသူများ၊ စားသောက်ဆိုင်များနှင့် ထမင်းဆိုင်များမှ နေ့စဉ် ဝယ်ယူလျက်ရှိကြောင်း သိရသည်။

          ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ၊ ဒုတိယပတ်အတွင်း ငရုတ်သီးစိမ်းဈေးနှုန်းများမှာ လက်လီ (၁)ပိဿာလျှင် (၃၅၀၀)၊ လက်ကား(၁)ပိဿာလျှင် (၃၃၀၀)ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ ကြောင်း၊ ငရုတ်သီးစိမ်းကို မြို့ပေါ်ရပ်ကွက်များနှင့် ပြည်မြို့နယ်အတွင်းရှိ ကျေးရွာများမှ လာရောက် ရောင်းချကြောင်းသိရသည်။

DOCA(ပဲခူး)

ပြည်ငွေနှင်းမှုန်မှို ဈေးကွက်

   ပြည်ဈေးကွက်အတွင်း ငွေနှင်းမှုန်မှိုသည် တစ်နှစ်ပတ်လုံးထွက်ရှိသည့် မှိုအမျိုးအစားဖြစ်ပြီး ပြည်မြို့ပေါ် ရပ်ကွက်အစုံနှင့် နယ်ဘက်၊ ရွာဘက်နေရာစုံတို့တွင် တစ်ပိုင်တစ်နိုင် စိုက်ပျိုးရောင်းချကြကြောင်း သိရှိရသည်။ ပြည် လက်လီဈေးများသို့ တစ်ပတ်လျှင် နေ့စဉ် (၈)ပိဿာ၊ အချိန် (၂၀)ခန့်အဝင်ရှိပြီး ဈေးကွက်အတွင်း အဝင်ရှိသလောက် အရောင်းအဝယ် ဖြစ်ကြောင်းသိရသည်။ ငွေနှင်းမှုန်မှိုကို ကန်စွန်းရွက်နှင့်ရော၍ ကြော်စားခြင်းဖြင့်လည်းကောင်း၊ ငရုတ်သီးစိမ်း၊  မျှင်ငပိနှင့် အစပ်ဟင်းချက်၍လည်းကောင်း၊ ချက်ပြုတ်စားသောက်ကြပြီး သတ်သတ်လွတ်သမားများ အတွက်လည်း အကြိုက်တွေ့စေမဲ့ဟင်းလျာတစ်မျိုးဖြစ်ပါသည်။ ဈေးနှုန်းများမှာ ငွေနှင်းမှုန်မှို (၁၀)ကျပ်သားလျှင် ယခင်နှစ်တွင် (၆၀၀ - ၈၀၀)ကျပ်နှုန်းမှ ယခုနှစ်တွင် ကျပ် (၁၀၀၀-၁၂၀၀)နှုန်းဖြင့် ရောင်းချကြောင်းသိရပါသည်။

DOCA(ပဲခူး)

ပြည်မြို့တွင်အရောင်းသွက်နေသော ပဲပြားဈေးကွက်

  ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့ပေါ်ရှိ ဈေးများတွင် ပဲပြားများရောင်းချနေကြောင်း သိရသည်။ ပြည်မြို့အတွင်းရှိ ဟင်းသီးဟင်းရွက်ရောင်းချသည့် ဈေးဆိုင်များတွင် ဟင်းသီးဟင်းရွက် အပြင် ပဲပင်ပေါက်နှင့် ပဲပြားသည်လည်း မပါမဖြစ် တွဲ၍ စားသုံးသော အစားအစာတစ်မျိုးဖြစ်ပါသည်။ ပဲပြားသည် သတ်သတ်လွတ်စားသုံးသူများအတွက် အသားဓါတ်တွေကို ပဲပြားကနေရနိုင်ပြီး ကိုယ်ခန္ဓာအတွက် လိုအပ်တဲ့ ဗီတာမင်ချို့တဲ့မသွားအောင် ပဲပြားကို စားသုံးကြတာဖြစ်ပါတယ်။ ပဲပြားကို ကြော်ပြီး အစာသွပ်စားခြင်းဟာ မြန်မာတို့အတွက် နှစ်ကြိုက်လှတဲ့ သရေစာ တစ်မျိုး ဖြစ်ပါသည်။ ပဲပြားကို အစိမ်းချက်စားကြသလို ကြော်ပြီးလည်း ချက်စားကြပါတယ်။ ဒါ့အပြင်  ဟင်းချိုတွေနဲ့ တစ်ချို့ဟင်းလျာတွေမှာ တွဲဖက်ပါဝင်ပစ္စည်းအဖြစ် အသုံးပြုကြသည်။ ပဲပြားကို ကြော်ပြီးစားသုံးကြသလို သုပ်၍လည်း စားသုံးကြသည်။

      ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ၊ ဒုတိယပတ်တွင် ရောင်းချလျက်ရှိသော ပဲပြားဈေးနှုန်းများမှာ ပဲပြား(၂)တုံးတစ်တွဲလျှင် (၉၀၀)ကျပ်ဖြင့် ရောင်းချပြီး တစ်တုံးလျှင် (၅၀၀)ကျပ်ဖြင့် ရောင်းချကြောင်းသိရသည်။

DOCA(ပဲခူး)

ပြည်မြို့အတွင်း ရောင်းချနေသော သစ်သီးဝလံဈေးနှုန်းများ

  ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့၊ မြို့သစ်ဈေးတွင် အောက်တိုဘာလ၊ ဒုတိယပတ်တွင် ဖြစ်ပေါ်ခဲ့သော သစ်သီးဝလံဈေးနှုန်းများမှာ ပန်းသီးတစ်လုံးလျှင် (၁၅၀၀)ကျပ်မှ (၂၅၀၀)ကျပ်ထိ၊ ပန်းသစ်တော် (၁)လုံးလျှင် (၃၀၀၀) ကျပ်၊ တောင်ခွေးရဲကျေးရွာမှ ထွက်ရှိသော ငှက်ပျောဖီးကြမ်း တစ်ဖီးလျှင် (၁၅၀၀)ကျပ်မှ (၂၅၀၀)ကျပ်အထိ၊ သီးမွှေး ငှက်ပျောသီး တစ်ဖီးလျှင် (၂၅၀၀)ကျပ်မှ (၅၀၀၀)ကျပ်အထိ မာလကာသီးတစ်လုံးလျှင် (၃၀၀)ကျပ်မှ (၅၀၀)ကျပ်ထိ၊ နဂါးမောက်သီး တစ်လုံးလျှင် (၁၀၀၀)ကျပ်မှ (၂၅၀၀)ကျပ်ထိ၊ လိမ္မော်သီးတစ်လုံးလျှင် (၃၅၀၀)ကျပ်၊ စပျစ်သီး အစေ့လွတ် (၁၀)ကျပ်သားလျှင် (၇၀၀၀)ကျပ်၊ ဖရဲသီးတစ်လုံးလျှင် (၅၀၀၀-၇၀၀၀)ကျပ်၊ မော်လမြိုင်ကျွဲကောသီး တစ်လုံးလျှင် (၃၀၀၀)ကျပ်ထိ အသီးသီးအရောင်းအဝယ်ဖြစ်နေကြောင်း၊ ပြည်မြို့၊ မြို့သစ်ဈေးအတွင်း ရောင်းချ နေသော အသီးဆိုင်မှ သတင်းရရှိပါသည်။

DOCA(ပဲခူး)

ရေထဲက ဂျင်စင်း (သို့)ငါးသလဲထိုးငါးဈေးနှုန်း

   ငါးသလဲထိုးငါးသည် ရေချိုငါးစိတ်မျိုးများဖြစ်ကြသည်။ အရောင်မှာ ရွှေဝါရောင်ရှိပြီး အမဲရောင်အစက်အပျောက်များပါရှိသည်။ ငါးသလဲထိုးမှာ အသားနုပြီး အာဟာရဓါတ်အလွန်ပြည့်ဝ သော ရေထွက်ကုန်ဖြစ်၍ ရေထဲက ဂျင်စင်း ဟု တင်စားခေါ်ဆိုကြသည်။ ကျန်းမာရေးနှင့်ညီညွတ်ပြီး အရိုးပါမကျန် စားသုံးနိုင်သော ငါးဖြစ်ပါသည်။

     ငါးသလဲထိုးငါးကို ငါးလေးအိုးအပ်ဟင်းအဖြစ် ရှေးယခင်က တောသူတောင်သား အစားအစား အဖြစ်လည်းကောင်း၊ ယခုအချိန်တွင် ရိုးရာအစားအစာအဖြစ် ဟိုတယ်ကြီးများ၊ စားသောက်ဆိုင် ကြီးများတွင် တခမ်းတနား ရောင်းချနေသည်ကို တွေ့ရသည်။

       ပြည်ဈေးကွက်တွင် ငါးသလဲထိုးငါးများ ရောင်းချနေသည်ကို တွေ့ရှိရပါသည်။ ပြည်မြို့၊ မှော်ဇာဘက်မှလာရောက်ရောင်းချကြောင်းသိရသည်။ငါးသလဲထိုးငါးဈေးနှုန်းများမှာ (၁၀)ကျပ်သား လျှင် (၄၀၀၀)ကျပ်ဖြင့် ရောင်းချပြီး (၁)ပိဿာဈေးနှုန်းမျာ (၃၈၀၀၀)ကျပ်ဖြစ်ကြောင်း သိရသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း