Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ဈေးဟောင်းရှိ ငရံ့ပတူရွက်၊ ကြက်တက်ရွက်နှင့် မြင်းခွာရွက်ဈေးနှုန်း

          စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ဈေးဟောင်းရှိ ဟင်းသီးဟင်းရွက်တန်းတွင် ရာသီပေါ် ငရံ့ပတူရွက်၊ ကြက်တက်ရွက်နှင့် မြင်းခွာရွက်များ  ရောင်းချလျက်ရှိကြောင်း သိရသည်။ မြင်းခွာရွက်သည်  နွယ်ပင်အမျိုးအစားဖြစ်ပြီး လယ်တောများတွင် အများအပြားပေါက်ရောက်တတ်ပါသည်။ ငရံ့ပတူရွက်၊ ကြက်တက်ရွက်နှင် မြင်းခွာရွက်များကို မြေပဲဆံ၊ ပဲမှုန့်တို့ဖြင့် သုတ်၍ စားသောက်ကြသလို ပြုတ်ပြီး ငပိရည်နှင့်တွဲဖက်၍လည်း အတို့မြှုပ်အဖြစ် စားသောက်ကြကြောင်း သိရှိရပါသည်။

          ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ စတုတ္တပတ်တွင် ဈေးဟောင်း၌  ငရံ့ပတူရွက်ပြုတ် (၁၀)ကျပ်သားလျှင် (၇၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၃၄၀၀)ကျပ်၊ ကြက်တက်ရွက်ပြုတ် (၁၀)ကျပ်သားလျှင် (၆၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၃၀၀၀)ကျပ်နှင့် မြင်းခွာရွက် (၁)ပုံ လျှင် (၃၀၀)ကျပ်မှ (၄၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း ကုန်စိမ်းရောင်းချသူထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

သံလမ်းဈေးရှိ ဂေါ်ရခါးသီးနှင့် ဂေါ်ရခါးညွှန့်ဈေးနှုန်း

          မုံရွာမြို့၊ သံလမ်းဈေးတွင် ဂေါ်ရခါးသီးများ ရောင်းချလျက်ရှိရာ ဂေါ်ရခါးသီးသည် ရှမ်းပြည်နယ် တောင်ကြီး၊ အောင်ပန်း၊ ကလောနှင့် ရွာငံ၊ ရေဦးဒေသများမှ အဓိက ဝင်ရောက်လျက်ရှိကြောင်း သိရှိရပါသည်။ ဂေါ်ရခါးပင်သည် နွယ်ပင်ဖြစ်သောကြောင့် အညွန့်များကိုလည်း စားသုံးနိုင်ကြပါသည်။ ဂေါ်ရခါးအညွှန့်ကို ချက်ပြုတ်ကြော်လှော် စားသုံးနိုင်ပြီး၊  အသီးကိုလည်း ဟင်းချိုချက်၍လည်းကောင်း၊ ကြက်ဥနှင့် ကြော်၍လည်းကောင်း၊ ပုံစံအမျိုးမျိုးဖြင့် ချက်ပြုတ်စားသုံးနိုင်ပါသည်။

          ၂၀၂၅ ခုနှစ်၊ ‌အောက်တိုဘာလ စတုတ္ထပတ်တွင်  သံလမ်းဈေးတွင် ဖြစ်ပေါ်နေသော ဂေါ်ရခါးသီဈေးနှုန်းများကို ဂေါ်ရခါးသီးအသေး(၁)လုံးလျှင် (၄၀၀)ကျပ်၊ ဂေါ်ရခါးသီးအလတ် (၁)လုံး လျှင် (၆၀၀) ဂေါ်ရခါးသီးအကြီး(၁)လုံးလျှင် (၈၀၀)ကျပ်နှင့် ဂေါ်ရခါးညွှန့်ဈေးနှုန်း (၃၀၀)ကျပ်မှ (၄၀၀)ကျပ်ထိ  ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ဂျပန်ပျားလိမ္မော်သီးနှင့် မင်းကွက်သီးဈေးနှုန်း

           စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ကျောက္ကာလမ်းဘေးတွင် ရှမ်းပြည်နယ်မှ ဝင်ရောက်သည့် ဂျပန်ပျားလိမ္မော်သီးနှင့် မော်လမြိုင်ဒေသထွက် မင်းကွက်သီးများ ရောင်းချလျက်ရှိကြောင်း သိရသည်။

          ၂၀၂၅ ခုနှစ် ၊ အောက်တိုဘာလ စတုတ္ထအပတ်အတွင်းတွင် မုံရွာမြို့၊  ကျောက္ကာ လမ်းဘေးတစ်လျှောက်ရှိ  သစ်သီးဆိုင်များတွင် ဂျပန်ပျားလိမ္မော်သီးဈေးနှုန်းမှာ(၅၀)ကျပ်သား လျှင် (၅၇၀၀)ကျပ်၊ တစ်ပိဿာလျှင် (၁၁၀၀၀) ကျပ်ဖြင့်လည်းကောင်း၊ မင်းကွက်သီးအသေး (၁)လုံး လျှင် (၅၀၀) ကျပ်၊ မင်းကွက်သီးအလတ် (၁)လုံးလျှင် (၇၀၀) ကျပ်နှင့် မင်းကွက်သီး အကြီး (၁)လုံးလျှင် (၁၄၀၀) ကျပ်ဖြစ်ပြီးဖြင့် ရောင်းချလျက်ရှိရာ လူကြီးလူငယ်မရွေး ကြိုက်နှစ်သက်သည့်အတွက် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သစ်သီးဆိုင်များမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

မြန်မာနိုင်ငံ အထည်ချုပ် ကဏ္ဍသည် ၂၀၂၅-၂၆ ဘဏ္ဍာနှစ်၏ နှစ်ဝက်တွင် ပို့ကုန် ၉ ရာခိုင်နှုန်း တိုးတက်လာ

      မြန်မာ့အထည်ချုပ်လုပ်ငန်း တင်ပို့မှုမှာ ဧပြီလ ၁ ရက်မှ စတင်ကာ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ပထမနှစ်ဝက်တွင် ကိုးရာခိုင်နှုန်း တိုးလာကြောင်း နိုင်ငံပိုင်နေ့စဉ်ထုတ် The Global New Light of Myanmar က အောက်တိုဘာလ ၂၂ ရက်နေ့တွင် ဖော်ပြထားသည်။

      မြန်မာနိုင်ငံ၏ ဝင်ငွေအကောင်းဆုံး ကဏ္ဍများတွင် အထည်ချုပ်နှင့် လယ်ယာထွက်ကုန် များ ပါဝင်ပြီး အထည်ချုပ်လုပ်ငန်းက ပို့ကုန်ကဏ္ဍကို ဦးဆောင်နေကြောင်း သိရသည်။

     မြန်မာနိုင်ငံ၏ အထည်ချုပ်လုပ်ငန်းများသည် ဖြတ်တောက်ခြင်း၊ ထုပ်လုပ်ခြင်းနှင့် ထုပ်ပိုးခြင်း (CMP) စနစ်ဖြင့် လုပ်ကိုင်နေကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

အထည်ချုပ်လုပ်ငန်းများအပြင် CMP လုပ်ငန်းများသည် အီလက်ထရွန်းနစ်ပစ္စည်းများ၊ ဖိနပ် များ၊ အိတ်များ၊ ဆံပင်တုများ၊ မှန်ဘီလူးများနှင့် ကင်မရာများကို ထုတ်လုပ်ပေးသည်ဟု အစီရင်ခံစာ က ဆိုသည်။

    မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းနှင့် ဆက်စပ်အဖွဲ့အစည်းများသည် CMP စနစ် မှ မြန်မာနိုင်ငံတွင် အပြည့်အဝ ထုတ်လုပ်မှုပုံစံသို့ အသွင်ကူးပြောင်းရန် ကြိုးပမ်းဆောင်ရွက် လျက်s ရှိသည်ဟု ၎င်းကဆိုသည်။ 

DOCA (ရန်ကုန်)

သာစည်ဈေးရှိ ခါကြက်ဥနှင့် သခွားသီးဈေးနှုန်း

          မုံရွာမြို့၊ သာစည်ဈေးတွင် ရောင်းချနေသော ဟင်းသီးဟင်းရွက်ဈေးတန်းများတွင် ခါကြက်ဥ၊  သခွားသီးများလည်း ရောင်းချလျက်ရှိပါသည်။ ခါကြက်ဥနှင့် သခွားသီးများကို အိမ်ရှင်မများက အိမ်သုံးချက်ပြုတ်ရန်အတွက် ဝယ်ယူကြပြီး  စားသောက်ဆိုင်များမှလည်း  စီးပွားဖြစ် အသုံးပြန်ရန် အဓိကဝယ်ယူကြောင်း သိရှိရပါသည်။ ခါကြက်ဥနှင့်သခွားသီးကို ထမင်းဝိုင်းများတွင် အတို့မြှုပ်အဖြစ်လည်းကောင်း၊ ခါးကြက်ဥကို မြေပဲဆံ၊ ပဲမှုန့်တို့ဖြင့် သုပ်၍လည်းကောင်း စားသုံးကြကြောင်း သိရှိရပါသည်။

          ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ စတုတ္ထပတ်တွင်   ခါကြက်ဥဈေးနှုန်းမှာ ခါကြက်ဥ ဥကြီးတစ်ပိဿာလျှင်(၄၀၀၀)ကျပ်၊ ခါကြက်ဥ ဥသေး တစ်ပိဿာလျှင် (၃၄၀၀) ကျပ်၊ သခွားသီးဈေးနှုန်းအနေဖြင့် အသေးတစ်လုံးလျှင် (၂၅၀)ကျပ်၊ အကြီးတစ်လုံးလျှင် (၃၄၀) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း ကုန်စိမ်းသီးနှံ ရောင်းချသူများထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

သာစည်ဈေးရှိ ခဝဲသီးနှင့် ကြောင်လျှာသီးဈေးနှုန်း

       စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက်များတွင် စိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်စားသောက်ကြရာမှ စားဖိုဆောင်သီးနှံဖြစ်သည့် ခဝဲသီးများနှင့် ကြောင်လျှာသီးပင်များကိုလည်း တစ်နိုင်တစ်ပိုင်စိုက်ပျိုးလျက်ရှိပြီး မုံရွာမြို့၊ သာစည်ဈေးတွင် လာရောက်ရောင်းချလျက်ရှိကြောင်း သိရပါသည်။ ခဝဲသီးအား ခဝဲသီးဟင်းချိုအဖြစ်လည်း ချက်စား၍ရသလို ကြက်ဥနှင့် ကြော်စားပါက အလွန်အရသာရှိသော ဟင်းတစ်ခွက်ဖြစ်ပြီး၊ ကြောင်လျှာသီးမှာ မြေပဲဆံပဲမှုန့်တို့နှင့် သုပ်စားပါက ခံတွင်းမြိန်သော ဟင်းလျာတစ်မျိုးဖြစ်ကြောင်း သိရှိရပါသည်။

        ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ စတုတ္ထပတ်တွင် မုံရွာမြို့၊ သာစည်ဈေးတွင် ခဝဲသီး ဈေးနှုန်းများမှာ လက်ကား တစ်ပိဿာလျှင် (၂၃၀၀/-) ကျပ်၊ လက်လီတစ်ပိဿာလျှင် (၂၅၀၀/-) ကျပ်တို့ဖြင့်လည်းကောင်း၊  ကြောင်လျှာသီးအကြီး တစ်တောင့်လျှင် (၁၃၀၀)ကျပ်၊ ကြောင်လျှာသီး အသေးတစ်တောင့်လျှင် (၉၀၀)ကျပ်နှုန်းတို့ဖြင့် ရောင်းချလျက်ရှိကြောင်း ကုန်စိမ်းရောင်းသူများထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

မုံရွာမြို့ရှိ ဈေးများတွင် ရောင်းချနေသော ခရမ်းသီးနှင့် ဘူးသီးဈေးနှုန်း

             စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်အတွင်းရှိကျေးရွာများနှင့်မြို့ပေါ်ရပ်ကွက်များတွင် ရာသီပေါ်သီးနှံများဖြစ်သည့် ခရမ်းသီး၊ ဘူးသီး၊ ငရုတ်သီး၊ ပဲသီး၊ ရုံးပတီသီး၊ သခွားသီးများကို တစ်နိုင်တစ်ပိုင် စိုက်ပျိုးလုပ်ကိုင်လျက်ရှိကြပါသည်။ စိုက်ပျိုးထွက်ရှိသော ရာသီပေါ်သီးနှံဖြစ်သည့် ခရမ်းသီးနှင့် ဘူးသီးများကို သာစည်ဈေးနှင့် ရပ်ကွက်ဈေးငယ်များတွင် ရောင်းချလျက်ရှိကြောင်း သိရပါသည်။

          ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ စတုတ္ထပတ်တွင်  သာစည်ဈေးတွင် ဖြစ်ပေါ်နေသော ခရမ်းသီးဈေးနှုန်းများမှာ ခရမ်းသီးလက္ကား တစ်ပိဿာလျှင်(၃၃၀၀)ကျပ်၊ ခရမ်းသီး လက်လီ တစ်ပိဿာလျှင် (၃၅၀၀) ကျပ်၊ ဘူးသီးဈေးနှုန်းမှာ ဘူးသီးအသေး(၁)လုံးလျှင် (၇၀၀)ကျပ်၊ ဘူးသီးအလတ် (၁)လုံး လျှင် (၁၆၀၀)ကျပ်နှင့် ဘူးသီးအကြီး(၁)လုံးလျှင် (၂၇၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း ကုန်စိမ်းရောင်းချသူများထံမှ  သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ဈေးဟောင်းရှိ ကြက်ဟင်းခါးသီး၊ ခဆော့သီးနှင့် ကင်းမုံသီးဈေးနှုန်း

            စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့တွင် ရာသီပေါ်သီးနှံများကို စိုက်ပျိုး ရောင်းချလျက်ရှိရာ ကြက်ဟင်းခါးပင်၊ ခဆော့ပင်နှင့် ကင်းမုံသီးများကို  မိမိတို့နေအိမ်ခြံဝင်းများတွင် လည်းကောင်း၊ မိမိပိုင်လယ်တောများတွင်လည်းကောင်း တစ်နိုင်တစ်ပိုင် စိုက်ပျိုး၍ မုံရွာမြို့ပေါ်ရှိ ဈေးဟောင်းနှင့် ရပ်ကွက်ဈေးများတွင် လာရောက်ရောင်းချကြကြောင်း သိရှိရပါသည်။  

          ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ စတုတ္ထပတ်တွင် မုံရွာမြို့၊ ဈေးဟောင်းတွင် ရောင်းချလျက်ရှိသော  ကြက်ဟင်းခါးသီးဈေးနှုန်းများမှာ ကြက်ဟင်းခါးသီး (၂၅)ကျပ်သားလျှင် (၈၀၀) ကျပ်၊ (၅၀)ကျပ်သားလျှင် (၁၅၀၀)ကျပ်၊ (၁)ပိဿာလျှင် (၃၀၀၀)ကျပ်၊ ခဆော့သီးတစ် (၁)ဘူးလျှင် (၃၅၀)ကျပ်နှင့် ကင်းမုံသီ(၁)ပြည်လျှင် (၂၃၀၀)ကျပ် ဖြင့် ရောင်းချလျက်ရှိကြောင်း ကုန်စိမ်းရောင်းချသူများထံမှ  သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ညောင်ဦးမြို့နယ်၏ မိုးဦးပဲစဉ်းငုံစိုက်ပျိုးထားရှိမှု

   မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်သည် လယ်ယာစိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများ ကိုလုပ်ကိုင်ကြပြီး သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ မိုးဦးပဲစဉ်းငုံကိုလည်း စီးပွားဖြစ်စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။ ယခင်နှစ်မိုးဦးပဲစဉ်ငုံစိုက်ျပျိုးမှုအနေဖြင့် (၈၉၅၅၇)ဧက လျာထားခဲ့ပြီး၊ စိုက်ပျိုးမှုအနေ ဖြင့်(၉၆၅၃၇)ဧက စိုက်ပျိုးနိုင်ခဲ့သဖြင့် လျာထားချက်ထက် (၆၉၈၀) ဧက ပိုမိုစိုက်ပျိုးနိုင်ခဲ့ကြောင်းနှင့် တစ်ဧကပျမ်းမျှအထွက်နှုန်းအနေဖြင့်(၁၁)နှုန်းခန့် ထွက်ရှိခဲ့ကြောင်း သက်ဆိုင်ရာဌာန စာရင်းများအရ သိရသည်။

    ၂၀၂၅-၂၀၂၆ ခုနှစ်၊ စိုက်ပျိုးရာသီတွင် မိုးဦးပဲစဉ်းငုံစိုက်ပျိုးမှုအနေဖြင့် (၁၁၈၆၈)ဧက လျာထား ပြီး (၁၀၃၃၀)ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။ ဈေးနှုန်းအနေဖြင့် ယခင်နှစ်ပဲစဉ်းငုံတစ်တင်းလျှင် (၉၀၀၀၀)ကျပ်၊ ယခုနှစ် ပဲစဉ်းငုံတစ်တင်းလျှင်(၇၈၀၀၀) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့၍ ယခင်နှစ်နှင့် ကာလတူနှိုင်းယှဉ်လျှင် စိုက်ပျိုးမှုအနေဖြင့်လည်း လျော့နည်းသွားကြောင်း သိရသည်။

DOCA(မန္တလေး)

ညောင်ဦးမြို့နယ်၏ ဆောင်းနှမ်းဈေးကွက်

   မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်သည် လယ်ယာစိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများ ကိုလုပ်ကိုင်ကြပြီး သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ ဆောင်းနှမ်းကိုလည်း စီးပွားဖြစ်စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။ ၂၀၂၄-၂၀၂၅ ခုနှစ်၊ ဆောင်းနှမ်းစိုက်ပျိုးမှုအနေဖြင့် (၂၅၂၃)ဧက လျာထားခဲ့ပြီး (၁၃၇၄)ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း၊ တစ်ဧကပျမ်းမျှအထွက်နှုန်းအနေဖြင့်(၇)တင်းခန့်ထွက်ရှိကြောင်း သက်ဆိုင်ရာ ဌာန စာရင်းများအရသိရသည်။

   ၂၀၂၅-၂၀၂၆ ခုနှစ်၊ စိုက်ပျိုးရာသီတွင် ဆောင်းနှမ်းစိုက်ပျိုးမှုအနေဖြင့် (၂၈၄၂)ဧက လျာထားမှု ရှိကြောင်း၊ ယခုအောက်တိုဘာလ ဒုတိယအပတ်တွင် ဖြစ်ပေါ်နေသောနှမ်းဈေးနှုန်းများအနေဖြင့် နှမ်းညိုတစ်တင်းလျှင်(၉၀၀၀၀)ကျပ်၊ ဂျပန်နှမ်းဖြူတစ်တင်းလျှင်(၁၀၀၀၀၀)ကျပ်၊ စမုံနှမ်းနက်တစ် တင်းလျှင်(၂၄၀၀၀၀)ကျပ်များဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ညောင်ဦးမြို့ရှိ ပွဲရုံများမှ သိရှိ ရသည်။

DOCA(မန္တလေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း