Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကြည့်မြင်တိုင်မြို့နယ် ဗားဂရာ ဆိပ်ကမ်းတွင် စားအုန်းဆီ သင်္ဘောဝင်ရောက်ခြင်း

          စားအုန်းဆီ တင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီသည် စားအုန်းဆီများသတ်မှတ်အရည်အသွေး၊ စံချိန်စံညွှန်းများနှင့် အညီ စားသုံးသူပြည်သူများ ကျန်းမာရေးနှင့်ညီညွတ်သော စားသုံးဆီများသုံးစွဲနိုင်ရေး၊ ဈေးနှုန်းတည်ငြိမ်စွာ ဝယ်ယူစားသောက်နိုင်ရေး ကြီးကြပ်ထိန်းကျောင်း၍ သက်ဆိုင်ရာ ကုမ္ပဏီများက စားအုန်းဆီများပြည်ပမှ တင်သွင်းလျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး သီလဝါဆိပ်ကမ်း၊ ဗားရာ (သဲကွင်း) ဆိပ်ကမ်း၊ ကြည့်မြင်တိုင်မြို့နယ် ကမ်းနားဈေးဆိပ်ကမ်း၊ KIP ဆိပ်ကမ်းသို့ ဆီသင်္ဘောများ ဆိုက်ကပ်ပြီး၊ ၂၉.၁၀.၂၀၂၅ ရက်နေ့ ကြည့်မြင်တိုင်မြို့နယ် ဗားရာဆိပ်ကမ်းတွင် MT RM 2 V.13/25 သင်္ဘောဖြင့် HTT .4 ဆီကန်သို့   500 MT၊ Htoo.1 ဆီကန်သို့ 1000 MT ၊ Htoo.3 ဆီကန်သို့ 500 MT ၊ MEC.1  1000 MT ၊ MEC.5 1000 MT ၊ IOS 12 ဆီကန်သို့ 1000 MT ၊ စုစုပေါင်းတန်ချိန် 5000 MT ဝင်ရောက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ကန့်ဘလူခရိုင်တွင် ရောင်းချနေသော စက်သုံးဆီဈေးနှုန်း

           မြန်မာနိုင်ငံစက်သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေး ကော်မတီက သောကြာနေ့တိုင်း တစ်ပတ်တစ်ခါ စက်သုံးဆီဈေးနှုန်းများ ပြောင်းလဲလျှက်ရှိရာ ယခုတစ်ပတ် (၂၄.ကန့်ဘလူခရိုင်တွင် ရောင်းချနေသော စက်သုံးဆီဈေးနှုန်း၁၀.၂၀၂၅)ရက်နေ့တွင် ဓာတ်ဆီ(92)၊ ဓာတ်ဆီ(95) ဒီဇယ်နှင့် အဆင့်မြင့်ဒီဇယ်တို့၏ ဈေးနှုန်း ပြောင်းလဲမှုမှာ 92 Octance ဓါတ်ဆီ ဈေးနှုန်းတစ်လီတာမှာ ၂၈၂၀ကျပ်၊ 95 Octance ဓါ တ်ဆီ ဈေးနှုန်းတစ်လီတာမှာ ၂၉၁၀ကျပ်၊ ဒီဇယ်ရိုးရိုး ဈေးနှုန်းတစ်လီတာမှာ ၂၅၃၀ကျပ်၊ ဒီဇယ် (အဆင့်မြင့်) ဈေးနှုန်းတစ်လီ တာမှာ ၃၀၅၀ကျပ်ဖြစ်ကြောင်း သိရှိရပါသည်။

        ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ နောက်ဆုံးပတ်တွင် ကန့်ဘလူမြို့နယ်အတွင်းရှိ စက်သုံးဆီ အရောင်းဆိုင်များတွင် 92 Octance ဓါတ်ဆီ ဈေးနှုန်းတစ်လီတာမှာ (၂၉၉၀)ကျပ်၊ 95 Octance ဓါတ်ဆီဈေး နှုန်းတစ်လီတာမှာ (၃၀၉၀)ကျပ်၊ ဒီဇယ်ရိုးရိုး ဈေးနှုန်းတစ်လီတာမှာ (၂၆၆၅)ကျပ်၊ ဒီဇယ်(အဆင့်မြင့်)ဈေးနှုန်း တစ်လီတာမှာ (၃၂၅၀)ကျပ်ဖြင့် ရောင်းချလျှက်ရှိရာ  ယခင်အပတ် ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက ယခုလ နောက်ဆုံးပတ်အတွင်း 92 Octance နှင့် 95 Octance ၊ဒီဇယ်ရိုးရိုးနှင့် ဒီဇယ်ပရီမီယံ စက်သုံးဆီဈေးနှုန်းများ ဆက်လက်ကျဆင်းနေကြောင်း စက်သုံးဆီ အရောင်းဆိုင်များမှ သတင်းရရှိပါသည်။

DOCA (စစ်ကိုင်း)        

တနင်္သာရီတိုင်း၊ မြိတ်မြို့ပေါ်တွင် ရောင်းချနေသော ကြက်ဟင်းခါးသီးဈေးကွက်

    တနင်္သာရီတိုင်းဒေဿကြီး၊ မြိတ်မြို့ပေါ်တွင် ရာသီပေါ်သီးနှံများကို စိုက်ပျိုးရောင်းချလျက်ရှိရာ ယခုအခါ ကြက်ဟင်းခါးပင်များကိုလည်း နေအိမ်ခြံများနှင့် တောင်ယာများတွင် တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြကြောင်း သိရှိရပါသည်။ ကြက်ဟင်းခါးသီးသည် အခါးဓါတ်ကိုပေးသော ဟင်းလျာအသီးတစ်မျိုးဖြစ်သည်။ ကြက်ဟင်းခါးသီးကို ပြုတ်တို့၍ဖြစ်စေ၊ ကြော်စား၍ဖြစ်စေ စားသုံးကြကြောင်း သိရှိရပါသည်။ ကြက်ဟင်းခါးသီးကို စားသုံးခြင်းဖြင့် သွေးလည်ပတ်မှုကို ကောင်းစေပြီး ဝမ်းချုပ်ခြင်း၊ ဆီးချို၊ သွေးချိုနှင့် ကင်ဆာရောဂါများကို ကာကွယ်ပေးနိုင်သော အသီးတစ်မျိုးဖြစ်သည်။ ဈေးကွက်အတွင်း၌ ဗမာကြက်ဟင်းခါးသီး၊ တောကြက်ဟင်းခါးသီးနှင့် ထိုင်ဝမ်ကြက်ဟင်းခါးသီးဟူ၍ မျိုးစုံရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ ယခုမိုးရာသီကာလတွင် တောကြက်ဟင်းခါးသီးများ လှိုင်လှိုင်ထွက်နေကြောင်းလည်း သိရှိရပါသည်။

          ယခု၂၀၂၅ခုနှစ် အောက်တိုဘာလနောက်ဆုံးပတ်တွင် မြိတ်မြို့ပေါ်တွင် ရောင်းချနေသော ကြက်ဟင်းခါးသီးမှာ တစ်လုံးလျှင် (၀၀)ကျပ်နှင့် (၀၀)ကျပ်ခန့်အသီးသီးရှိကြောင်း သိရှိရပါ သည်။

DOCA(တနင်္သာရီ)

 

 

တနင်္သာရီတိုင်း၊ မြိတ်မြို့ပေါ်တွင် ရောင်းချနေ‌သာ ရွှေဖရုံသီးဈေးကွက်

      တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်အတွင်းရှိ ကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက်များ တွင် ဟင်းသီးဟင်းရွက်စိုက်ပျိုးရေးလုပ်ငန်းများကို အများအပြားလုပ်ကိုင်လျက်ရှိကြောင်း သိရှိရသည်။ ဒေသခံများသည် သခွားသီး၊ ခရမ်းသီး၊ ကန်စွန်းရွက်၊ ချဉ်ပေါင်ရွက်၊ ရုံးပတီသီး၊ ဘူးသီး၊ ငရုတ်သီး စသည့် သီးနှံများကို စိုက်ပျိုးကြသည့်အပြင် ရွှေဖရုံသီးများကိုလည်း တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြပြီး မြိတ်မြို့ဈေးကြီးနှင့် ကျေးရွာဈေးများသို့ လာရောက်ရောင်းချကြကြောင်း သိရှိရသည်။ ရွှေဖရုံသီး သည် အာဟာရဓာတ်များစွာပါဝင်ပြီး ကျန်းမာရေးအတွက် အထူးကောင်းမွန် သည့်ဟင်းသီးဟင်းရွက် တစ်မျိုးဖြစ်ကာ ဒေသခံများအနေဖြင့် ဟင်းချိုချက်သောက်ခြင်း၊ ကြော်စားခြင်းများ ပြုလုပ်လေ့ရှိ ကြောင်း သိရှိရသည်။

      ၂၀၂၅ခုနှစ်၊ အောက်တိုဘာလနောက်ဆုံးပတ်အတွင်း မြိတ်မြို့ပေါ်ရှိဈေးများ၌ ရောင်းချလျက် ရှိသော ရွှေဖရုံသီးဈေးနှုန်းမှာ ရွှေဖရုံသီး(၁)ပိဿာလျှင် (၃၅၀၀)ကျပ်မှ (၄၀၀၀)ကျပ်၊ ရွှေဖရုံသီး (၁)စိတ်လျှင် (၁၅၀၀)ကျပ်မှ (၂၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ပွားလျက်ရှိကြောင်း ဒေသခံ ကုန်စိမ်းရောင်းချသူများထံမှ သိရှိရသည်။

DOCA(တနင်္သာရီ)

မြိတ်မြို့ပေါ်ရှိ အခြေခံစားကုန်ဈေးနှုန်း/ဈေးကွက်

     အောက်တိုဘာလ နောက်ဆုံးပတ်တွင် မြိတ်မြို့နယ်ဈေးကွက်အတွင်း ရောင်းချနေသော အခြေခံစားကုန် (ကုန်ခြောက်)ဈေးနှုန်းများအနေဖြင့် ကြက်သွန်နီဆိုဒ်စုံတစ်ပိဿာလျှင် (၂၀၀၀မှ ၂၃၀၀)ကျပ်ထိ၊ ကြက်သွန်ဖြူ(ရှမ်းစ) တစ်ပိဿာလျှင် (၉၀၀၀မှ၁၀၀၀၀)ကျပ်၊ ငရုတ်ရှည်တစ် ပိဿာလျှင် (၁၄၀၀၀မှ၁၅၀၀၀)ကျပ်၊ ကုလားပဲခြမ်းတစ်ပိဿာလျှင် (၈၀၀၀)ကျပ်၊ မန်ကျည်းသီး တစ်ပိဿာလျှင်(၁၁၀၀၀)ကျပ်၊ ဆားတစ်ပိဿာလျှင်(၁၂၀၀)ကျပ်၊ သကြားတစ်ပိဿာလျှင် (၅၅၀၀ မှ၆၀၀၀)ကျပ်၊ အာလူးတစ်ပိဿာလျှင် (၈၀၀၀)ကျပ်၊ ချင်းတစ်ပိဿာလျှင် (၆၅၀၀)ကျပ်၊ မြေပဲဆံ တစ်ပိဿာလျှင် (၁၂၀၀၀)ကျပ်၊ ကြက်သား(cp)တစ်ပိဿာလျှင် (၂၄၀၀၀)ကျပ်မှ(၂၅၀၀၀)ကျပ်၊ ဗမာကြက်တစ်ပိဿာလျှင် (၃၀၀၀၀)ကျပ်မှ(၃၁၀၀၀)ကျပ်၊ ဝက်သားတစ်ပိဿာလျှင် (၃၅၀၀၀) ကျပ်မှ(၃၆၀၀၀)ကျပ်၊ အမဲသားတစ်ပိဿာလျှင်(၂၆၀၀၀)ကျပ်၊ ဆိတ်သားတစ်ပိဿာလျှင် (၃၈၀၀၀) ကျပ် ဖြစ်ကြောင်း စည်ပင်သာယာဆိပ်ငယ် ဈေးကြီးအတွင်း အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရသည်။

DOCA(တနင်္သာရီ)

မြိတ်မြို့ပေါ်ရှိ ရောင်းချနေသော သင်္ဘောသီးဈေးကွက်

      သင်္ဘောသီးပင်ကို မြန်မာနိုင်ငံတွင် နေရာအနှံ့အပြား စိုက်ပျိုးကြပြီး အပူပိုင်းနှင့်အပူ အနည်းငယ်လျော့သည့် ဒေသများတွင် ပိုမိုဖြစ်ထွန်းပါသည်။ သင်္ဘောပင်တွင် အဖိုပင်၊ အမပင်နှင့် လိင်စုံပင်ဆိုပြီး (၃)မျိူးရှိပါသည်။ သင်္ဘောသီးအစိမ်းကို သင်္ဘောသီးသုပ်၊ ယိုးဒယား သင်္ဘောသီး ထောင်း စသောအမယ်များအပြင် အသုပ်စုံထဲတွင်လည်း အနည်းငယ်ထည့်၍ စားလေ့ရှိပါသည်။ တချို့မှာ သင်္ဘောသီးယိုအဖြစ်လည်းထိုး၍ စားကြသည်။ သင်္ဘောသီးဟာ အစာချေဖျက်ခြင်းကို ထောက်ကူတဲ့ သဘာဝဝမ်းနုတ်ဆေးတစ်မျိုးလည်း ဖြစ်တာကြောင့် ပုံမှန်စားပေးရင်ဝမ်းချုပ် တာ၊ လိပ်ခေါင်းရောဂါဖြစ်တာနဲ့ ဝမ်းလျှောတာတွေကို ကာကွယ်ပေးနိုင်ပါသည်။

       ယခုတနင်္သာရီတိုင်း၊ မြိတ်မြို့ပေါ်ရှိ ဈေးကြီးများနှင့် အခြားသောဈေးများတွင် သင်္ဘောသီး အစိမ်းများကို အသီးအရွယ်အစားပေါ်မူတည်၍ မြိတ်မြို့ပေါ်တွင် ရောင်းချနေသောဈေးနှုန်းများ မှာ(၇၀၀)ကျပ် နှင့် (၁၀၀၀)ခန့်ကျပ် ထိဈေးရရှိကြောင်း တစ်နိုင်တစ်ပိုင်စိုက်ပျိုးသူထံမှ သိရှိရပါ သည်။

DOCA(တနင်္သာရီ)

 

ကန့်ဘလူမြို့တွင် ရောင်းချနေသော တည်သီးနှင့် ထောပတ်သီးဈေးနှုန်းများ

      စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ရှိ မြို့မဈေးနှင့် အသီးမျိုးစုံရောင်း ချနေသော သစ်သီးဆိုင်များတွင် တည်သီးနှင့် ထောပတ်သီးများကို အများအပြားရောင်းချနေ ကြကြောင်းသိရသည်။ တည်သီးနှင့် ထောပတ်သီးများကို မန္တလေးမြို့ရှိ သစ်သီးပွဲရုံများမှမှာ ယူရောင်းချလျက်ရှိကြောင်း သိရသည်။

         တည်သီးသည် လိမ္မော်ရောင်တောက်တောက်လေးနဲ့ အညှာတံစိမ်းစိမ်းလေး သို့မဟုတ် ခပ်ညိုညိုအရောင်လေးကြောင့်  မျက်စိထဲမှာ စွဲဆောင်မှုရှိပြီး ခန္ဓာကိုယ်အတွက် အထောက်အကူ ပြုကာ ချိုချိုကြွပ်ကြွပ်လေးနဲ့ အရသာလေးလေးပင်ပင်ရှိသောကြောင့် လူကြိုက်များပြီး  သရေစာ အဖြစ် လူကြီးလူငယ် မရွေးဝယ်ယူ စားသုံးကြကြောင်း၊ ထောပတ်သီးမှာ ကျန်းမာရေးအတွက် အထောက်အကူများစွာပြုသော အသီးဖြစ်သောကြောင့်  အဖျော်ရည်ပြုလုပ်ကာ  သရေစာ အဖြစ်လည်းစားသုံးကြကြောင်း၊  ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ စတုတ္ထပတ်အတွင်း တည်သီး ဈေးနှုန်းမှာ တည်သီးအကြီး()လုံးလျှင် (၁၇၀၀) ကျပ်နှင့် တည်သီး()လုံးလျှင်(၁၀၀၀၀)ကျပ် ၊ အသေး()လုံးလျှင် (၁၀၀၀)ကျပ်နှင့် ထောပတ်သီးအကြီး()လုံးလျှင် (၁၀၀၀)ကျပ်နှင့် အသေး ()လုံးလျှင်(၇၀၀)ကျပ်ဖြင့်  အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကန့်ဘလူမြို့တွင်ရောင်းချ လျက်ရှိသော သစ်သီးဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့၏ သလဲသီးနှင့် မာလကာသီးဈေးနှုန်း

   စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင်  ရာသီစာ အသီးအနှံများကို စိုက်ပျိုးရောင်းချလျက်ရှိရာ ယခုအခါ ကန့်ဘလူမြို့မဈေးတွင် သလဲသီးနှင့် မာလကာသီးများ  လှိုင်လှိုင်ရောင်းချလျက်ရှိပါသည်။ သလဲသီးပင်နှင့် မာလကာသီးပင်များကို ကန့်ဘလူမြို့ပေါ် ရပ်ကွက်များနှင့် နတ်ပေးကျေးရွာ၊ နတ်အင်းကျေးရွာတို့မှ မိမိတို့၏နေအိမ်ခြံဝင်းများနှင့်ယာ တောများတွင် တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြပြီး လာရောက်ရောင်းချကြကြောင်း၊ ၂၀၂၅ခုနှစ် ၊အောက်တိုဘာလ စတုတ္ထပတ်တွင် ရောင်းချသော သလဲသီးဈေးနှုန်းများမှာ သလဲသီးအကြီး() လုံးလျှင်(၁၅၀၀)ကျပ်နှင့် အသေး()လုံးလျှင် (၁၀၀၀)ကျပ်ဖြင့်လည်းကောင်း ၊မာလကာသီးအ ကြီး()လုံးလျှင်(၁၀၀၀)ကျပ်၊ ()လုံးလျှင်(၁၈၀၀)ကျပ်၊ အသေး()လုံးလျှင်(၇၀၀)ကျပ်၊ ()လုံး လျှင်(၁၃၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း ကုန်စိမ်းရောင်းချသူထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့တွင် ရောင်းချလျက်ရှိသော မြန်မာ့ရိုးရာ တရော်ကင်ပွန်းခေါင်းလျှော်ရည်

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့ “မြို့မဈေး”သည် နေ့စဉ်ဈေးရောင်းသူများ၊ ဈေးဝယ်သူများနှင့်စည်ကားလျက်ရှိပြီး ရာသီပေါ်သီးနှံများ၊ ဒေသထွက်ကုန်များအပြင် အခြားဒေသမှဝင် ရောက်သည့် လူသုံးကုန်နှင့် စားသောက်ကုန်ပစ္စည်းများသာမက ယခုအခါ မြန်မာ့ရိုးရာ တရော်ကင် ပွန်းခေါင်းလျှော်ရည်များကိုလည်း ရောင်းချလျက်ရှိကြောင်းသိရသည်။ တရော်ကင်ပွန်းသည်ရှေး မြန်မာမင်းများ လက်ထက်ကပင် အသုံးပြုခဲ့ကြသော မြန်မာ့ရိုးရာ ခေါင်းလျှော်ရည်တစ်မျိုးပင်ဖြစ် သည်။ မြန်မာ့ရိုးရာ တရော်ကင်ပွန်းခေါင်းလျှော်ရည်ပြုလုပ်ရာတွင် တရော်အခေါက်ကို ကင်ပွန်းသီး နှင့်ရော၍ အသုံးပြုကြကြောင်း သိရသည်။

  မြန်မာ့ရိုးရာတရော်ကင်ပွန်းခေါင်းလျှော်ရည်ကို ကန့်ဘလူမြို့ပေါ်ရှိဒေသခံများမှ လာရောက် ရောင်းချကြကြောင်း၊ ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ စတုတ္ထပတ်အတွင်း ကန့်ဘလူမြို့မဈေးတွင် ရောင်းချနေသည့် တရော်ကင်ပွန်းခေါင်းလျှော်ရည်ဈေးနှုန်းများမှာ အကြီး(၁)ထုပ်လျှင် (၅၀၀)ကျပ်၊ အသေး(၁)ထုပ်လျှင်(၃၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း၊ မြန်မာ့ရိုးရာ တရော်ကင်ပွန်းခေါင်း လျှော်ရည်ကို အိမ်သန့်ရှင်းဆေးကြောခြင်း၊ ဦးခေါင်းဆေးမင်္ဂလာပြုခြင်း၊ မြန်မာ့ရိုးရာအစဉ်အလာ ဖြစ်သည့်သင်္ကြန်တွင်းနှစ်သစ်တွင် ဘိုးဘွားများအားခေါင်းလျှော်၍ ကုသိုယ်ပြုရာတွင်လည်းကောင်း အသုံးပြုကြကြောင်း၊ ယခုအခါ အမျိုးသမီးအများစုသည် ဆံကေသာနက်မှောင်သန်စွမ်းစေရန်အ တွက်သဘာဝထုတ်ကုန်ဖြစ်သည့် တရော်ကင်ပွန်းခေါင်းလျှော်ရည်များကို ဝယ်ယူသုံးစွဲလျက်ရှိ ကြောင်း တရော်ကင်ပွန်းခေါင်းလျှော်ရည်ရောင်းချသူထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

သင်္ဘောသီးအစိမ်းနှင့်သင်္ဘောသီးအမှည့်ဈေးနှုန်းများ

  သင်္ဘောပင်သည် မြန်မာနိုင်ငံအပါအဝင် အပူပိုင်းဒေသမှာ ပေါက်ရောက်တဲ့ အပင်ဖြစ်ပြီး သင်္ဘောသီးသည် အာဟာရဓာတ်များစွာ ပါဝင်သည့်အတွက် စားသုံးသင့်သည့် အသီးတစ်မျိုးဖြစ် သည်။ သင်္ဘောပင်သည် အလွယ်တကူစိုက်ပျိုးနိုင်ခြင်းကြောင့် အသီးများကိုရောင်းချ၍ အပိုဝင်ငွေ ရရှိသည့်အတွက် စိုက်ပျိုးသင့်သည့် အသီးတစ်မျိုးဖြစ်ပါသည်။

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၌ ကန့်ဘလူမြို့ပေါ်နှင့် နတ်ပေးကျေးရွာတွင် သင်္ဘောပင်များကို မိမိတို့၏နေအိမ်ခြံဝင်းများနှင့် ယာတောများတွင် တစ်ပိုင်တစ်နိုင် စိုက်ပျိုးကြ သည်။ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ စတုတ္ထပတ်အတွင်း ကန့်ဘလူမြို့မဈေးတွင် သင်္ဘောသီးအ စိမ်း()ပိဿာလျှင်(၁၂၀၀)ကျပ်၊(၅၀)ကျပ်သားလျှင်(၆၀၀)ကျပ်၊ သင်္ဘောသီးမှည့်အသေးတစ်လုံး လျှင် (၂၀၀၀)ကျပ်နှင့် အကြီးတစ်လုံးလျှင် (၄၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း