Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကြည့်မြင်တိုင်မြို့နယ် KIP ဆိပ်ကမ်းတွင် စားအုန်းဆီ သင်္ဘောဝင်ရောက်ခြင်း

         စားအုန်းဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီသည် စားအုန်းဆီများ သတ်မှတ်အရည်အသွေး၊ စံချိန်စံညွှန်းများနှင့်အညီ စားသုံးသူပြည်သူများ ကျန်းမာရေးနှင့်ညီညွတ်သော စားသုံးဆီများသုံးစွဲနိုင်ရေး၊ ဈေးနှုန်းတည်ငြိမ်စွာ ဝယ်ယူစားသောက်နိုင်ရေး ကြီးကြပ်ထိန်းကျောင်း၍ သက်ဆိုင်ရာ ကုမ္ပဏီများက စားအုန်းဆီများ ပြည်ပမှ တင်သွင်းလျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး သီလဝါဆိပ်ကမ်း၊ ဗားကရာ (သဲကွင်း) ဆိပ်ကမ်း၊ ကြည့်မြင်တိုင်မြို့နယ် ကမ်းနားဈေးဆိပ်ကမ်း၊ KIP ဆိပ်ကမ်းသို့ ဆီသင်္ဘောများ ဆိုက်ကပ်ပြီး၊ ကြည့်မြင်တိုင်မြို့နယ် KIP ဆိပ်ကမ်းတွင် ၂၆.၁၀.၂၀၂၅ ရက်နေ့ MT . BAUHINIA V.06/25OP သင်္ဘောဖြင့် Star 01 ဆီကန်သို့   3000 MT၊ Star 02 ဆီကန်သို့ 2299.792 MT စုစုပေါင်းတန်ချိန် 5299.792 MT ဝင်ရောက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ပခုက္ကူမြို့၌ အောက်တိုဘာလ(စတုတ္ထပတ်)တွင် ဖြစ်ပေါ်နေသော သံပုရာသီး ဈေးနှုန်းဈေးကွက် အခြေအနေ

    လူတို့သည် သံပုရာသီးကို နေ့စဉ်အမျိုးမျိုးပြုလုပ်၍ စားသုံးကြပါသည်။ သံပုရာသီးကို ကျန်းမာရေးအရ အသုံးပြုသလို အသုပ်မျိုးစုံပြုလုပ်ရာတွင်လည်း အသုံးပြုကြပါသည်။ သံပုရာ သီးကို ပခုက္ကူမြို့အနီးတစ်ဝိုက်ရှိ ကျွန်းဦး၊ ကျွန်းညို၊ ကံလှကျေးရွာများနှင့် မြစ်ခြေ၊ ကမ္မမြို့ ဥယျာဉ်ခြံမြေများတွင် အများဆုံးစိုက်ပျိုးကြပါသည်။ သံပုရာပင်သည် နှစ်ရှည်ပင်ဖြစ်သည့်အတွက် တစ်ခါစိုက်ပျိုးပြီးလျှင်ပင် နှစ်ရှည်ထိုင်စား၍ရသော သီးနှံပင် ဖြစ်ပါသည်။ သံပုရာပင်ကို တစ်ချို့မှာ အိမ်ခြံဝန်းထဲတွင် တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြသလို စီးပွားဖြစ်လည်းစိုက်ပျိုးကြပါသည်။ သံပုရာပင် တစ်ပင်လျှင်ထွက်ရှိသော ပျမ်းမျှအသီးနှုန်းမှာ (၇၀-၉၀)အထိ ထွက်ရှိကြောင်း သိရပါသည်။ ပခုက္ကူဈေးကွက်သို့ အနီးတစ်ဝိုက်ရှိ ကျေးရွာများမှ လာရောက်ရောင်းချကြောင်းသိရပါသည်။ ပခုက္ကူ ဈေးကွက်တွင်ရောင်းချလျက်ရှိသော သံပုရာသီးဈေးနှုန်းများအနေဖြင့် ၂၀၂၅ခုနှစ်၊ အောက်တိုဘာ လ(စတုတ္ထပတ်)တွင် (၁၀)လုံးလျှင် ကျပ်(၁၆၀၀)၊ (၁)လုံးလျှင် ကျပ်(၂၀၀)ဈေးဖြင့် ရောင်းချလျက် ရှိပြီး (ပထမပတ်)နှင့် နှိုင်းယှဉ်ပါက (၁)လုံးလျှင် ကျပ်(၆၀)ခန့်  တက်နေကြောင်း၊ သံပုရာသီးများ ကို ပခုက္ကူဈေးကွက်မှတစ်ဆင့် မြို့ပေါ်ရှိ စားသောက် ဆိုင်များနှင့် ကုန်စိမ်းဈေးကွက်များသို့ လည်း တင်ပို့ရောင်းချကြောင်း၊ ယခုအချိန်တွင် သံပုရာသီးများ တုန်းခါနီး ကာလဖြစ်သောကြောင့်  ပိုမို အရောင်းအဝယ်သွက်ကြောင်း ဈေးကွက်မှ သိရပါသည်။

DOCA(မကွေး)

တိုင်ထောင်ပဲအကြောင်း သိကောင်းစရာနှင့် ဈေးနှုန်း

   တိုင်ထောင်ပဲကို ခေါက်ဆွဲကြော်၊ ကြာဇံကြော်နှင့် အစိမ်းကြော်များ ကြော်လှော် ချက်ပြုတ်ရာတွင် စားသုံးသကဲ့သို့  သီးသန့်ကြော်၍ လည်းကောင်း၊ ချက်ပြုတ်၍လည်းကောင်း၊ တို့စရာ အဖြစ်လည်းကောင်း စားသုံးကြပါသည်။ တိုင်ထောင်ပဲကို မျိုးအလိုက်စိုက်ပျိုးပြီး စိုက်ပျိုးပြီးသည်မှ (၄၅) ရက်တွင် ခူးဆွတ်နိုင်ပါသည်။ စတင်ခူးဆွတ်သည့်အချိန်မှစ၍ (၂) ခွဲ (၃) လအထိ ခူးဆွတ်နိုင်ကြောင်း သိရှိရပါသည်။ တိုင်ထောင်ပဲကို ဧပြီလတွင် (၁) ကြိမ်၊ ဇူလိုင်လနှင့် ဩဂုတ်လတွင် (၁) ကြိမ်၊ တစ်နှစ်လျှင် (၂) ကြိမ် စိုက်ပျိုးနိုင်ပါသည်။ တိုင်ထောင်ပဲကို (၁၀) ထောင့် (၁) စီးလျှင် (၅၀၀) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး အထုံးကြီး (၁) ထုံးလျှင် (၅၀၀၀) ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိကြောင်း သိရှိရပါသည်။

(DOCA) ဧရာဝတီ

 

ကန်ကြီးထောင့်မြို့နယ် ကြက်သွန်နီဈေးနှုန်းဈေးကွက်

     ကြက်သွန်နီသည် မီးဖိုချောင်သုံးအခြေခံစားသောက်ကုန်တစ်မျိုးဖြစ်ပြီး အိမ်ရှင်မတိုင်းအတွက် မရှိမဖြစ် အသုံးပြုကြပါသည်။ ကျန်းမရေးအတွက် ဆေးဖက်ဝင်အစားအစာဖြစ် စားသုံးကြခြင်း ဟင်းအနှစ်ပြုလုပ်၍ စားသုံးခြင်း၊ အသုပ်မျိုးစုံတွင် ထည့်၍ စားသုံးခြင်း၊ ဆီချက်အဖြစ်ချက်၍ စားသုံးကြကြောင်း သိရှိရပါသည်။

          ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ စတုတ္တပတ်အတွင်း ကန်ကြီးထောင့်မြို့မဈေးတွင် ကြက်သွန်နီ ရှယ် အကြီး (၁) ပိဿာလျှင် (၂၀၀၀) ကျပ်၊ အလတ်စား တစ်ပိဿာလျှင် (၁၈၀၀) ကျပ်၊ အသေးစား တစ်ပိဿာလျှင် (၁၅၀၀) ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်းနှင့် ယခင်လနှင့် နှိုုင်းယှဉ်ပါက ကြက်သွန်နီဈေးနှုန်းမှာ အနည်းငယ်ကျဆင်းသွားကြောင်း သိရှိရပါသည်။

(DOCA) ဧရာဝတီ

 

၂၇.၁၀.၂၀၂၅ ရက်နေ့ ဘုရင့်နောင်ပွဲရုံရှိ ကြက်သွန်ဖြူ/ အနီနှင့် အာလူးဈေးနှုန်းများ

          ၂၇.၁၀.၂၀၂၅ ရက်နေ့ ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ဖြစ်ပေါ်ခဲ့သော ကြက်သွန်ဖြူ ကြူကုတ် (ရှယ်) တစ်ပိဿာ ဈေးနှုန်းများမှာ ကျပ် ၁၀၅၀၀/၁၁၀၀၀၊ အောင်ပန်းထူး-၂ ကျပ် ၃၅၀၀၊  အောင်ပန်းထူး-၃ ကျပ် ၄၅၀၀အောင်ပန်းထူး-၄ ကျပ် ၅၅၀၀အောင်ပန်းထူး-၅ ကျပ် ၆၅၀၀၊ ကြက်သွန်နီ ဈေးနှုန်းများမှာ ဆိပ်ဖြူ(သစ်) ရှယ် ကျပ် ၁၇၀၀၊ ဆိပ်ဖြူ(သစ်)လတ်ကြီး ကျပ်  ၁၄၅၀၊  ဆိပ်ဖြူ(သစ်) လတ်သန့် ကျပ် ၉၅၀၊ ဆိပ်ဖြူ(သစ်) လတ်ချော ကျပ် ၄၀၀၊ မြင်းခြံ (သစ်) ရှယ် ကျပ် ၁၄၀၀/၁၇၀၀၊ မြင်းခြံ(သစ်) လတ်ကြီး ကျပ် ၁၀၀၀/၁၄၀၀၊ မြင်းခြံ(သစ်) လတ်သန့် ကျပ် ၆၀၀/၉၀၀၀၊ မြင်းခြံ(သစ်) လတ်ချော ကျပ် ၄၀၀၊ မုံရွာ(သစ်) ရှယ် ကျပ် ၁၇၀၀၊  မုံရွာ(သစ်) လတ်ကြီး ကျပ် ၁၄၀၀၊ မုံရွာ(သစ်) လတ်သန့် ကျပ် ၉၀၀၊ မုံရွာ(သစ်) လတ်ချော ကျပ် ၄၀၀၊ ပခုက္ကူ (သစ်) ရှယ် ကျပ် ၁၇၀၀၊ ပခုက္ကူ (သစ်)လတ်ကြီး ကျပ် ၁၃၅၀၊ ပခုက္ကူ (သစ်)လတ်သန့် ကျပ် ၉၅၀၊ ပခုက္ကူ (သစ်)လတ်ချော ကျပ် ၄၀၀၊ တရုတ်အာလူး ကျပ် ၆၅၀၀/၆၇၀၀ ရှိကြောင်း သိရှိရပါသည်။ အောင်ပန်း အိုကေ(သစ်) ကျပ် ၅၅၀၀၊ အောင်ပန်းအက်စ်ဝမ်း(သစ်) ကျပ် ၆၀၀၀၊ အောင်ပန်း အက်စ်တူး(သစ်) ကျပ် ၆၈၀၀၊ ယခုတစ်ပတ်တွင် ကြက်သွန်နီဈေးနှုန်းမှာ  တစ်ပိဿာလျှင် ကျပ် ၁၀ မှ ကျပ် ၀  ဈေးကျပါကြောင်း ဘုရင့်နောင်ကုန်စည်ဒိုင်မှ သိရှိရပါသည်။

DOCA(ရန်ကုန်)

   စျေးပိုမိုရရှိသည့်မန္တလေးပဲဇီးကွက်

             မန္တလေးစျေးကွက်သို့ ပဲသီးမျိုးစုံဝင်ရောက်လျက်ရှိပြီး၊ ပဲဇီးကွက်မှာ  ပြည်တွင်းစားသုံးမှု များပြားသည့်ပဲတစ်မျိုးဖြစ်ကြောင်းသိရပါသည်။ပဲဇီးကွက်မှာ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်း ဒေသကြီးနှင့်မကွေးတိုင်းဒေသကြီးတို့တွင်စိုက်ပျိုးမှုများပြီး၊ မန္တလေးတိုင်းဒေသကြီးအတွင်း  ၂၀၂၄- ၂၀၂၅ ခုနှစ်တွင် စားတော်ပဲအပါအဝင် ပဲမျိုးစုံ စိုက်ပျိုးမှု ၁၀၁၉၄၇၇ ဧက ဖြစ်ကြောင်း သိရပါသည်။    မန္တလေးပွဲစား၊ကုန်သည်စက်ပိုင်များမဟာကထိန်တော်အသင်းတွင် ၂၀၂၅ ခုနှစ်အောက်တိုဘာလ တတိယပတ်အတွင်း ဖြစ်ပေါသည့်ပေါက်စျေးမှာ ပဲဇီးကွက် ၃တင်းဝင်တစ်အိတ်လျှင် ၃၄၅၀၀၀ကျပ် နှင့်၃၅၅၀၀၀ကျပ်၊တစ်ပိဿာလျှင်   ၅၉၂၃ ကျပ်နှင့်၆၀၉၄ကျပ်တို့ဖြစ် ကြောင်း သိရှိရပါသည်။ ယခင် နှစ်ကာလတူပေါက်စေျးမှာ ၃တင်းဝင်တစ်အိတ်လျှင် ၂၈၀၀၀၀ကျပ်နှင့် ၂၉၀၀၀၀ကျပ်၊ တစ်ပိဿာ လျှင်၄၈၀၇ ကျပ်နှင့် ၄၉၇၈ ကျပ်တို့ဖြစ်ပြီး၊ ယခုနှစ်နှင့်ယခင်နှစ် ကာလတူ ပေါက်စျေးနှိုင်းယှဉ်ပါက မန္တလေးပဲဇီးကွက်စျေးမှာ ပိုမိုရရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

အောက်တိုဘာလတတိယပတ်ရှိပဲစင်းငုံစျေး

          ဒေသကြီးနှင့်ရှမ်းပြည်နယ်တို့မှထွက်သည့်ပဲစင်းငုံသီးနှံများ ဝင်ရောက်လျက်ရှိကြောင်းသိရပါသည်။ ပဲစင်းငုံမှာ ပြည်တွင်းစားသုံးမှုနည်းပြီး ပြည်ပသို့တင်ပို့ရောင်းချသည့် ပဲတစ်မျိုးဖြစ်ပါသည်။မန္တလေးတိုင်းဒေသကြီးတွင် ပဲမျိုးစုံစိုက်ပျိုးမှုများပြားပြီး၊၃၁.၁.၂၀၂၅ရက်နေ့အထိ ၂၀၂၄-၂၀၂၅ခုနှစ်ပဲစင်းငုံသီးနှံစိုက်ပျိုးမှု (၃၈၀၀၇၇)ဧက၊ ရိတ်သိမ်း (၃၁၁၀၀၇)ဧက၊ အထွက် နှုန်း (၉.၃၃)တင်း နှင့်အထွက် (၂၉၀၁၃၃၃)တင်းဖြစ်ကြောင်း သိရပါတယ်။ မန္တလေးပွဲစား၊ကုန်သည်၊ စက်ပိုင်များမဟာကထိန်တော် အသင်းတွင် ၂၀၂၅ ခုနှစ်အောက်တိုဘာလတတိယပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသော ပေါက်စျေးမှာ ၃တင်းဝင်တစ်အိတ်လျှင် ပဲစင်းငုံ(နီ)(သစ်)၂၃၇၀၀၀ ကျပ်နှင့် ၂၃၈၀၀၀ ကျပ်၊ တစ်ပိဿာစျေးမှာ ၃၉၅၀ကျပ်နှင့် ၃၉၆၇ ကျပ်တို့ဖြစ် ကြောင်းသိရှိရ ပါသည်။ ယခင်နှစ်ကာလတူ ပေါက်စျေးမှာ ၃တင်း ဝင်တစ်အိတ်လျှင်ပဲစင်းငုံ(နီ) ၄၆၀၀၀၀ ကျပ်၊တစ်ပိဿာစျေးမှာပဲစင်းငုံ(နီ)၇၆၆၇ကျပ်ပြီး၊ ယခင်နှစ် စျေးနှင့်ယခုနှစ်နှိုင်းယှဉ်ပါကပဲစင်းငုံ(နီ)သီးနှံပေါက်စျေးမှာလျော့နည်းသွားကြောင်းတွေ့ရှိရပါသည်။

DOCA(မန္တလေး)

ပန်းဂေါ်ဖီထုပ်စျေးအနည်းငယ်မြင့်တက်

      ကုန်စိမ်းစျေးကွက်သို့မန္တလေးတိုင်းဒေသကြီးရှိအမရပူရခရိုင်၊ပြင်ဦးလွင်ခရိုင်၊ ကျောက်ဆည် ခရိုင်နှင့်မိတ္တီလာခရိုင်တို့မှ ထွက်သည့်ကုန်စိမ်းများ၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့မှ ထွက်သည့်ပန်းဂေါ်ဖီထုပ်များဝင်ရောက်မှုအနည်းငယ်လျော့ကျလျက်ရှိပြီး၊စျေးအနည်းငယ်မြင့်တက်သွားရှိကြောင်းသိရှိရပါသည်။၂၀၂၅ ခုနှစ်အောက်တိုဘာလတတိယပတ်အတွင်း ဖြစ်ပေါ်သည့် စျေးနှုန်းများမှာ ပန်းဂေါ်ဖီ ထုပ် ၁ ခုလျှင် အပွင့်(ကြီး) ၁၆၀၀ ကျပ်နှင့် ၂၀၀၀ကျပ်၊အပွင့်(သေး) ၁၀၀၀ကျပ်နှင့်၁၅၀၀ကျပ်စျေးတို့ဖြင့် ရောင်းချပြီး၊ အလုံးအရွယ်အစားအပေါ်မူတည်၍ စျေးကွာခြားမှုရှိကြောင်းသိရှိရပါသည်။ သီရိမာလာစျေးအတွင်းနေ့စဉ်ကုန်စိမ်းသီးနှံဝင်ရောက်မှုမှာ ကုန်စည် အမျိုးအစားအလိုက် Canter ၁၂ဘီးနှင့် ၆ ဘီး) ယာဉ်(၄၀) စီးနှင့်(၆၀)စီးအကြားဝင်ရောက်လျက် ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

ပန်းဂေါ်ဖီပွင့်ဖြူပေါက်စျေး

       ကုန်စိမ်းစျေးကွက်သို့မန္တလေးတိုင်းဒေသကြီးရှိအမရပူရခရိုင်၊ပြင်ဦးလွင်ခရိုင်၊ကျောက်ဆည် ခရိုင်နှင့်မိတ္တီလာခရိုင်တို့မှ ထွက်သည့်ကုန်စိမ်းများ၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့မှ ထွက်သည့်ပန်းဂေါ်ဖီပွင့်ဖြူများ ဝင်ရောက်မှုများပြားလျက်ရှိပြီး၊အရောင်းသွက်လျက်ရှိကြောင်းသိရှိရပါသည်။၂၀၂၅ ခုနှစ်အောက်တိုဘာလတတိယပတ်အတွင်း ဖြစ်ပေါ်သည့်စျေးနှုန်းများမှာ ပန်းဂေါ်ဖီ ပွင့်ဖြူ ၁ ခုလျှင် အပွင့်(ကြီး) ၁၅၀၀ ကျပ်နှင့် ၁၈၀၀ကျပ်၊အပွင့်(သေး) ၁၀၀၀ ကျပ်နှင့်၁၂၀၀ ကျပ် စျေးတို့ဖြင့် ရောင်းချပြီး၊ အပွင့်အရွယ်အစားအပေါ်မူတည်၍ စျေးကွာခြားမှုရှိကြောင်းသိရှိရ ပါသည်။  သီရိမာလာစျေးအတွင်း နေ့စဉ် ကုန်စိမ်းသီးနှံဝင်ရောက်မှုမှာ ကုန်စည် အမျိုးအစားအလိုက် Canter ၁၂ဘီးနှင့် ၆ ဘီး) ယာဉ်(၄၀) စီးနှင့်(၆၀)စီးအကြားဝင်ရောက်လျက် ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

 

 မိုးနှောင်းရာသီဂေါ်ရခါးညွှန့်ဟင်းရွက်စျေး

       မန္တလေးစျေးကွက်သို့ မိုးနှောင်းရာသီချိန်အတွင်း ပြင်ဦးလွင်ခရိုင်နှင့် ရှမ်းပြည်နယ်မှ ဂေါ်ရခါးညွှန့် ဟင်းရွက်ကုန်စိမ်းများ ဝင်ရောက်မှုများလျက်ရှိပြီး၊ အရောင်းသွက်လျက်ကြောင်းသိရှိရပါသည်။ ၂၀၂၅ ခုနှစ်အောက်တိုဘာလတတိယပတ်အတွင်းဂေါ်ရခါးညွှန့်ဟင်းရွက်စျေးအနေဖြင့် လက္ကားစျေး (၁၀စီးပါ) တစ်စည်းလျှင် ၃၅၀၀ ကျပ်နှင့် ၄၀၀၀ကျပ်၊ လက်လီစျေးတစ်စည်းလျှင် ၅၀၀ကျပ်နှင့် ၇၀၀ကျပ်အသီးသီးဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ သီရိမာလာစျေး အတွင်း နေ့စဉ် ကုန်စိမ်းသီးနှံဝင်ရောက်မှုမှာ ကုန်စည် အမျိုးအစားအလိုက် Canter ၁၂ဘီးနှင့် ၆ ဘီး) ယာဉ်(၄၀) စီးနှင့်(၆၀)စီးအကြား ဝင်ရောက်လျက် ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း