Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

မင်းဘူးမြို့၊ မြို့မဈေး၌ ခရမ်းသီးဈေးနှုန်းမြင့်တက်

   မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၊ မြို့မဈေး၌ ခရမ်းသီးကို မင်းဘူးမြို့အနီး ကျောက်တံခါးရွာ၊ စကု၊ ပွင့်ဖြူ၊ မကွေးနှင့် တောင်တွင်းကြီးမြို့တို့မှ မှာယူရောင်းချကြောင်း သိရသည်။

  ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ(စတုတ္ထပတ်)တွင် ခရမ်းသီး(၁)ပိဿာလျှင် ကျပ်(၃၀၀၀) ဖြင့် ရောင်းချလျက်ရှိပြီး ယခင်(ဒုတိယပတ်)တွင် ခရမ်းသီး(၁)ပိဿာလျှင် ကျပ်(၂၅၀၀)ဖြင့် ရောင်းချ ခဲ့ရာ ဈေးနှုန်းနှိုင်းယှဉ်ပါက ယခုတစ်ပတ်တွင် ကျပ်(၅၀၀)ခန့် ဈေးတက်ပြီး အရောင်း အဝယ်ဖြစ် ကြောင်း သိရသည်။ ယခုအချိန်တွင် ခရမ်းစိုက်ပျိုးရာဒေသများ၌ အထွက်နှုန်းလျော့နည်း လာသည့် အတွက် ဈေးနှုန်းမှာမြင့်တက်လာခြင်းဖြစ်ကြောင်း သိရှိရသည်။

DOCA(မကွေး)

အောက်တိုဘာလတတိယပတ်ရှိသစ်အယ်သီးစျေးကွက်

           စျေးကွက်အတွင်းသို့ မန္တလေးတိုင်းဒေသကြီး၊မိုးကုတ်မြို့နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း တို့မှထွက်သည့် သစ်အယ်သီးများ အောက်တိုဘာလတတိယပတ်အတွင်း ဝင်ရောက်မှုများပြား လျက် ရှိပြီး၊ အရောင်းသွက်လျက်ရှိကြောင်း သိရှိရပါသည်။ စျေးကွက်အတွင်း သစ်အယ်သီးအား အစိမ်း အတိုင်း ပြည်ချိန် (သို့မဟုတ်)ကီလိုဂရမ်ချိန်၍ ရောင်းချခြင်း၊ လှော်၍ အသင့်စားအစာအဖြစ် ရောင်းချခြင်းတို့တွေ့ ရှိရပါသည်။ မန္တလေးစျေးကွက်တွင် ၂၀၂၅ ခုနှစ်အောက်တိုဘာလတတိယပတ် အတွင်း သစ်အယ်သီးလက်လီစျေးနှုန်းများမှာ ၁ ပြည်လျှင် (လုံးကြီး) ၃၀၀၀၀ ကျပ်နှင့် ၄၂၀၀၀ ကျပ်၊ (လုံးလတ်) ၂၅၀၀၀ ကျပ်နှင့်၃၀၀၀၀ကျပ်၊(လုံးသေး) ၁၈၀၀၀ကျပ်နှင့် ၂၃၀၀၀ကျပ်စျေးဖြင့် ရောင်းချလျှက်ရှိကြောင်း သိရှိရပါသည်။ မန္တလေးမြို့၊ရှမ်းစျေးရှိစျေးသည်တစ်ဦး၏ပြောပြချက်အရ ယခင်နှစ် ပေါက်စျေးနှင့်နှိုင်းယှဉ် ပါက သစ်အယ်သီး ၁ ပြည်လျှင် ၄၀၀၀ ကျပ်နှင့် ၈၀၀၀ ကျပ်အထိ စျေးနှုန်းမြင့်တက်သွားကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

အထက်မင်းလှမြို့၊ ဇေယျာသီရိဈေး၌ အာလူးဈေးနှုန်းမြင့်တက်

    မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့၊ ဇေယျာသီရိဈေး၌ အာလူးကို မကွေး၊ မင်းဘူး၊ တောင်တွင်းကြီး၊ သရက်မြို့တို့အပြင် ရှမ်းပြည်နယ်၊ အောင်ပန်း၊ တောင်ကြီးမြို့တို့မှ မှာယူရောင်းချကြောင်း သိရသည်။

  ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ(စတုတ္ထပတ်)တွင် အာလူး(၁)ပိဿာလျှင် ကျပ်(၆၅၀၀-၇၀၀၀)ဖြင့် ရောင်းချလျက်ရှိပြီး ယခင်(တတိယပတ်)တွင် ကျပ်(၆၀၀၀-၆၅၀၀)ဖြင့် ရောင်းချခဲ့ရာ ဈေးနှုန်းနှိုင်းယှဉ်ပါက ကျပ်(၅၀၀)ဈေးနှုန်းမြင့်တက်ခဲ့ကြောင်း သိရ သည်။ ယခုအချိန်တွင် ဇေယျာသီရိဈေးအတွင်း ရှမ်းပြည်နယ်၊ အောင်ပန်းမြို့၊ တောင်ကြီုးမြို့တို့မှထွက်ရှိသည့် အာလူးများသာ ဝင်ရောက်မူများသည့်အတွက် သယ်ယူစရိတ်မြင့်တက်သည့်အပြင် အာလူးစိုက်ပျိုး ထွက်ရှိရာဒေသ များ၌လည်း စိုက်ခင်းအသစ်များ စတင်စိုက်ပျိုးလျက်ရှိပြီး သိုလှောင်ထားသော အာလူးများသာ အရောင်းအဝယ်ဖြစ်လျက်ရှိသောကြောင့် ဈေးနှုန်းမှာမြင့်တက်လာခြင်းဖြစ်ကြောင်း သိရသည်။

DOCA( မကွေး)

အထက်မင်းလှမြို့၊ ဇေယျာသီရိဈေး၌ မာလကာသီးဈေးနှုန်းမြင့်တက်

  မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့၊ ဇေယျာသီရိဈေး၌ မြို့ပတ်ဝန်း ကျင်ရှိ ပန်းတော်ပြင်၊ ဥယျာဉ်၊ မယ်ဇလီကျေးရွာများမှ ထွက်ရှိသည့် ရာသီစာကီလိုမာလကာသီးများ ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

    ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ(စတုတ္ထပတ်)တွင် ကီလိုမာလကာသီး(၁)လုံးလျှင် (အလုံး အကြီးအသေးအလိုက်)ကျပ်(၇၀၀-၁၀၀၀)ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။ အောက်တိုဘာလဆန်းမှစတင်၍ ဇေယျာသီရိဈေးသို့ စတင်ဝင်ရောက်ခဲ့ပြီး ယခု(စတုတ္ထပတ်)အထိ ဈေးနှုန်းပြောင်းလဲမှုမရှိကြောင်း၊ ပေါ်ဦးပေါ်စချိန်ဖြစ်သည့်အတွက်ဈေးကောင်းသော်လည်း အရောင်း အဝယ်မှာသွက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မကွေး)

အထက်မင်းလှမြို့၊ ဇေယျာသီရိဈေး၌ ဂေါ်ရခါးသီးဈေးနှုန်းကျဆင်းပြီး အရောင်းအဝယ်သွက်လျက်ရှိ

  မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့၊ ဇေယျာသီရိဈေး၊ ကုန်စိမ်းသီးနှံ ဈေးကွက်၌ ဂေါ်ရခါးသီးကို မင်းလှမြို့နယ်၌ ဒေသတွင်းစိုက်ပျိုးမှု မရှိသည့်အတွက် ရှမ်းပြည်နယ်၊ အောင်ပန်းမြို့မှ တိုက်ရိုက်မှာယူရောင်းချလျက်ရှိသည့်အပြင် မင်းဘူး၊ မကွေးမြို့တို့ရှိ ကုန်စိမ်း သီးနှံဈေးကွက်မှလည်းမှာယူရောင်းချကြောင်း သိရသည်။

   ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ(စတုတ္ထပတ်)တွင် ဂေါ်ရခါးသီး(၁)လုံးလျှင် ကျပ် (၂၅၀-၃၀၀) ဖြင့် ရောင်းချလျက်ရှိပြီး ယခင်စက်တင်ဘာလ(စတုတ္ထပတ်)တွင် ဂေါ်ရခါးသီး(၁)လုံးလျှင် ကျပ် (၄၅၀-၅၀၀)ဖြင့် ရောင်းချခဲ့ရာ ဈေးနှုန်းနှိုင်းယှဉ်ပါက ယခုတစ်ပတ်တွင် ကျပ်(၂၀၀) ဈေးနှုန်းကျ ဆင်းပြီး အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။ ယခုအချိန်တွင် ဂေါ်ရခါးသီး စိုက်ပျိုးထွက်ရှိရာ ဒေသများ၌ အထွက်နှုန်းများလှိုင်လှိုင်ထွက်ရှိသောကြောင့် ဈေးနှုန်းမှာကျဆင်းလာခြင်းဖြစ်ကြောင်း၊ ဈေးနှုန်းချိုသည့်အတွက် အရောင်းအဝယ်မှာလည်း သွက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မကွေး)

အထက်မင်းလှမြို့၊ ဇေယျာသီရိဈေး၌ သစ္စာပန်းများစတင်ဝင်ရောက်ပြီး ဈေးကောင်းလျက်ရှိ

   မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့၊ ဇေယျာသီရိဈေး၌ မြို့ပတ်ဝန်း ကျင်ရှိ ညောင်ပင်သာ၊ ဥယျာဉ်၊ မယ်ဇလီတောကျေးရွာများမှ ထွက်ရှိသည့် သစ္စာပန်းများသည် ၂၀၂၅ခုနှစ် အောက်တိုဘာလ(တတိယပတ်)မှ စတင်၍ ဝင်ရောက်အရောင်းအဝယ် ဖြစ်လျက်ရှိ ကြောင်း သိရသည်။

   ၂၀၂၅  ခုနှစ်၊ အောက်တိုဘာလ(စတုတ္ထပတ်)တွင် သစ္စာပန်း(၃)ခက်ပါ(၁)စီးလျှင် ကျပ် (၄၀၀)ဖြင့် ရောင်းချလျက်ရှိပြီး (တတိယပတ်)တွင်ပေါ်စအချိန်အတိုင်း ဈေးနှုန်းပြောင်းလဲမှု မရှိပဲ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ပေါ်ဦးပေါ်ဖျားဖြစ်သည့်အတွက် အရောင်းအဝယ်သွက်ပြီး ဈေး ကောင်းလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မကွေး)

မကွေးမြို့ပေါ်ရှိဈေးများ၌ ခရမ်းချဉ်သီးဈေးနှုန်းတည်ငြိမ်လျက်ရှိ

  မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့ပေါ်ရှိဈေးများသို့ ရှမ်းပြည်နယ်၊ အောင်ပန်းနှင့် မကွေးမြို့နယ်အတွင်းရှိကျေးရွာများမှ ထွက်ရှိသော ခရမ်းချဉ်သီးများ ဝင်ရောက်အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရသည်။

    ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ(စတုတ္ထပတ်)တွင် ခရမ်းချဉ်သီး(ရှမ်း)(၁)ပိဿာလျှင် ကျပ် (၃၀၀၀)၊ ခရမ်းချဉ်သီး(ကိုင်း)(၁)ပိဿာလျှင် ကျပ်(၂၀၀၀)ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိရာ ယခင်အပတ်နှင့် နှိုင်းယှဉ်ပါက ဈေးနှုန်းတည်ငြိမ်လျက်ရှိကြောင်း၊ ယခုအချိန်တွင် ဒေသတွင်း ခရမ်းချဉ်သီးများလှိုင်လှိုင်ထွက်ရှိလာသောကြောင့် ခရမ်းချဉ်သီးဈေးမှာတည်ငြိမ်နေကြောင်း သိရှိရပါ သည်။

DOCA(မကွေး)

မကွေးမြို့၊ ကန်သာဈေး၌ ဂေါ်ဖီထုပ်ဈေးနှုန်းမြင့်တက်

  မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့၊ ကန်သာဈေး၌ ခရမ်းချဉ်သီး၊ ပန်းဂေါ်ဖီ၊ ဂေါ်ဖီထုပ်၊ မုန်ညှင်း၊ အိုးမုန်ညှင်းနှင့် အသီးအရွက်များကို မကွေးမြို့ပတ်ဝန်းကျင်ကျေးရွာများနှင့် ရှမ်း ပြည်နယ်၊ အောင်ပန်းမြို့တို့မှ အဓိကမှာယူ ရောင်းချကြောင်း သိရသည်။

      ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ(စတုတ္ထပတ်)တွင် ဂေါ်ဖီထုပ်(၁)ထုပ်လျှင် ကျပ်(၃၀၀၀)ဖြင့် ရောင်းချလျက်ရှိရာ (တတိယပတ်)တွင် ဂေါ်ဖီထုပ်(၁)ထုပ်လျှင် ကျပ်(၂၀၀၀)ဖြစ်၍ ဈေးနှုန်းနှိုင်းယှဉ် ပါက ကျပ်(၁၀၀၀)ဈေးနှုန်းမြင့်တက်လာကြောင်း၊ ယခုအချိန်တွင် ဒေသတွင်းထွက်ရှိမှုမရှိသေး၍ အောင်ပန်းမြို့မှ အဓိကမှာယူရသဖြင့် လမ်းပန်းဆက်သွယ်ရေးအခက်အခဲကြောင်း ဈေးနှုန်းမြင့်တက် လာကြောင်း သိရသည်။

DOCA(မကွေး)

မကွေးဈေးကွက်၏ နှမ်းဈေးနှုန်းအခြေအနေ

  မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ်၊ မကွေးကုန်စည်ဒိုင်သို့ မြို့နယ်အတွင်းရှိ မိကျောင်းရဲ၊ လျောင်းတော်ဦး၊ ကံသစ်၊ ရွာဟောင်းကန်၊ သစ်ရာကောက်စသည့် ကျေးရွာ(၁၄၀)ကျော် နှင့် မြို့သစ်၊ နတ်မောက်မြို့တို့မှ ထွက်ရှိသော နှမ်းမျိုးစုံနှင့် မြေပဲ၊ ပဲမျိုးစုံဝင်ရောက်ရောင်းဝယ် ဖောက်ကားလျက်ရှိပါသည်။

     ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ(စတုတ္ထပတ်)တွင် နှမ်းနီ(၁)တင်းလျှင် ကျပ်(၁၀၇၀၀၀)၊ နှမ်းဖြူ (၁)တင်းလျှင် ကျပ်(၁၀၀၀၀၀)၊ နှမ်းနက်(စမုံ)(၁)တင်းလျှင် ကျပ်(၂၄၈၀၀၀)၊ နှမ်းညိုကြား (၁)တင်းလျှင် ကျပ်(၉၂၀၀၀)ဖြစ်၍ (တတိယပတ်)နှင့် နှိုင်းယှဉ်ပါက ယခုတစ်ပတ်တွင် နှမ်းဖြူကျပ် (၂၀၀၀)၊ နှမ်းနက်(စမုံ) ကျပ်(၂၀၀၀)ဈေးနှုန်းကျဆင်းခဲ့ကြောင်း၊ တစ်ပတ်အတွင်း မကွေးမြို့မှ မန္တလေးမြို့သို့ အိတ်ရေ(၄၅၀၀)တင်ပို့ခဲ့ပြီး တန်ချိန်အားဖြင့် (၂၁၀)တန်ခန့်အရောင်းအဝယ် ဖြစ်ခဲ့ ကြောင်း သိရသည်။

DOCA(မကွေး)

မကွေးဈေးကွက်၏ ပဲမျိုးစုံဈေးနှုန်းအခြေအနေ

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ်၊ မကွေးကုန်စည်ဒိုင်သို့ မြို့နယ်အတွင်းရှိ ကျေးရွာများသာမက မင်းဘူး၊ မြို့သစ်၊ နတ်မောက်မြို့တို့မှ ထွက်ရှိသော ပဲတီစိမ်း၊ ပဲနောက်၊ ကုလား ပဲ၊ ပဲကြီး၊ စားတော်ပဲ၊ မတ်ပဲနှင့် အခြားပဲမျိုးစုံများ ဝင်ရောက်ရောင်းဝယ်ဖောက်ကားလျက်ရှိပါသည်။

          ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ(စတုတ္ထပတ်)တွင် ကုလားပဲ(929)(၁)တင်းလျှင် ကျပ်(၈၁၂၀၀)၊ ပဲလွန်းဝါ(၁)တင်းလျှင် ကျပ်(၇၀၀၀၀)၊ ပဲတီစိမ်း(၁)တင်းလျှင် ကျပ်(၁၁၇၀၀၀)၊ ပဲနောက်(၁)တင်း လျှင် ကျပ်(၁၁၅၀၀၀)၊ မြေပဲလုံးဆံနီ(၁)ပိဿာလျှင် ကျပ်(၈၀၀၀)၊ မြေပဲလုံးဆံဖြူ (၁)ပိဿာလျှင် ကျပ်(၇၈၀၀)၊ မြေပဲအောက်ကျဆီဆံ (၁)ပိဿာလျှင် ကျပ်(၆၅၀၀) ဈေးဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိပြီး ယခင်အပတ်နှင့် နှိုင်းယှဉ်ပါက ယခုအပတ်တွင် ပဲတီစိမ်း ကျပ်(၉၀၀၀)၊ ပဲနောက် ကျပ်(၁၅၀၀၀)၊ မြေပဲလုံးဆံဖြူ ကျပ်(၁၀၀)၊ မြေပဲအောက်ကျဆီဆံ ကျပ်(၄၀၀)ဈေးမြင့်တက်ခဲ့ပြီး ကုလားပဲ(929) ကျပ်(၃၃၀၀)ဈေးကျခဲ့ကြောင်း သိရသည်။ တင်ပို့မှုအနေဖြင့် တစ်ပတ်အတွင်း မကွေးမြို့မှ မန္တလေးမြို့သို့ ပဲတီစိမ်း အိတ်ရေ(၅၀၀)၊ ပဲနောက် အိတ်ရေ(၅၀၀)၊ ရန်ကုန်မြို့သို့ ပဲတီစိမ်း အိတ်ရေ(၅၀၀)၊ ပဲနောက် အိတ်ရေ(၅၀၀)၊ ပြည်မြို့သို့ ပဲလွန်းဝါ အိတ်ရေ (၆၀၀)ခန့် တင်ပို့ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း