Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

မအူပင်တွင် ရောင်းချနေသော ငါးဖယ်ခြစ် ဈေးနှုန်း ကျဆင်း

       မအူပင်ခရိုင်၊ မအူပင်မြို့နယ် မင်္ဂလာဈေးတွင် ငါးဖယ်ခြစ်ဈေး အနည်းငယ်ကျဆင်းလာကြောင်း ဈေးကွက်အတွင်းမှ သိရသည်။  ၂၀၂၅ခုနှစ် အောက်တိုဘာလတွင် မြစ်၊ ချောင်း၊ အင်း များမှ ငါးဖယ်ထွက်ရှိမှု များပြား လာပြီး ငါးဖယ်ခြစ်ရောင်းချမှု ဈေးကျဆင်းလာကြောင်း သိရသည်။

     ရောင်းချမှုအနေဖြင့် ငါးဖယ်ခြစ် ၁ပိဿာလျှင် ၃၀၀၀၀ကျပ်၊ ၅၀ကျပ်သားလျှင် ၁၅၀၀၀ကျပ် ဖြင့် ရောင်းချလျက်ရှိသည်။ ယခင် စက်တင်ဘာလ အထိ ငါးဖယ်ခြစ် ၁ပိဿာ ၄၀၀၀၀ကျပ် ၅၀ကျပ်သားလျှင် ၂၀၀၀၀ကျပ် ဖြင့်အရောင်းအဝယ်ဖြစ်လျက်ရှိခဲ့သည်။ ငါးဖယ်ခြစ်ကို ရဲယိုရွက်ဖြင့် ချက်စားခြင်း၊ ခရမ်းချဉ်သီးဖြင့် ချက်စားခြင်း၊ ငါးဖယ်ဆီပြန်ချက်စားခြင်းများကို အိမ်ရှင်မများ ဝယ်ယူအားပေးမှုများပြားသည်။ ငါးဖယ်ခြစ်ကို ရန်ကုန်သို့ ပိဿာချိန် ၅၀-၇၀ နီးပါး တင်ပိုရကြောင်း ၊ ရန်ကုန်ထမင်းဆိုင်များက မှာယူကြောင်း ရန်ကုန်တင်ပို့ ဈေးအနေဖြင့် ၁ပိဿာလျှင် ၂၅၀၀၀-၂၇၀၀၀ကျပ်ဖြင့် တင်ပို့ကြောင်း ငါးဖယ်ခြစ်ရောင်းချသူထံမှ သိရသည်။

DOCA(ဧရာဝတီ)

ပန်းတနော် မြို့နယ်မှ ထွက်ရှိသော ဆန်နှင့် ဆန်ကွဲများ ရန်ကုန်တင်ပို့မှု အခြေအနေ

     ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် အနေဖြင့် မြို့နယ်များအပါအဝင် ၁၅တန်နှင့်အထက် ဆန်စက်အလုံးရေ (၁၈)လုံး ရှိပြီး စပါးကြိတ်ခွဲထွက်ရှိမှုမှ ဆန်များကို ရန်ကုန်တိုင်းဒေသကြီးသို့ အဓိကထား၍ တင်ပိုနေပြီး ရန်ကုန်မှတဆင့် အခြားဒေသများသို့ နေ့စဉ် ပုံမှန် (စီးထွက်) လျက်ရှိကြောင်း သိရသည်။

     ပန်းတနော်မြို့နယ် ၂၀၂၅ ခုနှစ် စက်တင်ဘာလ ၁လအတွင်း ဆန်တင်ပို့မှုအနေဖြင့် ၁၂၂၈၁ အိတ်၊ တန်အားဖြင့် ၆၁၄ တန်နှင့်  ဆန်ကွဲအနေဖြင့် ၅၅၀၀ အိတ်၊ တန်အားဖြင့် ၂၇၅ တန် တင်ပို့နိုင်ခဲ့ပြီး ယခင်လနှင့် တင်ပို့မှု အနေဖြင့် ဆန် ၁၆၁၅၈ အိတ် နှင့် တန်အားဖြင့်  ၈၀၈ တန်ကိုလည်းကောင်း၊ ဆန်ကွဲ ၆၅၆၅ အိတ်နှင့် တန်အားဖြင့် ၃၂၈ တန် တင်ပို့ခဲ့ကြောင်း ယခုလအနေဖြင့် ဆန်အိတ် ၃၈၇၇ အိတ် လျောနည်းတင်ပိုခဲ့ကြောင်းနှင့်  ဆန်ကွဲ ၁၀၆၅ အိတ် လျော့နည်းတင်ပို့ကြောင်း ပန်းတိုင်စစ်ဆေးရေးဂိတ်စာရင်းများအရ သိရသည်။

DOCA(ဧရာဝတီ)

  အောက်တိုဘာလတတိယပတ်ပဲပုတ်စျေးကွက်

           ပြည်တွင်းစားသုံးမှုများပြားခြင်းနှင့် ပြည်ပတင်ပို့သည့်ပဲပုတ်မှာ အရောင်းသွက်လျက်ရှိပြီး၊ မန္တလေးတိုင်းဒေသကြီးအတွင်း၂၀၂၄-၂၀၂၅ခုနှစ်တွင်ပဲပုတ်အပါအဝင်ပဲမျိုးစုံစိုက်ပျိုးမှု၁၀၁၉၄၇၇ ဧကဖြစ်ကြောင်း သိရပါသည်။ မန္တလေးပွဲစား၊ ကုန်သည်၊စက်ပိုင်များ မဟာကထိန်တော်အသင်း တွင် ၂၀၂၅ ခုနှစ်အောက်တိုဘာလတတိယပတ်အတွင်းပေါက်စျေးမှာ ၃တင်းဝင်တစ်အိတ်လျှင် ပဲပုတ် (ရှမ်း) ၂၆၅၀၀၀ကျပ်နှင့်၂၇၅၀၀၀ကျပ်၊ ပဲပုတ်(ဗမာ) ၂၆၅၀၀၀ကျပ်နှင့်၃၇၀၀၀၀ကျပ်၊ တစ်ပိဿာ ပေါက် စျေးမှာပဲပုတ်(ရှမ်း)၄၉၇၇ကျပ်နှင့်၅၁၆၄ကျပ်၊ပဲပုတ်(ဗမာ) ၆၈၅၄ကျပ်နှင့်၆၉၄၈ကျပ်တို့ဖြစ် ကြောင်း သိရှိရပါသည်။ ယခင်နှစ်ကာလတူ တစ်ပိဿာစျေးမှာ ပဲပုတ်(ရှမ်း)၆၃၈၅ကျပ်နှင့် ၇၃၂၄ ကျပ်၊ပဲပုတ်(ဗမာ) ၇၆၀၆ကျပ်နှင့်၇၇၀၀ကျပ်တို့ဖြစ်ကြောင်း သိရှိရပါသည်။ ယခုနှင့်ယခင်နှစ် ကာလ တူပေါက်စျေး နှိုင်းယှဉ်ပါကပဲပုတ်စျေးမှာ အနည်းငယ်ကျ ဆင်းသွားကြောင်းသိရှိရပါသည်။

DOCA (မန္တလေး)

အရောင်းသွက်သည့်ပဲယင်းကြီးစျေးကွက်

       ပဲယဉ်းသီးနှံမှာ ပြည်တွင်းစားသုံးမှုနှင့် ပြည်ပသို့တင်ပို့သည့်စျေးကွက်ဝင် ပဲအမျိုးအစား ဖြစ်ပြီး၊မန္တလေးတိုင်းဒေသကြီးအတွင်း၂၀၂၄-၂၀၂၅ခုနှစ် ပဲယင်းသီးနှံအပါအဝင်ပဲမျိုးစုံ စိုက်ပျိုးမှု မှာ (၁၀၁၉၄၇၇)ဧကဖြစ်ကြောင်းသိရပါသည်။မန္တလေးပွဲစား၊ ကုန်သည်၊ စက်ပိုင်များမဟာ ကထိန်တော် အသင်းတွင် ၂၀၂၅ခုနှစ် အောက်တိုဘာလတတိယပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသောပေါက်စျေးမှာ ၃တင်းဝင်တစ်အိတ်လျှင် ပဲယင်း(နီ)၂၂၅၀၀၀ကျပ်နှင့် ၂၂၈၀၀၀ကျပ်၊ ပဲယင်း(ကြီး) ၂၂၀၀၀၀ ကျပ်၊ တစ်ပိဿာစျေးမှာ ပဲယင်း(နီ)၃၇၅၀ကျပ်နှင့် ၃၈၀၀ကျပ်၊ ပဲယင်း(ကြီး) ၃၆၆၇ကျပ်တို့ဖြစ်ပြီး၊ ယခင် နှစ်ကာလတူတစ်ပိဿာစျေးမှာ ပဲယင်း (ကြီး)  ၃၂၅၀ကျပ်တို့ဖြစ်ပေါ်ခဲ့ကြောင်း သိရှိရပါသည်။ ယခု နှင့်ယခင်နှစ်ကာလတူ ပေါက်စျေးနှိုင်းယှဉ်ပါကတစ်ပိဿာလျှင် ပဲယင်း(ကြီး)စျေးမှာပိုမိုရရှိ ကြောင်း သိရှိရပါသည်။

DOCA (မန္တလေး)

ဖျာပုံခရိုင်၏ ဆေးနှင့်ဆေးပစ္စည်းများ၏ ဈေးနှုန်းအခြေအနေ

        ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်အတွင်းရှိ မြို့နယ်များတွင် ဆေးနှင့်ဆေးပစ္စည်းများ၏  ဈေးနှုန်းများ မြင့်တက်မှုနှင့် ပစ္စည်းပြတ်လတ်မှု မရှိစေရေးအတွက် မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများမှ ဆက်စပ်ဌာနများနှင့် ပူးပေါင်း၍  ကွင်းဆင်းစိစစ်ဆေးခဲ့ရာ ယခုလ အောက်တိုဘာ( တတိယပတ် )တွင် ဖြစ်ပေါ်နေသော ဆေးဈေးနှုန်း( ၁ )ကဒ်အခြေအနေမှာ Metformin( ၆၅၀ )ကျပ်၊ Livolin Forte          ( ၁၀၀၀၀ )ကျပ်၊ Biogesic( ၃၀၀၀ )ကျပ်၊ Dexanethasone( ၅၀၀ )ကျပ်၊ Betax( ၉၅၀၀ )ကျပ်၊ Amoxicillin( ၁၃၀၀ )ကျပ်၊ Becozinc( ၈၀၀၀ )ကျပ်၊ Decolgen( ၄၃၀၀ )ကျပ်၊ Gofen( ၆၂၀၀ )ကျပ်၊ Enervon-c(၈၅၀၀)ကျပ်၊ Hepalucky(၅၈၀၀)ကျပ်၊ Air-x(၂၄၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက် ရှိရာ အောက်တိုဘာလ( ဒုတိယ )ပတ်တွင်  Metformin( ၆၅၀ )ကျပ်၊ Livolin Forte  ( ၁၀၀၀၀ )ကျပ်၊ Biogesic( ၃၀၀၀ )ကျပ်၊ Dexanethasone( ၅၀၀ )ကျပ်၊ Betax( ၉၅၀၀ )ကျပ်၊ Amoxicillin( ၁၃၀၀ ) ကျပ်၊ Becozinc(၈၀၀၀)ကျပ်၊ Decolgen(၄၃၀၀)ကျပ်၊ Gofen(၆၂၀၀)ကျပ်၊ Enervon-c(၈၅၀၀) ကျပ်၊ Hepalucky( ၅၈၀၀ )ကျပ်၊ Air-x( ၂၂၀၀ )ကျပ်ဖြင့် ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်လျက် ရှိကြောင်း သိရသည်။  

          အောက်တိုဘာ တတိယပတ်နှင့် ဒုတိယပတ်ကို နှိုင်းယှဉ်လျင် ယခု(  တတိယ  )အပတ်တွင်  Air-x(၁)ကဒ်လျှင် (၂၀၀)ကျပ် ဈေးနှုန်းအနည်းငယ် မြင့်တက်နေကြောင်းနှင့် ကျန်ဆေးပစ္စည်းများမှာ ဈေးနှုန်းတည်ငြိမ်လျက်ရှိကြောင်း  သတင်းရရှိပါသည်။

(DOCA) ဧရာဝတီ

   မန္တလေးပဲကြီးစျေးပိုမိုရရှိ

            ပဲကြီးသီးနှံမှာ ပြည်တွင်း ၌စားသုံးမှုပမာဏများပြားပြီး၊ စျေးကွက်အတွင်း အရောင်းသွက် လျက်ရှိကြောင်း သိရပါသည်။  မန္တလေးတိုင်းဒေသကြီးအတွင်း  ၂၀၂၄-၂၀၂၅ခုနှစ်တွင်ပဲကြီး သီးနှံ အပါအဝင်  ပဲမျိုးစုံစိုက်ပျိုးမှု(၁၀၁၉၄၇၇)ဧကဖြစ်ကြောင်း သိရပါသည်။  မန္တလေးပွဲစား၊ကုန်သည်၊ စက်ပိုင်များမဟာကထိန်တော်အသင်းတွင် ၂၀၂၅ခုနှစ်အောက်တိုဘာလတတိယပတ်အတွင်းဖြစ်ပေါ် လျှက်ရှိသောစျေးမှာ၃တင်းဝင်တစ်အိတ်လျှင်ပဲကြီး(ကြီး)၄၄၀၀၀၀ကျပ်နှင့် ၄၅၀၀၀၀ကျပ်၊ ပဲကြီး (လတ်)၃၇၀၀၀၀ကျပ်နှင့်၄၂၀၀၀၀ကျပ်၊ပဲကြီး(သေး)၃၃၀၀၀၀ကျပ်နှင့်၃၅၀၀၀၀ကျပ်၊ တစ်ပိဿာ စျေးမှာပဲကြီး (ကြီး) ၇၉၆၄ကျပ်နှင့် ၈၁၄၅ ကျပ်၊ ပဲကြီး(လတ်)၆၆၉၇ကျပ်နှင့် ၇၆၀၂ကျပ်၊ ပဲကြီး (သေး)၅၇၉၃ကျပ်နှင့်၆၃၃၅ကျပ်ဖြစ်ပြီး၊ယခင်နှစ်ကာလတူတစ်ပိဿာစျေးမှာပဲကြီး(ကြီး)၅၀၆၈ကျပ်နှင့်၅၇၉၂ကျပ်၊ပဲကြီး(လတ်)၄၅၂၅ကျပ်နှင့်၄၈၈၇ကျပဲကြီး(သေး)၄၉၈၂ကျပ်နှင့် ၄၂၅၃ကျပ် တို့ဖြစ်ကြောင်းသိရပါသည်။ယခုနှစ်နှင့် ယခင်နှစ်ကာလတူပေါက်စျေးနှိုင်းယှဉ်ပါက ပဲကြီးစျေးမှာ ပိုမိုရရှိကြောင်း သိရပါသည်။

DOCA (မန္တလေး)

 

အောက်တိုဘာလတတိယပတ်ရှိကုလားပဲစျေး

            ကုလားပဲသီးနှံမှာ ပြည်တွင်း စားသုံးမှုများခြင်းနှင့် ပြည်ပတင်ပို့သည့် ပဲတစ်မျိုးဖြစ်ပြီး၊  မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၂၄-၂၀၂၅ ခုနှစ်တွင် ကုလားပဲစိုက်ပျိုးမှု (၂၃၇၇၄၇)ဧက ဖြစ် ကြောင်းသိရပါသည်။မန္တလေးပွဲစား၊ကုန်သည်စက်ပိုင်များမဟာကထိန်တော်အသင်းတွင် ၂၀၂၅ ခုနှစ် အောက်တိုဘာလတတိယပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသည့်အမျိုးအစားအလိုက် ပေါက်စျေးများမှာ၃တင်းဝင်တစ်အိတ်လျှင် ကုလားပဲ(V-2)၂၄၅၀၀၀ကျပ်နှင့် ၂၄၈၀၀၀ကျပ်၊ကုလားပဲ(V-7) ၂၂၈၀၀၀ကျပ်၊ကုလားပဲ(ထိုင်ဝမ်)၂၃၀၀၀၀ကျပ်၊ ကုလားပဲ (929) ၂၃၅၀၀၀ ကျပ်နှင့် ၂၃၈၀၀၀ကျပ်၊ တစ်ပိဿာပေါက်စျေးမှာ ကုလားပဲ(V-2) ၄၂၇၉ကျပ်နှင့် ၄၃၃၂ကျပ်၊ ကုလားပဲ(V-7) ၃၉၈၃ကျပ်၊ ကုလားပဲ(ထိုင်ဝမ်)၄၀၈၉ကျပ်၊ကုလားပဲ(929)၄၁၇၈ကျပ်နှင့် ၄၂၃၁ကျပ်တို့ဖြစ်ပြီး၊ယခင်နှစ် ကာလ တူ တစ်ပိဿာစျေးမှာ ကုလားပဲ(V-2) ၅၃၈၀ကျပ်၊ကုလားပဲ(V-7)၅၅၉၀ကျပ်နှင့်၅၆၇၇ ကျပ်၊ ကုလားပဲ (ထိုင်ဝမ်) ၄၉၇၈ ကျပ်နှင့် ၅၀၁၃ကျပ်၊ကုလားပဲ(929) ၅၁၅၆ ကျပ်စျေးတို့ဖြစ်ပါသည်။ ယခုနှစ်နှင့် ယခင်နှစ်ကာလတူ ပေါက်စျေးနှိုင်းယှဉ်ပါက ကုလားပဲစျေးမှာ အနည်းငယ်ကျဆင်းသွား ကြောင်း သိရှိရပါသည်။      

DOCA (မန္တလေး)

   မန္တလေးပဲထောပတ်စျေးနှုန်းစျေးကွက်

       ပြည်တွင်းစားသုံးမှုနှင့် ပြည်ပတင်ပို့သည့်ပဲထောပတ်မှာ မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၂၄-၂၀၂၅ ခုနှစ် ပဲထောပတ်သီးနှံ စိုက်ပျိုးမှု (၄၃၉၁၄)ဧက၊ ရိတ်သိမ်း(၂၃၈၁၈)ဧက၊ အထွက် နှုန်း(၆.၅၁)တင်းနှင့်အထွက် (၁၅၅၂၇၁)တင်းဖြစ် ကြောင်းသိရပါသည်။ မန္တလေးပွဲစား၊ ကုန်သည်၊ စက်ပိုင်များမဟာကထိန်တော်အသင်းတွင်၂၀၂၅ခုနှစ်အောက်တိုဘာလတတိယပတ်အတွင်းဖြစ်ပေါ် လျှက်ရှိသောပေါက်စျေးမှာ၃တင်းဝင်တစ်အိတ်လျှင်ပဲထောပတ်(ဂေါက်) ၂၉၅၀၀၀ကျပ်နှင့် ၃၀၀၀၀၀ ကျပ်၊ ပဲထောပတ် (ကြီး)၂၈၀၀၀၀ကျပ်နှင့် ၂၉၀၀၀၀ကျပ်၊ တစ်ပိဿာစျေးမှာ ပဲထောပတ်(ဂေါက်) ၅၂၄၄ ကျပ်နှင့် ၅၃၃၃ကျပ်၊ ပဲထောပတ် (ကြီး) ၄၉၇၈ကျပ်နှင့် ၅၁၅၆ကျပ်တို့ဖြစ်ကြောင်း သိရှိရ ပါသည်။ ယခင်နှစ်ကာလတူတစ်ပိဿာစျေးမှာ ပဲထောပတ်(ကြီး) ၇၄၆၇ ကျပ် စျေးဖြစ်ပေါ်ခဲ့ပြီး၊ ကာလတူပေါက်စျေးနှိုင်းယှဉ်ပါက ပဲထောပတ်စျေးမှာ လျော့နည်းသွားကြောင်း သိရပါသည်။

DOCA (မန္တလေး)

အောက်တိုဘာလတတိယပတ်ရှိပဲတီစိမ်းစျေးကွက် 

    ပြည်တွင်းစားသုံးမှုနှင့်ပြည်ပသို့တင်ပို့သည့်ပဲတီစိမ်းမှာအရောင်းသွက်သည့်ပဲအမျိုးအစားဖြစ်ပြီး၊ မန္တလေးတိုင်းဒေသကြီးအတွင်း၂၀၂၄-၂၀၂၅ ခုနှစ် ပဲတီစိမ်းစိုက်ပျိုးမှု (၂၇၀၉၅၈)ဧက၊ ရိတ်သိမ်း (၂၅၃၄၄၁)ဧက၊ အထွက်နှုန်း(၁၁.၆၄)တင်းနှင့် အထွက် (၂၉၄၉၀၁၇) တင်း ဖြစ်ကြောင်း သိရှိရပါ သည်။မန္တလေးပွဲစား၊ကုန်သည်၊စက်ပိုင်များမဟာကထိန်တော်အသင်းတွင်၂၀၂၅ခုနှစ် အောက်တိုဘာ လတတိယပတ်အတွင်းဖြစ်ပေါ်လျက်ရှိသောစျေးမှာ၃တင်းဝင်တစ်အိတ်လျှင်ပဲတီစိမ်း(ညာ)၃၂၅၀၀၀ ကျပ်နှင့် ၃၄၀၀၀၀ကျပ်၊ပဲတီစိမ်း(ပဲခွဲ) ၂၇၀၀၀၀ကျပ်၊တစ်ပိဿာစျေးမှာ ပဲတီစိမ်း (ညာ) ၅၇၇၈ကျပ် နှင့်၆၀၄၄ကျပ်၊ပဲတီစိမ်း(ပဲခွဲ)၄၈၀၀ကျပ်တို့ဖြစ်ကြောင်းသိရှိရပါသည်။ယခင်နှစ်ကာလတူတစ်ပိဿာ စျေးမှာ ပဲတီစိမ်း(ညာ) ၃၅၅၆ကျပ်နှင့် ၄၂၆၇ကျပ်၊ပဲတီစိမ်း (ပဲခွဲ) ၂၆၆၇ ကျပ်နှင့် ၃၃၇၈ကျပ်တို့ဖြစ် ပေါ်ခဲ့ပြီး၊ ကာလတူပေါက်စျေးနှိုင်းယှဉ်ပါက ပဲတီစိမ်းစျေးမှာ ပိုမိုရရှိကြောင်း သိရှိရပါသည်။

DOCA (မန္တလေး)

 အောက်တိုဘာလတတိယပတ်ရှိမတ်ပဲစျေး

          ပြည်တွင်းစားသုံးမှုများပြားခြင်းနှင့် ပြည်ပသို့တင်ပို့သည့်မတ်ပဲမှာ မန္တလေးတိုင်းဒေသကြီး အတွင်း ၂၀၂၄- ၂၀၂၅ခုနှစ်မတ်ပဲ သီးနှံ စိုက်ပျိုးမှု(၃၂၁၄၂)ဧက၊ ရိတ်သိမ်း(၁၀၄၉၅)ဧက၊ အထွက် နှုန်း(၁၂.၆၅)တင်းနှင့် အထွက်(၁၃၂၇၀၉)တင်းဖြစ်ကြောင်းသိရပါသည်။ မန္တလေးပွဲစား၊ ကုန်သည်၊ စက်ပိုင်များမဟာကထိန်တော်အသင်းတွင် ၂၀၂၅ ခုနှစ်အောက်တိုဘာလတတိယပတ်အတွင်း ဖြစ် ပေါ်လျှက်ရှိသောပေါက်စျေးမှာ ၃တင်းဝင်တစ်အိတ်လျှင် မတ်ပဲ(ကျောက်စရစ်)၂၅၅၀၀၀ ကျပ်နှင့် ၂၅၇၀၀၀ကျပ်၊မတ်ပဲ(ရေသွင်း)၂၂၀၀၀၀ ကျပ်နှင့် ၂၃၀၀၀၀ကျပ်၊မတ်ပဲ ၁၅၀၀၀၀ကျပ်နှင့် ၂၀၀၀၀၀ ကျပ်၊ တစ်ပိဿာစျေးမှာ မတ်ပဲ (ကျောက်စရစ်) ၄၂၅၀ ကျပ်နှင့် ၄၂၈၃ ကျပ်၊မတ်ပဲ(ရေသွင်း) ၃၆၆၇ ကျပ်နှင့် ၃၈၃၃ ကျပ်၊မတ်ပဲ၂၅၀၀ ကျပ်နှင့် ၃၃၃၃ကျပ် ဖြစ်ပြီး၊ ယခင်နှစ် ကာလတူ တစ်ပိဿာ စျေးမှာ မတ်ပဲ(သစ်)၅၃၃၃ကျပ်၊ မတ်ပဲ (ဟောင်း) ၅၈၃၃ကျပ်ဖြစ်ကြောင်း သိရှိရပါသည်။ ယခုနှစ်နှင့်ယခင်နှစ်ကာလတူစျေးနှိုင်းယှဉ်ပါကမတ်ပဲစျေးမှာအနည်းငယ်ကျဆင်းသွားကြောင်းသိရှိရပါသည်။

DOCA (မန္တလေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း