Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

   အရောင်းသွက်သည့်မန္တလေးစားတော်ပဲ

           စားတော်ပဲမှာ ပြည်တွင်းစားသုံးမှုများပြားသည့်ပဲဖြစ်ပြီး၊စျေးကွက်အတွင်း အရောင်းသွက် သည့်ပဲအမျိုးအစားဖြစ်ကြောင်း သိရပါသည်။မန္တလေးတိုင်းဒေသကြီးအတွင်းအမရပူရ၊  ပြင်ဦးလွင်၊  မိုးကုတ်၊ တကောင်း၊ စဉ့်ကူး၊ မတ္တရာနှင့်မြင်းခြံမြို့နယ်တို့တွင် စားတော်ပဲများစိုက်ပျိုး ပြီး၊  ၂၀၂၄-၂၀၂၅ ခုနှစ်အတွင်း စားတော်ပဲအပါအဝင် ပဲမျိုးစုံစိုက်ပျိုးမှု ၁၀၁၉၄၇၇ ဧကဖြစ်ကြောင်း သိ ရပါ သည်။ မန္တလေးပွဲစား၊ကုန်သည်စက်ပိုင်များမဟာကထိန်တော်အသင်းတွင်၂၀၂၅ခုနှစ် အောက်တိုဘာ လတတိယပတ်အတွင်းဖြစ်ပေါ်သည့်ပေါက်စျေးမှာ  ၃တင်းဝင်တစ်အိတ်လျှင် စားတော်ပဲ(ကနေဒါ) ၃၂၀၀၀၀ကျပ်နှင့် ၃၃၀၀၀၀ကျပ်၊စားတော်ပဲ(ကျွန်း) ၄၈၀၀၀၀ ကျပ်နှင့် ၅၁၀၀၀၀ ကျပ်၊ တစ်ပိဿာ လျှင်စားတော်ပဲ (ကနေဒါ) ၅၄၀၁ကျပ်နှင့် ၆၅၈၂ကျပ်၊စားတော်ပဲ(ကျွန်း)၈၁၀၁ကျပ်နှင့် ၈၆၀၈ ကျပ် တို့ဖြစ်ကြောင်းသိရှိရပါသည်။ ယခင်နှစ်ကာလတူတစ်ပိဿာပေါက်စျေးမှာ စားတော်ပဲ(ကနေဒါ) မှာ ၉၇၈၉ကျပ်နှင့် ၉၈၇၃ကျပ်၊စားတော်ပဲ (ကျွန်း) ၆၀၇၆ ကျပ်နှင့် ၆၂၃၉ကျပ်ဖြစ်တို့ဖြစ်ကြောင်း သိရှိရပါသည်။ ယခုနှစ်နှင့်ယခင်နှစ် ကာလတူစျေးနှိုင်းယှဉ်ပါက စားတော်ပဲ(ကနေဒါ)စျေးမှာကျဆင်းသွား ပြီး၊စားတော်ပဲ(ကျွန်း)စျေးမှာ ပိုမိုရရှိကြောင်း သိရှိရပါသည်။

DOCA (မန္တလေး)

အစေ့ထုတ်ပြောင်းစျေးအနည်းငယ်ကျဆင်း

            ပြောင်းသီးနှံမှာမွေးမြူရေး အစားစပ်လုပ်ငန်း တွင်သုံးစွဲမှု များပြားခြင်း၊ ပြည်ပတင်ပို့ ခြင်း တို့ကြောင့်အရောင်းသွက်လျက်ရှိကြောင်း သိရပါသည်။  မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၂၄ - ၂၀၂၅ ခုနှစ်တွင် အစေ့ ထုတ်ပြောင်းစိုက်ပျိုးမှု  ၃၆၆၂၂ ဧက၊  ရိတ်သိမ်းမှု ၁၃၃၃၁ ဧက၊ အထွက် နှုန်း ၄၉.၅၅တင်း၊အထွက်တင်းစုစုပေါင်း၆၆၀၅၉၁တင်းဖြစ်ကြောင်းသိရပါသည်။မန္တလေးပွဲစား၊ကုန်သည် စက်ပိုင်များမဟာကထိန်တော်အသင်းတွင် ၂၀၂၅ခုနှစ်အောက်တိုဘာလတတိယပတ်အတွင်းဖြစ်ပေါ် သည့်အစေ့ထုတ်ပြောင်းစျေးမှာပြောင်းဖူးစေ့(ရှမ်း)နှင့် ပြောင်းဖူးစေ့(စီပီ) ၇၁၀၀၀ကျပ်နှင့်၇၃၀၀၀ ကျပ်၊ တစ်ပိဿာစျေးအနေဖြင့် ပြောင်းဖူးစေ့(ရှမ်း)နှင့်(စီပီ) ၁၃၁၅ ကျပ် နှင့် ၁၃၅၂ ကျပ်စျေး တို့ဖြစ် ကြောင်း သိရှိရပါသည်။ ယခင်နှစ်ကာလတူ တစ်ပိဿာစျေးမှာပြောင်းဖူးစေ့ (ရှမ်း)နှင့်(စီပီ) ၁၃၇၀ ကျပ်၊ ပြောင်းဖူးစေ့(ဗမာ) ၁၃၁၅ကျပ်နှင့် ၁၃၃၃ကျပ်တို့ဖြစ်ကြောင်း သိရှိရပါသည်။ ယခုနှစ်စျေးနှင့် ယခင်နှစ် ကာလတူ စျေးနှိုင်းယှဉ်ပါက အစေ့ထုတ်ပြောင်းစျေးမှာ အနည်းငယ်ကျဆင်းသွားကြောင်း သိရှိရပါသည်။

DOCA (မန္တလေး)

အရောင်းသွက်လျက်ရှိသည့်ဆီကြိတ်ဖတ်

           မန္တလေးစျေးကွက်အတွင်း ဆီကြိတ်ဖတ်အမျိုးမျိုးအရောင်းသွက်လျက်ရှိပြီး၊ စျေးနှုန်းမြင့် တက်လျက်ရှိကြောင်း သိရှိရပါသည်။ဆီထွက်သီးနှံမြေပဲ၊နှမ်းနှင့် နေကြာသီးနှံများအား ပြည်တွင်း စားဆီကြိတ်ခွဲခြင်းတွင်အရေးပါသကဲ့သို့မြေပဲနှင့်နှမ်းမှာပြည်ပသို့တင်ပို့သည့်ကုန်စည်အမယ်များဖြစ် ပါသည်။ မြေပဲ၊နှမ်း၊နေကြာသီးနှံများအား စားဆီကြိတ်ခွဲပြီး ထွက်ရှိလာသည့်မြေပဲဖတ်၊ နှမ်းဖတ်နှင့် နေကြာဖတ်များကို တိရိစ္ဆာန်အစာအဖြစ်အသုံးပြုလျက်ရှိပြီး၊အရောင်းသွက်လျက်ရှိကြောင်းသိရှိရ ပါ သည်။မန္တလေးပွဲစား၊ကုန်သည်စက်ပိုင်များမဟာကထိန်တော်အသင်းတွင်၂၀၂၅ခုနှစ်အောက်တိုဘာလတတိယပတ်အတွင်းဖြစ်ပေါ်လျက်ရှိသည့် စားဆီတစ်ပိဿာပေါက်စျေးများမှာမြေပဲဆီ၁၃၀၀ဝိ/- နှင့် ၁၄၅၀ဝိ/-၊ နှမ်းဆီ ၁၂၅၀ဝိ/-စျေး၊နေကြာဆီ ၂၂၀၀၀ ကျပ်နှင့် ၂၂၅၀၀ ကျပ်တို့ဖြစ် ကြောင်း သိရှိရ ပါသည်။ ပဲဖတ်တစ်ပိဿာ ပေါက်စျေးများအနေဖြင့် မြေပဲဖတ် ၅၄၀ဝိ/- နှင့် ၅၄၅ဝိ/-၊နှမ်းဖတ် ၃၄၀ဝိ/-နှင့်၃၅၀ဝိ/-၊နေကြာဖတ် ၂၉၀ဝိ/-နှင့် ၃၀၀ဝိ/-၊မုန်ညင်းဖတ် ၂၉၀၀ကျပ်နှင့် ၃၀၀၀ကျပ် တို့ဖြင့် ရောင်းချလျှက်ရှိပြီး၊ကြိတ်ဖတ်စျေးမှာ ယခင်ပတ်ပေါက်စျေးထက် တစ်ပိဿာလျှင် ၁၀၀ ကျပ် စျေးပိုမိုမြင့်တက်လျှက်ရှိကြောင်း သိရပါသည်။

DOCA (မန္တလေး)

အရောင်းသွက်သည့်မြေပဲဆန်စျေးကွက်

                 မြေပဲမှာ စားသုံး ဆီကြိတ်ခွဲခြင်းလုပ်ငန်းများနှင့် စားသောက်ကုန်တို့တွင် အသုံးပြုခြင်း တို့ ကြောင့် ပြည်တွင်းစျေးကွက်နှင့်ပြည်ပသို့ တင်ပို့သည့်သီးနှံဖြစ်ပြီး အရောင်းသွက်လျှက်ရှိကြောင်း သိရပါသည်။ မန္တလေးတိုင်းဒေသကြီးအတွင်း ဆီထွက်သီးနှံမြေပဲအား မိုးနှင့် ဆောင်း ရာသီများတွင် စိုက်ပျိုးပြီး၊ ၂၀၂၄-၂၀၂၅ ခုနှစ်မြေပဲစိုက်ပျိုးမှု ၆၃၈၆၂၆ ဧက၊ရိတ်သိမ်းမှု ၆၃၇၄၄၇ ဧက၊ အထွက် နှုန်း ၄၆.၇၇ တင်း၊ အထွက်စုစုပေါင်း ၂၉၈၁၅၉၉၆ တင်းဖြစ်ကြောင်း သိရပါသည်။ မန္တလေးပွဲစား၊ ကုန်သည်၊စက်ပိုင်များ မဟာကထိန်တော်အသင်းတွင် ၂၀၂၅ ခုနှစ်အောက်တိုဘာလတတိယပတ် အတွင်း ဖြစ်ပေါ်လျက်ရှိသည့်ပေါက်စျေးများမှာ မြေပဲတစ်ပိဿာလျှင် S1 လုံးဆန် ၇၈၀၀ ကျပ်နှင့် ၈၅၀၀ကျပ်၊S1 ဆီဆန်  ၇၂၀၀ကျပ်နှင့် ၇၆၅၀ကျပ်၊ အနီလုံးဆန် ၇၆၀၀ ကျပ်နှင့် ၈၂၀၀ကျပ် တို့ဖြစ် ကြောင်းသိရပါသည်။ယခင်နှစ်ကာလတူ တစ်ပိဿာစျေးမှာS1 လုံးဆန် ၇၈၀၀ ကျပ်နှင့် ၈၂၀၀ ကျပ်၊ S1 ဆီဆန် ၆၅၀၀ကျပ်နှင့် ၇၂၀၀ ကျပ်၊S1 ရွေးဆန် ၇၅၀၀ကျပ်နှင့် ၇၆၀၀ကျပ်၊ အနီလုံးဆန် ၇၄၀၀ ကျပ်၊အနီဆီဆန် ၆၇၀၀ကျပ်နှင့်၆၈၀၀ကျပ် တို့ဖြစ်ကြောင်း သိရှိ ရပါသည်။ ယခင်နှစ်နှင့် ယခု နှစ်ကာလတူ မြေပဲဆန်ပေါက်စျေးနှိုင်းယှဉ်ပါက  စျေးပိုမိုရရှိကြောင်း သိရှိရပါသည်။

DOCA (မန္တလေး)

ဆီနေကြာဈေးအနည်းငယ်ကျဆင်း

              နေကြာသီးနှံမှာ ပြည်တွင်းစားဆီကြိတ်ခွဲခြင်းနှင့်ဆီစက်လုပ်များအတွက် အရေးပါသည့် စျေးကောင်းရသည့်အမယ်ဖြစ်ပြီး၊ ကျန်းမာရေးနှင့်ညီညွှတ်သည့် မပြည့်ဝဆီတစ်မျိုးဖြစ်ကြောင်း သိရပါသည်။ မန္တလေးတိုင်းဒေသကြီးတွင် နေကြာသီးနှံကို မိုးနေကြာ နှင့် ဆောင်းနေကြာ အဖြစ် စိုက်ပျိုးလျက်ရှိပြီး၊ ၂၀၂၄-၂၀၂၅ ခုနှစ်နေကြာစိုက်ပျိုးမှု ၁၈၆၁၉၅ ဧက၊ ရိတ်သိမ်းမှု ၁၈၄၂၂၇ ဧက၊ အထွက် ၂၄.၂၆တင်းနှုန်းနှင့် အထွက် ၄၄၆၉၃၅၁တင်း ဖြစ်ကြောင်းသိရပါသည်။ မန္တလေးပွဲစား၊ ကုန်သည်စက်ပိုင်များ မဟာကထိန်တော်အသင်းတွင်၂၀၂၅ ခုနှစ်အောက်တိုဘာလတတိယပတ်အတွင်းဖြစ်ပေါ်လျက်ရှိသည့်ဆီနေကြာသီးနှံပေါက်စျေးမှာ၃တင်းဝင်(၂၇ပိဿာပါ)တစ်အိတ်လျှင်၁၉၀၀၀၀ကျပ်နှင့် ၁၉၃၀၀၀ကျပ်၊တစ်ပိဿာလျှင် ၇၀၃၇ ကျပ်နှင့် ၇၁၄၇ကျပ်၊ နေကြာဖတ် တစ်ပိဿာလျှင် ၂၉၀ဝကျပ်နှင့်၃၀၀၀ကျပ်ဖြစ်ပြီး၊ယခင်နှစ်ကာလတူပေါက်စျေးမှာ ၃တင်းတစ်အိတ် လျှင် ၂၃၀၀၀၀ ကျပ်၊ တစ်ပိဿာလျှင် ၈၅၁၈ကျပ်နှင့်နေကြာဖတ်တစ်ပိဿာလျှင် ၃၀၀၀ကျပ် တို့ ဖြစ်ကြောင်းသိရပါသည်။ ယခုနှစ်နှင့်ယခင်နှစ်ကာလတူပေါက်စျေး နှိုင်းယှဉ်ပါက ဆီနေကြာစျေးမှာ အနည်းငယ်ကျဆင်းသွားပြီးနှင့် နေကြာကြိတ်ဖတ်စျေးမှာ ပြောင်းလဲမှုမရှိကြောင်း သိရှိရပါသည်။

DOCA (မန္တလေး)

                            

ညောင်ဦးမြို့နယ်၌ သွင်းအားစုဓာတ်မြေဩဇာများဖြန့်ဖြူး

  ညောင်ဦးမြို့နယ်ရှိ တောင်သူလယ်သမားများ၏ စိုက်ပျိုးရေးလုပ်ငန်းများတွင် လိုအပ်လျက် ရှိသော သွင်းအားစုများအား စိုက်ပျိုးရာသီအချိန်မီရရှိစေရေး၊ အရည်အသွေးပြည့်မီစွာဖြင့် ဈေးနှုန်း သက်သာစွာ ဝယ်ယူအသုံးပြုနိုင်ရေးတွက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်သမဝါယမဦးစီးဌာနတို့ဖြင့် မြို့နယ်အဆင့် ယူရီးယား ဓာတ်မြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေးလုပ်ငန်းကြီးကြပ်မှုကော်မတီကို ဖွဲ့စည်းပြီး ညောင်ဦးမြို့ နယ်အတွင်းရှိ ကန်တော်ကျေးရွာ၊ လက်ပန်ခြေပေါ်ကျေးရွာ၊ မြေနဲလေးကျေးရွားများရှိ တောင်သူ များအား ယူရီးယားဓာတ်မြေဩဇာအိတ်(၁၅၀)အိတ်အား (၉.၉.၂၀၂၅)ရက်နေ့တွင် ဖြန့်ဖြူးရောင်းချ ပေးခဲ့ကြောင်း သိရသည်။

DOCA(မန္တလေး)

အောက်တိုဘာလ ဒုတိယပတ် ကျောက်ပန်းတောင်းမြို့နယ်၏ စက်သုံးဆီရောင်းချမှု အခြေအနေ

    ကျောက်ပန်းတောင်းမြို့နယ်တွင် စက်သုံးဆီအရောင်းဆိုင်(၃၁)ဆိုင်မှ စက်သုံးဆီများကို နေ့စဉ် ပုံမှန်ဖွင့်လှစ် ရောင်းချလျက်ရှိရာ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလဒုတိယပတ် စက်သုံးဆီ တစ်လီတာ အရောင်း ဈေးနှုန်းများအနေဖြင့် 92 Octance(၂၈၇၀)ကျပ်၊ 95 Octance(၂၉၇၀)ကျပ်၊ ရိုးရိုးဒီဇယ် (၂၆၄၅)ကျပ်၊ ပရီမီယမ် ဒီဇယ်(၃၁၉၅)ကျပ်ဝန်းကျင်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရသည်။

   စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ ၁၀-၁၀-၂၀၂၅ရက် နေ့တွင် ထုတ်ပြန်ထားသည့် စက်သုံးဆီတစ်လီတာ၏ သတ်မှတ်ရည်ညွှန်းဈေးများမှာ 92 Octance (၂၈၄၀)ကျပ်၊ 95 Octance(၂၉၁၅)ကျပ်၊ ရိုးရိုးဒီဇယ်(၂၆၁၅)ကျပ်၊ ပရီမီယမ်ဒီဇယ် (၃၁၆၅)ကျပ် ဖြစ်ကြောင်းသိရှိရသည်။

DOCA(မန္တလေး)

ဘူးစိုက်ပျိုးထုတ်လုပ်မှုအကြောင်း သိကောင်းစရာများ

    ဘူးပင်သည် စိုက်ပျိုးရန်လွယ်ကူသော အပင်ဖြစ်၍ မျိုးကို သီးသန့်ရွေးချယ်ခြင်းမျိုးမရှိဘဲ အပင်တွင် အသီးသီးသည့်အပေါ် မိမိကြိုက်နှစ်သက်သော အသီးကို မျိုးအဖြစ်ထား၍ မျိုးစေ့ ရယူပါသည်။ ပျိုးထောင်စိုက်ပျိုးခြင်းနှင့် တိုက်ရိုက်မျိုးစေ့ချစိုက်ပျိုးခြင်းဟူ၍ စိုက်ပျိုးနည်း (၂) မျိုးရှိပါသည်။ ပျိုးထောင်စိုက်ပျိုးရာတွင် မြေဆွေးထည့်ထားသော ပလပ်စတစ်အိတ်တွင် ဘူးစေ့(၂) စေ့ခန့်ထည့်၍ စိုက်ပြီး (၁၀) ရက်ခန့်အကြာ ပျိုးပင်ပေါက်လာပါသည်။ အပင်အရွယ် (၃) ရွက် မှ (၄) ရွက်ထွက်လျှင် မိမိစိုက်ပျိုးလိုသည့် နေရာသို့ ရွေ့ပြောင်းစိုက်ပျိုးနိုင်ပါသည်။ ဘောင်ဖြင့် စိုက်ပျိုးရာတွင် မြေဆွေးများမြေဩဇာများ အချိုးညီမျှစွာပြုပြင်ထားသော မြေကို စိုက်ဘောင်အဖြစ် အလျား(၅) ပေ၊ အနံ(၃) ပေ၊ အမြင့် (၁) ပေခန့် ဘောင်ပြုလုပ်ပြီး (၃) လက်မခန့် အနက်ရှိ (၁) ခြားကျင်းငယ်များတူး၍ ဘူးစေ့ (၃) စေ့ မှ (၅) စေ့ခန့် အထိ စိုက်ရပါသည်။ ဘူးများပေါက်လာသည့်အပေါ် ၁ ကျင်းလျှင် အနည်းဆုံး (၂) ပင်ခန့်သာ ချန်ထားပြီး ကျန်အပင်များကို ဖယ်ရှားပစ်ရပါသည်။ ယခုအပတ်တွင် ဘူးသီးဈေးနှုန်းမှာ အလုံးကြီး (၁) လုံးလျှင် (၂၀၀၀) ကျပ်နှင့် အလုံးလတ် (၁) လုံးလျှင် (၁၅၀၀) ကျပ် ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

(DOCA) ဧရာဝတီ

 

ငရုတ်မျိုးသုတေသနအကြောင်း သိကောင်းစရာ

     ငရုတ်မျိုးစေ့များအား မြောင်းပေါ်တွင်လည်းကောင်း၊ အိတ်များထဲတွင် ထည့်၍လည်းကောင်း၊ ပျိုးထောင်၍ ပြုစုရပါသည်။ ပျိုးထောင်ပြီး (၂၇) ရက်ခန့် အကြာတွင် မြောင်းအကျယ် (၂လက်မခွဲ) ထားပြီး တစ်ပင်၊ နှစ်ပင် ခြား ၁ လက်မခွဲထားရှိပြီး ပြောင်းရွေ့စိုက်ပျိုးရပါသည်။ နှစ်စဉ်နိုဝင်ဘာလတွင် စတင်စိုက်ပျိုးပြီး နှစ်စ ဇန်နဝါရီလမှ မတ်လအထိ ခူးဆွတ်နိုင်ပါသည်။ ငရုတ် (၁) ဧကစိုက်ပျိုးလျှင် ပိဿာ (၂၀၀) မှ (၄၀၀) အထိ ထွက်ရှိပါသည်။ ငရုတ်ကို အစိမ်းမှုန့်၊ အလှော်မှုန့်များ ပြုလုပ်သုံးစွဲကြပါသည်။ ငရုတ်သီးအစိမ်း (၁) ပိသာလျှင် (၅၀၀၀) ကျပ် နှင့် ငရုတ်ခြောက် (၁) ပိဿာလျှင် (၁၁၀၀၀) ကျပ် ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

(DOCA) ဧရာဝတီ

 

ဖျံဥစိုက်ပျိုးထုတ်လုပ်မှုအကြောင်း သိကောင်းစရာများ

      ဖျံပင်မှ တူးဖော်ရရှိသည့် ဖျံဥ အရိုင်းများကို အင်းအိုင်ချောင်းမြောင်းများတွင်လည်းကောင်း၊ ရေကန်တွင်လည်းကောင်း၊ ရွံများ၊ အမွေးအမျှင်များ ကင်းစင်အောင်ရေဖြင့် စင်ကြယ်စွာ ဆေးကြော ရပါသည်။ ဖျံဥအရိုင်းများကို အဝယ်ဒိုင်၊ အလုပ်ရုံများကို အစိမ်းလိုက်ရောင်းချပါသည်။ ရေဆေးပြီးဥ များကို အာလူးအခွံခွာသကဲ့သို့ အခွံခွာရပါသည်။ အခွံခွာပြီး ဖျံဥအရိုင်းများကို  အသင့်ပြုလုပ်ထားသော ခုံပေါ်တွင် လုံးဝန်းသော ဥအဆင့်မှ ပါးလွှာသော အချပ်ကလေးများဖြစ်အောင် ပြုလုပ်ရပါသည်။ ရရှိလာသော ဖျံဥချပ်များကို မီးသွေးဖိုတွင် ကန့်(Sulpha) အနည်းငယ်ဖြူးလျက် အပူချိန် (၃၀° C) ဖြင့်  (၂၄) နာရီခန့်ကြာ အခြောက်ခံအပူပေးခြင်းဖြင့် ဖျံဥခြောက် ကုန်ချောအဆင့်သို့ ရရှိပါသည်။ ဖျံဥ အစို (၉) ပိဿာလျှင် အခြောက် (၁) ပိဿာခန့်ရရှိပြီး၊ ကျွမ်းကျင်လုပ်သားဖြင့် ပြုလုပ်ပါက အစို (၈) ပိဿာလျှင် အခြောက် (၁) ပိဿာခန့် ရရှိပါသည်။ ဖျံဥခြောက်ကို အမှုန့်ပြုလုပ်၍ နိုင်ငံအတွင်း အသားတုပြုလုပ်၍ စားသောက်ုကုန်ဟင်းလျာ အမျိုးမျိုး ချက်ပြုတ်စားသောက်ကြောင်း သိရပါသည်။

(DOCA) ဧရာဝတီ

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း