Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

မြင်းခြံမြို့၏ဈေးနှုန်းမြင့်တက်လာသောပဲလွမ်းပြာ

          မြင်းခြံမြို့နယ်အတွင်းရှိ ကုန်စည်ဒိုင်တွင် နေ့စဉ်ပဲမျိုးစုံအရောင်းအဝယ်ဖြစ်ပေါ်လျက်ရှိရာ ပဲလွမ်းပြာ  ပဲများကိုလည်း အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရှိရသည်။ ယခု၂၀၂၅ ခုနှစ်၊ အောက်တိုဘာလတတိယပတ်တွင် ပဲလွမ်းပြာ တစ်တင်းလျှင် (၆၆၅၀၀) ကျပ်ခန့် ပေါက်ဈေး များဖြင့်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊  ယခင်လစက်တင်ဘာလ တတိယပတ်တွင် ပဲလွမ်းပြာ တစ်တင်းလျှင် (၆၃၀၀၀) ကျပ်ခန့်ပေါက်ဈေးများဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ ကာလတူနှိုင်း ယှဉ်ပါက ယခင်လထက် ယခုလတွင် ပဲလွမ်းပြာတစ်တင်းလျှင် (၃၅၀၀)ကျပ် ခန့်ဈေးနှုန်းမြင့်တက်ခဲ့ ကြောင်း၊ ထိုသို့မြင့်တက်ခဲ့ခြင်းမှာ ဈေးကွက်တွင် ပဲလွမ်းပြာလက်ကျန် အိတ်များ နည်းလာပြီဖြစ်၍ ရောင်းလိုအားနည်းပြီး ဝယ်လိုအားများသောကြောင့် ဈေးနှုန်းမြင့်တက်လာခြင်းဖြစ်ကြောင်း၊ ပွဲရုံများ တွင် နေ့စဉ်အရောင်းအဝယ်ဖြစ်မှုအနေဖြင့်  (၁၀၀-၁၅၀) အိတ်ခန့် အရောင်းအဝယ်ဖြစ်လျက်ရှိ ကြောင်း၊ တင်ပို့မှုအနေဖြင့် ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နှင့် ရွှေပြည်သာမြို့ရှိပွဲရုံများသို့ တင်ပို့ရောင်းချကြောင်း ပွဲရုံလုပ်ငန်း လုပ်ကိုင်သူ၏ ပြောပြချက်အရသိရှိရသည်။

DOCA (မန္တလေး)

မန္တလေးသစ်အယ်သီးစျေးနှုန်းစျေးကွက်

    စျေးကွက်အတွင်းသို့ မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှ ထွက်သည့် သစ်အယ်သီးများ အောက်တိုဘာလဒုတိယပတ်အတွင်း ဝင်ရောက်မှုများပြားလျက်ရှိပြီး၊ အရောင်း သွက်လျက်ရှိကြောင်း သိရှိရပါသည်။ စျေးကွက်အတွင်း သစ်အယ်သီးအား အစိမ်းအတိုင်း ပြည်ချိန်(သို့မဟုတ်) ကီလိုဂရမ်ချိန်၍ ရောင်းချခြင်း၊ လှော်၍ အသင့်စားအစာအဖြစ် ရောင်းချခြင်းတို့တွေ့ ရှိရပါသည်။ မန္တလေးစျေးကွက်တွင် ၂၀၂၅ ခုနှစ်အောက်တိုဘာလဒုတိယပတ် အတွင်း သစ်အယ်သီးလက်လီစျေးနှုန်းများမှာ ၁ ပြည်လျှင် (လုံးကြီး) ၃၀၀၀၀ ကျပ်နှင့် ၄၀၀၀၀ ကျပ်၊ (လုံးလတ်) ၂၅၀၀၀ ကျပ်နှင့် ၂၈၀၀၀ကျပ်၊ (လုံးသေး) ၂၀၀၀၀ကျပ်နှင့် ၂၃၀၀၀ကျပ်စျေးဖြင့် ရောင်းချလျှက်ရှိကြောင်း သိရှိရပါသည်။ မန္တလေးမြို့၊ရှမ်းစျေးရှိစျေးသည်တစ်ဦး၏ပြောပြချက်အရ ယခင်နှစ် ပေါက်စျေးနှင့်နှိုင်းယှဉ် ပါက သစ်အယ်သီး ၁ ပြည်လျှင် ၅၀၀၀ ကျပ်နှင့် ၈၀၀၀ ကျပ်အထိ စျေးနှုန်း မြှင့်တက်သွားကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

မူဆယ်မြို့မှ မုန်လာဥနီဈေးနှုန်း

      ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၊ မြို့မဈေးတွင် အသား၊ ငါး၊ အသီးအရွက်များ၊ ဒေသထွက်သီးနှံများကိုရောင်းချလျက်ရှိရာ  မုန်လာဥနီများကိုလည်း ရောင်းချလျက်ရှိကြောင်း တွေ့ရှိရပါသည်။

      မုန်လာဥနီဈေးနှုန်းများမှာ တစ်ပိဿာလျှင် (၁၅၀၀) ကျပ် မှ (၂၀၀၀ -၂၅၀၀) ကျပ်အထိရှိပြီး အကြီးအသေးနှင့် အမျိုးအစားပေါ်မူတည်ပြီး ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။ ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် လတ်တလောဖြစ်ပေါ်နေသော နိုင်ငံရေးအခြေအနေများကြောင့် ကုန်စည်စီးဆင်းမှုများခက်ခဲလျက်ရှိနေပြီး၊ နယ်စပ်ဖြစ်သော တရုတ်ပြည်မှတစ်ဆင့် အဓိကထားပြီး တစ်နိုင်တစ်ပိုင်စားသုံးရန်ယူ၍ ရောင်းချနေရကြောင်း၊ အရောင်းအဝယ် များလည်းပါးနေကြောင်း ကုန်ရောင်းချသူများထံမှ သိရှိရပါသည်။

DOCA(ရှမ်း)

မူဆယ်မြို့ရှိ ကန်စွန်းရွက်နှင့်ချဉ်ပေါင်ရွက်ဈေးနှုန်း

    ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၊ မြို့မဈေးတွင် အသား၊ ငါး၊ အသီးအရွက်များ၊ ဒေသထွက်သီးနှံများကို ရောင်းချလျက်ရှိရာ  ကန်စွန်းရွက်နှင့်ချဉ်ပေါင်ရွက်များကို ရောင်းချလျက် ရှိကြောင်း တွေ့ရှိရပါသည်။

     ကန်စွန်းရွက်ဈေးနှုန်းမှာ  မျိုးစေ့စိုက်ကန်စွန်းရွက်တစ်စည်းလျှင် (၅၀၀) ကျပ်၊ ရေကန်စွန်း တစ်စည်းလျှင် (၅၀၀ မှ ၁၀၀၀) ကျပ်ထိ ရှိပြီး ချဉ်ပေါင်ရွက်ဈေးနှုန်းမှာ တစ်စည်းလျှင် (၅၀၀ မှ ၁၀၀၀) ကျပ်အထိ ရောင်းချကြောင်းသိရှိရသည်။ ကန်စွန်းရွက်နှင့် ချဉ်ပေါင်ရွက်များကိုမြို့ထဲရှိ ရေခြံ စိုက်ပျိုးရေးလုပ်ကိုင်သူများ နှင့် တစ်နိုင်တစ်ပိုင်လုပ်ကိုင်သူများမှ လာရောက်ရောင်းချကြကြောင်း လည်းသိရှိရသည်။

DOCA(ရှမ်း)

မြင်းခြံဆောင်းကြက်သွန်နီဈေးနှုန်းများကျဆင်းလာခြင်း

မြင်းခြံခရိုင်အတွင်းရှိ ကျေးရွာများဖြစ်သော တလုပ်ရွာ၊ တောပု၊ နနွင်းတော်ဘိုး၊ကံဆွယ်၊ ကံဆင့်၊လက်ဝဲနှင့် မြင်းနီကျေးရွာတို့သည် ဆောင်းကြက်သွန်နီများကို စီးပွားဖြစ်စိုက်ပျိုး ကြကြောင်း၊  ၎င်းကျေးရွာမှ ထွက်ရှိသော ဆောင်းကြက်သွန်နီများသည် အရည်အသွေးကောင်ပြီး၊ သိုလှောင်ခံ၍ ပထမတန်းစား ကြက်သွန်နီဖြစ်ပြီး ဈေးကွက်တွင် ဈေးကောင်းလည်းရရှိကြောင်း၊ ဆောင်းကြက်သွန်နီ များကို ဧပြီလမှ စက်တင်ဘာလ အထိသိုလှောင်ကြပြီး၊ သိုလှောင်ကာလ (၆)လ ကြာသိုလှောင်နိုင်၍ ဒီဇင်ဘာလတွင်ဆောင်းကြက်သွန်နီများ ရာသီချိန်ကုန်ဆုံးမည်ဖြစ်ကြောင်း သိရှိရသည်။

            မြင်းခြံမြို့ရှိ ပွဲရုံများတွင်  ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ ဒုတိယပတ်၌ ရောင်းချလျှက်ရှိသော ကြက်သွန်နီ ကြီးစတစ်ပိဿာလျှင်(၉၀၀-၁၀၀၀)ကျပ်၊ အလတ်စ တစ်ပိဿာလျှင် (၇၀၀-၈၀၀)ကျပ်ခန့် ၊အသေးစတစ်ပိဿာလျှင် (၅၀၀-၆၀၀)ကျပ် ပေါက်ဈေးများဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း၊ ယခင်လနှင့် နှိုင်းယှဉ်ပါကယခုလတွင်ဆောင်းကြက်သွန်နီ ဈေးနှုန်းများအနည်းငယ်ကျဆင်းခဲ့ကြောင်း၊ ရာသီချိန်ကုန်ဆုံးခါနီးပြီဖြစ်သောကြောင့် အရည်အသွေးကျဆင်းပြီး ဈေးနှုန်းများကျဆင်းခြင်း ဖြစ်ကြောင်းသိရှိရသည်။ စိုက်ပျိုးထွက်ရှိရာကျေးရွာများမှ မြို့ပေါ်ရှိပွဲရုံများသို့  နေ့စဉ်ကုန်ချိန် (၄၅၀၀၀)ပိဿာခန့် တောင်သူများကိုယ်တိုင်လာရောက် ရောင်းချကြောင်း၊ ထိုပွဲရုံများမှတဆင့် မန္တလေး၊ ရန်ကုန်၊ နေပြည်တော်၊ မော်လမြိုင်မြို့နှင့် တောင်ကြီးမြို့များသို့တင်ပို့ကြောင်း၊ ယခုအောက်တိုဘာလ၊ ဒုတိယပတ်တွင်ကုန်ချိန် (၁၁၀၂၃၀) ပိဿာခန့်၊ တန်ချိန် (၁၈၀)တန် တင်ပို့နိုင်ခဲ့ကြောင်း ကြက်သွန်အရောင်း အဝယ်လုပ်ကိုင်သူ ကုန်သည်တစ်ဦး၏ ပြောပြချက် အရသိရှိရသည်။

DOCA(မန္တလေး)

 

ကြွက်သားများကိုအားကောင်းစေသောသီဟိုဠ်စေ့

         သီဟိုဠ်ပင်သည် ဈေးကောင်းရရှိသော နှစ်ရှည်ပင်အမျိုးအစားဖြစ်ပြီး သီဟိုဠ်စေ့မှာ ဈေးကွက် ဝင်ပြီး ဝင်ငွေရရှိ၍ ဈေးကောင်းရရှိကြောင်း၊ ၎င်းအစေ့ကို ဒန်ပေါက်၊ ရေခဲမုန့်နှင့် အခြားမုန်များတွင် ထည့်သွင်း၍ တန်ဖိုးထားစားသုံးကြကြောင်း၊ တနင်္သာရီတိုင်း၊ ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်၊ ကရင် ပြည်နယ်၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်နှင့် ဧရာဝတီတိုင်းဒေသများတွင် စီးပွားဖြစ်စိုက်ပျိုးကြောင်း သိရှိရ သည်။ သီဟိုဠ်စေ့၌ပါဝင်သော အာဟာရဓာတ်သည် အရေးကြီးသော ဗီတာမင်နှင့်သတ္တုဓာတ်များ ပါဝင်ပြီး မဂ္ဂနီဆီစီယမ်ဓာတ်နှင့် ပရိုတင်းဓာတ်ကြွယ်ဝသောကြောင့် ကြွက်သားများအတွက်ခွန်အား ကောင်းကြောင်း၊ သံဓာတ်နှင့်အမိုင်နိုအက်ဆစ်ပါဝင်သောကြောင့် အဆုပ်အားကောင်းစေပြီး အသက် ရှူနိုင်စွမ်းကို အထောက်အကူပြုကြောင်း၊ ခန္ဓာကိုယ်အတွက် သွေးအားနည်းခြင်းကို ကာကွယ်ပေးသော  ကိုယ်ခံအားတိုးတက်စေပြီး သံဓာတ်ကြွယ်ဝကြောင်း၊ အကျိုးပြုသော အဆီဓာတ်များပါဝင်သောကြောင့် သွေးတွင်းအဆီဓာတ်ကိုထိန်းညှိပေး၍ နှလုံးကျန်းမာရေးကို ကောင်းစေကြောင်း၊ ဗီတာမင်‌အေ ကြွယ်ဝ သောကြောင့် မျက်လုံးအတွက် အားကောင်းစေကြောင်း၊ ဗီတာမင်စီ၊ သံဓာတ်၊ အင်တီအောက်ဆီဒင့် ဓာတ်များနှင့် အခြားဓာတ်များ ပါဝင်သောကြောင့် မျက်နှာပြင်အရေပြားနှင့် အသားရေတင်းရင်းပြီး ကြည်လင်တောက်ပြောင်၍ ကင်ဆာတားဆီးမှုကိုလည်း အထောက်အကူပြုကြောင်း၊ စားသုံးရာတွင် ပမာဏကိုထိန်းညှိပြီး စားသုံးသင့်ကြောင်း စာပေများမှဖတ်ရှု့သိရှိရသည်။ ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ တတိယပတ်၌ မြင်ခြံမြို့ရှိ ဈေးကွက်တွင် ရောင်းချနေသော သီဟိုဠ်စေ့လှော် (၁၀) ကျပ်သားလျှင် (၈၀၀၀) ကျပ်ခန့်ပေါက်ဈေးများဖြင့် ရောင်းချကြောင်းသိရှိရသည်။

DOCA (မန္တလေး)

 

ဈေးနှုန်းအနည်ငယ်မြင့်တက်လာသောမြင်းခြံမြို့၏မိုးဆီထွက်သီးနှံများအခြေအနေ

             မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်အတွင်းရှိ ကုန်စည်ဒိုင်တွင် ဖြစ်ပေါ်နေသော ဆီထွက်သီးနှံ‌ဈေးနှုန်းများအနေဖြင့် ယခု ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ တတိယပတ်၌ မြေပဲလုံးဆံတစ်ပိဿာလျှင် (၇၇၀၀) ကျပ်၊ မြေပဲဆီဆံတစ်ပိဿာလျှင် (၇၃၀၀) ကျပ်၊ အနီလုံးဆံ အသစ်တစ်ပိဿာလျှင် (၇၆၀၀)၊ နှမ်းဖြူတစ်ပိဿာလျှင် (၆၅၀၀)ကျပ်နှင့် နှမ်းညို တစ်ပိဿာလျှင် (၅၉၀၀) ကျပ်ခန့်ပေါက်ဈေးများဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခင်လဖြစ်သော စက်တင်ဘာလတတိယပတ်၌ မြေပဲလုံးဆံအသစ်တစ်ပိဿာလျှင် (၇၄၀၀) ကျပ်၊ မြေပဲဆီဆံ တစ်ပိဿာလျှင် (၆၉၀၀) ကျပ်၊ အနီလုံးဆံအသစ်တစ်ပိဿာလျှင် (၇၂၀၀)၊ နှမ်းဖြူတစ်ပိဿာလျှင် (၆၃၀၀)ကျပ်နှင့် နှမ်းညိုတစ်ပိဿာလျှင် (၅၇၀၀) ကျပ်ခန့် ပေါက်ဈေး များဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကြောင်း၊ ယခင်လထက်ယခုလတွင် မြေပဲလုံးဆံတစ်ပိဿာလျှင် (၃၀၀)ကျပ်၊ မြေပဲဆီဆံနှင့် အနီဆံတစ်ပိဿာလျှင် (၄၀၀)ကျပ်၊ နှမ်းဖြူနှင့်နှမ်းညိုတစ်ပိဿာလျှင် (၂၀၀)ကျပ်ခန့် ဈေးနှုန်း များအနည်းငယ် မြင့်တက်ခဲ့ကြောင်း၊ ဆီထွက်သီးနှံထွက်ပေါ်ချိန် ဖြစ်သောကြောင့် ပွဲရုံများတွင် ကုန်ဝင်ရောက်မှုနည်း၍  ဈေးနှုန်းအနည်းငယ် မြင့်တက်ခဲ့ကြောင်း၊ ဆီထွက်သီးနှံ အရောင်းအဝယ် ဖြစ်မှုအနေဖြင့်  နေ့စဉ်အိတ် (၁၅၀-၂၀၀)အိတ်ခန့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း၊ ‌ဒေသတွင်းစားသုံး၍ ပိုလျှံသောဆီထွက်သီးနှံများကို မန္တလေးမြို့နှင့် ရန်ကုန်တိုင်း ဒေသကြီး ရွှေပြည်သာမြို့သို့ တင်ပို့ကြောင်း ပွဲရုံလုပ်ငန်းလုပ်ကိုင်သူတစ်ဦး၏ ပြောပြချက်အရသိရှိရသည်။

DOCA (မန္တလေး)

 

မြင်းခြံဆောင်းကြက်သွန်နီဈေးနှုန်းများကျဆင်းလာခြင်း

           မြင်းခြံခရိုင်အတွင်းရှိ ကျေးရွာများဖြစ်သော တလုပ်ရွာ၊ တောပု၊ နနွင်းတော်ဘိုး၊ကံဆွယ်၊ ကံဆင့်၊လက်ဝဲနှင့် မြင်းနီကျေးရွာတို့သည် ဆောင်းကြက်သွန်နီများကို စီးပွားဖြစ်      စိုက်ပျိုးကြကြောင်း၊  ၎င်းကျေးရွာမှ ထွက်ရှိသော ဆောင်းကြက်သွန်နီများသည် အရည်အသွေးကောင်ပြီး၊ သိုလှောင်ခံ၍ ပထမတန်းစား ကြက်သွန်နီဖြစ်ပြီး ဈေးကွက်တွင် ဈေးကောင်းလည်းရရှိကြောင်း၊ ဆောင်းကြက်သွန်နီ များကို ဧပြီလမှ စက်တင်ဘာလ အထိသိုလှောင်ကြပြီး၊ သိုလှောင်ကာလ (၆)လ ကြာသိုလှောင်နိုင်၍ ဒီဇင်ဘာလတွင်ဆောင်းကြက်သွန်နီများ ရာသီချိန်ကုန်ဆုံးမည်ဖြစ်ကြောင်း သိရှိရသည်။

            မြင်းခြံမြို့ရှိ ပွဲရုံများတွင်  ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ တိယပတ်၌ ရောင်းချလျှက်ရှိသော ကြက်သွန်နီ ကြီးစတစ်ပိဿာလျှင်(၀၀-၁၀၀)ကျပ်၊ အလတ်စတစ်ပိဿာလျှင် (၀၀-၀၀)ကျပ်ခန့် ၊အသေးစတစ်ပိဿာလျှင် (၀၀-၀၀)ကျပ် ပေါက်ဈေးများဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း၊ ယခင်လနှင့် နှိုင်းယှဉ်ပါကယခုလတွင်ဆောင်းကြက်သွန်နီ ဈေးနှုန်းများအနည်းငယ်ကျဆင်းခဲ့ကြောင်း၊ ရာသီချိန်ကုန်ဆုံးခါနီးပြီဖြစ်သောကြောင့် အရည်အသွေးကျဆင်းပြီး ဈေးနှုန်းများကျဆင်းခြင်းဖြစ် ကြောင်းသိရှိရသည်။ စိုက်ပျိုးထွက်ရှိရာကျေးရွာများမှ မြို့ပေါ်ရှိပွဲရုံများသို့  နေ့စဉ်ကုန်ချိန် (၅၀၀၀၀-၇၀၀၀၀)ပိဿာခန့် တောင်သူများကိုယ်တိုင်လာရောက် ရောင်းချကြောင်း၊ ထိုပွဲရုံများမှတဆင့် မန္တလေး၊ ရန်ကုန်၊ နေပြည်တော်၊ မော်လမြိုင်မြို့နှင့် တောင်ကြီးမြို့များသို့တင်ပို့ကြောင်း၊ ယခုအောက်တိုဘာလ၊ တတိယပတ်တွင်ကုန်ချိန်ပေါင်း (၁၈၇၃၉၁) ပိဿာခန့်၊ တန်ချိန် (၃၀၆)တန် တင်ပို့နိုင်ခဲ့ကြောင်း ကြက်သွန်အရောင်း အဝယ်လုပ်ကိုင်သူ ကုန်သည်တစ်ဦး၏ ပြောပြချက် အရသိရှိရသည်။

DOCA (မန္တလေး)

 

 

ညောင်ဦးမြို့နယ်၏ မိုးဦးပဲစဉ်းငုံစိုက်ပျိုးထားရှိမှု

     မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်သည် လယ်ယာစိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများ ကိုလုပ်ကိုင်ကြပြီး သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ မိုးဦးပဲစဉ်းငုံကိုလည်း စီးပွားဖြစ်စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။ ယခင်နှစ်မိုးဦးပဲစဉ်ငုံစိုက်ျပျိုးမှုအနေဖြင့် (၈၉၅၅၇)ဧက လျာထားခဲ့ပြီး၊ စိုက်ပျိုးမှုအနေ ဖြင့်(၉၆၅၃၇)ဧက စိုက်ပျိုးနိုင်ခဲ့သဖြင့် လျာထားချက်ထက် (၆၉၈၀) ဧက ပိုမိုစိုက်ပျိုးနိုင်ခဲ့ကြောင်းနှင့် တစ်ဧကပျမ်းမျှအထွက်နှုန်းအနေဖြင့်(၁၁)နှုန်းခန့် ထွက်ရှိခဲ့ကြောင်း သက်ဆိုင်ရာဌာန စာရင်းများအရ သိရသည်။

      ၂၀၂၅-၂၀၂၆ ခုနှစ်၊ စိုက်ပျိုးရာသီတွင် မိုးဦးပဲစဉ်းငုံစိုက်ပျိုးမှုအနေဖြင့် (၁၁၈၆၈)ဧက လျာထား ပြီး (၁၀၃၃၀)ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။ ဈေးနှုန်းအနေဖြင့် ယခင်နှစ်ပဲစဉ်းငုံတစ်တင်း လျှင်(၉၀၀၀၀)ကျပ်၊ ယခုနှစ် ပဲစဉ်းငုံတစ်တင်းလျှင်(၇၈၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့၍ ယခင် နှစ်နှင့် ကာလတူနှိုင်းယှဉ်လျှင် စိုက်ပျိုးမှုအနေဖြင့်လည်း လျော့နည်းသွားကြောင်း သိရသည်။

DOCA (မန္တလေး)

 

မှော်ဘီမြို့နယ်သို့ မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ ရောင်းချမည့်စားအုန်းဆီများရောက်ရှိ

            စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်ခွဲရုံး ဒေါ်ဖြူဖြူမြင့်၊ ဒုကြီးကြပ်ရေးမှူးသည် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၈ ရက် နေ့လည် (၁၁:၃၀) အချိန်တွင် ဇမ္ဗူကံထွန်းကုမ္ပဏီမှ ခွဲတမ်းရစားသုံးဆီရောက်ရှိမှုအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မှော်ဘီမြို့နယ် ဆီကိုယ်စားလှယ်က ခွဲတမ်း ရရှိလာသော စားအုန်းဆီများကို ရည်ညွှန်းဈေး၊ သယ်ယူပို့ဆောင်ခကုန်ကျစရိတ်နှင့် ၂% အမြတ်တို့ဖြင့် လက်လီ/ လက်ကားဆိုင်များသို့ ခွဲဝေရောင်းချပေးသွားမည်ဖြစ်ကြောင်း၊ ၎င်းတို့မှတစ်ဆင့် ပြည်သူများသို့ ပြန်လည်ရောင်းချမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

                                                                                                        

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း