Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

တောင်ကြီးမြို့ အမှတ်(၅)ဈေးရှိ ဘုရားပန်းဈေးကွက်

      တောင်ကြီးမြို့၊ အမှတ် (၅) ဈေးတွင် ဘုရားပန်းအမျိုးမျိုးဖြစ်သော ရွှေပန်း၊ ငွေပန်း၊ ဆောင်းစံပါယ်ပန်း၊ ဂန္ဓာမာပန်း၊ မေမြို့ပန်း၊ နှင်းဆီပန်း၊ ဇွန်ပန်း၊ သပြေပန်း(အောင်သပြေ)အငုတ်၊ ပန်းတိမ်ငိုပန်း၊ အောင်သပြေ အခက်များနှင့် အာစီယံသပြေတို့ကို မိမိတို့ဒေသထွက်မှ မှာယူရောင်းချ ကြောင်း သိရှိရပါသည်။

     ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ (တတိယပတ်) တွင် တောင်ကြီးမြို့နယ်အတွင်း ဖြစ်ပေါ်နေ သော ရွှေပန်း၊ ငွေပန်း ဈေးနှုန်းအနေဖြင့် (၃) ပွင့်ပါတစ်ကုံးလျှင် (၁၅၀) ကျပ်၊ (၁၀) ပွင့်ပါတစ်စီး လျှင် ၅၀၀ ကျပ်၊ စံပယ်တစ်ကုံးလျှင် (၁၅၀) ကျပ်၊ နှင်းဆီပန်း တစ်စီးလျှင် (၂၀၀၀ ကျပ်၊ ၁၅၀၀ ကျပ် ၊ ၁၀၀၀ ကျပ်) ၊ ဂန္ဓာမာပန်းတစ်စီးလျှင် (၂၅၀၀ ကျပ်၊ ၃၀၀၀ ကျပ်) ၊ မေမြို့ပန်း တစ်စီးလျှင် ၁၀၀၀ ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိကြောင်း ပန်းသည်များထံမှ သိရှိရပါသည်။

DOCA(ရှမ်း)

 

အောက်တိုဘာလကုလားပဲစျေး

    ကုလားပဲသီးနှံမှာ ပြည်တွင်း စားသုံးမှုများခြင်းနှင့် ပြည်ပတင်ပို့သည့် ပဲတစ်မျိုးဖြစ်ပြီး၊  မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၂၄-၂၀၂၅ ခုနှစ်တွင် ကုလားပဲစိုက်ပျိုးမှု (၂၃၇၇၄၇)ဧက ဖြစ် ကြောင်းသိရပါသည်။မန္တလေးပွဲစား၊ကုန်သည်စက်ပိုင်များမဟာကထိန်တော်အသင်းတွင် ၂၀၂၅ ခုနှစ် အောက်တိုဘာလဒုတိယပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသည့်အမျိုးအစားအလိုက် ပေါက်စျေးများမှာ ၃တင်းဝင်တစ်အိတ်လျှင် ကုလားပဲ(V-2) ၂၄၈၀၀၀ကျပ်နှင့် ၂၅၀၀၀၀ကျပ်၊ ကုလားပဲ(V-7) ၂၂၈၀၀၀ ကျပ်နှင့်၂၃၀၀၀၀ကျပ်၊ကုလားပဲ (ထိုင်ဝမ်)၂၃၀၀၀၀ကျပ်၊ ကုလားပဲ (929) ၂၃၅၀၀၀ ကျပ်နှင့် ၂၃၈၀၀၀ကျပ်၊ တစ်ပိဿာပေါက်စျေးမှာ ကုလားပဲ(V-2) ၄၃၃၂ကျပ်နှင့် ၄၃၆၇ကျပ်၊ ကုလားပဲ(V-7) ၃၉၈၃ကျပ်နှင့် ၄၀၁၇ကျပ်၊ ကုလားပဲ(ထိုင်ဝမ်)၄၀၈၉ကျပ်၊ ကုလားပဲ(929)၄၁၇၈ကျပ်နှင့် ၄၂၃၁ကျပ် တို့ဖြစ်ပြီး၊ ယခင်နှစ်ကာလတူတစ်ပိဿာစျေးမှာ ကုလားပဲ(V-2) ၅၃၂၈ကျပ်၊ကုလားပဲ(V-7)၅၅၉၀ ကျပ်၊ ကုလားပဲ (ထိုင်ဝမ်) ၄၉၇၈ ကျပ်၊ကုလားပဲ(929) ၅၁၂၀ ကျပ်စျေးတို့ဖြစ်ပါသည်။ ယခုနှစ် နှင့် ယခင်နှစ်ကာလတူ ပေါက်စျေးနှိုင်းယှဉ်ပါက ကုလားပဲစျေးမှာ အနည်းငယ်ကျဆင်းသွားကြောင်း သိရှိရပါသည်။ 

DOCA(မန္တလေး)

မန္တလေးပဲတီစိမ်းစျေးကွက်

   ပြည်တွင်းစားသုံးမှုနှင့်ပြည်ပသို့တင်ပို့သည့်ပဲတီစိမ်းမှာအရောင်းသွက်သည့် ပဲအမျိုးအစားဖြစ်ပြီး၊ မန္တလေး တိုင်းဒေသကြီးအတွင်း၂၀၂၄-၂၀၂၅ ခုနှစ် ပဲတီစိမ်းစိုက်ပျိုးမှု (၂၇၀၉၅၈)ဧက၊ ရိတ်သိမ်း(၂၅၃၄၄၁)ဧက၊ အထွက်နှုန်း(၁၁.၆၄)တင်းနှင့် အထွက် (၂၉၄၉၀၁၇) တင်း ဖြစ်ကြောင်း သိရပါသည်။ မန္တလေးပွဲစား၊ကုန်သည်၊စက်ပိုင်များမဟာကထိန်တော်အသင်းတွင် ၂၀၂၅ ခုနှစ် အောက်တိုဘာလဒုတိယပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသောစျေးမှာ၃တင်းဝင်တစ်အိတ်လျှင် ပဲတီစိမ်း (ညာ) ၃၃၀၀၀၀ ကျပ်နှင့် ၃၅၀၀၀၀ ကျပ်၊ တစ်ပိဿာစျေးမှာ ပဲတီစိမ်း (ညာ) ၅၈၆၇ ကျပ် နှင့် ၆၂၂၂ ကျပ် တို့ဖြစ်ကြောင်းသိရှိရပါသည်။ ယခင်နှစ် ကာလ တူတစ်ပိဿာစျေးမှာ ပဲတီစိမ်း (ပဲခွဲ) ၂၆၆၇ ကျပ် နှင့် ၃၃၇၈ကျပ်တို့ဖြစ်ပေါ်ခဲ့ပြီး၊ကာလတူစျေးနှိုင်းယှဉ်ပါက ပဲတီစိမ်းစျေးမှာ ပိုမိုရရှိကြောင်း သိရှိရပါသည်။

  DOCA(မန္တလေး)

အရောင်းသွက်သည့်မန္တလေးစားတော်ပဲ

  စားတော်ပဲမှာ ပြည်တွင်းစားသုံးမှုများပြားသည့်ပဲဖြစ်ပြီး၊စျေးကွက်အတွင်း အရောင်းသွက်သည့်ပဲအမျိုး အစားဖြစ်ကြောင်း သိရပါသည်။မန္တလေးတိုင်းဒေသကြီးအတွင်းအမရပူရ၊  ပြင်ဦးလွင်၊  မိုးကုတ်၊ တကောင်း၊ စဉ့်ကူး၊ မတ္တရာနှင့်မြင်းခြံမြို့နယ်တို့တွင် စားတော်ပဲများစိုက်ပျိုး ပြီး၊  ၂၀၂၄-၂၀၂၅ ခုနှစ်အတွင်း စားတော်ပဲအပါအဝင် ပဲမျိုးစုံစိုက်ပျိုးမှု  ၁၀၁၉၄၇၇ ဧကဖြစ်ကြောင်း သိ ရပါ သည်။မန္တလေးပွဲစား၊ကုန်သည်စက်ပိုင်များမဟာကထိန်တော်အသင်းတွင်၂၀၂၅ခုနှစ် အောက်တိုဘာ လဒုတိယပတ်အတွင်းဖြစ်ပေါ်သည့်ပေါက်စျေးမှာ  ၃တင်းဝင်တစ်အိတ်လျှင် စားတော်ပဲ(ကနေဒါ) ၃၁၅၀၀၀ကျပ်၊ စားတော်ပဲ(ကျွန်း) ၇၄၀၀၀၀ ကျပ်နှင့် ၇၅၀၀၀၀ ကျပ်၊ တစ်ပိဿာလျှင်စားတော်ပဲ (ကနေဒါ) ၅၃၁၆ကျပ်၊ စားတော်ပဲ(ကျွန်း)၁၂၄၈၉ကျပ်နှင့် ၁၂၆၅၈ ကျပ်တို့ဖြစ်ကြောင်းသိရှိရပါသည်။ ယခင်နှစ်ကာလတူတစ်ပိဿာပေါက်စျေးမှာ စားတော်ပဲ (ကနေဒါ)၉၉၅၈ ကျပ်၊စားတော်ပဲ (ကျွန်း) ၆၀၇၆ ကျပ်နှင့် ၆၂၄၅ ကျပ်ဖြစ်ပြီး၊ ယခုနှစ်နှင့်ယခင်နှစ် ကာလတူစျေးနှိုင်းယှဉ်ပါက စျေးပိုမို ရရှိ ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

မန္တလေးအစေ့ထုတ်ပြောင်းစျေးကွက်

   ပြောင်းသီးနှံမှာမွေးမြူရေး အစားစပ်လုပ်ငန်းတွင် သုံးစွဲမှုများပြားခြင်း၊ ပြည်ပတင်ပို့ခြင်းတို့ကြောင့်အရောင်းသွက်လျက်ရှိကြောင်း သိရပါသည်။  မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၂၄ - ၂၀၂၅ ခုနှစ်တွင် အစေ့ ထုတ်ပြောင်းစိုက်ပျိုးမှု  ၃၆၆၂၂  ဧက၊  ရိတ်သိမ်းမှု ၁၃၃၃၁ ဧက၊ အထွက် နှုန်း  ၄၉.၅၅  တင်း၊ အထွက်တင်းစုစုပေါင်း   ၆၆၀၅၉၁  တင်းဖြစ်ကြောင်းသိရပါသည်။  မန္တလေး ပွဲစား၊ ကုန်သည်စက်ပိုင်များမဟာကထိန်တော်အသင်းတွင် ၂၀၂၅ ခုနှစ် အောက်တိုဘာလဒုတိယ ပတ်အတွင်းဖြစ်ပေါ်သည့်အစေ့ထုတ်ပြောင်းစျေးမှာပြောင်းဖူးစေ့(ရှမ်း)နှင့်ပြောင်းဖူးစေ့(စီပီ) ၇၄၀၀၀ ကျပ်နှင့်၇၄၅၀၀ ကျပ်၊ပြောင်းဖူးစေ့(ဗမာ) ၇၁၀၀၀ကျပ်နှင့် ၇၂၀၀၀ကျပ်၊ တစ်ပိဿာစျေးအနေဖြင့် ပြောင်းဖူးစေ့(ရှမ်း)နှင့်(စီပီ) ၁၃၇၀ ကျပ် နှင့် ၁၃၈၀ ကျပ်၊ပြောင်းဖူးစေ့(ဗမာ)၁၃၁၅ ကျပ်နှင့် ၁၃၃၃ ကျပ်စျေးတို့ဖြစ်ကြောင်း သိရှိရပါသည်။ ယခင်နှစ်ကာလတူ တစ်ပိဿာစျေးမှာပြောင်းဖူးစေ့ (ရှမ်း) ၁၃၈၉ကျပ်နှင့်(စီပီ) ၁၃၇၀ ကျပ်၊ ပြောင်းဖူးစေ့(ဗမာ) ၁၃၃၃ ကျပ်နှင့် ၁၃၅၁ ကျပ်တို့ ဖြစ် ကြောင်း သိရှိရပါသည်။ ယခုနှစ်စျေးနှင့်ယခင်နှစ် ကာလတူ စျေးနှိုင်းယှဉ်ပါက အစေ့ထုတ်ပြောင်းစျေးမှာ အနည်းငယ်ကျဆင်းသွားကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

 

မန္တလေးစားဆီနှင့်ဆီကြိတ်ဖတ်စျေးနှုန်းစျေးကွက်

   မန္တလေးစျေးကွက်အတွင်း ဆီကြိတ်ဖတ်အမျိုးမျိုးအရောင်းသွက်လျက်ရှိပြီး၊ စျေးနှုန်းမြင့်တက်လျက်ရှိကြောင်း သိရှိရပါသည်။ဆီထွက်သီးနှံမြေပဲ၊နှမ်းနှင့် နေကြာသီးနှံများအား ပြည်တွင်း စားဆီကြိတ်ခွဲခြင်းတွင်အရေးပါသကဲ့သို့မြေပဲနှင့်နှမ်းမှာပြည်ပသို့တင်ပို့သည့်ကုန်စည်အမယ်များဖြစ် ပါသည်။ မြေပဲ၊နှမ်း၊နေကြာသီးနှံများအား စားဆီကြိတ်ခွဲပြီး ထွက်ရှိလာသည့်မြေပဲဖတ်၊ နှမ်းဖတ်နှင့် နေကြာဖတ်များကို တိရိစ္ဆာန်အစာအဖြစ်အသုံးပြုလျက်ရှိပြီး၊အရောင်းသွက်လျက်ရှိကြောင်းသိရှိရပါသည်။မန္တလေးပွဲစား၊ကုန်သည်စက်ပိုင်များမဟာကထိန်တော်အသင်းတွင် ၂၀၂၅ ခုနှစ် အောက်တိုဘာလဒုတိယပတ်အတွင်းဖြစ်ပေါ်လျက်ရှိသည့်စားဆီတစ်ပိဿာပေါက်စျေးများမှာမြေပဲဆီ ၁၃၀၀ဝိ/- နှင့်၁၄၅၀ဝိ/-၊ နှမ်းဆီ ၁၂၅၀ဝိ/-စျေး၊နေကြာဆီ ၂၂၀၀၀ ကျပ်နှင့် ၂၂၅၀၀ ကျပ်တို့ဖြစ် ကြောင်း သိရှိရ ပါသည်။ ပဲဖတ်တစ်ပိဿာ ပေါက်စျေးများအနေဖြင့် မြေပဲဖတ် ၅၃၀ဝိ/- နှင့် ၅၃၅ဝိ/-၊နှမ်းဖတ် ၃၃၀ဝိ/- နှင့် ၃၄၅ဝိ/-၊ နေကြာဖတ် ၂၈၀ဝိ/-နှင့် ၂၈၅ဝိ/-၊ မုန်ညင်းဖတ် ၂၉၀၀ ကျပ်နှင့် ၃၁၀၀ ကျပ် တို့ဖြင့် ရောင်းချ လျှက်ရှိကြောင်း သိရပါသည်။

DOCA(မန္တလေး)

မန္တလေးဆီနေကြာနှင့်ဆီကြိတ်ဖတ်စျေး

    နေကြာသီးနှံမှာ ပြည်တွင်းစားဆီကြိတ်ခွဲခြင်းနှင့်ဆီစက်လုပ်များအတွက် အရေးပါသည့် စျေးကောင်းရသည့်အမယ်ဖြစ်ပြီး၊ ကျန်းမာရေးနှင့်ညီညွှတ်သည့် မပြည့်ဝဆီတစ်မျိုးဖြစ်ကြောင်း သိရပါသည်။ မန္တလေး တိုင်းဒေသကြီးတွင် နေကြာသီးနှံ ကို မိုးနေကြာနှင့် ဆောင်းနေကြာအဖြစ် စိုက်ပျိုးလျက်ရှိပြီး၊ ၂၀၂၄-၂၀၂၅ ခုနှစ် နေကြာစိုက်ပျိုးမှု ၁၈၆၁၉၅ ဧက၊ ရိတ်သိမ်းမှု ၁၈၄၂၂၇ ဧက၊ အထွက် ၂၄.၂၆တင်းနှုန်းနှင့် အထွက် ၄၄၆၉၃၅၁တင်း ဖြစ်ကြောင်းသိရပါသည်။ မန္တလေးပွဲစား၊ ကုန်သည်စက်ပိုင်များ မဟာကထိန်တော်အသင်းတွင် ၂၀၂၅ ခုနှစ် အောက်တိုဘာလဒုတိယပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသည့်ဆီနေကြာသီးနှံပေါက်စျေးမှာ၃တင်းဝင်(၂၇ပိဿာပါ)တစ်အိတ်လျှင် ၁၉၀၀၀၀ ကျပ်နှင့် ၁၉၃၀၀၀ ကျပ်၊တစ်ပိဿာလျှင် ၇၀၃၇ ကျပ်နှင့် ၇၁၄၇ကျပ်၊ နေကြာဖတ် တစ်ပိဿာလျှင် ၂၈၀ဝ ကျပ် နှင့်၂၈၅၀ ကျပ်ဖြစ်ပြီး၊ ယခင်နှစ်ကာလတူပေါက်စျေးမှာ ၃တင်း တစ်အိတ်လျှင် ၂၃၀၀၀၀ ကျပ်၊ တစ်ပိဿာလျှင် ၈၅၁၈ကျပ်နှင့်နေကြာဖတ်တစ်ပိဿာလျှင် ၃၀၀၀ကျပ် တို့ ဖြစ်ကြောင်းသိရပါသည်။ ယခုနှစ်နှင့်ယခင်နှစ် ပေါက်စျေး နှိုင်းယှဉ်ပါက ဆီနေကြာစျေး နှင့် နေကြာ ကြိတ်ဖတ်စျေးမှာ အနည်းငယ်လျော့နည်းသွားကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

မူဆယ်မြို့ရှိ သစ်သီးဈေးနှုန်းအခြေအနေ

     အောက်တိုဘာလ၊ ဒုတိယအပတ်တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့ရှိ မြို့မဈေး တွင် ရောင်းချနေသော သစ်သီးဈေးနှုန်းများမှာ စပျစ်သီး(ရိုးရိုး) တစ်ပိဿာလျှင် (၁၆၀၀၀ မှ ၁၈၀၀၀) ကျပ်၊ လိမ္မော်သီးမှာ အကြီးအသေး ပေါ်မူတည်၍ (၁၀၀၀ မှ ၁၅၀၀) ကျပ်၊ ပန်းသီးမှာ အမျိုးအစား အကြီးအသေး ပေါ်မူတည်၍ (၁၀၀၀ မှ ၂၀၀၀ - ၃၀၀၀ - ၅၀၀၀) ကျပ်၊ မက်မွန်သီးမှာ အမျိုးအစား အကြီးအသေး ပေါ်မူတည်၍ တစ်လုံးလျှင် (၁၀၀၀ မှ ၁၅၀၀- ၃၅၀၀ - ၅၀၀၀) ကျပ်၊ မက်မန်းသီးမှာ တစ်ပိဿာလျှင် (၁၈၀၀၀ကျပ်မှ ၂၀၀၀၀) ကျပ်၊ ထောပတ်သီးမှာ တစ်ပိဿာလျှင် (၆၀၀၀ ကျပ်မှ ၈၀၀၀) ကျပ်အထိ အမျိုးမျိုး ရောင်းချကြကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)

မူဆယ်မြို့ရှိ ခရမ်းချဉ်သီးဈေးနှုန်းများ

      အောက်တိုဘာလ၊ ဒုတိယအပတ်တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့ရှိ မြို့မဈေးတွင် ရောင်းချနေသော ခရမ်းချဉ်သီးဈေးနှုန်းများမှာ (၁) ပိဿာလျှင် (၄၅၀၀) ကျပ် မှ (၅၀၀၀-၅၅၀၀) ကျပ်အထိ ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။ ခရမ်းချဉ်သီးကို အနီးရှိရွာများမှ လာရောက်ရောင်းချကြပြီး၊ တစ်ဖက်နယ်စပ်ဖြစ်သော တရုတ်မှလည်း တစ်နိုင်တစ်ပိုင်စားသုံးရန် အတွက် ယူ၍ရောင်းချကြကြောင်းလည်း သိရှိရသည်။

DOCA(ရှမ်း)

 

 

လားရှိုးမြို့ရှိ အာလူးနှင့် ကြက်သွန်ဈေးနှုန်းများ

      အောက်တိုဘာလ၊ ဒုတိယအပတ်တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ရှိ မြို့မဈေးတွင် ရောင်းချနေသော အာလူးဈေးနှုန်းမှာ တစ်ပိဿာလျှင် (၂၅၀၀) မှ (၃၀၀၀) ကျပ်၊ ကြက်သွန်နီ တစ်ပိဿာလျှင် (၃၀၀၀) မှ (၄၀၀၀) ကျပ်၊ ကြက်သွန်ဖြူ(ရှမ်း) တစ်ပိဿာလျှင်(၇၅၀၀) ကျပ်မှ (၁၀၀၀၀) ကျပ်၊ ကြက်သွန်ဖြူ(ကြူကုတ်) တစ်ပိဿာလျှင်(၁၀၀၀၀) ကျပ်မှ (၁၂၀၀၀) ကျပ် အထိရှိပြီး အမျိုးအစား ပေါ်မူတည်၍ ကွဲပြားကြောင်း သိရှိရသည်။

     ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် လတ်တလောဖြစ်ပေါ်နေသော နိုင်ငံရေးအခြေနေများကြောင့် ကုန်စည်စီးဆင်းမှုများခက်ခဲလျက်ရှိနေပြီး၊ အရောင်းအဝယ်များလည်းပါးနေကြောင်း ကုန်ရောင်းချသူများထံမှ သိရှိရပါသည်။

DOCA(ရှမ်း)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း