Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

မန္တလေးပဲတီစိမ်းစျေးကွက်

   ပြည်တွင်းစားသုံးမှုနှင့်ပြည်ပသို့တင်ပို့သည့်ပဲတီစိမ်းမှာအရောင်းသွက်သည့် ပဲအမျိုးအစားဖြစ်ပြီး၊ မန္တလေး တိုင်းဒေသကြီးအတွင်း၂၀၂၄-၂၀၂၅ ခုနှစ် ပဲတီစိမ်းစိုက်ပျိုးမှု (၂၇၀၉၅၈)ဧက၊ ရိတ်သိမ်း(၂၅၃၄၄၁)ဧက၊ အထွက်နှုန်း(၁၁.၆၄)တင်းနှင့် အထွက် (၂၉၄၉၀၁၇) တင်း ဖြစ်ကြောင်း သိရပါသည်။ မန္တလေးပွဲစား၊ကုန်သည်၊စက်ပိုင်များမဟာကထိန်တော်အသင်းတွင် ၂၀၂၅ ခုနှစ် အောက်တိုဘာလဒုတိယပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသောစျေးမှာ၃တင်းဝင်တစ်အိတ်လျှင် ပဲတီစိမ်း (ညာ) ၃၃၀၀၀၀ ကျပ်နှင့် ၃၅၀၀၀၀ ကျပ်၊ တစ်ပိဿာစျေးမှာ ပဲတီစိမ်း (ညာ) ၅၈၆၇ ကျပ် နှင့် ၆၂၂၂ ကျပ် တို့ဖြစ်ကြောင်းသိရှိရပါသည်။ ယခင်နှစ် ကာလ တူတစ်ပိဿာစျေးမှာ ပဲတီစိမ်း (ပဲခွဲ) ၂၆၆၇ ကျပ် နှင့် ၃၃၇၈ကျပ်တို့ဖြစ်ပေါ်ခဲ့ပြီး၊ကာလတူစျေးနှိုင်းယှဉ်ပါက ပဲတီစိမ်းစျေးမှာ ပိုမိုရရှိကြောင်း သိရှိရပါသည်။

  DOCA(မန္တလေး)

အရောင်းသွက်သည့်မန္တလေးစားတော်ပဲ

  စားတော်ပဲမှာ ပြည်တွင်းစားသုံးမှုများပြားသည့်ပဲဖြစ်ပြီး၊စျေးကွက်အတွင်း အရောင်းသွက်သည့်ပဲအမျိုး အစားဖြစ်ကြောင်း သိရပါသည်။မန္တလေးတိုင်းဒေသကြီးအတွင်းအမရပူရ၊  ပြင်ဦးလွင်၊  မိုးကုတ်၊ တကောင်း၊ စဉ့်ကူး၊ မတ္တရာနှင့်မြင်းခြံမြို့နယ်တို့တွင် စားတော်ပဲများစိုက်ပျိုး ပြီး၊  ၂၀၂၄-၂၀၂၅ ခုနှစ်အတွင်း စားတော်ပဲအပါအဝင် ပဲမျိုးစုံစိုက်ပျိုးမှု  ၁၀၁၉၄၇၇ ဧကဖြစ်ကြောင်း သိ ရပါ သည်။မန္တလေးပွဲစား၊ကုန်သည်စက်ပိုင်များမဟာကထိန်တော်အသင်းတွင်၂၀၂၅ခုနှစ် အောက်တိုဘာ လဒုတိယပတ်အတွင်းဖြစ်ပေါ်သည့်ပေါက်စျေးမှာ  ၃တင်းဝင်တစ်အိတ်လျှင် စားတော်ပဲ(ကနေဒါ) ၃၁၅၀၀၀ကျပ်၊ စားတော်ပဲ(ကျွန်း) ၇၄၀၀၀၀ ကျပ်နှင့် ၇၅၀၀၀၀ ကျပ်၊ တစ်ပိဿာလျှင်စားတော်ပဲ (ကနေဒါ) ၅၃၁၆ကျပ်၊ စားတော်ပဲ(ကျွန်း)၁၂၄၈၉ကျပ်နှင့် ၁၂၆၅၈ ကျပ်တို့ဖြစ်ကြောင်းသိရှိရပါသည်။ ယခင်နှစ်ကာလတူတစ်ပိဿာပေါက်စျေးမှာ စားတော်ပဲ (ကနေဒါ)၉၉၅၈ ကျပ်၊စားတော်ပဲ (ကျွန်း) ၆၀၇၆ ကျပ်နှင့် ၆၂၄၅ ကျပ်ဖြစ်ပြီး၊ ယခုနှစ်နှင့်ယခင်နှစ် ကာလတူစျေးနှိုင်းယှဉ်ပါက စျေးပိုမို ရရှိ ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

မန္တလေးအစေ့ထုတ်ပြောင်းစျေးကွက်

   ပြောင်းသီးနှံမှာမွေးမြူရေး အစားစပ်လုပ်ငန်းတွင် သုံးစွဲမှုများပြားခြင်း၊ ပြည်ပတင်ပို့ခြင်းတို့ကြောင့်အရောင်းသွက်လျက်ရှိကြောင်း သိရပါသည်။  မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၂၄ - ၂၀၂၅ ခုနှစ်တွင် အစေ့ ထုတ်ပြောင်းစိုက်ပျိုးမှု  ၃၆၆၂၂  ဧက၊  ရိတ်သိမ်းမှု ၁၃၃၃၁ ဧက၊ အထွက် နှုန်း  ၄၉.၅၅  တင်း၊ အထွက်တင်းစုစုပေါင်း   ၆၆၀၅၉၁  တင်းဖြစ်ကြောင်းသိရပါသည်။  မန္တလေး ပွဲစား၊ ကုန်သည်စက်ပိုင်များမဟာကထိန်တော်အသင်းတွင် ၂၀၂၅ ခုနှစ် အောက်တိုဘာလဒုတိယ ပတ်အတွင်းဖြစ်ပေါ်သည့်အစေ့ထုတ်ပြောင်းစျေးမှာပြောင်းဖူးစေ့(ရှမ်း)နှင့်ပြောင်းဖူးစေ့(စီပီ) ၇၄၀၀၀ ကျပ်နှင့်၇၄၅၀၀ ကျပ်၊ပြောင်းဖူးစေ့(ဗမာ) ၇၁၀၀၀ကျပ်နှင့် ၇၂၀၀၀ကျပ်၊ တစ်ပိဿာစျေးအနေဖြင့် ပြောင်းဖူးစေ့(ရှမ်း)နှင့်(စီပီ) ၁၃၇၀ ကျပ် နှင့် ၁၃၈၀ ကျပ်၊ပြောင်းဖူးစေ့(ဗမာ)၁၃၁၅ ကျပ်နှင့် ၁၃၃၃ ကျပ်စျေးတို့ဖြစ်ကြောင်း သိရှိရပါသည်။ ယခင်နှစ်ကာလတူ တစ်ပိဿာစျေးမှာပြောင်းဖူးစေ့ (ရှမ်း) ၁၃၈၉ကျပ်နှင့်(စီပီ) ၁၃၇၀ ကျပ်၊ ပြောင်းဖူးစေ့(ဗမာ) ၁၃၃၃ ကျပ်နှင့် ၁၃၅၁ ကျပ်တို့ ဖြစ် ကြောင်း သိရှိရပါသည်။ ယခုနှစ်စျေးနှင့်ယခင်နှစ် ကာလတူ စျေးနှိုင်းယှဉ်ပါက အစေ့ထုတ်ပြောင်းစျေးမှာ အနည်းငယ်ကျဆင်းသွားကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

 

မန္တလေးစားဆီနှင့်ဆီကြိတ်ဖတ်စျေးနှုန်းစျေးကွက်

   မန္တလေးစျေးကွက်အတွင်း ဆီကြိတ်ဖတ်အမျိုးမျိုးအရောင်းသွက်လျက်ရှိပြီး၊ စျေးနှုန်းမြင့်တက်လျက်ရှိကြောင်း သိရှိရပါသည်။ဆီထွက်သီးနှံမြေပဲ၊နှမ်းနှင့် နေကြာသီးနှံများအား ပြည်တွင်း စားဆီကြိတ်ခွဲခြင်းတွင်အရေးပါသကဲ့သို့မြေပဲနှင့်နှမ်းမှာပြည်ပသို့တင်ပို့သည့်ကုန်စည်အမယ်များဖြစ် ပါသည်။ မြေပဲ၊နှမ်း၊နေကြာသီးနှံများအား စားဆီကြိတ်ခွဲပြီး ထွက်ရှိလာသည့်မြေပဲဖတ်၊ နှမ်းဖတ်နှင့် နေကြာဖတ်များကို တိရိစ္ဆာန်အစာအဖြစ်အသုံးပြုလျက်ရှိပြီး၊အရောင်းသွက်လျက်ရှိကြောင်းသိရှိရပါသည်။မန္တလေးပွဲစား၊ကုန်သည်စက်ပိုင်များမဟာကထိန်တော်အသင်းတွင် ၂၀၂၅ ခုနှစ် အောက်တိုဘာလဒုတိယပတ်အတွင်းဖြစ်ပေါ်လျက်ရှိသည့်စားဆီတစ်ပိဿာပေါက်စျေးများမှာမြေပဲဆီ ၁၃၀၀ဝိ/- နှင့်၁၄၅၀ဝိ/-၊ နှမ်းဆီ ၁၂၅၀ဝိ/-စျေး၊နေကြာဆီ ၂၂၀၀၀ ကျပ်နှင့် ၂၂၅၀၀ ကျပ်တို့ဖြစ် ကြောင်း သိရှိရ ပါသည်။ ပဲဖတ်တစ်ပိဿာ ပေါက်စျေးများအနေဖြင့် မြေပဲဖတ် ၅၃၀ဝိ/- နှင့် ၅၃၅ဝိ/-၊နှမ်းဖတ် ၃၃၀ဝိ/- နှင့် ၃၄၅ဝိ/-၊ နေကြာဖတ် ၂၈၀ဝိ/-နှင့် ၂၈၅ဝိ/-၊ မုန်ညင်းဖတ် ၂၉၀၀ ကျပ်နှင့် ၃၁၀၀ ကျပ် တို့ဖြင့် ရောင်းချ လျှက်ရှိကြောင်း သိရပါသည်။

DOCA(မန္တလေး)

မန္တလေးဆီနေကြာနှင့်ဆီကြိတ်ဖတ်စျေး

    နေကြာသီးနှံမှာ ပြည်တွင်းစားဆီကြိတ်ခွဲခြင်းနှင့်ဆီစက်လုပ်များအတွက် အရေးပါသည့် စျေးကောင်းရသည့်အမယ်ဖြစ်ပြီး၊ ကျန်းမာရေးနှင့်ညီညွှတ်သည့် မပြည့်ဝဆီတစ်မျိုးဖြစ်ကြောင်း သိရပါသည်။ မန္တလေး တိုင်းဒေသကြီးတွင် နေကြာသီးနှံ ကို မိုးနေကြာနှင့် ဆောင်းနေကြာအဖြစ် စိုက်ပျိုးလျက်ရှိပြီး၊ ၂၀၂၄-၂၀၂၅ ခုနှစ် နေကြာစိုက်ပျိုးမှု ၁၈၆၁၉၅ ဧက၊ ရိတ်သိမ်းမှု ၁၈၄၂၂၇ ဧက၊ အထွက် ၂၄.၂၆တင်းနှုန်းနှင့် အထွက် ၄၄၆၉၃၅၁တင်း ဖြစ်ကြောင်းသိရပါသည်။ မန္တလေးပွဲစား၊ ကုန်သည်စက်ပိုင်များ မဟာကထိန်တော်အသင်းတွင် ၂၀၂၅ ခုနှစ် အောက်တိုဘာလဒုတိယပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသည့်ဆီနေကြာသီးနှံပေါက်စျေးမှာ၃တင်းဝင်(၂၇ပိဿာပါ)တစ်အိတ်လျှင် ၁၉၀၀၀၀ ကျပ်နှင့် ၁၉၃၀၀၀ ကျပ်၊တစ်ပိဿာလျှင် ၇၀၃၇ ကျပ်နှင့် ၇၁၄၇ကျပ်၊ နေကြာဖတ် တစ်ပိဿာလျှင် ၂၈၀ဝ ကျပ် နှင့်၂၈၅၀ ကျပ်ဖြစ်ပြီး၊ ယခင်နှစ်ကာလတူပေါက်စျေးမှာ ၃တင်း တစ်အိတ်လျှင် ၂၃၀၀၀၀ ကျပ်၊ တစ်ပိဿာလျှင် ၈၅၁၈ကျပ်နှင့်နေကြာဖတ်တစ်ပိဿာလျှင် ၃၀၀၀ကျပ် တို့ ဖြစ်ကြောင်းသိရပါသည်။ ယခုနှစ်နှင့်ယခင်နှစ် ပေါက်စျေး နှိုင်းယှဉ်ပါက ဆီနေကြာစျေး နှင့် နေကြာ ကြိတ်ဖတ်စျေးမှာ အနည်းငယ်လျော့နည်းသွားကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

မူဆယ်မြို့ရှိ သစ်သီးဈေးနှုန်းအခြေအနေ

     အောက်တိုဘာလ၊ ဒုတိယအပတ်တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့ရှိ မြို့မဈေး တွင် ရောင်းချနေသော သစ်သီးဈေးနှုန်းများမှာ စပျစ်သီး(ရိုးရိုး) တစ်ပိဿာလျှင် (၁၆၀၀၀ မှ ၁၈၀၀၀) ကျပ်၊ လိမ္မော်သီးမှာ အကြီးအသေး ပေါ်မူတည်၍ (၁၀၀၀ မှ ၁၅၀၀) ကျပ်၊ ပန်းသီးမှာ အမျိုးအစား အကြီးအသေး ပေါ်မူတည်၍ (၁၀၀၀ မှ ၂၀၀၀ - ၃၀၀၀ - ၅၀၀၀) ကျပ်၊ မက်မွန်သီးမှာ အမျိုးအစား အကြီးအသေး ပေါ်မူတည်၍ တစ်လုံးလျှင် (၁၀၀၀ မှ ၁၅၀၀- ၃၅၀၀ - ၅၀၀၀) ကျပ်၊ မက်မန်းသီးမှာ တစ်ပိဿာလျှင် (၁၈၀၀၀ကျပ်မှ ၂၀၀၀၀) ကျပ်၊ ထောပတ်သီးမှာ တစ်ပိဿာလျှင် (၆၀၀၀ ကျပ်မှ ၈၀၀၀) ကျပ်အထိ အမျိုးမျိုး ရောင်းချကြကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)

မူဆယ်မြို့ရှိ ခရမ်းချဉ်သီးဈေးနှုန်းများ

      အောက်တိုဘာလ၊ ဒုတိယအပတ်တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့ရှိ မြို့မဈေးတွင် ရောင်းချနေသော ခရမ်းချဉ်သီးဈေးနှုန်းများမှာ (၁) ပိဿာလျှင် (၄၅၀၀) ကျပ် မှ (၅၀၀၀-၅၅၀၀) ကျပ်အထိ ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။ ခရမ်းချဉ်သီးကို အနီးရှိရွာများမှ လာရောက်ရောင်းချကြပြီး၊ တစ်ဖက်နယ်စပ်ဖြစ်သော တရုတ်မှလည်း တစ်နိုင်တစ်ပိုင်စားသုံးရန် အတွက် ယူ၍ရောင်းချကြကြောင်းလည်း သိရှိရသည်။

DOCA(ရှမ်း)

 

 

လားရှိုးမြို့ရှိ အာလူးနှင့် ကြက်သွန်ဈေးနှုန်းများ

      အောက်တိုဘာလ၊ ဒုတိယအပတ်တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ရှိ မြို့မဈေးတွင် ရောင်းချနေသော အာလူးဈေးနှုန်းမှာ တစ်ပိဿာလျှင် (၂၅၀၀) မှ (၃၀၀၀) ကျပ်၊ ကြက်သွန်နီ တစ်ပိဿာလျှင် (၃၀၀၀) မှ (၄၀၀၀) ကျပ်၊ ကြက်သွန်ဖြူ(ရှမ်း) တစ်ပိဿာလျှင်(၇၅၀၀) ကျပ်မှ (၁၀၀၀၀) ကျပ်၊ ကြက်သွန်ဖြူ(ကြူကုတ်) တစ်ပိဿာလျှင်(၁၀၀၀၀) ကျပ်မှ (၁၂၀၀၀) ကျပ် အထိရှိပြီး အမျိုးအစား ပေါ်မူတည်၍ ကွဲပြားကြောင်း သိရှိရသည်။

     ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် လတ်တလောဖြစ်ပေါ်နေသော နိုင်ငံရေးအခြေနေများကြောင့် ကုန်စည်စီးဆင်းမှုများခက်ခဲလျက်ရှိနေပြီး၊ အရောင်းအဝယ်များလည်းပါးနေကြောင်း ကုန်ရောင်းချသူများထံမှ သိရှိရပါသည်။

DOCA(ရှမ်း)

 

လားရှိုးမြို့ပေါ်ရှိ ထောပတ်ပဲဈေးကွက်

      ထောပတ်ပဲပင်သည် နှစ်ရှည်ပင်အမျိုးအစားဖြစ်ပြီး အများအားဖြင့် တစ်ရာသီခံအပင်အဖြစ် စိုက်ကပျိုးကြသည်။  ထောပတ်ပဲပင်မှ အရွက်များနှင့် အသီးများကို နှစ်မျိုးလုံးစားသုံးနိုင်ပါသည်။

    ထောပတ်ပဲများကို မြန်မာနိုင်ငံ အနှံ့အပြားမှ မှာယူရောင်းချလျက်ရှိသော်လည်း အများအားဖြင့် ရှမ်းပြည်နယ်(တောင်ပိုင်း)မှ မှာယူရောင်းချကြပါသည်။ ထောပတ်ပဲသည် စိမ့်သော အရသာရှိသည်။ ယခုလရာသီသည် ထောပတ်ပဲ စတင်ပေါ်ထွက်သည့်လဖြစ်သောကြောင့် ဈေးကောင်းရရှိလျက် ရှိပါသည်။

      ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ရှိ ဘူတာဈေးတွင် ရောင်းချလျက်ရှိသော ထောပတ်ပဲ ဈေးနှုန်းမှာ နို့ဆီဘူးတစ်ဘူးလျှင် (၂၀၀၀) ကျပ် နို့ဆီဘူးတစ်ဘူးလျှင် (၅၀၀၀) ကျပ်နှုန်းဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)

မြင်းခြံမြို့နယ်၏ ၂၀၂၅/၂၀၂၆ခုနှစ်၊မိုးအစေ့ထုတ်ပြောင်း စိုက်ပျိုးထားရှိမှုနှင့်တစ်ဧကအကျိုးအမြတ်ရရှိမှု

          မြင်းခြံမြို့နယ်သည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကို လုပ်ကိုင်ကြပြီး မိုးရာသီ ကာလ၌ မိုးသီးနှံများကိုလည်း အဓိကအားထားစိုက်ပျိုးလျှက်ရှိရာ အစေ့ထုတ်ပြောင်း မိုးသီးနှံကိုလည်း စီးပွားဖြစ်စိုက်ပျိုးထားကြောင်းသိရသည်။   မိုးအ‌စေ့ထုတ်ပြောင်းကို  မေလ၊ ဇွန်လနှင့် ဇူလိုင်လ တို့တွင် စတင်စိုက်ပျိုးပြီး  အောက်တိုဘာလ၊ နိုဝင်ဘာလနှင့် ဒီဇင်ဘာလတို့တွင် ရိတ်သိမ်းထွက် ပေါ်မည် ဖြစ်ကြောင်းသိရှိရသည်။   

            ၂၀၂၅/၂၀၂၆ ခုနှစ်တွင် မြင်းခြံမြို့နယ်အနေဖြင့် မိုးအစေ့ထုတ်ပြောင်း စီမံကိန်းစနစ်ဖြင့် စိုက်ပျိုးရန် (၁၆၀၆)ဧက လျားထားချက်အပေါ်တွင် စိုက်ပျိုးပြီးဧကပေါင်း (၁၈၀၃) ဧက စိုက်ပျိုး ထားကြောင်း၊ လျာထားချက်အပေါ်ကျော်လွန်၍ (၁၉၇)ဧကပိုမိုစိုက်ပျိုးနိုင်ခဲ့ကြောင်း၊ စက်တင် ဘာလ တတိယပတ်မှစ၍ မြင်းခြံမြို့နယ်၌ မိုးအစေ့ထုတ်ပြောင်းသီးနှံ (၁၈၅)ဧကအား စတင် ရိတ်သိမ်း နေပြီဖြစ်ကြောင်း၊ ယခုအောက်တိုဘာလတွင်လည်း ကျန်ဧကများ ဆက်လက် ရိတ်သိမ်းနေကြောင်း မြို့နယ်ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန၏ စာရင်းများအရ သိရှိရသည်။ စိုက်ပျိုးသည့်စနစ်မှာ ဘောင်ဖြင့်အတန်းလိုက်အစေ့ချစနစ်ဖြင့် စိုက်ပျိုးကြောင်း တစ်ပင်ကို (၈-၉) လက်မခန့်ခွာ၍ စိုက်ပျိုး ကြကြောင်း၊ စိုက်ပျိုးသောမျိုးမှာ ရေဆင်း(၉)စိမ်းဝါမျိုးနှင့် ရေဆင်း(၁၁)အစိမ်းမျိုး ကိုစိုက်ပျိုးထား ကြောင်း၊ မြေပြုပြင်ရာတွင် ထယ်ရေးနက်နက်တွင်    ထွန်ရေးညက်ညက်ထွန်ပြီး စိုက်ပျိုးပါက   အထွက်နှုန်းကောင်းကြောင်း၊  စိုက်ပျိုးမှု တစ်ဧက ကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခ အပါအဝင်  စုစုပေါင်း  (၆-၇) သိန်းကျပ်ခန့် ကုန်ကျကြောင်း၊ ယခုနှစ်တွင် တစ်ဧကအထွက်နှုန်အနေ ဖြင့်  (၇၅)တင်းခန့်ထွက်ရှိကြောင်း၊ ထွက်ပေါ်ချိန်ရောင်းဈေးအနေဖြင့် အစေ့ထုတ်ပြောင်းတစ်တင်းလျှင် (၂၃၀၀၀/-) ကျပ် ပေါက်ဈေးများဖြင့်ရောင်းချကြောင်း၊ တစ်ဧကအကျိုးအမြတ်အနေဖြင့် (၉)သိန်း ကျပ်ဝန်းကျင်ခန့် အကျိုးအမြတ်ရရှိကြောင်း၊  ထွက်ပေါ်ချိန်တွင် တောင်သူများမှပွဲရုံများသို့ တိုက်ရိုက် တင်ပို့‌ရောင်းချကြောင်း၊ အစေ့ထုတ်ပြောင်းသည် အကျိုးအမြတ်ရရှိသောကြောင့် တောင်သူများ အနေဖြင့် စိုက်ပျိုးသင့်ကြောင်း ပတ္တာကျေးရွာမှ အစေ့ထုတ်ပြောင်းစိုက် တောင်သူတစ်ဦး၏ ပြောပြချက် အရသိရှိရသည်။ CP ပြောင်းများကို ဒေသတွင်းစားသုံးရန်နှင့် ပိုလျှံသည်များကို မန္တလေးမြို့နှင့် ရန်ကုန်မြို့ရှိ ဘုရင့်နောင်ပွဲရုံများသို့လည်း တင်ပို့ရောင်းချကြောင်း ပြောင်းကုန်သည် တစ်ဦး၏ ပြောပြ ချက်အရသိရသည်။

DOCA (မန္တလေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း