Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

အရောင်းအေးနေသော ပြည်ချင်းဈေးငြိမ်လျက်ရှိ

      ပြည်ချင်းပွဲရုံများတွင် ယခုအပတ်ချင်းအရောင်းအဝယ်အေးလာပြီး ချင်းဈေးကတော့ ယခင်အတိုင်း ဈေးငြိမ်လျက်ရှိနေပါတယ်။ ဓါးလှီး ချင်းဖတ် လုပ်ငန်းရှင်တို့၏ ဝယ်ယူမှုနှင့် လက်လီ ဈေးရောင်းဝယ်ရေးသမားတို့ အရောင်းအဝယ်အေးတာကြောင့် ချင်း(ပွဲရုံ)ရောင်းဝယ်ရေအေးလာ တယ်လို့သိရသည်။ ယခုပတ်ချင်းဈေးမှာ (ပွဲရုံဈေး) (၁၅၀၀ - ၂၀၀၀)ကျပ်(အိတ်စွဲ)ဈေးဖြစ်ပြီး ချင်းသန့်လက်ကားကိုတော့ (၃၀၀၀ - ၃၅၀၀)ကျပ်ဈေးတို့ဖြင့် ရောင်းချနေတာ တွေ့ရပါသည်။ လက်လီဈေးများတွင် တပိဿာ (ချင်းသန့်) (၄၀၀၀- ၅၀၀၀)ကျပ်ဈေးတို့ဖြင့် ရောင်းချလျက်ရှိနေ သည်။ ဓါးလှီး ချင်း (ဖတ်)တစ်ပိဿာ ဈေး (၂၀၀၀)ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိနေသည်။

DOCA(ပဲခူး)

လှောင်မန်ကျည်းမှည့်များ ဒေသတွင်း အရောင်းအဝယ်သာရှိ

    ပြည်မန်ကျည်းမှည့် ပွဲရုံများတွင် လှောင်မန်ကျည်းမှည့်လက်ကျန်မျာ ဒေသတွင်း အရောင်း အဝယ်ရှိနေတာသိရသည်။မန်ကျည်းပွဲရုံများတွင် မန်ကျည်းမှည့် တစ်ပိဿာဈေးမှာ (အသား) (၉၅၀၀-၁၀၀၀၀)ကျပ်ဖြင့် ရောင်းချနေသည်။ လက်လီဈေးမှာ အသားဈေး တစ်ပိဿာလျှင် (၁၂၀၀၀-၁၃၀၀၀)ကျပ်ဖြင့် ရောင်းချနေပြီး ဈေးကွက်များတွင် အစေ့ပါမန်ကျည်းမှည့်ကို ရောင်းချခြင်း မရှိကြောင်းတွေ့ရသည်။ တစ်ပတ်အတွင်း မန်ကျည်းပိဿာချိန် (၁၀၀)ကျော် အရောင်းအဝယ် ပုံမှန်ရှိနေကြောင်း သိရသည်။ မန်ကျည်းပိဿာချိန် (၅၀၀)ကျော် အရောင်းအဝယ်ပုံမှန်ရှိနေတာ သိရ သည်။ မန်ကျည်းသီးစိမ်း တစ်ပိဿာ (၃၀၀၀)ကျပ်ဈေးဖြင့် ရောင်းချလျက်ရှိနေတာလည်း တွေ့ရပါသည်။

DOCA(ပဲခူး)

သာယာဝတီခရိုင်အတွင်းမတ်ပဲဈေးနှုန်းနှင့်စီးထွက်မှု

     ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်အတွင်းရှိ မြို့နယ်များတွင် မတ်ပဲဈေးနှုန်းမှာ ဇူလိုင်လ အတွင်းတွင် ပိဿာ (၂၀)တစ်တင်းလျှင် အနိမ့်ဆုံး (၉၅၀၀၀) ကျပ်မှ အမြင့်ဆုံး (၉၆၅၀၀) ကျပ်ထိ ရှိပြီး ယခုဩဂုတ်လနောက်ဆုံးပတ်မှာတော့ ပိဿာ ၂၀ တစ်တင်းကို (၉၃၀၀၀) ကျပ်ခန့်မှ (၉၇၀၀၀) ကျပ်ထိရှိပါသည်။ စီးထွက်မှု့အနေဖြင့် ဇူလိုင်လတစ်လလုံးတွင် (၁၈၅၄၀၀) အိတ် တင်ပို့နိုင်ခဲ့ ပါသည်။ယခုဩဂုတ်လနောက်ဆုံးပတ်ထိ တင်ပိုမှုအနေဖြင့် (၁၅၇၂၀၀) အိတ်ခန့်တင်ပို့ နိုင်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

အုတ်ဖိုမြို့နယ်တွင် ကောက်စောစပါးများရိတ်သိမ်း

    ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊  အုတ်ဖိုမြို့နယ်တွင် ဩဂုတ်လတတိယပတ်မှစ၍ မိုးစပါးများစတင်ရိတ်သိမ်းလျက်ရှိရာ မြို့နယ်အတွင်းရှိ စပါးဝယ်ယူနေသော စက်ရုံ/သိုလှောင်ရုံနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ပေါများလာပြီဖြစ်ပါသည်။

     အုတ်ဖိုမြို့နယ်ရှိ စပါးဝယ်ယူနေသော ဆန်စက်ပိုင်ရှင်များ၏ ပြောကြားချက်အရ တနေ့လျှင် စပါးတင်း ၂၅၀၀၀ မှ ၃၀၀၀၀ အထိ အရောင်းအဝယ်ရှိပြီး ရက်၉၀ စပါး အသွယ်အမျိုးအစားများ အဓိ ကဝယ်ယူရပြီး စပါးဈေးနှုန်းမှာ အစိုဓာတ် ၂၂ % မှ ၂၅ % အတွင်း  ပေါင် ၅၀ စပါးတင်း ၁၀၀ လျှင် ၁၁၅၀၀၀၀ ကျပ်ဖြင့် ဝယ်ယူလျက်ရှိကြောင်း စုံစမ်းသိရှိရပါသည်။

DOCA(ပဲခူး)

ကြို့ပင်ကောက်မြို့ရှိ ဆပ်ပြာဆီကုန်ကြမ်းရောင်းချမှု ဈေးကွက်အခြေအနေ

    ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် (၂၅.၈.၂၀၂၅) ရက်နေ့၊နံနက် (၁၀:၀၀)နာရီအချိန်တွင် မြို့မ ဈေးအပြင်ဘက်ရှိ ရှင်းသန့်ဆပ်ပြာဆီနှင့် ဆပ်ပြာကုန်ကြမ်းများဈေးနှုန်း၊ဈေးကွက်အခြေအနေများ ကိုသိရှိနိုင်ရန် ကွင်းဆင်းခဲ့ပါသည်။

    ဈေးအပြင်ဘက်ရှိ ဆပ်ပြာဆီရောင်းချသူများ၏ ပြောကြားချက်အရ ဆပ်ပြာကုန်ကြမ်းများကို ရန်ကုန်မှဝယ်ယူရပြီး၊အမျိုးအစားအနေဖြင့် (၅)မျိုးအတွဲတစ်စုံလျှင် ဂျယ်လီအမြှပ်၊အရောင်၊အနံ၊ ဂျီး ချွတ်ဆေး စသဖြင့်ပါရှိပါသည်။ကုန်ကြမ်း 1 kg ထိုင်းမိတ် တစ်တွဲတစ်စုံလျှင် ၁၅၅၀၀ ကျပ်၊ကုန်ကြမ်း 1 kg မလေးမိတ် တစ်တွဲတစ်စုံလျှင် ၁၂၀၀၀ ကျပ်ရောင်းချကြောင်း၊ ၀.5 kg ထိုင်းမိတ်တစ်စုံတစ်တွဲ လျှင် ၁၂၀၀၀  ကျပ်၊ ၀.5 kg မလေးမိတ် တစ်တွဲတစ်စုံလျှင် ၉၀၀၀ ကျပ်ရောင်းချကြောင်း၊အသင့်သုံး ဆပ်ပြာဆီ (ပန်ကန်ဆေး)ရည် 1 leter 1ဘူး လက်လီ ၁၀၀၀ ကျပ်/လက်ကား ၉၀၀ ကျပ်ရောင်းချ လျက်ရှိပြီး ကုန်ကြမ်းများကိုတော့ တစ်နိုင်တစ်ပိုင်ထုတ်လုပ်သုံးစွဲသူ/ ပြန်လည်ရောင်းချသူထံမှ ဝယ်ယူလျက်ရှိ ကြောင်း အရောင်းအဝယ်အနေဖြင့် ပုံမှန်ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ကြို့ပင်ကောက်မြို့တွင် ဩဂုတ်လ၏ အခြေခံစားကုန်ဈေးနှုန်းများ

     ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ကြို့ပင်ကောက်မြို့ရှိ မြို့မဈေးကြီးတွင် လူသုံးကုန် စားသောက်ကုန်များ လက်လီလက်ကားရောင်းချလျက်ရှိသည်။ဩဂုတ်လတတိယပတ်တွင် ဖြစ်ပေါ် နေသော အခြေခံစားသောက်ကုန်၏ ဈေးနှုန်းများမှာ မြေပဲဆီ၊နှမ်းဆီတစ်ပိဿာလျှင် ၁၉၀၀၀ ကျပ်၊ ကြက်သွန်နီတစ်ပိဿာ ၂၀၀၀ ကျပ်၊ ကြက်သွန်ဖြူ(ရှမ်း) တစ်ပိဿာ ၁၂၀၀၀ ကျပ်၊ ကြက်သွန်ဖြူ (ကြူကုတ်) တစ်ပိဿာ ၂၀၀၀၀ ကျပ်၊မြေပဲဆံ(အနီ) တစ်ပိဿာ ၈၅၀၀ ကျပ်၊ကုလားပဲခွဲခြမ်း တစ်ပိဿာ ၅၂၀၀ ကျပ်၊အာလူးတစ်ပိဿာ ၄၅၀၀ ကျပ်၊ဂျင်းတစ်ပိဿာ ၇၅၀၀ ကျပ်၊သကြားတစ် ပိဿာ ၅၈၀၀ ကျပ်၊အိုင်အိုဒင်းဆား တစ်ထုပ်လျှင် ၁၅၀၀ ကျပ်တို့ဖြစ်ပါသည်။

          မွေးမြူရေးထွက်ကုန်ဖြစ်သော ငါးခူ၊ငါးကျီးတစ်ပိဿာလျှင် ၄၀၀၀ ကျပ်၊ငါးကြင်းတစ်ပိဿာ ၁၅၀၀၀ ကျပ်၊ငါးမြစ်ချင်းတစ်ပိဿာ ၁၂၀၀၀ ကျပ်၊ ငါးမြစ်ချင်းခြစ် တစ်ပိဿာ ၄၀၀၀၀ ကျပ်၊ ငါးဖယ်ခြစ်တစ်ပိဿာ ၅၀၀၀၀ ကျပ်၊ဗမာ(ကြက်) တစ်ပိဿာ ၃၅၀၀၀ ကျပ်၊(CP)ကြက်တစ်ပိဿာ ၃၀၀၀၀ ကျပ်၊ဆိတ်သားတစ်ပိဿာ ၅၀၀၀၀ ကျပ်၊ကြက်ဥတစ်လုံးလျှင် ၄၅၀/ ၄၆၀/၄၈၀ ကျပ်၊ဘဲဥ တစ်လုံးလျှင် ၅၀၀/၆၀၀ ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

လက်ပံတန်းမြို့ဖွဲ့နုဈေးကွက်အခြေအနေ

    ပဲခူးတိုင်းဒေသကြီး၊သာယာဝတီခရိုင်၊ လက်ပံတန်းမြို့တွင်ရှိသော ငါးမွေးကန်များ၏ အဓိက အစားအစာသည် ဖွဲနုများဖြစ်သည်။သာယာဝတီခရိုင်အတွင်းရှိဆန်စက်များကြိတ်ခွဲ ထုတ်လုပ်ရာမှ ထွက်ရှိသောဆန်ထွက်ပစ္စည်းဖွဲနုများကို ဒေသတွင်းတိရိစ္ဆာန်အစားအစာအဖြစ် အသုံးပြုလျက်ရှိ ကြောင်း နှင့် အခြားသောတိုင်းနှင့်ပြည်နယ်များသို့လည်း တင်ပို့ရောင်းချလျက်ရှိကြောင်း သိရှိရပါ သည်။ဇူလိုင်လနောက်ဆုံးပတ်တွင် ဖွဲနုတစ်ပေါင်လျှင် ၄၀၀/ ကျပ်ဖြစ်ပြီး၊ဖွဲနု ၆၅ ပေါင်တစ်အိတ် လျှင် ၂၆၀၀၀/ ကျပ်ဈေးဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း၊ ယခုဩဂုတ်လ နောက်ဆုံးပတ် တွင်လည်း ဖွဲနုတစ်ပေါင် ၄၂၅ ကျပ်ပေါက်ဈေးသာရှိနေကြောင်း၊ဖွဲနု ၆၅ ပေါင် တစ်အိတ်လျှင် ၂၇၆၂၅ ကျပ် ဈေးဖြင့်လက်လီရောင်းချရကြောင်း၊ ဖွဲနုဈေးကွက်အနေဖြင့် ယခင်လနှင့်ယခုလ ဈေးနှုန်း နှိုင်းယှဉ်ပါ ကဒေသလိုအပ်ချက်အရ ဈေးအနည်းငယ်မြင့်တက်နေကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

(၂.၉.၂၀၂၅) ရက်နေ့ထိ စမ်းချောင်းမြို့နယ် ရှမ်းလမ်းဈေး အတွင်းရှိ အခြေခံစားသောက်ကုန်ဈေးနှုန်းများ

      ရန်ကုန်တိုင်းဒေသကြီး အလုံခရိုင်၊ စမ်းချောင်းမြို့နယ် ရှမ်းလမ်းဈေးအတွင်း အခြေခံ စားသောက်ကုန်များဖြစ်သော ဆန်အမျိုးအစားများအနက် ဧည့်မထ တစ်ပြည်လျှင် ကျပ်၂၅၀၀ မှ ၂၈၀၀ ထိ၊ ဇီယာတစ်ပြည်လျှင် ကျပ် ၃၄၀၀ မှ ၃၅၀၀ ထိ၊ ပေါ်ဆန်းတစ်ပြည်လျှင် ကျပ် ၅၀၀၀ မှ ၆၀၀၀ ထိလည်း ကောင်း၊ စားအုန်းဆီ တစ်ပိဿာလျှင် ကျပ် ၆၆၁၀ မှ ၆၈၁၀ မြေပဲဆီ တစ်ပိဿာလျှင် ကျပ် ၁၄၀၀၀ မှ ၁၆၀၀၀၊ ဟင်းသီးဟင်းရွက်ဈေးနှုန်းများမှာ ကန်စွန်းရွက်တစ်စီးလျှင် ကျပ် ၅၀၀ မှ ၇၀၀၊ ချည်ပေါင်ရွက် တစ်စီး ကျပ် ၃၀၀ မှ ၅၀၀၊ မုန့်ညှင်းတစ်စီး ကျပ် ၅၀၀ မှ ၇၀၀၊ ကိုက်လန်တစ်စီး ကျပ် ၁၅၀၀ မှ ၁၈၀၀၊ ဂေါ်ဖီတစ်ထုပ်လျှင် ကျပ် ၃၀၀၀ မှ ၃၅၀၀၊ ပန်းဂေါ်ဖီတစ်ပွင့်လျှင် ကျပ် ၃၅၀၀ မှ ၄၀၀၀၊ ခရမ်းချဉ်သီး တစ်ပိဿာ ကျပ် ၆၀၀၀ မှ ၈၀၀၀၊ ဗူးသီးတစ်လုံး ကျပ် ၂၀၀၀ မှ ၃၅၀၊ အာလူး(တရုတ်)တစ်ပိဿာ ကျပ် ၅၅၀၀ မှ ၆၅၀၀၊ ကြက်သွန်ဖြူတစ်ပိဿာ ကျပ် ၁၅၀၀၀ မှ ၂၀၀၀၀၊ ကြက်သွန်နီ တစ်ပိဿာ ကျပ် ၂၀၀၀ မှ ၂၅၀၀၊ ဂျင်း တစ်ပိဿာ ကျပ် ၃၀၀၀ မှ ၃၅၀၀၊ ကုလားပဲတစ်ပိဿာလျှင် ကျပ် ၆၀၀၀ မှ ၉၀၀၀၊ မွေးမြူရေးကြက် တစ်ပိဿာလျှင် ကျပ် ၂၀၀၀၀ မှ ၂၅၀၀၀၊ ဝက်သားတစ်ပိဿာလျှင် ကျပ် ၃၅၀၀၀၊ ဆိတ်သားတစ် ပိဿာလျှင် ကျပ် ၄၀၀၀၀ မှ ၅၀၀၀၀၊ ငါးကြင်းတစ်ပိဿာ ကျပ် ၂၂၀၀၀ မှ ၂၅၀၀၀၊ ပုဇွန်ထုပ်သေး တစ်ပိဿာလျှင် ကျပ် ၃၅၀၀၀ မှ ၄၀၀၀၀ ၊ငါးခူတစ်ပိဿာလျှင် ကျပ် ၃၀၀၀၀ မှ ၃၅၀၀၀၊ ငါးရံ့တစ်ပိဿာ  ကျပ် ၃၀၀၀၀ မှ ၃၅၀၀၀ တို့ဖြစ်ပြီး ကြက်ဥတစ်လုံးလျှင် ကျပ် ၃၆၅၊ ဘဲဥတစ်လုံး ကျပ် ၅၀၀ မှ ၆၀၀ တို့ဖြင့်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

လှိုင်မြို့နယ်၊ ရွှေပိတောက်ငါးဈေးအတွင်းရှိ ငါးဈေးနှုန်းများ

       ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်အတွင်းရှိ ရွှေပိတောက်ငါးဈေးတွင် (၂.၉.၂၀၂၅) တွင် ဝင်ရောက်ခဲ့သော ရေချိုငါးများမှာ ငါးမြစ်ချင်း တစ်ပိဿာ အနိမ့်ဆုံး ၉၅၀၀ မှ အမြင့်ဆုံး ၁၂၀၀၀ ကျပ်၊ ငါးကြင်း တစ်ပိဿာ ၁၀၀၀၀ မှ ၁၈၀၀၀ ကျပ်၊ ငါးသလောက် တစ်ပိဿာ ၁၅၀၀၀ မှ ၉၅၀၀၀ ကျပ်၊ ငါးခေါင်းပွ တစ်ပိဿာ ၇၅၀၀ မှ ၁၁၀၀၀ ကျပ်၊ ငါးဘတ် တစ်ပိဿာ ၁၇၀၀၀ မှ ၃၀၀၀၀ ကျပ်၊ ကကတစ် တစ်ပိဿာ ၁၂၀၀၀ မှ ၃၀၀၀၀ ကျပ်၊ ငါးနုသန်း တစ်ပိဿာ ၁၅၀၀၀ မှ ၁၈၀၀၀ ကျပ်၊ ငါးခူ တစ်ပိဿာ ၇၀၀၀ မှ ၃၄၀၀၀ ကျပ်၊ ငါးကျည်း တစ်ပိဿာ ၁၇၀၀၀ မှ ၂၂၀၀၀ ကျပ်၊ ငါးဖီးမ တစ်ပိဿာ ၈၀၀၀ မှ ၁၃၀၀၀ ကျပ်၊ ငါးမုတ် တစ်ပိဿာ ၆၀၀၀ မှ ၈၀၀၀ ကျပ်၊ ငါးတန်(မြစ်) တစ်ပိဿာ ၁၃၀၀၀ မှ ၂၀၀၀၀ ကျပ်၊ ငါးတန်(မွေး) တစ်ပိဿာ ၆၅၀၀ မှ ၉၀၀၀ ကျပ်၊ ငါးခုံးမ တစ်ပိဿာ ၅၀၅၀၀ မှ ၇၀၀၀ ကျပ်၊ ငါးရံ့ တစ်ပိဿာ ၁၃၀၀၀ မှ ၂၈၀၀၀ ကျပ်၊ ငါးပုတ်သင် တစ်ပိဿာ ၁၂၀၀၀ မှ ၁၅၀၀၀ ကျပ်၊ ငါးပုဏ္ဏား တစ်ပိဿာ ၁၃၀၀၀ မှ ၁၈၀၀၀ ကျပ်၊ ပုဇွန်(ကျော့) တစ်ပိဿာ ၂၀၀၀၀ မှ ၆၀၀၀၀ ကျပ်၊ ပုဇွန် တစ်ပိဿာ ၂၃၀၀၀ မှ ၅၅၀၀၀ ကျပ်၊ ငါးမျက်ကြယ် တစ်ပိဿာ ၆၀၀၀ မှ ၉၀၀၀ ကျပ်၊ ပီဇာ တစ်ပိဿာ ၆၅၀၀ မှ ၉၈၀၀ ကျပ်၊ ငါးနှပ်(အာပြဲခြောက်) တစ်ပိဿာ ၃၅၀၀ မှ ၅၀၀၀ ကျပ်၊ ကင်းမွန် တစ်ပိဿာ ၂၀၀၀၀ မှ ၃၆၀၀၀ ကျပ်၊ ပလာတူး တစ်ပိဿာ ၆၅၀၀ မှ ၀၀၀ ကျပ်၊ ရွှေငါး တစ်ပိသာ ၆၅၀၀ မှ၈၅၀၀၀ ကျပ်၊ ပြည်ကြီးငါး တစ်ပိဿာ ၂၀၀၀၀ မှ ၆၀၀၀၀ ကျပ်တို့ရှိကြောင်း ရွှေပိတောက် ငါးဈေးထံမှ စုံစမ်းသိရှိရပါသည်။

DOCA (ရန်ကုန်)

 

ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ကြက်သွန်နီဝင်ရောက်ရာ အရပ်ဒေသများနှင့် ဈေးနှုန်းများအခြေအနေ

      ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၃) ရက်နေ့တွင် ဘုရင့်နောင် ကုန်စည်ဒိုင်သို့ ကြက်သွန်နီ ဝင်ရောက်ရာဒေသများဖြစ်သည့် ဆိပ်ဖြူ၊ မြင်းခြံ၊ မုံရွာ၊ ပခုက္ကူဒေသတို့မှ ကြက်သွန်နီ (၆၃၀၀၀၀) ပိဿာ ဝင်ရောက်ခဲ့ပြီး (၆၀) ရာခိုင်နှုန်းခန့် ပြန်လည်စီးထွက်မှုရှိကြောင်း သိရှိရပါသည်။ ထို့ကြောင့် ကြက်သွန်နီ လက်ကျန်မှာ (၂၅၂၀၀၀) ကျန်ရှိကြောင်း ကုန်စည်ဒိုင်တင်းအရ သိရှိရ သည်။ ဆိပ်ဖြူ ကြက်သွန်နီ(အသစ်) အချော တစ်ပိဿာ ကျပ် ၇၅၀၊ အသန့်မှာတစ်ပိဿာ ကျပ် ၁၁၅၀၊ အကြီးမှာ ကျပ် ၁၄၅၀၊ ရှယ်မှာ ကျပ် ၁၆၀၀၊ မြင်းခြံ ကြက်သွန်နီ (အသစ်) အချော တစ်ပိဿာ ကျပ် ၇၀၀၊ အသန့်မှာ တစ်ပိဿာ ကျပ် ၁၀၀၀ ၊ အကြီးမှာ ကျပ် ၁၃၀၀၊ ရှယ်မှာ ကျပ် ၁၄၀၀၊ မုံရွာ ကြက်သွန်နီ(အသစ်)  အချော တစ်ပိဿာ ကျပ် ၉၀၀၊ အသန့်မှာ တစ်ပိဿာ ကျပ် ၁၃၀၀ ၊ အကြီးမှာ ကျပ် ၁၅၅၀၊ ရှယ်မှာ ကျပ် ၁၆၀၀၊ ပခုက္ကူ ကြက်သွန်နီ(အသစ်)  အသန့်မှာ တစ်ပိဿာ ကျပ် ၁၂၀၀ ၊ အကြီးမှာ ကျပ် ၁၄၀၀ ဈေးတို့ အသီးသီးရှိ ကြောင်း စုံစမ်းသိရှိရပါသည်။

          ယခုတစ်ပတ်တွင် ဆိပ်ဖြူကြက်သွန်နီမှာ ယခင်တစ်ပတ်အတိုင်းဈေးတူညီနေပြီး ၊ မြင်းခြံ နှင့် မုံရွာကြက်သွန်နီဈေးနှုန်းများမှာ ယခင်အပတ်ကထက် ဈေးအနည်းငယ်တက်လျက်ရှိကြောင်း သိရှိရ ပါသည်။

DOCA (ရန်ကုန်)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း