Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကန့်ဘလူမြို့၏ ဩဇာသီးနှင့် မာလကာသီးဈေးနှုန်း

      စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင်  ရာသီစာ အသီးအနှံများကို စိုက်ပျိုးရောင်းချလျက်ရှိရာ ယခုအခါ ကန့်ဘလူမြို့မဈေးတွင် ဩဇာသီးနှင့် မာလကာသီးများ  လှိုင်လှိုင်ရောင်းချလျက်ရှိပါသည်။ ဩဇာသီးပင်နှင့် မာလကာသီးပင်သည် အသီးတင်သာမက အရွက်ရော အခေါက်ပါဆေးဖက်ဝင်သော အပင်ဖြစ်သည်။ဩဇာသီးပင်နှင့် မာလကာသီးပင်များ ကိုကန့်ဘလူမြို့ပေါ်ရပ်ကွက်များနှင့် နတ်ပေးကျေးရွာ၊ နတ်အင်းကျေးရွာတို့မှ မိမိတို့၏နေအိမ်ခြံ ဝင်းများနှင့် ယာတောများတွင် တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြပြီး လာရောက်ရောင်းချကြကြောင်း၊ ၂၀၂၅ခုနှစ် ၊စက်တင်ဘာလ ပထမပတ်တွင် ရောင်းချသော ဩဇာသီးဈေးနှုန်းများမှာ ဩဇာသီး အကြီး(၁)လုံးလျှင်(၅၀၀)ကျပ်နှင့် အသေး(၁)လုံးလျှင် (၃၀၀)ကျပ်၊ (၄)လုံးလျှင် (၁၀၀၀)ကျပ်ဖြင့် လည်းကောင်း၊ မာလကာသီးအကြီး(၁)လုံးလျှင်(၈၀၀)ကျပ်၊ (၂)လုံးလျှင်(၁၅၀၀)ကျပ်၊ အသေး (၁)လုံးလျှင်(၅၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း ကုန်စိမ်းရောင်းချသူထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

ကန့်ဘလူမြို့၏ ဒေသထွက်ပျားရည်ဈေးနှုန်း

   စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်သည် သစ်ပင်သစ်တောများ ထူထပ်စွာပေါက် ရောက်လျက်ရှိရာ ဒေသနေ တောင်သူများမှာ လယ်ယာစိုက်ပျိုးရေးကို အဓိက လုပ်ကိုင်သည့်အပြင်  ပျားရှာ၊ ပျားဖွတ်ခြင်းလုပ်ငန်းကိုပါ လုပ်ကိုင်ကြကြောင်း သိရသည်။

    ဒေသတွင်း ထွက်ရှိသော ပျားရည်များမှာ ဆေးဖက်ဝင်ပြီး  အနံ့အရသာနှင့် ပြည့်စုံသော ကြောင့် ဒေသထွက် ပျားရည်စစ်စစ်များကို စားသုံးရန်၊ လက်ဆောင်ပေးရန်၊ စားသောက်ကုန်များနှင့်  အလှကုန်များတွင် ထည့်သွင်းအသုံးပြုရန်အတွက် ဝယ်ယူသူများပြားလျက်ရှိကြောင်း၊ ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ ပထမပတ်အတွင်း ပျားရည်ပုလင်းအသေး(၁)ပုလင်းလျှင်(၁၀၀၀၀)ကျပ်၊ ပျားရည် ပုလင်းအကြီး(၁)ပုလင်းလျှင် (၂၀၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့၏ သင်္ဘောသီးစိမ်းနှင့် ရွှေဖရုံသီးဈေးနှုန်းဈေးကွက်

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက်များတွင် စိုက်ပျိုးရေးလုပ်ငန်းများကို အများအပြားလုပ်ကိုင်ကြကြောင်းသိရပါ သည်။ စိုက်ပျိုးသီးနှံများဖြစ်သည့် သခွားသီး၊ခရမ်းသီး၊ ကန်စွန်းရွက်၊ ချဉ်ပေါင်ရွက်၊ ကင်ပွန်းချဉ် ရွက်၊ ရုံးပတီသီး၊ ဘူးသီး၊ ငရုတ်သီး စသည့်သီးနှံများကို စိုက်ပျိုးကြသည့်အပြင် သင်္ဘောသီးစိမ်း နှင့်ရွှေဖရုံသီးများကိုလည်း တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြပြီး ကန့်ဘလူမြို့မဈေးသို့ လာရောက်ရောင်း ချကြကြောင်း သိရှိရသည်။

    ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ ပထမပတ်အတွင်း ရောင်းချလျက်ရှိသော သင်္ဘောသီးစိမ်း ဈေးနှုန်းမှာ သင်္ဘောသီးစိမ်း()ပိဿာလျှင် (၁၅၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၈၀၀)ကျပ်နှင့် ရွှေဖရုံသီး()ပိဿာလျှင်  (၃၀၀၀)ကျပ်၊ ရွှေဖရုံသီး()စိတ်လျှင် (၁၀၀၀)ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း ကုန်စိမ်းရောင်းချသူထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

 

         

ကန့်ဘလူမြို့၏ ဝက်အူချောင်းဈေးနှုန်းဈေးကွက်

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ရှိ မြို့မဈေးတွင် ဝက်အူချောင်းများ ရောင်းချလျက်ရှိပါသည်။ ဝက်အူချောင်းများကို ရေဦးမြို့မှ မှာယူရောင်းချလျက်ရှိကြောင်း သိရပါ သည်။

     ဝက်အူချောင်းသည် လျင်မြန်စွာချက်ပြုတ်စားသောက်နိုင်သည့်အတွက်  အချိန်ကုန်သက် သာစေသောအစားအစာတစ်မျိုးဖြစ်ပါသည်။ဝက်အူချောင်းများကို စားသောက်ဆိုင်များနှင့် ထမင်းဆိုင်များမှလည်းကောင်း၊ အိမ်ရှင်မများဟင်းချက်ရာတွင် ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ ပထမပတ် အတွင်း ရောင်းချလျက်ရှိသော ဝက်အူချောင်းဈေးနှုန်းမှာ ဝက်အူချောင်း(၁)ပိဿာလျှင်(၄၅၀၀၀) ကျပ်၊(၅၀)ကျပ်သားလျှင် (၂၂၅၀၀)ကျပ်၊ (၁၀)ကျပ်သားလျှင်(၄၅၀၀)ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း၊ လူကြီးလူငယ်မရွေး ကြိုက်နှစ်သက်သောကြောင့် ရောင်းအားကောင်းကြောင်း ဝက်အူချောင်းရောင်းချသူထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

         

မြန်မာ့ရိုးရာ အစားအစာမုန့်ပေါက်

      မြန်မာလူမျိုးတို့သည် မြန်မာ့ရိုးရာအစားအစာများကို အများဆုံးနှစ်သက်ကြသည်။ မြန်မာ့ရိုး ရာမု့န်ပေါက်ကို နံနက်ခင်းတစ်ကြိမ်၊ နေ့လည်အဆာပြေ စားလေ့ရှိရာ ရေနွေးကြမ်း၊ လက်ဖက်ရည်၊ ကော်ဖီတို့နှင့်တွဲဖက်၍ စားသုံးကြပါသည်။ ဆန်ကို အခြေခံပြီးပြုလုပ်သည့်အတွက် ကျန်းမာရေး နှင့်ညီညွတ်ပြီးဘေးဥပါဒ်အန္တရာယ်ကင်းရှင်း၍ လူတိုင်းကြိုက်နှစ်သက်သော အစားအစာတစ်မျိုးဖြစ် သည်။          မုန့်ပေါက်တွင် အဖြူနှင့်အနီရှိပြီး မုန့်ပေါက်အနီမှာ ထန်းလျက်(အညို)အရည်နှင့်ပြုလုပ်ပြီး မုန့်ပေါက်အဖြူမှာ ထန်းလျက်(အဖြူ)အရည်တို့နှင့်ပြုလုပ်ကာ နှမ်းတို့ပါဝင်ပါသည်။ ကန့်ဘလူမြို့၊ ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ ပထမပတ် အတွင်းရောင်းချလျက်ရှိသော မုန့်ပေါက်အဖြူနှင့်အနီဈေး နှုန်းမှာ(၁)ခုလျှင် (၅၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ မုန့်ပေါက်သည် အာဟာရ ဖြစ်သောမုန့်တစ်မျိုးဖြစ်သဖြင့် ကလေး၊လူကြီးမရွေး ကြိုက်နှစ်သက်သောကြောင့်  အရောင်းအဝယ် သွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။  

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့တွင် ရောင်းချနေသည့် မြင်းခွာရွက်ဈေးနှုန်း

      မြင်းခွာရွက်သည် အရွက်ခပ်ဖားဖား ယပ်တောင်လေးလိုပုံစံရှိပြီး အရိုးတံရှည်ရှည် ပွပွလေးနဲ့ မြင်းခွာရွက်ရှိသလို အရွက်ဝိုင်းဝိုင်းထူထူလေးနဲ့ တို့စားလို့ကောင်းတဲ့ ဆေးမြင်းခွာဆိုပြီးရှိပါသည်။ အနည်းငယ် ခါးသက်သက်ရှိပေမယ့် စားကောင်းသော အရွက်တစ်မျိုးဖြစ်ပါသည်။မြင်းခွာရွက်သည် ကျန်းမားရေးကိုလည်း အထောက်အကူပြုသည့် အရွက်တစ်မျိုးဖြစ်ပါသည်။ မြင်းခွာရွက်သည် နွယ်ပင်အမျိုးအစားဖြစ်ပြီး လယ်တောများတွင် အများအပြားပေါက်ရောက်တတ်ပြီး နေအိမ်များ တွင်လည်းမြင်းခွာရွက်ကို တစ်နိုင်တစ်ပိုင်စိုက်ပျိုး၍ မိသားစုဝင်ငွေရရှိရန် ကန့်ဘလူမြို့မဈေးသို့ လာရောက်ရောင်းချကြကြောင်း၊      ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ ပထမပတ်အတွင်း ရောင်းချလျက်ရှိ သောမြင်းခွာရွက် ဈေးနှုန်းများမှာ မြင်းခွာရွက်()ပုံလျှင် (၅၀၀)ကျပ်၊ မြင်းခွာရွက် ()ပုံလျှင် (၈၀၀) ကျပ်၊ မြင်းခွာရွက်()ပုံလျှင် (၁၅၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း ကုန်စိမ်းရောင်းချသူထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

ကန့်ဘလူမြို့၊ မြို့မဈေးတွင် ရောင်းချလျက်ရှိသော နံနံပင်နှင့်ပင်စိမ်းဈေးနှုန်း

      စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်သည် စိုက်ပျိုးရေးလုပ်ငန်းများ ဖြစ်သည့် စပါး၊ပဲမျိုးစုံနှင့် ဆီထွက်သီးနှံတို့ကို အဓိကစိုက်ပျိုးသည့်အပြင် ရာသီစာသီးနှံများနှင့် စားဖိုဆောင်သီးနှံများကိုလည်း စိုက်ပျိုးကြသည်။ နတ်ပေးကျေးရွာနှင့် အခြားသောကျေးရွာများတွင် နံနံပင်နှင့် ပင်စိမ်းပင်များကို စိုက်ပျိုးကြကြောင်း၊ နံနံပင်နှင့် ပင်စိမ်းပင်များကို ကန့်ဘလူမြို့မဈေးတွင် ရောင်းချလျက်ရှိပါသည်။

     ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ ပထမပတ်အတွင်း နံနံပင်()စည်းလျှင်(၂၀၀)ကျပ်၊ () စည်းလျှင်(၅၀၀)ကျပ်၊ ()စည်းလျှင်(၁၀၀၀)ကျပ်နှင့် ပင်စိမ်း()စည်းလျှင် (၂၀၀)ကျပ်၊ ပင်စိမ်း() စည်းလျှင်(၅၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ နံနံပင်နှင့်ပင်စိမ်းပင်များကို အိမ်ရှင် မများဟင်းချက်ရာတွင်လည်းကောင်း၊ နံနံပင်များကို မုန့်ဟင်းခါးဆိုင်များနှင့် အသုပ်ဆိုင်များမှ အများဆုံး ဝယ်ယူကြသဖြင့် အရောင်းအဝယ်သွက်လျက်ရှိကြောင်း မြို့မဈေးရှိ ကုန်စိမ်းရောင်းချသူ တစ်ဦးထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

ကန့်ဘလူမြို့တွင် ရောင်းချလျက်ရှိသော ငှက်ပျောဖူးနှင့်ငှက်ပျောအူဈေးနှုန်း

     ငှက်ပျောပင်သည် မြန်မာနိုင်ငံအနှံ့အပြား၌ ပေါက်ရောက်ပြီး အရွက်မှ အပင်၊ နောက်ဆုံးစွန့် ပစ္စည်းဖြစ်သည်အထိ အသုံးဝင်ပါသည်။ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၌ ကန့်ဘလူမြို့ ပေါ်နှင့် ဒေသအတွင်းကျေးရွာများတွင် မိမိတို့၏နေအိမ်ခြံဝင်းများနှင့် ယာတောများတွင် တစ်ပိုင် တစ်နိုင်စိုက်ပျိုးကြပြီး ငှက်ပျောဖူးနှင့် ငှက်ပျောအူများကို ကန့်ဘလူမြို့မဈေးသို့ လာရောက်ရောင်း ချကြကြောင်း၊ ငှက်ပျောဖူးများကို အိမ်ရှင်မများ ဟင်းချက်ရာတွင်လည်းကောင်း၊ ငှက်ပျောအူများ ကိုမုန့်ဟင်းခါးရောင်းချသည့်ဆိုင်များမှလည်း ဝယ်ယူကြကြောင်း၊၂၀၂၅ခုနှစ်၊ စက်တင်ဘာလ ပထမ ပတ်အတွင်း ကန့်ဘလူမြို့မဈေးတွင် ငှက်ပျောဖူး (၁)ဖူးလျှင် (၈၀၀)ကျပ်နှင့် ငှက်ပျောအူအကြီး (၁)တုံးလျှင်(၁၀၀၀)ကျပ်၊ ငှက်ပျောအူအသေး(၁)တုံးလျှင်(၅၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့တွင် ရောင်းချလျက်ရှိသည့် သံပုရာသီးနှင့် ရှောက်သီးဈေးနှုန်း

       စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တွင် သံပုရာသီးနှင့် ရှောက်သီး များစိုက်ပျိုးထားပြီး ယခုအချိန်တွင် လှိုင်လှိုင်ထွက်ပေါ်နေပြီဖြစ်ကြောင်းသိရပါသည်။ သံပုရာသီး များအား ဖျော်ရည်၊ သံပုရာချဉ်ဖက်၊ အသုပ်မျိုးစုံနှင့်  သရေစာတို့တွင်ထည့်သွင်းစားသုံးခြင်းသာမက ရှောက်သီးများကိုလည်း ကျန်းမာရေးအတွက် ဆေးဖော်စပ်ရာတွင်လည်း အသုံးပြုကြသဖြင့် သုံးစွဲမှု များသည့် သီးနှံများဖြစ်ကြောင်း သိရသည်။

      ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ ပထမပတ်အတွင်းဖြစ်ပေါ်လျက်ရှိသော သံပုရာသီးဈေးနှုန်းများ မှာသံပုရာသီး(အကြီး)(၁)လုံးလျှင် (၁၅၀)ကျပ်၊ သံပုရာသီး(အသေး)(၁)လုံးလျှင် (၁၀၀)ကျပ်ဖြင့် လည်းကောင်း၊ ရှောက်သီး(အကြီး)(၁)လုံးလျှင် (၅၀၀)ကျပ်နှင့် ရှောက်သီး(အသေး)(၁)လုံးလျှင် (၃၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခုအခါ ကန့်ဘလူမြို့မဈေးတွင် အသီးအရွယ် အစားအလိုက် ဈေးအနည်းငယ်ကွာခြားမှုရှိကြောင်း ကုန်စိမ်းရောင်းချသူထံမှ သိရပါသည်။

DOCA(စစ်ကိုင်း)

 

ကန့်ဘလူမြို့တွင် ရောင်းချလျက်ရှိသော ဘိုစားပဲသီးနှင့် ခါကြက်ဥဈေးနှုန်းများ

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ကုန်စိမ်းသီးနှံများဖြစ်သော ခဝဲသီး၊ ရွှေဖရုံသီး၊ ဘူသီး၊ မုန်လာထုပ်၊ ပန်းမုံလာပွင့်၊ ရွှေပဲသီး၊ ခရမ်းချဉ်သီး ၊ ပြောင်းဖူးများ ရောင်းချလျက်ရှိရာ ယခုအခါ ဘိုစားပဲသီးနှင့်ခါကြက်ဥများကို  ကန့်ဘလူမြို့မဈေးတွင်ရောင်းချ လျက်ရှိပါသည်။ ဘိုစားပဲသီးနှင့်ခါကြက်ဥများကို မန္တလေးမြို့မှ မှာယူရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

    ၂၀၂၅ခုနှစ် ၊စက်တင်ဘာလ ပထမပတ်အတွင်း ရောင်းချလျက်ရှိသော ဘိုစားပဲသီးဈေးနှုန်း များမှာ ဘိုစားပဲသီး(၁)ပိဿာလျှင်(၁၂၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၆၀၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင်(၃၀၀၀)ကျပ်၊ ခါကြက်ဥ(ဗမာ)(၁)ပိဿာလျှင်(၁၀၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၅၀၀၀) ကျပ်၊ (၂၅)ကျပ်သားလျှင်(၂၅၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကုန်စိမ်းရောင်းချသူထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

                                               

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း