Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ညောင်ဦးမြို့နယ်တွင် နှံစားပြောင်းများအောင်မြင်ဖြစ်ထွန်း

   မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်သည် လယ်ယာစိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများကို လုပ်ကိုင်ကြပြီး သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ နွားစာအတွက် နှံစားပြောင်းကိုလည်း စီးပွားဖြစ်စိုက်ပျိုး လျက်ရှိကြောင်း သိရသည်။ နှံစားပြောင်းကို ညောင်ဦးမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ခုနှစ် စိုက်ပျိုးရာသီတွင် ဩဂုတ်လကုန်အထိ(၇၁၅၃)ဧက၊ ငါးသရောက်မြို့နယ်တွင်(၃၂၃၃)ဧက စိုက်ပျိုးပြီးဖြစ်ကြောင်း သက် ဆိုင်ရာဌာ၏ စာရင်းများအရသိရသည်။

          နှံစားပြောင်းသီးနှံကို ဇူလိုင်လတွင် စတင်စိုက်ပျိုးကြပြီး နိုဝင်ဘာလတွင် စတင်ရိတ်သိမ်းကြ ကြောင်း၊ စိုက်ပျိုးသောမျိုးများမှာ ရွှေဝါ၊ အထွက်တိုး(နီ)၊ အထွက်တိုး(ဖြူ)မျိုးများစိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးရာတွင် ထွန်ကြောင်းဆွဲ အစေ့ချစနစ်ဖြင့် စိုက်ပျိုးပြီး တစ်ဧကပျမ်းမျှကုန်ကျမှုအနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် ငွေကျပ်(၃၀၀၀၀၀)ကျပ်ခန့် ကုန်ကျကြောင်း၊ ယခင်နှစ်အထွက် နှုန်းအနေဖြင့် တစ်ဧကလျှင်ပျမ်းမျှ (၂၅၊ ၃၀)တင်းခန့်ထွက်ရှိကြောင်း၊ ဈေးနှုန်းအနေဖြင့် နှံစားပြောင်း ပေါ်စအချိန်တွင် တစ်တင်းလျှင်ငွေကျပ်(၄၀၀၀၀)ကျပ်မှ(၄၅၀၀၀)ကျပ်နှုန်းများ ဖြစ်ပေါ်ခဲ့ရာ အကျိုး အမြတ်အားဖြင့် တစ်ဧကလျှင် (၈၀၀၀၀၀)ကျပ် ဝန်းကျင်အမြတ်ရရှိခဲ့ကြောင်း၊ ဈေးကွက်အနေဖြင့် ထွက်ရှိသောနှံစားပြောင်းများကို တောင်သူများသည် ညောင်ဦးမြို့ရှိ ပွဲရုံများသို့ရောင်းချပြီး ထိုမှတစ် ဆင့် မန္တလေးနှင့်ရန်ကုန်မြို့များသို့ တင်ပို့ရောင်းချကြောင်း သိရသည်။ နှံစားပြောင်းစိုက်ပျိုးခြင်းဖြင့် တိရစ္ဆာန်အစားအစာများ ဖူလုံသည့်အပြင် ပြောင်းရိုးများကိုလည်း နွားစာအတွက် အခင်းပြတ်ရောင်း ချရသဖြင့် အပိုဝင်ငွေများရရှိသောကြောင့် နှံစားပြောင်းသီးနှံကို နှစ်စဉ်တိုးချဲ့စိုက်ပျိုးလျက်ရှိကြောင်း မြေနှဲလေးကျေးရွာမှ တောင်သူများထံမှ သိရသည်။

DOCA(မန္တလေး)

အောင်မြင်ဖြစ်ထွန်းနေသောတောင်သာမြို့နယ်၏ပဲစဉ်းငုံစိုက်ခင်းများ

  တောင်သာမြို့နယ်သည် ပဲမျိုးစုံ၊ ဆီထွက်သီးနှံ၊ ဝါသီးနှံ နှင့်ထန်းလုပ်ငန်းများကို အဓိက စိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ မိုးဦးပဲစဉ်းငုံကိုလည်း စိုက်ပျိုးလျက်ရှိကြောင်း သိရှိရသည်။ ‌ဒေသတွင်း စိုက်ပျိုးသောကျေးရွာများမှာ မလည်ရွာနှင့် ကျေးရွာတို့တွင်စိုက်ပျိုးထားရှိကြောင်း၊ မိုးဦးပဲစဉ်းငုံကို (မေလ-ဇွန်လ-ဇူလိုင်လ) များတွင် စတင်စိုက်ပျိုးပြီး ရိတ်သိမ်းထွက်ပေါ်ချိန်မှာ (ဇန်နဝါရီလ-ဖေဖော်ဝါရီလ-မတ်လ) တို့တွင်ရိတ်သိမ်းထွက်‌‌‌‌ပေါ်ကြောင်း၊ စိုက်ပျိုးချိန်မှရိတ်သိမ်း ချိန်အထိ (၇)လ ခန့်ကြာမြင့်ကြောင်းသိရှိရသည်။

   ၂၀၂၅-၂၀၂၆ ခုနှစ်၊ အောက်တိုဘာ ဒုတိယပတ်အထိ တောင်သာမြို့နယ်၌ ပဲစဉ်းငုံစိုက်ပျိုးထားပြီး ဧက (၁၈၃၆၁) စိုက်ပျိုးထားရှိကြောင်း၊ မြို့နယ်ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၏ စာရင်းများအရ သိရှိရသည်။ စိုက်ပျိုးရန်ကျန်ရှိသော ဧကများအား ဆက်လက်စိုက်ပျိုး လျက်ရှိ ကြောင်း၊ ကာလတူနှိုင်းယှဉ်ပါက ယခင်နှစ်ထက် ယခုနှစ်တွင် (၈၅)ဧကခန့် ပိုမိုစိုက်ပျိုး  ထားကြောင်း၊ စိုက်ပျိုးမှုအနေဖြင့် သက်ကြီးမျိုးရွှေဒင်္ဂါးကို တန်းကြား ၄ ပေခွဲထား၍ စိုက်ကြောင်းများစွဲပြီး အစေ့ချစနစ်ဖြင့် စိုက်ပျိုးကြောင်း၊ တောင်သာမြို့နယ်တွင် ပဲစဉ်းငုံစိုက်ပျိုးရာ၌ တန်းကြားညှပ်၍ မြေပဲ၊ နှမ်း၊ ပဲတို့နှင့် သီးညှပ်စိုက်ပျိုးထားကြောင်းသိရသည်။ ယခင်နှစ် ပဲစဉ်းငုံတစ်ဧက အထွက်နှုန်းမှာ(၈)တင်းခန့် ထွက်ရှိခဲ့ကြောင်း၊ ယခုနှစ်တွင်မိုးအသင့် အတင့် ရွာသွန်းသဖြင့် အပင်များဖြစ်ထွန်းသောကြောင့် ယခင်နှစ်ထက် အထွက်နှုန်းများ ပိုမိုထွက်ရှိနိုင်မည်ဟုခန့်မှန်း ရကြောင်း၊ ပဲစဉ်းငုံသီးနှံသည် ကုန်ကျစရိတ်သက်သာပြီး အကျိုးအမြတ် များစွာရရှိ၍ သီးထပ်  သီးညှပ်အနေဖြင့်လည်း စိုက်ပျိုး၍ ဝင်ငွေတိုးသော သီးနှံဖြစ်ကြောင်း ပဲစဉ်းငုံစိုက် တောင်သူ တစ်ဦး၏ ပြောပြချက်အရသိရှိရသည်။ ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ ဒုတိယပတ်တွင် တောင်သာမြို့ ရှိပွဲရုံများ၌ ပဲစဉ်းငုံနီတစ်တင်းလျှင် (၇၄၀၀၀) ကျပ်ခန့်ပေါက်ဈေးများဖြင့် ဒေသတွင်းပွဲရုံများတွင် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ထိုပွဲရုံများမှတဆင့် မြင်းခြံမြို့၊ မန္တလေးမြို့နှင့် ရန်ကုန်ဘုရင့် နောင်ပွဲရုံများသို့ တင်ပို့‌ရောင်းချကြောင်းသိရှိရသည်။

DOCA(မန္တလေး)

တောင်သာမြို့၏အောင်မြင်စွာဖြစ်ထွန်းနေသောမိုးပဲတီစိမ်းစိုက်ခင်းများ

   တောင်သာမြို့နယ်သည် မြန်မာနိုင်ငံအလယ်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊မြင်းခြံ ခရိုင်အတွင်းတွင် တည်ရှိသော မြို့နယ်တစ်ခုဖြစ်ကြောင်း၊ ကျေးရွာများတွင် အဓိကသီးနှံ ကြက်သွန်နီနှင့် ပြောင်းတို့စိုက်ပျိုးလျက်ရှိရာ မိုးပဲတီစိမ်းသီးနှံကိုလည်း တောင်သူများအနေဖြင့် အားထားစိုက်ပျိုးကြောင်း သိရှိရသည်။ မိုးဦးပဲတီစိမ်းသီးနှံကို (မေလ) နောက်ဆုံးပတ်တွင် စိုက်ပျိုး ထားရှိပြီး အောက်တိုဘာလ ဆန်းပိုင်းလောက်တွင် ရိတ်သိမ်းမည်ဖြစ်ကြောင်း၊ စိုက်ပျိုးချိန်မှ ရိတ်သိမ်းချိန် အထိ (၄) လခန့်ကြာ မြင့်ကြောင်းသိရှိရသည်။

       တောင်သာမြို့နယ်တွင် ၂၀၂၅-၂၀၂၆ မိုးကြိုပဲတီစိမ်း စိုက်ဧက (၂၃၆၅၀) ဧကစိုက်ပျိုးထားရှိကြောင်း မြို့နယ်ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၏ စာရင်းများအရသိရှိရသည်။ ကာလ တူနှိုင်းယှဉ်ပါက ယခုနှစ်စိုက်ဧကသည် ယခင်နှစ်စိုက်ဧကထက်  (၁၉၉၇) ဧကခန့်ပိုမိုစိုက်ပျိုးထား ကြောင်း သိရှိရသည်။ တောင်သူများအနေဖြင့် ရာသီမရွေးစိုက်ပျိုးနိုင်သော ရေဆင်း(၃)ကိုစိုက်ပျိုး ထားရှိပြီး ထွန်ကြောင်းခံ၍ တစ်ဧကမျိုး ၆ ပြည်ကိုကြဲပက်စနစ်ဖြင့် စိုက်ပျိုးထားရှိကြောင်း၊ အပင်ခြေတွင် တန်းကြား(၁၈)လက်မ၊ ပင်ကြား(၄)လက်မထား၍ စိုက်ပျိုးကြောင်း၊ အပင်ပေါက် ညီညာ၍ အပင်ပေါက်ကောင်းစေရန် ထယ်ရေးချရကြောင်း၊ အပင်ခြေတွင် အစိုဓာတ်ကောင်းပြီး စိုက်ပျိုးချိန်မှန်ကန်ပါက အထွက်နှုန်း ပိုမိုကောင်းမွန် ကြောင်းသိရှိရသည်။ ယခင်နှစ်ထွက်နှုန်းမှာ (၇-၈) တင်းခန့်ထွက်ရှိကြောင်း၊ ယခုနှစ် တွင် ရာသီဥတုကောင်းပြီး အစိုဓာတ်ရှိသောကြောင့် ယခင်နှစ်ထက်အထွက်နှုန်း ပိုမိုထွက်ရှိနိုင်မည်ဟု ခန့်မှန်းရကြောင်း ပဲတီစိမ်းစိုက်တောင်သူ တစ်ဦး၏ ပြောပြချက်အရသိရှိရသည်။ ၂၀၂၅ခုနှစ် အောက်တိုဘာ ဒုတိယပတ်တွင် တောင်သာ မြို့နယ်၌ ပဲတီစိမ်းတစ်တင်းလျှင် (၉၃၂၀၀)ကျပ်ပေါက်ဈေးရှိကြောင်း၊ ထွက်ရှိသောပဲတီစိမ်းများကို ဒေသတွင်းစားသုံးရန်နှင့် ပိုလျှံသောပဲများကို မြင်းခြံမြို့၊ မန္တလေးမြို့နှင့် ရန်ကုန် ဘုရင့်နောင် ပွဲရုံများသို့ တင်ပို့ရောင်းချကြောင်း သိရှိရသည်။

DOCA(မန္တလေး)

အောက်တိုဘာလ ဒုတိယပတ် ငါန်းဇွန်မြို့နယ်၏ စက်သုံးဆီရောင်းချမှု အခြေအနေ

ငါန်းဇွန်မြို့နယ်တွင် စက်သုံးဆီအရောင်းဆိုင်(၁၀)ဆိုင်မှ စက်သုံးဆီများကို နေ့စဉ်ပုံမှန်ဖွင့် လှစ် ရောင်းချလျက်ရှိရာ ၂၀၂၅ခုနှစ်၊ အောက်တိုဘာလဒုတိယပတ် စက်သုံးဆီတစ်လီတာ အရောင်း ဈေးနှုန်းများအနေဖြင့် 92 Octance(၂၉၁၅)ကျပ်၊ 95 Octance(၂၉၉၀)ကျပ်၊ ရိုးရိုးဒီဇယ် (၂၆၉၀)ကျပ်၊ ပရီမီယမ် ဒီဇယ်(၃၂၄၀)ကျပ်ဝန်းကျင်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရသည်။

စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ ၁၀-၁၀-၂၀၂၅ရက် နေ့တွင် ထုတ်ပြန်ထားသည့် စက်သုံးဆီတစ်လီတာ၏ သတ်မှတ်ရည်ညွှန်းဈေးများမှာ 92 Octance (၂၈၄၀)ကျပ်၊ 95 Octance(၂၉၁၅)ကျပ်၊ ရိုးရိုးဒီဇယ်(၂၆၁၅)ကျပ်၊ ပရီမီယမ်ဒီဇယ် (၃၁၆၅)ကျပ် ဖြစ်ကြောင်း သိရှိရသည်။

DOCA(မန္တလေး)

အောက်တိုဘာလ ဒုတိယပတ် ကျောက်ပန်းတောင်းမြို့နယ်၏ စက်သုံးဆီရောင်းချမှု အခြေအနေ

   ကျောက်ပန်းတောင်းမြို့နယ်တွင် စက်သုံးဆီအရောင်းဆိုင်(၃၁)ဆိုင်မှ စက်သုံးဆီများကို နေ့စဉ် ပုံမှန်ဖွင့်လှစ် ရောင်းချလျက်ရှိရာ ၂၀၂၅ခုနှစ်၊ အောက်တိုဘာလဒုတိယပတ် စက်သုံးဆီ တစ်လီတာ အရောင်း ဈေးနှုန်းများအနေဖြင့် 92 Octance(၂၈၇၀)ကျပ်၊ 95 Octance(၂၉၇၀)ကျပ်၊ ရိုးရိုးဒီဇယ် (၂၆၄၅)ကျပ်၊ ပရီမီယမ် ဒီဇယ်(၃၁၉၅)ကျပ်ဝန်းကျင်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရသည်။

    စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ ၁၀-၁၀-၂၀၂၅ရက် နေ့တွင် ထုတ်ပြန်ထားသည့် စက်သုံးဆီတစ်လီတာ၏ သတ်မှတ်ရည်ညွှန်းဈေးများမှာ 92 Octance (၂၈၄၀)ကျပ်၊ 95 Octance(၂၉၁၅)ကျပ်၊ ရိုးရိုးဒီဇယ်(၂၆၁၅)ကျပ်၊ ပရီမီယမ်ဒီဇယ် (၃၁၆၅)ကျပ် ဖြစ်ကြောင်းသိရှိရသည်။

DOCA(မန္တလေး)

အောက်တိုဘာလ ဒုတိယပတ် ညောင်ဦးမြို့နယ်၏ စက်သုံးဆီရောင်းချမှု အခြေအနေ

  စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ မှ ၁၀-၁၀-၂၀၂၅ ရက်နေ့တွင် ထုတ်ပြန်ထားသည့် စက်သုံးဆီတစ်လီတာ၏ သတ်မှတ်ရည်ညွှန်းဈေးများမှာ 92 Octance (၂၈၄၀)ကျပ်၊ 95 Octance(၂၉၁၅)ကျပ်၊ ရိုးရိုးဒီဇယ်(၂၆၁၅)ကျပ်၊ ပရီမီယမ်ဒီဇယ် (၃၁၆၅)ကျပ် ဖြစ်ကြောင်း  သိရှိရသည်။

   ညောင်ဦးမြို့နယ်တွင် စက်သုံးဆီအရောင်းဆိုင်(၁၇)ဆိုင်မှ စက်သုံးဆီများကို နေ့စဉ် ပုံမှန်ဖွင့်လှစ် ရောင်းချလျက်ရှိရာ ၂၀၂၅ခုနှစ်၊ အောက်တိုဘာဒုတိယပတ် စက်သုံးဆီတစ်လီတာ အရောင်း ဈေးနှုန်းများအနေဖြင့် 92 Octance(၂၈၇၅)ကျပ်၊ 95 Octance(၃၀၀၀)ကျပ်၊ ရိုးရိုးဒီဇယ် (၂၆၅၅)ကျပ်၊ ပရီမီယမ် ဒီဇယ်(၃၂၂၀)ကျပ်ဝန်းကျင်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရသည်။

DOCA(မန္တလေး)

အောက်တိုဘာလ ဒုတိယပတ် နွားထိုးကြီးမြို့နယ်၏ စက်သုံးဆီရောင်းချမှု အခြေအနေ

  နွားထိုးကြီးမြို့နယ်တွင် စက်သုံးဆီအရောင်းဆိုင်(၁၀)ဆိုင်မှ စက်သုံးဆီများကို နေ့စဉ် ပုံမှန်ဖွင့်လှစ် ရောင်းချလျက်ရှိရာ ၂၀၂၅ခုနှစ်၊ အောက်တိုဘာလဒုတိယပတ် စက်သုံးဆီတစ်လီတာ အရောင်း ဈေးနှုန်းများအနေဖြင့် 92 Octance(၂၈၄၀)ကျပ်၊ 95 Octance(၂၉၁၅)ကျပ်၊ ရိုးရိုးဒီဇယ် (၂၆၁၅)ကျပ်၊ ပရီမီယမ် ဒီဇယ်(၃၁၆၅)ကျပ်ဖြင့် ရည်ညွှန်းဈေးအတိုင်းရောင်းချလျက်ရှိကြောင်း သိရှိ ရသည်။

   စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ ၁၀-၁၀-၂၀၂၅ရက် နေ့တွင် ထုတ်ပြန်ထားသည့် စက်သုံးဆီတစ်လီတာ၏ သတ်မှတ်ရည်ညွှန်းဈေးများမှာ 92 Octance (၂၈၄၀)ကျပ်၊ 95 Octance(၂၉၁၅)ကျပ်၊ ရိုးရိုးဒီဇယ်(၂၆၁၅) ကျပ်၊ ပရီမီယမ်ဒီဇယ် (၃၁၆၅)ကျပ် ဖြစ်ကြောင်း  သိရှိရသည်။

DOCA(မန္တလေး)

အောက်တိုဘာလ ဒုတိယပတ် တောင်သာမြို့နယ်၏ စက်သုံးဆီရောင်းချမှု အခြေအနေ

  တောင်သာမြို့နယ်တွင် စက်သုံးဆီအရောင်းဆိုင်(၁၃)ဆိုင်မှ စက်သုံးဆီများကို နေ့စဉ် ပုံမှန်ဖွင့်လှစ် ရောင်းချလျက်ရှိရာ ၂၀၂၅ခုနှစ်၊ အောက်တိုဘာဒုတိယပတ် စက်သုံးဆီတစ်လီတာ အရောင်း ဈေးနှုန်းများအနေဖြင့် 92 Octance(၂၈၉၀)ကျပ်၊ 95 Octance (၂၉၆၅)ကျပ်၊ ရိုးရိုးဒီဇယ် (၂၆၆၅) ကျပ်၊ ပရီမီယမ် ဒီဇယ်(၃၂၁၅)ကျပ်ဝန်းကျင်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရသည်။

   စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ ၁၀-၁၀-၂၀၂၅ရက် နေ့တွင် ထုတ်ပြန်ထားသည့် စက်သုံးဆီတစ်လီတာ၏ သတ်မှတ်ရည်ညွှန်းဈေးများမှာ 92 Octance (၂၈၄၀)ကျပ်၊ 95 Octance(၂၉၁၅)ကျပ်၊ ရိုးရိုးဒီဇယ်(၂၆၁၅)ကျပ်၊ ပရီမီယမ်ဒီဇယ် (၃၁၆၅)ကျပ် ဖြစ်ကြောင်း  သိရှိရသည်။

DOCA(မန္တလေး)

အောက်တိုဘာလ ဒုတိယပတ် မြင်းခြံမြို့နယ်၏ စက်သုံးဆီရောင်းချမှု အခြေအနေ

    စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ မှ ၁၀-၁၀-၂၀၂၅ ရက်နေ့တွင် ထုတ်ပြန်ထားသည့် စက်သုံးဆီတစ်လီတာ၏ သတ်မှတ်ရည်ညွှန်းဈေးများမှာ 92 Octance (၂၈၄၀)ကျပ်၊ 95 Octance(၂၉၁၅)ကျပ်၊ ရိုးရိုးဒီဇယ်(၂၆၁၅)ကျပ်၊ ပရီမီယမ်ဒီဇယ် (၃၁၆၅)ကျပ်ဖြစ် ကြောင်း သိရှိရသည်။

   မြင်းခြံမြို့တွင် စက်သုံးဆီအရောင်းဆိုင် (၂၈)ဆိုင်မှ စက်သုံးဆီများကို နေ့စဉ်ပုံမှန်ဖွင့်လှစ်ရောင်းချလျက်ရှိရာ ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ ဒုတိယပတ် စက်သုံးဆီတစ်လီတာ အရောင်းဈေးနှုန်းများအနေဖြင့် 92 Octance (၂၉၀၀)ကျပ်၊ 95 Octance (၂၉၇၅)ကျပ်၊ ရိုးရိုးဒီဇယ်(၂၆၇၅)ကျပ်၊ ပရီမီယမ် ဒီဇယ်(၃၂၂၅)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရသည်။

DOCA(မန္တ‌လေး)

ပခုက္ကူမြို့၏ ဘိလပ်‌မြေ၊ ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေး ဈေးနှုန်း အခြေအနေ

   မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့၌အောက်တိုဘာလ (စတုတ္ထပတ်)တွင် ဘိလပ် မြေဈေးနှုန်းများမှာ ယခင်အပတ်ထက် အနည်းငယ်ကျဆင်းပြီး ကြံ့နှစ်ကောင် ဘိလပ်မြေ တစ်အိတ် လျှင် ကျပ်(၂၀၀၀၀) အပါချီ ဘိလပ်မြေ တစ်အိတ်လျှင် ကျပ်(၂၀၀၀၀)ဈေးဖြင့် အရောင်းအဝယ် ဖြစ်လျက် ရှိပြီး ဆိုင်များတွင် လက်ကျန်အခြေအနေ လုံလောက်စွာရှိကြောင်း သိရှိရပါသည်။

          ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ (စတုတ္ထပတ်)တွင်  အသုံးများသော ဓာတ်မြေဩဇာ ဈေးနှုန်း များမှာ  ရွှေနဂါး ယူရီးယား တစ်အိတ်လျှင် ကျပ်(၁၀၅၀၀၀) တရုတ်တီစူပါ သံကွင်း (50)kg ပါ တစ် အိတ်လျှင် ကျပ်(၁၆၀၀၀၀) မြန်မာဩဘာ ရွှေကောမက် (50)kg ပါ တစ်အိတ်လျှင် ကျပ် (၁၅၀၀၀၀) ဩဘာကွန်ပေါင်း (50)kg ပါ တစ်အိတ်လျှင် ကျပ်(၁၈၅၀၀၀) ကောမက်ကွန်ပေါင်း ၁၅း၁၅း၁၅ (50kg)ပါ တစ်အိတ်လျှင် ကျပ်(၁၄၅၀၀၀) တရုတ်အာမို ၁၆း၁၆း၁၆ (50kg)ပါ တစ်အိတ်လျှင် ကျပ်(၁၇၅၀၀၀) အာမို ကွန်ပေါင်း(50)kgပါ တစ်အိတ်လျှင် ကျပ်(၁၅၀၀၀၀) ဈေးဖြင့် အာမိုမှ ထုတ်လုပ်သော ဓာတ်မြေ ဩဇာများမှာ ပို၍အရောင်း အဝယ်ဖြစ်လျက်ရှိပြီး ယခင် အပတ်ထက် ဈေးနှုန်း အနည်းငယ်ကျဆင်း သွားကြောင်း၊ ပိုးသတ်ဆေးဈေးနှုန်းများမှာ အာမိုမက်နီ ဖော့(500)cc တစ်ဘူးလျှင် ကျပ်(၆၅၀၀၀) အာမိုမက်နီဖော့()လီတာတစ်ဘူးလျှင် ကျပ် (၁၁၆၀၀၀) မိုစတား()လီတာတစ်ဘူးလျှင်ကျပ်(၆၆၀၀၀)၊ အာမိုအီမာ(၂၅၀)ccတစ်ဘူးလျှင် ကျပ် (၁၇၀၀၀) (၅၀၀)cc တစ်ဘူးလျှင် ကျပ်(၃၂၀၀၀) ()လီတာ တစ်ဘူးလျှင် ကျပ်(၆၀၀၀၀) ဂျက် ကက်မင်းမဟော် (၁၀၀)cc တစ်ဘူးလျှင် ကျပ်(၁၆၀၀၀) ဩဘာအဆီဖိတ် (500)gပါ တစ်ထုပ်လျှင် ကျပ်(၃၁၀၀၀) ဩဘာငှက်ကြီးတောင်(၁၀၀)cc တစ်ဘူးလျှင် ကျပ်(၃၅၀၀၀) ဩဘာငှက်ကြီး တောင်(၂၅၀)cc တစ်ဘူးလျှင်ကျပ်(၆၀၀၀၀)၊မင်းမဟော်ဖော်ယူဘိုး (500)cc တစ်ဘူးလျှင် ကျပ် (၄၅၀၀၀) (250)cc တစ်ဘူးလျှင် ကျပ်(၂၅၀၀၀) မင်းမဟော် ဂုတ်မက်ပ် (၂၅၀)cc တစ်ဘူးလျှင် ကျပ်(၃၆၅၀၀)(၅၀၀)cc တစ်ဘူးလျှင် ကျပ်(၆၁၀၀၀) ဈေးနှုန်းအသီးသီးဖြင့် ယခင် (ဒုတိယပတ်) ထက် ဈေးနှုန်းအနည်းငယ်ကျဆင်းပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခုအချိန်သည် တောင်သူများ စိုက်ပျိုးချိန်ဖြစ်၍ ပိုးသတ်ဆေးများထက်  ဓာတ်မြေဩဇာများမှာပို၍ အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း လုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

DOCA(မကွေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း