Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ရွှေဘိုဈေးကွက်တွင် ပုဂံပဲဈေးငြိမ်ပြီး ပဲတီဆံဈေး အနည်းငယ်ကျ

       စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်တွင် စပါးကိုအဓိကစိုက်ပျိုးကြပြီး ပဲမျိုးစုံသီးနှံများကို အနည်းငယ်သာစိုက်ပျိုးသော်လည်း သက်ဆိုင်ရာဌာန၏ ၂၀၂၄-၂၀၂၅ခုနှစ် ရွှေဘိုခရိုင် ဆောင်းသီးနှံ စိုက်ပျိုးမှုစာရင်းများအရ ပုဂံပဲစိုက်ပျိုးမှုမရှိဘဲ ပဲတီစိမ်း(၁၀၆၃၄)ဧက စိုက်ပျိုးကြောင်း သိရှိရပါသည်။ ပဲမျိုးစုံအသစ်များမှာ ဒီဇင်ဘာလမှစတင်၍ ဈေးကွက်အတွင်းသို့ ဝင်ရောက်ခဲ့ပြီး ရွှေဘိုမြို့တွင် ရောင်းချသည့် ပုဂံပဲနှင့်ပဲတီဆံများကို အခြားဒေသများမှ မှာယူရောင်းချခြင်းမရှိဘဲ သယ်ယူခ ကုန်ကျစရိတ်များ သက်သာစေရန်  ရွှေဘိုမြို့ရှိ ပွဲရုံများမှဝယ်ယူရောင်းချကြောင်း သိရှိရပါသည်။

       ရွှေဘိုမြို့ဈေးကွက်အတွင်း အောက်တိုဘာလ၊ တိယအပတ်တွင်ရောင်းချသည့် ပုဂံပဲဈေးနှုန်းမှာ ()ပြည်လျှင်(၉၅၀ဝိ/-)ကျပ်နှင့် တစ်တင်းလျှင်(၁၅၂၀၀ဝိ/-)ကျပ်ဖြစ်ကြောင်း၊ ယခင်အပတ်နှင့် ယခု အပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ယခင်အပတ်၌ ပုဂံပဲ(၁)ပြည်လျှင် (၉၅၀ဝိ/-)ကျပ် ပေါက်ဈေးရှိခဲ့သဖြင့် ယခုအပတ်နှင့် ယခင်အပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတူညီကြောင်း၊  ဈေးကွက်အနေဖြင့် ဒေသတွင်းရှိစားသုံးသူများ၊ တစ်ဆင့်ပြန်လည် ရောင်းချမည့်သူများ၊ ပဲပြုတ်ရောင်းချသည့်သူများ၊ အလှူမင်္ဂလာပွဲလမ်းဆောင်ရွက်မည့်သူများမှ ဝယ်ယူကြကြောင်း၊ ဈေးကွက်အတွင်း ပုဂံပဲကို နိုင်လွန်ပဲဟုလည်းခေါ်ကြကြောင်း  ပဲမျိုးစုံရောင်းချသည့် ဆိုင်များမှ သတင်းရရှိပါသည်။

         ရွှေဘိုမြို့ဈေးကွက်အတွင်း အောက်တိုဘာလ၊ တိယအပတ်တွင်ရောင်းချသည့် ပဲတီဆံ ဈေးနှုန်းမှာ ()ပြည်လျှင်(၀ဝိ/-)ကျပ်နှင့် တစ်တင်းလျှင်(၄၇၂၀ဝိ/-)ကျပ်ဖြစ်ကြောင်း၊ ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းတို့ကို နှိုင်းယှဉ်ပါက ယခင်အပတ်၌ ပဲတီဆံ (၁)ပြည်လျှင်(၉၅၀ဝိ/-)ကျပ် ပေါက်ဈေးရှိခဲ့သဖြင့် ယခုအပတ်တွင် ယခင်အပတ်အောက် ပဲတီဆံ(၁)ပြည် လျှင်(၃၀ဝိ/-)ကျပ် ဈေးလျော့နည်းခဲ့ကြောင်း၊ ဈေးကွက်အနေဖြင့် ဒေသတွင်းရှိစားသုံးသူများ၊ တစ်ဆင့်ပြန်လည်ရောင်းချမည့်သူများ၊ အလှူမင်္ဂလာပွဲလမ်းဆောင်ရွက်မည့်သူများမှ ဝယ်ယူကြကြောင်း ပဲမျိုးစုံရောင်းချသည့်ဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

စားတော်ပဲနှင့် စားတော်ပဲလုံးရေစိမ်ဈေး

        စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်တွင် စပါးကိုအဓိကစိုက်ပျိုးကြပြီး ပဲမျိုးစုံသီးနှံများကို အနည်းငယ်သာစိုက်ပျိုးသော်လည်း သက်ဆိုင်ရာဌာန၏ ၂၀၂၄-၂၀၂၅ခုနှစ် ရွှေဘိုခရိုင် ဆောင်းသီးနှံ စိုက်ပျိုးမှုစာရင်းများအရ စားတော်ပဲ(၇၆)ဧကသာ စိုက်ပျိုးကြောင်းသိရှိရပါသည်။ ပဲမျိုးစုံအသစ်များမှာ ဒီဇင်ဘာလမှစတင်၍ ဈေးကွက်အတွင်းသို့ ဝင်ရောက်ခဲ့ပြီး ရွှေဘိုမြို့တွင်ရောင်းချသည့် စားတော်ပဲများကို အခြားဒေသများမှ မှာယူရောင်းချခြင်းမရှိဘဲ သယ်ယူခကုန်ကျစရိတ်များ သက်သာစေရန်  ဒေသတွင်းရှိ ပွဲရုံများမှ ဝယ်ယူရောင်းချကြောင်း သိရသည်။

        ရွှေဘိုမြို့ ဈေးကွက်အတွင်း အောက်တိုဘာလ၊ တိယအပတ်တွင်ရောင်းချသည့် စားတော်ပဲ ဈေးနှုန်းမှာ ()ပြည်လျှင်(၀ဝိ/-)ကျပ်နှင့် တစ်တင်းလျှင်(၄၀၈၀ဝိ/-)ကျပ်ဖြစ်ကြောင်း၊ ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ယခင်အပတ်၌ စားတော်ပဲ (၁)ပြည်လျှင်(၈၇၀ဝိ/-)ကျပ် ပေါက်ဈေးရှိခဲ့သဖြင့် ယခုအပတ်တွင် ယခင်အပတ်ထက် စားတော်ပဲ ()ပြည်လျှင်(၁၀ဝိ/-)ကျပ် ဈေးပိုမိုခဲ့ကြောင်း၊  ဈေးကွက်အနေဖြင့် ဒေသတွင်းရှိ စားသုံးသူများ၊ တစ်ဆင့်ပြန်လည် ရောင်းချမည့်သူများ၊ ပဲပြုတ်ရောင်းချသည့်သူများ၊ လ္ဘက်ရည်ဆိုင်၊ အကြော်ဆိုင်များ၊ အလှူမင်္ဂလာပွဲ လမ်းဆောင်ရွက်မည့်သူများမှ ဝယ်ယူကြကြောင်း ပဲမျိုးစုံရောင်းချသည့်ဆိုင်များမှ သတင်းရရှိပါသည်။

       ရွှေဘိုမြို့ဈေးကွက်အတွင်း အောက်တိုဘာလ၊ တိယအပတ်တွင်ရောင်းချသည့် စားတော်ပဲလုံး ရေစိမ်ဈေးနှုန်းမှာ ()ပြည်လျှင်(၅၀၀ဝိ/-)ကျပ်ဖြစ်ကြောင်း၊  ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတို့ကို နှိုင်းယှဉ်ပါက ယခင်အပတ်၌ စားတော်ပဲလုံးရေစိမ်()ပြည်လျှင်(၅၀၀ဝိ/-) ကျပ်ပေါက်ဈေးရှိခဲ့သဖြင့် ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတူညီကြောင်း၊  နေ့စဉ်စားတော်ပဲလုံး(၈)ပြည်ခန့်ရေစိမ်ရပြီး ဈေးကွက်အနေဖြင့် လ္ဘက်ရည်ဆိုင်၊ အကြော်ဆိုင်များ၊ ဒေသတွင်းရှိစားသုံးသူများ၊ တစ်ဆင့်ပြန်လည် ရောင်းချမည့်သူများမှ ဝယ်ယူကြကြောင်း ပဲမျိုးစုံ ရောင်းချသည့်ဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ကုလားပဲဆံဈေးအနည်းငယ်တက်ပြီး ကုလာပဲလုံးဈေးမှာငြိမ်နေ

       စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်တွင် စပါးကိုအဓိကစိုက်ပျိုးကြပြီး ပဲမျိုးစုံသီးနှံများကို အနည်းငယ်သာစိုက်ပျိုးသော်လည်း သက်ဆိုင်ရာဌာန၏ ၂၀၂၄-၂၀၂၅ခုနှစ် ရွှေဘိုခရိုင် ဆောင်းသီးနှံ စိုက်ပျိုးမှုစာရင်းများအရ ကုလားပဲ(၃၀၁၄၃)ဧကစိုက်ပျိုးကြောင်း သိရှိရပါသည်။ ပဲမျိုးစုံအသစ်များမှာ ဒီဇင်ဘာလမှစတင်၍ ဈေးကွက်အတွင်းသို့ ဝင်ရောက်ခဲ့ပြီး ရွှေဘိုခရိုင်အနေဖြင့် ကုလားပဲစိုက်ပျိုးမှု ရှိသော်လည်း ထွက်ရှိသည့်ကုလားပဲများကို ကုန်ကြမ်းအဖြစ်သာရောင်းချပြီး ပဲခွဲစက်ဖြင့်ခွဲ၍ ကုလားပဲဆံများထုတ်လုပ်ရောင်းချမှုမရှိသည့်အတွက် ရွှေဘိုမြို့တွင်ရောင်းချသည့် ကုလားပဲဆံများကို မန္တလေးမြို့မှ ဝယ်ယူရောင်းချပြီး ကုလားပဲလုံးများကို အခြားဒေသများမှ မှာယူရောင်းချခြင်းမရှိဘဲ သယ်ယူခ ကုန်ကျစရိတ်များ သက်သာစေရန်  ဒေသတွင်းရှိ ပွဲရုံများမှဝယ်ယူရောင်းချကြကြောင်း သိရှိရပါသည်။

              ရွှေဘိုမြို့ ဈေးကွက်အတွင်း အောက်တိုဘာလ၊ တိယအပတ်တွင် ရောင်းချသည့် ကုလားပဲဆံ ဈေးနှုန်းမှာ ()ပြည်လျှင်(၈၃၀ဝိ/-)ကျပ်နှင့် တစ်တင်းလျှင်(၁၃၂၈၀ဝိ/-)ကျပ်ဖြစ်ကြောင်း၊ ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ယခင်အပတ်၌ ကုလားပဲဆံ (၁)ပြည်လျှင်(၈၁၀ဝိ/-)ကျပ် ပေါက်ဈေးရှိခဲ့သဖြင့်  ယခုအပတ်တွင်  ယခင်အပတ်ထက် ကုလားပဲဆံ ()ပြည်လျှင်(၂၀ဝိ/-)ကျပ်ဈေးပိုခဲ့ကြောင်း၊ ဈေးကွက်အနေဖြင့် တစ်ဆင့်ပြန်လည်ရောင်းချမည့်သူများ၊ ကိုယ်တိုင်ကြော်သည့် ကုလားပဲဆံကြော်ဖိုများ၊ အလှူမင်္ဂလာပွဲလမ်း ဆောင်ရွက်မည့်သူများမှ ဝယ်ယူကြကြောင်း ပဲမျိုးစုံရောင်းချသည့်ဆိုင်များမှ သတင်းရရှိပါသည်။

           ရွှေဘိုမြို့ ဈေးကွက်အတွင်း အောက်တိုဘာလ၊ တိယအပတ်တွင်ရောင်းချသည့် ကုလားပဲလုံး ဈေးနှုန်းမှာ ()ပြည်လျှင်(၆၀၀ဝိ/-)ကျပ်နှင့် တစ်တင်းလျှင်(၉၆၀၀ဝိ/-)ကျပ်ဖြစ်ကြောင်း၊ ကုလားပဲလုံးမှာ အဖြူရောင်နှင့် အဝါရောင်နှစ်မျိုးရှိပြီး ရောင်းချရသည့်ဈေးနှုန်းမှာလည်း တူညီကြောင်း၊ ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းတို့ကို နှိုင်းယှဉ်ပါက ယခင်အပတ်၌ ကုလားပဲလုံး (၁)ပြည်လျှင်(၆၀၀ဝိ/-)ကျပ် ပေါက်ဈေးရှိခဲ့သဖြင့် ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတူညီပြီး ဈေးငြိမ်နေကြောင်း၊  ဧပြီလ၊ စတုတ္ထအပတ်မှစတင်၍ ယခုအချိန်ထိ အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းတူညီပြီး ဈေးငြိမ်နေကြောင်း၊  ဈေးကွက်အနေဖြင့် ဒေသတွင်းရှိ စားသုံးသူများ၊ တစ်ဆင့်ပြန်လည်ရောင်းချမည့်သူများ၊ ကုလားပဲသုတ်ရောင်းချသူများမှ ဝယ်ယူကြကြောင်း ပဲမျိုးစုံရောင်းချသည့်ဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 “ ကော့မှူးမြို့နယ်၌မိုးစပါးစိုက်ဧက (၈၈၀၈၇)စိုက်ပျိုးပြီးအောင်မြင်ဖြစ်ထွန်း ”

            ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်၌ ယခုနှစ်မိုးစပါးသီးနှံစိုက်ပျိုးရာသီ (၂၀၂၄-၂၀၂၅)ခုနှစ်တွင် မိုးစပါးဧက (၈၈၀၈၇)စိုက်ပျိုးပြီး စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း လျက်ရှိကြောင်း သိရသည်။

          ကော့မှူးမြို့နယ်အတွင်းရှိ ကျေးလက်နေတောင်သူများ အနေဖြင့် မိုးစပါးစိုက်ပျိုးဧက (၈၈၀၈၇)လျာထားခဲ့ပြီး ရာနှုန်းပြည့် စိုက်ပျိုးနိုင်ခဲ့ပြီး အဆိုပါ စိုက်ပျိုးထားသည့် စပါးများ အထွက်နှုန်းညီစေရေး၊ စပါးအရည်အသွေး ကောင်းမွန်စေရေးစသည့် လုပ်ငန်းများကို စိုက်ပျိုးရေး ဌာနနှင့် စိုက်ပျိုးထုတ်လုပ်မှု ကြီးကြပ်ရေးအဖွဲ့မှ သီးနှံပေါ်ပေး သွင်းအားစုဓာတ်မြေဩဇာ ဖြန့် ဖြူးပံ့ပိုး ကူညီဆောင်ရွက်ပေးခဲ့သည့်အတွက် ဒေသခံတောင်သူများ စိုက်ပျိုးထားသည့်မိုးစပါး စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး ပန်းတိုင်အထွက်နှုန်းပြည့်မီကျော်လွန်အောင် မိုးစပါး စိုက်ပျိုးမှုဖြင့် နိုင်ငံ့စီးပွားတိုးတက်လျက်ရှိကာ ဒေသခံတောင်သူများ အနေဖြင့်လည်း ထပ်တူ အကျိုးခံစားရ၍ အကျိုးစီးပွားဖြစ်ထွန်းလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

တနင်္သာရီတိုင်း၊မြိတ်မြို့ပေါ်ရှိ နာနတ်သီးဈေးနှုန်း

  တနင်္သာရီမြို့နယ်မှ ထွက်ရှိသောနာနတ်သီးများကို ကားလမ်းဖြင့် သယ်ယူလာ၍ မြိတ်မြို့ ပေါ်ရှိ ဈေးများတွင် ရောင်းချကြပါသည်။ နာနတ်သီးသည် မိုးရာသီတွင် အများအပြားထွက်ရှိပါသည်။ နာနတ်သီးစားသုံးခြင်းဖြင့် ခန္ဓာကိုယ်ခွန်အားကို တိုးမြှင့်ပေးပြီး ရေဓါတ်ဖြည်တင်းပေးခြင်း သွေးလည် ပတ်မှုကောင်းစေခြင်း၊ နာပိတ်ခြင်းကိုသက်သာစေခြင်း၊ ခန္ဓာကိုယ်ရောင်ရမ်းခြင်းမှ ကာကွယ်ပေး ခြင်း၊ ဗီတာမင်ဘီကြွယ်ဝစေခြင်း၊ အရိုးအကြောသန်မာခြင်းစသည့် အကျိုးကျေးဇူးများရရှိခြင်း ကြောင့် စားသုံးသူများ ကြိုက်နှစ်သက်သောအသီးဖြစ်ပါသည်။

   အောက်တိုဘာလတတိယပတ်တွင် ရောင်းချနေသော မြိတ်မြို့နယ်ရှိ နာနတ်သီးအသေး တစ်လုံးလျှင် (၅၀၀၀)ကျပ်၊ အကြီးတစ်လုံးလျှင် (၈၀၀၀)ကျပ်ခန့် ဈေးရရှိကြောင်း ကုန်စိမ်း ရောင်းချသူများထံမှ သိရှိရပါသည်။

DOCA(တနင်္သာရီ)

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ပေါ်ရှိ နဂါးမောက်သီးနှင့် မာလကာသီးဈေးနှုန်း

  တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့တွင် နဂါးမောက်သီးနှင့် မာလကာသီးများကို ရန်ကုန်နှင့် အခြားမြို့များမှ အဓိကမှာယူရောင်းချလျက်ရှိပြီး ဒေသတွင်းတစ်နိုင်တစ်ပိုင်စိုက်ပျိုး လျက်ရှိကြပါသည်။ ၎င်းနဂါးမောက်သီးနှင့် မာလကာသီးကို  မြိတ်မြို့ရှိဈေးကြီးများနှင့် လမ်းဘေး သစ်သီးဆိုင်များတွင်အများဆုံး ရောင်းချနေကြောင်း သိရှိရပါသည်။ နဂါးမောက်သီးတွင် ခရမ်းရောင် အသီးနှင့် အဖြူရောင်းအသီးအဖြစ်နှစ်မျိုးရှိသည်။ အနီရောင်နဂါးမောက်သီးနှင့် အဖြူရောင် နဂါး မောက်သီးတွင် အနီရောင်နဂါးမောက်သီးမှာ ပို၍လူကြိုက်များလျက်ရှိပြီး စျေးနှုန်းအရ အနီရောင် နဂါးမောက်သီးမှာ စျေးကောင်းရရှိကြောင်းသိရှိရပါသည်။

  ၂၀၂၅ ခုနှစ် အောက်တိုဘာလ တတိယပတ်တွင် မြိတ်မြို့ပေါ်ရှိ ဈေးနှုန်းမှာ နဂါးမောက်သီး (အဖြူ)ဈေးနှုန်း တစ်လုံးလျှင် (၂၅၀၀)ကျပ်၊ နဂါးမောက်သီး(အနီ)ဈေးနှုန်း တစ်လုံးလျှင်(၃၀၀၀) ကျပ်ရှိပြီး မာလကာသီးတစ်လုံးလျှင် (၁၅၀၀)ကျပ် မှ (၂၀၀၀)ကျပ်ရှိ ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ပြည်မြို့၏ဈေးကောင်းရနေတဲ့ သင်္ဘောသီးအစိမ်းဈေးကွက်

   သင်္ဘောပင်သည် နေရာဒေသမရွေး ပေါက်ရောက်ရှင်သန်နိုင်သော အပင်မျိုးဖြစ်ပါသည်။ သင်္ဘောသီးသည် လူတို့၏ ကျန်းမာအသက်ရေးအတွက် အဖိုးတန်သောအသီး၊ အာဟာရဓါတ်အလွန် များပြားသော အသီးအဖြစ်ကျော်ကြားလှပါသည်။ သင်္ဘောပင်စိုက်ပျိုးရာတွင် အပင်သက်တမ်း ခုနစ်လ မှစ၍ အသီးစတင်ခူးဆွတ်လေ့ရှိကြောင်း၊ သင်္ဘောပင်၏ သက်တမ်းကို နှစ်နှစ်သား အထိထားလေ့ရှိပြီး သင်္ဘောပင်ကို စီးပွားဖြစ် အများဆုံးစိုက်ပျိုး ကြပါသည်။  သင်္ဘောပင်မျိုးတွင် မြန်မာမျိုးနှင့် ထိုင်ဝမ် မျိုးဟု၍ နှစ်မျိုးရှိပါသည်။ ယခုအခါ ထိုင်ဝမ်သင်္ဘောသီးကို စီးပွားဖြစ် စိုက်ပျိုးလာကြပါသည်။ သင်္ဘောသီးအစိမ်းအလုံး အချော၊ အသေးပေါ်မူတည်ပြီး အချောအလုံးကြီးတစ်လုံးလျှင် ကျပ် (၁၅၀၀ -  ၂၀၀၀)၊ သင်္ဘောသီးအလတ်တစ်လုံးလျှင် ကျပ် (၁၀၀၀ - ၁၅၀၀)၊ သင်္ဘောသီးအသေးတစ်လုံးလျှင် (၅၀၀ - ၈၀၀) အထိရှိပြီး သင်္ဘောသီးအစိမ်းကို စားသုံးသူများက သရေစာအဖြစ်ထောင်း၍လည်းကောင်း၊ သုပ်၍လည်းကောင်း မျိုးစုံပြုလုပ် စားသုံးကြပါသည်။ ပြည်မြို့ရှိ အသုပ်ဆိုင်များ၊ ရခိုင်အစားအသောက် ရောင်းချသည့်ဆိုင်များ တွင်လည်းကောင်း၊ အချို့စားသောက်ဆိုင်များတွင် ယိုးဒယားသင်္ဘောသီးထောင်း အဖြစ် တွင်တွင်ကျယ်ကျယ်ရောင်းချကြပြီး အရောင်းအဝယ်ကောင်းသည့်အတွက် ပြည်မြို့တွင် သင်္ဘောသီးအစိမ်းမှာ ဈေးကောင်းရပြီး အရောင်းအဝယ်သွက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

ဆေးဖက်ဝင်တဲ့ မာလကာအူနီသီး

  မာလကာပင်ကို မြန်မာနိုင်ငံအနှံ့အပြားတွင် အများအပြား ပေါက်‌ရောက်လျက်တွေ့ရှိရသည်။ မာလကာမင် အမျိုးအစားအမျိုးအမျိုးလည်းရှိပါသည်။ မာလကာအူနီသီးလေးများတွင် အတွင်းသား ပန်းရောင်သမ်းနေတဲ့ အူနီလေးတွေက ပိုဆေးဖက်ဝင် တယ်လို့ရှေးလူကြီးတွေပြောလေ့ရှိပါတယ်။ ဆေးဖက်ဝင်တဲ့မာလကာအူနီသီးများတွင် ကျန်းမာရေး အတွက် သွေးတွင်းသကြားဓါတ်ကျစေခြင်း၊ နှလုံးကျန်းမာစေခြင်း၊ အစာခြေစနစ်အတွက်ကောင်း‌မွန်စေခြင်း၊ ကိုယ်ခံအားမြှင့်တင်ပေးခြင်း စသော  ကောင်းကျိုးများစွာလည်း ရှိပါသည်။ ပြည်မြို့နယ်အတွင်းရှိ မာလကာသီးများကို ဈေးကြီး များနှင့် လမ်းဘေးဈေးသည်များတွင် ရောင်းချလျက်ရှိကြောင်း တွေ့ရှိကြပါသည်။ မာလကာသီး အူနီသီး တစ်လုံးလျှင် (၄၀၀-၈၀၀)ကျပ်ထိ ရှိကြောင်း သီးနှံရောင်းချနေသူများထံမှ သိရှိရပါသည်။

DOCA(ပဲခူး)

ပြည်ခရိုင်၊ ပြည်မြို့နယ်ရှိ မိုးနှမ်းများစိုက်ပျိုးကုန်ကျစရိတ်နှင့် အကျိုးအမြတ်

    ပြည်ခရိုင်အနေဖြင့် မိုးနှမ်း များကို ဇွန်လဆန်းပိုင်း တွင် စတင် စိုက်ပျိုးပြီး ဩဂုတ်လတွင် စတင်ထွက်ပေါ်လာသဖြင့် ရိတ်သိမ်းခဲ့ပါသည်။ မိုးနှမ်းတစ်ဧက လျှင် စိုက်ပျိုး ထုတ်လုပ် ကုန်ကျ စရိတ်အနေဖြင့် ပျမ်းမျှ(၆၀၀၀၀၀)ကျပ် ခန့် ကုန်ကျပြီး အတွက်နှုန်း အနေဖြင့် (၁၀)တင်းနှုန်း ထွက်ရှိကြောင်း သိရှိရပါသည်။ ယခုအချိန်ဖြစ်သော အောက်တိုဘာလ ဒုတိယအပတ်တွင် နှမ်းနက် တစ်တင်းလျှင်ရောင်းဈေးမှာ (၂၀၀၀၀၀)ကျပ်ဖြင့် ရောင်းချခဲ့သဖြင့် တစ်ဧက ပျမ်းမျှအကျိုး အမြတ် အနေဖြင့် (၁၄)သိန်းကျပ်ခန့်ရရှိသည်ဟု သိရပါသည်။

   မိုးနှမ်းစိုက်တောင်သူများများအနေဖြင့် ယခင်နှစ်တွင် စိုက်ပျိုးထုတ်လုပ် ကုန်ကျစရိတ် အနေဖြင့် တစ်ဧကလျှင် (၅၀၀၀၀၀)ကျပ်ဝန်းကျင် ကုန်ကျ၍ အတွက်တင်းမှာ (၈)တင်းခန့် ထွက်ရှိပါသည်။ တစ်တင်းရောင်းဈေးအနေဖြင့် (၁၀၅၀၀၀)ကျပ်ရရှိသဖြင့် တစ်ဧက အကျိုးအမြတ် မှာ (၃၄၀၀၀၀)ကျပ်သာ ရရှိကြောင်း သိပါသည်။ ယခုနှစ်တွင် ကုန်ကျစရိတ်များပေမယ့် အထွက် နှုန်းကောင်း၊ ဈေးနှုန်းကောင်းသဖြင့် အမြတ်အစွန်းများ ပိုမိုရရှိလာတာဖြစ်ကြောင်း သိရပါ သည်။ ထို့ကြောင့် နောက်နှစ်များတွင်လည်း မိုးနှမ်းစိုက်ဧကကို တိုး၍စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရပါသည်။

DOCA(ပဲခူး)

ပြည်ဈေးကွက်တွင်ပန်းတိမ်မနိုင်ပန်းဈေးများကျဆင်းလာ

      ပြည်မြို့ရှိဈေးကွက်များတွင် ဘုရားပန်းများကပ်လှူပူဇော်ရန် တာရှည်လမ်းအထားခံ လှလည်းလှသော ပန်းတိမ်မနိုင်ပန်းများ သော အောက်တိုဘာလ ဒုတိယပတ်တွင် ဈေးနှုန်းများ ကျဆင်းလာသဖြင့် ဝယ်ယူ၍ ကပ်လှူသူများ များပြားလျှက်ရှိပါသည်။ ပေါ်ခါစ အချိန်ဖြစ်သော ဇွန်၊ ဇူလှိုင်လတွင် (၁၀)တံပါတစ်စည်းလျှင် (၆၀၀၀)ကျပ်မှ (၇၀၀၀)ကျပ် အထိရောင်းချကြပါသည်။ အောက်တိုဘာလ ဒုတိယပတ်တွင် (၁၀)တံပါတစ်စည်းလျှင် (၃၅၀၀)ကျပ်ဖြင့်ရောင်းချသဖြင့် တစ်စည်းလျှင် ထက်ဝက်ခန့် ဈေးနှုန်းများကျဆင်းလာတာတွေ့ရပါသည်။ ပန်းများကို ပြည်ဈေးကွက်သို့ တောင်ကြီးဘက်မှဝင်ရောက်မှုရှိသလို ရွှေတောင်မြို့နယ်နှင့် ပေါင်းတည်မြို့နယ် ဘက်မှ ဝင်ရောက်လာတာတွေ့ရပါသည်။ အရောင်းအဝယ်ဖြစ်မှုမှာလည်း ဝါလကင်းလွတ် သီတင်းကျွတ်ချိန် အလှူ၊ မင်္ဂလာများရှိ၍ နေ့စဉ်အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း