Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ဘားအံမြို့ပေါ်ရှိ ထောပတ်သီးဈေးနှုန်းအခြေအနေ

    ၂၀၂၃ ခုနှစ် အောက်တိုဘာ လဆန်းပိုင်းမှ စ၍ ကရင်ပြည်နယ်၊ ဘားအံမြို့ပေါ်ရှိ ဈေးများသို့  ရှမ်းပြည်နယ်၊ တောင်ကြီး၊ ကလော၊ အောင်ပန်းစသည့် တောင်ပေါ်ဒေသများမှ ထောပတ်သီးများ လှိုင်လှိုင်ဝင်ရောက်လျက်ရှိကြောင်း သိရသည်။ ဒီဇင်ဘာလစတုတ္တပတ်တွင် ထောပတ်သီးစျေးနှုန်းမှာ ဒေသသီး(၁)ကီလိုလျှင် ၂၀၀၀ ကျပ်မှ ၂၅၀၀ ကျပ် နိုင်ငံခြားမျိုး (Hass)သီး (၁)ကီလို လျှင် ၃၀၀၀ ကျပ်မှ ၃၅၀၀ ကျပ် ဖြင့် အသီးသီး အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရသည်။

   ထောပတ်သီးတွင် ဗီတာမင် K၊ ဗီတာမင်C၊ ဗီတာမင် B5၊ ဗီတာမင် B6၊ ဗီတာမင် E တို့ အပြင် အခြားဗီတာမင်ဓါတ်တွေလည်းများစွာပါဝင်ပါသည်။ ထောပတ်သီးစားသုံးခြင်းဖြင့်  အဆီကျစေခြင်း၊ ခုခံအားကို တိုးမြှင့်ပေးခြင်း၊ သွေးပေါင်ချိန်ကို ထိန်းညှိပေးခြင်း၊ ကိုယ်အလေးချိန်ကို လျော့ချစေခြင်း၊ ပိုတက်စီယမ်ဓာတ်ကြွယ်ဝစွာပါဝင်ခြင်း၊ ဆံသားနှင့်အရေပြားကို ကျန်းမာစေခြင်း၊ သွေးတွင်း သကြားဓာတ်ကိုထိန်းညှိပေးခြင်း၊ အစောချေစနစ်အတွက် အထောက်အကူပြုခြင်း၊ ဝမ်းချုပ်ခြင်းကို ကာကွယ်နိုင်ပြီး ဝမ်းမှန်စေခြင်းစသည့် အကျိုးကျေးဇူးများလည်း ရရှိပါသည်။ ယခုအခါတွင် ထောပတ်သီးကို စားသုံးခြင်းအပြင် အရေပြားနှင့် အလှအပရေးရာများတွင်လည်း ထည့်သွင်း အသုံးပြုကြကြောင်း  လေ့လာသိရှိရပါသည်။

DOCA(ကရင်)

ကန့်ဘလူ၊ ကျွန်းလှမြို့တို့၌ ဒီဇင်ဘာလ နောက်ဆုံးပတ်တွင်ရောင်းချနေသော အခြေခံစားသောက်ကုန်များ၏ ဈေးနှုန်းအခြေအနေ

    ကန့်ဘလူ၊ ကျွန်းလှမြို့တို့တွင် ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ နောက်ဆုံးပတ်အတွင်း အရောင်းအဝယ်ဖြစ်နေသော အခြေခံစားသောက်ကုန်ဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်းတစ်ပြည်လျှင် (၅၇၀၀)ကျပ်၊ ဧရာမင်းတစ်ပြည်လျှင် (၅၅၀၀)ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပြီး အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ကြက်သွန်နီ လက်လီဈေးမှာ အကြီး/အသေးပါ်မူတည်၍ တစ်ပိဿာလျှင် (၄၀၀၀/၃၅၀၀)ကျပ်၊ ကြက်သွန်ဖြူ လက်လီဈေးမှာ (ဗမာ) အလုံးကြီးတစ်ပိဿာလျှင် (၁၅၀၀၀)ကျပ်၊ အလုံးသေးတစ်ပိဿာလျှင် (၁၃၀၀၀)ကျပ်၊ ကြက်သွန်ဖြူ (ကြူကုတ်) တစ်ပိဿာလျှင် (၁၃၀၀၀) ကျပ်၊ ချင်းတစ်ပိဿာလျှင် (၅၅၀၀) ကျပ်၊ ငရုတ်သီးခြောက်တစ်ပိဿာလျှင် (၁၄၀၀၀)ကျပ်၊ အာလူးအသေး/အကြီး အမျိုးအစားအလိုက် တစ်ပိဿာလျှင် (၃၅၀၀/၃၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

     ငရုတ်သီးစိမ်းတစ်ပိဿာလျှင် (၄၀၀၀)ကျပ်၊ ခရမ်းချဉ်သီးတစ်ပိဿာလျှင် အလုံးအကြီး/အသေးပေါ်တူတည်၍ (၁၅၀၀/၁၃၀၀)ကျပ်၊ ခရမ်းသီးတစ်ပိဿာလျှင် (၁၅၀၀) ကျပ်၊ ပန်းဂေါ်ဖီတစ်ပွင့်လျှင်  (၁၃၀၀/၁၅၀၀) ကျပ်၊ ဂေါ်ဖီထုပ်တစ်ထုပ်လျှင် (၁၃၀၀/၁၅၀၀) ကျပ်၊ ခါကြက်ဥ(တရုတ်) တစ်ပိဿာလျှင် (၇၀၀၀)ကျပ်၊ ခါကြက်ဥ (ဗမာ) တစ်ပိဿာလျှင် (၃၀၀၀)ကျပ်၊ သံပရာသီးတစ်လုံးလျှင် (၁၅၀) ကျပ်မှ (၃၀၀) ကျပ်၊ ကန်စွန်းရွက်တစ်စည်းလျှင် (၁၅၀) ကျပ်၊ ပဲတောင့်ရှည်တစ်စည်းလျှင် (၂၅၀)ကျပ်နှုန်းဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်းသိရှိရပါသည်။

        ကြက်ဥ လက်လီဈေးနှုန်းမှာ (အကြီး)တစ်လုံးလျှင် (၂၅၀)ကျပ်၊ (အသေ)တစ်လုံးလျှင် (၂၃၀) ကျပ်၊ ဘဲဥတစ်လုံးလျှင် (၄၀၀)ကျပ်ရှိသည်။  ကန့်ဘလူ၊ ကျွန်းလှမြို့တို့တို့တွင်ဖြစ်ပေါ်နေသော အသားငါးဈေးနှုန်းများမှာ ကြက်သား (cp) တစ်ပိဿာလျှင် (၁၄၀၀၀)ကျပ်၊ ကြက်သား(ဗမာ) တစ်ပိဿာလျှင် (၁၅၀၀၀)ကျပ် ၊ ဝက်သားတစ်ပိဿာလျှင် (၁၆၀၀၀) ကျပ်၊ အမဲသားတစ်ပိဿာလျှင် (၁၄၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းတွေ့ရှိရပါသည်။ ငါးကြင်းအကောင်လိုက်တစ်ပိဿာလျှင် (၉၅၀၀) ကျပ်၊ ငါးကြင်းခုတ်သားတစ်ပိဿာလျှင်  (၁၆၀၀၀) ကျပ်၊ တီလားဗီးယားငါးအသေးတစ်ပိဿာလျှင် (၄၀၀၀)ကျပ် ၊ အကြီးတစ်ပိဿာလျှင် (၇၀၀၀)ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်းသိရပါသည်။

        စားသုံးဆီဈေးနှုန်းမှာ မြေပဲဆီသန့်တစ်ပိဿာလျှင် (၁၄၀၀၀)ကျပ် ၊စားအုန်းဆီတစ်ပိဿာလျှင် (၅၇၀၀) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်းသိရသည်။

     ဒီဇင်ဘာလ နောက်ဆုံးပတ်အတွင်းဖြစ်ပေါ်နေသော အခြေခံစားသောက်ကုန်ဈေးနှုန်းများကို ယခင်အပတ်ဈေးနှုန်းများနှင့်နှိုင်းယှဉ်ကြည့်လျှင် အခြားအခြေခံစားသောက်ကုန်ဈေးနှုန်းများဖြစ်သည့် ဆန်ဈေးများမှာ အနည်းငယ်မြင့်တက်လာခဲ့ပြီး အသားငါးဈေးနှုန်းများနှင့် အသီးအရွက်ဈေးနှုန်းများမှာ တည်ငြိမ်လျက်ရှိကြောင်း ကန့်ဘလူမြို့မဈေးရှိ ဈေးရောင်းချသူများထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့အတွင်း ဒီဇင်ဘာလ နောက်ဆုံးပတ်တွင်ဖြစ်ပေါ်လျက်ရှိသော ငါးဈေးနှုန်းများ

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးအနေဖြင့် “ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများဖြင့် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်”ဆိုသည့် ဌာန၏မျှော်မှန်းချက်တာဝန်ကိုလည်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ကန့်ဘလူမြို့၊ မြို့မဈေးတွင် ငါးမျိုးစုံရောင်းချလျက်ရှိပြီး ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ နောက်ဆုံးပတ်အတွင်းဖြစ်ပေါ်နေသော ငါးလက်လီဈေးနှုန်းများမှာ ငါးရံ့အကောင်လိုက်တစ်ပိဿာလျှင် (၁၀၀၀၀)ကျပ်၊ တီလားဗီးယားအကောင်သေးတစ်ပိဿာလျှင် (၄၀၀၀)ကျပ်၊ တီလားဗီးယားအကောင်ကြီးတစ်ပိဿာလျှင် (၇၀၀၀)ကျပ်၊ ငါးကြင်းတစ်ပိဿာလျှင် (၉၅၀၀)ကျပ်၊ ငါးဖယ်တစ်ပိဿာလျှင် (၈၀၀၀)ကျပ်၊ ငါးမုတ်တစ်ပိဿာလျှင် (၆၅၀၀)ကျပ်၊ ငါးမြင်းတစ်ပိဿာလျှင် (၆၅၀၀)ကျပ်၊ ငါးဘတ်တစ်ပိဿာလျှင် (၂၅၀၀၀)ကျပ်၊ ငါးဂျောင်းတစ်ပိ ဿာလျှင် (၁၂၀၀၀)ကျပ်၊ ငါးအုံတုံတစ်ပိဿာလျှင် (၁၁၀၀၀)ကျပ်၊ ငါးအုံတုံခုတ်သားတစ်ပိဿာ လျှင်  (၁၈၀၀၀)ကျပ်၊ ငါးမြင်းခုတ်သားတစ်ပိဿာလျှင် (၁၀၀၀၀)ကျပ်၊ ငါးကြင်းခုတ်သားတစ်ပိဿာလျှင် (၁၆၀၀၀)ကျပ်၊ ငါးဖယ်ခြစ်တစ်ပိဿာလျှင် (၂၀၀၀၀)ကျပ်၊  ပုစွန်ထုပ်တစ်ပိဿာလျှင် (၃၅၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

    ၎င်းငါးဈေးနှုန်းများကို ဒီဇင်ဘာလ စတုတ္ထပတ်ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက ငါးဘတ်တစ်ပိဿာလျှင် (၅၀၀၀)ကျပ်ဈေးနှုန်းမြင့်တက်ကာ ငါးရံ့အကောင်လိုက်တစ်ပိဿာလျှင် (၂၀၀၀)ကျပ်၊ တီလားဗီးယားအကောင်သေးတစ်ပိဿာလျှင် (၁၀၀၀)ကျပ်၊ တီလားဗီးယားအကောင်ကြီးတစ်ပိဿာလျှင် (၅၀၀)ကျပ်၊ ငါးမြင်းတစ်ပိဿာလျှင် (၅၀၀)ကျပ်ဈေးနှုန်းကျဆင်လာခဲ့းပြီး  ကျန်ငါးဈေးနှုန်းများ မှာ ပုံမှန်အတိုင်း အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း  ကန့်ဘလူမြို့မဈေးအတွင်းရောင်းချလျက်ရှိသော ငါးဒိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

                                                                                

ကန့်ဘလူမြို့တွင်ရောင်းချလျက်ရှိသော သစ်သီးဝလံဈေးနှုန်းများ

      ကန့်ဘလူမြို့တွင်ရောင်းချနေသော သစ်သီးဝလံများမှာ ကန့်ဘလူမြို့နယ်၊ ကျွန်းလှမြို့နယ်၊ မြစ်ကြီးနားမြို့နှင့် မန္တလေးမြို့ရှိ သစ်သီးပွဲရုံများမှ အသီးသီးဝင်ရောက်လျက်ရှိသည်။

    ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ နောက်ဆုံးပတ်တွင်ဖြစ်ပေါ်လျက်ရှိသော သစ်သီးဝလံဈေးနှုန်းများမှာ ပန်းသီး(ရိုးရိုး) အသေး(၁)လုံးလျှင် (၈၀၀မှ ၁၀၀၀)ကျပ်ထိ၊ ပန်းသီး(ရိုးရိုး) အကြီး (၁)လုံးလျှင် (၂၀၀၀မှ ၃၀၀၀)ကျပ်ထိ၊  စပျစ်သီး(အလုံးကြီး) (၁)ပိဿာလျှင် (၂၀၀၀၀)ကျပ်၊ ပန်းသစ်တော်သီး (၁)လုံးလျှင် (၂၅၀၀)ကျပ်၊  ဖီးကြမ်းငှက်ပျောသီး (၁)ဖီးလျှင် (၁၅၀၀)ကျပ်၊ ခွန်စိမ်း ရိုးရိုး (၁) ဖီးလျှင် (၁၅၀၀မှ ၃၀၀၀)ကျပ်ထိ၊ မက်မန်းသီး(၁)ပိဿာလျှင် (၄၅၀၀)ကျပ်၊ ထောပတ်သီး (၁)လုံးလျှင် (၇၀၀)ကျပ်၊ ပျားလိမ္မော်သီး (၁)ပိဿာလျှင် (၈၀၀၀)ကျပ်၊ ရွှေလိမ္မော် သီး(၁)ပိဿာလျှင် (၁၂၀၀၀)ကျပ်၊ သခွားမွှေး(၁)လုံးလျှင် (၄၀၀၀)ကျပ်၊ ပဲစိမ်းစားဥ(၁)တွဲလျှင် (၁၀၀၀မှ ၁၅၀၀)ကျပ်ထိဖြင့် အသီးသီးအရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကန့်ဘလူမြို့တွင် ရောင်းချလျက်ရှိသော သစ်သီးဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

ကန့်ဘလူမြို့အတွင်း ဒီဇင်ဘာလ နောက်ဆုံးအပတ်တွင်ဖြစ်ပေါ်လျက်ရှိသော အိမ်သုံးဆေးဝါးဈေးနှုန်းများ

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့၌ ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ နောက်ဆုံးပတ်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော အိမ်သုံးဆေးဝါးများ၏ဈေးနှုန်းများမှာ Decolgen (၁၀) လုံးပါ(၁)ကတ်လျှင် (၂၅၀၀)ကျပ်၊ Paracetamol (၁၀)လုံးပါ (၁)ကတ်လျှင် (၅၀၀)ကျပ်၊ Civit အလုံး (၁၀၀)ပါ(၁)ဘူးလျှင် (၃၂၀၀)ကျပ်၊ Burmeton အလုံး(၁၀၀)ပါ(၁)ဘူးလျှင် (၂၈၀၀)ကျပ်၊ Biogesic (၁၀)လုံးပါ (၁)ကတ်လျှင် (၁၂၅၀)ကျပ်၊ Cetirizine (၁၀)လုံးပါ (၁)ကတ်လျှင် ( ၃၀၀)ကျပ်၊ ဓာတ်ဆား MPF (၁)ထုပ်လျှင် (၄၀၀)ကျပ်၊ သီးစုံဓာတ်ဆား Royal-D (၁)ထုပ်လျှင် (၄၀၀)ကျပ်၊ Oramin –G (၅)လုံးပါ (၁)ကတ်လျှင် (၃၈၀၀)ကျပ်၊ Enervon –c (၄)လုံးပါ (၁)ကတ်လျှင် (၁၇၀၀) ကျပ်၊ Solmux (၄)လုံးပါ (၁)ကတ်လျှင် (၁၅၀၀)ကျပ်၊ Becozin (၁၀)လုံးပါ (၁)ကတ်လျှင် (၂၅၀၀) ကျပ်၊ Hepto Pep (၁)ဘူးလျှင် (၆၅၀၀)ကျပ်၊ Ascoril (၁)ဘူးလျှင် (၅၅၀၀)ကျပ်၊ Chericof (၁)ဘူးလျှင် (၆၅၀၀)ကျပ်၊ Vifex (၁)ဘူးလျှင် (၅၅၀၀)ကျပ်၊ Baby Cough (၁)ဘူးလျှင် (၂၅၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

        အိမ်သုံးဆေးဝါးဈေးနှုန်းများကို ဒီဇင်ဘာလ စတုတ္ထပတ်ဈေးနှုန်းတို့နှင့်နှိုင်းယှဉ်ပါက Baby Cough (၁)ဘူးလျှင် (၃၀၀)ကျပ်ဈေးနှုန်းမြင့်တက်လာခဲ့ပြီး Civit အလုံး (၁၀၀)ပါ(၁)ဘူးလျှင် (၈၀၀)ကျပ်ဈေးနှုန်းကျဆင်းကာ ကျန်အိမ်သုံးဆေးဝါးဈေးနှုန်းများမှာ  တည်ငြိမ်လျက်ရှိပြီး ပုံမှန်အတိုင်းရောင်းချလျက်ရှိကြောင်း ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူခရိုင်အတွင်း ဒီဇင်ဘာလ နောက်ဆုံးပတ်၌ရောင်းချနေသော ရေထွက်ကုန်ပစ္စည်း ပုစွန်ခြောက်၊ ငါးခြောက်ဈေးနှုန်းများ

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့၊ “မြို့မဈေး”၌ ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ နောက်ဆုံးပတ်အတွင်း ရောင်းချနေသော ရေထွက်ကုန်ပစ္စည်းဈေးနှုန်းများမှာ ပုစွန်ခြောက် (အချို) (၁)ပိဿာလျှင် ကျပ်(၅၅၀၀၀)၊ ငါးပုတ်သင်ခြောက် (အကြီး) (၁)ပိဿာလျှင် ကျပ်(၁၉၀၀၀)၊ ငါးပုတ်သင်(အသေး)(၁)ပိဿာလျှင် ကျပ် (၁၂၀၀၀)၊ ငါးကြီးသားခြောက် (၁)ပိဿာလျှင် ကျပ်(၄၂၀၀၀)၊ မြီးဆံသွယ်ခြောက်(၁)ပိဿာလျှင် ကျပ်(၁၁၀၀၀)၊ မိသားစုခြောက် (၁)ပိဿာလျှင် ကျပ် (၁၇၀၀၀)၊ လသာခြောက်(အချို) (၁)ပိဿာလျှင် ကျပ်(၁၃၀၀၀)၊ လသာခြောက်(အငန်) (၁)ပိဿာလျှင် ကျပ် (၁၁၅၀၀)၊ ငါးရောင်ခြောက် (၁)ပိဿာလျှင် ကျပ်(၂၃၀၀၀)၊ ပလာတူးခြောက် (၁)ပိဿာလျှင် ကျပ် (၁၃၅၀၀)နှင့် ငါးရံ့ခြောက်အကောင်သေး(၁)ပိဿာလျှင် ကျပ် (၁၅၀၀၀)ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ငါးခြောက်ရောင်းချသည့် ဈေးဆိုင်လုပ်ငန်းရှင်ထံမှသိရှိရပါသည်။

DOCA(စစ်ကိုင်း)

         

ကန့်ဘလူခရိုင်အတွင်း ဒီဇင်ဘာလ နောက်ဆုံးပတ်တွင်ဖြစ်ပေါ်နေသော စပါး၊ ဆန်ဈေးနှုန်းများ

     စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင်၌ ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ နောက်ဆုံးပတ်အတွင်း ဖြစ်ပေါ်ခဲ့သော စပါး၊ ဆန်ဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်းစပါး(အသစ်)တင်း(၁၀၀)လျှင် ငွေကျပ်၃၁၅၀၀၀၀၊ ဧရာမင်းစပါး(အသစ်)တင်း (၁၀၀)လျှင် ငွေကျပ်၂၂၅၀၀၀၀နှင့် ရွှေဘိုပေါ်ဆန်း ဆန်(အသစ်)၂၄ပြည်ပါ တစ်အိတ်လျှင် ငွေကျပ်၁၂၀၀၀၀၊ ရွှေဘိုပေါ်ဆန်းဆန်(အဟောင်း) ၂၄ပြည်ပါတစ်အိတ်လျှင် ငွေကျပ်၁၅၀၀၀၀၊ ဧရာမင်းဆန်(အသစ်) ၂၄ပြည်ပါတစ်အိတ်လျှင် ငွေကျပ်၁၀၀၀၀၀၊ ဧရာမင်းဆန်(အဟောင်း)၂၄ပြည်ပါတစ်အိတ်လျှင် ငွေကျပ်၁၃၅၀၀၀နှင့် ရွှေဝါထွန်းဆန် ၂၄ပြည်ပါတစ်အိတ်လျှင် ငွေကျပ်၇၅၀၀၀ဖြင့်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း ဒေသခံဆန်စက်လုပ်ငန်းရှင်များထံမှသိရှိရပါသည်။  

DOCA(စစ်ကိုင်း)

ကန့်ဘလူခရိုင်အတွင်း ဒီဇင်ဘာလ နောက်ဆုံးပတ်တွင်ဖြစ်ပေါ်နေသော ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးဈေးနှုန်းများ

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်သည် စိုက်ပျိုးရေးလုပ်ငန်းများကို အဓိကအားထားလုပ်ကိုင်သော ဒေသတစ်ခုဖြစ်ပြီး သီးနှံစိုက်ပျိုးရာတွင် အထွက်နှုန်းများပိုမိုကောင်းမွန်စေရေးအတွက် စိုက်ပျိုးရေးသုံးဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးများကို စိုက်ပျိုးသူတောင်သူများက ဝယ်ယူအသုံးပြုလျက်ရှိကြောင်းသိရှိရပါသည်။

      ကန့်ဘလူခရိုင်အတွင်းရှိ စိုက်ပျိုးသူတောင်သူများ ဝယ်ယူအသုံးပြုလျက်ရှိသော စိုက်ပျိုးရေးသုံးဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးများ၏ ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ နောက်ဆုံးပတ်အတွင်း ဖြစ်ပေါ်ခဲ့သော ဈေးနှုန်းများမှာ ပန်းဖူး (50)kg တစ်အိတ်လျှင် (၈၈၀၀၀)ကျပ်၊ မြှားကမ္ဘာ (50)kg တစ်အိတ်လျှင် (၇၇၀၀၀)ကျပ်၊ အာမို(ကွန်ပေါင်း)(10:10:5) (50)kg တစ်အိတ်လျှင် (၇၇၀၀၀)ကျပ်၊ အာမို (ကွန်ပေါင်း) (15:15:15) (50)kg တစ်အိတ်လျှင် (၁၆၅၀၀၀)ကျပ်၊ ပိုတက် (50)kg တစ်အိတ်လျှင် (၁၂၃၀၀၀)ကျပ်နှင့် ရွှေတောနစ် (၅၀၀)စီစီတစ်ဘူးလျှင် (၁၁၅၀၀)ကျပ်၊ မိုရယ်လ်မုန်း (၅၀၀)စီစီတစ်ဘူးလျှင် (၂၅၅၀၀) ကျပ်၊ ဟတ်ကာ(၅၀၀)စီစီတစ်ဘူးလျှင် (၂၄၅၀၀)ကျပ် ၊ AP ဇာပြာ (၅၀၀)စီစီတစ်ဘူးလျှင် (၂၁၀၀၀)ကျပ်ဖြင့်ရောင်းချလျက်ရှိကြောင်း စိုက်ပျိုးရေးသုံးဆေးနှင့် ဆေးပစ္စည်းရောင်းချသည့် လုပ်ငန်းရှင်ထံမှသိရှိရပါသည်။

DOCA(စစ်ကိုင်း)

         

                                     

ဒီဇင်ဘာလ နောက်ဆုံးအပတ်၌ ကျွန်းလှမြို့တွင်ရောင်းချနေသော စက်သုံးဆီဈေးနှုန်းများ

      မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်း/သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် တိုင်းဒေသကြီး/ ပြည်နယ်အလိုက် မြို့ကြီးများ၏ ရည်ညွှန်းလက်ကားဈေးနှုန်းများကို နေ့စဉ် ထုတ်ပြန်ပေးလျက်ရှိပါသည် ။

      စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် စက်သုံးဆီဆိုင် (၃)ဆိုင်ပုံမှန်ဖွင့်လှစ်ရောင်းချလျက်ရှိပြီး ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ စတုထ္ထပတ်တွင် စက်သုံးဆီဈေးနှုန်းများမှာ ဓာတ်ဆီ(92)တစ်လီတာလျှင် (၂၆၄၀)ကျပ်၊ ဓာတ်ဆီ(95)တစ်လီတာလျှင် (၂၇၄၅)ကျပ်၊ ဒီဇယ်(ရိုးရိုး)တစ်လီတာလျှင် (၂၃၈၅)ကျပ်၊ ဒီဇယ်(ပရီမီယမ်) တစ်လီတာလျှင် (၂၄၄၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်းသိရပါသည်။

   ယခုဒီဇင်ဘာလ နောက်ဆုံးပတ်တွင် စက်သုံးဆီဈေးနှုန်းများမှာ ဓာတ်ဆီ(92)တစ်လီတာလျှင်    (၂၇၆၀)ကျပ်၊ ဓာတ်ဆီ(95)တစ်လီတာလျှင် (၂၈၆၀)ကျပ်၊ ဒီဇယ်(ရိုးရိုး)တစ်လီတာလျှင် (၂၆၁၀)ကျပ်၊ ဒီဇယ်(ပရီမီယမ်) တစ်လီတာလျှင် (၂၆၆၅)ကျပ်ဖြင့်ရောင်းချသောကြောင့်  ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက ယခင်အပတ်ထက် ဓာတ်ဆီ(92) တစ်လီတာလျှင် (၁၂၀)ကျပ်၊ ဓာတ်ဆီ(95)တစ်လီတာလျှင် (၁၁၅)ကျပ်၊ ဒီဇယ်(ရိုးရိုး)တစ်လီတာလျှင် (၂၂၅)ကျပ်၊ ဒီဇယ် (ပရီမီယမ်) တစ်လီတာလျှင် (၂၂၅)ကျပ်ဈေးနှုန်းတို့အနည်းငယ်မြင့်တက်လျက်ရှိကြောင်း ကျွန်းလှမြို့၊ စက်သုံးဆီဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ရွှေဘိုမြို့တွင် ဒီဇင်ဘာလ၊ စတုတ္ထပတ်၌ရောင်းချနေသော ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးဈေးနှုန်းများ

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများကိုပါဆောင်ရွက်လျက်ရှိပြီး ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ အခြေခံစားကုန်ဈေးနှုန်းများ၊ ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးဈေးနှုန်းများကို အပတ်စဉ်တင်ပြလျက်ရှိပါသည်။

     ရွှေဘိုခရိုင်အနေဖြင့် စိုက်ပျိုးရေးကိုအဓိကဆောင်ရွက်သော ခရိုင်တစ်ခုဖြစ်သဖြင့် စိုက်ပျိုးရေးလုပ်ငန်းတွင် အဓိကအသုံးပြုရသည့် ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးဈေးနှုန်းများကို အရောင်းဆိုင်များမှ တာဝန်ရှိသူများနှင့်ဆက်သွယ်မေးမြန်းခဲ့ရာ ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ၊ စတုတ္ထပတ်တွင် ရွှေဘိုမြို့၌ရောင်းချလျက်ရှိသော ဓာတ်မြေဩဇာဈေးနှုန်းများမှာ အာမို၊ ကျွဲနက်တံဆိပ် (၁၅:၁၅:၁၅)ကွန်ပေါင်းဓါတ်မြေဩဇာ 50kgတစ်အိတ်လျှင် (၁၅၄၀၀ဝိ/-)ကျပ်၊ MCတံဆိပ် (၁၅:၁၅:၁၅) ကွန်ပေါင်းဓာတ်မြေဩဇာ 50kg တစ်အိတ်လျှင် (၁၄၀၀၀ဝိ/-)ကျပ်၊ ဇာမဏီတံဆိပ်(၁၃:၅:၇) ကွန်ပေါင်းဓါတ်မြေဩဇာ 50kg တစ်အိတ်လျှင် (၇၁၀၀ဝိ/-)ကျပ်၊ အာမို၊ ပုလဲတံဆိပ် ကွန်ပေါင်းဓာတ်မြေဩဇာ 50kg တစ်အိတ်လျှင် (၈၄၀၀ဝိ/-)ကျပ်၊ ပန်းဖူးတံဆိပ် ဓာတ်မြေဩဇာ 50kg တစ်အိတ်လျှင် (၇၃၀၀ဝိ/-)ကျပ်ဖြစ်ပြီး ပိုးသတ်ဆေးဈေးနှုန်းများမှာ ဒီမွန် 1.8 တံဆိပ် ထိသေ/စားသေ (အဆိပ်ငွေ့) 500cc တစ်ဘူးလျှင် (၁၃၃၀ဝိ/-)ကျပ်၊ ငှက်ကြီးတောင်တံဆိပ် ထိသေ/စားသေ(အဆိပ်ငွေ့) 250cc တစ်ဘူးလျှင် (၃၉၅၀ဝိ/-)ကျပ်၊ ဇိုင်ကလုံးတံဆိပ် ပင်လုံးပြန့် 1Liter တစ်ဘူးလျှင် (၂၅၅၀ဝိ/-)ကျပ်ဖြစ်ပြီး အရောင်းအဝယ်ဖြစ်မှုအနေဖြင့် ပိုးသတ်ဆေးကိုသာအနည်းငယ်ရောင်းချရပြီး ဓာတ်မြေဩဇာမှာ ပြည်ချိန်ဖြင့်သာအရောင်းအဝယ်ဖြစ်နေကာ အ‌ရောင်းအဝယ်အေးနေကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း