Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကန့်ဘလူခရိုင်၏ ကွမ်းရွက်ဈေးနှုန်း၊ဈေးကွက်အခြေအနေ

          မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကိုအခြေခံပြီး အခြားစီးပွားရေးကဏ္ဍများကိုလည်း ဖွံ့ဖြိုးတိုး တက်အောင် ဆောင်ရွက်နေသော နိုင်ငံတစ်ခုဖြစ်သည်။ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ် တွင်လည်း လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများအပြင် ကွမ်းခြံများကို မိမိတို့ယာကွက်များ၌လည်း ကောင်း၊ နေအိမ်ခြံဝင်းများ၌လည်းကောင်း မိသားစုဝင်ငွေရရှိသည့်အတွက် စိုက်ပျိုးကြကြောင်း သိရသည်။

          ယခုလိုဆောင်းရာသီတွင် ကွမ်းရွက်များအထွက်နည်းလာကြောင်း၊ ၂၀၂၅ ခုနှစ် ၊ ဇန်နဝါရီလ ဒုတိယပတ်တွင် ဖြစ်ပေါ်နေသော ကန့်ဘလူခရိုင်၏ ကွမ်းဈေးနှုန်းများအနေဖြင့် အရည်အသွေး ပေါ်မူတည်၍ ကွမ်းရွက်(ရှယ်)တစ်ပိဿာလျှင် ငွေကျပ် ၁၉၀၀၀ မှ ၂၀၀၀၀ ဖြင့်လည်းကောင်း၊ ကွမ်းရွက်(ကြီး)တစ်ပိဿာလျှင် ငွေကျပ် ၁၃၀၀၀ဖြင့်လည်းကောင်း၊ ကွမ်းရွက်(သေး)တစ်ပိဿာ လျှင် ငွေကျပ် ၁၀၀၀၀ ဖြင့်လည်းကောင်း၊ အရောင်းအဝယ်ဖြစ်လျက် ရှိကြောင်း၊ ဈေးကွက်အနေဖြင့်   ကန့်ဘလူမြို့နယ်မှထွက်ရှိသည့် ကွမ်းရွက်များကို ကန့်ဘလူမြို့ ၊ ကျွန်းလှမြို့ နှင့် မန္တလေးမြို့များ သို့တင်ပို့ရောင်းချလျက်ရှိပြီး ယခင်အပတ်တွင် အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းများနှင့် နှိုင်ယှဉ်ပါက ယခုလဒုတိယပတ်အတွင်း ကွမ်းရွက်(ရှယ်)တစ်ပိဿာလျှင် ငွေကျပ် ၃၀၀၀၊ ကွမ်းရွက် (ကြီး)တစ်ပိဿာလျှင်ငွေကျပ် ၁၀၀၀၊ ကွမ်းရွက်(သေး)တစ်ပိဿာလျှင် ငွေကျပ် ၂၀၀၀ ကျဆင်း သွားကြောင်း ကွမ်းရွက်ရောင်းဝယ်ရေး လုပ်ငန်းရှင်ထံမှ သိရသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့နယ်တွင် ဘိလပ်မြေရောင်းချသည့်ဆိုင်များအား ကွင်းဆင်းစစ်ဆေး

စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးအနေဖြင့် ၂၀၂၄ ခုနှစ် ၊ ဇန်နဝါရီလ ၇ ရက်နေ့ နံနက်(၀၉:၃၀)နာရီအချိန်တွင် ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းသည် ကန့်ဘလူမြို့ပေါ်ရှိ ဘိလပ်မြေနှင့် အိမ်ဆောက်ပစ္စည်းရောင်းချသည့်ဆိုင်များ သို့အပတ်စဉ်ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ကန့်ဘလူမြို့ပေါ်ရှိ ဘိလပ်မြေရောင်းချသည့်ဆိုင်များ၏ ဘိလပ်မြေဝယ်ယူရရှိမှုအခြေအနေ၊ လက်ကျန်အခြေအနေနှင့် ဈေးနှုန်း၊ ဈေးကွက်အခြေအနေတို့ အား ကွင်းဆင်းစိစစ်ခဲ့ရာ ဘိလပ်မြေနှင့်ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများကို မန္တလေးမြို့မှ ဝယ်ယူရကြောင်း၊ ဈေးနှုန်းအနေဖြင့် “CROWN”အမှတ်တံဆိပ်ဘိလပ်မြေ‌ (50kg)တစ်အိတ်လျှင် ငွေကျပ်(၂၁၅၀၀)နှင့် “ကြံ့နှစ်ကောင်”အမှတ်တံဆိပ် ဘိလပ်မြေဈေးနှုန်းမှာ (50kg)တစ်အိတ်လျှင် ငွေကျပ်(၂၀၅၀၀)ဖြင့်ရောင်းချကြောင်း၊ ယခင်အပတ်ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက ဇန်နဝါရီလ ဒုတိယပတ်အတွင်း ဘိလပ်မြေဈေးနှုန်းများ အနည်းငယ်မြင့်တက်လာကြောင်း လုပ်ငန်းရှင်များ ထံမှ သိရသည်။

DOCA(စစ်ကိုင်း)

ဘားအံမြို့ဒေသထွက်ကုန်စိမ်းသီးနှံဟင်းသီးဟင်းရွက်ဈေးနှုန်း

          ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ တတိယပတ်တွင် ကရင်ပြည်နယ်၊ ဘားအံမြို့ပေါ်ရှိ‌ဈေးကွက်အတွင်း ဒေသထွက် ကုန်စိမ်းသီးနှံဟင်းသီးဟင်းရွက်များ လှိုင်လှိုင်ပေါပြီး ဈေးကောင်းရလျက်ရှိ ကြောင်းသိရသည်။ ဆောင်းကာလ ကုန်စိမ်းသီးနှံဟင်းသီးဟင်းရွက်များကို ဘားအံမြို့ အနီးတဝိုက်ကျေးရွာများတွင် တနိုင်တပိုက် စိုက်ပျိုးကြသည့်အပြင် စီးပွားဖြစ်လည်းစိုက်ပျိုးကြသည်။ ဒေသထွက် ကုန်စိမ်းသီးနှံ ဟင်းသီးဟင်းရွက်များကို ဘားအံမြို့ရေပေါ်ဈေးသို့အခြေခံ၍ လက်လီ/ လက်ကားဖြန့်ဖြူး‌လျက်ရှိကြောင်း သိရသည်။ ကုန်စိမ်းသီးနှံဟင်းသီးဟင်းရွက်ဈေးနှုန်းများမှာ ခရမ်းချဉ်သီး တစ်ပိဿာလျှင် (၄၀၀၀)ကျပ်၊ ခရမ်းသီး တစ်ပိဿာလျှင် (၄၅၀၀) ကျပ်၊ ကြက်ဟင်းခါးသီး တစ်ပိဿာလျှင်(၄၀၀၀) ကျပ်၊ ရုံးပတီးသီး တစ်ပိဿာလျှင်(၃၀၀၀)ကျပ်၊ပဲသီးထောက်ရှည် အစည်းကြီးတစ်စည်းလျှင် (၃၀၀၀) ကျပ်၊ ကင်းပွန်ချဉ်ရွက်အစည်းသေး တစ်စည်းလျှင်(၁၀၀၀)ကျပ်၊ကန်စွန်းရွက် တစ်စည်းလျှင် (၂၅၀) ကျပ်၊ ချဉ်ပေါင်ရွက်တစ်စည်းလျှင်(၂၀၀)ကျပ်၊ ဆက်လပ်ရွက်တစ်စည်းလျှင်(၈၀၀)ကျပ်၊ ငရုတ်သီးစိမ်း တစ်ဆယ်သားလျှင်(၅၀၀)ကျပ် တို့ဖြင့်အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ကရင်)

ကန့်ဘလူမြို့နယ်၌ဖြစ်ပေါ်နေသော ပဲတီစိမ်းဈေးနှုန်း၊ဈေးကွက် အခြေအနေ

စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင်သည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကို အဓိက ထားလုပ်ကိုင်သော ဒေသတစ်ခုဖြစ်ရာ ကန့်ဘလူမြို့နယ်အတွင်းရှိ ထန်းကုန်းကျေးရွာ၊ မိုးကောင်း ကျေးရွာနှင့် အခြားသောကျေးရွာများတွင် ပဲတီစိမ်းသီးနှံကို စိုက်ပျိုးကြကြောင်း၊ ယခုအခါ ပဲတီစိမ်း သီးနှံများ ဈေးကွက်အတွင်း ဝင်ရောက်လျက်ရှိပြီး ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလဒုတိယပတ်အတွင်း ပဲတီစိမ်းရိုးရိုးတစ်တင်းလျှင်(၈၀၀၀၀)ကျပ်၊ ပဲတီစိမ်းထွက်တိုး အလုံးလှတစ်တင်းလျှင် (၉၅၀၀၀) ကျပ်ဖြင့်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ပဲတီစိမ်းမှာ အလုံးလှပြီးအကွဲအနာကင်းလျှင် ဈေးပို မိုရရှိကြောင်းနှင့် ဈေးကွက်အနေဖြင့် ကန့်ဘလူခရိုင်မှထွက်ရှိသော ပဲတီစိမ်းများကို မန္တလေးမြို့ရှိ ပွဲရုံများ ၊ ကုန်စည်ဒိုင်များသို့ တင်ပို့ရောင်းချလျက်ရှိသည်။

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလပထမပတ်ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ယခုလဒုတိယပတ်အတွင်း ပဲတီစိမ်းရိုးရိုးတစ်တင်းလျှင်(၁၅၀၀၀)ကျပ်နှင့် ပဲတီစိမ်းထွက်တိုးတစ်တင်းလျှင် (၁၅၀၀၀)ကျပ် ဈေးနှုန်းကျဆင်းသွားကြောင်း သီးနှံရောင်းဝယ်ရေး လုပ်ငန်းရှင်များထံမှသိရသည်။

DOCA(စစ်ကိုင်း)

 

ကန့်ဘလူမြို့နယ်၏ အစေ့ထုတ်ပြောင်း ဈေးနှုန်း၊ဈေးကွက်အခြေအနေ

  မြန်မာနိုင်ငံသည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်ကြသည့် နိုင်ငံဖြစ်သည် နှင့်အညီ စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင်သည်လဲ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထားလုပ်ကိုင်သော ဒေသတစ်ခုဖြစ်သည်။ ယခုအခါ ကန့်ဘလူခရိုင်၏ အဓိကစိုက်ပျိုးသီးနှံ  တစ်ခုဖြစ်သည့် အစေ့ထုတ်ပြောင်းများ ဈေးကွက်အတွင်း ဝင်ရောက်လျက်ရှိကြောင်း သိရသည်။

အစေ့ထုတ်ပြောင်းကို မေလကုန်တွင်စတင်စိုက်ပျိုးပြီး စက်တင်ဘာလဆန်းမှစ၍ ရိတ်သိမ်း ရကြောင်း၊ စိုက်ပျိုးရာတွင် မျိုးအနေဖြင့် C.P.808 နှင့် C.P.888 မျိုးများကို အများဆုံးစိုက်ပျိုးကြ ကြောင်း၊ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလပထမပတ်အတွင်း အစေ့ထုတ်ပြောင်း(၁)တင်းလျှင် ငွေကျပ် (၂၂၀၀၀)ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ ဇန်နဝါရီလဒုတိယပတ်တွင် အစေ့ထုတ်ပြောင်း (၁)တင်းလျှင် ငွေကျပ်(၂၂၀၀၀)ဖြင့်ရောင်းဝယ်လျက်ရှိသောကြောင့် ယခုပတ်အတွင်း အစေ့ထုတ် ပြောင်းဈေးနှုန်းမှာတည်ငြိမ်လျက်ရှိကြောင်း သီးနှံရောင်းဝယ်ရေး လုပ်ငန်းရှင်များထံမှ သိရသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့နယ်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော မတ်ပဲသီးနှံဈေးနှုန်းအခြေအနေ

           စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တွင် စပါးနှင့်ဆီထွက်သီးနှံများ အပြင် ပဲမျိုးစုံကိုလည်း စိုက်ပျိုးကြောင်းသိရသည်။ ယခုအခါ မတ်ပဲသီးနှံများ ဈေးကွက်အတွင်း ဝင်ရောက်လျက်ရှိပြီး ဇန်နဝါရီလဒုတိယပတ်အတွင်း ဈေးနှုန်းများမှာ မတ်ပဲရိုးရိုးတစ်တင်းလျှင် (၈၅၀၀၀)ကျပ်၊မတ်ပဲ(ဂျပန်)တစ်တင်းလျှင်(၈၂၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် ကန့်ဘလူခရိုင်မှထွက်ရှိသော မတ်ပဲများကို ရွှေဘိုမြို့နှင့်မန္တလေးမြို့ ရှိပွဲရုံများ၊ ကုန်စည်ဒိုင်များသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။

မတ်ပဲသီးနှံများသည် ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာများမှ အဓိကဝင်ရောက်လျက်ရှိပြီး ၂၀၂၅ ခုနှစ် ဇန်နဝါရီလပထမပတ် ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက ယခုလဒုတိယပတ်အတွင်း မတ်ပဲ ဈေးနှုန်းအနည်းငယ်ကျဆင်းလျက်ရှိကြောင်း သီးနှံရောင်းဝယ်ရေး လုပ်ငန်းရှင်များထံမှသတင်း ရရှိသည်။

DOCA(စစ်ကိုင်း)

မုံရွာမြို့နယ်၌ ကွမ်းဈေးနှုန်းဆက်လက်မြင့်တက်လျက်ရှိ

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၌ ကွမ်းကို မိမိတို့အိမ်ခြံဝင်းအတွင်း တစ်နိုင်တစ်ပိုင် အနေဖြင့်လည်းကောင်း၊ အပိုဝင်ငွေရရှိရန်အတွက်လည်းကောင်း စိုက်ပျိုးကြကြောင်း၊ ကွမ်းကို ဆောင်းစိုက်နှင့် မိုးစိုက်ဟူ၍ နှစ်မျိုးခွဲ၍ စိုက်ပျိုးကြရာ မိုးစိုက်သည် ပိုးကျလွယ်သည့်အတွက် အနည်းငယ်သာ စိုက်ပျိုးကြပြီး ဆောင်းစိုက်ကိုသာ ပိုမိုစိုက်ပျိုးကြကြောင်း သိရသည်။

          မုံရွာမြို့နယ်၌ ဖြစ်ပေါ်နေသော ကွမ်းဈေးနှုန်းများအနေဖြင့် အရည်အသွေးအပေါ်မူတည်၍ ဒီဇင်ဘာလ(တတိယပတ်)တွင် ငွေကျပ် (၁၅၀၀၀-၁၆၀၀၀) များဖြင့်လည်းကောင်း၊ ဒီဇင်ဘာလ (စတုတ္ထပတ်)တွင် ငွေကျပ် (၁၆၀၀၀-၁၇၀၀၀) များဖြင့်လည်းကောင်း ရောင်းချလျက်ရှိကြောင်း၊ ဇန်နဝါရီလ(ပထမပတ်) တွင် ငွေကျပ် (၁၇၀၀၀-၁၈၀၀၀) များဖြင့်လည်းကောင်း ရောင်းချလျက် ရှိကြောင်း၊ ဆောင်းရာသီတွင် ကွမ်းအထွက်နှုန်း ထက်ဝက်ကျဆင်းခြင်းကြောင့် ဈေးကွက်အတွင်း ကုန်ဝင်ရောက်မှုနည်းကာ ဈေးနှုန်းမြင့်တက်လျက်ရှိကြောင်း ကွမ်းစိုက်တောင်သူများထံမှ သိရသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့နယ်၏ရာသီစာ မုန်လာသီး ဈေးနှုန်း၊ဈေးကွက် အခြေအနေ

          စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်သည် စိုက်ပျိုးရေးလုပ်ငန်းများ ဖြစ်သည့် စပါး၊ပဲမျိုးစုံနှင့် ဆီထွက်သီးနှံတို့ကို အဓိကစိုက်ပျိုးသည့်အပြင် ရာသီစာသီးနှံများနှင့် စားဖိုဆောင်သီးနှံများကိုလည်း စိုက်ပျိုးကြသည်။

ယခုအခါ ကန့်ဘလူမြို့ပေါ်၊ နတ်ပေးကျေးရွာနှင့် အခြားသောကျေးရွာများတွင် မုန်လာ သီးများကို စိုက်ပျိုးကြကြောင်း၊ ပေါ်ဦးပေါ်ဖျားမုန်လာသီးများကို ကန့်ဘလူမြို့မဈေးတွင်ရောင်းချ ကြောင်း၊ ၂၀၂၅ခုနှစ်၊ ဇန်နဝါရီလ ဒုတိယပတ်အတွင်း မုန်လာသီး(၁)ပြည်လျှင် ၃၅၀၀ကျပ်၊ မုန်လာ သီးနို့ဆီဘူး(၁)ဘူးလျှင် ၅၀၀ကျပ်ဖြင့်ရောင်းချကြောင်း၊ ရာသီစာဖြစ်သည့်အတွက် မုန်လာသီးများ အရောင်းအဝယ်သွက်လျက်ရှိကြောင်း မြို့မဈေးရှိ ကုန်စိမ်းရောင်းချသူတစ်ဦးထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့တွင် ရောင်းချနေသော ကျွဲကောသီးနှင့် သခွားမွှေး ဈေးနှုန်းဈေးကွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ရှိ မြို့မဈေးနှင့် အသီးမျိုးစုံရောင်း ချနေသော သစ်သီးဆိုင်များတွင် ကျွဲကောသီးနှင့် သခွားမွှေးများကို အများအပြားရောင်းချနေ ကြကြောင်းသိရသည်။ ကျွဲကောသီးနှင့် သခွားမွှေးများကို မန္တလေးမြို့ရှိ သစ်သီးပွဲရုံများမှမှာယူ ရောင်းချလျက်ရှိ‌ကြောင်း သိရသည်။

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ဒုတိယပတ်အတွင်း ကျွဲကောသီး(၁)လုံးလျှင်  (၃၀၀၀)ကျပ်ဖြင့် လည်းကောင်း၊ သခွားမွှေးအသေး(၁)လုံးလျှင် (၈၀၀၀)ကျပ်နှင့် သခွားမွှေးအကြီး(၁)လုံးလျှင် (၁၀၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကန့်ဘလူမြို့တွင် ရောင်းချလျက်ရှိ သောသစ်သီးဆိုင်များမှ သတင်းရရှိပါသည်။   

DOCA(စစ်ကိုင်း)

ရွှေဘိုမြို့တွင် အစေ့ထုတ်ပြောင်းဈေးငြိမ်နေ

ရွှေဘိုမြို့ရှိ ပဲ၊ နှမ်းကုန်စည်ဒိုင်သို့ ရွှေဘိုခရိုင်သာမက နယ်မြေခြင်းသထိစပ်လျက်ရှိသည့် ရေဦး ခရိုင်နှင့် ကန့်ဘလူခရိုင်မှ အစေ့ထုတ်ပြောင်းများလည်း ဝင်ရောက်လျက်ရှိကြောင်း၊ အစေ့ထုတ်ပြောင်းမှာ စက်တင်ဘာလ၊ ဒုတိယအပတ်မှစတင်၍ ရွှေဘိုဈေးကွက်သို့ စတင်ဝင်ရောက်ခဲ့ပြီး ဇန်နဝါရီလ၊ ပထမအပတ်တွင် အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းမှာ အစေ့ထုတ်ပြောင်းတစ်တင်းလျှင်(၂၆၀၀ဝိ/-) ကျပ် ပေါက်ဈေးရှိပြီး တစ်ပတ်အတွင်း အရောင်းအဝယ်ဖြစ်မှုမှာ (၂၂၅၀)တင်း/ (၅၆)တန်ဖြစ်ကြောင်း ယခင်အပတ်နှင့်ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတို့ကို နှိုင်းယှဉ်ပါက ယခင်အပတ်၌ အစေ့ထုတ်ပြောင်းတစ်တင်းလျှင် (၂၆၀၀ဝိ/-)ကျပ်ပေါက်ဈေးရှိခဲ့သဖြင့် ယခင်အပတ်နှင့် ယခုအပတ် အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းတူညီပြီး ဈေးငြိမ်နေကြောင်း၊  ယခုအပတ်၌ ရွှေဘိုဈေးကွက်သို့ အစေ့ထုတ်ပြောင်း ဝင်ရောက်မှုလျော့နည်းသွားပြီး  ဝင်ရောက်သမျှ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ပဲ၊ နှမ်းကုန်စည်ဒိုင်ရှိ တာဝန်ရှိသူများနှင့် ဆက်သွယ်မေးမြန်းမှုအရ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း