Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကျွန်းလှမြို့၌ ရောင်းချနေသော ကန်ဇွန်းရွက် နှင့် ဂွေးတောက်ရွက် ဈေးနှုန်း

          ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စိုက်ပျိုးရေးလုပ်ငန်းများကို လုပ်ကိုင်လျက်ရှိရာ စားဖိုဆောင်သီးနှံဖြစ်သည့် ပဲတောင့်ရှည်သီး၊ ချဉ်ပေါင်ရွက်၊ ဆူးပုတ်ရွက်၊ ရုံးပတီသီး၊ ခရမ်းသီး နှင့် ကန်ဇွန်းရွက်များကို စိုက်ပျိုးလျက်ရှိသည့်အနက် ကန်ဇွန်းရွက်ကိုလည်း တစ်ပိုင်တစ်နိုင် စိုက်ပျိုးလျက်ရှိ ပြီး ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးသို့ လာရောက်ပို့ဆောင်ကာ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။  

            ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ စတုတ္ထပတ်အတွင်း ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးတွင် ဖြစ်ပေါ်နေသော ကန်ဇွန်းရွက် ဈေးနှုန်းများမှာ လက္ကားဈေး တစ်စီးလျှင်(၁၅၀)ကျပ်၊ ကန်ဇွန်းရွက် လက်လီဈေး တစ်စီးလျှင်(၂၀၀)ကျပ်ဖြင့်လည်းကောင်း၊ ဂွေးတောက်ရွက်ဈေးနှုန်းမှာ လက္ကား()ပိဿာလျှင် (၂၅၀၀)ကျပ်၊ လက်လီ()ပိဿာလျှင်(၂၇၀၀)ကျပ်ဈေးနှုန်းဖြင့် ‌အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

DOCA (စစ်ကိုင်း)

ဈေးအနည်းငယ်ကျနေသော ကင်ပွန်းချဉ်ရွက်နှင့် ချဉ်ပေါင်ရွက်

       ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စိုက်ပျိုးရေးလုပ်ငန်းများကို လုပ်ကိုင်လျက်ရှိရာ စားဖို ဆောင်သီးနှံ ဖြစ်သည့် ပဲတောင့်ရှည်သီး၊ ချဉ်ပေါင်ရွက်၊ ကင်ပွန်းချဉ်ပင်၊ ရုံးပတီသီး၊ ခရမ်းသီးနှင့် ကန်ဇွန်းရွက်များကို စိုက်ပျိုးလျက်ရှိသည့်အနက် ကင်ပွန်းချဉ်ရွက်ကိုလည်း တစ်ပိုင်တစ်နိုင် စိုက်ပျိုး လျက်ရှိပြီး ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးသို့ လာရောက် ပို့ဆောင်ကာ အရောင်းအဝယ်ဖြစ်လျက်ရှိ ကြောင်းသိရသည်။

          ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ စတုတ္ထပတ်အတွင်း ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးတွင် ဖြစ်ပေါ်နေ သော ကင်ပွန်းချဉ်ရွက် ဈေးနှုန်းများမှာ တစ်စီးလျှင်(၂၅၀)ကျပ်၊(၁၀)စီးတစ်ထုံးလျှင်(၂၃၀၀)ကျပ်နှင့်  ချဉ်ပေါင်ရွက်ဈေးနှုန်းအနေဖြင့် ချဉ်ပေါင်ရွက် ()ပိဿာလျှင် (၁၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၅၀၀)ကျပ်နှင့် (၂၅)ကျပ်သားလျှင်(၃၀၀)ကျပ် မန်ကျည်းသီးစိမ်းပေါသည့်အတွက် ချဉ်ပေါင်ရွက်ဈေးနှုန်း ကျဆင်းပြီး အရောင်း အဝယ်ဖြစ်လျက် ရှိကြောင်း သိရသည်။

DOCA (စစ်ကိုင်း)

မုံရွာမြို့ပေါ်တွင်ရောင်းချလျက်ရှိသောကျောက်ဖရုံသီး

          ကျောက်ဖရုံသီးသည် အာဟာရဓါတ်ပြည့်ဝပြီး ဗီတာမင်Bနှင့်Cအပြင် ကယ်လ်စီယမ်၊ ပိုတက်စီယမ်၊ သံဓါတ်နှင့် အမျှင်ဓါတ်တို့လို ခန္ဓာကိုယ်တွေကြွယ်ဝပါတယ်။ ကျောက်ဖရုံသီး သည် အစာအိမ်အနာသက်သာစေခြင်း၊ အူတွင်းပိုးမွားများရှင်းစေခြင်း၊ ကိုယ်အလေးချိန်လျော့ ချရာတွင် အထောက်အကူပေးခြင်း၊ စိတ်ပိုင်းဆိုင်ရာပြဿနာများကို သက်သာပြေလျောစေခြင်း

စသည့်ရောဂါများကို ကုသနိုင်စွမ်းရှိကြောင်းသိရပါသည်။

    ၂၀၂၅ခုနစ်၊ ဩဂုတ်လစတုတ္ထပတ်အတွင်း မုံရွာမြို့ပေါ် တွင်‌‌ရောင်းချလျက်ရှိသော ကျောက်ဖ ရုံသီး စျေးနှုန်းမှာ (၁)လုံးလျှင် (၅၀၀၀)ကျပ်နှုန်းဖြင့်လည်ကောင်း၊ အလုံးလှလျှင် (၁)လုံးကို (၈၀၀၀)ကျပ်နှုန်းဖြင့် ရောင်းချလျက်ရှိကြောင်း ကျောက်ဖရုံသီးစိုက်ပျိုး၊ ရောင်းချသူများ ထံမှသိရပါသည်။

DOCA(စစ်ကိုင်း)

                                                                                                   

         

မုံရွာမြို့ပေါ်တွင်ရောင်းချလျက်ရှိသော ကျောက်ဖရုံသီးနှင့် ရွှေဖရုံသီးဈေးနှုန်းစျေးကွက်

       စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ပေါ်နှင့် အနီးတစ်ဝိုက်ရှိ ကျေးရွာများမှ တောင်သူများ သည်ဒေသထွက်ကုန်နှင့် စားဖိုဆောင်သီးနှံများကို တစ်ပိုင်တစ်နိုင်အနေဖြင့်လည်းကောင်း ၊ စီးပွား ဖြစ်အနေဖြင့်လည်းကောင်း သီးနှံများကို စိုက်ပျိုး၍ အနယ်နယ် အရပ်ရပ်သို့ တင် ပို့ ရောင်းချ လျက် ရှိပါသည်။

      ၂၀၂၅ခုနစ်၊ ဩဂုတ်လ စတုတ္ထပတ်တွင် ကျောက်ဖရုံသီး စျေးနှုန်းမှာ (၁) လုံးလျှင် (၅၀၀၀)  ကျပ်နှုန်းဖြင့်လည်ကောင်း၊ အလုံးလှလျှင် (၁)လုံးကို (၈၀၀၀)ကျပ်နှုန်းဖြင့်ရောင်း ချလျက်ရှိကြောင်း ကျောက်ဖရုံသီးစိုက်ပျိုး၊ ရောင်းချသူများ ထံမှသိရပါသည်။  ရွှေဖရုံသီး စျေး နှုန်းမှာ ( ၁  )  လုံးလျှင် (၃၀၀၀) ကျပ်နှုန်းဖြင့်လည်ကောင်း၊  အလုံးလှလျှင် (၅၀၀၀) ကျပ်ဖြင့် လည်ကောင်းရောင်း ချသူများထံမှ သိရပါသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့နယ်၌ အရောင်းအဝယ်ဖြစ်နေသည့် မြေပဲဆံနှင့် အစေ့ထုတ်ပြောင်းဈေးနှုန်း

       စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ကျွန်းလှမြို့နယ်သည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်း များကို အဓိကထားလုပ်ကိုင်သော ဒေသတစ်ခုဖြစ်ပြီး၊ သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ မိုးသီးနှံအစေ့ထုတ်ပြောင်းနှင့် မြေပဲသီးနှံများကိုလည်း စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

     ကျွန်းလှမြို့နယ်၌ အစေ့ထုတ်ပြောင်း စိုက်ပျိုးရာတွင် မျိုးအနေဖြင့် C.P.808 နှင့် C.P.888 မျိုးတို့ကို အများဆုံးစိုက်ပျိုးကြကြောင်း၊ ၂၀၂၅ခုနှစ်၊ ဩဂုတ်လစတုတ္ထပတ်အတွင်း အစေ့ထုတ် ပြောင်း(၁)တင်းလျှင် (၂၃၇၀၀)ကျပ်၊ ပြောင်းအရည်အသွေးညံ့လျှင် (၂၃၀၀၀)ကျပ်ဖြင့် အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း၊ ဩဂုတ်လ စတုတ္ထပတ်အတွင်း မြေပဲလုံးဆံ(၁)တင်းလျှင် (၁၇၇၀၀၀၀) ကျပ်တို့ဖြင့်ရောင်းချကြောင်း၊ ဈေးကွက်အတွင်း အစေ့ထုတ်ပြောင်း ဝင်ရောက်မှုနည်းသော်လည်း ပုံမှန်အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း ဒေသတွင်း ပွဲရုံလုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

DOCA (စစ်ကိုင်း)

                  

ကျွန်းလှမြို့နယ်၌ အရောင်းအဝယ်ဖြစ်လျက်ရှိသော မတ်ပဲနှင့်ပဲတီစိမ်းသီးနှံဈေးနှုန်း

     စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်သည် လယ်ယာစိုက်ပျိုးရေးလုပ် ငန်းများကို အဓိကလုပ်ကိုင်သော ဒေသတစ်ခုဖြစ်ပြီး၊ စိုက်ပျိုးတောင်သူများသည် မတ်ပဲသီးနှံနှင့် ပဲတီစိမ်းသီးနှံတို့ကိုလည်း စိုက်ပျိုးကြောင်း၊ ထွက်ရှိသည့် မတ်ပဲနှင့် ပဲတီစိမ်းသီးနှံများကို ကန့်ဘလူ မြို့ရှိ ပွဲရုံများ၊ မန္တလေးမြို့ရှိ ပွဲရုံများနှင့် ကုန်စည်ဒိုင်များသို့ တင်ပို့ရောင်းချကြောင်း သိရသည်။

    ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ စတုတ္ထပတ်အတွင်း ဈေးနှုန်းများမှာ မတ်ပဲရိုးရိုးတစ်တင်းလျှင် (၇၇၀၀၀)ကျပ်၊ မတ်ပဲမျက်ကွင်းဖြူတစ်တင်းလျှင် (၈၁၀၀၀)ကျပ်၊ ဩဂုတ်လ စတုတ္ထပတ်အတွင်း ပဲတီစိမ်းရိုးရိုးတစ်တင်းလျှင် (၇၇၅၀၀)ကျပ်၊ ပဲတီစိမ်းထွက်တိုး တစ်တင်းလျှင် (၈၂၅၀၀)ကျပ်တို့ဖြင့်  အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ဒေသတွင်းပွဲရုံ လုပ်ငန်းရှင်များထံမှ သတင်းရရှိသည်။

DOCA (စစ်ကိုင်း)

                                                                                                

ကျွန်းလှမြို့နယ်၌ ပဲလွန်းဖြူသီးနှံဈေးနှုန်း ဆက်လက်မြင့်တက်

     စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်သည် သီးနှံမျိုးစုံစိုက်ပျိုး လျက်ရှိရာ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကို အဓိကလုပ်ကိုင်သော ဒေသတစ်ခုဖြစ်ကြောင်း၊ စိုက်ပျိုးတောင်သူများသည် ပဲလွန်းဖြူသီးနှံကိုလည်း စိုက်ပျိုးကြောင်း သိရသည်။

     ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ စတုတ္ထပတ်အတွင်း ဈေးနှုန်းများမှာ ပဲလွန်းဖြူတစ်တင်းလျှင် (၁၀၁၅၀၀)ကျပ်၊ အကွဲအနာပါတစ်တင်းလျှင်(၁၀၁၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက် ရှိကြောင်း၊ ယခုပတ်အတွင်း ပဲလွန်းဖြူဈေးနှုန်း မြင့်တက်လာကြောင်း၊ ဈေးကွက်အနေဖြင့် ကျွန်းလှမြို့နယ်မှထွက်ရှိသော ပဲလွန်းဖြူသီးနှံများကို မန္တလေးမြို့ရှိပွဲရုံများ၊ ကုန်စည်ဒိုင်များသို့ တင်ပို့ရောင်းချကြောင်းသီးနှံရောင်းဝယ်ရေး လုပ်ငန်းရှင်များထံမှ သတင်းရရှိသည်။

DOCA (စစ်ကိုင်း)

                                                         

ကျွန်းလှမြို့နယ်၌ အရောင်းအဝယ်ဖြစ်လျက်ရှိသော ပဲနီနှင့် ထောပတ်ပဲဈေးနှုန်း

      စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်သည် လယ်ယာစိုက်ပျိုး ရေးလုပ်ငန်းများကို အဓိကလုပ်ကိုင်သော ဒေသတစ်ခုဖြစ်ပြီး ၊ ကျွန်းလှမြို့နယ် ကျီကုန်းကျေးရွာ၊ စံပြကျေးရွာနှင့် အခြားသောကျေးရွာများတွင် ပဲမျိုးစုံစိုက်ပျိုးကြောင်း သိရှိရသည်။

    ၂၀၂၅ ခုနှစ် ဩဂုတ်လ စတုတ္ထပတ်အတွင်း ပဲနီ(၁)တင်းလျှင် (၁၀၄၅၀၀)ကျပ်၊ အကွဲအနာပါ (၁)တင်းလျှင် (၁၀၄၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ၊ ဩဂုတ်လ စတုတ္ထပတ် အတွင်း ထောပတ်ပဲတစ်တင်းလျှင် (၁၂၃၅၀၀)ကျပ်၊ အကွဲအနာပါ(၁)တင်းလျှင် (၁၂၃၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ပဲနီနှင့်ထောပတ်ပဲများကို ရွှေဘိုမြို့နှင့် မန္တလေးမြို့ရှိ ပွဲရုံများသို့ တင်ပို့ရောင်းချကြောင်း၊ သီးနှံရောင်းဝယ်ရေး လုပ်ငန်းရှင်များထံမှ သတင်းရရှိပါသည်။

DOCA (စစ်ကိုင်း)

 

                                                         

ကျွန်းလှမြို့နယ်သီးနှံဈေးကွက်ရှိ ပဲဇီးကွက်သီးနှံဈေးနှုန်း

       စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တွင် စပါးနှင့်ဆီထွက် သီးနှံများအပြင် ပဲမျိုးစုံကိုလည်းစိုက်ပျိုးကြောင်း၊ ပဲဇီးကွက်သီးနှံများကို ကျွန်းလှမြို့နယ် ကျီကုန်း ကျေးရွာ၊ စံပြကျေးရွာနှင့် အခြားသောကျေးရွာများမှ ဝင်ရောက်လျက်ရှိကြောင်း သိရသည်။

      ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ စတုတ္ထပတ်အတွင်း ဈေးနှုန်းများမှာ ပဲဇီးကွက်တစ်တင်းလျှင် (၁၀၀၀၀၀)ကျပ်၊ အကွဲအနာပါလျှင်(၉၉၅၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခင် အပတ်ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ယခုပတ်အတွင်း ပဲဇီးကွက်ဈေးနှုန်းမြင့်တက်လာကြောင်း၊ ဈေးကွက်အနေဖြင့် ကျွန်းလှမြို့နယ်မှထွက်ရှိသော ပဲဇီးကွက်သီးနှံများကို ရွှေဘိုမြို့နှင့် မန္တလေးမြို့ ရှိပွဲရုံများ၊ ကုန်စည်ဒိုင်များသို့ တင်ပို့လျက်ရှိကြောင်း သီးနှံရောင်းဝယ်ရေး လုပ်ငန်းရှင်များထံမှ သတင်းရရှိ ပါသည်။

DOCA (စစ်ကိုင်း)

                                     

ကျွန်းလှမြို့နယ်ပဲဈေးကွက်၌ အရောင်းအဝယ်ဖြစ်နေသော ပဲစဉ်းငုံဈေးနှုန်း

     စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်သည် လယ်ယာစိုက်ပျိုးရေးလုပ် ငန်းများလုပ်ကိုင်သော ဒေသတစ်ခုဖြစ်ပြီး သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ စိုက်ပျိုးတောင်သူများသည် ပဲစဉ်းငုံသီးနှံကို အဓိကစိုက်ပျိုးကြောင်း သိရသည်။

     ကျွန်းလှမြို့နယ်တွင် ပဲစဉ်းငုံမျိုးအနေဖြင့် အစေ့အနီရောင်မျိုးနှင့် အစေ့အဖြူရောင်မျိုးတို့ကို စိုက်ပျိုးကြောင်း ဈေးနှုန်းအနေဖြင့် ဩဂုတ်လ စတုတ္ထပတ်အတွင်း ပဲစဉ်းငုံနီ(၁)တင်းလျှင်(၇၃၅၀၀) ကျပ် ၊ပဲစဉ်းငုံဖြူ(၁)တင်းလျှင် (၇၁၅၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း၊ ထွက်ရှိသည့် ပဲစဉ်းငုံများကို ရွှေဘိုမြို့ရှိပွဲရုံများ၊ မန္တလေးမြို့ရှိပွဲရုံများသို့ ရောင်းချကြောင်း ဒေသတွင်းသီးနှံရောင်း ဝယ်ရေး လုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

DOCA (စစ်ကိုင်း)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း