Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ပေါ်ဦးပေါ်ဖျား ပြည်ဩဇာသီးဈေးကွက်

       ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပြည်မြို့တွင် ရာသီစာသီးနှံများနှင့် အလှပန်းအမျိုးမျိုး လှိုင်လှိုင် ပေါ်ချိန်ဖြစ်ပါသည်။ ပြည်မြို့ဈေးကွက်တွင်ရောင်းချသော ဩဇာသီးများကို မှော်ဇာ၊ တောင်လုံးညိုဘက်မှ လာရောက်ရောင်းချသည့်အပြင် ပေါင်းတလည်ဘက်မှ ထွက်ရှိသောအသီးများနှင့် ပြည်တစ်ဘက်ကမ်း ရွှေဘုံသာရွာမှ ထွက်ရှိသောအသီးများဖြစ်ပါသည်။ ပေါ်ဦးပေါ်ဖျား ဩဇာသီးများ စတင်ထွက်ပေါ်ချိန်တွင် ရွှေဘုံသာရွာအနောက်ဘက် လက်ပံရွာမှထွက်ရှိသော ဩဇာသီးများဈေးကွက်တွင် ရောင်းချနေပြီဖြစ်ပါသည်။ ရောင်းချသော ဩဇာသီးဈေးနှုန်းများမှာ အရွယ်အစားအလိုက် ဈေးအမျိုးမျိုးရှိပြီး အရွယ်ကြီးပြီး မျက်ကွင်းပြဲသော (ရှယ်)သီးများမှာ တစ်လုံးလျှင် (၇၀၀) ကျပ်နှုန်းဖြင့် ရောင်းချကြပြီး၊ အကြီး၊ အသေးရောရာ အလုံး(၃၀)ပါတစ်ခြင်းကို (၁၀၀၀၀)ကျပ်ဖြင့် ရောင်းချကြောင်း သိရပါသည်။ ဩဇာသီးများကို ယခုအခါ နယ်များသို့တင်ပို့ ရောင်းချမှုရှိသောကြောင့် အရောင်းအဝယ်သွက်နေကြောင်း သိရပါသည်။

DOCA(ပဲခူး)

 

ပြည်ဈေးကွက်၌ ကွမ်းသီးများအရောင်းအဝယ်ဖြစ်

    ပြည်မြို့ရှိဈေးကွက်များတွင် ကွမ်းသီးများရောင်းချမှုမှာ နေ့စဉ်အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ မြန်မာအမျိုးသားတိုင်းလိုလို ကွမ်းများစားသုံးကြသဖြင့် ကွမ်းရွက်နှင့် ကွမ်းသီးမှာ နေ့စဉ်အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ပြည်မြို့ရှိ ကွမ်းသီးအရောင်းဆိုင်များမှာ ကွမ်းသီးကို ရန်ကုန်ဘက်မှဝယ်ယူကြသလို ကော့သောင်းနှင့် ထားဝယ်ဘက်မှလည်း ဝယ်ယူ၍ရောင်းချကြောင်း သိရပါသည်။

      မြန်မာနိုင်ငံတွင် ကွမ်းသီးပင်ကို ပဲခူးတိုင်း (အရှေ့) တောင်ငူ၊ သထုံ၊ ထားဝယ်၊ မြိတ်၊ ဖျာပုံ၊ မန္တလေး၊ ကျိုက္ခမီနှင့် စစ်တွေတို့တွင် အများဆုံးစိုက်ပျိုးကြပါသည်။ ကွမ်းသီးပင်ကို အခြားသီးပင် များဖြစ်သော သရက်၊ ပိန္နဲပင်၊ မရန်းပင် ၊ အုန်းပင်တို့နှင့် ရောနှော၍စိုက်ပျိုးကြပါသည်။ ကွမ်းသီး များသည် သီတင်းကျွတ်၊ တန်ဆောင်မုန်းလနှင့် နတ်တော်လများတွင် ကွမ်းသီးများ ခူးဆွတ်ရပါသည်။ မြန်မာစာဆိုများက " တံတားဦးကကွမ်းနုဝါ၊ ငမျှာကဆေး၊ ကွမ်းသီးတောင်ငူ၊ ကိုင်းထုံးဖြူ၊ ပြည်ရှား သာဝါးလို့ထွေး" ဆိုသည့်စကားအတိုင်း တောင်ငူဘက်မှ ကွမ်းသီးမှာ အကောင်းဆုံး ဖြစ်သည်ဟု သိရပါသည်။ ပြည်မြို့အနေဖြင့် ကွမ်းသီးကို စီးပွားဖြစ်စိုက်ပျိုးခြင်းမရှိဘဲ၊ အိမ်ခြံဝန်းများ အတွင်း အလှအပင်အနေဖြင့် စိုက်ပျိုးကြောင်း သိရပါသည်။

   ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ တတိယပတ်အတွင်း၌ ပြည်ဈေးကွက်တွင်ရောင်းချသော ကွမ်းသီးဈေးနှုန်းများမှာ ကော့သောင်းခြမ်း တစ်ပိဿာလျှင် (၄၁၀၀)ကျပ်၊ ထားဝယ်ခြမ်း တစ်ပိဿာလျှင် (၄၃၀၀)ကျပ်ဖြင့် ရောင်းချသလို ကွမ်းသီးစိတ် ဈေးမှာ (အသန့်)တစ်ပိဿာလျှင် (၄၅၀၀)ကျပ်၊ ကွမ်းသီးစိတ် သောင်းပြောင်းရောရာ တစ်ပိဿာလျှင် (၄၀၀၀)ကျပ်ဖြင့် ရောင်းချကြောင်း သိရပါသည်။ ပြည်ဈေးကွက်ရှိကွမ်းသီးများကို ဒေသတွင်း ဖြန့်ဖြူးသလို နယ်များသို့လည်း တင်ပို့ရောင်းချသဖြင့် တစ်နေ့လျှင် ပိဿာချိန် (၈၀)မှ (၁၀၀) အထိ အရောင်းအဝယ်ဖြစ်ကြောင်း သိရပါသည်။

DOCA(ပဲခူး)

ဧရာရေထွက် ပြည်ပပို့ကုန်ဂဏန်းဈေးကွက်

   ဧရာဝတီတိုင်းဒေသကြီးသည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို အဓိကထား၍လုပ်ကိုင်နေသော တိုင်းဒေသကြီးတစ်ခုဖြစ်သည့်အပြင် ပင်လယ်နှင့်နီးကပ်လျက်ရှိသော ကမ်းခြေဒေသထွက် ရေထွက်ကုန်များသာမက ငါး၊ ပုစွန်၊ ဂဏန်းများလည်းမွေးမြူလျက်ရှိပြီး ရေထွက်ပစ္စည်းများကို ပြည်တွင်းစားသုံးမှုဖူလုံရုံသာမက ပိုလျှံသည်များကို ပြည်ပသို့လည်းတင်ပို့လျက်ရှိနေပါသည်၊၊ ဂဏန်းကောင်များသည် ရေချို၊ ရေငန်စပ်ဒေသများတွင်ပေါက်ဖွား၍ ၎င်းကို မြစ်ဝကျွန်ပေါ်ကမ်းရိုးတန်းတစ်လျှောက် ဒီရေရောက်သည့် နေရာများတွင်လည်းတွေ့ရှိနိုင်ပြီး  ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊ မြောင်းမြ၊ လပွတ္တာ၊ ဖျာပုံ၊ ဘိုကလေး၊ မော်လမြိုင်ကျွန်း၊ ဒေးဒရဲမြို့နယ်များတွင်လည်းထွက်ရှိ၍  လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်ရှိ TMIL ကုမ္ပဏီ၊ MEF ကုမ္ပဏီ၊ စူပါရွှေရောင်ကုမ္ပဏီတို့တွင်မွေးမြူထားသော အအေးခန်းစက်ရုံများမှဂဏန်းများကို ရန်ကုန်သို့တင်ပို့လျက်ရှိကြောင်းသိရပါသည်၊၊

   လပွတ္တာမြို့နယ်မှဂဏန်းများကို လစဉ် ရန်ကုန်မြို့သို့ တင်ပို့ရောင်းချမှုမှာ ဧပြီလတွင် ၄၃၄၀၄ကီလို၊ မေလတွင် ၂၉၂၉၃ကီလို၊ ဇွန်လတွင် ၃၃၇၁၅ကီလို၊ ဇူလိုင်လတွင် ၂၉၄၈၀ကီလိုနှင့် ဩဂုတ်လတွင် ၃၈၄၂၁ကီလိုတို့ဖြစ်ခဲ့ပြီး ယခင်လထက် ကီလို၉၀၀၀နီးပါးပိုမိုတင်ပို့နိုင်ခဲ့ကြောင်း ဂဏန်းဈေးနှုန်းများအနက် ဂဏန်းပျော့တစ်ကီလိုလျှင် ၉၅၀ဝိ/ကျပ်ဈေးနှုန်းနှင့် ဂဏန်းမာတစ်ကီလိုလျှင် ကျပ်၉၀၀ဝိ/ဈေးနှုန်းတို့ဖြင့် TMIL၊ MEF၊ စူပါရွှေရောင်ကုမ္ပဏီများနှင့် ရန်ကုန်မြို့တို့မှတစ်ဆင့်  ပြည်ပနိုင်ငံများသို့တင်ပို့လျက်ရှိကြောင်းသိရပါသည်၊၊

DOCA(ဧရာဝတီ)

တောင်ငူမြို့ ကိုယ်တိုင်စိုက်ပျိုးမွေးမြူထုတ်လုပ်သူများတိုက်ရိုက်အရောင်းဈေးတွင် သက်သာသောဈေးနှုန်းဖြင့် ရောင်းချ

   ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်ချက်အရ တောင်ငူမြို့ ဘုရင့်နောင် ဈေးအနီးတွင် ကိုယ်တိုင်စိုက်ပျိုးမွေးမြူထုတ်လုပ်သူများတိုက်ရိုက်အရောင်းဈေးဖွင့်လှစ်၍ ဆန်၊ သားငါးနှင့် ဟင်းသီးဟင်းရွက်များအား သင့်တင့်သောဈေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိရာ မည်သူမဆို လွတ်လပ်စွာလာရောက် ဝယ်ယူနိုင်ပါသည်။

     ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ ၁၄ ရက်နေ့တွင် တောင်ငူမြို့နယ် ဆန်ကုန်သည်နှင့် ဆန်စက်ပိုင်ရှင်များက ဆန်တစ်ပြည်လျှင် ၂၆၀၀ ကျပ်နှုန်း၊ လူတစ်ဦးလျှင် နှစ်ပြည်နှုန်းဖြင့်လည်းကောင်း၊ မွေးမြူရေး ထုတ်ကုန်လုပ်ငန်းရှင်များက ကြက်သား တစ်ပိဿာလျှင် ၁၀၀၀၀ ကျပ်၊ ဝက်သား တစ်ပိဿာလျှင် ၁၅၀၀၀ ကျပ်ဖြင့်လည်းကောင်း ရောင်းချပေးလျက်ရှိပါသည်။

     တစ်ပိုင်တစ်နိုင်စိုက်ပျိုးသူများက ဟင်းသီးဟင်းရွက်များကို ရောင်းချပေးလျက်ရှိရာ ခရမ်းသီး (အညို) တစ်ပိဿာလျှင် ၁၄၀၀ ကျပ်၊ ခရမ်းသီး (အစိမ်း) တစ်ပိဿာလျှင် ၈၀၀ ကျပ်၊ ခရမ်းချဉ်သီး တစ်ပိဿာလျှင် ၁၆၀၀ ကျပ်၊ ဂေါ်ဖီ တစ်ပိဿာ ၈၀၀ ကျပ်၊ ကြက်ဟင်းခါးသီး တစ်ပိဿာ ၁၂၀၀ ကျပ်၊ နံနံပင် ၁၀ ကျပ်သား ၈၀၀ ကျပ်၊ ကုလားအော်သီး ၁၀ ကျပ်သား ၈၀၀ ကျပ်၊ ပန်းဂေါ်ဖီထုပ် တစ်ပွင့် ၇၀၀ ကျပ်နှင့် ရုံးပတီသီး (အတောင့် ၃၀ ပါ)တစ်စည်း ၂၅၀ ကျပ် ရောင်းချကြောင်း သိရပါသည်။

DOCA(ပဲခူး)

 

ကျောက်ဆည်ခရိုင်တွင် နှံစားပြောင်းသီးနှံများ အောင်မြင်စွာစိုက်ပျိုးပြီးစီး

    မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်တွင် စားဖိုဆောင်သီးနှံမျိုးစုံနှင့် ပြောင်းအမျိုးမျိုးတို့းစိုက်ပျိုးသည့်အပြင် နှံစားပြောင်းသီးနှံများကိုလည်းစိုက်ပျိုးလျက်ရှိပါသည်။ (၂၀၂၃-၂၀၂၄) ဘဏ္ဍာနှစ်တွင် နှံစားပြောင်းစိုက်ဧက (၃၁၇၇)ဧက အောင်မြင်စွာစိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သက်ဆိုင်ရာဌာန၏ စာရင်းများအရသိရှိရပါသည်။ ကျောက်ဆည်မြို့နယ်၊ တောင်တော်ကျေးရွာ၊  နောင်ခမ်းကျေးရွာနှင့် ကင်းကျေးရွာတို့ရှိ ကုန်းကွက်များ၌ အများဆုံးစိုက်ပျိုးလျက်ရှိကြောင်း၊ စိုက်ပျိုးပြီး (၃-၄) လအကြာတွင် ရိတ်သိမ်းပြီးစီးပြီဖြစ်ကြောင်း၊ နှံစားပြောင်းသီးနှံစိုက်ပျိုးမှုတစ်ဧကမျိုးအနေဖြင့် (၄)ပြည်စိုက်ပျိုးရကြောင်း၊ စိုက်ပျိုးသောမျိုးများမှာ ထွက်တိုးနီနှင့်ထွက်တိုးဖြူမျိုးများစိုက်ပျိုးကြကြောင်း၊ မျိုး(၁)ပြည်လျှင် (၃၀၀၀)ကျပ်ပေးရကြောင်း၊  ပြောင်းစိုက်ပျိုးမှု(၁)ဧကလျှင် ကုန်ကျစရိတ်အနေဖြင့် (၂၀၀၀၀၀)ကျပ်ကုန်ကျကြောင်း၊ ယခင်နှစ်စိုက်ပျိုးမှုတွင် (၁)ဧကရိတ်သိမ်းခြွေပြီးသည်အထိ (၃၀၀၀၀၀)ကျပ်ကုန်ကျပြီး အထွက်နှုန်းအနေဖြင့် (၃၅)တင်းထွက်ရှိခဲ့ပြီး ပြောင်းတစ်တင်းလျှင် (၂၂၀၀၀)ကျပ်ဖြင့် ရောင်းချရသဖြင့် အကျိုးအမြတ်မှာ (၄၀၀၀၀၀)ကျပ်ခန့်ရရှိကြောင်း၊ နှံစားပြောင်းဖြတ်ပြီး ကျန်ရှိသောပြောင်းရိုးကိုရောင်းချပါက တစ်ဧကလျှင် (၁၀၀၀၀၀)ကျပ်ရောင်းရကြောင်း၊ နွားစာကျွေးမွေးရန်အတွက် လာရောက်ဝယ်ယူသူများလည်းရှိသဖြင့် ပြောင်းရိုးရောင်းချမှုဖြင့် မျိုးဖိုးပြန်လည်ရကြောင်း၊ နှံစားပြောင်းစိုက်ပျိုးမှုတွင် ကုန်ကျစရိတ်သက်သာပြီး အကျိုးအမြတ်များရရှိသဖြင့် နှံစားပြောင်းသီးနှံကို တိုးချဲ့စိုက်ပျိုးသင့်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။

DOCA(မန္တလေး)

 

 

တောင်ငူမြို့သို့ ရှမ်းပြည်နယ်မှ သရက်သီးနှင့် ဇီးပန်းသီးများဝင်ရောက်

      တောင်ငူမြို့သို့ အခြားအရပ်ဒေသများမှ ရာသီအလိုက် သီးနှံများတင်ပို့ရောင်းချလျက်ရှိရာ ယခုအခါ ရှမ်းပြည်နယ်မှ သရက်သီးအစိမ်းနှင့် အမှည့်များကို သစ်သီးဆိုင်များတွင် ရောင်းချနေသည်ကို တွေ့ရပါသည်။

         သရက်သီးအစိမ်းမှာ ၂၅ ကျပ်သားလျှင် ၁၀၀၀ ကျပ်၊ တစ်ပိဿာလျှင် ၃၅၀၀ ကျပ်ဖြင့် ရောင်းချပြီး ရင်ခွဲသရက်သီးအမှည့်မှာ တစ်လုံးလျှင် အသေး ၅၀၀ ကျပ်၊ အလတ် ၇၀၀ ကျပ်နှင့် အကြီး ၁၀၀၀ ကျပ်ရှိပါသည်။ ၁၀ လုံးယူလျှင် ဈေးနှုန်းအနည်းငယ်လျော့ပါသည်။

      ဇီးပန်းသီးဟု လူသိများသောပန်းသီးမှာ ၂၅ ကျပ်သားလျှင် ၂၀၀၀ ကျပ်ရှိပြီး တစ်ပိဿာ ၇၅၀၀ ကျပ်ဖြင့်ရောင်းချပါသည်။ ရိုးရိုးပန်းသီးမှာ အလုံးအကြီး အသေးပေါ်မူတည်ပြီး တစ်လုံးလျှင် ၅၀၀ ကျပ်မှ ၈၀၀ ကျပ်အထိရှိပါသည်။ တရုတ်ပန်းသီးမှာ တစ်လုံးလျှင် ၁၀၀၀ ကျပ်မှ ၁၂၀၀ ကျပ် အထိရှိကြောင်းနှင့် အရောင်းအဝယ်မှာ ပုံမှန်အတိုင်းရှိကြောင်း သိရပါသည်။

DOCA(ပဲခူး)

ကျောက်ဆည်ခရိုင်တွင် ကြက်သွန်နီများစတင်စိုက်ပျိုးလျက်ရှိ

     မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်တွင် စားဖိုဆောင်သီးနှံများဖြစ်သော ခရမ်းချဉ်သီး၊ ငရုတ်သီးများအပြင် ကြက်သွန်သီးနှံလည်းစိုက်ပျိုးလျက်ရှိပြီး ခရိုင်အတွင်း ကြက်သွန်နီစိုက်ဧက (၁၉၉၄)ဧကစိုက်ပျိုးရန် လျာထားလျက်ရှိကြောင်း သက်ဆိုင်ရာဌာန၏ စာရင်းများအရသိရှိရပါသည်။ ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ တတိယအပတ်မှစ၍ ကြက်သွန်နီများကို မြစ်သားမြို့နယ်အတွင်းရှိ ကသဲကုန်းကျေးရွာ၊ ထနောင်းကုန်းကျေးရွာနှင့် ရွှေကြာအင်းကျေးရွာများ၌ စတင်စိုက်ပျိုးလျက်ရှိပါသည်။ တစ်ဧကလျှင် စိုက်ပျိုးမှုမှာ (၁၅၀၀၀၀၀) ကျပ်ခန့်ကုန်ကျကြောင်း၊ မျိုးအနေဖြင့် ရွှေဖလားမျိုး၊ ရွှေဖလားထိပ်မောက်မျိုးများကို အများဆုံးစိုက်ပျိုးကြကြောင်း၊ ပျိုးထောင်စိုက်ပျိုးသူများရှိပြီး ပျိုးထောင်ချိန်မရသောတောင်သူများမှာလည်း မျိုးများဝယ်ယူ၍ စိုက်ပျိုးရကြောင်း၊ ပျိုးတစ်ပေါင်လျှင် (၂၀၀၀၀၀)ကျပ်ဖြင့် ဝယ်ယူစိုက်ပျိုးရကြောင်း၊ ရာသီဥတုအနေဖြင့် မိုးဖွဲဖွဲလေးများကျရောက်သဖြင့် ကြက်သွန်နီစိုက်ပျိုးမှုအတွက် အထောက်အကူဖြစ်သဖြင့် ကြက်သွန်နီစိုက်ပျိုးမှုအကောင်းဆုံးအချိန်ဖြစ်ကြောင်း စိုက်ပျိုးသူတောင်သူတစ်ဦး၏ပြောပြချက်အရ သိရှိရပါသည်။

DOCA(မန္တလေး)

 

 

တောင်ငူမြို့တွင် ကြက်သွန်နီနှင့်အာလူးဈေးကျ

    တောင်ငူမြို့တွင် အခြေခံစားသောက်ကုန်များဖြစ်သော မြေပဲဆီမှာ တစ်ပိဿာလျှင် ၁၇၀၀၀ ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပြီး စားအုန်းဆီမှာ တစ်ပိဿာလျှင် ၅၀၀၀ ကျပ်ဖြင့် ရောင်းချလျက်ရှိပါသည်။

  ကြက်သွန်နီမှာ ယခင်အပတ်က တစ်ပိဿာလျှင် အသေး ၂၈၀၀ ကျပ်၊ အလတ် ၃၂၀၀ ကျပ်၊ အကြီး ၃၆၀၀ ကျပ်၊ တရုတ်ကြက်သွန်နီ ၃၅၀၀ ကျပ်ရှိရာမှ၊ ယခုအပတ်တွင် တစ်ပိဿာလျှင် အသေး ၂၄၀၀ ကျပ်၊ အလတ် ၂၈၀၀ ကျပ်၊ အကြီး ၃၂၀၀ ကျပ်နှင့် တရုတ် ကြက်သွန်နီ ၃၂၀၀ ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်ကျဆင်းပါသည်။

 ကြက်သွန်ဖြူမှာ တစ်ပိဿာလျှင် အသေး ၈၀၀၀ ကျပ်၊ အလတ် ၈၅၀၀ ကျပ်နှင့် အကြီး ၉၀၀၀ ကျပ်ဖြင့် ဈေးနှုန်းပြန်လည်ကျဆင်းပြီး တရုတ်ကြက်သွန်ဖြူ ၉၀၀၀ ကျပ်ဖြင့် ဈေးနှုန်း တည်ငြိမ်နေပါသည်။

    အာလူးမှာ တစ်ပိဿာလျှင် အသေး ၂၂၀၀ ကျပ်၊ အလတ် ၂၆၀၀ ကျပ်၊ အကြီး ၃၀၀၀ ကျပ်၊ တရုတ်အာလူး ၃၅၀၀ ကျပ်ရှိရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် အသေး ၂၀၀၀ ကျပ်၊ အလတ် ၂၂၀၀ ကျပ်၊ အကြီး ၂၃၀၀ ကျပ်၊ တရုတ်အာလူး ၂၈၀၀ ကျပ်ဖြင့် ဈေးနှုန်း အနည်းငယ် ကျဆင်းပါသည်။

   ငရုတ်သီးခြောက် အပုမှာ တစ်ပိသာလျှင် ၂၀၀၀၀ ကျပ်မှ ၂၂၀၀၀ ကျပ်၊ ငရုတ်သီးခြောက် အရှည်မှာ ယခင်အပတ်က တစ်ပိဿာလျှင် ၁၃၀၀၀ ကျပ်မှ ၁၄၀၀၀ ကျပ်နှင့် ငရုတ်သီးခြောက်အပွမှာ တစ်ပိဿာလျှင် ၂၀၀၀၀ ကျပ်မှ ၂၂၀၀၀ ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပါသည်။

   မြေပဲဆန်(အနီ)မှာ တစ်ပိဿာလျှင် ၁၀၀၀၀ ကျပ်၊ မြေပဲဆန် (အဖြူ)မှာ တစ်ပိဿာလျှင် ၉၂၀၀ ကျပ်၊  ကုလားပဲခြမ်းမှာ တစ်ပိဿာလျှင် ၆၃၀၀ ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေကြောင်းနှင့် အရောင်းအဝယ်မှာ ပုံမှန်အတိုင်းရှိကြောင်း သိရပါသည်။

DOCA(ပဲခူး)

 

တောင်ငူမြို့နယ် မင်းလမ်းကျေးရွာမှ CP အသားတိုးဝက်နှင့် CP မျိုးစပ် ဝက်ကောင်ပေါက် မွေးမြူရေးလုပ်ငန်း

     တောင်ငူမြို့နယ်၊ ငါးဖယ်အင်းကျေးရွာအုပ်စု၊ မင်းလမ်းကျေးရွာရှိ ဦးမြဝင်း၏ CP အသားတိုးဝက်နှင့် CP မျိုးစပ် ဝက်ကောင်ပေါက်များကို ဝယ်ယူနိုင်ရရှိနိုင်ပါသည်။ ၄၅ ရက်သား အသားတိုး ဝက်ပေါက်တစ်ကောင်လျှင် ၁၅၀၀၀၀ ကျပ်ပေးရပြီး နောက် ရက်ပေါင်း ၆၀ ကြာလျှင် ရောင်းတန်းဝင် ဝက်ကြီးတစ်ကောင်အဖြစ် ရောင်းချနိုင်ပါသည်။

       CP ဝက်စာ (ပိဿာ ၂၀)အိတ် တစ်အိတ်၊ ဆန်ကွဲ (ပိဿာ ၃၀ အိတ်) နှစ်အိတ်နှင့် ဖွဲနု (ပိဿာ ၂၀ အိတ်)တစ်အိတ်ကို‌ ရောစပ်ပြီး တစ်နေ့ကို သုံးကြိမ်ကျွေးရပါသည်။ ဝက်ပေါက်အစာ တစ်အိတ်လျှင် ၂၅၀၀၀ ကျပ်၊ ဝက်လတ်အစာ တစ်အိတ်လျှင် ၃၅၀၀၀ ကျပ်နှင့် ဝက်ကြီးအစာ တစ်အိတ်လျှင် ၅၀၀၀၀ ကျပ် ပေးရပါသည်။

   ရောင်းတန်းဝင် ဝက်ကြီးတစ်ကောင်ကို အချိန် တစ်ပိဿာလျှင် ၁၁၀၀၀ ကျပ်ဖြင့် ဝက်ဒိုင်များက ခြံအရောက်လာရောက်ဝယ်ယူပါသည်။ ယခင်က အသားတိုး CP ဝက်မွေးမြူရေးမှာ တွက်ချေကိုက်သော်လည်း ယခုအခါ အစာဈေးမြင့်တက်မှုကြောင့် အကျိုးအမြတ်နည်းပါးလာပါသည်။

     အသားတိုးဝက်မွေးမြူခြင်းထက် CP မျိုးစပ် ဝက်မမွေး၍ အကောင်ပေါက်ရောင်းချခြင်းက ပိုမိုအကျိုးအမြတ်ရရှိပါသည်။ CP မျိုးစပ် ၄၅ ရက်သား ဝက်ပေါက်တစ်ကောင်လျှင် ၁၅၀၀၀၀ ကျပ် ရောင်းချရကြောင်း သိရပါသည်။

DOCA(ပဲခူး)

 

 

မိတ္ထီလာမြို့၌ ဈေးနှုန်းသက်သာသော စားသောက်ကုန်တို့ရောင်းချပေး

     စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မိတ္ထီလာစည်ပင်သာယာရေးနယ်နိမိတ်အတွင်းရှိ မိတ္ထီလာမြို့မဈေးတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်ပူးပေါင်း၍ ကုန်စျေးနှုန်းကျဆင်းရေးနှင့် ပြည်သူလူထုများ ပြင်ပပေါက်စျေးများထက် သက်သာသောနှုန်းထားများဖြင့် ဝယ်ယူစားသုံးနိုင်‌ရေးရည်ရွယ်၍  (၁၉-၉-၂၀၂၃) ရက်နေ့တွင် မိတ္ထီလာမြို့၊ ကွက်သစ်စျေး၌ စားသောက်ကုန်ပစ္စည်းများကို ဒေသခံပြည်သူများအား စိုက်ပျိုးမွေးမြူဖြန့်ဖြူးသူများ၏ ဈေးနှုန်းသက်သာစွာရောင်းချနေမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြပါသည်။

    ထိုသို့ရောင်းချရာတွင် အမဲသားတစ်ပိဿာလျှင် (၁၂၀၀၀) ကျပ်၊ ဝက်သားတစ်ပိဿာလျှင် (၁၆၀၀၀) ကျပ်၊ ဆိတ်သားတစ်ပိဿာလျှင် (၂၀၀၀၀) ကျပ်၊ ကြက်သား(အသားထုတ်) တစ်ပိဿာလျှင် (၁၀၀၀၀) ကျပ်၊ ကြက်သား (အရိုး/အသား) တစ်ပိဿာလျှင် (၉၀၀၀) ကျပ်၊ ငါးကြင်းတစ်ပိဿာလျှင် (၁၂၀၀၀) ကျပ်၊ ငါးမြင်းတစ်ပိဿာလျှင် (၁၈၀၀၀) ကျပ်၊ ငါးတန်တစ်ပိဿာလျှင် (၈၀၀၀) ကျပ်၊ ငါးမြင်းချင်းတစ်ပိဿာလျှင် (၇၀၀၀) ကျပ်၊ ငါးခူတစ်ပိဿာလျှင် (၆၅၀၀) ကျပ်၊ တီလားဗီးယားတစ်ပိဿာလျှင် (၇၅၀၀) ကျပ်၊ ရေချိုပုစွန်တစ်ပိဿာလျှင် (၂၂၀၀၀) ကျပ်၊ ကြက်ဥတစ်လုံးလျှင် (၂၅၀) ကျပ်၊ ဘဲဥတစ်လုံးလျှင် (၂၅၀) ကျပ်၊ ဆန် (မနောသုခ) တစ်ပြည်လျှင် (၃၁၅၀) ကျပ်၊ ဆန် (ဧည့်မထ) တစ်ပြည်လျှင် (၂၅၀၀) ကျပ်၊ စားအုန်းဆီတစ်ပိဿာလျှင် (၄၄၀၀) ကျပ်နှင့် ဆားတစ်ပိဿာလျှင် (၄၀၀) ကျပ်တို့ဖြင့် ရောင်းချပေးနေကြောင်းသိရှိရပါသည်။

DOCA(မန္တလေး)

 

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း