Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ပခုက္ကူကုန်စည်ဒိုင်၏ စက်တင်ဘာလ(ဒုတိယပတ်) ပဲမျိုးစုံနှင့်နှမ်းမျိုးစုံဈေးနှုန်းဈေးကွက်

   မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူကုန်စည်ဒိုင်တွင် အညာဒေသမှ အဓိကစိုက်ပျိုးထုတ်လုပ်သော ပဲစဉ်းငုံနီ၊ ပဲတီစိမ်း၊ ကုလားပဲမျိုးစုံ၊ ပဲနီပြား၊ ထောပတ်ပဲ၊ ပဲလွန်း၊ တခြားပဲနှင့် နှမ်းမျိုးစုံများအရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ(ဒုတိယပတ်)တွင် ပဲမျိုးစုံကုန်စည်ဒိုင်ပြတ်ဈေးမှာ ပဲစဉ်းငုံနီတစ်တင်းလျှင် ကျပ်(၁၀၂၀၀၀-၁၂၇၀၀၀)၊ ကုလားပဲဝါလုံးကြီး(  929 )တစ်တင်းလျှင် ကျပ် (၈၉၀၀၀)၊ ပဲတီစိမ်းကြီးမှာ အရည်အသွေးကိုလိုက်၍ တစ်တင်းလျှင် ကျပ်(၄၀၀၀၀-၅၅၀၀၀)၊ ပဲတီစိမ်း -သေးတစ်တင်းလျှင် ကျပ် (၄၀၀၀၀-၅၈၅၀၀)၊ ကုလားပဲဖြူလုံးကြီး(v6)တစ်တင်းလျှင် ကျပ် (၉၄၀၀၀)၊ ပဲဇီးကွက်တစ်တင်းလျှင် ကျပ်(၅၄၀၀၀-၅၅၀၀၀)၊ နှမ်းညိုတစ်တင်းလျှင် ကျပ်(၁၀၃၀၀၀)၊ နှမ်းနီ(ယော)တစ်တင်းလျှင် ကျပ်(၁၀၁၀၀၀)၊ နှမ်းဝါ(ယော)တစ် တင်းလျှင် ကျပ်(၁၀၇၀၀၀)၊ မန်ကျည်းသီးမှည့်တစ်ပိဿာလျှင် ကျပ်(၇၈၀၀)ဖြင့် ဥပုသ်နေ့မှလွဲ၍ အရောင်းအဝယ်ဖြစ်နေကြောင်း ကုန်စည်ဒိုင်မှသိရှိရပါသည်။

  ယခုအပတ်၏ အရောင်းအဝယ်ဖြစ်မှုမှာ ပဲစဉ်းငုံနီ(၇၀၀)အိတ်၊  ကုလားပဲဝါလုံးကြီး(929) (၃၀၀)အိတ်၊ ကုလားပဲဝါလုံးကြီး(၂၅၀)အိတ်၊ ပဲတီစိမ်းသေး(၂၅၀၀)အိတ်၊ ကုလားပဲဖြူလုံးကြီး (v6) (၃၀၀)အိတ်၊ ပဲဇီးကွက်(၅၀၀)အိတ်၊ နှမ်းညို(၁၄၀၀)အိတ်၊ နှမ်းနီ(ယော)(၁၈၀၀)အိတ်၊ နှမ်းဝါ (ယော)(၁၀၀၀)အိတ်၊ မန်ကျည်းသီးမှည့်ကုန်ချိန်(၃၀၀၀) တို့အရောင်းအဝယ်ဖြစ်နေပါသည်။

     ပဲနှမ်းတင်ပို့မှုအနေဖြင့် မြန်မာပြည်အောက်ပိုင်း ရန်ကုန်တိုင်းဒေသကြီးသို့ အဓိကတင်ပို့ပြီး ယခုအပတ်တွင် ပဲတီစိမ်းမှာ အများဆုံးဖြစ်ပြီး တခြားပဲများမှာ ပဲယင်း၊ ကုလားပဲအမျိုးမျိုးနှင့် နှမ်းညိုများတင်ပို့လျက်ရှိကြောင်း ကုန်သည်ပွဲစားများထံမှသိရှိရပါသည်။

DOCA(မကွေး)

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံ၊ တာချီလိတ်ဒေသ ဘိလပ်မြေနှင့် ဓာတ်မြေဩဇာ ဈေးနှုန်းအခြေနေ

   ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ တတိယအပတ်တွင် ကျိုင်းတုံမြို့ဈေးကွက်ရှိ ဘိလပ်မြေနှင့် ဓာတ်မြေဩဇာဈေးနှုန်းအနေဖြင့် ဘိလပ်မြေကျားတံဆိပ် (40)kg တစ်အိတ်လျှင် (၁၆၀၀၀)ကျပ်၊ ဆင်တံဆိပ် (50)kg တစ်အိတ်လျှင် (၁၇၆၀၀)ကျပ်၊ စိန်တံဆိပ် (50)kg တစ်အိတ်လျှင် (၁၇၉၀၀)ကျပ်ဖြစ်ပါသည်။ ဓာတ်မြေဩဇာဈေးနှုန်းများမှာ ပုလဲ (MEP) (50)kg တစ်အိတ်လျှင် (၈၅၀၀၀)ကျပ်၊ တီဆူပါ (လေဆာ) (50)kg တစ်အိတ်လျှင် (၂၅၀၀၀) ကျပ်၊ ချာန (သုံးမျိုးစပ်) (50)kg တစ်အိတ်လျှင် (၁၅၅၀၀၀)ကျပ်ဖြစ်ပါသည်။

    ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ တတိယအပတ်တွင် တာချီလိတ်မြို့ဈေးကွက်ရှိ ဘိလပ်မြေနှင့် ဓာတ်မြေဩဇာဈေးနှုန်းမှာ ဘိလပ်မြေ ကျားတံဆိပ် (40)kg တစ်အိတ်လျှင် (၁၄၁၀၀)ကျပ်၊ ဆင်တံဆိပ် (50)kg တစ်အိတ်လျှင် (၁၅၃၀၀)ကျပ်၊ စိန်တံဆိပ် (50)kg တစ်အိတ်လျှင် (၁၅၇၀၀)ကျပ်ဖြစ်ပါသည်။ မြင်းပျံ(ရိုးရိုး) (50)kg တစ်အိတ်လျှင် (၉၀၀၀၀)ကျပ်၊ တီဆူပါ May လီတာတစ်အိတ်လျှင် (၄၀၀၀၀)ကျပ်ဖြစ်ပါသည်။

   ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံ၊ တာချီလိတ်ဒေသ ဘိလပ်မြေဈေးနှုန်းမှာ ယခင်စက်တင်ဘာလ ဒုတိယအပတ်ထက် အနည်းငယ်မြင့်တက်လျက်ရှိပြီး ဓာတ်မြေဩဇာဈေးနှုန်းများမှာ တည်ငြိမ်လျက်ရှိကြောင်းသိရှိရပါသည်။

DOCA(ရှမ်း)

ကျိုင်းတုံမြို့ရှိ အခြေခံစားသောက်ကုန်များ၏ ဈေးနှုန်းအခြေအနေ

    ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ တတိယပတ်အတွင်း ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ရှိ အခြေခံစားသောက်ကုန်များဖြစ်သော ရွှေဘိုပေါ်ဆန်မွှေး(သိင်္ဂီ) တစ်ပြည်လျှင် ၇၀၀၀ကျပ်၊ ဧည့်မထ (ဒေသ)ဆန်တစ်ပြည်လျှင် ၃၉၅၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ စားဖိုဆောင်စားသောက်ကုန်များအနေဖြင့် ကြက်သွန်နီတစ်ပိဿာလျှင် ၄၀၀၀ကျပ်၊ ကြက်သွန်ဖြူ(ကြူကုတ်) တစ်ပိဿာလျှင် ၁၀၀၀၀ကျပ်၊ (ရှမ်းစ)တစ်ပိဿာလျှင် ၁၁၀၀၀ကျပ်၊ ငရုတ်သီးခြောက်(ရှည်)တစ်ပိဿာလျှင် ၁၈၀၀၀ကျပ်၊ ခရမ်းချဉ်သီးတစ်ပိဿာလျှင် ၂၅၀၀ကျပ်၊ အာလူးတစ်ပိဿာလျှင် ၄၀၀၀ကျပ်၊ မန်ကျည်းသီးမှည့်တစ်ပိဿာလျှင် ၄၀၀၀ကျပ်နှင့် ချင်းတစ်ပိဿာလျှင် ၆၀၀၀ကျပ် စသည်ဖြင့် ရောင်းဝယ်လျက်ရှိပါသည်။

   စက်တင်ဘာလ တတိယပတ်၌ စားသုံးဆီဈေးနှုန်းများအနေဖြင့် စားအုန်းဆီတစ်ပိဿာလျှင် ၇၆၀၀ကျပ်နှင့် ပဲဆီ(ရိုးရိုး) တစ်ပိဿာလျှင် ၁၆၀၀၀ ကျပ်၊ ကြက်ဥဈေးမှာ တစ်လုံးလျှင် ၃၀၀ကျပ်နှင့် ဘဲဥတစ်လုံးလျှင် ၄၀၀ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိပါသည်။ အသားငါးဈေးနှုန်းများမှာ ကြက်သား (CP) တစ်ပိဿာလျှင် ၁၄၀၀၀ကျပ်၊ ဝက်သားတစ်ပိဿာလျှင် ၂၂၀၀၀ကျပ်၊ အမဲသား တစ်ပိဿာလျှင် ၂၄၀၀၀ကျပ်၊ ငါးကြင်းတစ်ပိဿာလျှင် ၁၅၀၀၀ကျပ်၊ ငါးမြစ်ချင်းတစ်ပိဿာလျှင် ၁၃၀၀၀ကျပ်ဈေးနှုန်းတို့ဖြင့် ရောင်းဝယ်လျက်ရှိကြောင်းသိရှိရပါသည်။

   ယခင်စက်တင်ဘာလ ဒုတိယအပတ်ဈေးနှုးန်တို့နှင့်နှိုင်းယှဉ်ပါက ကြက်သွန်နီ၊ အာလူး၊ စားအုန်းဆီဈေးနှုန်းတို့မှာ အနည်းငယ်မြင့်တက်လျက်ရှိကြောင်း၊ ငရုတ်ခြောက်(ရှည်)မှာ ဈေးနှုန်းအနည်းငယ်ကျဆင်းသွားပြီး ကျန်အခြေခံစားသောက်ကုန်များမှာ ဈေးနှုန်းတည်ငြိမ်လျက်ရှိကြောင်းသိရှိရပါသည်။

DOCA(ရှမ်း)

 

ဓနုဖြူမြို့မှ ဇကာကြီးသူ အသင့်စား မုန့်ဟင်းခါးအနှစ်ထုပ်ကိုသုံးစွဲနိုင်ရန် ဈေးကွက်ဖြန့်ချိ

    မြန်မာလူမျိုးတို့၏ မြန်မာရိုးရာအစားအစာဖြစ်သော မုန့်ဟင်းခါးသည် မြန်မာလူမျိုးတိုင်းကြိုက်နှစ်သက်သော အစားအစာတစ်ခုဖြစ်ပါသည်။ မုန့်ဟင်းခါးခေါက်ဆွဲသည် ဆန်ကိုအခြေခံ၍ပြုလုပ်သောဆန်ကို အချဉ်ဖောက်ပြုလုပ်သည့် ခေါက်ဆွဲမုန့်ဖတ်လေးများနှင့် ငါးဖြင့်အဓိကချက်လုပ်သော မုန့်ဟင်းခါးဟင်းရည်ခေါ်  ဟင်းငါးရည်တို့ကို တခြားသော အစာပလာများနှင့်အတူ တွဲဖက်စားသုံးရသည့် သားရည်စာတစ်မျိုးဖြစ်သည်။ မုန့်ဟင်းခါးအစားအစာကို မြန်မာပြည်၏ မြန်မာရိုးရာအစားအစာအဖြစ် အသိအမှတ်ပြုကြသည်။ မုန့်ဟင်းခါးကို မြန်မာလူမျိုးများက အလွန်ကြိုက်နှစ်သက်ကြ၍ မုန့်ဟင်းခါးကိုရောင်းချကြပြီး နံနက်စာ၊ နေ့လယ်စာ ထမင်းလွတ်စားသောက်ခြင်း၊ နေ့လယ်နေ့ခင်း ညလယ်စာအဖြစ်ပါ နှစ်ခြိုက်စွာစားသုံးလေ့ရှိကြပါသည်။

   မုန့်ဟင်းခါးရည်ချက်ပြုတ်ရန်အတွက် ငါးပြုတ်၍ အသားအရိုးကိုခွဲခြားကာ ကုလားပဲဆန်ပြုတ်၊ ချင်း၊ စပါးလင်၊ ငရုတ်ကောင်းတို့ကို အချိုးကျစီမံချက်ပြုတ်ပြီး ရရှိလာသောမုန့်ဟင်းခါးဟင်းရည်ရရှိမှု၏ လုပ်ငန်းပမာဏမှာ ဝယ်ယူချက်ပြုတ်မှုအဆင့်များစွာရှိသဖြင့် စားကောင်းသော်လည်း ကိုယ်တိုင် အသင့်ချက်ပြုတ်စားသောက်နိုင်ရန် ဝယ်ယူသူများရှိသည်ကို လေ့လာသိရှိရကြောင်းနှင့် မုန့်ဟင်းရည်ချက်ဝါသနာအိုးများနှင့် မုန့်ဟင်းခါးကြိုက်နှစ်သက်သူများအတွက်မူ တားမရပါကြောင်းသိရှိရပါသည်။

     မုန့်ဟင်းခါးကိုကြိုက်သော်လည်း မုန့်ဟင်းခါးချက်ပြုတ်ရန် အချိန်မပေးနိုင်ကြသော မြန်မာလူမျိုးများအတွက် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်မှ ဇကာကြီးသူ မုန့်ဟင်းခါးအနှစ်ထုပ်နှင့်မိတ်ဆက်ပေးချင်ပါသည်။

    ငါး၊ ကုလားပဲ၊ ငါးဖယ်ခြစ်၊ ချင်း၊ စပါးလင်၊ ငရုတ်သီးမှုန့်၊ ငရုတ်ကောင်း၊ မြေပဲ၊ ငံပြာရည်တို့ကို အချိုးကျပေါင်းစပ်ထားပြီး အသင့်စားအစားအစာပြုလုပ်ရန်အတွက် ခြောက်နေအောင်လုံးထားပြီး လင်ဗန်းထဲထည့်၍ ပန်ကာလေဖြင့် သင့်တော်သောအနေအထားတွင် ရိုးရိုးအိတ်မဟုတ်ဘဲ လေစုတ်အိတ်ထဲသို့ထည့်၍ အသေအချာထုပ်ပိုးထားရှိပါသည်။ စားသုံးသူများအတွက် အသေအချာထုပ်ပိုးထားသော ဇကာကြီးသူ မုန့်ဟင်းခါးအနှစ်ထုပ်၏ အညွှန်းပါအတိုင်း ရေနွေးဆူဆူတွင်ထည့်၍ လိုအပ်သလောက် မွေပေးပြီးပါက အရသာရှိသောမုန့်ဟင်းခါးဟင်းရည်တစ်ခွက်ကို အလွယ်တကူရရှိနိုင်ပြီး မုန့်ဟင်းခါးဖတ်နှင့်တွဲဖက်စားသုံးနိုင်ပါသည်။

    ဇကာကြီးသူ မုန့်ဟင်းခါး ၂၀ကျပ်သားပါ တစ်ထုပ် (ကျပ်၄၀၀၀/-) ကို မုန့်ဟင်းခါးဖတ် ၄၀ကျပ်သားနှင့် ပေါင်းစပ်စားနိုင်ပြီး ၄၀ကျပ်သားပါ တစ်ထုပ်လျှင် မုန့်ဟင်းခါးဖတ် ၈၀ကျပ်သားနှင့် စားနိုင်ပြီး ၇၀ကျပ်သားပါ တစ်ထုပ်လျှင် ၁၁၀၀၀/-ကျပ်ကို မုန့်ဟင်းခါးဖတ် ၁ပိဿာလျှင် ၄၀ကျပ်သားဖြင့် စားသုံးနိုင်ပါသည်။

    စားသုံးသူရေးရာဦးစီးဌာန၊ ဓနုဖြူမြို့နယ်၏ မြို့နယ်တာဝန်ခံ ဦးဝင်းမင်းစိုးနှင့်ဝန်ထမ်းများသည် ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ တတိယပတ်တွင် ဇကာကြီးသူ မုန့်ဟင်းခါးအနှစ်ထုပ်လုပ်သည့်လုပ်ငန်းခွင်သို့သွားရောက်၍ ကွင်ဆင်းလေ့လာခဲ့ပြီး ဓနုဖြူမြို့နယ်နှင့် တခြားမြို့များတွင် ဈေးကွက်ရရှိနိုင်ရေးအတွက် အရသာနှင့် အရည်အသွေးကောင်းမွန်သော ဇကာကြီးသူ မုန့်ဟင်းခါးအနှစ်ထုပ်တွင် ကုန်အညွှန်းအမှတ်အသားဆောင်ရွက်ထားရှိမှုနှင့် အသေးစားကုန်ထုတ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်နိုင်ရေးနည်းလမ်းများကို ထည့်သွင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။

    ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်မှ ဇကာကြီးသူမုန့်ဟင်းခါးအနှစ်ထုပ်လုပ်ငန်းသည် ဓနုဖြူမြို့အတွက်သာမက မအူပင်ခရိုင်မှ တိုးတက်ဖွံ့ဖြိုးလာတော့မည့်လုပ်ငန်းတစ်ခုအဖြစ် အလားအလာကောင်းများကို ဂုဏ်ယူဖွယ်တွေ့ရှိခဲ့ရပါသည်။

DOCA(ဧရာဝတီ)

 

မင်္ဂလာတောင်ညွန့်ကြက်/ဘဲဈေးဒိုင် ဈေးကွက်ဈေးနှုန်း

     ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ ကြက်/ဘဲဈေးတွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် နေ့စဉ်စားသုံးသူပြည်သူများထံသို့ ကြက်/ဘဲများ လက်လီလက်ကားဖြန့်ဖြူးရောင်းချပေးလျက်ရှိပါသည်။

         စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ၄.၉.၂၀၂၃ ရက်နေ့ (၀၉:ဝ၀) နာရီအချိန်တွင် မင်္ဂလာတောင်ညွန့်မြို့နယ်ကြက်/ဘဲဈေးသို့ ဈေးတာဝန်ခံများနှင့် အတူ ရောင်းချလျက်ရှိသော ကြက်/ဘဲဈေးနှုန်းများအား ဈေးကွက်ဈေးနှုန်းစုံစမ်းခဲ့ရာ ဈေးကွက် အတွက်လိုအပ်လျက်ရှိသော ကြက်/ဘဲများကို ပြည်နယ်/တိုင်းများမှ ဈေးသို့အရောက်ပို့စနစ်ဖြင့် လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးမြို့နယ်များရှိ ကြက်/ဘဲမွေးမြူရေးခြံများသို့သွားရောက်၍ ခြံဖမ်းစနစ် ဖြင့်လည်းကောင်း၊ အသီးသီးရောင်းဝယ်ဖြန့်ဖြူးလျက်ရှိပြီး ပိုလျှံသော ကြက်/ဘဲများ ကိုလည်း လိုအပ်လျက်ရှိသော ပြည်နယ်/တိုင်းများသို့ ပြန်လည်တင်ပို့ရောင်းချလျက်ရှိပါသည်။

      ထိုသို့ပြန်လည်ရောင်းချလျက်ရှိသော ကြက်/ဘဲဈေးနှုန်းများမှ အိမ်မွေးကြက် ၁ ပိဿာလျှင် (၁၂၅၀၀/၁၃၀၀၀) ကျပ်၊ အသားတိုးကြက် ၁ ပိဿာလျှင် (၅၃၀၀/၅၄၀၀) ကျပ်၊ မွေးမြူရေးကြက် ထီး/မ ၁ ပိဿာလျှင် (၇၅၀၀/၉၀၀၀) ကျပ်၊ တောဘဲ/ဓါတ်ဘဲ ၁ ပိဿာလျှင် (၇၅၀၀/၇၆၀၀) ကျပ်၊ ချယ်ရီဘယ်ရီ ၁ ပိဿာလျှင် (၉၀၀၀) ကျပ်ဖြင့် အသီးသီးလက်လီ/လက်ကားရောင်းချလျက်ရှိပြီး၊ တစ်နေ့လျှင် ကုန်ချိန် ပျမ်းမျှစုစုပေါင်း (၇၂၈၆၀) ပိဿာခန့်ရောင်းချလျက်ရှိ‌ကြောင်း  သိရှိရပါသည်။

DOCA(ရန်ကုန်)

 

 

မြို့သစ်မြို့နယ်အတွင်းရှိ ကျေးရွာနေပြည်သူများထံသို့ စားအုန်းဆီများ စျေးနှုန်းသက်သာစွာ ဆက်လက်ရောင်းချပေး

   မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်အတွင်း ကျေးရွာနေအခြေခံလူတန်းစားပြည်သူများသို့ မကွေးတိုင်း‌ဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှု၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏  အနီးကပ်ကြီးကြပ်မှု၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၏ ပူးပေါင်းပါဝင်ဆောင်ရွက်မှုတို့ဖြင့် မြို့သစ်မြို့နယ်ဆီကုန်သည်များအသင်းနှင့် ဆီ‌ရောင်းဝယ်ရေးလုပ်ငန်းရှင်များပူးပေါင်း၍ ပြည်သူများအား စားအုန်းဆီစျေးနှုန်းချိုသာစွာဝယ်ယူစားသုံးနိုင်စေရေးအတွက် ဆက်လက်ရောင်းချပေးခြင်းကို (၁၅-၉-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် ကွက်သစ်ရပ်ကွက်၊ ဗိုလ်မင်းရောင်လမ်းပေါ်ရှိ “စိန်ရတနာ”ဆီစက်နှင့် ဆီရောင်းဝယ်ရေး၌ ရောင်းချပေးခဲ့သည်။

   အဆိုပါ စားအုန်းဆီများကို စျေးကွက်အတွင်း ပြန့်နှံရောက်ရှိစေရန်နှင့် စားသုံးသူများသက်သာသောစျေးဖြင့် ဝယ်ယူရရှိနိုင်ရန်အတွက် စီစဉ်ဆောင်ရွက်လျက်ရှိရာ စားအုန်းဆီ(၁)ပိဿာလျှင် ကျပ်(၄၈၀၀)ဖြင့် မြို့သစ်မြို့နယ်အတွင်း ကျေးရွာများတွင် နေထိုင်လျက်ရှိသော အခြေခံလူတန်းစား အိမ်ထောင်စု(၇၇၀)စုအတွက် စားအုန်းဆီဆီပိဿာချိန် (၇၇၀)ပိဿာကို ရောင်းချပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)

 

မကွေးမြို့ပေါ်ရှိ ရပ်ကွက်များ၌ ပြည်သူများအား သက်သာသောဈေးနှုန်းဖြင့် စားအုန်းဆီရောင်းချနေမှုကို တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများကြည့်ရှုအားပေး

   ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ(၁၄)ရက်နေ့၊ နံနက်(၀၈း၀၀)နာရီအချိန်မှစတင်၍ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှဝယ်ယူရရှိသော စားအုန်းဆီများအား မကွေးတိုင်းဒေသကြီးဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းအနေဖြင့် စားအုန်းဆီ(၁)ပိဿာလျှင် ကျပ်(၄၅၀၀)ဖြင့် မကွေးမြို့၊ အောင်မေတ္တာရပ်ကွက်၊ အဝေရာလမ်းနှင့် သစ်တောလမ်းထောင့်၌ အိမ်ထောင်စု(၁၁၀၀)စုအတွက် စားအုန်းဆီ(၁၁၀၀)ပိဿာ၊ မြို့ဟောင်းရပ်ကွက်၊ ဗိုလ်ကုန်းကျောင်းအတွင်း၌ အိမ်ထောင်စု(၁၁၈၀)စုအတွက် စားအုန်းဆီ(၁၁၈၀)ပိဿာ၊ ရွာသစ်ပွဲကြို(၁၅)လမ်း နှင့် နတ်မောက်လမ်းထောင့်၌ အိမ်ထောင်စု(၆၈၀)စုအတွက် စားအုန်းဆီ(၆၈၀)ပိဿာရောင်းချပေးခဲ့ရာ စုစုပေါင်းအိမ်ထောင်စု (၂၉၆၀)၊ စားအုန်းဆီ(၂၉၆၀)ပိဿာရောင်းချပေးနိုင်ခဲ့ကြောင်းသိရှိရပါသည်။

   ထိုသို့‌ရောင်းချပေးရာတွင် စနစ်တကျရှိစေရေးအတွက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မကွေးတိုင်းဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းဝင်များပူးပေါင်းဆောင်ရွက်ခဲ့ကြပြီး စားအုန်းဆီရောင်းချရာနေရာများသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်သီရိပျံချီဦးတင့်လွင်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများလာရောက်ကြည့်ရှုအားပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)

 

ဂန့်ဂေါမြို့မစည်ပင်သာယာဈေး၌ စက်တင်ဘာလ(ဒုတိယပတ်)တွင် ရောင်းချလျက်ရှိသော အခြေခံစားကုန်ဈေးနှုန်း

    ဂန့်ဂေါခရိုင်၊ မြို့မစည်ပင်သာယာဈေးတွင် အနီးအနားရှိ ကျေးရွာများဖြစ်သော ဇာဟော၊ စိုင်ဒူးရွာတို့မှ ဟင်းသီးဟင်းရွက်များနှင့် ပခုက္ကူ၊ မန္တလေးမြို့တို့မှ အသားငါးများအား ကုန်သည်များ လာရောက်ရောင်းဝယ်ဖောက်ကားလျက်ရှိပါသည်။

    ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ(ဒုတိယပတ်)တွင် ဂန့်ဂေါမြို့၊ မြို့မစည်ပင်သာယာဈေး၌ ရောင်းချနေသော အခြေခံစားကုန်များ၏ လက်လီဈေးနှုန်းများမှာ ပေါ်ဆန်းမွှေး(၁)အိတ်လျှင် ကျပ်(၁၇၀၀၀၀)၊ ဧရာပဒေသာ(၁)အိတ်လျှင်ကျပ် (၁၃၅၀၀၀)၊ ဝန်ကြီးဧရာမင်း(၁)အိတ်လျှင် ကျပ် (၁၃၀၀၀၀)၊မနောသုခ(၁)အိတ်လျှင် ကျပ်(၁၀၅၀၀၀)၊ ဆီဈေးနှုန်းများမှာ ပဲဆီ(၁)ပိဿာလျှင် ကျပ် (၁၇၀၀၀)၊ နှမ်းဆီ(၁)ပိဿာလျှင် ကျပ်(၁၆၀၀၀)၊ ပဲရောဆီ(၁)ပိဿာလျှင် ကျပ်(၁၂၀၀၀)၊ နေကြာဆီ(၁)ပိဿာလျှင် ကျပ်(၁၄၀၀၀)၊  စားဖိုဆောင်သုံးသီးနှံများမှာ ကြက်ဥ(၁၀)လုံးလျှင် ကျပ် (၃၂၀၀)၊ ငရုတ်သီးစိမ်း(၁)ပိဿာလျှင်  ကျပ်(၈၀၀၀)၊ ငရုတ်သီးခြောက်(၁)ပိဿာလျှင် ကျပ်(၂၀၀၀၀)၊ ကြက်သွန်နီ(၁)ပိဿာလျှင် ကျပ်(၄၅၀၀)၊ ကြက်သွန်ဖြူ(ရှမ်းစ) (၁)ပိဿာလျှင် ကျပ်(၁၀၀၀၀)၊ ချင်း(ဂျင်း)တက်(၁)ပိဿာလျှင် ကျပ်(၈၀၀၀)၊ ဆား(၁)ပိဿာလျှင် ကျပ်(၁၀၀၀)၊ မြေပဲဆံ (၁)ပြည်လျှင် ကျပ်(၉၀၀၀)၊ ကုလားပဲခြမ်း(၁)ပြည်လျှင် ကျပ်(၈၅၀၀)၊ အာလူး(၁)ပိဿာလျှင် ကျပ်(၄၀၀၀)၊ သကြား(၁)ပိဿာလျှင် ကျပ်(၄၀၀၀)၊ ခရမ်းချဉ်သီး(၁)ပိဿာလျှင် ကျပ်(၃၅၀၀)၊ ကန်စွန်းရွက်(၁)စီးလျှင် ကျပ်(၁၅၀)၊ အသားငါးဈေးနှုန်းများမှာ ကြက်သား(CP)(၁)ပိဿာလျှင်  ကျပ်(၁၄၀၀၀)၊ ကြက်သား(ဗမာ)(၁)ပိဿာလျှင် ကျပ်(၂၀၀၀၀)၊ ဝက်သား(၁)ပိဿာလျှင် ကျပ် (၂၀၀၀၀)၊ အမဲသား(၁)ပိဿာလျှင် ကျပ်(၁၅၀၀၀)၊ ငါးမုတ်(၁)ပိဿာလျှင် ကျပ်(၁၂၀၀၀)၊ ငါးမြစ်ချင်း(၁)ပိဿာလျှင် ကျပ်(၁၂၀၀၀)၊ ငါးကြင်း(၁)ပိဿာလျှင် ကျပ်(၁၆၀၀၀) တို့ဖြစ်ကြောင်း မြို့မစည်ပင်ဈေးသည်များထံမှသိရှိရပါသည်။

DOCA(မကွေး)

 

မကွေးတိုင်းဒေသကြီးတွင် ဖြစ်ပေါ်လျက်ရှိသော စပါး၊ ဆန်ဈေးနှုန်းနှင့် စီးဝင်မှုအခြေအနေ

   မကွေးတိုင်းဒေသကြီးသည် မြန်မာနိုင်ငံ၏ဆီအိုးကြီးဟုတင်စားရလောက်အောင် ဆီထွက်သီးနှံဖြစ်သော နှမ်း၊ မြေပဲတို့အား အဓိကစိုက်ပျိုးကြသော်လည်း စပါးကိုဆည်ရေရရှိသည့် တောင်တွင်း၊ မြို့သစ်နှင့် မြစ်အနောက်ဘက်ရှိ ပွင့်ဖြူနှင့်စလင်းမြို့များတွင်သာ အများအပြားစိုက်ပျိုးကြ၍ ဆန်လိုတိုင်းဒေသကြီးဖြစ်ရာ စပါးအဓိကစိုက်ပျိုးထွက်ရှိရာ အခြားတိုင်း/ ပြည်နယ်များမှတင်သွင်းရပါသည်။

    မကွေးတိုင်းဒေသကြီးအတွင်း ဧရာပဒေသာစပါးကိုအဓိကစိုက်ပျိုးကြပြီး ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ (တတိယပတ်)တွင်ဖြစ်ပေါ်နေသော ဧရာပဒေသာစပါးဈေးမှာ(၁)တင်းလျှင် ကျပ်(၃၆၀၀၀)ဖြစ်ပြီး ဆန်ဈေးနှုန်းများမှာ မကွေးခရိုင်မှ ဆန်(ပေါ်ဆန်းမွှေး)(၂၄)ပြည်ပါ (၁)အိတ်လျှင် ကျပ်(၁၅၇၅၀၀)၊ ဆန်(ဧရာပဒေသာ) (၂၄)ပြည်ပါ (၁)အိတ်လျှင် ကျပ်(၁၃၉၀၀၀)၊ ဆန်(မနောသုခ) (၂၄)ပြည်ပါ (၁)အိတ် လျှင်ကျပ်(၉၈၀၀၀)၊ ဆန်(ရတနာတိုး) (၂၄)ပြည်ပါ (၁)အိတ်လျှင် ကျပ်(၇၅၀၀၀)၊ မင်းဘူးခရိုင်မှ ဆန်(ပေါ်ဆန်းမွှေး) (၂၄)ပြည်ပါ (၁)အိတ်လျှင် ကျပ်(၁၄၀၀၀၀)၊ ဆန်(ဧရာပဒေသာ) (၂၄)ပြည်ပါ (၁) အိတ်လျှင် ကျပ်(၁၅၀၀၀၀)၊ ဆန်(မနောသုခ) (၂၄)ပြည်ပါ (၁)အိတ်လျှင် ကျပ်(၉၀၀၀၀)၊ သရက်ခရိုင်မှ ဆန်(ပေါ်ဆန်းမွှေး) (၂၄)ပြည်ပါ (၁)အိတ်လျှင် ကျပ်(၁၂၀၀၀၀)၊ ဆန်(ဧရာပဒေသာ) (၂၄)ပြည်ပါ (၁)အိတ်လျှင် ကျပ်(၁၀၆၀၀၀)၊ ဆန်(မနောသုခ) (၂၄)ပြည်ပါ (၁)အိတ်လျှင် ကျပ်(၈၀၀၀၀)၊ အောင်လံခရိုင်မှ ဆန်(ပေါ်ဆန်းမွှေး) (၂၄)ပြည်ပါ (၁)အိတ်လျှင် ကျပ်(၁၅၅၀၀၀)၊ ဆန်(ဧရာပဒေသာ)(၂၄) ပြည်ပါ (၁)အိတ်လျှင် ကျပ်(၁၁၀၀၀၀)၊ ဆန်(မနောသုခ) (၂၄)ပြည်ပါ (၁)အိတ်လျှင် ကျပ်(၇၃၀၀၀)၊ ဆန် (ရတနာတိုး) (၂၄)ပြည်ပါ (၁)အိတ်လျှင် ကျပ်(၆၅၀၀၀)၊ ချောက်ခရိုင်မှ ဆန်(ပေါ်ဆန်းမွှေး)(၂၄)ပါ ပြည်(၁)အိတ်လျှင် ကျပ်(၁၆၀၀၀၀)၊ ဆန်(ဧရာပဒေသာ) (၂၄)ပြည်ပါ (၁)အိတ်လျှင် ကျပ် (၁၆၀၀၀၀)၊ ဆန်(မနောသုခ) (၂၄)ပြည်ပါ (၁)အိတ်လျှင် ကျပ်(၉၀၀၀၀)၊ ဆန်(ရတနာတိုး) (၂၄)ပြည်ပါ (၁)အိတ်လျှင် ကျပ်(၇၀၀၀၀)၊ ပခုက္ကူခရိုင်မှ ဆန်(ပေါ်ဆန်းမွှေး) (၂၄)ပြည်ပါ (၁)အိတ်လျှင် ကျပ်(၁၄၅၀၀၀)၊ ဆန် (ဧရာပဒေသာ) (၂၄)ပြည်ပါ (၁)အိတ်လျှင် ကျပ်(၁၅၀၀၀၀)၊ ဆန်(မနောသုခ) (၂၄)ပြည်ပါ (၁)အိတ်လျှင် ကျပ်(၉၀၀၀၀)၊ ဆန်(ရတနာတိုး) (၂၄)ပြည်ပါ (၁)အိတ်လျှင် ကျပ်(၆၈၀၀၀)၊ ဂန့်ဂေါခရိုင်မှ ဆန် (ပေါ်ဆန်းမွှေး)(၂၄)ပြည်ပါ (၁)အိတ်လျှင် ကျပ်(၁၇၀၀၀၀)၊ ဆန်(ဧရာပဒေသ) (၂၄)ပြည်ပါ (၁)အိတ်လျှင် ကျပ်(၁၃၅၀၀၀)၊ ဆန်(မနောသုခ)(၂၄)ပြည်ပါ (၁)အိတ်လျှင် ကျပ်(၁၀၅၀၀၀)တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရှိရပါသည်။

    မကွေးတိုင်းဒေသကြီး၊ မကွေးမြို့သို့ ၂၀၂၃ခုနှစ်၊ စက်တင်ဘာလအတွင်း (တတိယပတ်အထိ) အခြားတိုင်းဒေသကြီး/ ပြည်နယ်များမှဆန်စီးဝင်မှုမှာ  စပါးအဓိကစိုက်ပျိုးထွက်ရှိသည့် ဧရာဝတီတိုင်းမှ ဆန်(၂၄၉၈၀)အိတ်၊ မန္တလေးတိုင်းမှ (၃၆၀)အိတ်၊ ရန်ကုန်တိုင်းမှ (၁၁၇၀)အိတ်၊ ပဲခူးတိုင်းမှ(၂၄၂၄) အိတ်နှင့် ရခိုင်ပြည်နယ်မှ (၂၀၀၀)အိတ်၊ စုစုပေါင်း(၃၀၉၃၄)အိတ်၊ (၁၅၄၇)တန်နှင့် ပခုက္ကူမြို့သို့ ရေလမ်းခရီးဖြင့် ဧရာဝတီတိုင်းမှ ဆန်(၆၂၀၀၀)အိတ်၊ (၃၁၀၀)တန်စီးဝင်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)

မင်းဘူးမြို့မဈေးအတွင်းရှိ ရောင်းချလျက်ရှိသော ဟင်းသီးဟင်းရွက်ဈေးနှုန်း

   မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့မဈေး၌ ခရမ်းချဉ်သီး၊ အာလူး၊ မုန်ညှင်းများကို ရှမ်းပြည်နယ်၊ အောင်ပန်းမြို့မှ ဝယ်ယူရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။

    ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ (ဒုတိယပတ်)တွင် မင်းဘူးမြို့မဈေးအတွင်း၌ ရောင်းချလျက်ရှိသော ဟင်းသီးဟင်းရွက်ဈေးနှုန်းများမှာ ခရမ်းချဉ်သီး(၁)ပိဿာလျှင် ကျပ်(၂၀၀၀)၊ အာလူး(၁) ပိဿာလျှင် ကျပ်(၃၀၀၀)၊ ကော်ဖီထုပ်(၁)ထုပ်လျှင် ကျပ်(၁၅၀)၊ ငရုတ်သီးစိမ်း(၁) ပိဿာလျှင် ကျပ်(၆၅၀၀)၊ ဂေါ်ရခါးသီး(၁)လုံးလျှင် ကျပ်(၂၀၀)၊ ပန်းမုန်လာပွင့်(၁)ပွင့်လျှင် ကျပ်(၁၀၀၀-၁၅၀၀)၊ မုန်းညှင်းထုပ်(၁)ပိဿာလျှင် ကျပ်(၁၅၀၀-၁၈၀၀)၊ ချဉ်ပေါင်ရွက်(၁)စည်းလျှင် ကျပ်(၁၅၀)၊ ကန်စွန်းရွက်(၁)စည်းလျှင် ကျပ်(၁၅၀)ဖြစ်ကြောင်း ဟင်းသီးဟင်းရွက်ရောင်းချသည့် ဈေးသည်တစ်ဦးထံမှသိရှိရပါသည်။

DOCA(မကွေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း