Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကသာမြို့တွင် ဩဂုတ်လ စတုတ္ထအပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသော အခြေခံစားသောက်ကုန်ဈေးနှုန်းများ

    ကသာမြို့နယ်အတွင်း ၂၀၂၃-ခုနှစ် ဩဂုတ်လ စတုတ္ထအပတ်  ဈေးကွက်အသီးသီး၌ ရောင်းချလျက်ရှိသော ဆန်ဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်းတစ်အိတ်လျှင် (၁၂၀၀၀၀)ကျပ်၊ ဧရာမင်းဆန် တစ်အိတ် (၁၁၀၀၀၀)ကျပ်၊ ဧည့်မထ(ဆင်း-၃) တစ်အိတ်လျှင် (၈၅၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိပြီး စားသုံးဆီ ဈေးနှုန်းမှာ မြေပဲဆီ တစ်ပိဿာ (၁၆၀၀၀)ကျပ်၊ နှမ်းဆီ တစ်ပိဿာ (၁၅၀၀၀)ကျပ်နှင့် စားအုန်းဆီ တစ်ပိဿာ(၁၂၀၀၀)ကျပ် ရှိကြောင်း သိရသည်။ ဩဂုတ်လ တတိယအပတ်နှင့် ဈေးနှုန်း နှိုင်းယှဉ်ကြည့်ပါက ဆန်ဈေးနှုန်းများမှာ တည်ငြိမ်လျက်ရှိပြီး နှမ်းဆီဈေးနှုန်းမှာ ကျပ်(၁၀၀၀)ခန့် မြှင့်တက်လာကာ မြေပဲဆီနှင့် စားအုန်းဆီဈေးနှုန်းများမှာ တည်ငြိမ်လျက်ရှိသည်ကို တွေ့ရှိရသည်။

    စားဖိုဆောင်သီးနှံ လက်လီဈေးနှုန်းများမှာ ကြက်သွန်နီ (အသစ်) အလုံး အသေး/အကြီး ပေါ် မူတည်၍ တစ်ပိဿာ (၂၅၀၀ မှ ၃၂၀၀)ကျပ်၊ ကြက်သွန်ဖြူ(ရှမ်း) တစ်ပိဿာ (၁၀၀၀၀) ကျပ်၊ အာလူး တစ်ပိဿာ (၃၅၀၀ မှ ၄၀၀၀)ကျပ်၊ ခရမ်းချဉ်သီးတစ်ပိဿာ အလုံး အသေး/အကြီးပေါ် မူတည်၍ (၃၂၀၀ မှ ၃၅၀၀)ကျပ်၊ ဂျင်းတစ်ပိဿာ (၆၀၀၀) ကျပ်၊ ကုလားပဲ တစ်ပိဿာ (၆၈၀၀)ကျပ်၊ ပဲနီလေး တစ်ပိဿာ (၈၀၀၀)ကျပ်၊ ငရုတ်သီးခြောက်(ပု) တစ်ပိဿာ (၂၅၀၀၀) ကျပ်၊ ငရုတ်(စို) တစ်ပိဿာ (၄၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိသည်။

     အသား /ငါး ဈေးနှုန်းများမှာ ကြက်သား(CP) တစ်ပိဿာ (၁၁၀၀၀)ကျပ်၊ ဝက်သားတစ်ပိဿာ (၂၂၀၀၀) ကျပ်၊ အမဲသားတစ်ပိဿာ(၁၆၀၀၀)ကျပ်၊ ဆိတ်သားတစ်ပိဿာ (၂၄၀၀၀)ကျပ်နှင့် ငါးကြင်း တစ်ပိဿာ(၈၀၀၀)ကျပ်၊ ကြက်ဥတစ်လုံး (၃၀၀)ကျပ်နှင့် ဘဲဥတစ်လုံး(၃၅၀)ကျပ်ဖြင့် ရောင်းချလျက် ရှိသည်။ အခြေခံစားသောက်ကုန်ဈေးနှုန်းများမှာ ဩဂုတ်လ တတိယအပတ်ရှိ ဈေးနှုန်းများနှင့် နှိုင်းယှဉ် ကြည့်ပါက ကုလားပဲဈေးနှုန်းမှာ ကျပ်(၄၀၀)ခန့်နှင့် ငရုတ်(စို)ဈေးနှုန်းမှာ ကျပ်(၁၀၀၀)ခန့် လျော့နည်းကာ အာလူးဈေးနှုန်းအနေဖြင့် ကျပ်(၃၀၀ မှ ၅၀၀)ခန့် မြှင့်တက်လာကြောင်း တွေ့ရသည်။ အသား/ငါး ဈေးနှုန်းအနေဖြင့် ဝက်သားတစ်ပိဿာ ကျပ် (၂၀၀၀)ခန့် လျော့နည်းလာပြီး ကျန်စားသောက်ကုန်များမှာ ဈေးနှုန်းတည်ငြိမ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

မိတ္ထီလာထွက် ဖရဲသီးများ ကရင်ဈေးကွက်သို့ဝင်ရောက်နေ

  ကရင်ပြည်နယ်၊ ဘားအံမြို့သို့ မိတ္ထီလာဒေသထွက် ဖရဲသီးများမှာ ဈေးကွက်အတွင်းသို့ ဝင်ရောက်လျက်ရှိကြောင်းနှင့် ကုန်သည်လောကအခေါ်မှာ ဒုံးပျံဖရဲသီးအမျိုးအစားဖြစ်ကြောင်း၊ ဖရဲသီးအလုံးရေ ၅၀၀၀ပါ ၁၂ဘီးကားတစ်စီးလျှင် ဘားအံအရောက် သယ်ယူပို့ဆောင်ခမှာ ၆သိန်းကျပ်ကုန်ကျစရိတ်ရှိကြောင်းနှင့် ဖရဲသီးများကို ထွက်ရှိရာဒေသများ၌ အခင်းပြတ်စနစ်ဖြင့်ဝယ်ယူ၍ သယ်ယူပို့ဆောင်ခ/ လုပ်သားခ/ အခြားကုန်ကျစရိတ်များထပ်ပေါင်းပါက အကြီး/အသေးသောင်းပြောင်းကုန်ကျစရိတ်တို့မှာ ၈၅၀ခန့်ကျသင့်ကြောင်း၊ ၂၀၂၃ခုနှစ်၊ ဩဂုတ်လ၊ တတိယအပတ်တွင် ဖောက်သည်ဈေးအနေဖြင့် အကြီး/ အသေးတစ်လုံးလျှင် ၁၀၀၀ကျပ်ဖြင့် ဖြန့်ဖြူးလျက်ရှိကြောင်းနှင့် ပယ်သီးနှင့် အလေအလွင့် ၅ရာခိုင်နှုန်းခန့်ထွက်ရှိကြောင်း သိရသည်။

  ကရင်ပြည်နယ်၌ ဒေသထွက် ဖရဲသီးများကို အဓိကရောင်းဝယ်မှုပြုကြောင်းနှင့် မိုးကာလ ဖရဲမထွက်ရှိချိန်ဖြစ်သော ဇူလိုင်လ၊ ဩဂုတ်လနှင့် စက်တင်ဘာလတို့တွင် ပြည်တွင်းမှ ဖရဲသီးများကိုဝယ်ယူရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။

DOCA(ကရင်)

ဘားအံမြို့၊ ရေပေါ်စံပြဈေးတွင် ဖြစ်ပေါ်လျက်ရှိသော ရေထွက်ကုန်ပစ္စည်းများ၏ ဈေးနှုန်း/ဈေးကွက်

   ဘားအံမြို့၊ ရေပေါ်စံပြဈေး၌ ရောင်းချနေသော ပုစွန်ခြောက်၊ ငါးခြောက်များမှာ မွန်ပြည်နယ်၊ ကျိုက္ခမီမြို့နယ်၊ ရေးမြို့နယ်၊ ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့မှ အသီးသီးဝင်ရောက်လျက်ရှိကြောင်းသိရပါသည်။ ငါးခြောက်နှင့် ပုစွန်ခြောက်ဈေးနှုန်းများမှာ ထွက်ရှိရာဒေသအပေါ်မူတည်၍သော်လည်းကောင်း၊ အရည်အသွေးကိုလိုက်၍သော်လည်းကောင်း အနည်းငယ်ကွာခြားလျက်ရှိပါသည်။

    ဩဂုတ်လ၊ စတုတ္ထအပတ်တွင်ဖြစ်ပေါ်နေသော ဈေးနှုန်းများမှာ ပုစွန်ခြောက်(အကြီး) တစ်ပိဿာလျှင် ၆၀၀၀၀ကျပ်၊ ပုစွန်ခြောက်(အလတ်) တစ်ပိဿာလျှင် ၄၀၀၀၀ကျပ်၊ ပုစွန်ခြောက်(အသေး)တစ်ပိဿာလျှင် ၂၀၀၀၀ကျပ်၊ ပုစွန်ခြောက်အခွံပါ အမှုန့်ခြောက်တစ်ပိဿာလျှင် ၁၀၀၀၀ကျပ်၊ ငါးနှပ်ခြောက်တစ်ပိဿာလျှင် (၂၀၀၀၀-၂၅၀၀၀)ကျပ်၊ ငါးရောင်အသားမျှင်ခြောက်တစ်ပိဿာလျှင် ၂၇၀၀၀ကျပ်၊ ငါးအိပေါင်တစ်ပိဿာလျှင် ၁၀၀၀၀ကျပ်၊ ငါးဗြတ်လုံးတစ်ပိဿာလျှင် ၁၄၀၀၀ကျပ်၊ ငါးရောင်တစ်ပိဿာလျှင် ၂၀၀၀၀ကျပ်၊ ငါးတန်ခြောက်တစ်ပိဿာလျှင် ၁၆၀၀၀ကျပ်၊ ငါးနီတူခြောက်တစ်ပိဿာလျှင် (၁၆၀၀၀-၂၀၀၀၀)ကျပ်၊ ငါးလျှာဖြတ်တစ်ပိဿာလျှင် ၁၅၀၀၀ကျပ်၊ ငါးခွေးလျှာခြောက်တစ်ပိဿာလျှင် ၁၀၀၀၀ကျပ်၊ မီးတန်သွယ်ခြောက်တစ်ပိဿာလျှင် (၁၅၀၀၀-၁၇၀၀၀)ကျပ်၊ တီလားဗီးယားငါးခြောက်(အချို)တစ်ပိဿာလျှင် ၁၇၀၀၀ကျပ်၊ ငါးရွှေခြောက်တစ်ပိဿာလျှင် ၁၅၀၀၀ကျပ် စသည်ဖြင့် အသီးသီး ဈေးနှုန်းများဖြစ်ပေါ်လျက်ရှိကြောင်း ရေပေါ်စံပြဈေးတွင် ရောင်းချနေသော ငါးခြောက်ကုန်သည်များထံမှသိရှိရပါသည်။

DOCA(ကရင်)

 

နမ့်ဆန်မြို့နယ်၏ ဒေသအာလူးစိုက်ပျိုးထုတ်လုပ်ရောင်းချမှုအခြေအနေ

  ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ်၊ နမ်ခေး၊ ကုလား၊ မိုးဟိန်းကျေးရွာများနှင့် အခြားကျေးရွာများတွင် မိသားစုဝင်ငွေရရှိရန်အတွက် ဒေသအာလူးများကို တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြကြောင်းတွေ့ရှိရပါသည်။

 နမ့်ဆန်မြို့နယ်အတွင်း အာလူးစိုက်ဧက(၂၅)ဧကရှိပြီး မတ်လမှ ဇွန်လအထိ စိုက်ပျိုးလျက်ရှိကြောင်း၊ စိုက်ပြီး သုံးလ၊ လေးလအတွင်း အပင်များခြောက်သွေ့လာချိန်တွင် တူးဖော်ရကြောင်း၊ ထွက်ရှိလာသောအာလူးများကို ကာလပေါက်ဈေး (၁)ပိဿာလျှင် ကျပ်(၂၀၀၀)မှ ကျပ်(၃၀၀၀)အထိ အလုံးအရွယ်အစားပေါ်မူတည်၍ ဈေးအသီးသီးရရှိကြောင်း၊ ဈေးကွက်အနေဖြင့် နမ့်ဆန်မြို့နယ်အတွင်း ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်းသိရပါသည်။

 အာလူးစိုက်ပျိုးခြင်းကြောင့် မိသားစုစားဝတ်နေရေးအဆင်ပြေလျက်ရှိပြီး တစ်ဖက်တစ်လမ်းဝင်ငွေအဖြစ်လည်းရပ်တည်လျက်ရှိနေကြောင်း လေ့လာသိရှိရပါသည်။

DOCA(ရှမ်း)

" နမ့်ဆန်မြို့နယ်အတွင်း တောင်ယာစပါးများစိုက်ပျိုး"

  ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ်အတွင်းရှိ မန်လုံး၊ ဟူးမန်း၊ ကုန်းသာ၊ ပိန်းလုံးကျေးရွာများတွင် နေထိုင်လျက်ရှိသော မိသားစုဝင်တချို့မှာ လက်ဖက်လုပ်ငန်းအပြင် တောင်ယာစပါးများပါ စိုက်ပျိုးလာကြကြောင်းသိရပါသည်။

 လက်ဖက်တောင်သူများမှာ လက်ဖက်လုပ်ငန်းကို အဓိကအားထားလုပ်ကိုင်ကြသော်လည်း ဝမ်းစာအတွက် တစ်နိုင်တစ်ပိုင် တောင်ယာစပါးများစိုက်ပျိုးလာကြသည်မှာ ယခင်နှစ်ထက် ပိုမိုများပြားလာကြောင်းသိရပါသည်။

  တောင်ယာစပါးများ စိုက်ပျိုးလာပုံအဆင့်ဆင့်မှာ တပို့တွဲလ၊ တပေါင်းလများတွင် တောခုတ်ရှင်းလင်းပြီး တန်ခူးလတွင် စပါးမျိုးစေ့များကို စတင်စိုက်ပျိုးကြောင်း နယုန်လတွင် တစ်ကြိမ်၊ ဝါခေါင်လတွင် တစ်ကြိမ် ပေါင်းရှင်းကြကြောင်း၊ တန်ဆောင်မုန်းလမှသာလျှင် စပါးများရိတ်သိမ်းကြကြောင်း၊ စပါးများစိုက်ပျိုးခြင်းကြောင့် မိသားစုများလုံလောက်စွာစားသုံးနိုင်ပြီး အဆင်ပြေလျက်ရှိကြောင်းသိရှိပါသည်။  

DOCA(ရှမ်း)

ကျောက်မဲမြို့တွင် သစ်သီးဝလံများ ပုံမှန်အရောင်းအဝယ်ဖြစ်နေ

  စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးရုံးမှ ဒေါ်ဥမ္မာလင်း(ဦးစီးမှူး)နှင့် ဒေါ်အေးအေးသန့် (အကြီးတန်းစာရေး)တို့သည် (၁၈-၈-၂၀၂၃)ရက်နေ့၌ ကျောက်မဲမြို့နယ်အတွင်း ရောင်းချလျက်ရှိသည့် သစ်သီးဝလံအရောင်းဆိုင်များသို့သွားရောက်၍ ဈေးနှုန်းဈေးကွက်ဆိုင်ရာများနှင့်စပ်လျဉ်းပြီး ကွင်းဆင်းမေးမြန်းခဲ့ကြကြောင်းသိရသည်။

    အဆိုပါ ဈေးကွက်အတွင်းရှိ သစ်သီးဝလံများသည် ပြည်တွင်းမှထွက်ရှိသည့် သစ်သီးဝလံများအပြင် ပြည်ပ(တရုတ်)မှတင်သွင်းလာသည့် သစ်သီးဝလံများပါ ရောင်းချလျက်ရှိခြင်းဖြစ်ကြောင်းသိရသည်။   ဩဇာသီး၊  နဂါးမောက်သီးနှင့် ကမ္ဗလာသီးများသည် ပြည်တွင်းမှထွက်ရှိသည့် သီးနှံများဖြစ်ကြပြီး အခြားသီးနှံများကို တရုတ်မှဝယ်ယူရောင်းချခြင်းဖြစ်ကြောင်း သိရသည်။

  ဈေးနှုန်းများမှာ  ဩဇာသီး (၁)လုံးလျှင် (၅၀၀/-)ကျပ်၊ နဂါးမောက်သီး (၁)လုံးလျှင် (၁၀၀၀/-) ကျပ်နှင့် ကမ္ဗလာသီး(၁)လုံးလျှင် (၈၀၀/-)ကျပ်ဖြစ်ကြောင်းသိရသည်။ ပြည်ပမှဝယ်ယူရောင်းချသည့် ပန်းသစ်တော်(၁)လုံးလျှင် (၂၅၀၀/-) ကျပ်၊ ပန်းသီး(ကြီး)(၁)လုံးလျှင် (၂၅၀၀/-)ကျပ်၊ ပန်းသီး(အသေး)(၁)လုံးလျှင် (၁၅၀၀/-)ကျပ်၊ ပန်းသီး(လတ်)(၁)လုံးလျှင် (၂၀၀၀/-)ကျပ်၊ သစ်တော်သီး (၁)လုံးလျှင် (၂၅၀၀/-)ကျပ်၊ သလဲသီး ၁လုံးလျှင် (၁၅၀၀/-)ကျပ်၊ သရက်သီး(၁)လုံးလျှင် (၈၀၀/-)ကျပ်၊ သခွားမွှေး (၁)လုံးလျှင် (၄၀၀၀/-)ကျပ်၊  စပျစ်သီး (၁)ပိဿာလျှင် (၆၀၀၀/-)ကျပ်နှင့် မက်မန်း (၁)ပြည်လျှင် (၃၀၀၀/-)ကျပ်တို့ဖြစ်ကြောင်းသိရသည်။

  တချို့သစ်သီးဝလံဈေးနှုန်းများအနေဖြင့် ဈေးနှုန်းကြီးမြင့်လျက်ရှိသော်လည်း အရောင်းအဝယ်မှာ ပုံမှန်ဖြစ်လျက်ရှိကြောင်း သီးနှံရောင်းချသူများထံမှသိရပါသည်။

DOCA(ရှမ်း)

 

လားရှိုးမြို့နယ်တွင်ဖြစ်ပေါ်နေသော ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးဈေးနှုန်းများ

  ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် ဩဂုတ်လ၊ တတိယအပတ်အတွင်း ဓာတ်မြေဩဇာဈေးနှုန်းများမှာ မြင့်တက်လျက်ရှိပြီး လူသုံးများသည့်တံဆိပ်များနှင့် ဈေးနှုန်းများမှာ ရွှေတောင်ပုလဲ(၅၀) ကီလိုဂရမ်တစ်အိတ်လျှင် (၈၈၀၀၀)ကျပ်၊ အာမို (၁၅) ပတ်လည် (၅၀) ကီလိုဂရမ်တစ်အိတ်လျှင် (၁၅၀၀၀၀)ကျပ်၊ အာမို (၁၆) ပတ်လည် (၅၀) ကီလိုဂရမ်တစ်အိတ်လျှင် (၁၅၂၀၀၀)ကျပ်ဈေးဖြင့် အသီးသီးအရောင်းအဝယ်ဖြစ်နေကြောင်းနှင့် ယခင်အပတ်ထက် ဈေးနှုန်းမြင့်တက်လျက်ရှိကြောင်းသိရရှိပါသည်။

  ပိုးသတ်ဆေးဈေးနှုန်းများမှာလည်း အလားတူမြင့်တက်လျက်ရှိရာ ငှက်ကြီးတောင်(၁၀၀)စီစီတစ်ဘူးလျှင် (၂၀၀၀၀)ကျပ်၊ အလန်း(၅၅)wp (၁၀၀) ဂရမ်တစ်ဘူးလျှင် (၁၂၀၀၀)ကျပ်၊ ဖိုစ့်တင်းအီးစီ (၁၀၀)စီစီတစ်ဘူးလျှင် (၅၂၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်းသိရပါသည်။

    ဓာတ်မြေဩဇာနှင့်ပိုးသတ်ဆေးဈေးနှုန်းများမှာ ယခင်အပတ်နှင့်နှိုင်းယှဉ်လျှင် ဈေးနှုန်းများမှာ မြင့်တက်လျက်ရှိသော်လည်း စိုက်ပျိုးရေးရာသီဖြစ်သောကြောင့် အရောင်းအဝယ်သွက်လျက်ရှိကြောင်း လေ့လာသိရှိရပါသည်။

DOCA(ရှမ်း)

မြို့သစ်မြို့၌ ဩဂုတ်လ(ဒုတိယပတ်)မိုးမြေပဲ စျေးနှုန်းအခြေအနေ

     မိုးမြေပဲဆိုသည်မှာ မိုးဦးကျကာလမေလ(လယ်)တွင် စတင်စိုက်ပျိုးပြီး (၃)လ၊ (၃)လခွဲအချိန်တွင် ရိတ်သိမ်းဆွတ်ယူရသောမြေပဲဖြစ်သည်။ မိုးမြေပဲမှာ ပင်ထောင်မျိုးနှင့် ပင်ပြန့်မျိုးဟူ၍ (၂)မျိုးရှိပါသည်။ ပင်ထောင်မျိုးတွင်လည်း မျိုးကောင်းများစွာရှိသည့်အနက် မြေပဲဆံအဖြူရောင်နှင့် မြေပဲဆံ အနီရောင် ဟူ၍(၂)မျိုးရှိပါသည်။ မြေပဲဆံအနီရောင်ကို အရပ်ခေါ်အရဆိုရပါလျှင် ဆွန်တာနီမျိုးဖြစ်ပြီး မြေပဲဆံ အဖြူရောင်ကိုတော့ မကွေး (၁၃)၊ ရေဆင်းပဲအစရှိသဖြင့် ခေါ်ကြပါသည်။

      ၂၀၂၃-ခုနှစ်၊ မိုခါမုန်တိုင်းကျရောက်သည့်အချိန်မှ တောင်သူများသည် နှမ်း၊ မြေပဲများကို စတင်စိုက်ပျိုးကြရသည်။ ယခုဇူလိုင်လကုန်မှ စတင်၍ ဩဂုတ်လအတွင်း ယာမြေများတွင် စိုက်ပျိုးထားသည့် နှမ်းနှင့် မြေပဲ(ပင်ထောင်) စတင်ရိတ်သိမ်းဆွတ်ယူ၍ စျေးကွက်တွင် ပဲဈေး၊ နှမ်းဈေးကောင်းသလို ပေးချေရသည့်လုပ်အားခမှာလည်း ရောင်းဈေးနှုန်းပေါ်မူတည်၍ နှမ်း(၆)တောင်ပုံ(၁)ပုံလျှင် စည်းခ (၁၀၀၀၀-၁၂၀၀၀)ကျပ်၊ ပဲဆွတ်ခမှာလည်း (၁)တင်းလျှင် (၃၀၀၀-၄၀၀၀)ကျပ် ပေးချေနေရကြောင်း သိရှိရပါသည်။ ၂၀၂၃ခုနှစ်၊ ဩဂုတ်လ (ဒုတိယပတ်)တွင်ဖြစ်ပေါ်လျက်ရှိသော ဈေးနှုန်းများအရ မြေပဲအတောင့်(အဖြူ) (၁)တင်းလျှင် (၁၇၅၀၀မှ ၂၃၀၀၀)ကျပ်၊ မြေပဲ အတောင့်(အနီ) (ဆွန်တာနီ) (၁)တင်းလျှင် (၃၀၀၀၀မှ ၃၃၀၀၀)ကျပ်၊ မြေပဲတောင့်အစို/အခြောက်အပေါ်မူတည်၍ ရရှိကြောင်း၊  နှမ်းဖြူ (၁)တင်းလျှင် (၁၃၀၀၀၀မှ ၁၅၀၀၀၀)ကျပ်၊ နှမ်းနက်(စမုံ) (၁)တင်းလျှင် (၁၂၀၀၀၀မှ ၁၃၅၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခုနှစ်တွင် နှမ်းဖြူဈေးမှာ နှမ်းနက်စမုံထက် ဈေးပိုကြောင်း သိရှိရပါသည်။

DOCA(မကွေး)

 

ကျိုင်းတုံမြို့၏ အခြေခံစားသောက်ကုန်ဈေးနှုန်းများအခြေအနေ

  ၂၀၂၃ခုနှစ်၊ ဩဂုတ်လ၊ ဒုတိယပတ်အတွင်း ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ရှိ အခြေခံစားသောက်ကုန်များဖြစ်သော ရွှေဘိုပေါ်ဆန်မွှေး(သိင်္ဂီ) တစ်ပြည်လျှင် ၆၃၀၀ကျပ်၊ ဧည့်မထ (ဒေသ)ဆန်တစ်ပြည်လျှင် ၃၆၀၀ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိပါသည်။ စားဖိုဆောင်စားသောက်ကုန်များအနေဖြင့် ကြက်သွန်နီတစ်ပိဿာလျှင် ၃၀၀၀ကျပ်၊ ကြက်သွန်ဖြူ(ကြူကုတ်) တစ်ပိဿာလျှင် ၉၀၀၀ကျပ်၊ (ရှမ်းစ)တစ်ပိဿာလျှင် ၉၀၀၀ကျပ်၊ ငရုတ်သီးခြောက်(ရှည်)တစ်ပိဿာလျှင် ၁၉၀၀၀ကျပ်၊ ခရမ်းချဉ်သီးတစ်ပိဿာလျှင် ၃၀၀၀ကျပ်၊ အာလူးတစ်ပိဿာလျှင် ၄၀၀၀ကျပ်၊ မန်ကျည်းသီးမှည့်တစ်ပိဿာလျှင် ၄၀၀၀ကျပ်နှင့် ချင်းတစ်ပိဿာလျှင် ၄၀၀၀ကျပ် စသဖြင့်ရောင်းဝယ်လျက်ရှိပါသည်။

   ကျိုင်းတုံမြို့တွင် ဩဂုတ်လ၊ ဒုတိယအပတ်၌ စားသုံးဆီဈေးနှုန်းများအနေဖြင့် စားအုန်းဆီတစ်ပိဿာလျှင် ၈၂၀၀ကျပ်နှင့် ပဲဆီ(ရိုးရိုး) တစ်ပိဿာလျှင် ၁၆၀၀၀ကျပ်၊ ကြက်ဥတစ်လုံးလျှင် ၂၇၀ကျပ်နှင့် ဘဲဥတစ်လုံးလျှင် ၃၈၀ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိပါသည်။ အသားငါးဈေးနှုန်းများမှာ ကြက်သား (CP) တစ်ပိဿာလျှင် ၁၄၀၀၀ကျပ်၊ ဝက်သားတစ်ပိဿာလျှင် ၂၂၀၀၀ကျပ်၊ အမဲသားတစ်ပိဿာလျှင် ၂၄၀၀၀ကျပ်၊ ငါးကြင်းတစ်ပိဿာလျှင် ၁၄၀၀၀ကျပ်၊ ငါးမြစ်ချင်းတစ်ပိဿာလျှင် ၁၂၀၀၀ကျပ်ဈေးနှုန်းများဖြင့် ရောင်းဝယ်လျက်ရှိကြောင်းသိရှိရပါသည်။

    ကျိုင်းတုံမြို့၏ အခြေခံစားသောက်ကုန်ဈေးနှုန်းများသည် ယခင်ဩဂုတ်လ၊ ပထမအပတ်နှင့်နှိုင်းယှဉ်ပါက ရွှေဘိုပေါ်ဆန်မွှေး(သိင်္ဂီ)၊ ဧည့်မထ(ဒေသဆန်)၊ ကြက်သွန်ဖြူ(ရှမ်းစ)၊ ကြက်သွန်ဖြူ (ကြူကုတ်)၊ ကြက်ဥနှင့် ဘဲဥဈေးနှုန်းတို့မှာ အနည်းငယ်မြင့်တက်လျက်ရှိပြီး ကျန်အခြေခံ စားသောက်ကုန်များ၏ဈေးနှုန်းများမှာ တည်ငြိမ်လျက်ရှိကြောင်းသိရှိရပါသည်။

DOCA(ရှမ်း)

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၏ ဘိလပ်မြေနှင့် ဓာတ်မြေဩဇာဈေးနှုန်းအခြေအနေ

    ၂၀၂၃ခုနှစ်၊ ဩဂုတ်လ၊ ဒုတိယအပတ်တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ ဈေးကွက်ရှိ ဘိလပ်မြေဈေးနှုန်းများမှာ ကျားတံဆိပ် (40)kg တစ်အိတ်လျှင် (၁၅၈၀၀) ကျပ်၊ ဆင်တံဆိပ် (50)kg တစ်အိတ်လျှင် (၁၇၄၀၀)ကျပ်၊ စိန်တံဆိပ် (50)kg တစ်အိတ်လျှင် (၁၇၄၀၀)ကျပ်ဖြစ်ပါသည်။ တာချီလိတ်မြို့ရှိ ဘိလပ်မြေဈေးနှုန်းများမှာ ကျားတံဆိပ် (40)kg တစ်အိတ်လျှင် (၁၄၃၀၀) ကျပ်၊ ဆင်တံဆိပ်(50)kg တစ်အိတ်လျှင် (၁၅၃၀၀)ကျပ်၊ စိန်တံဆိပ်(50)kg တစ်အိတ်လျှင် (၁၅၃၀၀)ကျပ်ဖြစ်ပါသည်။

    ဩဂုတ်လ၊ ဒုတိယအပတ်တွင်ဖြစ်ပေါ်နေသော ဓာတ်မြေဩဇာဈေးနှုန်းများမှာ ပုလဲ (MEP) (50)kg တစ်အိတ်လျှင် (၉၅၀၀၀)ကျပ်၊ တီဆူပါ (လေဆာ) (50)kg တစ်အိတ်လျှင် (၃၀၀၀၀) ကျပ်၊ တီဆူပါ (may) (50)kg တစ်အိတ်လျှင် (၃၀၀၀၀)ကျပ်၊ ချာန (သုံးမျိုးစပ်) (50)kg တစ်အိတ်လျှင် (၁၆၀၀၀၀)ကျပ်ဖြစ်ပါသည်။ တာချီလိတ်မြို့အတွင်းရှိ ဓာတ်မြေဩဇာဈေးနှုန်းများမှာ ပုလဲ (၄၆%) (50)kg တစ်အိတ်လျှင် (၁၆၃၀၀၀)ကျပ်၊ ကွန်ပေါင်း (၁၅ပတ်လည်) (50)kg တစ်အိတ်လျှင် (၁၅၀၀၀၀)ကျပ်၊ ကွန်ပေါင်း (50)kg တစ်အိတ်လျှင် (၁၅၀၀၀၀)ကျပ်ဖြစ်ပါသည်။

 ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နှင့် တာချီလိတ်မြို့ရှိ ဘိလပ်မြေဈေးနှုန်းများမှာ ယခင်ဩဂုတ်လ၊ ပထမအပတ်ထက် ဈေးနှုန်းအနည်းငယ်မြင့်တက်လျက်ရှိပါသည်။ ကျိုင်းတုံမြို့ရှိ ဓာတ်မြေဩဇာဈေးနှုန်းနှင့် တာချီလိတ်မြို့ရှိ ဓာတ်မြေဩဇာဈေးနှုန်းတို့မှာ တည်ငြိမ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း