Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကန့်ဘလူမြို့တွင် စားအုန်းဆီများကို ဈေးနှုန်းသက်သာစွာဖြင့် ဌာနဆိုင်ရာဝန်ထမ်းများအား ရောင်းချပေး

   စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ အစီအစဉ်ဖြင့် ကန့်ဘလူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန စသည့်ဌာနဆိုင်ရာတာဝန်ရှိသူများ၏ ကြီးကြပ်မှုဖြင့်  ကန့်ဘလူခရိုင် ဆီလုပ်ငန်းရှင်များအသင်းမှ (၂၅.၂.၂၀၂၄) ရက် နံနက် ၀၈:၃၀ နာရီက ကန့်ဘလူမြို့ ၊ ကန့်ဘလူခရိုင်စုပေါင်းရုံးတွင် စားအုန်းဆီများကို ဈေးနှုန်းသက်သာစွာဖြင့် ဌာနဆိုင်ရာဝန်ထမ်းများအား ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။

  ထိုသို့ စားအုန်းဆီများ ရောင်းချပေးရာတွင် ဌာနဆိုင်ရာဝန်ထမ်းများအနေဖြင့် စားအုန်းဆီများကို သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်စေရန်အတွက် စားအုန်းဆီ (၁)ပိဿာလျှင် ၆၀၀၀ ကျပ်နှုန်းဖြင့် ဝန်ထမ်းတစ်ဦးလျှင် (၁)ပိဿာနှုန်း လက်ဝယ်အရောက်ရောင်းချပေးပြီး လူဦးရေ (၁၆၅၀)ဦးအတွက် စားအုန်းဆီ ၁၆၅၀ ပိဿာရောင်းချပေးခဲ့ကြောင်း ကန့်ဘလူခရိုင် ဆီလုပ်ငန်းရှင်များအသင်းထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ပခုက္ကူမြို့ရှိ ကြက်ဥ၊ ဘဲဥ၊ ငုံးဥဈေးနှုန်းအခြေအနေ

     မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့၊ မြိုင်လမ်းရှိ “ရွှေပြည်စိုး” ကြက်ဥ၊ ဘဲဥ၊ ငုံးဥအရောင်းဆိုင်၌ ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ(တတိယပတ်)တွင် ကြက်ဥအရွယ်အစားလိုက်၍ ကြက်ဥ(အသေး)တစ်လုံးလျှင် ကျပ်(၂၅၀)၊ ကြက်ဥ(အလတ်)တစ်လုံးလျှင် ကျပ်(၂၇၀)၊ ကြက်ဥ (အကြီး)တစ်လုံးလျှင် ကျပ်(၂၉၀) ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်ပြီး၊ ဘဲဥတစ်လုံးလျှင် ကျပ် (၄၀၀)၊ ဆေးဘဲဥတစ်လုံးလျှင် ကျပ် (၄၅၀)၊ ငုံးဥတစ်ဆယ်လုံးလျှင် ကျပ်(၆၅၀)ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခင်ဖေဖော်ဝါရီလ (ဒုတိယပတ်)ဈေးနှုန်းတို့နှင့်နှိုင်းယှဉ်လျှင် ဈေးအတက်အကျမရှိဘဲ  အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။

   အခြေခံစားကုန်များထဲတွင် ကြက်ဥ၊ ဘဲဥသည် တစ်မျိုးအပါအဝင်ဖြစ်ပြီး အခြေခံလူတန်းစားများအတွက် ဈေးနှုန်းသင့်တင်မျှတပြီး အလွယ်တကူချက်ပြုတ်စားသောက်နိုင်သော စားသောက်ကုန်တစ်မျိုးဖြစ်ကာ စားသောက်ကုန်လုပ်ငန်းရှင်များကလည်း ဝယ်ယူသုံးစွဲမှုများခြင်းကြောင့် အရောင်းအဝယ်သွက်လျက်ရှိကြောင်း “ရွှေပြည်စိုး” ကြက်ဥအရောင်းဆိုင်မှသိရှိရပါသည်။

DOCA(မကွေး)

ကန့်ဘလူမြို့  ဖေဖော်ဝါရီလ စတုတ္ထပတ်တွင်ရောင်းချလျက်ရှိသော သစ်သီးဝလံဈေးနှုန်းများ

            ကန့်ဘလူမြို့တွင်ရောင်းချနေသော သစ်သီးဝလံများမှာ ကန့်ဘလူမြို့နယ်၊ ကျွန်းလှမြို့နယ်၊ မြစ်ကြီးနားမြို့နှင့် မန္တလေးမြို့ရှိသစ်သီးပွဲရုံများမှ အသီးသီး ဝင်ရောက်လျက်ရှိပါသည်။

       ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ စတုတ္ထပတ်တွင် ဖြစ်ပေါ်လျက်ရှိသော သစ်သီးဝလံဈေးနှုန်း များမှာ ပန်းသီး(ရိုးရိုး) အသေး(၁)လုံးလျှင် (၈၀၀)ကျပ်၊ ပန်းသီး(အိတ်စွပ်) အကြီး (၁)လုံးလျှင် (၂၅၀၀)ကျပ်၊  စပျစ်သီး(အလုံးကြီး) (၁)ပိဿာလျှင် (၁၆၀၀၀)ကျပ်၊ ပန်းသစ်တော်သီး (၁)လုံး လျှင် (၃၀၀၀)ကျပ်၊  ဖီးကြမ်းငှက်ပျောသီး (၁)ဖီးလျှင်(၂၀၀၀)ကျပ်၊ မြစ်ကြီးနားမှ ထွက်ရှိသော ခွန်စိမ်း ရိုးရိုး (၁)ဖီးလျှင် (၁၅၀၀)ကျပ်၊ ဖရဲသီး (၁)လုံးလျှင်(၅၀၀၀)ကျပ်၊ မက်မန်းသီး(၁) ပိဿာ လျှင် (၄၅၀၀)ကျပ်၊ စတော်ဘယ်ရီသီး(၁)ပိဿာလျှင် (၁၂၀၀၀)ကျပ်၊ ထောပတ်သီး(၁)လုံးလျှင် (၁၀၀၀)ကျပ်၊ သခွားမွှေး(၁)လုံးလျှင် (၂၅၀၀)ကျပ်ဖြင့် ရောင်းချရသောကြောင့် ယခင်အပတ်နှင့် နှိုင်းယှဉ်ပါက ယခင်အပတ်ထက် ပန်းသစ်တော်သီး (၁)လုံးလျှင် (၅၀၀)ကျပ်၊ ဖီးကြမ်းငှက်ပျော သီး(၁)ဖီးလျှင်(၇၀၀)ကျပ်၊ ဖရဲသီး (၁)လုံးလျှင် (၂၀၀၀)ကျပ် ဈေးနှုန်းမြင့်တက်ကာ ပန်းသီး (ရိုးရိုး) အသေး(၁)လုံးလျှင် (၂၀၀)ကျပ်၊  မြစ်ကြီးနားမှ ထွက်ရှိသော ခွန်စိမ်း ရိုးရိုး (၁)ဖီးလျှင် (၅၀၀)ကျပ်ဈေးနှုန်းကျဆင်းပြီး ကျန်သစ်သီး ဈေးနှုန်းများမှာ  ပုံမှန်အတိုင်း အရောင်းအဝယ်ဖြစ် လျက်ရှိကြောင်း ကန့်ဘလူမြို့တွင် ရောင်းချလျက်ရှိသော သစ်သီးဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

ပခုက္ကူကုန်စည်ဒိုင်တွင် ကြက်သွန်ဖြူ(အသစ်)များ စတင်ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိ

   မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်အတွင်းရှိ ကျောက်ထုနယ်၊ ပင်ထောင်၊ ဂုံဘိုနှင့် တခြားနယ်များတွင် ကြက်သွန်ဖြူကို အဓိကစိုက်ပျိုးကြပါသည်။ ကျောက်ထုနယ်အတွင်းရှိ ကြက်သွန်ဖြူများကို ဖေဖော်ဝါရီ(တတိယပတ်)တွင် စတင်တူးဖော်လျက်ရှိပါသည်။ ပခုက္ကူကုန်စည်ဒိုင်တွင် ကျောက်ထုနယ်သာမက တခြားဒေသများဖြစ်သော ရှမ်းပြည်နယ်၊ တောင်ကြီး၊ အင်းလေးတို့မှ ကြူကုတ်ကြက်သွန်ဖြူများလည်း ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကြက်သွန်နီကုန်စည်ဒိုင်မှသိရှိရပါသည်။

    ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ(တတိယပတ်)တွင် ကြက်သွန်ဖြူ(ဗမာ)များ၏ ဒိုင်ပြတ်လက်ကားဈေးမှာ ထိပ်စတစ်ပိဿာလျှင် ကျပ်(၁၆၀၀၀)၊ အလတ်စတစ်ပိဿာလျှင် ကျပ်(၁၄၀၀၀)၊ အနိမ့်စတစ်ပိဿာလျှင် ကျပ်(၁၀၀၀၀)ကျပ်ဖြစ်ပြီး မြို့မစည်ပင်ဈေးနှင့် အမှတ်(၂)ဈေးတို့တွင် ရောင်းချသောလက်လီဈေးမှာ ကြက်သွန်ဖြူအရွယ်အစားကိုလိုက်၍ အလုံးကြီး ထိပ်စတစ်ပိဿာလျှင် ကျပ်(၂၂၀၀၀)၊ အလုံးလတ်တစ်ပိဿာလျှင် ကျပ်(၂၀၀၀၀)၊ အလုံးသေးတစ်ပိဿာလျှင် ကျပ်(၁၆၀၀၀)ဖြစ်ပါသည်။ ရှမ်းပြည်နယ်မှလာသော ကြက်သွန်ဖြူ ကြူကုတ်တစ်ပိဿာလျှင် ကျပ်(၁၀၀၀၀မှ ၁၂၀၀၀)ဈေးနှုန်းတို့ဖြင့်ရောင်းချလျက်ရှိကြောင်း မြို့မဈေးသည်များထံမှသိရှိရပါသည်။

DOCA(မကွေး)

ကန့်ဘလူမြို့၏ ဖေဖော်ဝါရီလ စတုတ္ထပတ်တွင် ငါးဈေးနှုန်းများ ကျဆင်းလျက်ရှိ

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူ မြို့နယ်တာဝန်ခံရုံးအနေဖြင့် “ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများဖြင့် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်”ဆိုသည့် ဌာန၏ မျှော်မှန်းချက်တာဝန်ကိုလည်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ကန့်ဘလူမြို့၊ မြို့မဈေးတွင် ငါးမျိုးစုံရောင်းချလျက်ရှိပြီး ဖေဖော်ဝါရီလ စတုတ္ထပတ်အတွင်းဖြစ်ပေါ်နေသော ငါးလက်လီဈေးနှုန်းများမှာ ငါးရံ့အကောင်လိုက် တစ်ပိဿာလျှင် (၁၂၀၀၀)ကျပ်၊ တီလားဗီးယားအကောင်သေး တစ်ပိဿာလျှင် (၆၀၀၀)ကျပ်၊ တီလားဗီးယားအကောင်ကြီး တစ်ပိဿာလျှင် (၈၀၀၀)ကျပ်၊ ငါးကြင်း တစ်ပိဿာလျှင် (၉၅၀၀)ကျပ်၊ ငါးဖယ် တစ်ပိဿာလျှင် (၈၀၀၀)ကျပ်၊ ငါးမုတ် တစ်ပိဿာလျှင် (၆၅၀၀) ကျပ်၊ ငါးမြင်း တစ်ပိဿာလျှင် (၆၅၀၀)ကျပ်၊ ငါးဘတ် တစ်ပိဿာလျှင် (၁၉၀၀၀)ကျပ်၊ ငါးဂျောင်း တစ်ပိဿာလျှင် (၁၂၀၀၀)ကျပ်၊ ငါးအုံတုံ တစ်ပိဿာလျှင် (၁၀၀၀၀)ကျပ်၊ ငါးအုံတုံခုတ်သား တစ်ပိဿာလျှင်  (၁၈၀၀၀)ကျပ်၊ ငါးမြင်းခုတ်သား တစ်ပိဿာလျှင် (၁၀၀၀၀)ကျပ်၊ ငါးကြင်းခုတ်သား တစ်ပိဿာလျှင် (၁၆၀၀၀)ကျပ်၊ ငါးဖယ်ခြစ် တစ်ပိဿာလျှင် (၁၈၀၀၀)ကျပ်၊  ပုစွန်ထုပ်တစ်ပိ ဿာလျှင် (၃၂၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

   ငါးဈေးနှုန်းများအား ဖေဖော်ဝါရီလ စတုတ္ထပတ်နှင့်နှိုင်းယှဉ်ပါက ငါးဈေးနှုန်းများမှာ ငါးအုံတုံ တစ်ပိဿာလျှင် (၁၀၀၀)ကျပ်နှင့် ငါးဘတ် တစ်ပိဿာလျှင် (၁၀၀၀)ကျပ်ဈေးနှုန်းကျဆင်းပြီး ကျန်ငါးဈေးနှုန်းများမှာ ပုံမှန်အတိုင်း အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကန့်ဘလူမြို့မဈေးအတွင်း ရောင်းချလျက်ရှိသောငါးဒိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

ရာသီစာ မရမ်းသီး အရောင်းသွက်နေ

    ရွှေဘိုမြို့ပေါ်ရှိ အောင်ဇေယျဈေးတွင် ဆိုင်ခန်းပေါင်း (၁၀၀)ကျော်နှင့် ပျံကျဈေးသည်များအပြင် မိုးကုတ်မြို့သို့ တင်ပို့ရောင်းချသည့် သီးနှံလက်ကားဒိုင်များဖြင့် နေ့စဉ် နံနက် (၆:၀၀)နာရီမှ နေ့လယ် (၁၄:၀၀)နာရီထိ ပိတ်ရက်မရှိ ရောင်းဝယ်ဖောက်ကားလျက်ရှိပါသည်။

     ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ နောက်ဆုံးပတ်တွင် မန္တလေးမြို့မှ မှာယူရောင်းချသည့် မရမ်းသီးများ  နေ့စဉ်ဝင်ရောက်လျက်ရှိပြီး တစ်ပိဿာလျှင် (၈၀၀၀)ကျပ်မှ (၁၂၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်သွက်နေပြီး ဝင်ရောက်လာသော မရမ်းသီးများကို ဈေးအတွင်းရှိ လက်လီ ပျံကျဈေးသည်များထံသို့ ဖောက်သည်ပေးသည့်အပြင်၊ ဆိုင်ကယ်ဖြင့် မြို့တွင်း လှည့်လည်ရောင်းချသော ဈေးသည်များ၊ ရွှေဘိုမြို့ပေါ်ရှိ ထမင်းဆိုင်များနှင့် နေ့စဉ်စားသုံးသူများသို့ လက်လီ/လက္ကားရောင်းချလျက်ရှိကြောင်း  အောင်ဇေယျဈေးအတွင်းရှိ သီးနှံစုံ လက်ကားဒိုင် များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ကံမမြို့၊ မြို့မဈေးအတွင်း ရောင်းချလျက်ရှိသော အခြေခံစားသောက်ကုန်လက်လီဈေးနှုန်း

     မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့၊ မြို့မစည်ပင်ဈေးအတွင်း (၁၆-၂-၂၀၂၄)ရက်နေ့မှ (၂၂-၂-၂၀၂၄)ရက်နေ့အတွင်း ရောင်းချလျက်ရှိသော အခြေခံစားသောက်ကုန်များ၏ လက်လီဈေးနှုန်းများမှာ ပုသိမ်ပေါ်ဆန်းမွှေးတစ်အိတ်လျှင် ကျပ်(၁၄၅၀၀၀)၊ ရွှေဘိုပေါ်ဆန်းမွှေးတစ်အိတ်လျှင် ကျပ် (၁၈၀၀၀၀)၊ မနောသုခတစ်အိတ်လျှင် ကျပ်(၉၀၀၀၀)၊ မှော်ဘီတစ်အိတ်လျှင် ကျပ်(၉၅၀၀၀)၊ ရိုးနီတစ်အိတ်လျှင် ကျပ်(၁၂၀၀၀၀)၊ နှမ်းဆီတစ်ပိဿာလျှင် ကျပ်(၁၅၀၀၀)၊ ပဲဆီတစ်ပိဿာလျှင် ကျပ်(၁၆၀၀၀)၊ စားအုန်းဆီတစ်ပိဿာလျှင် ကျပ်(၆၀၀၀မှ ၆၂၀၀)၊ ကြက်သွန်နီတစ်ပိဿာလျှင် ကျပ်(၂၅၀၀)၊ ကြက်သွန်ဖြူတစ်ပိဿာလျှင် ကျပ်(၁၅၀၀၀)၊ ကုလားပဲတစ်ပိဿာလျှင် ကျပ် (၇၀၀၀)၊ အာလူးတစ်ပိဿာလျှင် ကျပ်(၃၂၀၀)၊ ချင်းတစ်ပိဿာလျှင် ကျပ်(၆၀၀၀)၊ ဆားတစ်ပိဿာလျှင် ကျပ်(၅၀၀)၊ ငရုတ်သီးခြောက်တစ်ပိဿာလျှင် ကျပ်(၁၅၀၀၀)၊ ငရုတ်သီးစိမ်းတစ်ပိဿာလျှင် ကျပ်(၃၀၀၀)၊ ခရမ်းချဉ်သီးတစ်ပိဿာလျှင် ကျပ် (၁၀၀၀)၊ ကြက်သား(စီပီ)တစ်ပိဿာလျှင် ကျပ်(၁၂၀၀၀)၊ကြက်သား(မြန်မာ) တစ်ပိဿာလျှင် ကျပ် (၁၅၀၀၀)၊ ဝက်သားတစ်ပိဿာလျှင် ကျပ် (၁၃၀၀၀)၊ အမဲသားတစ်ပိဿာလျှင် ကျပ် (၁၃၀၀၀)၊ ဆိတ်သားတစ်ပိဿာလျှင် ကျပ် (၁၆၀၀၀)၊ ငါးကြင်းတစ်ပိဿာလျှင် ကျပ် (၁၀၀၀၀)၊ ငါးမြစ်ချင်းတစ်ပိဿာလျှင် ကျပ် (၇၅၀၀)၊ ကြက်ဥတစ်လုံးလျှင် ကျပ် (၂၀၀)၊ ဘဲဥတစ်လုံးလျှင် ကျပ် (၄၀၀) စသည့်ဈေးနှုန်းအသီးသီးဖြင့် ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။

     ယခင်အပတ်ဈေးနှုန်းတို့နှင့်နှိုင်းယှဉ်လျှင် ယခုအပတ်တွင် ကြက်သွန်ဖြူ ကျပ်(၂၀၀၀)၊ ငရုပ်သီးစိမ်း ကျပ်(၂၀၀)၊ ကြက်သွန်နီ ကျပ်(၁၀၀) ဈေးနှုန်းမြင့်တက်လာပြီး ခရမ်းချဉ်သီး ကျပ်(၈၀၀)၊ အာလူး ကျပ်(၂၀၀)  စသည်ဖြင့် ဈေးနှုန်းအသီးသီးကျဆင်းသွားကြောင်း၊ ကျန်အခြေခံစားသောက်ကုန်များမှာ ဈေးနှုန်းအတက်အကျမရှိဘဲ ပုံမှန်ရောင်းချလျက်ရှိကြောင်း၊ ဆန်၊ဆီ၊ ကြက်သွန်ဖြူ၊ အာလူး စသည့်ကုန်ပစ္စည်းခြောက်များကို ပြည်ခရိုင်၊ ကြက်သွန်နီများကို သရက်ခရိုင်နှင့် ခရမ်းချဉ်သီး၊ ငရုတ်သီးစိမ်းများကို ကံမမြို့နယ်ကျေးရွာများမှ ဝယ်ယူရောင်းချကြောင်း ဈေးရောင်းချသူ ဒေါ်သန်းထွေးထံမှသိရှိရပါသည်။

DOCA(မကွေး)

သရက်မြို့နယ် ဇီးသီး အစို၊အခြောက် ဈေးနှုန်းဈေးကွက်

        မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့နယ် ပတ်ဝန်းကျင်ကျေးရွာများဖြစ်သော အင်းမငယ်၊ ပေါက်ပင်၊ အုန်းပင်လှ၊ စခန်းကြီး၊ မင်းတည်း၊ ပျဉ်ထောင်၊ မြွေပွေး၊ ရွာသစ်၊ ကျောက်အိုင်၊ ဝက်သားစား၊ စက်တောင်၊ ရွာလေး  စသည့် ကျေးရွာများမှထွက်ရှိသည့်  ဇီးသီးအစိုအခြောက်များမှာ ၂၀၂၄ခုနှစ် ဖေဖော်ဝါရီလ(စတုတ္ထပတ်)တွင် တစ်တင်းလျှင် ကျပ်(၁၂၀၀၀)ဈေးဖြင့် ယခင်အပတ်ဈေးနှုန်းနှင့်အတူ အတက်အကျမရှိပဲအရောင်းအဝယ်ဖြစ်လျက် ရှိပြီး တစ်နေ့လျှင် အိတ်ရေ(၇၀၀မှ၁၅၀၀) ဝန်းကျင်ခန့် ဝင်ရောက်လျက်ရှိကြောင်း သိရှိရပါသည်။

      ဇီးစေ့တစ်တင်းလျှင် ဖေဖော်ဝါရီလ(စတုတ္ထပတ်)တွင် ကျပ်(၅၀၀၀၀မှ၅၁၀၀၀)အတွင်း ဝယ်ယူရရှိပြီး ဇီးသီးများကို ဇီးသီးခွဲစက်ဖြင့် ဇီးသီးမှဇီးစေ့ဆီးဆံရရှိအောင်ကြိတ်ခွဲ မည်ဖြစ်ပါကြောင်း၊ ဇီးဆံ(၁)တင်းလျှင် ကျပ် (၅၄၀၀၀ မှ၅၇၀၀၀)ဈေးရှိပါကြောင်း၊ ဇီးဆံများ ရရှိပါက အောင်လံ၊ ပြည်၊ မန္တလေးမြို့သို့ တင်ပို့ရောင်းချပါကြောင်း ဇီးသီးဝယ်ယူသူ ဦးဇော်မျိုးဦးထံမှ သိရှိရပါသည်။

DOCA(မကွေး)

အောင်လံကုန်စည်ဒိုင်၏ သီးနှံမျိုးစုံဈေးနှုန်းများနှင့် အရောင်းအဝယ်ဖြစ်မှု

    မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့၊ အောင်လံကုန်စည်ဒိုင်တွင် ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ (တတိယပတ်) အတွင်း လယ်ယာထွက်ကုန်သီးနှံမျိုးစုံဖြစ်သည့် နှမ်းနှင့်ပဲမျိုးစုံသီးနှံများ ပုံမှန်အရောင်းအဝယ်ဖြစ်လျက်ရှိရာ နှမ်းနက်(စမုံ) (၄၅)ပိဿာပါ (၁)အိတ်လျှင် ကျပ်(၃၅၀၀၀၀/-၃၈၀၀၀၀/-)ဖြင့် အိတ် (၁၂၅၀)ကိုလည်းကောင်း၊ နှမ်းပြာ(၄၅)ပိဿာပါ (၁)အိတ်လျှင် ကျပ်(၃၄၀၀၀၀/-)ဖြင့် အိတ် (၃၅၀)ကိုလည်းကောင်း၊ နှမ်းနီ(၄၅)ပိဿာပါ (၁)အိတ်လျှင် ကျပ်(၃၄၀၀၀၀/-)ဖြင့် အိတ်(၁၅၀)ကိုလည်းကောင်း၊ နှမ်းဖြူ(၄၅)ပိဿာပါ (၁)အိတ်လျှင် ကျပ်(၃၅၀၀၀၀/-)ဖြင့် အိတ်(၈၀)ကိုလည်းကောင်း၊ ကုလားပဲ(HL) (၁)တင်းလျှင် ကျပ်(၉၃၀၀၀/-၉၆၀၀၀/-)ဖြင့် (၃၀)ပိဿာပါ အိတ် (၇၀၀)အိတ်ကိုလည်းကောင်း၊ ကုလားပဲ(မြကြေး) (၁)တင်းလျှင် ကျပ်(၉၃၀၀၀/-၉၆၀၀၀/-)ဖြင့် (၃၀)ပိဿာပါအိတ် (၄၀၀)အိတ်ကိုလည်းကောင်း၊ မတ်ပဲ(၁)တင်းလျှင် ကျပ်(၉၆၅၀၀/-၉၉၅၀၀/-) ဖြင့် (၃၀)ပိဿာပါ အိတ်(၁၈၀)အိတ်ကိုလည်းကောင်း၊ ပဲစင်းငုံနီ(၁)တင်းလျှင် ကျပ်(၁၂၃၂၀၀/-၁၂၈၀၀၀/-)ဖြင့် (၃၀)ပိဿာပါ အိတ် (၁၇၀၀)အိတ်ကိုလည်းကောင်း၊ ဘိုကိတ်ပြာ(၁)တင်းလျှင် ကျပ်(၆၆၀၀၀/-၇၈၅၀၀/-)ဖြင့် (၃၀)ပိဿာပါ အိတ်(၁၀၀)အိတ်ကိုလည်းကောင်း၊ ပဲတီစိမ်း(ဆောင်း) (၁)တင်းလျှင် ကျပ်(၇၀၀၀၀/-၇၅၀၀၀/-)ဖြင့် (၃၀)ပိဿာပါ အိတ်(၅၀၀)အိတ်ကိုလည်းကောင်း၊ ပဲတီစိမ်း(မိုး) (၁)တင်းလျှင် ကျပ်(၆၀၀၀၀/-၆၃၀၀၀/-)ဖြင့် (၃၀)ပိဿာပါ အိတ်(၁၀၀)အိတ်ကိုလည်းကောင်း၊ ပဲကြီး(၁)တင်းလျှင် ကျပ်(၁၂၂၅၀၀/- ၁၂၃၀၀၀/-)ဖြင့် (၃၀)ပိဿာပါ အိတ်(၁၉၀) အိတ်ကိုလည်းကောင်း၊ မြေပဲလုံးဆံ(ဖြူ)(၁)ပိဿာလျှင် ကျပ်(၆၉၀၀/-၆၉၅၀/-)ဖြင့် (၃၀)ပိဿာဝင်အိတ် (၃၅၀) အိတ်ကိုလည်းကောင်း၊ မြေပဲလုံးဆံ(နီ) (၁)ပိဿာလျှင် ကျပ်(၇၈၀၀/-၈၀၀၀/-)ဖြင့် (၃၀)ပိဿာဝင်အိတ် (၇၀)အိတ်ကိုလည်းကောင်း၊ မြေပဲတောင့်အစို (၁)တင်းလျှင် ကျပ်(၂၇၀၀၀/-၂၈၀၀၀/-)ဖြင့် (၃၀၀၀)တင်းကိုလည်းကောင်း၊ ဝါ(၁)ပိဿာလျှင် ကျပ်(၃၃၀၀/-၃၅၀၀/-)ဈေးနှုန်းဖြင့် ပိဿာ(၁၅၀၀၀) စသည်ဖြင့် အသီးသီးအရောင်းအဝယ်ရှိခဲ့ပါသည်။

   ပဲကြီး၊ ကုလားပဲသီးနှံတို့မှာ သီးနှံအသစ်ထွက်ရှိလျက်ရှိပြီး ပဲတီစိမ်း(မိုး)နှင့်(ဆောင်း)တွင် ပဲတီစိမ်း(ဆောင်း)သီးနှံများသာ လက်ကျန်ရှိသည့်အတွက် အရောင်းအဝယ်ရှိပြီး နှမ်းသီးနှံဈေးနှုန်းမှာ ဖေ‌ဖော်ဝါရီလ(ပထမပတ်)မှ ယခု(တတိယပတ်)အတွင်း ဈေးနှုန်းများတည်ငြိမ်လျက်ရှိပြီး အရောင်းအဝယ်ပုံမှန်မျှသာဖြစ်လျက် ပဲမျိုးစုံသီးနှံကိုလည်း ဖေဖော်ဝါရီလ (ဒုတိယပတ်)ဈေးနှုန်းတို့နှင့်နှိုင်းယှဉ်ပါက ဈေးနှုန်းအနည်းငယ်ကျဆင်းခဲ့ပြီး အရောင်းအဝယ်ခပ်ပါးပါးမျှသာရှိကြောင်းနှင့်  ပဲတီစိမ်း၊ မတ်ပဲ၊ ဘိုကိတ်ပြာ၊ ပဲစင်းငုံနီနှင့် ဝါသီးနှံတို့ကို ရန်ကုန်မြို့သို့လည်းကောင်း၊ နှမ်းကို မန္တလေးမြို့သို့လည်းကောင်း၊ ကုလားပဲနှင့် ပဲကြီးတို့ကို အောင်လံမြို့နယ်တွင်းရှိ ကုလားပဲခွဲစက်များသို့ ပေးပို့ရောင်းချရကြောင်း၊ မြေပဲလုံးဆံနီနှင့် မြေပဲလုံးဆံဖြူတို့ကို အောင်လံနှင့် သရက်မြို့နယ်ရှိ ပဲကြော်လုပ်ငန်းရှင်များသို့ ပေးပို့ရောင်းချလျက်ရှိကြောင်း အောင်လံကုန်စည်ဒိုင်မှသိရှိရပါသည်။

DOCA(မကွေး)

 

မုံရွာမြို့၊ ပြည်ထောင်စုဈေးတွင် အခြေခံစားသောက်ကုန်များကို သက်သာသောဈေးနှုန်းဖြင့် အပတ်စဉ် ရောင်းချပေး

        စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် တန်ဖိုးသင့်အခြေခံစားသောက်ကုန်များကို စိုက်ပျိုး၊ မွေးမြူ ထုတ်လုပ်သူများမှ ဆန်၊ ဆီနှင့် ကြက်ဥ၊ ဒေသထွက် ဟင်းသီးဟင်းရွက်သီးနှံများကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်နေ့ မုံရွာမြို့၊ ပြည်ထောင်စုဈေး၌    နံနက် (၀၇:၀၀) နာရီအချိန်တွင် သက်သာသော ဈေးနှုန်းဖြင့် အပတ်စဉ် ရောင်းချပေးလျက်ရှိပါသည်။

    ထိုသို့ရောင်းချခဲ့ရာတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးမြတ်ကျော်၏ ကြီးကြပ်မှုဖြင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ စိုက်ပျိုး‌ရေးဦးစီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနတို့ သည် အခြေခံစားကုန်များ ကုန်ဈေးနှုန်းကြီးမြင့်မှု မရှိစေရေးအတွက် ကိုယ်တိုင်စိုက်ပျိုး/မွေးမြူ/ ထုတ်လုပ်သူများနှင့် ပူးပေါင်းကာ စားအုန်းဆီ တစ်ပိဿာလျှင်၅၉၀၀ ကျပ်၊ ဝယ်ယူသည့်ပြည်သူများ အဆင်ပြေစေရန် ကောင်တာ (၅) ခုခွဲ၍ ဆီ (၆၆၀) ပိဿာ၊ ဆန်တစ်ပြည်လျှင် ၃၀၀၀ ကျပ်၊ ဆန်(၂၄)ပြည် ဝင်အိတ် (၂၅) အိတ်၊  ကြက်ဥ (၅) လုံး တစ်ထုပ်လျှင် ၁၀၀၀ ကျပ်၊ ကြက်ဥ အလုံး(၂၇၀၀)၊ ငုံးဥ ( ၁၆ ) လုံးတစ်ထုပ်လျှင် ၁၀၀၀ ကျပ်၊ အလုံး( ၃၀၀၀ )နှင့် ကြာဇံများ၊ ခေါက်ဆွဲခြောက်များ၊ ကုလားပဲမှုန့်များ၊ ကိတ်စို၊ကိတ်ခြောက်များနှင့် ဒေသထွက် ဟင်းသီးဟင်းရွက်သီးနှံများကို ပြင်ပပေါက်ဈေးထက် သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးခဲ့ကြောင်း သိရှိရပါ သည်။

DOCA(စစ်ကိုင်း)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း