Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နေသော စပါး/ဆန်ဈေးနှုန်းများနှင့် စီးထွက်မှုအခြေအနေ

    စစ်ကိုင်းတိုင်းဒေသကြီးသည် ဆန်ပိုဒေသများဖြစ်သော ကလေး၊ ကသာ၊ ကန့်ဘလူ၊ ရွှေဘိုနှင့် ရေဦး ခရိုင်များအနေဖြင့် ရွှေဘိုနှင့် ရေဦးခရိုင်တို့တွင် ဧရာမင်းစပါးလက်ကျန် မရှိသလောက်နည်းပါနေကြောင်း၊ တောင်သူများ စပါးလက်ကျန်နည်းပါးလာပြီး အဝယ်များနေခြင်းကြောင့် ခရိုင်အားလုံး ဈေးအနည်းငယ်တက်နေပြီး ကသာခရိုင်တွင်သာ ‌‌ဈေးအေးနေပါကြောင်း သိရှိရပါသည်။

        စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဩဂုတ်လ(တတိယ)ပတ်တွင် ဖြစ်ပေါ်နေသော စပါး/ဆန်ဈေး နှုန်းများမှာ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်မှ ရွှေဘိုပေါ်ဆန်း(စပါး)  တင်း ၁၀၀လျှင် ကျပ် ၃,၇၀၀,၀၀၀၊ ပေါ်ဆန်း (ဆန်) ၂၄ပြည်ပါ တစ်အိတ်လျှင် ၁၃၅,၀၀၀ကျပ်၊ ဧရာမင်း(စပါး)တင်း ၁၀၀လျှင် ကျပ်၂,၉၀၀,၀၀၀၊  ဧရာမင်း (ဆန်) ၂၄ပြည်ပါ တစ်အိတ်လျှင် ၁၃၈,၀၀၀ကျပ်၊ နွေစပါး(ရွှေဝါထွန်း) စပါးတင်း(၁၀၀)လျှင် ကျပ် ၁,၉၀၀,၀၀၀၊  နွေစပါး(ရွှေဝါထွန်း)(ဆန်) ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ် ၈၀,၀၀၀ ဖြင့် အရောင်း အဝယ်ဖြစ်နေကြောင်း သိရပါသည်။

        ရေဦးခရိုင်၊ ရေဦးမြို့နယ်မှ ပေါ်ဆန်း (စပါး)တင်း ၁၀၀လျှင် ကျပ် ၃,၇၀၀,၀၀၀၊ ပေါ်ဆန်း (ဆန်) တစ်အိတ် လျှင်ကျပ် ၁၃၅,၀၀၀၊  ဧရာမင်း(စပါး) တင်း ၁၀၀ လျှင် ၂,၉၀၀,၀၀၀၊ ဧရာမင်း (ဆန်)၂၄ ပြည်ပါ တစ်အိတ် ၁၃၈,၀၀၀ ကျပ်၊ နွေစပါး(ရွှေဝါထွန်း) စပါးတင်း(၁၀၀)လျှင် ကျပ် ၁,၉၀၀,၀၀၀၊  နွေစပါး (ရွှေဝါထွန်း) (ဆန်) ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ် ၈၀,၀၀၀ များဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရပါသည်။

      ကလေးခရိုင်၊ ကလေးမြို့နယ်မှ ဧည့်မထ(စပါး) တင်း၁၀၀ လျှင် ၂,၅၀၀,၀၀၀၊ ဧည့်မထ (ဆန်) ‌၂၄ပြည်ပါ တစ်အိတ်မှာ ကျပ် ၁၀၀,၀၀၀၊ ငစိန်(စပါး)တင်း၁၀၀လျှင် ၂,၄၀၀,၀၀၀၊ ငစိန် (ဆန်)၂၄ပြည်ပါ တစ်အိတ်မှာ ၉၅,၀၀၀၊ ဧရာမင်း(စပါး) တင်း ၁၀၀ လျှင် ကျပ် ၂,၇၀၀,၀၀၀၊ ဧရာမင်း(ဆန်)၂၄ပြည်ပါ တစ်အိတ်မှာ ကျပ် ၁၁၀,၀၀၀၊ နွေစပါး(ဒေသမျိုး)(စပါး) တင်း ၁၀၀ လျှင် ကျပ် ၁,၀၅၀,၀၀၀၊ နွေစပါး (ဒေသမျိုး)(ဆန်)၂၄ပြည်ပါ တစ်အိတ်မှာကျပ် ၈၃,၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

    ကသာခရိုင်၊ အင်းတော်မြို့နယ်မှ မှော်ဘီ(၂)(စပါး) တင်း ၁၀၀ လျှင် ကျပ်၁,၉၅၀,၀၀၀၊ မှော်ဘီ(၂) ဆန် ၂၄ပြည် တစ်အိတ်လျှင် ကျပ် ၈၁,၀၀၀၊ ဆင်းဧကရီ(၃)(စပါး)  တင်း၁၀၀ လျှင် ကျပ် ၂,၁၀၀,၀၀၀၊ ဆင်းဧကရီ-၃ ဆန် ၂၄ပြည်တစ်အိတ်မှာကျပ် ၈၅,၀၀၀၊ ဧရာမင်း (စပါး)တင်း ၁၀၀လျှင် ကျပ် ၂,၄၀၀,၀၀၀၊ ဧရာမင်း(ဆန်) ၂၄ပြည် ဆန်တစ်အိတ်လျှင် ကျပ် ၁၁၀,၀၀၀၊ နွေစပါး(ဆင်း-၃)(စပါး) တင်း ၁၀၀ လျှင် ကျပ် ၁,၃၀၀,၀၀၀၊ နွေစပါး (ဆင်း-၃)(ဆန်)၂၄ပြည်ပါ တစ်အိတ်မှာ ကျပ် ၆၅,၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရပါသည်။

     မုံရွာခရိုင်၊ မုံရွာမြို့တွင် ဧရာမင်း(စပါး)တင်း ၁၀၀ လျှင် ကျပ် ၃,၁၅၀,၀၀၀၊  ဧရာမင်း (ဆန်) ၂၄ပြည် တစ်အိတ်မှာ ကျပ် ၁၃၀,၀၀၀၊ ပေါ်ဆန်း (စပါး) တင်း ၁၀၀ လျှင် ကျပ် ၃,၅၀၀,၀၀၀၊  ပေါ်ဆန်း (ဆန်) ၂၄ပြည် တစ်အိတ်မှာ ကျပ် ၁၃၅,၀၀၀၊ မနောသုခ(စပါး) တင်း ၁၀၀လျှင် ကျပ် ၂,၀၀၀,၀၀၀၊ မနောသုခ (ဆန်)၂၄ ပြည် တစ်အိတ်လျှင် ကျပ် ၉၀,၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရ ပါသည်။

    ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင်  ဧရာမင်း(စပါး)တင်း ၁၀၀ လျှင် ကျပ် ၃,၀၀၀,၀၀၀၊  ဧရာမင်း (ဆန်)၂၄ပြည် တစ်အိတ်မှာ ကျပ် ၁၃၀,၀၀၀၊ ပေါ်ဆန်း(စပါး) တင်း ၁၀၀လျှင် ကျပ် ၃,၅၀၀,၀၀၀၊ ပေါ်ဆန်း (ဆန်)၂၄ပြည်တစ်အိတ်လျှင် ကျပ် ၁၃၀,၀၀၀၊ နွေစပါး ရွှေဝါထွန်း (စပါး)တင်း ၁၀၀ လျှင် ကျပ် ၁,၈၀၀,၀၀၀၊  ရွှေဝါထွန်း (ဆန်) ၂၄ပြည် တစ်အိတ်မှာ ကျပ် ၈၀,၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

    စစ်ကိုင်းတိုင်းဒေသကြီးမှ ဩဂုတ်လ (ဒုတိယ)ပတ်တွင် စစ်ကိုင်းတိုင်းဒေသကြီးမှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၁၆,၀၀၀၊ မန္တလေးသို့ အိတ်ရေ ၂၃,၇၀၀၊ မကွေး သို့ အိတ်ရေ ၆၀၀၊ နေပြည်တော်သို့ အိတ်ရေ ၅,၀၀၀၊ ရှမ်း (တောင်)သို့ အိတ်ရေ ၄,၀၀၀၊ ရှမ်း(မြောက်) သို့အိတ်ရေ ၄,၀၀၀၊ ကချင်သို့ အိတ်ရေ ၂၀၀၊ စုစုပေါင်း အိတ်ရေ (၅၃,၅၀၀)အိတ်၊ တန်အားဖြင့် (၂,၆၇၅) စီးထွက်ခဲ့ပြီး၊ ယခု ဩဂုတ်လ (တတိယ)ပတ်တွင် စစ်ကိုင်းတိုင်းဒေသကြီးမှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၁၂,၅၀၀၊ မန္တလေး သို့ အိတ်ရေ ၂၈,၇၀၀၊ မကွေး သို့ အိတ်ရေ ၆၀၀၊ နေပြည်တော်သို့ အိတ်ရေ ၅,၅၀၀၊ ရှမ်း (တောင်)သို့ အိတ်ရေ ၄,၅၀၀၊ ရှမ်း(မြောက်) သို့အိတ်ရေ ၄,၅၀၀၊ ကချင်သို့ အိတ်ရေ ၁,၂၀၀၊ စုစုပေါင်း အိတ်ရေ (၅၆,၅၀၀)အိတ်၊ တန်အားဖြင့် (၂,၈၂၅) စီးထွက်ခဲ့သည့်အတွက် ယခင်ပတ်နှင့် နှိုင်းယှဉ်လျှင် ယခုပတ်တွင် အိတ်ရေ (၃၀၀၀) တန်အားဖြင့် (၁၅၀) ပိုမို စီးထွက်ခဲ့ပါကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကသာမြို့တွင် ဩဂုတ်လ တတိယအပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသော အခြေခံစားသောက်ကုန်ဈေးနှုန်းများ

    ကသာမြို့နယ်အတွင်း ၂၀၂၃-ခုနှစ် ဩဂုတ်လ တတိယအပတ်  ဈေးကွက်အသီးသီး၌ ရောင်းချလျက်ရှိသော ဆန်ဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်းတစ်အိတ်လျှင် (၁၂၀၀၀၀)ကျပ်၊ ဧရာမင်း ဆန်တစ် အိတ် (၁၁၀၀၀၀)ကျပ်၊ ဧည့်မထ(ဆင်း-၃) တစ်အိတ်လျှင် (၈၅၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိပြီး စားသုံးဆီ ဈေးနှုန်းမှာ မြေပဲဆီ တစ်ပိဿာ (၁၆၀၀၀)ကျပ်၊ နှမ်းဆီ တစ်ပိဿာ (၁၄၀၀၀)ကျပ်နှင့် စားအုန်းဆီ တစ်ပိဿာ(၁၂၀၀၀)ကျပ် ရှိကြောင်း သိရသည်။ ဩဂုတ်လ ဒုတိယအပတ်နှင့် ဈေးနှုန်းနှိုင်းယှဉ်ကြည့်ပါက ဆန်ဈေးနှုန်းများမှာ တည်ငြိမ်လျက်ရှိပြီး မြေပဲဆီဈေးနှုန်းမှာ ကျပ်(၁၀၀၀)ခန့်၊ စားအုန်းဆီဈေးနှုန်းမှာ ကျပ်(၂၀၀၀)ခန့် မြှင့်တက်လာသည်ကို တွေ့ရှိရသည်။

    စားဖိုဆောင်သီးနှံ လက်လီဈေးနှုန်းများမှာ ကြက်သွန်နီ (အသစ်) အလုံး အသေး/အကြီး ပေါ် မူတည်၍ တစ်ပိဿာ (၂၅၀၀ မှ ၃၂၀၀)ကျပ်၊ ကြက်သွန်ဖြူ(ရှမ်း) တစ်ပိဿာ (၁၀၀၀၀) ကျပ်၊ အာလူး တစ်ပိဿာ (၃၂၀၀)ကျပ်၊ ခရမ်းချဉ်သီး တစ်ပိဿာ အလုံး အသေး/အကြီးပေါ်မူတည်၍ (၃၂၀၀ မှ ၃၅၀၀)ကျပ်၊ ဂျင်း တစ်ပိဿာ (၆၀၀၀) ကျပ်၊ ကုလားပဲတစ်ပိဿာ(၇၂၀၀)ကျပ်၊ ပဲနီလေး တစ်ပိဿာ (၈၀၀၀)ကျပ်၊ ငရုတ်သီးခြောက်(ပု) တစ်ပိဿာ(၂၅၀၀၀) ကျပ်၊ ငရုတ်(စို) တစ်ပိဿာ (၅၀၀၀)ကျပ် ဖြင့် ရောင်းချလျက်ရှိသည်။

     အသား /ငါး ဈေးနှုန်းများမှာ ကြက်သား(CP) တစ်ပိဿာ (၁၁၀၀၀)ကျပ်၊ ဝက်သား တစ်ပိဿာ (၂၄၀၀၀) ကျပ်၊ အမဲသား တစ်ပိဿာ(၁၆၀၀၀)ကျပ်၊ ဆိတ်သား တစ်ပိဿာ (၂၄၀၀၀)ကျပ်နှင့် ငါးကြင်း တစ်ပိဿာ(၈၀၀၀)ကျပ်၊ ကြက်ဥ တစ်လုံး (၃၀၀)ကျပ်နှင့် ဘဲဥ တစ်လုံး(၃၅၀)ကျပ်ဖြင့် ရောင်းချလျက် ရှိသည်။ စားဖိုဆောင်သီးနှံ ဈေးနှုန်းများမှာ ဩဂုတ်လ ဒုတိယအပတ်ရှိ ဈေးနှုန်းများနှင့် နှိုင်းယှဉ် ကြည့်ပါက ခရမ်းချဉ်သီးဈေးနှုန်းမှာ ကျပ်(၂၀၀ မှ ၃၀၀)ခန့်၊ ငရုတ်(စို)ဈေးနှုန်းမှာ ကျပ်(၁၈၀၀)ခန့် ဈေးနှုန်းမြှင့်တက်လာသည်ကို တွေ့ရှိရပြီး ဂျင်းဈေးနှုန်းမှာ ကျပ်(၁၀၀၀)ခန့်ကျဆင်းကာ အသား/ငါးဈေးနှုန်း နှင့် ကျန်စားသောက်ကုန်များမှာ ဈေးနှုန်းအပြောင်းအလဲမရှိကြောင်း တွေ့ရှိရပါသည်။

DOCA(စစ်ကိုင်း)

 

“သိမ်ဖြူဈေးတွင်ဖြစ်ပေါ်နေသော ကြက်သွန်ဖြူ/နီလက်ကားဈေး”

    ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ သိမ်ဖြူဈေးကြီးအတွင်း ကြက်သွန်ဖြူ၊ ကြက်သွန်နီများအား ကား၊ ရထားတို့ဖြင့် ဘုရင့်နောင်ကုန်စည်ဒိုင်နှင့် ရှမ်းပြည်နယ်တို့မှ နေ့စဉ် ဝင်ရောက်လျက်ရှိပြီး လက်လီ/လက်ကားပြန်လည်ရောင်းချလျက်ရှိရာ (၃-၈-၂၀၂၃)ရက်နေ့မှ (၉-၈-၂၀၂၃) ရက်နေ့အထိ ကြက်သွန်နီ(ဆိပ်ဖြူ)အဝင် (၆၅၀၀)ပိဿာနှင့် ကြက်သွန်ဖြူ(ကြူကုတ်) (၉၆၀၀) ပိဿာဝင်ရောက်ခဲ့ပြီး ကြက်သွန်နီ(ဆိပ်ဖြူ)လက်ကားဈေးမှာ ၁ပိဿာလျှင် ၁၈၅၀ကျပ်မှ ၂၄၅၀ကျပ်အထိဖြစ်၍ ကြက်သွန်ဖြူ(ကြူကုတ်) လက်ကားဈေးမှာ ၁ပိဿာလျှင် ၇၀၀၀ကျပ်မှ ၈၀၀၀ကျပ်အထိဖြစ်ပြီး (၁၀-၈-၂၀၂၃) ရက်နေ့မှ (၁၆-၈-၂၀၂၃) ရက်နေ့အထိ ကြက်သွန်နီ(ဆိပ်ဖြူ)အဝင် (၃၃၆၀၀)ပိဿာနှင့် ကြက်သွန်ဖြူ(ကြူကုတ်) (၈၈၀၀)ပိဿာဝင်ရောက်ခဲ့ပြီး ကြက်သွန်နီ (ဆိပ်ဖြူ)လက်ကားဈေးမှာ ၁ပိဿာလျှင် ၂၄၀၀ကျပ်မှ ၂၈၀၀ကျပ်အထိဖြစ်၍ ကြက်သွန်ဖြူ (ကြူကုတ်) လက်ကားဈေးမှာ ၁ပိဿာလျှင် ၇၅၀၀ကျပ်မှ ၇၈၀၀ကျပ် အထိဖြစ်၍ ကြက်သွန်နီနှင့် ကြက်သွန်ဖြူဈေးနှုန်းများမှာ အနည်းငယ်မြင့်တက်လျက်ရှိကြောင်း ဈေးတာဝန်ခံရုံးမှ သတင်းရရှိပါသည်။

DOCA(ရန်ကုန်)

သီရိမင်္ဂလာဈေးရှိ သစ်သီးဝလံဈေးနှုန်းများ

    ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ သီရိမင်္ဂလာဈေးတွင် ဩဂုတ်လ (၉) ရက်နေ့မှ ဩဂုတ်လ (၁၅) ရက်နေ့အထိဖြစ်ပေါ်ခဲ့သော သစ်သီးဝလံဈေးနှုန်းများမှာ ဝမ်းတွင်းမှ ဖရဲသီး (211) အလုံးကြီးတစ်လုံးလျှင် ကျပ်၂၀၀၀၊ အလုံးလတ်တစ်လုံးလျှင် ကျပ်၁၅၀၀၊ အလုံးသေးတစ်လုံးလျှင် ကျပ်၁၀၀၀၊ ခရမ်း၊ ဝေါမှ ဖရဲသီး (855) အလုံးကြီးတစ်လုံးလျှင် ကျပ်၅၀၀၀၊ မော်လမြိုင်မှ ကျွဲကောသီးအလုံးကြီးတစ်လုံးလျှင် ကျပ်၁၅၀၀၊ အလုံးလတ်တစ်လုံးလျှင် ကျပ်၁၀၀၀၊ အလုံးသေးတစ်လုံးလျှင် ကျပ်၅၀၀၊ ပုပ္ပါးမှ မာလကာသီးအလုံးကြီးတစ်လုံးလျှင် ကျပ်၅၀၀၊ အလုံးလတ်တစ်လုံးလျှင် ကျပ်၄၀၀၊ အလုံးသေးတစ်လုံးလျှင် ကျပ်၃၀၀၊ သီပေါမှ နာနတ်သီးအလုံးကြီးတစ်လုံးလျှင် ကျပ်၁၅၀၀၊ အလုံးလတ်တစ်လုံးလျှင် ကျပ်၈၀၀၊ အလုံးသေးတစ်လုံးလျှင် ကျပ်၅၀၀၊ မန္တလေးမှ သရက်သီး (ရင်ကွဲ) အလုံးကြီးတစ်သေတ္တာလျှင် ကျပ်၂၅၀၀၀၊ အလုံးလတ်တစ်သေတ္တာလျှင် ကျပ်၂၀၀၀၀၊ အလုံးသေးတစ်သေတ္တာလျှင် ကျပ်၁၅၀၀၀၊ ပြင်ဦးလွင်မှ နဂါးမောက်သီးအလုံးကြီးတစ်ဖာလျှင် ကျပ်၁၀၀၀၀၊ အလုံးလတ်တစ်ဖာလျှင် ကျပ်၈၀၀၀၊ အလုံးသေးတစ်ဖာလျှင် ကျပ်၆၀၀၀၊ ရေးမှ ဒူးရင်းသီးအလုံးကြီးတစ်လုံးလျှင် ကျပ်၈၀၀၀၊ အလုံးလတ်တစ်လုံးလျှင် ကျပ်၆၀၀၀၊ အလုံးသေးတစ်လုံးလျှင် ကျပ်၄၀၀၀၊ ကျောက်ဆည်မှ ရွှေဌက်ပျောသီးအလုံးကြီး (၁) ဖီးလျှင် ကျပ်၆၀၀၀၊ အလုံးသေးတစ်ဖီးလျှင် ကျပ်၃၅၀၀၊ မန္တလေးမှ သင်္ဘောသီးအလုံးကြီးတစ်လုံးလျှင် ကျပ်၅၀၀၀၊ အလုံးသေးတစ်လုံးလျှင်  ကျပ်၁၀၀၀၊ ကလောမှ ပန်းသီးအလုံးကြီးစက္ကူပုံးတစ်ပုံးလျှင် ကျပ်၅၆၀၀၀၊ အလုံးသေးတစ်ပုံးလျှင် ကျပ်၄၂၀၀၀ဈေးတို့ရှိကြောင်း သီရိမင်္ဂလာဈေးရှိ မြန်မာနိုင်ငံသစ်သီးဝလံပန်းမန်ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း(MFVP)မှသိရှိရပါသည်။

DOCA(ရန်ကုန်)

တညင်းကုန်းလက်ကားဈေးကြီးတွင် ရက်သတ္တပတ်အတွင်းရောင်းချနေသော ကုန်ဈေးနှုန်းအခြေအနေ

    အင်းစိန်မြို့နယ်ရှိ တညင်းကုန်းလက်ကားဈေးကြီးအတွင်းသို့ ဩဂုတ်လ(၉)ရက်နေ့မှ ဩဂုတ်လ(၁၅)ရက်နေ့အတွင်း ညောင်တုန်း၊ မှော်ဘီ၊ သာရဝေါ၊ ညောင်နှစ်ပင်ကျေးရွာ၊ ကြာကန်စု ကျေးရွာ၊ နေပြည်တော်၊ တပ်ကုန်း၊ ရွှေဒါး၊  မင်္ဂလာဒုံ၊ အင်းစိန်၊ ခရမ်း၊ သုံးခွ၊ ပြည်၊ လက်ပံတန်း၊ မင်းလှ၊ ဝါးနက်ချောင်း၊ မော်လမြိုင်၊ မန္တလေး၊ အုတ်ဖိုနှင့် ရှမ်းပြည်နယ်တို့မှ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန်များ အများဆုံးဝင်ရောက်ရောင်းချနေကြောင်းသိရှိရပါသည်။ ထိုသို့ဝင်ရောက်ရာတွင် ယခုရက်သတ္တပတ်အတွင်း ခရမ်းချဉ်သီးထိုင်ဝမ်တစ်ပိဿာလျှင် ကျပ် (၁၀၀၀) မှ ကျပ် (၂၀၀၀) အတွင်း၊ ဂေါ်ဖီထုပ်တစ်ထုပ်လျှင် ကျပ် (၄၀၀) မှ ကျပ်၁၆၀၀အတွင်း၊ ပန်းဂေါ်ဖီထုပ်တစ်ထုပ်လျှင် ကျပ်၃၀၀မှ ကျပ်၁၅၀၀အတွင်း၊ အာလူးတစ်ပိဿာလျှင် ကျပ်၂၆၀၀မှ ကျပ်၂၈၀၀အတွင်း၊ မုန့်လာဥနီတစ်ပိဿာလျှင် ကျပ်၂၅၀၀မှ ကျပ်၄၅၀၀အတွင်း၊း ရွှေဖရုံသီးတစ်လုံးလျှင် ကျပ်၁၀၀၀မှ ကျပ်၃၀၀၀အတွင်း၊ ဘူးသီးတစ်လုံးလျှင် ကျပ်၈၀၀မှ ကျပ်၁၅၀၀အတွင်း၊ မုန်ညှင်း(ထုပ်)တစ်ပိဿာလျှင် ကျပ်၂၀၀၀မှ ကျပ်၂၅၀၀အတွင်း၊ ကြက်သွန်နီ(ဆိပ်ဖြူ)တစ်ပိဿာလျှင် ကျပ်၁၈၀၀မှ ကျပ်၂၃၀၀အတွင်း၊ ကြက်သွန်ဖြူ(ရှမ်း)တစ်ပိဿာလျှင် ကျပ်၇၀၀၀မှ ကျပ်၉၀၀၀အတွင်း၊ ကြက်သွန်ဖြူ (ကြူကုတ်) တစ်ပိဿာလျှင် ကျပ်၇၀၀၀မှ ကျပ်၇၅၀၀အတွင်း၊ ချင်းတစ်ပိဿာလျှင် ကျပ်၃၅၀၀မှ ကျပ်၅၅၀၀အတွင်း၊ ဆလပ်ရွက်တစ်စည်းလျှင် ကျပ်၂၀၀မှ ကျပ်၃၀၀အတွင်း၊ ချဉ်ပေါင်ရွက်တစ်စည်းလျှင် ကျပ်၇၅မှ ကျပ်၁၂၅အတွင်း၊ ခရမ်းသီး  (ရှည်) တစ်ပိဿာလျှင် ကျပ်၁၀၀၀မှ ကျပ်၂၀၀၀အတွင်း၊ သံပရာသီးတစ်လုံးလျှင် ကျပ်၃၀မှ ကျပ်၁၀၀အတွင်း၊ ငရုတ်သီးစိမ်း (ကျောက်စိမ်း) တစ်ပိဿာလျှင် ကျပ်၁၄၀၀မှ ကျပ်၂၄၀၀အတွင်း၊ ဖရဲသီး (အကြီး၊ အလတ်၊ အသေး) တစ်လုံးစီလျှင် ကျပ်၁၂၀၀မှ ကျပ်၆၀၀၀အတွင်းဖြစ်ကြောင်းသိရှိရပါသည်။ တညင်းကုန်းလက်ကားဈေးကြီးအတွင်းသို့ ယခုရက်သတ္တပတ်အတွင်း သံပရာသီးအလုံးပေါင်း(၃၇၇၄၀၀)ကျော်၊ ခရမ်းသီး(ရှည်)ပိဿာပေါင်း (၁၃၀၅၅)ကျော်၊ ဘူးသီးအလုံးပေါင်း (၁၁၈၅)ကျော်၊ ရွှေဖရုံသီးအလုံးပေါင်း(၄၄၁၀)ကျော်၊ ဂေါ်ဖီထုပ်ပေါင်း (၆၈၀၀၀)ကျော်၊ ပန်းဂေါ်ဖီထုပ်ပေါင်း (၄၃၃၀၀)ကျော်၊ မုန်ညှင်းထုပ်ပိဿာပေါင်း (၉၀၀၀)ကျော်၊ ဖရဲသီးလုံးပေါင်း (၃၇၂၀၀)ကျော်  စသည်ဖြင့် အသီးသီးကုန်အဝင်ရှိကြောင်း သိရပါသည်။

DOCA(ရန်ကုန်)

(၂၁.၈.၂၀၂၃) ရက်နေ့အတွက် တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံတစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်း

(၂၁.၈.၂၀၂၃) ရက်နေ့အတွက် တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံ တစ်တန်ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်းအား နှိုင်းယှဉ်ပြုစုထားမှုကို အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည် -

(၂၁.၈.၂၀၂၃)ရက်နေ့အတွက် တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန်ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြခြင်း

(၂၁.၈.၂၀၂၃)ရက်နေ့အတွက်  တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန်ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုထားမှုကို အောက်ပါ .pdf file တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည် -

တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများ( ၂၁.၈.၂၀၂၃ )

၂၁.၈.၂၀၂၃ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-

ကန့်ဘလူ၊ ကျွန်းလှမြို့တို့တွင် ရောင်းချနေသော အခြေခံစားကုန်များ၏ဈေးနှုန်းအခြေအနေ

   ၂၀၂၃ ခုနှစ် ဩဂုတ်လ တတိယအပတ်အတွင်း ကန့်ဘလူ၊ ကျွန်းလှမြို့နယ်တွင် အခြေခံစားကုန်များဖြစ်သော ရွှေဘိုပေါ်ဆန်း တစ်ပြည် (၅၀၀၀)ကျပ်၊ ဧရာမင်း တစ်ပြည် (၅၀၀၀)ကျပ်ဖြင့် ယခင်အပတ်ထက် အနည်းငယ်မြင့်တက်ပြီးအရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ကြက်သွန်နီ မြစ်သား အမျိုးအစား လက်လီဈေးမှာ အကြီး /အသေးပါ်မူတည်၍ တစ်ပိသာလျှင်(၂၀၀၀/၂၅၀၀)ကျပ် ယခင်အပတ်အတိုင်း တည်ငြိမ်ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ကြက်သွန်ဖြူ လက်လီ ဈေးမှာ(ဗမာ)အလုံးကြီး တစ်ပိသာ (၁၀၀၀၀)ကျပ် ကြက်သွန်ဖြူ လက်လီဈေးမှာ (ဗမာ) အလုံးသေး တစ်ပိသာ (၈၀၀၀)ကျပ် ၊ ကြူကုတ် တစ်ပိသာ (၁၀၀၀၀) ကျပ် ယခင်အပတ်ထက်အနည်းငယ်မြင့်တက်လျက်ရှိပါသည်။ ဂျင်း တစ်ပိသာလျှင် (၇၀၀၀/၈၀၀၀)ကျပ် ဖြစ်နေပြီး ယခင် အပတ်အတိုင်းတည်ငြိမ်လျက်ရှိပါသည်။ ငရုတ်သီးခြောက် တစ်ပိသာ (၂၀၀၀၀)ကျပ် ယခင် အပတ်အတိုင်း တည်ငြိမ်လျက်ရှိကာ အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ အာလူး အသေး/အကြီး အမျိုး အစားအလိုက် တစ်ပိသာ(၃၃၀၀/၃၅၀၀)ကျပ် ယခင်အပတ်ထက်အနည်းငယ်မြင့်တက်ပြီး အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။

   ငရုတ်သီးစိမ်း တစ်ပိသာ (၄၀၀၀)ကျပ် ယခင်အပတ်ထက် အနည်းငယ်မြင့်တက်လျက်ရှိနေကြောင်း၊ ခရမ်းချဉ်သီး တစ်ပိသာ အကြီး/ အသေးပေါ်တူတည်ပြီး (၂၅၀၀/၂၇၀၀)ကျပ် ယခင်အပတ်ထက် အနည်းငယ် မြင့်တက်လျက်ရှိပါသည်။ ခရမ်းသီး  တစ်ပိသာ (၂၂၀၀) ကျပ် ယခင်အပတ်ထက် အနည်းငယ်မြင့်တက်ကာ အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ပန်းဂေါ်ဖီ တစ်ပွင့်  (၁၈၀၀) ကျပ် ၊ ဂေါ်ဖီထုပ် တစ်ထုပ်လျှင် (၂၀၀၀) ကျပ် ယခင်အပတ်ထက် အနည်းငယ်မြင့်တက်လျက်ရှိကြောင်း၊ ခါကြက်ဥ(တရုတ်) တစ်ပိသာ (၆၀၀၀)ကျပ် ၊ ခါကြက်ဥ (ဗမာ) တစ်ပိသာလျှင် (၅၀၀၀)ကျပ် ယခင် အပတ်အတိုင်း တည်ငြိမ်လျက်ရှိနေကြောင်း၊ သံပုရာသီး တစ်လုံးလျှင် (၅၀) ကျပ် မှ (၁၀၀) ကျပ် ၊ ကန်ဇွန်းရွက် တစ်စည်းလျှင် (၁၀၀) ကျပ် နှုန်းဖြင့် အရောင်းအဝယ်ဖြစ်နေပြီး  ကုန်ဈေးနှုန်းများ လောလောဆယ် အနည်းငယ်မြင့်တက်လျက်ရှိနေကြောင်း ဈေးသည်တစ်ဦးထံမှ သိရှိရပါသည် ။

    ကြက်ဥ လက်လီဈေးနှုန်းမှာ (အကြီး)တစ်လုံး (၂၈၀)ကျပ်၊ (အသေ)တစ်လုံး (၂၇၀) ကျပ် ၊ ဘဲဥ တစ်လုံး (၃၀၀/၃၅၀)ကျပ်ရှိသည် ။  ကန့်ဘလူ၊ ကျွန်းလှမြို့တို့၏ အသား /ငါး ဈေးနှုန်းများမှာ ကြက်သား(cp) (၁၄၀၀၀ )ကျပ် မှ (၁၆၀၀၀) ကျပ် ၊ ကြက်သား(ဗမာ) (၁၈၀၀၀ )ကျပ် မှ (၂၀၀၀၀) ကျပ် ၊ ဝက်သား တစ်ပိ သာ (၁၈၀၀၀) ကျပ် မှ (၂၀၀၀၀) ကျပ် ၊ အမဲသာ တစ်ပိသာ (၁၁၀၀၀) ကျပ် မှ (၁၄၅၀၀) ကျပ် ယခင် ဩဂုတ်လ ပထမအပတ်ထက် ဝက်သား၊ ကြက်သား၊ အမဲသား ဈေးများမှာ အနည်းငယ်မြင့်တက်လျက်ရှိကြောင်း တွေ့ရှိရ ပါသည်။ ငါးကြင်းအကောင်လိုက်နှင့် ငါးကြင်းခုတ်သား ဈေးမှာ တစ်ပိသာ (၉၅၀၀) ကျပ် မှ (၁၆၀၀၀) ကျပ်၊ တီလားဗီးယားငါး အသေးတစ်ပိသာ (၅၀၀၀)ကျပ် ၊ အလတ် တစ်ပိသာ (၆၀၀၀) ကျပ်၊ အကြီး တစ်ပိသာ (၇၅၀၀)  ငါးဈေးများမှာ ယခင်အပတ်အတိုင်း တည်ငြိမ်ပြီး အရောင်းအဝယ်ဖြစ် နေကြောင်း သိရပါ သည်။

    စားသုံးဆီဈေးနှုန်းမှာ မြေပဲဆီသန့် တစ်ပိသာလျှင် (၁၅၅၀၀)ကျပ် မြေပဲဆီဈေးနှုန်းဟာ ယခင်အပတ်များထက် အနည်းငယ်မြင့်တက်လျက်ရှိပြီး၊ စားအုံးဆီ တစ်ပိသာလျှင် (၁၁၀၀၀၀)ကျပ်၊ ဆယ်ပိသာ တစ်ပုံးလျှင် (၁၀၀၀၀၀)ကျပ်  ယခင် အပတ်ထက် တစ်ပိသာ(၅၀၀၀)ကျပ်ပြန်လည်မြင့်တက်လာပြီး အရောင်း အဝယ်ဖြစ်နေကြောင်း ဈေးသည်တစ်ဦးထံမှ သိရသည်။

DOCA(စစ်ကိုင်း)

ရွှေဘိုမြို့တွင်ရောင်းချနေသော အခြေခံစားကုန်များ၏ ဈေးနှုန်းအခြေအနေ

    ၂၀၂၃ခုနှစ် ဩဂုတ်လ တတိယပတ်အတွင်း ရွှေဘိုမြို့နယ်တွင် အခြေခံစားကုန်များဖြစ်သော ရွှေဘိုပေါ်ဆန်း ဆန်တစ်ပြည် ၅၇၀၀ကျပ်၊ ဧရာမင်းဆန် တစ်ပြည် ၅၈၀၀ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိသည်။ကြက်သွန်နီ(သစ်) လက်လီဈေးမှာ (ကြီး) တစ်ပိဿာ ၂၅၀၀ကျပ်၊ (လတ်) တစ်ပိဿာ ၂၀၀၀ကျပ်၊ (သေး)တစ်ပိဿာ ၁၅၀၀ကျပ်နှုန်းဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိသည်။ ကြက်သွန်ဖြူလက်လီဈေးမှာ (ဗမာ)တစ်ပိဿာလျှင် ၈၀၀၀ကျပ်မှ ၉၀၀၀ကျပ်ထိ၊ ရှမ်း ကြက်သွန်ဖြူ တစ်ပိဿာ ၇၀၀၀ကျပ်မှ ၈၀၀၀ကျပ်ထိ ၊ (ကြူကုပ်) တစ်ပိဿာ ၇၀၀၀ကျပ်မှ ၈၀၀၀ကျပ်ထိ၊ ချင်းတစ်ပိဿာ ၅၀၀၀ကျပ်၊ ငရုတ်သီးခြောက် အမျိုးအစားအလိုက် ၁၇၀၀၀ကျပ် မှ ၁၈၀၀၀ကျပ်ထိ အာလူး တစ်ပိဿာ ၂၈၀၀ကျပ်မှ ၃၆၀၀ကျပ်ထိ ၊ခရမ်းချဉ်သီး တစ်ပိဿာ ၂၀၀၀ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်နေပါသည်။

     ကြက်ဥ လက်လီဈေးနှုန်းမှာ (ကြီး)တစ်လုံး ၃၀၀ကျပ်၊ (သေး) တစ်လုံး ၂၅၀ကျပ် ၊ ဘဲဥ (ကြီး) တစ်လုံး (၃၅၀)ကျပ်၊ (သေး)တစ်လုံး (၃၀၀)ကျပ်ရှိသည်။ ရွှေဘိုမြို့၏ အသား/ငါး ဈေးနှုန်းများမှာ ကြက်သား(CP)  တစ်ပိဿာ ၁၀၀၀၀ကျပ်မှ ၁၂၀၀၀ကျပ်ထိ၊ကြက်သား (ဗမာ)တစ်ပိဿာ ၁၃၀၀၀ ကျပ်မှ ၁၅၀၀၀ကျပ်ထိ၊  ဝက်သား တစ်ပိဿာ ၂၀၀၀၀ကျပ်မှ ၂၂၀၀၀ကျပ်ထိ၊ အမဲသားတစ်ပိဿာ ၁၄၀၀၀ကျပ်မှ ၁၆၀၀၀ကျပ်ထိ၊  ငါးမြစ်ချင်း တစ်ပိဿာ ၇၅၀၀ကျပ်၊ ငါးကြင်း တစ်ပိဿာ ၇၀၀၀ကျပ်ဖြင့် ရောင်းဝယ်နေကြောင်း သိရသည်။

      စားသုံးဆီ ဈေးနှုန်းများမှာ ပဲဆီသန့် တစ်ပိဿာလျှင် ၁၈၀၀၀ကျပ်၊  စားအုန်းဆီ တစ်ပိဿာလျှင် ၁၀၅၀၀ကျပ်နှင့် နှမ်းဆီ တစ်ပိဿာလျှင် ၁၇၅၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း